အခန်း ၂၃၇
Vol. 20 Ch. 237
အခန်း (၂၃၇) စုဆောင်းထားမှုများ၊ မင်းတို့က ဒီဆင်းရဲတဲ့ဘုန်းကြီးကို အတင်းအကျပ် ခိုင်းစေတာပဲ
ခြုံငုံပြောရလျှင် ချမ်ချန်ကန်း၏ စကားများက ကျင့်ကြံသူ အားလုံးကို လုံးဝ စိတ်လှုပ်ရှားသွားစေခဲ့ပြီး ထိုကံထူးရှင် တစ်ရာထဲမှ တစ်ယောက်ဖြစ်လာရန် မျှော်လင့်နေကြ၏။
ထို့ကြောင့် ကျင့်ကြံသူများစွာက အလင်းဖန်သားပြင်ထဲမှ တပည့်လက်ခံပွဲကို ဆက်လက်မစောင့်ကြည့်ကြတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံခြင်း နည်းစနစ်ကို လည်ပတ်ကာ စတင်ကျင့်ကြံရန် မစောင့်နိုင်အောင် ဖြစ်နေကြသည်။
အထူးသဖြင့် စောစောက ချမ်ချန်ကန်း၏ စကားများကို သူတို့ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်းဖြစ်၏။
ကံထူးရှင်တစ်ရာထဲတွင် ချမ်ချန်ကန်းက ကျင့်ကြံမှုအဆင့်တက်လှမ်းသည့် အရှိန်အပေါ် မူတည်၍ အဓိကထား ရွေးချယ်သွားမည် ဖြစ်သည်။
သူတို့က ကြိုးကြိုးစားစားကျင့်ကြံပြီး အဆင့်တက်လှမ်းနိုင်သရွေ့ ချမ်ချန်ကန်း၏ သတိထားမိခြင်းကို ခံရကာ ရွေးချယ်ခံရမည်မှာ သေချာလှ၏။
ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက်က မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး သွေးဆူနေသကဲ့သို့ ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်။
ချမ်ချန်ကန်း၏ တက်လှမ်းခြင်း စီမံကိန်း းကို ကြားပြီးနောက် ထွက်ခွာရန် မစောင့်နိုင်တော့သော ကျင့်ကြံသူများပင် ရှိနေ၏။
ဤသတင်းကို မိသားစုများ၊ အင်အားစုများထံသို့ အမြန်ဆုံး ပြန်လည် ယူဆောင်သွားရမည်ဖြစ်သည်။
မကြာမီမှာပင် ချမ်ချန်ကန်း၏ တက်လှမ်းခြင်း စီမံကိန်းက ကျူးရှို့တိုက်ကြီး တစ်ခုလုံးတွင် ဆူညံပွက်လောရိုက်သွားစေလိမ့်မည်ဖြစ်၏။
မူလက ဤတပည့်လက်ခံပွဲတွင် ပါရမီရှင် ကျင့်ကြံသူများစွာက ကျူးရှို့တိုက်ကြီးသို့ လာရောက်ခဲ့ကြသည်။
သို့သော်လည်း ချမ်ချန်ကန်း၏ တက်လှမ်းခြင်း စီမံကိန်းက အပြင်လောကသို့ ပြန့်နှံ့သွားသောအခါ ပိုမိုများပြားသော ကျင့်ကြံသူများကိုသာ ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်၏။
အင်မော်တယ်အဖြစ် တက်လှမ်းခြင်းဆိုသည်မှာ ကျူးရှို့တိုက်ကြီးမှ ကျင့်ကြံသူတစ်ယောက်စီတိုင်း၏ တစ်သက်တာ ဆန္ဒပင်ဖြစ်သည်။
သို့သော်လည်း မည်မျှသော လူများက လုပ်ဆောင်နိုင်ခဲ့ကြသနည်း။
ဤလောကတွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိသူများ များစွာရှိနေ၏။
အင်မော်တယ်တစ်ပိုင်းအဆင့်များပင် များစွာ ရှိနေသည်။
သို့သော်လည်း အင်မော်တယ်အဖြစ် တက်လှမ်းခြင်းက သူတို့အတွက် စိတ်ကူးယဉ်ဆန်နေဆဲဖြစ်ပြီး သူတို့၏ တစ်သက်တာလုံး လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
ချမ်ချန်ကန်းပြောခဲ့သည်များက အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ချမ်ချန်ကန်း ရွေးချယ်သော ကံထူးရှင်များဖြစ်လာရန် မျှော်လင့်ချက်ဖြင့် လာရောက်ကြမည့် အစွမ်းထက် ကျင့်ကြံသူများစွာ သေချာပေါက် ရှိနေမည် ဖြစ်၏။
ဖေးရှန့်တောင်သို့ ပြန်ရောက်သောအခါ ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေ အတွင်းရှိ စိတ်လှုပ်ရှားဖွယ် ဆွေးနွေးမှုများကို နားထောင်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက စတင် ကျင့်ကြံရန် မစောင့်နိုင်အောင် ဖြစ်နေကြသည်ကို မြင်လိုက်ရသည်။
သူ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
စိုက်ကြည့်နေ၏။
ဘေးမှ အမြီးလေးက ချမ်ချန်ကန်း၏ ဘေးတိုက် မျက်နှာကို စိုက်ကြည့်နေပြီး သူ ပြုံးနေသည်ကို မြင်သောအခါ ဤအပြုံးက အနည်းငယ် ကောက်ကျစ်စဉ်းလဲနေသည်ဟု သူမ အမြဲ ခံစားနေရ၏။
*ဆရာက ဘာတွေတွေးနေသလဲ၊ ဘာဖြစ်လို့ ဒီလို လူယုတ်မာအပြုံးမျိုး ပြုံးနေရတာလဲ* ဆိုသည်ကို သူမ အလွန်စူးစမ်းချင်စိတ် ဖြစ်နေသည်။
အရာအားလုံးက ချမ်ချန်ကန်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။
ဤကျင့်ကြံသူများကို အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန် သူ ကူညီပေးမည်ကို သိရှိပြီးနောက် တစ်ယောက်ပြီးတစ်ယောက်က သွေးဆူနေသကဲ့သို့ ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်။
နောက်လာမည့် အချိန်များတွင် ဖြစ်လာမည့်အရာကို ချမ်ချန်ကန်း လုံးဝ ကြိုတင်ခန့်မှန်းနိုင်ခဲ့၏။
ဤကျင့်ကြံသူများထံမှ နယ်မြေတန်ဖိုး အမြောက်အမြားကို သူ သေချာပေါက်ရရှိမည် ဖြစ်သည်။
အထူးသဖြင့် ဤတက်လှမ်းခြင်း စီမံကိန်းနှင့် ပတ်သက်သော သတင်းများက ကျူးရှို့တိုက်ကြီးသို့ ပြန့်နှံ့သွားပြီးနောက် ပိုမို များပြားသော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့၏။
သဘာဝကျကျပင် ၎င်းက သူ့အတွက် ပိုမိုများပြားသော နယ်မြေတန်ဖိုးများကို ယူဆောင်လာပေးမည်ဖြစ်သည်။
မိုက်လှ၏။
နောက်လာမည့် အချိန်များတွင် အမြီးလေးနှင့်အတူ ခုတင်ပေါ်တွင် လှဲလျောင်းကာ ငါးဆားနယ်ဘဝဖြင့် နေထိုင်ရုံသာ လိုတော့သည်။
ရှမီအင်မော်တယ်နယ်မြေ။
ဝူမင်က လင်းပေါင်အာကို ထိုမြေအောက်နန်းတော် အတွင်းသို့ ပို့ဆောင်ပေးပြီးနောက် သူက ယုံကြည်မှုရှိစွာဖြင့် ထွက်ခွာလာခဲ့၏။
လင်းပေါင်အာကို ဓားအင်မော်တယ် အမွေအနှစ်မှ ကာကွယ်ပေးရန် ရဟန္တာ ကျောက်ရုပ်တုကိုးပါးရှိနေသဖြင့် မြေအောက်နန်းတော်အတွင်းရှိ သူမ၏ လုံခြုံရေးအတွက် ဝူမင် စိုးရိမ်ရန် မလိုချေ။
ထို့နောက် နှစ်ပေါင်းသုံးသောင်းကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူက ရှမီအင်မော်တယ်နယ်မြေသို့ ပြန်မလာခဲ့ရသော်လည်း ၎င်းက သူ့ကို အိမ်ပြန်ရောက်သကဲ့သို့ ခံစားရစေ၏။
ဝူမင်က သူ၏ မျက်လုံးများကို အောက်သို့ချထားပြီး ထိုဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ကျောင်းတော်များက သူ့ကို ရှာဖွေနေကြကြောင်း သိထားသည်။
သူတို့ သိသွားအောင် လုပ်၍မဖြစ်ချေ။
သူက ရှမီအင်မော်တယ်နယ်မြေ၏ အရှင်သခင်အဖြစ် ထပ်မံနေထိုင်ရန် မရည်ရွယ်တော့ချေ။
ဝူမင်က သူ၏ ယခင်လိုဏ်ဂူဆီသို့ ပြန်လည် ရောက်ရှိရန် နှစ်ရက်အချိန်ယူခဲ့ရ၏။
ဤလိုဏ်ဂူအိမ်တော်က နက်ရှိုင်းစွာ ပုန်းကွယ်နေပြီး ရက်စက်ကြမ်းကြုတ်သော ဗုဒ္ဓတာအိုအစီအရင်များစွာ ရှိနေသည်။
အင်မော်တယ်နယ်မြေ၏ အရှင်သခင်ဟောင်း တစ်ယောက်အနေဖြင့် တူညီသော အဆင့်ရှိ နယ်မြေအရှင်သခင်များပင် ထိုရက်စက်ကြမ်းကြုတ်သော ဗုဒ္ဓတာအိုအစီအရင်များအတွင်းသို့ အလွယ်တကူ မကျူးကျော်နိုင်ကြချေ။
ထို့ကြောင့် နှစ်ပေါင်းသုံးသောင်း ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
၎င်းက ကောင်းမွန်စွာ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး မည်သည့် းအင်မော်တယ်မျှ ရောက်မလာခဲ့ကြချေ။
လိုဏ်ဂူထဲသို့ ဝင်လိုက်သောအခါ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ပစ္စည်းများကိုတွေ့လိုက်ရ၏။
၎င်းတို့က အင်မော်တယ်လက်နက်များ၊ အစွမ်းထက်ဆေးလုံးများ၊ ဆေးဖက်ဝင်အပင် အမျိုးမျိုးနှင့် လျှို့ဝှက်ရတနာများ ဖြစ်စေကာမူ လိုဏ်ဂူထဲတွင် တောင်ကုန်းတစ်ခုကဲ့သို့ ပုံလျက်သား ရှိနေပြီး အရောင်အသွေးစုံလင်သော အလင်းတန်းများ တောက်ပနေသည်။
ဤနေရာတွင် တာအိုစည်းချက်ပစ္စည်းများ ဒါဇင်နှင့်ချီ၍ ရှိနေသေး၏။
သို့သော်လည်း ဘာဖြစ်သနည်း။ ကြည့်ရသည်မှာ သူတို့အားလုံးက သနားစရာ ကောင်းနေသည်။
၎င်းတို့ထဲမှ သုံးခုက ထိပ်တန်းအဆင့်များ ဖြစ်၏။
ကျန်ခုနစ်ခုက အဆင့်နိမ့်များ ဖြစ်ကြသည်။
“အမိတ္တဘ... သခင်နဲ့ တွေ့ဆုံပြီးမှပဲ ငါကိုယ်တော် ဘယ်လောက်တောင် ဆင်းရဲလဲဆိုတာ နားလည်သွားတော့တယ်။ ဒီဆင်းရဲတဲ့ ဘုန်းကြီးအတွက် ဒီတာအိုစည်းချက်ပစ္စည်းဆယ်ခုက ဘာအသုံးဝင်မှာလဲ...”
ညည်းညူပြီးနောက် ဝူမင်က သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများက တိမ်တိုက်များကို တိုက်ခတ်သွားသကဲ့သို့ လိုဏ်ဂူထဲရှိ လျှို့ဝှက်ပစ္စည်းအားလုံးကို ထုပ်ပိုး၍ ယူဆောင်သွား၏။
သူ ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်ရမည်။
အောက်ဘုံသို့ပြန်သွားပြီး နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဤပစ္စည်းများ အားလုံးကို သခင်အ့ား ဆက်သမည်ဖြစ်၏။
ဖော်လံဖားတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ကို အစွမ်းကုန်လုပ်ဆောင်ရမည် ဖြစ်သည်။
ထို့နောက် ဝူမင်က သူ၏ ကိုယ်ပိုင် အင်မော်တယ်မိုင်းတွင်းများဆီသို့ ထပ်မံ သွားရောက်ခဲ့၏။
သို့သော်လည်း ထိုအင်မော်တယ်မိုင်းတွင်းများတွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
နှစ်များတစ်လျှောက် အင်မော်တယ်စွမ်းအင်များ ယိုစိမ့်ထွက်လာပြီး ဗုဒ္ဓဘာသာဘုရားကျောင်းအချို့က ရှာဖွေတွေ့ရှိသွားကာ သူတို့၏ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်ခြင်းဖြစ်နိုင်၏။
ဝူမင်က ဤအရာအားလုံးကို ရှာဖွေတွေ့ရှိသွားသောအခါ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
“အမိတ္တဘ... သူခိုးမြည်းတစ်အုပ်က ငါကိုယ်တော်ရဲ့ အင်မော်တယ်မိုင်းတွင်းကိုတောင် သိမ်းပိုက်ရဲတယ်ပေါ့။ မင်းတို့တွေ သေဖို့ ပြင်ထား...”
အထူးသဖြင့် သခင်နှင့် အတန်ကြာ နေထိုင်ပြီးနောက် ဆရာသခင်က အင်မော်တယ်ကျောက်တုံးများကို အတန်ဖိုးထားဆုံးဖြစ်ကြောင်း သူ သိထား၏။
နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အမွေအနှစ်များကို သူ ပြန်ယူလာခဲ့လျှင်ပင် သခင်က တစ်ချက်လေးတောင် ကြည့်မည် မဟုတ်ချေ။
အကယ်၍ အင်မော်တယ်ကျောက်တုံး အချို့ကိုသာ ပြန်မယူလာနိုင်ခဲ့လျှင် သခင်၏ လက်ချက်ဖြင့် အကြိမ်ရှစ်ရာခန့် သေချာပေါက် အသတ်ခံရမည် ဖြစ်၏။
ဝူမင်က အင်မော်တယ်မိုင်းတွင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
ထင်သည့်အတိုင်းပင် အင်မော်တယ်မိုင်းတွင်း တစ်ခုစီရှိ အင်မော်တယ်ကျောက်တုံးများက လုံးဝတူးဖော်ခံလိုက်ရပြီး သူ့အတွက် အမွေးတစ်ပင်မျှပင် မကျန်ရစ်ခဲ့ချေ။
လွန်လွန်းနေပြီ။
အရမ်းကို လွန်လွန်းနေပြီ။
“အမိတ္တဘ... မင်းတို့က ဒီဆင်းရဲသားဘုန်းကြီးကို အတင်းအကျပ် ခိုင်းစေတာပဲ...”
ဝူမင်က အင်မော်တယ်မိုင်းတွင်းထဲမှ ဒေါသတကြီး ထွက်လာပြီး ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုဆီသို့ ကြည့်လိုက်၏။
သူက အကြီးအကျယ် လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ။
အဓိက ဗုဒ္ဓဘုရားကျောင်းများနှင့် ကျောင်းတော်များ၏ အင်မော်တယ်ဘဏ္ဍာတိုက်များကို မခိုးယူရလျှင် သခင်နှင့် သွားရောက်တွေ့ဆုံရန် ဘယ်တော့မှ ပြန်သွားနိုင်မည်မဟုတ်ချေ။