← Chapters

အခန်း ၂၃၈

Vol. 20 Ch. 238

အခန်း ၂၃၈

Vol. 20 Ch. 238

အခန်း(၂၃၈) ဆွေးနွေးမှုများ၊ အသားကင်စားခြင်း အစီအစဉ်

စမ်းသပ်ချက်မျှော်စင်အတွင်း၌ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရှင်းလင်းခံရသော ကျင့်ကြံသူများ ပိုမိုများပြားလာ၏။

အဘယ်ကြောင့်ဆိုသော် အထပ်အရေအတွက် မြင့်မားလေလေ အတွင်းဘက်တွင် ပို၍ အန္တရာယ်များလေလေဖြစ်ပြီး ကြုံတွေ့ရမည့် မိစ္ဆာကောင်များက ပိုမို အစွမ်းထက်ကာ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သောကြောင့်ပင်ဖြစါ၏။

ထိုကျင့်ကြံသူများက မိစ္ဆာကောင်များ၏ လက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် သေဆုံးသွားရခြင်းမှာ သဘာဝကျလှ၏။

သို့သော်လည်း အံ့အားသင့်စရာ ကောင်းသောအရာတစ်ခု ရှိနေသည်။

၎င်းက ချင်ရှို့ဝမ်၊ ဖာထျန်းနှင့် ပိုင်ယွဲ့တို့ ဖြစ်ပြီး ယခုအခါ ဆယ့်တစ်ထပ်သို့ ရောက်ရှိနေကြပြီဖြစ်၏။

သူတို့ကြားရှိ တိုးတက်မှုက အလွန် နီးကပ်နေပြီး ၎င်းက သူတို့၏ အင်အားမှာ အကြမ်းဖျင်း တူညီနေကြောင်း သက်သေပြနေသည်။

အနည်းငယ် အံ့အားသင့်စရာ ကောင်းသည်မှာ သူတို့က စမ်းသပ်ချက်မျှော်စင်အတွင်း၌ တစ်ယောက်နှင့် တစ်ယောက် မဆုံတွေ့ကြသေးခြင်းဖြစ်၏။

ဤလူများက အင်မော်တယ်လောကမှ ပါရမီရှင်များနှင့် ထိုက်တန်လှပြီး သူတို့က လုံးဝဦးဆောင်နေကာ ထိပ်ဆုံးမှ ရပ်တည်နေကြသည်။

ယခုအခါ စမ်းသပ်ချက်မျှော်စင် အတွင်း၌ ရက်စက်စွာ ရှင်းလင်းခံလိုက်ရပြီးနောက် ကျင့်ကြံသူ နှစ်ထောင်ကျော်သာ ကျန်ရှိတော့၏။

ထိုကျင့်ကြံသူ နှစ်ထောင်ကျော်ထဲတွင် အများစုမှာ ကိုးထပ်၏ အောက်ဘက်တွင်သာ ရှိနေကြသေးသည်။

သေချာသည်က အစပိုင်းတွင် တပည့်လက်ခံပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လူသိန်းပေါင်းများစွာထဲမှ ထင်ပေါ်ကျော်ကြားလာနိုင်ခြင်းက သူတို့၏ ပါရမီမှာ အမှန်တကယ် ထူးချွန်ကြောင်း သက်သေပြနေပြီဖြစ်၏။

အချိန်ကြာလာသည်နှင့်အမျှ သူတို့က ကျူးရှိူ့တိုက်ကြီးတွင် ထိပ်တန်း အစွမ်းထက်သူများ သေချာပေါက် ဖြစ်လာကြမည်ဖြစ်သည်။

စမ်းသပ်ချက်မျှော်စင်၏ အပြင်ဘက်တွင်မူ။

ဤစမ်းသပ်ချက်မျှော်စင်ကို စောင့်ကြည့်နေသော ပရိသတ်များမှာများစွာ နည်းပါးသွားခဲ့ပြီဖြစ်၏။

ကျင့်ကြံသူများစွာက သူတို့၏တန်ဖိုးကို ပြသရန်နှင့် အဆင့်ကျော်ဖြတ်နိုင်ရန်အတွက် ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်။

စီနီယာ၏ အသိအမှတ်ပြုခြင်းကိုခံရပြီး တက်လှမ်းခြင်း စီမံကိန်းရှိ ကံထူးရှင် တစ်ရာထဲမှ တစ်ယောက်ဖြစ်လာရန် မျှော်လင့်နေကြ၏။

ချမ်ချန်ကန်း မြှင့်တင်ပေးခဲ့သော တက်လှမ်းခြင်း စီမံကိန်းက သူတို့အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ကြောင်းကို သူတို့ ဝန်ခံရမည်ဖြစ်သည်။

၎င်းက သူတို့ကို ကျင့်ကြံရာတွင် စွမ်းအင်များ အပြည့်အဝရှိနေစေရန် ပြုလုပ်ပေးခြင်းမှာ သဘာဝကျလှ၏။

တစ်ရက်တည်းနှင့်ပင် အဆင့်ချိုးဖြတ်သွားသော ကျင့်ကြံသူများစွာ ရှိနေခဲ့ပြီဖြစ်သည်။

အထူးသဖြင့် မူလက ကျင့်ကြံမှုအဆင့် နိမ့်ကျသော ကျင့်ကြံသူများဖြစ်ပြီး ယခုအခါ ကြိုးကြိုးစားစား ကျင့်ကြံနေကြကာ ဤအင်မော်တယ်နယ်မြေ၏ ထူးခြားဆန်းကြယ်မှုကို အားကိုး၍ သူတို့၏ ကျင့်ကြံမှုအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြ၏။

အဆင့်ငယ်တစ်ခုကို ကျော်ဖြတ်သွားတိုင်း ဤကျင့်ကြံသူများ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားမည်ဖြစ်ပြီး ထိုသခင်က သူတို့ကို သတိထားမိလာမည်ဟု တွေးကာ ဝမ်းသာနေကြသည်။

ဤသည်က သူတို့၏ ကျင့်ကြံခြင်းအတွက် မောင်းနှင်အားပင်ဖြစ်၏။

အခြားတစ်ဖက်တွင်။

ချမ်ချန်ကန်း မြှင့်တင်ခဲ့သော တက်လှမ်းခြင်း စီမံကိန်းနှင့် ပတ်သက်၍ ၎င်းက တစ်ရက်အတွင်း အပြင်လောကသို့ ပြန့်နှံ့သွားခဲ့သည်။

ပထမဆုံးနေရာမှာ တစ္ဆေပြည်နယ်ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ တောင်ပေါင်းတစ်သိန်းတောင်တန်းက တစ္ဆေပြည်နယ်ထဲတွင် တည်ရှိနေပြီး ဤစီမံကိန်းက တစ္ဆေပြည်နယ်သို့ ပြန့်နှံ့သွားခြင်းမှာ သဘာဝကျလှသည်။

အံ့အားသင့်စရာမရှိချေ။

တက်လှမ်းခြင်း စီမံကိန်းက တစ္ဆေပြည်နယ်တွင် ငလျင်တစ်ခုကဲ့သို့ ဆူညံပွက်လောရိုက်သွားစေပြီး လူတိုင်းကို ထိတ်လန့်သွားစေခဲ့၏။

“မင်း ဘာပြောလိုက်တာလဲ... စီနီယာက တက်လှမ်းခြင်း စီမံကိန်းကို အကောင်အထည်ဖော်ပြီး ကံထူးရှင်တစ်ရာကို ရွေးချယ်ကာ သူတို့ကို အင်မော်တယ်အဖြစ် တက်လှမ်းဖို့ ကူညီပေးမယ် ဟုတ်လား...”

“အင်မော်တယ်အဖြစ်တက်လှမ်းခြင်း... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

“ကျင့်ကြံသူတစ်ရာက အင်မော်တယ်အဖြစ် တက်လှမ်းဖို့ကို မပြောနဲ့ဦး... ကျူးရှိူ့တိုက်ကြီးမှာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်သူမရှိခဲ့တာ နှစ်ပေါင်းထောင်ချီ ဒါမှမဟုတ် သောင်းချီတောင် ရှိနေလောက်ပြီ...”

“ဟုတ်တယ်... ဒါပေမဲ့ စီနီယာက ပြိုင်ဘက်ကင်းဆရာသခင်တစ်ပါးဖြစ်ပြီး အင်မော်တယ်တွေကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်တဲ့သူပဲ။ သူ ဒီစကားတွေကို ပြောရဲတယ်ဆိုတော့ သေချာပေါက် အမှန်ပဲ ဖြစ်ရမယ်...”

“မဖြစ်ဘူး... ငါ တောင်ပေါင်းတစ်သိန်းတောင်တန်းကိုသွားပြီး အဲ့ကံထူးရှင်တစ်ရာထဲက တစ်ယောက်အဖြစ် သေချာပေါက်ဖြစ်လာအောင် လုပ်ရမယ်...”

“ငါအဘိုးကြီးကနှစ်ထောင်ချီပြီး တံခါးပိတ် ကျင့်ကြံနေခဲ့တာတောင် အင်မော်တယ် ဖြစ်လာမယ့် လျှို့ဝှက်ချက်ကို နားမလည်နိုင်ခဲ့ဘူး။ ဒီနေ့ စီနီယာရဲ့ စီမံကိန်းကို ကြားလိုက်ရပြီဆိုတော့ တောင်ပေါင်းတစ်သိန်းတောင်တန်းကို ချက်ချင်းထွက်သွားမှဖြစ်မယ်...”

“စီနီယာက မွန်မြတ်ပြီး ဖြောင့်မတ်မှန်ကန်လှတယ်။ ကျူးရှိူ့တိုက်ကြီးကို အကျိုးပြုနေတာက လူတွေကို တကယ့် ကျေးဇူးတင်ချင်စိတ် ဖြစ်လာစေတာပဲ...”

“…”

တစ္ဆေပြည်နယ်တွင် လုံးဝ ဆူညံပွက်လောရိုက်သွား၏။

လက်ဖက်ရည်ဆိုင်တွင် ဖြစ်စေ၊ အရက်ဆိုင်တွင်ဖြစ်စေ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤကိစ္စနှင့် ပတ်သက်၍ စိတ်လှုပ်ရှားစွာ စကားပြောဆိုနေကြသည်။

ထို့ပြင် ဤသတင်းက တစ္ဆေပြည်နယ်မှတစ်ဆင့် အခြားပြည်နယ် ရှစ်ခုသို့ ပြန့်နှံ့သွားနေဆဲဖြစ်၏။

ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးတွင် ဆူညံပွက်လောရိုက်သွားစေရန် အချိန်မည်မျှ ကြာမည်ဆိုခြင်းကသာ ပြဿနာဖြစ်လိမ့်မည်။

ထို့အပြင် တစ္ဆေပြည်နယ်မှ ကျင့်ကြံသူများက အမြန်ဆုံး ဖြစ်ကြ၏။

ချမ်ချန်ကန်း၏ တက်လှမ်းခြင်း စီမံကိန်းကို ကြားပြီးနောက် တံခါးပိတ် ကျင့်ကြံနေကြသော ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြပြီး ၎င်းတို့ထဲတွင် အင်အားစုများမှ အစွမ်းထက်သူများ၊ အထီးကျန်ကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာကျင့်ကြံသူများ အားလုံးပါဝင်ကြသည်။

သတင်းကြားပြီးနောက် မည်သူကမျှ အင်မော်တယ်အဖြစ် တက်လှမ်းခြင်း၏ သွေးဆောင်ဖြားယောင်းမှုကို မခံနိုင်ကြတော့ဘဲ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ တရုန်းရုန်း သွားရောက်ကြ၏။

အင်မော်တယ်အဖြစ် တက်လှမ်းခြင်းက အလွန် ဝေးကွာနေသော်လည်း မည်သူက မလိုချင်ဘဲ နေမည်နည်း။

ခြုံငုံပြောရလျှင် ချမ်ချန်ကန်းက ကျင့်ကြံသူ တစ်ရာကို အင်မော်တယ်ဖြစ်လာအောင် အမှန်တကယ် လေ့ကျင့်ပေးနိုင်ခဲ့ပါက ထိုအချိန်ကျလျှင် ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးက ချမ်ချန်ကန်းကို ဒဏ္ဍာရီ တစ်ခုကဲ့သို့ ကိုးကွယ်ကြမည်မှာ သေချာလှ၏။

ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူ အားလုံး၏ ကိုးကွယ်မှုကို ခံရခြင်းကလည်း သဘာဝကျပေသည်။

ချမ်ချန်ကန်းအတွက်မူ သူက အမြီးလေးနှင့်အတူ ဖေးရှန့်တောင်တွင် နေထိုင်နေ၏။

သူတို့နှစ်ယောက်၏ ရှေ့တွင် အလင်းဖန်သားပြင်တစ်ခု ပေါ်လာပြီး စမ်းသပ်ချက်မျှော်စင်အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို စောင့်ကြည့်နေရင်း အင်မော်တယ် သစ်သီးများကိုစားကာ အသားကင် နေကြသည်။

“အမြီးလေး... ဆယ့်ရှစ်ထပ်ကို ဘယ်သူ အရင်ဆုံး ကျော်ဖြတ်နိုင်မယ်လို့ မင်း ထင်လဲ...”

ချမ်ချန်ကန်းက ကင်ထားသော ဝက်သုံးထပ်သား တစ်ဖတ်ကို ကောက်ယူကာ အမြီးလေးကို မေးလိုက်၏။

အမြီးလေးက ချမ်ချန်ကန်း၏ လက်ထဲမှ ဆီပြန်နေသော ဝက်သုံးထပ်သားကို စိုက်ကြည့်ကာ သွားရည်ကျနေသည်။

ချမ်ချန်ကန်းက ပြုံး၍ ပြောလိုက်၏။

“အာ...”

အမြီးလေးက သူမ၏ ပါးစပ်ကို ဟလိုက်သည်။

ချမ်ချန်ကန်းက ဝက်သုံးထပ်သားကို သူမ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်၏။

“ဟေး... ယာ... ယာ... ယာ...”

အမြီးလေးက ဝါးစားနေရင်း မျက်လုံးများက လင်းလက်နေပြီး ပါးနှစ်ဖက်စလုံးက ဖောင်းမို့နေကာ အလွန်ချစ်စရာ ကောင်းလှသည်။

တကယ်ကို အရသာရှိလှ၏။

အကင်ပြားပေါ်တွင် တရှဲရှဲမြည်နေသော အသားကင်များကိုကြည့်ရင်း သူမ ပြုံးကာ မျက်လုံးများက အရောင်တောက်ပြီး အလွန်ပျော်ရွှင်နေမိသည်။

ထို့နောက် သူမက အလင်းဖန်သားပြင်ထဲတွင် မိစ္ဆာကောင်နှင့် တိုက်ခိုက်နေသော ပိုင်ယွဲ့ကို လက်ညှိုးထိုးပြလိုက်၏။

သိသာထင်ရှားစွာပင် အမြီးလေးက ပိုင်ယွဲ့ အပေါ် ယုံကြည်မှုအပြည့်ရှိနေသည်။

သူမက စမ်းသပ်ချက်မျှော်စင်ကို ပထမဆုံး ကျော်ဖြတ်နိုင်မည့်သူ ဖြစ်သည်ဟု ထင်မှတ်နေ၏။

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

မိမိအတွက် ဝက်သုံးထပ်သား တစ်ဖတ်ကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်၏။

ဝက်သုံးထပ်သားက မီးသွေးမီးဖြင့် ကင်ထားသဖြင့် မွှေးရနံ့များ ပြည့်နှက်နေပြီး ဆားနှင့် ငရုတ်ကောင်း ဆော့စ်တို့၏ အရောင်ကြောင့် ပိုမို အရသာရှိကာ နူးညံ့ပြီး ကြွပ်ရွကာ ငန်စိမ့်စိမ့်နှင့် စပ်ရှားရှားလေး ဖြစ်နေသည်။

ယခုအခါ ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် ချက်ချင်းပင် ပါးစပ်ထဲ၌ ကခုန်သွားပြီး အရသာရှိလှသော အရာများက လျှာဖျားမှတစ်ဆင့် ပါးစပ်တစ်ခုလုံးတွင် အသားရနံ့များ ပြည့်နှက်သွားစေ၏။

တစ်ချက် ဝါးလိုက်သည်နှင့် မနှစ်မြို့ဖွယ်ရာများအားလုံးကို မေ့ပျောက်သွားစေသည်။

နှစ်ချက်ဝါးလိုက်သောအခါ လူက ကောင်းကင်ယံတွင် လွင့်မျောသွားသကဲ့သို့ ခံစားရစေ၏။

သုံးချက် ဝါးလိုက်လျှင် အင်မော်တယ်အဖြစ် တက်လှမ်းသွားသကဲ့သို့ပင် စမ်းသပ်ချက်မျှော်စင်ကို ဂရုမစိုက်နိုင်တော့ချေ။

အသားကင် စားရတာထက် ဘာကများ ပိုအရေးကြီးလို့လဲ။

“ပေါင်အာ ပြန်လာရင် သူ့အတွက်လည်း အသားကင် လုပ်ကျွေးရမယ်...”

ချမ်ချန်ကန်းက တွေးလိုက်၏။

စိတ်ကူးယဉ်လောကတွင် ပထမဆုံးအကြိမ် အသားကင်စားရခြင်းက တကယ့်ကို အရသာ ရှိလှသည်။

အထူးသဖြင့် ဤလောက၏ အသားအရည်အသွေးက ယခင်ဘဝက အသားကင်များနှင့် လုံးဝ ယှဉ်၍မရနိုင်ချေ။

“အင်း... ရှောင်ဟေး ပြန်လာရင် ရှောင်ဟေးဆီက အသားနည်းနည်းလောက် လှီးပြီး နဂါးသားရဲ့ အရသာကို မြည်းစမ်းကြည့်ရမလား...”

မြေအောက်နန်းတော်ထဲတွင် အဝေး၌ ရှိနေသော ဟေးကျောင်းလုံမှာ ချင်ဟွမ်ရွှေနှင့် အမျိုးသမီးတို့ကြားမှ တိုက်ပွဲကို စောင့်ကြည့်နေရင်း တစ်စုံတစ်ခုကြောင့် တုန်ယင်သွားပြီး အလွန်စိတ်မသက်မသာ ဖြစ်သွားရ၏။

သို့သော် နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများက ဘယ်ကနေ လာသလဲဆိုသည်ကို သူမသိချေ။

စမ်းသပ်ချက်မျှော်စင်၏ အဋ္ဌမအထပ်။

မိုဝန်ထျန်းက မိစ္ဆာကောင်များကို သတ်ဖြတ်နေ၏။

ဆိုရိုးစကား ရှိသည့်အတိုင်းပင်။

ယောက်ျားလေးနှင့် မိန်းကလေး တွဲဖက်လုပ်ကိုင်လျှင် အလုပ်မပင်ပန်းချေ။

သူ့ဆီသို့ ရောက်လာသောအခါ လူငယ်နှင့် အဘိုးကြီး တွဲဖက်လုပ်ကိုင်ရသဖြင့် သူ၏ အလုပ်က မပင်ပန်းတော့ချေ။

မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ အကူအညီဖြင့် မိုဝန်ထျန်း၏ အင်အားက စိတ်ကူးမယဉ်နိုင်သောအရှိန်ဖြင့် လျင်မြန်စွာ တိုးတက်လာသည်ကို မပြောနှင့်ဦး။

ပိုမိုအစွမ်းထက်လာ၏။

တိုက်ခိုက်ရေး အပိုင်းတွင်လည်း ပိုမို လွယ်ကူချောမွေ့လာပုံ ပေါ်သည်။

ဤအချက်ကိုကြည့်၍ မိုဝန်ထျန်းက တိုက်ခိုက်ရေးပါရမီရှင်တစ်ဦးဖြစ်ကြောင်း မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ ဝန်ခံရမည် ဖြစ်၏။

အတော်လေး အနေရခက်လှ၏။

လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း သူ အသက်ရှင်သန်နိုင်ရန်အတွက် ဤညီလေး၏ ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်များကို သူ အမြဲမျိုချနေခဲ့ရာ ၎င်းက ဤညီလေးကို သိသိသာသာ ဆွဲချနေခဲ့ခြင်းဖြစ်၏။

ထိုသို့မဟုတ်ပါက ဤညီလေး၏ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်းအဆင့်တွင် အမြဲတမ်းရပ်တန့်နေမည် မဟုတ်ဘဲ အောင်မြင်မှုအချို့ ရရှိသင့်ပြီ ဖြစ်သည်။

သေချာသည်က ၎င်းမှာ သူ့အပြစ်ဖြစ်ကြောင်းကို မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက ဝန်ခံမည် မဟုတ်ချေ။

ထိုသို့မဟုတ်ဘဲ မိုဝန်ထျန်းသာ သိသွားပါက သူ ခေါင်းမဖော်ဝံ့အောင် ဖြစ်သွားမည် မဟုတ်ပါလော။

All Chapters