← Chapters

အခန်း ၉၃၁

Vol. 89 Ch. 931

အခန်း ၉၃၁

Vol. 89 Ch. 931

အခန်း (၉၃၁) - တစ်ဦးတည်းအင်အားဖြင့် လူသားမျိုးနွယ်အား ထောက်ပံ့ခြင်း၊ ရေမြင့်လျှင် ကြာတင့်သည် (၁)

ဤသည်မှာ အစကတည်းက ပေါ်ပေါက်လာခြင်းမျိုး မဟုတ်ပေ။

အကြောင်းအမျိုးမျိုးကြောင့်သာ လူသားမျိုးနွယ်ကျင့်ကြံသူ အများအပြား ဤနေရာတွင် အခြေချနေထိုင်လာခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သဘာဝအလျောက်ပင် ဆိပ်ကမ်းမြို့များ ဖြစ်တည်လာခဲ့ခြင်းပင်။

ဤသည်ကိုပင် လူတို့သည် မြင့်ရာသို့တက်၍ ရေသည် နိမ့်ရာသို့ စီးဆင်းသည်ဟု ဆိုရပေမည်။

များပြားလှသော လူသားမြို့တော်များသည် ဤကဲ့သို့ သဘာဝအလျောက် ပေါ်ပေါက်လာခဲ့ခြင်းပင်။

၎င်းတွင် သမိုင်းကြောင်းနှင့် ပထဝီဝင်ဆိုင်ရာ အကြောင်းရင်းများစွာလည်း ရှိနေပေသည်။

"ရှေးဟောင်းသားရဲတွေကို ဒီလောက် လွယ်လွယ်ကူကူ အမဲလိုက်နိုင်တာလား..."

"ဒါနဲ့ ခင်ဗျားတို့က လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တယ်ဆိုတော့ သူတို့ရဲ့အင်အားကို အသုံးချပြီး ရှေးဟောင်းသားရဲတွေကို အမဲလိုက်နိုင်တာ သေချာတာပေါ့..."

"ဒီလိုဆိုရင်တော့ လူသားမျိုးနွယ်ကျင့်ကြံသူတွေ အများကြီး သေကျေဒဏ်ရာရစရာ မလိုတော့ဘူးပေါ့..."

ဝူတိက ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။

အဘယ်ကြောင့်ဆိုသော် ယခင် သူ ယွင်ဇီမြို့တော်တွင် နေထိုင်ခဲ့စဉ်က လူသားမျိုးနွယ်ကျင့်ကြံသူများသည် ရှေးဟောင်းသားရဲများကို အမဲလိုက်လိုပါက တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးနေရာအထိ သွားရောက်ရမည်ဖြစ်ပြီး အဖွဲ့လိုက်စုစည်းသွားမှသာ အောင်မြင်နိုင်သောကြောင့်ပင် ဖြစ်သည်။

သို့သော်ငြား ရှေးဟောင်းသားရဲများကို အမဲလိုက်သည့် အကြိမ်တိုင်း၌ လူသားမျိုးနွယ်ကျင့်ကြံသူ အများအပြား သေကျေဒဏ်ရာရခဲ့ရသည်။

လှုပ်ရှားမှုတိုင်းတွင် ဆုံးရှုံးမှုများမှာ အလွန်တရာ ကြီးမားလှသည်ဟု ဆိုရပေမည်။

အခြေခံအားဖြင့် လူသားမျိုးနွယ်ကျင့်ကြံသူတိုင်းသည် သေဆုံးရမည်ကို ကြိုတင်လက်ခံထားမှသာ ရှေးဟောင်းသားရဲ အများအပြားကို အမဲလိုက်နိုင်ခြင်း ဖြစ်၏။

သို့ရာတွင် ယခု ဖုန်းရှီးကျွန်း၌မူ တံငါသည်များကဲ့သို့ပင် ငါးဖမ်းပိုက်များကို ပြုလုပ်ကာ ပင်လယ်နက်အတွင်းမှ ရှေးဟောင်းသားရဲများကို ဆယ်ယူလိုက်ရုံသာ ဖြစ်ပြီး သေဆုံးဒဏ်ရာရမှု များများစားစား ပေးဆပ်ရန် လုံးဝမလိုအပ်ပေ။

နေ့စဉ်နှင့်အမျှ ရှေးဟောင်းသားရဲ အလောင်းအများအပြားကို ရရှိနိုင်လေသည်။

ယခင်လူသားများအတွက် ဤသည်မှာ စိတ်ကူး၍ပင် မရနိုင်သော သုခဘုံတစ်ခုပင် ဖြစ်ချေသည်။

ရှေးဟောင်းသားရဲတစ်ကောင်၏ ခန္ဓာကိုယ်တွင် ပါဝင်သော အရင်းအမြစ်များမှာ အလွန်တရာ များပြားလှသည်ကို သိထားရပေမည်။

တစ်ကိုယ်လုံးရှိ နေရာတိုင်းသည် ရတနာများ ဖြစ်နေခြင်းပင်။

ထို့အပြင် ဖုန်းရှီးကျွန်းအနေဖြင့် အရင်းအမြစ်များ ကုန်ခမ်းသွားမည်ကို စိုးရိမ်ရန် မလိုအပ်ပေ။

မည်သို့ပင်ဆိုစေ ကြယ်ကွဲပင်လယ်ကြီးမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လွန်းလှရာ သူတို့ အမဲလိုက်ခဲ့သော ရှေးဟောင်းသားရဲများမှာ နွားကိုးကောင်မှ အမွေးတစ်မျှင်စာပင် မရှိလောက်ချေ။

အမဲလိုက်၍ပင် မကုန်သေးမီ ရှေးဟောင်းသားရဲများ၏ အစွမ်းထက်သော မျိုးပွားနိုင်စွမ်းကြောင့် အကောင်ရေများစွာ ထပ်မံပေါက်ဖွားလာတတ်သေးသည်။

ယခင်က ကြယ်ကွဲပင်လယ်တွင် ရတနာများ ပေါများကာ အရင်းအမြစ်များ များပြားလှကြောင်း ကောလာဟလများ ရှိခဲ့စဉ်က သူသည် မယုံတစ်ဝက်၊ယုံတစ်ဝက် ဖြစ်ခဲ့ရသည်။

သို့သော်ငြား ယခုမူ လက်တွေ့ကျကျ ယုံကြည်လိုက်ရချေပြီ။

ကျင့်ကြံခြင်း အရင်းအမြစ်များကိုသာ ကြည့်လျှင် ယခင်က ယွင်ဇီမြို့တော်ထက် အဆမည်မျှ ပိုများနေမှန်းပင် မသိနိုင်ပေ။

"ဟုတ်တယ်။ ဒါတွေအားလုံး စီနီယာကျိုးကို ကျေးဇူးတင်ရမှာပဲ..."

"အကယ်လို့ သူကသာ ဒီလေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲတွေကို အသုံးပြုဖို့ ငှားမပေးခဲ့ဘူးဆိုရင်၊ ကျုပ်တို့လည်း ဒီလိုဘဝမျိုး ပိုင်ဆိုင်နိုင်မှာ မဟုတ်သလို ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုလည်း ဒီလောက်အများကြီး ရရှိနိုင်မှာ မဟုတ်ဘူးလေ..."

"ဒါပေါ့... လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲတစ်ကောင်ကို စိတ်ကြိုက် အမိန့်ပေးနိုင်တာက လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးကို အမိန့်ပေးတာနဲ့ တူတူပဲ။ ကျုပ်တို့ကတော့ ဒီလို ကောင်းမွန်တဲ့ ကိစ္စမျိုး ပေါ်လာလိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး..."

လူသားမျိုးနွယ်ကျင့်ကြံသူများစွာက တီးတိုးဆွေးနွေးနေကြပြီး စီနီယာကျိုးအပေါ် အလွန်ကျေးဇူးတင်နေကြသည်။

သူတို့၏ဘဝများ ဤမျှကောင်းမွန်လာခြင်းမှာ သဘာဝအားဖြင့် စီနီယာကျိုးနှင့် ကြီးမားသော ဆက်စပ်မှု ရှိနေပေသည်။

သူတစ်ယောက်တည်း အင်အားဖြင့် ဖုန်းရှီးကျွန်း၏ လက်ရှိအခြေအနေကို လုံးဝပြောင်းလဲပစ်ခဲ့ပြီး ဖုန်းရှီးကျွန်းတစ်ကျွန်းလုံးရှိ လူသားများ၏ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။

"မဟုတ်သေးဘူး။ လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲတွေ ပေါ်လာတာက အကူအညီ အများကြီးပေးခဲ့တာတော့ မှန်တယ်..."

"ဒါပေမဲ့ ပိုအရေးကြီးတာက ဒီပင်လယ်ပြင်ကို လွှမ်းခြုံထားတဲ့ သတ္တမအဆင့် အစီအရင်ကြီးပဲ..."

"အကယ်လို့ သတ္တမအဆင့် အစီအရင်သာ မရှိခဲ့ရင် သဘာဝရှေးဟောင်းသားရဲ စားကျက်မြေကြီး ဘယ်လိုလုပ် ဖြစ်ပေါ်လာနိုင်မှာလဲ..."

"မျိုးနွယ်ခြားကျင့်ကြံသူ အများအပြားရဲ့ လောဘတကြီး ကြံရွယ်မှုတွေကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ..."

"ဒီအစီအရင်ကြီးကြောင့်သာ လူသားတွေက ဒီပင်လယ်ပြင်မှာ အေးအေးချမ်းချမ်း နေထိုင်နိုင်တာလို့ ပြောလို့ရတယ်..."

"ဒီသတ္တမအဆင့် အစီအရင်ကြီးကို ဘယ်သူကများ စီရင်ချမှတ်ထားခဲ့တာလဲ..."

ဝူတိက လေးနက်စွာဖြင့် ပြောလိုက်သည်။ ၎င်းအတွင်းမှ အရေးပါသော အချက်ကို သူ ချက်ချင်းပင် သိမြင်လိုက်၏။

လူသားမျိုးနွယ်သည် ဤပင်လယ်ပြင်တွင် အခြေချနိုင်ပြီး နှစ်ရာပေါင်းများစွာ အေးအေးချမ်းချမ်း နေထိုင်နိုင်ခြင်းမှာ 'ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်' ၏ အကာအကွယ်ကြောင့်သာ ဤအရာအားလုံး ဖြစ်နိုင်ခဲ့ခြင်းပင်။

အင်မော်တယ်ကျင့်ကြံခြင်း အတတ်ပညာတစ်ရာတွင် အစီအရင်ပညာရပ်သည် ပထမဖြစ်၏။

သက်ရှိသတ္တဝါ အားလုံးအတွက် အစီအရင်၏ အရေးပါမှုကို တွေးကြည့်၍ ရနိုင်ပေသည်။

အချို့သူများက ဆေးလုံးများသည် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် ကူညီပေးနိုင်သောကြောင့် ဆေးလုံးကသာ အရေးအကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။

ပြဿနာမှာ ဆေးလုံးများ မည်မျှပင် အစွမ်းထက်စေကာမူ တစ်ကိုယ်ရည် စွမ်းအားကိုသာ မြှင့်တင်ပေးနိုင်ခြင်းပင်။

အစီအရင်များသာလျှင် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းနိုင်သော စွမ်းအားများရှိပြီး မိသားစုတစ်ခု၊ နိုင်ငံတစ်ခု၊ မျိုးနွယ်စုတစ်ခုကိုပင် အမှန်တကယ် ပြောင်းလဲနိုင်ကာ မျိုးနွယ်စုတစ်ခုကို အင်အားကြီးမားလာစေနိုင်သည်။

ထိပ်တန်းအစီအရင်တစ်ခုသည် ခေတ်အဆက်ဆက် မပျက်စီးဘဲ ထာဝရ တည်တံ့နိုင်ပေသည်။

အဆင့်မြင့် ကျင့်ကြံသူများစွာ ကျဆုံး၍ သေဆုံးသွားလျှင်ပင် အစီအရင်ရှိနေသရွေ့ မျိုးနွယ်စုသည် မျိုးသုဉ်းပျောက်ကွယ်သွားမည် မဟုတ်ပေ။

လူသားမျိုးနွယ် အထက်ပိုင်းခေါင်းဆောင်များသည် မျိုးနွယ်စုကြီးများကို ပြစ်မှားမိမည့် အန္တရာယ်ကို လျစ်လျူရှု၍ ထိုအင်မော်တယ်ရတနာကို ရယူလိုခြင်းမှာ လူသားမျိုးနွယ် အထက်ပိုင်းသည် ဧကရာဇ်မြို့တော်ရှိ အဋ္ဌမအဆင့် အစီအရင်အပေါ် အလွန်ယုံကြည်မှုရှိသောကြောင့်ပင် ဖြစ်၏။

မဟာယာနအဆင့် ကျင့်ကြံသူများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရလျှင်ပင် ဤအဋ္ဌမအဆင့် အစီအရင်၏ အကူအညီဖြင့် အေးအေးဆေးဆေး ရင်ဆိုင်နိုင်သေးသည်။

လူသားမျိုးနွယ်သည် ဝိညာဉ်လောကတွင် ဤမျှကြာရှည်စွာ ရှင်သန်နိုင်ခဲ့ခြင်းမှာ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်၏ အဋ္ဌမအဆင့် အစီအရင်၏ ကျေးဇူးကြောင့်ပင်။

လူသားမျိုးနွယ်၌ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ခေတ်တွင်တစ်ယောက် မပေါ်ပေါက်ခဲ့လျှင်ပင် အစီအရင်၏ စွမ်းအားဖြင့် လူသားမျိုးနွယ်သည် ဆက်လက် ရှင်သန်နိုင်ဆဲ ဖြစ်၏။

"ဒါလား... အဲဒါလည်း စီနီယာကျိုးပဲ စီရင်ထားခဲ့တာလေ..."

ကျင့်ကြံသူတစ်ယောက်က အသာအယာ ပြုံးကာ ပြောလိုက်သည်။

'ဘာ...'

ထိုစကားကို ကြားသောအခါ ဝူတိ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

သူသည် ထိုစီနီယာကျိုးအပေါ် သူ၏သုံးသပ်ချက်အား အကြိမ်ကြိမ် မြှင့်တင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ တစ်ဖက်လူကို အထင်သေးမိနေဆဲပင်။

တစ်ဖက်လူသည် သားရဲထိန်းချုပ်ခြင်း အရှင်သခင်ကြီးသာမက သတ္တမအဆင့် အစီအရင်ပညာရှင်လည်း ဖြစ်နေပြန်သည်။

ဤသို့သော ပါရမီသည် အမှန်တကယ်ပင် အလွန်အမင်း ချဲ့ကားလွန်းနေပြီ မဟုတ်ပါလော။

မည်သည့် လူသားမျိုးနွယ်ကျင့်ကြံသူ၏ ပါရမီကမှ ဤအဆင့်အထိ ရောက်ရှိနေသည်ကို သူ မမြင်ဖူးခဲ့ပေ။

တစ်ဖက်လူသည် သူတစ်ယောက်တည်း၏ အင်အားဖြင့် ဖုန်းရှီးကျွန်းကို ဤအဆင့်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

သံသယဖြစ်ဖွယ်မရှိ ဤသူသည် လူသားမျိုးနွယ်၏ သမိုင်းတွင် သေချာပေါက် နာမည်ကျန်ရစ်မည် ဖြစ်၏။

သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော လူသားမျိုးနွယ်၏ ဂုဏ်ယူဖွယ် သမိုင်းကြောင်းထဲတွင် ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။

လူသားမျိုးနွယ်၏ ဂန္ထဝင်တစ်ဦး ကြီးထွားလာမှုကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံနေရခြင်းပင်။

"စီနီယာ... ဆိပ်ကမ်းမြို့ကြီး လေးမြို့အပြင် ဖုန်းရှီးကျွန်းမှာ တခြားမြို့တွေ ရှိသေးလား..."

ဝူတိက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။

သူသည် ဖုန်းရှီးကျွန်း၏ အခြေအနေအရပ်ရပ်ကို ပိုမိုသိရှိနားလည်ချင်ပြီး ဖုန်းရှီးကျွန်းအား မည်သို့ တည်ဆောက်ထားသည်ကို သိလိုနေသည်။

"သေချာပေါက် တခြားမြို့တွေ အများကြီး ရှိသေးတာပေါ့..."

"ဒါပေမဲ့ ဒီမြို့တွေမှာ ကိုယ်ပိုင် အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ချက် အသီးသီး ရှိကြတယ်..."

"ဥပမာအနေနဲ့ ပြောရရင် ဝိညာဉ်အပင်စိုက်ပျိုးသူတွေ နေတဲ့မြို့တွေရှိတယ်။ ဒီမြို့တွေက အခြေခံအားဖြင့် ဝိညာဉ်အပင် စိုက်ပျိုးသူတွေချည်းပဲ..."

"ဒီမြို့တွေရဲ့ ပတ်ဝန်းကျင်မှာ အမျိုးအစား စုံလင်တဲ့ လယ်ကွင်းတွေရှိပြီး ဝိညာဉ်ဆန် အများအပြားကို စိုက်ပျိုးထားကြတယ်..."

"ဘယ်လိုပဲဆိုဆို အဆင့်မြင့် ဝိညာဉ်ဆန်တွေကို စိုက်ပျိုးဖို့ဆိုတာ အဲဒီလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလေ။ အချိန်အများကြီး လိုအပ်သလို ဂရုတစိုက် စောင့်ရှောက်ဖို့လည်း လိုတယ်..."

"ပြီးတော့ ဆေးပင်စိုက်ပျိုးသူတွေရဲ့ မြို့တွေလည်း ရှိသေးတယ်။ ဒီမြို့တွေအနီးမှာတော့ ဆေးဥယျာဉ်တွေကို စိုက်ပျိုးထားကြတယ်..."

"ဒီဆေးဥယျာဉ်တွေထဲမှာ ဝိညာဉ်ဆေးပင် အများအပြားလည်း ပေါက်ရောက်နေတယ်..."

"ကြားရသလောက်ဆိုရင် ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်၊ သတ္တမအဆင့် ဝိညာဉ်ဆေးပင်တွေတောင် အချို့ပေါက်ရောက်နေတယ်တဲ့..."

"ဒါတွေအပြင် မွေးမြူရေးမြို့တွေလည်း ရှိသေးတယ်။ ဒီမြို့တွေရဲ့ ပတ်ဝန်းကျင်မှာတော့ ရှေးဟောင်းသားရဲတွေနဲ့ ဝိညာဉ်သားရဲ အတော်များများကို မွေးမြူထားကြတယ်..."

"ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ကျင့်ကြံသူတွေက နေ့စဉ် ဝိညာဉ်ဆန် စားရုံသာမက အသားလည်း စားဖို့လိုတယ်လေ..."

"အဲဒီ ရှေးဟောင်းသားရဲ အသားတွေမှာ ကြီးမားတဲ့ သွေးသားစွမ်းအင်တွေ ပါဝင်နေလို့ ကျုပ်တို့ရဲ့ နေ့စဉ်အစားအစာ ရင်းမြစ်တစ်ခုအနေနဲ့ ကွက်တိပဲ..."

"အချုပ်ပြောရရင် မြို့တွေမတူရင် လုပ်ဆောင်ချက်တွေလည်း ကွဲပြားသွားမှာပဲ..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က ဖုန်းရှီးကျွန်းရှိ မြို့ကြီးများ၏ လုပ်ဆောင်ချက်များကို အတိုချုံး၍ ရှင်းပြလိုက်သည်။

All Chapters