← Chapters

အခန်း ၂၀၇

Vol. 20 Ch. 207

အခန်း ၂၀၇

Vol. 20 Ch. 207

Chapter 207

~

အခန်း ၂၀၇ : ရှာကျူး.. မင်း ဒီနေ့လို အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့ ထင်မထားဘူးမှတ်လား

~

​ရှာကျူး သူ့ကိုယ်သူ မနည်းအားတင်းပြီး အိမ်သို့ ပြန်ရောက်လာခဲ့သည် ။ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အိမ်ထဲတွင် အေးစက်နေပြီး နွေးထွေးမှုဟူ၍ တစ်စက်မျှပင် မရှိ ။

​ထိုအခါမှသာ သူ မနက်ကတည်းက ဘာမှ မစားရသေးကြောင်း သတိရလိုက်မိပြီး သူ၏ ဗိုက်ကလည်း တဂွီဂွီ မြည်နေလေပြီ ။

​သူ ဗိုက်ကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချကာ ဗီရိုဆီသို့ လျှောက်သွား၍ ဖွင့်ကြည့်လိုက်၏ ။

​သို့သော် စိတ်ပျက်စရာကောင်းစွာပင် ဗီရိုထဲတွင် ဘာမှ မရှိ ။ ကြွက်ပင်လျှင် လာလည်ဖို့ စိတ်ဝင်စားမည်မထင် ။ လုံးဝ ဗလာကျင်းနေသည် ။

​ထိုအခါမှသာ ရှာကျူးသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်ဟွိုင်ရု သူမတို့ မိသားစု စားဝတ်နေရေး အဆင်မပြေကြောင်း ပြောခဲ့သည်ကို သတိရလိုက်မိ၏ ။ သူ စိတ်ပျော့ပြီး သနားမိသွားသဖြင့် အိမ်တွင် ကျန်ရှိနေသည့် စားစရာများကို သူမအား အကုန် ထုတ်ပေးလိုက်မိသည် ။

​သူက စားဖိုချောင်တွင် အလုပ်လုပ်နေသူ ဖြစ်သည့်အတွက် အဆိုးဆုံးဆိုလျှင် အလုပ်ခွင်မှာပင် စားလိုက်၍ ရမည်ဟု တွေးထားခဲ့သော်လည်း ယခုလို အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း ။

​ဗီရိုရှေ့တွင် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ရှာကျူးသည် ဟဲယွီဆွေကို သတိရသွား၏ ။

​သူမဆီတွင် စားစရာ အနည်းငယ် ကျန်ကောင်း ကျန်နေဦးမည် ။ ဗိုက်ဆာလွန်း၍ တစ်ခုခု ချေးငှားရင်း တစ်ခါတည်း တောင်းပန်လိုက်ရန် ဆုံးဖြတ်လိုက်၏ ။

​သူ ယွီလီထံမှ အမှန်တရားကို သိထားပြီး ဖြစ်သည် ။

​သူ့ကို ကယ်တင်ပေးခဲ့သူမှာ ပထမဦးလေး ယီကျုံးဟိုင် မဟုတ်ဘဲ ဟဲယွီဆွေ ဖြစ်ကြောင်း သူ သိထား၏ ။

​သူ စိတ်မကောင်း ဖြစ်မိသည် ။ မောင်နှမနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်ခဲ့ကြသော်လည်း မည်သို့ကြောင့် ဤသို့ အခြေအနေသို့ ရောက်သွားရသည်ကို သူ မသိပေ ။

​ယွီဆွေကို အပြင်လူများ ရှေ့တွင် လှောင်ပြောင်ခဲ့သည့် အဖြစ်ကိုလည်း ပြန်ပြောင်းတွေးမိလိုက်သည်။ သူမ သေချာပေါက် အရမ်း စိတ်ထိခိုက်နေပေလိမ့်မည် ။

​' ငါ သူ့ကို သွားတောင်းပန်ပြီး စားစရာလေး တစ်ခုခု ချေးမှ ဖြစ်မယ်.. '

​ရှာကျူး တွေးလိုက်ပြီးနောက် အိမ်တံခါးမှ ထွက်လာကာ ဟဲယွီဆွေ၏ အခန်းဘက်သို့ လျှောက်လာသည် ။

​ဟဲယွီဆွေ၏ တံခါးဝသို့ ရောက်လျှင် ရှာကျူး ခဏတာ တုံ့ဆိုင်းနေမိသော်လည်း နောက်ဆုံးတွင် လက်မြှောက်၍ တံခါးကို ခေါက်လိုက်၏ ။

​မကြာမီ တံခါးပွင့်လာပြီး ဟဲယွီဆွေ တံခါးဝတွင် ရပ်နေသည် ။ ရှာကျူး ဖြစ်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားတော့သည် ။

​" ဘာကိစ္စ ရှိလို့လဲ.. "

​ဟဲယွီဆွေ၏ အသံက အေးစက်နေပြီး ခပ်ခွာခွာနေချင်သည့် အရိပ်အယောင်များ ပါနေ၏ ။

​ရှာကျူး အနေရခက်သွားသည် ။ သူ ခေါင်းကို ကုတ်လိုက်ပြီး အသံတိုးတိုးဖြင့်...

​" ယွီဆွေ.. ငါ..ငါ နင့်ကို တောင်းပန်ချင်လို့ လာတာ.. အရင်က နင့်ကို အထင်လွဲခဲ့မိတယ်.. နင် ငါ့ကို ကယ်ပေးလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး.. ငါ့ကို ပထမဦးလေး ထုတ်ပေးတာလို့ ထင်နေတာ.. "

​ဟဲယွီဆွေက နားထောင်နေသော်လည်း သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှ ပေါ်မလာပေ ။ သူမက အေးစက်စွာဖြင့်သာ ဖြတ်ပြောလိုက်သည် ။

​" တောင်းပန်စရာ မလိုပါဘူး.. ငါ စိတ်ထဲ မထားဘူး.. နင် နောက်တစ်ခါ ငါ့ကို ကျေးဇူးကန်းတယ်တို့.. အသည်းနှလုံး မရှိဘူးတို့ ထပ်မပြောရင် ပြီးတာပဲ.. "

​ထိုစကားကို ကြားသောအခါ ရှာကျူး ပို၍ပင် အနေရခက်သွားပြီး အလျင်အမြန် ပြောလိုက်သည် ။

​" ယွီဆွေ.. စိတ်မဆိုးပါနဲ့.. အကို တကယ် မှားမှန်း သိပါပြီ.. နောက်တစ်ခါ အဓိပ္ပါယ်မရှိတာတွေ ထပ်မပြောတော့ပါဘူး.. "

​" အင်း.. သိပြီ.. တခြား ဘာကိစ္စများ ရှိသေးလဲ.. "

​ဟဲယွီဆွေက ဤစကားများကို မကြားချင်တော့၍ သူ့ကို ဖြတ်ပြောလိုက်ပြီး စိတ်မရှည်စွာ မေးလိုက်သည် ။

​ဟဲယွီဆွေ၏ အေးစက်သော အမူအရာကို မြင်လျှင် ရှာကျူး စိတ်လှုပ်ရှားသွားမိသော်လည်း စိတ်ကို မာကျောလိုက်ပြီး...

​" အာ.. ယွီဆွေ.. နင့်ဆီမှာ စားစရာ တစ်ခုခု ရှိသေးလား.. ငါ့အိမ်မှာ စားစရာ ဘာမှ မကျန်တော့ဘူး.. မနက်ကတည်းက ဘာမှ မစားရသေးတော့ အရမ်း ဗိုက်ဆာနေလို့.. "

​" စားစရာ.. "

​ဟဲယွီဆွေ၏ မျက်နှာက တစ်ဖန်ပြန်၍ အေးစက်သွားပြီး သူမ၏ အသံကလည်း ရန်လိုလာသည် ။

​" နင် ဘယ်လိုလုပ်ပြီး အဲ့စကားကို ပြောရဲတာလဲ.. အိမ်မှာရှိတဲ့ စားစရာတွေကို နင် အကုန်ထုတ်ပေးလိုက်တာ မဟုတ်ဘူးလား.. အခုမှ ဗိုက်ဆာမှန်း သိတော့တယ်ပေါ့လေ.. အရင်တုန်းကရော ငါ ဗိုက်ဆာမလား ဆိုတာ နင် တွေးမိရဲ့လား.. "

​" ငါ့ဆီမှာ စားစရာ ဘာမှ မရှိဘူး.. နင့်ဘာသာ နင်ပဲ ရှာစားတော့.. "

​ဟဲယွီဆွေ ပြောပြီးသည်နှင့် တံခါးကို ဆောင့်ပိတ်လိုက်သည် ။

​ရှာကျူးသည် ပါးရိုက်ခံလိုက်ရသကဲ့သို့ မျက်နှာ ပူထူသွား၏ ။

​သို့သော် သူ အရင် မှားခဲ့သည် ဖြစ်၍ ဘာမှ ထပ်မပြောရဲဘဲ လှည့်ပြန်လာခဲ့ရသည် ။

​ပြန်လမ်းတွင် ရှာကျူး ၏ ရင်ထဲတွင် စိတ်ဓာတ်ကျခြင်းများ တစ်လှိုင်းပြီး တစ်လှိုင်း တက်လာသည် ။

​သူ ယီကျုံးဟိုင်ဆီ သွားပြီး စားစရာ အနည်းငယ် တောင်းရန် စိတ်ကူးထားခဲ့သည် ။

​သို့သော် ယီကျုံးဟိုင်က သူ့ကို လိမ်ခဲ့သည်ကို သတိရသွားကာ ဒေါသစိတ်များ ဖြစ်လာသဖြင့် ထိုအကြံကို ပယ်ဖျက်လိုက်သည် ။

​ချင်ဟွိုင်ရုကို သွားတောင်းရမည်လော ။

​'မေ့လိုက်ပါတော့..'

​' ပြဿနာ ထပ်မရှာတာပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်..'

​" တစ်ညလောက် ဗိုက်ဆာတာနဲ့ သေမသွားပါဘူး.. မနက်ဖြန် စက်ရုံရောက်မှပဲ တစ်ခုခု စားတော့မယ်.. "

​ရှာကျူး သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီးနောက် အိပ်ရာပေါ်တွင် လှဲ၍ အနားယူလိုက်သည် ။

​...

​နောက်တစ်နေ့ မနက်စောစောတွင် ရှာကျူး စက်ရုံသို့ စောစောစီးစီး သွားလိုက်သည် ။

​စားဖိုချောင်သို့ ရောက်လျှင် ရှာကျူး သိုလှောင်ခန်းငယ်လေးထဲ ဝင်သွားပြီး မန်ထိုအနည်းငယ် လုပ်စားရန် ဂျုံမှုန့် အနည်းငယ် ယူလိုက်သည် ။

​ပစ္စည်းများ ယူပြီးနောက် မီးဖိုချောင်သို့ ပြန်လာခဲ့၏ ။

​သူ စတင်တော့မည့် အချိန်တွင် နောက်ဘက်မှ အသံတစ်သံ ထွက်လာသည် ။

​" ရှာကျူး.. နင် ဘာတွေ ခိုး လုပ်နေတာလဲ.. "

​ရှာကျူး လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်လျှင် လျိုလန် ဖြစ်နေသည်ကို တွေ့ရ၍ ဒေါသထွက်သွားကာ...

​" နင် ဘာကို အော်နေတာလဲ.. ငါ့ကိစ္စနဲ့ ဘာဆိုင်လို့လဲ.. "

​လျိုလန်က ပို၍ အနားသို့ကပ်လာပြီး ဂျုံမှုန့် အလုံးကို မြင်သွားသဖြင့် နှာခေါင်းရှုံ့လိုက်ကာ...

​" ဟမ့်.... ရှာကျူး.. နင် စက်ရုံရဲ့ ပစ္စည်းတွေကို ခိုးရဲတယ်ပေါ့လေ.. ငါ အခုပဲ တာဝန်ခံဝမ်ဆီ သွားပြောလိုက်ဦးမယ်.. နင်တော့ သေပြီပဲ.. "

​" ဘာခိုးတာလဲ .. ဒါ ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာ.. "

​ရှာကျူး ပြောလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ ငွေစက္ကူအသေးလေးများနှင့် ကူပွန်အနည်းငယ်ကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည် ။

​လျိုလန်က ထိုသည်ကို မြင်သောအခါ နှုတ်ခမ်းစူလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ ။

​မန်ထိုများ လုပ်ပြီးနောက် ရှာကျူး တစ်ခုကို ကောက်ကိုင်ပြီး အငမ်းမရ စားလိုက်၏ ။ သုံးလေးခု စားပြီးမှသာ သူ စိတ်ကျေနပ် သွားသည် ။

​လျိုလန်က သူ့စားပုံကို မြင်လျှင် လှောင်ပြောင်သည် ။

​" ရှာကျူး.. နင် မနေ့က ကြက်ခိုးစားလာခဲ့တာလား.. ဘာလို့ ဒီလောက် ဗိုက်ဆာနေရတာလဲ.. "

​ခိုး ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် ရှာကျူးသည် မနေ့က မခံရပ်နိုင်ဖွယ် အဖြစ်အပျက်များကို ချက်ချင်း ပြန်မြင်ယောင်လာ၏ ။

​သူ၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားပြီး အေးစက်သော အသံဖြင့်...

​" နင်နဲ့ ဘာမှ မဆိုင်ဘူး.. နင့်ကိစ္စသာ နင် အရင် ဂရုစိုက်ပါ.. "

​" စေတနာ ထားပြီး ပြောတာကို အကျင့်မကောင်းတဲ့ကောင်.. "

​လျိုလန်က မျက်လုံးလှန်ပြလိုက်ပြီး မီးဖိုချောင်ကို သန့်ရှင်းရေး စတင်လုပ်ဆောင်သည်။

​မကြာမီ စားဖိုချောင်မှ လုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပြီး အလုပ်များ စတင်လိုက်ကြသည် ။

ထိုအခိုက် ကန်တင်း တာဝန်ခံ ဝမ် ဝင်လာ၏ ။

​" အားလုံး ခဏလောက် နားကြပါဦး.. ပြောစရာ ရှိတယ်.. "

​ထိုစကားကို ကြားသောအခါ လူတိုင်း အလုပ်ရပ်လိုက်ပြီး တာဝန်ခံ ဝမ်ကို ကြည့်လိုက်ကြသည် ။

​တာဝန်ခံ ဝမ်က ရှာကျူးကို အရင် တစ်ချက်ကြည့်လိုက်ပြီး အောင်နိုင်သူ အပြုံးဖြင့်...

​" ဒီနေ့ ပြောမယ့်ကိစ္စက ရှာကျူးနဲ့ ပတ်သက်တာပါ.. "

​ထိုစကားကို ကြားသောအခါ ရှာကျူး၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားတော့သည် ။

​အမှန်ပင်..

​ဒါရိုက်တာ ဝမ်က ဆက်ပြောသည် ။

​" ရှာကျူး မနေ့က အလုပ်မလာဘူးဆိုတာ အားလုံး သိကြမှာပါ.. "

​အားလုံး ခေါင်းညိတ်ပြီးနောက် တာဝန်ခံ ဝမ်က ထပ်မေးပြန်သည် ။

​" ဒါပေမဲ့ သူ ဘယ်ကို သွားတယ်ဆိုတာ သိကြလား.. "

​ပြန်ဖြေသည်ကို မစောင့်ဘဲ သူ ဆက်၍ ပြောလိုက်၏ ။

​" အဲ့ဒါကတော့ သူ မနေ့က ပစ္စည်းကို ခိုးလို့ ရဲစခန်းမှာ အဖမ်းခံထား ရတာပဲ..... "

​" ဟို.. ဆရာဝမ်.. ဒါ တကယ်လား.. "

​" မဖြစ်နိုင်ပါဘူး.. ရှာကျူးက တစ်ယောက်တည်းသမားပဲ.. စားဖို့ သောက်ဖို့အတွက် စိတ်ပူစရာ မလိုဘူး.. ဘာလို့ အဲ့လို လုပ်ရမှာလဲ.. "

​" ဘယ်သူ သိမှာလဲ.. ရုပ်ကို မြင်ရပေမဲ့ စိတ်ကိုတော့ မသိနိုင်ဘူးလေ.. "

​" စားဖိုချောင် သိုလှောင်ခန်းက ပစ္စည်းတွေလည်း မကြာခဏ ပျောက်ပျောက်နေတာ.. ရှာကျူး ခိုးတာများ ဖြစ်နေမလား.. "

​" ... "

​လူတိုင်း၏ စကားများက ပို၍ ကြမ်းတမ်းလာသည်ကို မြင်လျှင် ရှာကျူး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ...

​" တော်ကြစမ်း.. အားလုံး သောက်ပေါက် ပိတ်လိုက်ကြတော့.. "

​လူတိုင်းက ရှာကျူးကို အနည်းငယ် ကြောက်ရွံ့ကြသေးသဖြင့် ရှာကျူး ဒေါသထွက်နေသည်ကို မြင်လျှင် ဆက်မပြောရဲကြတော့ပေ ။

​သို့သော် တာဝန်ခံဝမ်သည်တော့ သူ့ကို မျက်နှာသာ မပေးပေ ။

​သူက ရယ်ကျဲကျဲဖြင့်...

​" ဟဲဟဲ.. ရှာကျူး.. မင်း ဒီအကြောင်းကို မသိသေးဘူးနဲ့တူတယ်.. မင်း အချုပ်ထဲ ဝင်သွားတာကို ခေါင်းဆောင်တွေ သိနေကြပြီ.. ဒီကိစ္စက အလွန် ဆိုးရွားတာကြောင့် မင်းရဲ့ အပြုအမူအတွက် ခေါင်းဆောင်တွေက အပြစ်ပေးဖို့ ဆုံးဖြတ်ထားကြတယ်.. "

​ဤအထိ ပြောပြီးနောက် တာဝန်ခံ ဝမ်က ရည်ရွယ်ချက်ရှိရှိဖြင့် စကားကို ရပ်ဆိုင်းထားလိုက်သည် ။

​" ရှာကျူး.. မင်း ဘယ်လို အပြစ်ပေးခံရမယ်ဆိုတာ သိချင်လား.. "

​ဒါရိုက်တာ ဝမ်၏ စိတ်ခံစားချက်က ဤအခိုက်တွင် အလွန်ကောင်းမွန်နေ၏ ။ သူ ဤသို့ မေးချင်သည်မှာ ကြာလှလေပြီ ။

​' ရှာကျူး.. မင်း ဒီနေ့လို အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့ ထင်မထားဘူးမှတ်လား..'

All Chapters