← Chapters

အရှုံးပေးတယ်…

Vol. 019 Ch. 914

အရှုံးပေးတယ်…

Vol. 019 Ch. 914

ခုအခိုက်အတန့်၌ ဝမ်လင်းသည် အနက်ရောင်နဂါးကိုးကောင်ကို ဆင့်ခေါ်ခဲ့သည့် ကောင်းကင်ဘုံအင်ပါယာပေဖန်ကို မြင်တွေ့ခဲ့သည် ကောင်လေးလို ဖြစ်နေခဲ့သည်။

ဝမ်လင်း၏မျက်လုံးထဲကနေ ဆန်းကြယ်သောအလင်းတစ်ခု ထွက်ပေါ်နေသည်။သူက သူ့လက်ဖြင် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။နဂါးနှစ်ကောင်၏ မျက်လုံးထဲကနေ နတ်ဆိုးဆန်းသောအလင်းတစ်ခု ပေးစွမ်းလာ၏။

ထိုအလင်းသည် ထည်ဝါလှသည်။သည်အခိုက်၌ နဂါးနှစ်ကောင်သည် ၎င်းတို့၏စိတ်ဝိညာဉ်ကို ရရှိလာသည့်အလား ထင်မှတ်ရသည်။သူတို့က ရှေးဟောင်းအော်ရာကို ဆောင်ကြဉ်းလာကာ ဓားသွားလေးခုထံသို့ အားကောင်းသော လေပြင်းကို မှုတ်ထုတ်လိုက်တော့သည်။

ကောင်းကင်ဓားသွားများသည် လောကရှိ အရာအားလုံးကို ဖြတ်တောက်ပစ်ဖို့ လုံလောက်နေ၏။သို့သော် ၎င်းတို့သည် အနက်ရောင်နဂါးနှစ်ကောင်၏ စိတ်ဝိညာဉ်ကိုမူ ဖြတ်တောက်ပစ်နိုင်စွမ်း မရှိချေ။

ပထမဓားသွားသည် ပေါက်ကွဲကာ ပြုတ်ကျသွား၏။ထိုဓားသွားပြုတ်ကျသွားချိန်၌ ၎င်းသည် ကြည့်နေသူအားလုံး၏ အာရုံကို ယူဆောင်သွား၏။၎င်းဓားသွား ဆင်းသက်လာသည်နှင့် ဟင်းလင်းပြင်သည် သူ့ဟာသူ တွန့်ကြေသွားရသည်။

နဂါးနက်များထဲမှ တစ်ကောင်သည် ၎င်း၏ဦးခေါင်းကို မော့ကာ ဟိန်းဟောက်ရင်း ဓားသွားများထံသို့ ဦးတည်သွားတော့သည်။

ပထမဓားသွား၏ ထိပ်ဖျားပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာကာ ပျံ့နှံ့လာ၏။၎င်းက ဆက်တိုက်တုန်ဟီးကာ ဓားသွားတစ်ခုလုံး ပျက်စီးသွားတော့သည်။

ချက်ခြင်းပင် ဒုတိယဓားသွားသည်လည်း ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ဒုတိယဓားသွား ဆင်းသက်လာချိန်၌ မုန်တိုင်းတစ်ခုကိုပါ ဖြစ်စေသည်။ထိုမုန်တိုင်းသည် အားကောင်းလွန်းလှကာ ၎င်းပတ်လည်၌ ဟင်းလင်းပြင်သည် အက်ကြောင်းများစွာ ဖြစ်ကုန်ရသည်။ပထမဓားသွား၏အစိတ်အပိုင်းများအားလုံးသည် ဒုတိယဓားသွား၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

ဒုတိယဓားသွားက ထူးဆန်းစွာ တဝီဝီမြည်၍ ပြုတ်ကျလာ၏။

ပေတစ်ထောင်အတွင်းတွင် ထိုအသံသည် ပြည့်နှက်လာကာ ကျင့်ကြံသူအားလုံး၏ နားထဲသို့ တိုးဝင်လာ၏။အချို့အားနည်းသောကျင့်ကြံသူများ၏ မျက်လုံးများသည် ချက်ခြင်းပင် မှုန်ဝါးသွားရသည်။

ဒုတိယဓားသွားသည် ပထမဓားသွား၏ အားကို စုပ်ယူကာ အနက်ရောင်နဂါးနှင့် ထိပ်တိုက်တွေ့၏။အနက်ရောင်နဂါးသည် ရူးသွပ်ဖွယ် ဟိန်းဟောက်ကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်တော့သည်။၎င်းက ခေါင်းကို ဆက်ခနဲ့ မော့၏။ထို့နောက် ဒုတိယဓားသည်လည်း ပျက်စီးသွားရပြန်သည်။

တတိယနှင့်လေးခုမြောက်ဓားသွားတို့သည် နောက်ကနေ ချက်ခြင်း လိုက်ပါလာသည်။ကျန်သည့်ဓားသွားနှစ်ခု၏ အကြွင်းအကျန်အစိတ်အပိုင်းများကို စုပ်ယူရင်း ဆင်းသက်လာနေသည်။တတိယဓားသွားသည် သူ့ဟာသူ လွင့်ပြယ်သွားရင်း လေးခုမြောက်ဓားသွားနှင့် ပေါင်းစပ်ကာ အံ့မခန်းအားကို ဖန်တီးသည်။

အနက်ရောင်နဂါးသည် အနက်ရောင်လေပြင်းအဖြစ်သို့ ပြိုလဲသွားရပြီး အရူးအမူး ဟိန်းဟောက်တော့၏။လေးခုမြောက်ဓားသွားသည်လည်း တစ်ချိန်တည်းမှာ ပျက်စီးသွားရသည်။

အလင်းမျက်နှာပြင်ပင် ထိုဖိအားကို ဆက်၍ တောင့်မခံနိုင်တော့သည့်အလား ပျက်စီးသွား၏။ထိုအခါ ပြိုင်ပွဲကွင်းပတ်လည်ရှိ ကာဆီးထားသည့် အလင်းမျက်နှာပြင်သည် ဆက်၍ မတည်ရှိတော့ချေ။

ထိုအဖြစ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး အသွင်ဟန်ပန်များကို ကြီးစွာ ပြောင်းလဲသွားသေည်။မိသားစုအကြီးအကဲများသည် သူတို့၏မန္တာန်များကို မိသားစုဝင်များအား ကာကွယ်နိုင်ရန် အလျင်အမြန် အသုံးပြုလိုက်ကြ၏။

သို့သော်လည်း အပြာရောင်ကျောက်တုံးများသည် နောက်သို့ လွင့်စင်ကာ အမှုန့်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့၏။ထိုအခိုက်အတန့်၌ ကီလိုမီတာတစ်သိန်းအတွင်းရှိ အရာအားလုံးသည် ကပ်ဘေးတစ်ခု ဖြစ်ပွားသွားသည့်အလား ထင်မှတ်ရတော့သည်။

ကျောက်တုံးအနီရောင်ပေါ်တွင် ထိုင်နေသည့် အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ဖြူရောသွားကာ သူ့မျက်လုံးသည် လုံးဝ တောက်ပလာတော့၏။သူ့အောက်ရှိ အနီရောင်ကျောက်တုံးသည်ပင် တစစီ ဖြစ်သွားကာ သူက လေထဲသို့ ခုန်တက်သည်။ကျန်သည့်ဓားသွားငါးခုသည် လေထဲသို့ ပျံဝဲတက်လာရင်း အနက်ရောင်ဝတ်စုံနှင့်လူနောက်သို့ လိုက်ပါလာသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ဖြူရောသောဟန်ပန်နှင့် နောက်သို့ အမြန်ဆုတ်၏။

ဓားသွားလေးခုသည် အနက်ရောင်နဂါးတစ်ကောင်ကို ဖျက်စီးနိုင်စွမ်း ရှိခဲ့သော်လည်း ဤတိုက်ပွဲက တုန်လှုပ်ဖွယ်ကောင်းလှပေသည်။ဝမ်လင်း၏အမြင်က အေးစက်နေ၏။ဒုတိယမြောက်အနက်ရောင်နဂါးသည် ထိုးထွက်လာသည်။

“မင်းက တိုက်ခိုက်ချင်မှတော့…ဘာကြောင့် နောက်ဆုတ်ရသလဲ…” ဝမ်လင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အနက်ရောင်နဂါးနှင့် ပေါင်းစပ်သည်။ထို့နောက် သူက အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏မျက်လုံးတို့သည် တောက်ပနေ၏။သူထံကနေ ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ် ထွက်ပေါ်နေသည်။သူ့ခြေလှမ်းများက ရပ်တန့်သွားသည်။သူက သူ့လက်နှစ်ဖက်ကို မြန်ဆန်စွာ လှုပ်ရှားကာ အော်ပြောလိုက်သည်။ “မိစ္ဆာသတ်ဖြတ်ခြင်း ကောင်းကင်ဓားသွား…”

သူ့ပတ်လည်ရှိ ဓားသွားငါးခုသည် စတင်တုန်ခါကာ စူးရှရှဓားသွားသံစဉ်တစ်ခု ထွက်ပေါ်လာသည်။၎င်းတို့က စတင်လှည့်ပတ်ကာ ငွေရောင်ဓားအလင်းတန်းငါးခု ဖြစ်ပေါ်ပြီး ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။ထိုဓားအလင်းတန်းငါးခုသည် ကောင်းကင်ဓားသွားငါးခု အဖြစ်သို့ ပြောင်းလဲပြီး ဝမ်လင်းပေါ်သို့ ရုတ်တရက် ကျရောက်လာ၏။

အနက်ရောင်နဂါးသည် မာန်သွင်းကာ ၎င်း၏မျက်လုံးများသည် တောက်ပလာ၏။၎င်းက ရှေ့သို့ ထိုးထွက်သည်။ဝမ်လင်းသည် ဓားသွားများကို စူးစိုက်ကြည့်နေရင်း စုဆောင်းခြင်းခန်းမ၏ ကိုးခုမြောက်အလွှာမှ ပန်းချီကားသည် သူ့စိတ်ထဲ၌ ပို၍ ရှင်းလင်းလာတော့သည်။

“လေဆင့်ခေါ်ခြင်း…မိုးဆင့်ခေါ်ခြင်းနဲ့ ဆန်းကြယ်လက်နက်….” သည်အခိုက်၌ ပန်းချီကားပေါ်ရှိ စကားလုံးများသည် ဝမ်လင်း၏စိတ်ထဲ၌ ပေါ်လာခဲ့တော့သည်။

အနက်ရောင်နဂါး၏မျက်လုံးထဲရှိ တစ္ဆေအလင်းသည် ပို၍ အားကောင်းလာကာ ၎င်း၏ပါးစပ်ကို ဟလိုက်၏။သို့သော်လည်း သည်တစ်ကြိမ်၌ ၎င်းသည် အေးစက်စက်လေကို မှုတ်ထုတ်လာခြင်း မပြုပေ။ထိုအစား မိုး ဖြစ်နေ၏။

မိုးရွာသွန်းချသလို မဟုတ်သော်လည်း မိုးစက်များစွာပင်။

ချက်ခြင်းပင် အနက်ရောင်လေပြင်းနှင့် မိုးစက်များသည် ရောစက်သွား၏။သည်ဧရိယာသည် အေးစက်စက်အော်ရာနှင့် ချက်ခြင်း ခြုံ့လွှမ်းလာသည်။မိုးစက်များ ပေါ်လာသည်နှင့် ကောင်းကင်ဓားသွားငါးခုထံမှ အက်ကွဲသံများ ပေါ်လာတော့၏။

အနက်ရောင်နဂါးသည် မာန်သွင်းကာ ကောင်းကင်ဓားသွားငါးခုထံသို့ ရင်ဆိုင်၏။

ဘုန်း…ဘုန်း…ဘုန်း…။ ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပွားကာ ဟင်းလင်းပြင်သည် တုန်ခါကာ ပြင်းထန်သောဖိသိပ်အားသည် ပျံ့နှံ့လာသည်။ကျင့်ကြံသူထောင်ချီသည် နောက်သို့ ဆုတ်နေ၏။အားကောင်းလှသည့် မန္တာန်နှစ်ခု၏ ထိပ်တိုက်တွေ့မှုကနေ ထွက်ပေါ်လာသည့် ဖိသိပ်အားကို စွမ်းအားကြီးသူများသာ တောင့်ခံနိုင်ကြသည်။

အနက်ရောင်နဂါးသည် ဆက်၍ ဟိန်းဟောက်နေ၏။သို့သော် ၎င်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားကာ အနက်ရောင်လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ဝမ်လင်း၏မျက်နှာသည် အနည်းငယ် ဖြူရောသွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သည်။သို့သော် သူ့မျက်လုံးများသည် တောက်ပနေ၏။

“ဒီလူက ငါနဲ့ ကျင့်ကြံခြင်းအဆင့်တူတူပဲ။ ဒါပေမဲ့ သူက စွမ်းအားကောင်းလှတဲ့ ရန်သူလည်း ဖြစ်တယ်…” ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ ဖြစ်သွားကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် နောက်သို့ မြန်ဆန်စွာ ဆုတ်၏။သူ့မျက်နှာသည် ဖြူရောနေ၏။ဓားသွားငါးခု ဖျက်စီးခံလိုက်ရခြင်းက သူ့စိတ်ကို ဒဏ်ရာရစေသည်။သို့သော် သူ့မျက်လုံးထဲ၌ ကြောက်လန့်မှု ရှိမနေပေ။ထိုအစား သူက ပို၍ပင် တိုက်ပွဲဆာလောင်လာသေးသည်။

အရူးအမူးရယ်မောကာ သူ့ညာခြေထောက်ကို လှမ်းကာ သူ့ခန္ဓာကိုယ်က ရပ်တန့်၏။သူ့ညာခြေထောက် ခြေချလိုက်သည့်အခါ၌ သူ့နောက်ရှိ ဟင်းလင်းပြင်ထဲကနေ ကျယ်လောင်သောအက်သံ ပေါ်လာကာ အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။

“ကောင်းတယ်….။ငါ နန်ကုန်ဟန် ဓားသွားတွေကို ပြီးပြည့်စုံစေခဲ့တဲ့ အချိန်ကစပြီး ငါ့စီနီယာကလွဲလို့ ငါနဲ့ကျင့်ကြံခြင်းအဆင့်တူမှာ ရှိတဲ့ ဘယ်သူကမှ ငါ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ငါ အာဏာတက်ခြင်းအဆင့်မှာ ရှိစဉ်က ငါဟာ ပုံရိပ်ယောင်ယင်အဆင့်မှာ နံပါတ်တစ်ပဲ။ငါ အထည်ဒြပ်ယန်အဆင့်မှာ ရှိစဉ်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်အောက်မှာ ပြိုင်ဘက်ကင်းတယ်။ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်…”

အနက်ရောင်ဝတ်စုံနှင့် နန်ကုန်ဟန်သည် ရယ်မောကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ဖျပ်ခနဲပင် သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် တွန့်ကြေကာ ပုံရိပ်ယောင်ဓားသွားကိုးခု ပေါ်လာတော့၏။

သို့သော်လည်း ထိုပုံရိပ်ယောင်ဓားသွားကိုးခုပေါ်လာချိန်၌ သူ့ဘေး၌ လှိုင်းတွန့်တစ်ခုပေါ်လာ၏။ဝမ်လင်းသည် သူ့လက်ချောင်းနှစ်ချောင်းကို ဓားအသွင်ဟန်ပန်ပြောင်း၍ လှမ်းထွက်လာကာ ချက်ခြင်း လက်ညွှန်သည်။

ထိုလက်ညွှန်တိုက်ခိုက်မှု၌ သူ့တာအိုနှင့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် မူလစွမ်းအင် ပါဝင်နေ၏။လက်ညွှိုးညွှန်ချက်နှင့်အတူ အဖြူနှင့်အနက်ငါးများသည် ပေါ်လာခဲ့သည်။၎င်းတို့က လှည့်ပတ်ကာ နန်ကုန်ဟန်ထံသို့ ချိပ်ပိတ်အားတစ်ခုအသွင်ဖြင့် ပျံသန်းဝင်လာ၏။

နန်ကုန်ဟန်က ရုတ်တရက် နောက်လှည့်ကာ အမြန်ဆုတ်၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်စေရာ ၎င်းသည် ဝမ်လင်းထံသို့ ပျံသန်းသွားသည်။သို့သော်လည်း ဝမ်လင်းက ပေါ်လာသည် ပေါ်လာသည်နှင့် နီးကပ်နေပြီ ဖြစ်ရာ ဓားသွားကိုးခုထဲမှ နှစ်ခုသာ သူ့တိုက်ခိုက်မှုကို တားဆီးလိုက်နိုင်တော့၏။ပုံရိပ်ယောင်ဓားသွားနှစ်ခုသည် ချက်ခြင်း ပျက်စီးသွားတော့သည်။

ဓားသွားပျက်စီးမှုကို အသုံးချကာ ဝမ်လင်း၏လက်ချောင်းများသည် နန်ကုန်ဟန်၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လာသည်။

နန်ကုန်ဟန်၏မျက်လုံးသူငယ်အိမ်သည် ကျုံ့သွား၏။သူ့ရှေ့၌ သေရေးရှင်ရေး အခြေအနေတစ်ခု စိုက်ရောက်လာတော့၏။သည်အခိုက်၌ သူက တုံ့ဆိုင်းမနေပါ။သူ့လက်ဝါးထံမှ ငွေရောင်လက်ခနဲ ဖြစ်သွားပြီး ဝမ်လင်း၏လက်ချောင်းတိုက်ခိုက်မှုနှင့် တွေ့ဆုံစေသည်။

ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သောမူလစွမ်းအင်က နန်ကုန်ဟန်၏ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်လာ၏။သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်သို့ လွင့်စင်သွားသည်။သူ့ရင်ဘက်ကနေ သွေးများစီးကျလာ၏။သူ့ကို ကြောက်လန့်စေသည်က အခြားလူ၏တိုက်ခိုက်မှုတွင် အဖြူနှင့်အနက် အမျှင်တန်းတစ်ခုစီ ပါဝင်နေခြင်း ဖြစ်၏။ထိုအမျှင်တန်းနှစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ၌ ဖျက်စီးမှုကို ဖြစ်စေကာ မာကြောလှချေသည်။၎င်းတို့ထံတွင် နယ်ပယ်၏တုန်ခါမှုလှိုင်းလည်း ပါဝင်နေသေး၏။

ဝမ်လင်းသည် သူ့လက်ချောင်းမှ ခံစားမှုကို ဆုံးရှုံးသွားသည်။သူ့အလစ်တိုက်ချက်သည် အောင်မြင်ခဲ့သော်လည်း သူ့ရန်သူမှာ ၎င်းကို တားဆီးသွားနိုင်၏။ရန်သူ၏မူလစွမ်းအင်အချို့ပင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသေး၏။ထိုပမာဏက သူ ခုခံနိုင်စွမ်း ရှိသော်လည်း နန်ကုန်ဟန်၏မူလစွမ်းအင်သည် ထက်ရှလှသည့် ဓားသွားများအလား ဖြစ်နေသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။သူက နောက်သို့ မဆုတ်ပေ။သို့သော် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်၏။

နန်ကုန်ဟန်သည် ဝမ်လင်းနောက်တစ်ဖန် ပျောက်ကွယ်သွားသည်ကို တွေ့သည့်အခါ သူသည် မျက်မှောင်ကြုတ်မိ၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန် ဖြစ်စေရင်း အော်ပြောလိုက်၏။ “တီးလုံးဓားသွားကိုးခု အစီအရင်…” ချက်ခြင်းပင် ပျက်စီးသွားသည့် ပုံရိပ်ယောင်ဓားသွားနှစ်လက်သည် နောက်တစ်ဖန် ပြန်ပေါ်လာကာ အခြားဓားသွားခုနစ်ခုနှင့်အတူ အစီအရင်တစ်ခုကို ပေါင်းစည်း ဖြစ်ပေါ်စေသည်။ဓားသွားများ အလျင်အမြန် လှည့်လည်ကာ မရေမတွက်နိုင်သော ငွေရောင်အမျှင်တန်းများသည် သူ့ပတ်လည်၌ လှည့်ပတ်နေပြီးနောက် မြန်ဆန်စွာ ပြန့်ကျဲသွားသည်။

ဓားသွားအစီအရင် နီးကပ်လာသည့်အခါ ဝမ်လင်းသည် နန်ကုန်ဟန်ထံနှင့် ပေသုံးဆယ်တွင် ပေါ်လာခဲ့သည်။သူ့ညာလက်ထဲ၌ ကိုင်ဆောင်ထားသည့် သားရဲအရိုးသည် တလက်လက် ဖြစ်နေကာ ချက်ခြင်း ပေါ်ထွက်လာ၏။ထိုအခါ ငွေရောင်အမျှင်တန်းများသည် မီးခိုးရောင်ပေးစွမ်းသွားသည်။ထိုအခိုက်ကို အသုံးပြုကာ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာကို ဖိနှိပ်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်၏။

နန်ကုန်ဟန်က လေအေးတစ်ချက် ရှိုက်သွင်းမိ၏။သူက နောက်သို့ မြန်ဆန်စွာ ဆုတ်ရင်း ခပ်သွက်သွက် အော်ပြောလိုက်၏။ “ရပ်လိုက်တော့…ရပ်လိုက်တော့…ငါ အရှုံးပေးတယ်။ငါ ဆက်မတိုက်ခိုက်တော့ဘူး။မင်းက လေဟာနယ်ကွေးညွတ်ခြင်းကို နားလည်နေမှတော့ ငါ ဘယ်လို ဆက်တိုက်ပါ့တော့မလဲ။ ရပ်ကြစို့…”

သူက နောက်လှည့်၍ မြန်ဆန်စွာ နောက်ဆုတ်သွားတော့သည်။

နန်ကုန်ဟန်က ခါးသီးစွာ ပြုံးမိ၏။သူက ထိုသို့ အဆုံးမသပ်ချင်ခဲ့ပေ။သို့သော် သူနှင့် တိုက်ခိုက်နေသောသူက လေဟာနယ်ကွေးညွတ်ခြင်းကို နားလည်နေသည့်အတွက် သူ့အတွက် ဆက်တိုက်ပါက ဆိုးကျိုးများသာ ဖြစ်နိုင်ပေသည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် သည်မျိုးဆက်၌ သူဖန်တီးထားခဲ့သည့် သူ့ပုံရိပ်သည် ပျက်စီးသွားပြီး ဖြစ်တော့၏။ဝမ်လင်းသည် သူနှင့် ပေနှစ်ရာအကွာတွင် ပေါ်လာ၏။ဝမ်လင်းက နန်ကုန်ဟန်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

သူက သူ့တစ်ဘဝလုံးတွင် တိုက်ခိုက်ခြင်းနှင့် ကုန်ဆုံးခဲ့၏။သို့သော် သည်လိုလူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

“ငါ မတိုက်ခိုက်တော့ဘူး။ မတိုက်ခိုက်တော့ဘူး။ ငါ လေဟာနယ်ကွေးညွတ်ခြင်းကို နားလည်တဲ့အခါမှ တိုက်ခိုက်လည်း နောက်မကျသေးပါဘူး။ခုချိန်မှာ ဒါက ငါ့အတွက် မတန်ဘူး။ ငါ မင်းကို မနိုင်နိုင်သေးဘူး…”

နန်ကုန်ဟန်၏မျက်နှာသည် သုန်မှုန်နေသည်။သူက နောက်ဆုတ်နေရင်း အနီရောင်ကျောက်တုံးတစ်ခုထံသို့ တန်းသွားတော့၏။ထိုကျောက်တုံးပေါ်၌ မူလက လူတစ်ယောက်ထိုင်နေ၏။သို့သော် နန်ကုန်ဟန်၏အကြည့်တစ်ချက်ဖြင့်ပင် ထိုလူသည် ချက်ခြင်း ထွက်သွားပေးတော့သည်။

ဝမ်လင်းက တိတ်ဆိတ်စွာ ရှိနေပြီးနောက် သူ့ပတ်လည်ကို ကြည့်၏။သူက တည်ငြိမ်စွာ မေးလိုကသည်။ “နောက်ထပ် ဘယ်သူများ စိမ်ခေါ်ချင်သေးလဲ…”

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ရှန်ကုန်းဟူပင် တိတ်ဆိတ်စွာ ကြည့်နေမိ၏။သူ့မှိန်ဖျော့နေသည့် မျက်လုံးသည် တဖြည်းဖြည်း ပြန်တောက်ပလာ၏။ဝမ်လင်းအပေါ်၌ ရှိခဲ့သည့် သူ့မကျေမနပ်မှုသည်လည်း ဆက်၍ မရှိတော့ဘဲ လေးစားမှု ပြန်ရှိလာတော့သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက ဝမ်လင်းကို ကြည့်နေ၏။သို့သော် မည်သူကမျှ လှမ်းထွက်လာခြင်း မရှိကြပေ။

ခရမ်းရောင်ဝတ်စုံနှင် အဘိုးအိုသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရှုမူ….တောင်ပိုင်းနယ်မြေရဲ့ (၁၀၈) နေရာမှာ မင်းဟာ နံပါတ်တစ် ဖြစ်ပြီ။ ခုနစ်ရက်အတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ကျန်တဲ့ (၁၀၇) ယောက်ရွေးချယ်ပြီးသွားရင် ငါနဲ့အတူ သွားကြမယ်…”

***

All Chapters