အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း ၁၁၁
ကျန်းဟန်သည် ဆရာဖြစ်သူကို ခေါင်းညိတ်ပြပြီးနောက် အဖွဲ့ထဲသို့ ပြန်လည်ဝင်ရောက်ကာ နောက်ဆုံးတန်းတွင် သွားရပ်လိုက်သည်။
သို့သော် ယခုအချိန်တွင် နောက်ဆုံးတန်းတွင် ရပ်နေသော်လည်း သူသည် လူအမ်ား၏ အာရုံစိုက်မှုကို အကြီးအကျယ် ခံနေရ၏။ အတန်းဖော်များဖြစ်စေ၊ ဆရာများဖြစ်စေ မည်သူမျှ သူ့ကို ယခင်ကလို သတိမမူမိသည့် အရေးမပါသူတစ်ယောက်အဖြစ် နောက်ထပ် သဘောမထားနိုင်ကြတော့ပေ။
“ကျန်းဟန်... မင်း ဒီတစ်ခေါက် အံ့အားသင့်စရာအကြီးကြီး ပေးလိုက်တာပဲကွ။”
နောက်ဆုံးတန်းတွင် ရပ်နေသော လေ့ကျင့်ရေးအတန်း၏ နည်းပြ ဆရာ ခယ္လုံက ကျန်းဟန်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
သူသည် ကျန်းဟန်အပေါ် အမြဲတမ်း ပစ်ပယ်ထားသည့် မဟာဗျူဟာကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ကျောက်စိမ်းပိုးကောင်သည် လေ့ကျင့်ပေးရန် လုံးဝမထိုက်တန်ဟု သူ ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ကျန်းဟန်က နောက်ဆုံးတွင် သူ့ကို ယခုကဲ့သို့ ကြီးမားသော အံ့အားသင့်စရာတစ်ခု ပေးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ။
“ဆရာ့ရဲ့ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။ ဆရာ ခယ်လုံသည် သူ့ကို တကယ်တမ်း မည်သည့်အကူအညီမျှ မေပးခဲ့ဖူးဘဲ တစ်ခုတည်းသော အသုံးဝင်သည့်အရာမှာ ထို ခန္ဓာကိုယ်ကြံ့ခိုင်စေသည့် ဆေးရည်တစ်ပုလင်းသာ ရှိခဲ့သော်လည်း ၎က ဆရာ ခယ်လုံအပေါ် စေတနာကောင်း ပြသရန်အတွက် အဟန့်အတားမဖြစ်စေခဲ့ချေ။
ဆရာ့ကို မျက်နှာသာပေးခြင်းက သဘာဝအတိုင်း အကျိုးကျေးဇူးများစွာ သယ်ဆောင်လာမည် ဖြစ်သည်။ ယခုအချိန်တွင် သူသည် အတန်းဖော်များ၏ ထင်မြင်ချက်များကို လျစ်လျူရှုထားနိုင်သော်လည်း ဆရာများနှင့် ဆက်ဆံရေး ပျက်ပြားသွားခြင်းကိုမူ သူ မတတ်နိုင်သေးပေ။
“ဟားဟား... ဒါက မင်းကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ငါနဲ့ သိပ်ပြီး မဆိုင်ပါဘူး။”
ဆရာ ခယ္လုံက ရယ်မောလိုက်ပြီး ကျန်းဟန်ကို အမှန်တကယ် ဘာမွ မသင်ကြားပေးခဲ့ရသဖြင့် စိတ်ထဲတွင် အနည်းငယ် အားနာမိသွားသည်။ ထို့နောက် သူက ချက်ချင်း ပြောလိုက်သည်။
“ကျန်းဟန်... ဒီနေ့မွန်းလွဲပိုင်းကျရင် ငါ့ရုံးခန်းကို လာခဲ့ဦး။ ငါ မင်းကို ပေးစရာတစ်ခုရှိတယ်။ အဲဒါက မင်းအတွက် သေချာပေါက် အထောက်အကူဖြစ်စေလိမ့်မယ်။”
“ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဆရာ ခယ္လုံ။”
ကျန်းဟန်က ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်လက်ခံလိုက်သည်။ ၎င်းသည် ဆရာ ခယ္လုံထံမွ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကြောင်း သူ သိသည်။
စာတော်သော ကျောင်းသားများကို ဆရာမ်ားက ဘာကြောင့် ကောင်းကောင်းမွန်မွန် ဆက်ဆံကြသနည်း။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှု ပုံစံတစ္ခု မဟုတ်ပါလော။ ထိုကျောင်းသား သန်မာလာပြီး မိမိတို့အတွက် ကျော်ကြားမှု သို့မဟုတ် မြင်သာထင်သာရှိသော အကူအညီမ်ား သယ်ဆောင်လာပေးမည့်နေ့ကို သူတို့ မျှော်လင့်ကြခြင်း ဖြစ်သည်။
ကျန်းဟန်တွင် ယခင်က ရင်းနှီးမြှုပ်နှံရန် တန္ဖိုး မရှိခဲ့သော်လည်း ယခုမူ အခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။ ကျောင်းတစ်ခုလုံးက သူ့အပေါ် ပိုမို လိုက်လျောညီထွေရှိလာမည်ဖြစ်ပြီး သူ့အတွက် ခံစားခွင့်များစွာကိုလည်း ဦးဆောင် လျှောက်ထားပေးကြလိမ့်မည်။ ဒါက သန်မာမှုက သယ်ဆောင်လာပေးသည့် အကျိုးကျေးဇူးပင် ဖြစ်သည်။
ဟုတ်ဟုတ်ကမူ သူသည် အလွန်အမင်း လူသိထင်ရှားပြနေသည်ဟု ခံစားရသော်လည်း ကျန်းဟန်ကမူ ယခုအချိန်သည် လူသိထင်ရှားပြရမည့် အချိန်အတိအကျပင် ဖြစ်သည်ဟု ခံစားမိပေသည်။ မိမိ၏ အရည်အချင်းကို ဖုံးကွယ်ထားရန် လိုအပ်သော်လည်း မျက်ကန်းတစ်ဆေလို လုံးလုံးလ်ားလ်ား ဖုံးကြယ္ထား၍မရေပ။ တစ်ခါတရံတွင် မိမိ၏ တန္ဖိုးကို ထုတ်ပြခြင်းကသာ ပိုမိုကြီးမားသော အကျိုးအမြတ်များကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
မိမိ၏ လက်သည်းများနှင့် သြားမ်ားကို ထုတ်ပြမှသာလျှင် အျခားသူမ်ားက သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။
၎င်းသည်မှာ ကျောင်းခြောက်ကျောင်း ပူးပေါင်းစာမေးပွဲ ဖြစ်သော်လည်း မိန့်ခွန်းပြောပွဲ အခမ်းအနား မရွိခဲ့ဘဲ အခြားကျောင်းများမှ ကျောင်းသားများနှင့် ဆရာများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
သို့သော် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် သူတို့၏ အမူအရာမ်ားက သိပ်မကောင်းလှပေ။ အကြောင်းမှာ လူအမ်ား၏ အာရုံစိုက်မှုကို ကျန်းဟန်က လုံးဝ အပိုင်စီးပြီးထားလိုက်သောကြောင့် ဖြစ်သည်။
လူအများအပြားသည် မထြက္ခြာမီ ကျန်းဟန်ရှိနေသည့် အတန်းကို နောက်ထပ် နှစ်ချက်၊ သုံးချက်ခန့် လှည့်ကြည့်သွားကြပြီး သူ့ကို စိတ်ထဲတွင် စွဲထင်သွားကြသည်။
လင်ဝေယွဲ့၊ ချင်းယွမ် နှင့် အခြားသူများသည် ယခုရှုံးနိမ့်မှုမှ ပြန်လည် ရုန်းထွက်ရန် စိတ်ပိုင်းဖြတ်ထားရင်း အံနေကြသည်။ ယခုမွ အောက်တိုဘာလသာ ရှိသေးပြီး နောက်နှစ် ဇွန်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအထိ ရွစ္လတိတိ လိုသေးသည်။ ယခု အချိန်အကန့်အသတ်အတွင်း ဦးဆောင်နေခြင်းသည် နောက်ဆုံးအဆင့်တွင် ဦးဆောင်နိုင်လိမ့်မည်ဟု မဆိုလိုပေ။
တစ်ချိန်တည်းမှာပင် ကန်မြို့ရှိ အခြားသော ကျောင်းတစ်ဒါဇင်ကျော်သည်လည်း ကျန်းဟန်ဟူသော စိမ်းသက်နေသည့် နာမည်အပေါ် ပြင်းထန်သော စိတ်ဝင်စားမှုများ ရှိလာခဲ့သည်။ အထူးသဖြင့် ကန်မြို့ အမှတ် (၁) အထက်တန်းကျောင်းနှင့် ကျန်းနန် အမှတ် (၁) အထက်တန်းကျောင်းကဲ့သို့သော ထိပ်တန်းကျောင်းများမှ ကျောင်းသားများနှင့် ဆရာမ်ားမွာ အနည်းငယ် ဇေဝဇဝါ ဖြစ်နေကြသည်။
ဤအချိန်တွင် ကန်းမြို့ အမှတ် (၁) အထက်တန်းကျောင်းနှင့် ကျန်းနန် အမှတ် (၁) အထက်တန်းကျောင်းမှ ဆရာများသည် ကန်မြို့၏ စာမေးပွဲပူးပေါင်းအဆင့်သတ်မှတ်ချက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။ စိမ်းသက်နေသော လူတစ်ယောက်က သူတို့ကျောင်းနှစ်ကျောင်းကသာ အမြဲတမ်း လက်ဝါးကြီးအုပ်ထားသည့် ထိပ်တန်းဆယ်ယောက်စာရင်းထဲသို့ အမှန်တကယ် ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ရမှတ်မှာလည်း အလွန်မြင့်မားကာ ပထမရရွိသူ ချူးဟုန်ကျိ၏ နောက်တွင် ဆယ်မှတ်ကျော်ခန့်သာ ကွာဟတော့သည်။
အရေးကြီးဆုံးအချက်မှာ ဤကျောင်းသားသည် သားရဲတစ်ကောင်တည်းကိုသာ သုံးပြီး ဤအဆင့်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူသာ သူ၏ အခြားသားရဲတစ်ကောင်ကိုပါ ထုတ်သုံးခဲ့မည်ဆိုပါက မည်သို့ဖြစ်သွားမည်နည်း။
ထိုဆရာမ်ားမွာ မအံ့သြဘဲ မနေနိုင်ကြတော့ပေ။ အဆင့်ကိုး ရရှိထားသော ဤကျောင်းသားသည် အမှန်တကယ်ပင် ခန်းမြို့တွင် ပထမေနရာကို လုယူနိုင်မည့် အလားအလာရှိနေကြောင်း သူတို့ ရှာဖွေတွေ့ရှိသွားကြပြီး ခဏချင်းအတွင်း ကျန်းဟန်၏ သတ်မှတ်ထားသော အခြေအနေအသေးစိတ်အပေါ် ပြင်းထန်သော စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှန်းဟွာ အထက်တန်းကျောင်း၌ အခြားကျောင်းများမှ လူမ်ား ထွက်ခွာသွားပြီးနောက် ကျောင်း၏ ချီးကျူးဂုဏ်ပြုပွဲ အခမ်းအနားကို စတင်လိုက်သည်။ အခမ်းအနားတွင် ကျောင်းအုပ်ကြီးနှင့် အခြားကျောင်းခေါင်းဆောင်ပိုင်း အနည်းငယ်တို့သည် ယခုတစ်ခေါက် ကျောင်းက ရရှိခဲ့သော ရလဒ်များအပေါ် အလွန်ကျေနပ်အားရနေကြပြီး မျက်နှာများတွင် အပြုံးပန်းများ ဝေဆာနေကြသည်။ သူတို့ ပြောဆိုသော စကားလုံးမ်ားထဲမွ ထိုအံ့သြဝမ်းသာမှုနှင့် ပီတိဖြစ်မှုတို့ကို အထင်အရှား မြင်တွေ့နိုင်ပေသည်။
“နောက်ထပ်အနေနဲ့ ငါတို့ကျောင်းရဲ့ ပထမ၊ တစ်ချိန်တည်းမှာပဲ ကန်မြို့တစ်ခုလုံးရဲ့ အဆင့်ကိုး ရရှိထားတဲ့ ကျောင်းသား ကျန်းဟန်ကို ဆုလက်ခံရယူဖို့ စင်မြင့်ပေါ် တက်ရောက်ပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။”
မကြာမီ ဆုပေးပွဲ အခမ်းအနားသို့ ရောက်ရှိလာသည်။ ကြားဖြတ်စာမေးပွဲအတွက် ပေးသောဆုကြေးမှာ သိပ်မများလှပေ။ ပထမဆုမှာ ယွမ်တစ်သောင်းသာ ဖြစ်သဖြင့် သားရဲထိန်းချုပ်သူတစ်ယောက်အတွက်မူ အလွန်နည်းပါးလွန်းလှသည်။ သို့သော် ၎င်းက အထိမ်းအမှတ် အမှတ်အသားတစ်ခု ဖြစ်သည်။ ကျောင်းအနေဖြင့် သင့်အပေါ် ပျိုးထောင်ပံ့ပိုးမှုများကို တိုးမြှင့်ပေးတော့မည်ဖြစ်ပြီး နောက်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းအတွက် ဂုဏ်သတင်း ဆောင်ကြဉ်းပေးမည့်နေ့ကို မျှော်လင့်နေခြင်း ဖြစ်သည်။
“ကျောင်းသား ကျန်းဟန်... မင်း တကယ် တော်တာပဲ။ ခဏနေရင် ငါ့ရုံးခန်းကို လာခဲ့ဦး။ ငါ မင်းနဲ့ ငါကိုယ်တိုင် လူချင်းတွေ့ပြီး စကားပြောရမယ်။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်း ကိုယ်တိုင် ကျန်းဟန်အား ဆုချီးမြှင့်ရန် လျှောက်လာပြီး သူ၏ ပခုံးကို ပုတ္ကာ အလွန်ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။”
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ ကျောင်းအုပ်ကြီး၏ တုံ့ပြန်မှုသည် သူ အတိအကျ မြင်တွေ့ချင်သော အရာပင် ဖြစ်သည်။ သူ ယခုကြားဖြတ်စာမေးပွဲအတွက် ဤမျှ ကြိုးစားခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျောင်း၏ အာရုံစိုက်မှုကို ရရှိရန်အတွက်သာ ဖြစ်သည်။
ယခုကြည့်ရသည်မှာ ရည်မှန်းချက် အောင်မြင်သွားခဲ့ချေပြီ။
ထို့နောက်တွင် ဒုတိယရရှိသူ လျိုတုံး၊ တတိယရရှိသူ ဟုန်ရွှဲ့၊ စတုတ္ထရရှိသူ ကျောက်ယာနီ၊ ပဉ္စမရရှိသူ ဟန်ပေါ်နှင့် အခြားကျောင်းသားများသည်လည်း ဆုများ လက်ခံရယူရန် စင်မြင့်ပေါ်သို့ တက်လာခဲ့ကြသည်။ သူတို့အားလုံးသည် ကျန်းဟန်နှင့် အလွန်စိမ်းသက်ကြသော်လည်း သူတို့အချင်းချင်းကြားတွင်မူ အလွန်ရင်းနှီးကြသည်။
အကြောင်းမှာ သူတို့အားလုံးသည် ကျောင်းတွင် အကောင်းဆုံးအတန်းများ ဖြစ်ကြသည့် အတန်း (၁) နှင့် အတန်း (၂) မှ ကျောင်းသားများ ဖြစ်ကြသောကြောင့်ပင်။
ကျန်းဟန်ကမူ အမြဲတမ်း လူမသိသူမသိ ဖြစ်ခဲ့သည်။ သူ ရရှိခဲ့ဖူးသမျှ တစ်ခုတည်းသော ကျော်ကြားမှုမှာလည်း ကျောက်စိမ်းပိုးကောင် နှင့် စာချုပ်ချုပ်ဆိုမိ၍ လှောင်ပြောင် သရော်မှုများကို ဖိတ်ခေါ်ခဲ့သည့် အချိန်ကသာ ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ သူ့ကို အလေးအနက် မထားခဲ့ကြပေ။ ဤအထူးတန်းများမှ ကျောင်းသားများဆိုလျှင် သာ၍ပင် ဝေးသေးသည်။ သူတို့၏ ရည်မှန်းချက်များသည် အမြဲတမ်း အထူးတန်းများအတွင်း၌သာ ရှိနေခဲ့ပြီး သူတို့မျက်စိထဲတွင် အခြားသူများသည် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိဟု မှတ်ယူထားခဲ့ကြသည်။
သို့သော် ယခု ကျန်းဟန်ကို မြင်လိုက်ရသောအခါ ဤလူများအားလုံး အံ့အားသင့် ဆွံ့အသွားကြရသည်။ အသာစီးရရုံတင်မကဘဲ ပြတ်ပြတ်သားသား သောင်ပြိုကမ်းပြို အောင်ပွဲခံသွားခြင်း ဖြစ်သည်။
ပထမရရှိသူ ကျန်းဟန်၏ ရမှတ်ကဘယ်လောက်လဲ။
၇၈၆ မှတ်။
ဒုတိယရရှိသူ လျိုတုံးကကော...၎င်းသည် ၆၀၁ မှတ်သာ ရှိပြီး ခြောက်ရာမှတ်ကို ကပ်သီးကပ်သတ်သာ အမီလိုက်နိုင်ကာ ကန်မြို့တွင် အဆင့် ငါးထောင်ကျော်၌သာ ရှိသည်။ ကျန်းဟန်နှင့် ကွာဟချက်မှာ ကြီးမားလွန်းလှသဖြင့် သူသည် မနာလိုစိတ်ပင် မမွေးမြူနိုင်တော့ပေ။
အကြောင်းမှာ ကျန်းဟန်၏ ရမှတ်မျိုး ရရှိရန်အတွက် ကံကောင်းမှု သက်သက်ဖြင့် လုံးဝ မဖြစ်နိုင်ကြောင်း သူတို့အားလုံး နားလည်ထားကြသောကြောင့် ဖြစ်သည်။ သူတို့ စိတ်ထဲတွင် လက်မခံချင်ကြသော်လည်း ကျန်းဟန်၏ သန်မာမှုကိုမူ ဝန်ခံကြရုံမှတစ်ပါး အခြားမရှိပေ။
မကြာမီ ကျောင်းတစ်ခုလုံး၏ ထိပ်တန်းကျောင်းသား ဆယ်ယောက်စလုံး စင်မြင့်ပေါ်သို့ တက်ရောက်ကာ ဆုများ လက်ခံရယူပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ သူတို့ စင်ပေါ်မှ ဆင်းလာကြသောအခါ လျိုတံးနှင့် ဟုန်ရွှဲ့တို့က ကျန်းဟန်ကို လှမ်းခေါ်လိုက်ကြ၏။
“ကျောင်းသား ကျန်းဟန်... ခဏလောက် စောင့်ပါဦး။”
“ဘာကိစ္စရှိလို့လဲ။”
ကျန်းဟန်က ခြေလှမ်းရပ်ကာ သူတို့ကို ကြည့်လိုက်သည်။ လျိုတုံးမှာ အရပ် ၁.၉ မီတာခန့် မြင့်ပြီး ကြွက်သားအမြှောင်းမြှောင်းနှင့် သန်မာထွားကျိုင်းသော လူသန်ကြီးတစ်ယောက် ဖြစ်ပြီး ဟုန်ရွှဲ့မှာမူ ဆံပင်နီနီ၊ အသားဖြူဖြူနှင့် လှပချောမောကာ သွယ်လျသော ကိုယ်လုံးကိုယ်ထည် ရှိသည်။ အထူးသဖြင့် သူမ၏ ရှည်လျားလှပသော ခြေတံတစ်စုံမှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။
ထိုနှစ်ယောက်သည် ကျန်းဟန်ကို မိမိကိုယ်မိမိ အရင်မိတ်ဆက်လိုက်ကြပြီးနောက် ဟုန်ရွှဲ့က စတင်၍ မေးမြန်းလိုက်သည်။
“ကျောင်းသား ကျန်းဟန်...နောက်ကျရင် နင် အတန်း (၁) ကို ပြောင်းလာမှာလား။”
လျိုတုံးနှင့် ဟုန်ရွှဲ့တို့ နှစ်ယောက်လုံးမှာ အတန်း (၁) မှ ဖြစ်ကြသည်။ သူတို့သည် ကျန်းဟန် အတန်း (၁) သို့ ရောက်လာမည့်ရက်ကို မျှော်လင့်နေကြ၏။ အကြောင်းမှာ သန်မာသူများနှင့် ထိတွေ့ဆက်ဆံခြင်းက မိမိကိုယ်တိုင်ကိုလည်း ပိုမိုသန်မာလာစေတတ်သောကြောင့် ဖြစ်ပြီး ကျန်းဟန်သည်လည်း အတန်း (၁) သို့ လာလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။
“မပြောင်းဖြစ်လောက်ပါဘူး။ ငါ အတန်း မပြောင်းချင်ဘူး။”
ကျန်းဟန်က ခေါင်းခါပြလိုက်ပြီး သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်နေသော အဖြေတစ်ခုကို ပေးလိုက်သည်။
“အတန်း မပြောင်းဘူး ဟုတ်လား။”
လျိုတုံးနှင့် အခြားသူများ အနည်းငယ် အံ့သြသွားခဲ့ကြသည်။
“ဟုတ်တယ်။ မပြောင်းဘူး။ ဒါပေမဲ့ မင်းတို့မှာ တောလိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီလိုမျိုး အမဲလိုက်လှုပ်ရှားမှုတွေ ရှိရင်တော့ ငါ့ကို လှမ်းခေါ်လို့ရပါတယ်။ ပိုက်ဆံရနိုင်သရွေ့တော့ ငါ တကယ်ပါဝင်ချင်တယ်။”
ကျန်းဟန်က သူတို့ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ သူသည် ပါရမီရှင်တစ်ယောက်၏ မာနမျိုး မရှိဘဲ အလွန်ချဉ်းကပ်ရလွယ်ကူသော ပုံစံမျိုး ရှိနေသည်။
“နင့်ရဲ့ လူမှုကွန်ရက်အကောင့်က ဘာလဲ။ ငါ အပ်ထားလိုက်မယ်။ အဲဒီလိုမျိုး ကိစ္စတွေရှိရင် နင့်ကို အကြောင်းကြားပေးမယ်လေ။”
ဟုန်ရွှဲ့၏ မျက်နှာတွင် အံ့သြရိပ် အနည်းငယ် ထင်ဟပ်သွားပြီး သူမ၏ ဖုန်းကို ထုတ်ကာ ကျန်းဟန်ကို သူငယ်ချင်းအပ်လိုက်သည်။
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး အခြားသူများကိုလည်း သူငယ်ချင်းအဖြစ် အပြန်အလှန် အပ်နှံလိုက်သည်။
အခန်း ၁၁၂
“ကျန်းဟန်... နင် တကယ်ပဲ အတန်းမပြောင်းတော့ဘူးလား။”
လူစုခွဲပြီးနောက် လီဇီဝေက ကျန်းဟန်ကို ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အင်း... မင်းက ငါ အတန်းပြောင်းဖို့ လိုအပ်တယ် ထင်လို့လား။”
ကျန်းဟန်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ။ နင်က ဒီလောက်တောင် စွမ်းဆောင်နိုင်နေပြီပဲ။ ဘယ်အတန်းမှာ စာသင်သင် ဘာမှမထူးခြားတော့ပါဘူး။”
လီဇီဝေက ခေါင်းညိတ်ထောက်ခံပြီး ကျန်းဟန်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။
“နင့်ရဲ့ သွေးအရိပ်ညဇီးကွက်ကိုလည်း ခွန်းရဲ့ အတွင်းကမ္ဘာထဲမှာပဲ ဖမ်းမိခဲ့တာလား။”
မူလက လီဇီဝေသည် ကျန်းဟန် ပထမရသွားပြီးနောက် မိမိတို့ကို ထားခဲ့ကာ ထွက်သွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အသေအချာ အဖြေရသွားပြီဖြစ်၍ သူမ၏ စိတ်နှလုံးသည် ချက်ချင်းပင် အနည်ထိုင် တည်ငြိမ်သွားတော့သည်။ သူမ၏ စိတ်ထဲတွင် ကျန်းဟန်သည် သူမကို မခွဲနိုင် မခွာရက်ဖြစ်နေ၍ ဖြစ်နိုင်သည်ဟူသော အရှက်သည်းဖွယ်ရာ အတွေးပင် ဖျတ်ခနဲ ပေါ်လာမိသေးသည်။
တကယ်တော့ သူမသည် ထိုကဲ့သို့ ရှက်စရာကောင်းသော အတွေးမျိုးကို နှုတ်မှ ထုတ်ပြောမည်မဟုတ်ဘဲ ကျန်းဟန်ကို ကြည့်သည့်အခါတွင်မူ ပိုမိုနူးညံ့သိမ်မွေ့လာခဲ့သည်။
“မဟုတ်ပါဘူး။ ဒါက ငါ လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ကောက်ရထားတဲ့ သားရဲတစ်ကောင်ပါ။ ဆရာ ဝမ်ယိက ဆေးကုသပေးပြီးတဲ့နောက်မှာ အိမ်မှာပဲ မွေးထားခဲ့တာ။”
ကျန်းဟန်က ဟုတ်ဟုတ်၏ နောက်ခံအကြောင်းရင်းကို ဖုံးကွယ်မထားခဲ့ပေ။ အမှန်တော့ ၎င်းကို ခွန်းကြောင့် ရလာသည်ဟု လွှဲချလိုက်လျှင်လည်း ဘာမှမဖြစ်သော်လည်း မလိုအပ်ဘဲ ပြဿနာ ရှာဖွေမိသလို ဖြစ်သွားမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
“အော်... ဒါဆို နင်က တကယ် ကံကောင်းတာပဲ။ သွေးအရိပ်ညဇီးကွက်က အမှောင်ရော သွေးရော... ဂုဏ်သတ္တိ နှစ်မျိုးလုံး ရှိတာဆိုတော့ နှစ်ခုစလုံးက အရမ်း ရှားပါးတယ်။”
လီဇီဝေက ပြုံးကာ ပြောလိုက်သည်။
ကျန်းဟန်သည် ယခင်ကအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေဆဲဖြစ်သဖြင့် သူမသည်လည်း ပွင့်ပွင့်လင်းလင်း စကားပြောနိုင်ခဲ့ပြီး သတိကြီးကြီးမထားတော့ပေ။
“မင်းရဲ့ ကံကလည်း မဆိုးပါဘူး။ မီးနတ်ဘုရားခွေးရဲ့ ဒီတစ်ခေါက် စာမေးပွဲ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းပါတယ်။’’
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ လီဇီဝေ၏ မီးနတ်ဘုရားခွေးသည် စာမေးပွဲမတိုင်မီကတည်းက လက်ရွေးစင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်ကာ စာမေးပွဲအတွင်း၌လည်း စွမ်းဆောင်ရည် အလွန်ကောင်းမွန်ခဲ့သည်။ သူမသည် ၄၇၈ မှတ် ရရှိခဲ့ပြီး သူတို့အတန်းတွင် ဒုတိယ ရရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရလဒ်များသည် အထူးတန်းများမှ ကျောင်းသားအချို့နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ကျန်းဟန်နှင့် နှိုင်းယှဉ်လိုက်လျှင်မူ ထိုမျှလောက်က တောက်ပလွန်းလှသည်ဟု မထင်ရခြင်းသာ ဖြစ်သည်။
ကျန်းဟန်သည် သူမနှင့် အမြဲတမ်း ကောင်းမွန်သော သူငယ်ချင်း ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ လီဇီဝေတွင် ပြင်းထန်သော အလားအလာရှိသည်ဟု သူ ခံစားမိသောကြောင့် ဖြစ်ပြီး အထူးသဖြင့် သူမ၏ စိတ်ရိုင်းဝင်စေခြင်းစွမ်းရည်သည် မီးနတ်ဘုရားခွေးကဲ့သို့ ပေါက်ကွဲအားကောင်းသော သားရဲမျိုးနှင့် အလွန် ကိုက်ညီသောကြောင့်ပင်။
မှန်ပါသည်...။ ကျန်းဟန်အတွက်မူ မိမိအား မည်သည့်အကူအညီမျှ မပေးနိုင်သော လူများနှင့် သူငယ်ချင်းဖြစ်ရန် သူ အချိန်မဖြုန်းနိုင်ပေ။
သူ၏ သူငယ်ချင်းများသည် တစ်ဖက်ဖက်တွင် မိမိနှင့်အတူ တိုးတက်အောင်မြင်နိုင်သူများ ဖြစ်ရမည်။ သို့မဟုတ်ပါက အတွေးအခေါ်ချင်း တူညီသူများ ဖြစ်ရမည်။
ဤအချက်တွင် သူနှင့် အတန်းခေါင်းဆောင်ချန်းလန်တို့သည် တော်တော်လေး တူညီကြ၏။ မိမိကိုယ်ကျိုးကိုသာ အလွန်ကြည့်တတ်ကြသည်။
လီဇီဝေနှင့် လမ်းခွဲပြီးနောက် ကျန်းဟန်သည် ဆရာလီဖုန်းနှင့်အတူ ကျောင်းအုပ်ကြီးရုံးခန်းသို့ လိုက်ပါသွားခဲ့၏။ ဆရာလီဖုန်းသည် ကျန်းဟန် အတန်းမပြောင်းသည့် သတင်းကို သိရှိထားပြီးဖြစ်သဖြင့် အလွန် ဝမ်းမြောက်နေမိသည်။ ကျန်းဟန်သည် သံယောဇဉ်ဟောင်းကို တန်ဖိုးထားတတ်သူတစ်ယောက်ဟု သူ ခံစားလိုက်မိ၏။
လက်တွေ့တွင်မူ ကျန်းဟန်က အတန်းပြောင်းရန် မလိုအပ်ဟု ခံစားရခြင်း ဖြစ်သည်။ အခြေအနေများကို ယခင်အတိုင်း ထားရှိခြင်းက လုံးဝ မဆိုးလှသည့်အပြင် သံယောဇဉ်ဟောင်းကို တန်ဖိုးထားတတ်သော စေတနာကောင်းရှိသူ ပုံရိပ်မျိုးကိုလည်း ပျိုးထောင်တည်ဆောက်နိုင်စေသည်။
ကျန်းဟန်သည် လူ့အဖွဲ့အစည်းအတွင်း၌ မိမိ၏ မရည်ရွယ်ဘဲ လုပ်ဆောင်လိုက်သော လုပ်ရပ်အချို့က မိမိအတွက် ကြီးမားသောအကူအညီများ သယ်ဆောင်လာပေးနိုင်ကြောင်း ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် သူသည် လူအများက သူ့ကို အတိတ်ကို သတိရတတ်ပြီး ကျေးဇူးသိတတ်သူဟု ထင်မြင်လာစေရန် ပြင်ပပင်ကိုယ်စရိုက်တစ်ခုကို တမင်တကာ ပုံဖော်နေခြင်း ဖြစ်သည်။
ဤစရိုက်လက္ခဏာများ မရှိပါက သင်သည် ပါရမီရှင်တစ်ယောက် ဖြစ်နေလျှင်ပင် မည်သူမျှ သင့်အပေါ် ရင်းနှီးမြှုပ်နှံရန် ရဲဝံ့ကြမည်မဟုတ်ပေ။ ဒါက တမင်တကာ ပုံဖော်ထားသော စရိုက်လက္ခဏာများ၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။
ဇာတ်လမ်းဆင်ထားခြင်း သက်သက်ဟုတော့ မဆိုလိုပါချေ။ သာမန်အခြေအနေများအောက်တွင် ကျန်းဟန်သည် သဘာဝအတိုင်း ကျေးဇူးသိတတ်ပြီး သံယောဇဉ်ကြီးသူဖြစ်ကာ မိမိကိုယ်ကို စနစ်တကျ စွန့်လွှတ်အနစ်နာခံနိုင်သူပင် ဖြစ်နိုင်သည်။
သို့သော် ဤအရာအားလုံးသည် မိမိအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည့် အခြေအနေနှင့် မိမိ၏ နောက်ဆုံးပန်းတိုင်များကို မထိခိုက်စေမည့် အချက်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။
မိမိ၏ အန္တိမအကျိုးစီးပွားများနှင့် ပတ်သက်လာပြီဆိုလျှင်မူ ကျန်းဟန်သည် သူတပ်ဆင်ထားသော မျက်နှာဖုံးအောက်တွင် အမှန်တကယ် ပုန်းကွယ်နေသည့်... သူ၏အစစ်အမှန် စရိုက်ဟု ခေါ်ဆိုသော အခြားသူများမသိသေးသည့် သူ၏ ပင်ကိုယ်စရိုက် နောက်တစ်ဖက်ကို ထုတ်ဖော်ပြသလာနိုင်ပေသည်။
“ရောက်ပြီ။ အထဲကို းဝင်သွားလိုက်တော့။”
ကျန်းဟန်ကို ကျောင်းအုပ်ကြီးရုံးခန်း တံခါးဝအထိ လိုက်ပို့ပေးပြီးနောက် ဆရာလီဖုန်းက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို ခေါက်ကာ အထဲသို့ အမြန်လှမ်းဝင်လိုက်သည်။
ရုံးခန်းထဲတွင် လူနှစ်ယောက် ရှိနေ၏။ ကျောင်းအုပ်ကြီးနှင့် ကျောင်းသားရေးရာဌာနမှူးတို့ ဖြစ်သည်။
“ကျန်းဟန်...မင်း ရောက်လာပြီလား။ မင်း ဒီတစ်ခေါက် ကျောင်းရဲ့ စိတ်ဓာတ်ကို တကယ် မြှင့်တင်ပေးလိုက်နိုင်တာပဲ။ ငါတို့ကို ကြီးမားတဲ့ အံ့အားသင့်စရာတစ်ခု ပေးလိုက်တာပဲကွ။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက ကျန်းဟန်ကို ကြည့်ကာ အလွန်ဝမ်းမြောက်ပျော်ရွှင်သော လေသံဖြင့် ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ မင်း ဒီတစ်ခေါက် ငါတို့ကို တကယ်ပဲ အံ့အားသင့်စရာ အကြီးကြီး ပေးလိုက်တာပဲ။”
ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားရေးရာဌာနမှူးက ကျန်းဟန်ကို ကြည့်ပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြောလိုက်သည်။
သူသည် ကျန်းဟန်နှင့် ပတ်သက်ရခြင်းမှာ ယခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ကျန်းဟန်၏ စွမ်းဆောင်ရည်က အကြိမ်တိုင်းတွင် သူ့ကို ပိုမိုအံ့အားသင့်စေခဲ့သည်။
အထူးသဖြင့် ယခုတစ်ခေါက်ဆိုလျှင် သူ့မှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည့်အထိပင်။
“ဒါတွေအားလုံးက ကျောင်းနဲ့ ဆရာတွေရဲ့ ပျိုးထောင်ပေးမှုကြောင့်ပါ။ ကျောင်းရဲ့ လေ့ကျင့်ရေးအခန်းတွေကို နေ့တိုင်း သန်းခေါင်ယံအထိ ဖွင့်ပေးထားတာက ကျွန်တော့်အတွက် တကယ်ကို ကြီးမားတဲ့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။”
ကျန်းဟန်က ခေါင်းညိတ်၍ နှိမ့်ချစွာ ပြောလိုက်သည်။
“ဟားဟား... ကျောင်းသား ကျန်းဟန်က တကယ်ကို ဝီရိယရှိပြီး လူတိုင်း အတုယူထိုက်တဲ့သူပဲ။ ငါကိုယ်တိုင် ဆုံးဖြတ်ပေးမယ်။ ဒီနေ့ကစပြီး ကျောင်းမှာရှိတဲ့ ဘယ်လေ့ကျင့်ရေးအခန်း၊ ဘယ်သားရဲမွေးမြူရေးအခန်းကိုမဆို မင်း ဘာစည်းကမ်းချက်မျှမလိုဘဲ အခမဲ့ စိတ်ကြိုက် သုံးစွဲနိုင်စေရမယ်။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက တဟားဟား ရယ်မောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ကျောင်းသား ကျန်းဟန်... မင်းရဲ့ အခြေအနေကို ငါတို့ အားလုံး သိပြီးပြီ။ ဒီလို ခက်ခဲတဲ့ အခြေအနေတွေကြားထဲကနေ ကျောင်းအတွက် ဂုဏ်ဆောင်နိုင်ဖို့ အရမ်းကြိုးစားအားထုတ်ခဲ့တယ်။ ကျောင်းကို ကိုယ့်အိမ်လို သဘောထားခဲ့တယ်...။ ကျောင်းကလည်း မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။”
“ငါ မင်းအတွက် ကျောင်းသား ထောက်ပံ့ကြေး ယွမ် ငါးသောင်း၊ နိုင်ငံတော် ပညာသင်ဆု ယွမ် တစ်သိန်းနဲ့ ကျောင်းရဲ့ သီးသန့်ပညာသင်ဆု ယွမ် သုံးသိန်းကို လျှောက်ထားပေးပြီးပြီ။ တစ်ချိန်တည်းမှာပဲ ငါတို့ကျောင်း ပိုင်ဆိုင်ထားတဲ့ သားရဲထိန်းချုပ်ခြင်း လျှို့ဝှက်နယ်မြေ အချို့ရဲ့ နေရာတွေနဲ့ အရမ်း ရှားပါးတဲ့ လေ့ကျင့်ရေး အခွင့်အရေးအချို့လည်း ရှိ သေးတယ်။ နောက်တစ်ချိန် သားရဲထိန်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး ဘာမေးခွန်းပဲရှိရှိ ကျောင်းကို အချိန်မရွေး လာခဲ့လို့ ရတယ်။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းမှာ ကျောင်းအုပ်ကြီးပီသပေသည်။ စကားစပြောလိုက်သည်နှင့် ထောက်ပံ့ကြေးများစွာကို ချက်ချင်း ကမ်းလှမ်းလာခဲ့သည်။ အထူးသဖြင့် ကျောင်း၏ သီးသန့်ပညာသင်ဆုဆိုသည်မှာ ကျောင်းက အထူးပျိုးထောင်ပေးလိုသော ကျောင်းသားများအတွက်သာ အမြဲတမ်း ချန်လှပ်ထားလေ့ရှိသော ဆုမျိုး ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ကျောင်းက ကျွန်တော့်အပေါ် အရမ်းကောင်းလွန်းပါတယ်။ ကျောင်းရဲ့ ကျေးဇူးကို ဆပ်နိုင်ဖို့ ကျွန်တော် သေချာပေါက် ကြိုးစား သင်ယူပါ့မယ်။”
ကျန်းဟန်က ထိုဂရုဏာတရားအပေါ် အလွန်ဝမ်းသာပီတိဖြစ်သွားသည့် ပုံစံမျိုးဖြင့် ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
လက်တွေ့တွင်မူ သူ၏ စိတ်ထဲ၌ လှောင်ပြောင်နေမိသည်။ ယခင်က သူသည် ကျောက်စိမ်းပိုးကောင်ကို ထိန်းချုပ်ထားသည့် သာမန် သားရဲထိန်းချုပ်သူတစ်ယောက်မျှသာ ဖြစ်နေစဉ်က ကျောင်းသည် သူ့ကို မည်သည့်အကူအညီမျှ လုံးဝ မပေးခဲ့ဖူးချေ။
ထို့နောက်တွင် ကျောင်းတွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့သော အတန်းဖော်နှစ်ယောက်ကို ကျောင်း၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး တိုင်ကြားခြင်းမပြုရန်ပင် သူ့ကို ဖိအားပေး တောင်းဆိုခဲ့ကြသေးသည်။
သို့သော် ယခုအခါ သူ၏ တန်ဖိုးကို ထုတ်ပြနိုင်လိုက်သည်နှင့် ချက်ချင်းပင် သူ့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားကြပြီး အလွန် ကြင်နာတတ်သော ပုံစံမျိုး ဖမ်းနေကြပြန်သည်။
သို့သော် သူ ဂရုမစိုက်ချေ။ ၎င်းက သူ ကျောင်းထံမှ ထောက်ပံ့ကြေးအမျိုးမျိုး ရရှိရန်အတွက် တမင်တကာ ပုံဖော်ဖန်တီးခဲ့သည့် အကွက်တစ်ခုသာ ဖြစ်သည်။ နှစ်ဦးနှစ်ဖက်စလုံးက အပြန်အလှန် အသုံးချနေကြခြင်းမျှသာ။
“ကျန်းဟန်... မင်းရဲ့ လက်ရှိ သတ်မှတ်ထားတဲ့ အခြေအနေတွေကို ငါတို့ကို ပြောပြပါဦး။ မင်းရဲ့ သားရဲတွေကို မှတ်ပုံမတင်ရသေးတော့ ငါတို့လည်း သိပ်ပြီး အသေအချာ မသိရသေးဘူး ဖြစ်နေတယ်။”
ထိုအချိန်တွင် ကျောင်းသားရေးရာဌာနမှူးက ဝင်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ ကျောင်းအတွက် ဂုဏ်ဆောင်ပေးနိုင်ရန် သူ့ကို ပျိုးထောင်ပေးရကျိုး နပ်၊ မနပ်ကို ဆုံးဖြတ်ရန် သူ၏ အလားအလာကို သူတို့ ဆန်းစစ်နေကြခြင်းဖြစ်ကြောင်း သူ သိသည်။
ဘာပဲဖြစ်ဖြစ် ထိုအရာက စာမေးပွဲတစ်ခုသာ ဖြစ်သည်။ အကယ်၍ ကျန်းဟန်၏ သားရဲများက အလားအလာ မရှိပါက သူ့အပေါ် အရင်းအမြစ်များစွာ သွန်းလောင်းလိုက်ခြင်းက ဖြုန်းတီးမှုတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
“ကျွန်တော့်ရဲ့ ပထမဆုံး သားရဲဖြစ်တဲ့ လျှပ်စီးပိုးကောင်က လက်ရှိမှာ လက်ရွေးစင်အဆင့် အလယ်အလတ်အဆင့်ကို ရောက်နေပါပြီ။ သူက ထူးခြားချက်နှစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခုက လျှပ်စီးအားဖြည့်ခြင်းလို့ ခေါ်ပြီး နောက်တစ်ခုကတော့ လျှပ်စီးထုံကျဉ်စေခြင်းပါ။ လျှပ်စီးအားဖြည့်ခြင်းရဲ့ အာနိသင်က လျှပ်စီးတိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိစေရုံတင်မကဘဲ လျှပ်စီးစွမ်းအင်တွေကို စုပ်ယူပြီး မိမိကိုယ်တိုင်အတွက် ပြန်သုံးလို့ရပါတယ်...။”
“ကျွန်တော့်ရဲ့ ဒုတိယ သားရဲကတော့ သွေးအရိပ်ဇီးကွက်ဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်ကတော့ သွေးနတ်ဆိုး ဖြစ်ပါတယ်...”
“ဒါ့အပြင် ဆရာမ ဝမ်ယိက ကျွန်တော့်ကို စိတ်စွမ်းအားကျင့်စဉ်ကို သင်ကြားပေးခဲ့ပြီး သားရဲတွေအတွက် ကိုက်ညီမယ့် မွေးမြူရေးစီမံကိန်းကို စိတ်ကြိုက်ရေးဆွဲနိုင်ဖို့ စီနီယာ မွေးမြူရေးပညာရှင်တစ်ယောက်ဆီကိုလည်း လိုက်ပို့ပေးခဲ့ပါတယ်။”
ကျန်းဟန်သည် သူ၏ သားရဲအချက်အလက်အားလုံးကို တင်ပြလိုက်သည်။ ကျောင်းအုပ်ကြီးနှင့် ကျောင်းသားရေးရာဌာနမှူးတို့၏ မျက်နှာအမူအရာများ ပြောင်းလဲခြင်းမရှိသော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ အံ့သြတုန်လှုပ်သွားသည့် အရိပ်အယောင်များမှာမူ မဖုံးကွယ်နိုင်ဘဲ ပေါ်ထွက်လာခဲ့သည်။
ကျန်းဟန်၏ သားရဲများ၏ အရည်အသွေးက ထူးကဲရုံတင်မကဘဲ ၎င်းတို့၏ ထူးခြားချက်များကလည်း အလွန် အစွမ်းထက်လှသည်။ အထူးသဖြင့် သူသည် ဆရာမဝမ်ယိ၏ စိတ်စွမ်းအားကျင့်စဉ်ကို တိုက်ရိုက် အမွေဆက်ခံခွင့် ရရှိထားသည်ဟူသော အချက်က ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်း၏ မျက်စိထဲတွင် ကျန်းဟန်၏ အဆင့်အတန်းကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ဆွဲတင်ပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။
အထူးသဖြင့် ဆရာမ ဝမ်ယိတည်ရှိနေခြင်းကြောင့် ကျန်းဟန်တွင် နောက်ခံအင်အား မရှိသည်မဟုတ်ကြောင်း သူ နားလည်သွားပြီး ဆရာမ ဝမ်ယိ၏ နောက်ခံအသိုင်းအဝိုင်းကို သူ မပြစ်မှားရဲသဖြင့် သူ၏ သဘောထားမှာလည်း အနည်းငယ် ပိုမိုရိုသေသတိထားရမည့် ပုံစံသို့ ပြောင်းလဲသွားခဲ့တော့သည်။