← Chapters

အခန်း ၂၄၄

Vol. 21 Ch. 244

အခန်း ၂၄၄

Vol. 21 Ch. 244

အခန်း (၂၄၄) ဆယ့်ရှစ်ထပ်မြောက်၌ ရုတ်တရက် တိုက်ခိုက်လာသော ဖာထျန်း

မိုဝန်ထျန်းက ဆယ့်ခြောက်ထပ်မြောက်တွင် ဖာထျန်းကို မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချွင်းချက်မရှိ မိုဝန်ထျန်း၏ ခန္ဓာကိုယ်မှ အံ့မခန်း စွမ်းအားလှိုင်းများ ရုတ်ခြည်း ထွက်ပေါ်လာ၏။

သူ၏မျက်လုံးများက အေးစက်နေပြီး အမူအရာက တည်ကြည်လေးနက်ကာ သတိဝီရိယ ရှိနေသည်။

မည်သို့ပင်ဖြစ်စေ သူက ဖာထျန်းနှင့် တိုက်ခိုက်ဖူးသည်။

ဖာထျန်း၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်ကို သူ မြင်တွေ့ခဲ့ဖူး၏။ ပြီးခဲ့သည့်အကြိမ်က အစ်ကိုကျန်းသာ သူ့ကို မကယ်တင်ခဲ့လျှင် ဖုန်ထျန်းမြို့တွင် သူ သေဆုံးသွားခဲ့ပြီမှာ သေချာလှသည်။

ယခုအခါ။

စမ်းသပ်ချက်မျှော်စင်၏ ဆယ့်ခြောက်ထပ်မြောက်တွင် ဖာထျန်းကို သူ မြင်တွေ့လိုက်ရ၏။

ဤသည်က မိုဝန်ထျန်းကို အံ့အားသင့်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းက သူ့ကို ပေါ့ဆရဲခြင်း မရှိအောင်လည်း ပြုလုပ်လိုက်၏။

ဖာထျန်းအတွက်မူကား။

သူကလည်း အံ့အားသင့်သွားသည့်ပုံ ပေါက်နေသည်။

ဤနေရာတွင် မိုဝန်ထျန်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

“မင်း ဆယ့်ခြောက်ထပ်မြောက်ကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”

ဖာထျန်းက ပြောလိုက်၏။

ဤအင်မော်တယ်နယ်မြေမှ ပါရမီရှင်များ အားလုံးက ဆယ့်ခြောက်ထပ်မြောက်တွင် ရှိနေကြသည်ကို သိထားရမည်။ အဆင့်မတက်မီ ဆယ့်ခုနစ်ထပ်မြောက်သို့သွားရန် အချိန်များစွာ ယူရပေလိမ့်မည်။

ဤမိုဝန်ထျန်းက ဆယ့်ခြောက်ထပ်မြောက်သို့ပင် ရောက်ရှိလာခဲ့၏။

ရိုးရိုးသားသား ပြောရလျှင် ဖာထျန်းက ယခု မိုဝန်ထျန်းကို မြင်သောအခါ။

များစွာပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။

၎င်းက အစစ်အမှန် နဂါးတစ်ကောင်နှင့် အင်မော်တယ် စပါးအုံးမြွေတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ အန္တရာယ်ရှိသည့် ခံစားချက်မျိုးကို သူ့အား ပေးစွမ်းနေ၏။

သူက မျက်မှောင်ကြုတ်လိုက်သည်။

မိုဝန်ထျန်းက သရော်ပြုံး ပြုံးလိုက်၏။

“မင်းတောင် ဆယ့်ခြောက်ထပ်မြောက်ကို ရောက်နေပြီပဲ... ငါက ဘာလို့ မလာနိုင်ရမှာလဲ...”

ဖာထျန်း၏ မျက်လုံးများကလည်း အေးစက်သွားသည်။

သူ့ချီအရှိန်အဝါက အလွန် အားကောင်းနေသော်လည်း ၎င်းက မိုဝန်ထျန်းနှင့် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာတို့ကို အံ့အားသင့်သွားစေခဲ့၏။

ဖာထျန်းက မိုဝန်ထျန်းကို ဘာမှမလုပ်ခဲ့ပေ။

အကယ်၍ အခြားအချိန်တွင်သာဆိုပါက။

ဤအခိုက်အတန့်တွင် ဖာထျန်းက မိုဝန်ထျန်းကို သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်၏။

“အခု မင်းကို သတ်ပစ်ချင်နေပေမဲ့ အခြားအင်မော်တယ်နယ်မြေက ပါရမီရှင်တွေနဲ့ ငါ သဘောတူညီမှု လုပ်ထားတာရှိတယ်... ဒါကြောင့် မင်းကို ခဏလောက် အသက်ရှင်ခွင့် ပေးထားလိုက်မယ်... ဆယ့်ရှစ်ထပ်မြောက်မှာ မင်းကို ငါ စောင့်နေမယ်... အဲဒီကျရင် သေခြင်းရှင်ခြင်း အဆုံးအဖြတ် ပေးကြတာပေါ့...”

“အဲ့အချိန်ကျရင် စမ်းသပ်ချက်မျှော်စင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်တဲ့သူက စမ်းသပ်ချက်မျှော်စင်ကို ပထမဆုံး ကျော်ဖြတ်နိုင်တဲ့သူ ဖြစ်လိမ့်မယ်...”

ဖာထျန်းက အေးစက်စက် ပြောဆိုပြီးနောက်။

ထွက်သွားတော့၏။

မိုဝန်ထျန်းက ဖာထျန်း ထွက်သွားသည်ကို ကြည့်နေသော်လည်း သူ့ကို တားဆီးခဲ့ခြင်း မရှိချေ။

သူ့မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လက်သွားသည်။

ဖာထျန်းထံမှ။

သတင်းအချက်အလက်များစွာကို သူ ရရှိလိုက်၏။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အခြား အင်မော်တယ်နယ်မြေမှ ပါရမီရှင်များကလည်း ဆယ့်ခြောက်ထပ်မြောက် ဝန်းကျင်တွင် ရှိနေသင့်ပေသည်။

ထို့ပြင် ဖာထျန်းက ဆယ့်ရှစ်ထပ်မြောက်တွင် သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဆင်နွှဲရန် အခြားအင်မော်တယ်နယ်မြေမှ ပါရမီရှင်များနှင့် သဘောတူညီမှု ရယူထားပြီး ဖြစ်၏။

သို့ဆိုလျှင် ယခုအခါ သူက ဆယ့်ခြောက်ထပ်မြောက်တွင်ရှိနေပြီး ဆယ့်ရှစ်ထပ်မြောက်နှင့် နှစ်ထပ်သာ ကွာဝေးတော့သည်။

ထိုကောင်းကင်ဘုံ ပါရမီရှင်များနှင့် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုလည်း ရှိနေ၏။

အသိစိတ်ပင်လယ်အတွင်း၌ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယက သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

“တကယ်ပဲ... မင်းက အင်မော်တယ်နယ်မြေက ပါရမီရှင်တွေကို မီအောင် လိုက်နိုင်သေးတာပဲ... စမ်းသပ်ချက်မျှော်စင်ရဲ့ ဆယ့်ရှစ်ထပ်မြောက်မှာတော့ မင်းရဲ့ ကိုယ်ပိုင် စွမ်းရည်ပေါ်မှာပဲ မူတည်တော့တယ်...”

ယခုအခါ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယက မိုဝန်ထျန်းကို သင်ပေးသင့်သည်များ အားလုံးနီးပါး သင်ပေးခဲ့ပြီး ဖြစ်၏။

ယခုအချိန်တွင် မိုဝန်ထျန်းက သူ့ကိုယ်သူသာ အားကိုးရတော့မည်ဖြစ်သည်။

… …

သက်ရှည်ကျောင်းတော်။

ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင်အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို စောင့်ကြည့်ရင်း နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ ခပ်ဟဟ ပြုံးလိုက်၏။

“အဆုံးအဖြတ် တိုက်ပွဲတစ်ခုရှိနေမှတော့ မင်းတို့အတွက် ငါ ပြင်ဆင်ပေးရတာပေါ့...”

သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိလာခဲ့သည်။

ဆယ့်ရှစ်ထပ်မြောက်တွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကျယ်ဝန်းလှပြီး သခင်အဆင့် နတ်ဆိုးများဖြင့် ပြည့်နှက်နေ၏။ ပထမတစ်ချက် ကြည့်လိုက်သည်နှင့် နတ်ဆိုး သမုဒ္ဒရာကြီးတစ်ခုနှင့် ပိုတူနေပြီး တုန်လှုပ်ဖွယ် ကောင်းလှသည်။

ဆယ့်ရှစ်ထပ်မြောက်ကို ကျော်ဖြတ်နိုင်ရန်အတွက် ချမ်ချန်ကန်းက ၎င်းတို့၏ အဆင့်ကို ဆယ့်ရှစ်အဆင့်သို့ သတ်မှတ်ထားပြီး ၎င်းတို့က ပြိုင်ဘက်ကင်းနယ်မြေကို ဖြတ်သန်းကာ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံမှုအခြေခံကို ပေးအပ်မည် ဖြစ်သည်။

ဤသခင်အဆင့် နတ်ဆိုးများအတွက်မူကား ၎င်းတို့ တစ်ကောင်ချင်းစီတိုင်းတွင် အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံမှုအခြေခံများ ရှိကြပြီး နတ်ဆိုးတိုင်း၏ တိုက်ခိုက်ရေးစွမ်းရည်က အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။

နတ်ဆိုးသမုဒ္ဒရာကြီးကို ဖြတ်သန်းသွားပါက အနက်ရှိုင်းဆုံးအပိုင်းတွင် တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဝင်ပေါက်တစ်ခု ရှိနေမည် ဖြစ်သည်။

ဤနတ်ဆိုး သမုဒ္ဒရာကြီးကို ဖြတ်သန်း၍ ထိုဝင်ပေါက်ဆီသို့ ရောက်ရှိနိုင်သရွေ့ စမ်းသပ်ချက်မျှော်စင်တစ်ခုလုံးကို အမှန်တကယ် ကျော်ဖြတ်နိုင်မည် ဖြစ်၏။

ရိုးရိုးသားသား ပြောရလျှင် ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်များ အတွက်ပင်။

ဤဆယ့်ရှစ်ထပ်မြောက်က သူတို့ ကျော်ဖြတ်ရန် အလွန် ခက်ခဲလှသည်။

၎င်းက အလွန်ခက်ခဲလှပြီး လူတစ်ယောက်တည်းက အဆင့်ကျော်ဖြတ်ရန် တွေးတောဖို့ပင် မဖြစ်နိုင်လောက်အောင် ရှိနေ၏။

သို့သော်လည်း ချမ်ချန်ကန်းက ဆယ့်ရှစ်ထပ်မြောက်ရှိ အင်မော်တယ်နယ်မြေမှ ပါရမီရှင်များကို အဆင့်ကျော်ဖြတ်ရာတွင် များစွာ အထောက်အကူ ဖြစ်စေမည့်အရာ တစ်ခုကိုလည်း ပေးအပ်ထားသည်။

အသက်ဆယ့်ရှစ်ချောင်းဖြစ်၏။

မဟုတ်ပေ။

ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်လာသော အင်မော်တယ်နယ်မြေမှ ပါရမီရှင်တိုင်းက အသက်ဆယ့်ရှစ်ချောင်း ရရှိကြမည် ဖြစ်သည်။

အကယ်၍ ဆယ့်ရှစ်ကြိမ် သေဆုံးသွားပြီးသည့်တိုင် အဆင့်မကျော်ဖြတ်နိုင်သေးပါက။

ချမ်ချန်ကန်း၏ တပည့်ဖြစ်ရန် အရည်အချင်း မပြည့်မီခဲ့ခြင်းမှာ နှမြောစရာပင် ဖြစ်တော့မည်။

ထို့နောက် ချမ်ချန်ကန်းက အခြားသော ပြင်ဆင်မှုများကို စတင် ပြုလုပ်လေတော့၏။

သဘာဝကျစွာပင် ၎င်းက သူတို့အကြား သဘောတူထားသော အဆုံးအဖြတ် တိုက်ပွဲအတွက် ဖြစ်သည်။

ချမ်ချန်ကန်း၏ အတွေးများအရ။

ဆယ့်ရှစ်ထပ်မြောက်ကို ပြန်လည်စီစဉ်ရန်မှာ သူ့အတွက် ခက်ခဲလှသည် မဟုတ်ချေ။

တစ်နာရီမျှ အချိန်အတွင်းမှာပင် ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင်၏ ဆယ့်ရှစ်ထပ်မြောက်ကို ပြန်လည် စီစဉ်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။

ထို့နောက် ချမ်ချန်ကန်းက ဆယ့်ရှစ်ထပ်မြောက်မှ ထွက်မသွားဘဲ ဤအထပ်သို့ ကျင့်ကြံသူများ ရောက်ရှိလာမည့်အချိန်ကို ဤနေရာမှပင် စောင့်ဆိုင်းနေလိုက်သည်။

ဆယ့်ခြောက်ထပ်မြောက်မှ ဆယ့်ရှစ်ထပ်မြောက်သို့ ကျော်ဖြတ်လာခြင်းက။

ချမ်ချန်ကန်းကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခဲ့ခြင်း မရှိပေ။

ပထမဆုံး ရောက်လာသူမှာ ဖာထျန်းဖြစ်၏။

ဖာထျန်းက နတ်ဘုရားနှင့် နတ်ဆိုးအာဏာရှင်ခန္ဓာကို တပ်ဆင်ထားပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းရည်များရှိကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေပြီး မီးဖိုကြီးတစ်ခုကဲ့သို့ အဆုံးအစမဲ့သော စွမ်းအားများကို ထုတ်လွှတ်နေသည်။

သူက တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိလာ၏။

သူ၏ရှေ့တွင် မကြီးမားလှသော ရင်ပြင်တစ်ခုရှိနေပြီး ယခုအခါ ထိုရင်ပြင်၏ အလယ်ဗဟိုတွင် လူတစ်ယောက် မတ်တပ်ရပ်နေ၏။

တစ်ချိန်တည်းမှာပင်။

ဖာထျန်းက သူ၏ ခန္ဓာကိုယ်ထဲရှိ အတားအဆီးများ အပြည့်အဝ လွတ်မြောက်သွားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်များက အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝ ပြန်လည်ရောက်ရှိသွားကြောင်း ခံစားလိုက်ရသည်။

ဤမျှသာမကသေး။

ကိုယ်ပိုင်လျှို့ဝှက်ရတနာများကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်၏။

ဖာထျန်းက ရင်ပြင်၏ အလယ်ဗဟိုတွင် ထိုင်နေသော အမျိုးသားကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင် တောက်ပလိုက်၊ မှိန်ဖျော့လိုက်ဖြစ်နေသော အလင်းရောင်များ လက်သွားပြီး သူ့လက်ထဲတွင် ရွှေရောင် အင်မော်တယ်ဓားတစ်လက် ထွက်ပေါ်လာသည်။

ထိုနောက် ချက်ချင်းပင် သူက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တဟုန်ထိုး ပြေးထွက်သွား၏။

ရွှေရောင်အင်မော်တယ်ဓားက ဓားတစ်ချက်တည်းဖြင့် ကမ္ဘာကြီးကို ဆွဲဖြဲပစ်နိုင်သည့်အလား အဆုံးအစမဲ့သော အလင်းရောင်များကို ထုတ်လွှတ်နေပြီး မျက်စိကျိန်းမတတ် တောက်ပနေသည်။

ဟင်းလင်းပြင်နှင့်အတူ အရာအားလုံးက တုန်ခါနေ၏။

သူက ရင်ပြင်အလယ်ဗဟိုရှိ အမျိုးသားကို သူ၏ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

သို့သော်လည်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်နောက်ပစ်ကာ အမူအရာ ကင်းမဲ့နေသော ထိုအမျိုးသားက ချမ်ချန်ကန်း ဖြစ်နေကြောင်း သူ တွေ့လိုက်ရ၏။

သူက ထိုနေရာတွင် မလှုပ်မယှက် မတ်တပ်ရပ်နေပြီး ဖာထျန်း တိုက်ခိုက်လာသည်ကိုသာ ကြည့်နေသည်။

စမ်းသပ်ချက်မျှော်စင် အပြင်ဘက်၌။

အလင်းကာကွယ်လွှာမှတဆင့် မရေမတွက်နိုင်သော ကျင့်ကြံသူများက စောင့်ကြည့်နေကြ၏။

သူတို့က ပထမဆုံး အဆင့်တက်လာပြီး ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိလာသော ဖာထျန်းကို မြင်တွေ့လိုက်ရသည်။

ဆယ့်ရှစ်ထပ်မြောက်ရှိ ချမ်ချန်ကန်းကိုလည်း မြင်တွေ့လိုက်ရ၏။

ချမ်ချန်ကန်းကို မြင်တွေ့လိုက်ရသောအခါ သူတို့ ချက်ချင်းပင် စတင် ပြောဆိုကြတော့သည်။

“ဆရာသခင်ပဲ...”

“ဆရာသခင်က စမ်းသပ်ချက်မျှော်စင်ရဲ့ ဆယ့်ရှစ်ထပ်မြောက်မှာ တကယ်ကြီး နေနေတာပဲ... သူ့မှာ ဘာအစီအစဉ်တွေ ရှိနေလို့လဲ...”

ရုတ်တရက် တစ်စုံတစ်ယောက်က လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဖာထျန်း၏ လက်ထဲတွင် ရွှေရောင် အင်မော်တယ်ဓား တစ်လက် ရှိနေသည်ကို သူတို့ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ဤမျှသာမကသေး။

ဤအခိုက်အတန့်တွင် သူက တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး ချမ်ချန်ကန်းကို တကယ်ကြီး သတ်ဖြတ်ရန် တိုက်ခိုက်လိုက်ပြီ ဖြစ်၏။

ဤသည်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

မယုံနိုင်စရာများဖြင့် ပြည့်နှက်သွား၏။

“ခွေးချီးပဲ... ဒီကောင် ရူးနေတာလား... အဲဒါ ဆရာသခင်လေ... သူက ဆရာသခင်ကို တကယ်ကြီး တိုက်ခိုက်ရဲတာပဲ...”

“သူက သေချင်နေတာလား...”

“ဒီလူသတ်သမားက သိပ်ကို မောက်မာလွန်းတယ်...”

“ဒါက ဆရာသခင်အပေါ် ရိုသေလေးစားမှု မရှိတာပဲ... ဆရာသခင်ကို တိုက်ခိုက်ရဲတယ်ဆိုတော့ကာ ဒါက ရိုးရိုးလေး သေလမ်းရှာနေတာပဲ...”

… …

စကားပြောနေကြစဉ်မှာပင်။

ဖာထျန်းက ချမ်ချန်ကန်း၏ ရှေ့သို့ တဟုန်ထိုး ရောက်ရှိနေပြီ ဖြစ်၏။

ရွှေရောင်အင်မော်တယ်ဓားကို မြှောက်၍ ခုတ်ပိုင်းချလိုက်သည်။

သူက သူ၏ ခွန်အား အားလုံးကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး နတ်ဘုရားနှင့် နတ်ဆိုးအာဏာရှင်ခန္ဓာ၏ စွမ်းအားများ အပြည့်အဝ ထွက်ပေါ်လာ၏။

ဤဓားချက်က ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

အရာအားလုံးကို သတ်ဖြတ်ပစ်နိုင်မည့် အလားပင်။

သို့သော်လည်း ချမ်ချန်ကန်းက ၎င်းကို အမူအရာ ကင်းမဲ့စွာဖြင့်သာ ရင်ဆိုင်နေဆဲ ဖြစ်ပြီး သူ၏ မျက်နှာအမူအရာက အစမှအဆုံးတိုင်အောင် ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။

ရွှေရောင်အင်မော်တယ်ဓားက ခုတ်ပိုင်းချလာသော်လည်း ရုတ်တရက် ရပ်တန့်သွားပြီး ချမ်ချန်ကန်း၏ ရှေ့တွင် ရပ်တန့်နေ၏။

ခက်ထန်ကြမ်းကြုတ်လှသော ဓားချက်က အလဟဿ ဖြစ်သွား၏။

ထိုဖာထျန်းက မည်မျှပင် အစွမ်းထက်သည့် ခွန်အားများ ပေါက်ကွဲထုတ်လွှတ်စေကာမူ ရွှေရောင်အင်မော်တယ်ဓားက ရှေ့သို့ တိုးဝင်ရန် အမြဲတမ်း ခက်ခဲနေလိမ့်မည် ဖြစ်သည်။

ဖာထျန်း၏ မျက်လုံးအိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားပြီး မယုံကြည်နိုင် ဖြစ်သွား၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

All Chapters