← Chapters

အခန်း ၂၄၅

Vol. 21 Ch. 245

အခန်း ၂၄၅

Vol. 21 Ch. 245

အခန်း (၂၄၅) အုပ်စုခွဲခြင်း၊ တစ်ယောက်ချင်း အဆုံးအဖြတ်တိုက်ပွဲ

“မင်းက ငါ့ကို သတ်ချင်နေတာလား...”

ချမ်ချန်ကန်းက သူ၏ရှေ့ရှိ ဖာထျန်းကို ကြည့်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ဤအခိုက်အတန့်တွင် ဖာထျန်းမှာ တစ်ခွန်းမျှပင် မဟနိုင်တော့ဘဲ တိတ်ဆိတ်သွားသည်။

ဤလူက ကျူးရှိူ့တိုက်ကြီးတွင် နာမည်ကျော်ကြားသော ချမ်ချန်ကန်း ပီသပါပေသည်။ သူ၏ ခွန်အားက ခန့်မှန်းရခက်လွန်းလှ၏။

သူက သူ၏ ခွန်အား အားလုံးကို ပေါက်ကွဲထုတ်လွှတ်လိုက်မည် ဆိုလျှင်တောင်မှ ချမ်ချန်ကန်းကို အနည်းငယ်မျှပင် တုန်လှုပ်သွားစေရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ချမ်ချန်ကန်း၏ မျက်လုံးများက ပွင့်လာပြီးနောက် ပြန်ပိတ်သွား၏။

အဆုံးအစမဲ့သော စွမ်းအားများက တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်လာသည်။

“ဂျွတ် ဂျွတ် ဂျွတ်…”

ဖာထျန်း၏ လက်ထဲရှိ ရွှေရောင် အင်မော်တယ်ဓားမှာ တစ်မုဟုတ်ချင်းပင် ရေတွက်၍ မရနိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲသွားလေသည်။

ဖာထျန်း၏ အမူအရာက ထိတ်လန့်သွား၏။

၎င်းက အင်မော်တယ်လက်နက်တစ်ခု ဖြစ်သော်ငြားလည်း ဤကဲ့သို့ လွယ်လွယ်ကူကူ ဖျက်ဆီးခံလိုက်ရသည်။

ချမ်ချန်ကန်း မည်သို့ လုပ်ဆောင်လိုက်သည်ကိုပင် သူ မသိခဲ့ချေ။

သူ နောက်သို့ ဆုတ်လိုက်၏။

၎င်းက ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမဲ့သော စွမ်းအားများ ဖြစ်နေဆဲဖြစ်ကာ ကောင်းကင်ယံ တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။

သေခြင်းတရား၏ ချီအရှိန်အဝါများ။

ဖောင်းခနဲ အသံတစ်သံ ထွက်ပေါ်လာ၏။

ဖာထျန်း၏ ခန္ဓာကိုယ်က လေဖောင်းတစ်ခုကဲ့သို့ တိုက်ရိုက် ပေါက်ကွဲသွားပြီး သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။

စမ်းသပ်ချက်မျှော်စင် အပြင်ဘက်၌ ကျင့်ကြံသူတစ်စုက စောင့်ကြည့်နေကြ၏။

သူတို့က ဖာထျန်း သေဆုံးသွားသည်ကို မြင်သောအခါ လက်ခုပ်တီး၍ အားပေးလိုက်ကြသည်။

“ဒီလူက သိပ်ရဲတင်းလွန်းတယ်... ဆရာသခင်ကိုတောင် ရန်စရဲတယ်ဆိုတော့ သူ ဒီလိုခံရတာ တန်ပါတယ်...”

“ဟုတ်တယ်... ဆရာသခင်က ပြိုင်ဘက်ကင်းတဲ့ ဆရာကြီးလေ... မင်းလို အင်မော်တယ်နယ်မြေက ပါရမီရှင် သေးသေးလေးတစ်ယောက်က ဆရာသခင်ကို တိုက်ခိုက်ရဲတယ် ဆိုတော့ကာ ရိုးရိုးလေး သေလမ်းရှာနေတာပဲ...”

“ကိုယ့်ကိုယ်ကိုယ် အရင် မှန်ပြန်ကြည့်စမ်းပါဦး... ဆရာသခင်ဆိုတာ လက်တစ်ဖက်တည်းနဲ့ အင်မော်တယ်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့သူမျိုးပါ... မင်းလိုကောင်ကများ...”

…

ရင်ပြင်ထဲတွင် ချမ်ချန်ကန်းက သူ၏ ရှေ့၌ သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားသော ဖာထျန်းကို ကြည့်လိုက်၏။

သူ၏ စိတ်ကူးတစ်ခုနှင့်အတူ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို အသုံးပြုလိုက်သည်။

မကြာမီမှာပင် သေဆုံးသွားသော ဖာထျန်းက အသက်ပြန်ရှင်လာပြီး ပြန်လည် ထမြောက်လာ၏။

သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်ရှိနေသည်။

*ငါ သေသွားပြီ မဟုတ်ဘူးလား။

ဘာလို့ ရုတ်တရက်ကြီး ပြန်ရှင်လာရတာလဲ*

သူ ချမ်ချန်ကန်းကို ကြည့်လိုက်ပြီး ချမ်ချန်ကန်းမှာ ခန့်မှန်းရခက်လွန်းလှကြောင်း ပို၍ပို၍ ခံစားလာရသည်။

“ငါ မင်းရဲ့ အသက်ကို လောလောဆယ် ချန်ထားပေးမယ်... မင်း အသက်ရှင်နိုင်မရှင်နိုင်ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်...”

ချမ်ချန်ကန်းက ပြောလိုက်၏။

သူက ဖာထျန်းကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ဘဲ ဖာထျန်းမှာ အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ဖာထျန်း၏ မျက်နှာက ပျက်ယွင်းနေ၏။

သူ့အသက်က ချမ်ချန်ကန်း၏ လက်ထဲတွင် အပြည့်အဝ ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။

ချမ်ချန်ကန်းသာ တွေးလိုက်မည်ဆိုပါက သူ့ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်ဟူသော အလိုလို သိမြင်မှုတစ်ခု ရှိနေ၏။

သူ ဘာမှမပြောတော့ဘဲ ချမ်ချန်ကန်းကိုလည်း ထပ်၍ ဘာမှ မလုပ်ရဲတော့ဘဲ ရင်ပြင်ထဲတွင်သာ ငြိမ်ငြိမ်လေး နေလိုက်တော့သည်။

ချမ်ချန်ကန်းက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။

သူ့အတွက် ဖာထျန်းက ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်။

သူက ဖာထျန်းကို အချိန်မရွေး သတ်ဖြတ်ပစ်နိုင်၏။

သို့သော်လည်း သူက ထိုသို့လုပ်ဆောင်ရန် မရည်ရွယ်ထားဘဲ အခြားအစီအစဉ်များ ရှိနေသည်။

သို့သော်လည်း ခြုံပြောရလျှင် ဤဖာထျန်း၏ အဆုံးသတ်က သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။

ကြာကြာ စောင့်ဆိုင်းလိုက်ရခြင်းမရှိပေ။

ပိုင်ယွဲ့ကလည်း ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိလာခဲ့သည်။

သူမက ဖာထျန်းကို မြင်သော်လည်း အံ့အားသင့်သွားခြင်း မရှိခဲ့ချေ။

ဖာထျန်း၏ ခွန်အားဖြင့် ဆယ့်ရှစ်ထပ်မြောက်သို့ ပထမဆုံး ရောက်လာသူမှာ သူ ဖြစ်သင့်သည်က သဘာဝကျလှ၏။

သို့သော်လည်း ဖာထျန်း၏ မျက်နှာက မည်းမှောင်နေပြီး အတော်လေး ပျက်ယွင်းနေသည်ကို မြင်လိုက်ရသဖြင့် သူ တစ်ခုခု ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားသည်။

သို့သော်လည်း သူမက ဂရုမစိုက်ခဲ့ပေ။

ထို့နောက် ပိုင်ယွဲ့က ချမ်ချန်ကန်းကို မြင်လိုက်ရသောအခါ တစ်ခဏမျှ အံ့အားသင့်သွား၏။ ဆရာ ဖြစ်နေသည်။

သူ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။

သို့သော်လည်း သူမက တပည့်လက်ခံပွဲတွင် အနိုင်မရရှိသေးသဖြင့် ယခုအခါ ချမ်ချန်ကန်းကို ဆရာဟု ခေါ်ဆိုရန် အရည်အချင်း မပြည့်မီသေးဟု သူမ ထင်မိသည်။

သူမက ချမ်ချန်ကန်းကို ရိုသေလေးစားစွာ ကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ဘဲ ဖာထျန်း၏ ပုံစံကို အတုခိုးကာ ရင်ပြင်ထဲတွင် ရိုးရိုးကျင့်ကျင့်သာ နေလိုက်တော့၏။

အချိန်များ ကုန်လွန်သွားသည်။

ချင်ရှို့ဝမ် နှင့် ချင်းယွင်ဖေး တို့ကလည်း ဆယ့်ရှစ်ထပ်မြောက်သို့ အသီးသီး ရောက်ရှိလာကြ၏။

ထို့နောက် မိုဝန်ထျန်းလည်း ရောက်လာသည်။

၎င်းနောက်တွင် နောက်ထပ် ကျင့်ကြံသူ သုံးယောက် ရောက်လာကြ၏။

၎င်းတို့ထဲတွင် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပါဝင်သည်။

လူပေါင်းသိန်းနှင့်ချီသော ကျင့်ကြံသူများထဲမှ ထင်ပေါ်လာပြီး ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်ရှိလာနိုင်ခြင်းကပင် လူတစ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သော သူတို့၏ ပြိုင်ဘက်ကင်းပါရမီကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်၏။

ဤအချိန်မှစ၍။

ကျန်ရစ်သော လူရှစ်ယောက်မှလွဲ၍။

စမ်းသပ်ချက်မျှော်စင် တစ်ခုလုံးတွင် အခြားသော ကျင့်ကြံသူများ မရှိတော့ချေ။

ချမ်ချန်ကန်းက သူ၏ ရှေ့မှောက်ရှိ ပါရမီရှင် ရှစ်ယောက်ကို မျက်နှာမူ၍ ပြုံးကာ ပြောလိုက်သည်။

“အရမ်းကောင်းတယ်... ဆယ့်ရှစ်ထပ်မြောက်ကို လူရှစ်ယောက် ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒါက မင်းတို့ရဲ့ ခွန်အားနဲ့ ပါရမီကို သက်သေပြဖို့ လုံလောက်နေပါပြီ...”

သူ့မျက်လုံးများက လက်ရှိ လူရှစ်ယောက်ပေါ်သို့ ဝေ့ဝဲကြည့်ရှုသွား၏။

အင်မော်တယ်နယ်မြေမှ ပါရမီရှင် လေးယောက်။

ကျူးရှိူ့တိုက်ကြီးမှ ဒေသခံပါရမီရှင် လေးယောက်။

ဆယ့်ရှစ်ထပ်မြောက်သို့ အဆင့်ကျော်ဖြတ်လာသော အမြန်နှုန်းက အင်မော်တယ်နယ်မြေမှ ပါရမီရှင်များလောက် မမြန်ဆန်သော်ငြားလည်း အများကြီး ဆိုးရွားမနေခဲ့ပေ။

ချမ်ချန်ကန်းက ဤလူလေးယောက်အပေါ် အတော်လေး အကောင်းမြင်မိ၏။

သေချာပေါက် ထိုအထဲတွင် မိုဝန်ထျန်းလည်း ပါဝင်သည်။

မည်သူမျှ စကားမပြောကြဘဲ ချမ်ချန်ကန်း ပြောမည့် ဆယ့်ရှစ်ထပ်မြောက်၏ အဆင့်ကျော်ဖြတ်မှု စည်းမျဉ်းများကိုသာ နားထောင်နေကြ၏။

“ဆယ့်ရှစ်ထပ်မြောက်မှာ အဆင့်ကျော်ဖြတ်နိုင်တဲ့ လူတစ်ယောက်တည်းကသာ ငါ့ရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်... အဆင့်ကျော်ဖြတ်မှု စည်းမျဉ်းတွေကတော့ အချင်းချင်း တိုက်ခိုက်ကြဖို့ပဲ... နောက်ဆုံး ကျန်တဲ့သူက အနိုင်ရလိမ့်မယ်... အသက်ရှင်ကျန်ရစ်တဲ့ သူက ငါ့ရဲ့ တပည့်ပဲ...”

အထူးသဖြင့် မိုဝန်ထျန်း အပါအဝင် ဒေသခံ ကျင့်ကြံသူ လေးယောက်မှာ ချမ်ချန်ကန်း၏ စကားများကို ကြားပြီးနောက် အလွန် လေးလံသွားသလို ခံစားလိုက်ရသည်။

သေခြင်းရှင်ခြင်း အဆုံးအဖြတ်။

၎င်းက သူတို့အတွက် ဆိုးရွားလှ၏။

သူတို့သာ ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်များနှင့် တိုက်ခိုက်ရန် တာဝန်ကျသွားပါက သူတို့မှာ ပြိုင်ဘက်များ လုံးဝ မဟုတ်ကြဘဲ သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

အဆင့်ကျော်ဖြတ်မှု စည်းမျဉ်းများကို ပြောပြပြီးနောက် ပါရမီရှင် ရှစ်ယောက်၏ ရှေ့တွင် သေတ္တာတစ်လုံး ပေါ်လာ၏။

“အဲဒီထဲမှာ ဘောလုံးရှစ်လုံးပါတယ်... အရောင်လေးရောင် ခွဲထားတယ်... အရောင်တူတဲ့ ဘောလုံးရတဲ့သူတွေက တစ်စုံစီ ယှဉ်ပြိုင်ကြ...”

ဖာထျန်းက သေတ္တာထဲသို့ အရင်ဆုံး လက်နှိုက်လိုက်ပြီး အနီရောင် ဘောလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ကျန်ရှိနေသော ပါရမီရှင် ခုနစ်ယောက်ကလည်း အနီးကပ် လိုက်ပါလာပြီး မဲနှိုက်ကြ၏။

မိုဝန်ထျန်းက အနီရောင် ဘောလုံးကို ထုတ်ယူလိုက်မိသောအခါ အနည်းငယ် အံ့အားသင့်သွား၏။ ၎င်းက ဖာထျန်းနှင့် တစ်ယောက်ချင်း အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သွားသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် မိုဝန်ထျန်းက ကြောက်ရွံ့မနေခဲ့ဘဲ ဆန့်ကျင်ဘက်အားဖြင့် ဤရလဒ်ကို အတော်လေး ကျေနပ်နေခဲ့၏။

အခြားသုံးအုပ်စုအတွက်မူကား။

ချင်ရှို့ဝမ် နှင့် ပိုင်ယွဲ့။

ချင်းယွင်ဖေး နှင့် အစိမ်းရောင် ဝတ်စုံဝတ် ပါရမီရှင တစ်ယောက်က တစ်အုပ်စု။

ကျန်ရှိနေသောအုပ်စုမှာ ကျူးရှိူ့တိုက်ကြီးမှ ဒေသခံ ပါရမီရှင်နှစ်ယောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“အုပ်စုခွဲတာ ပြီးသွားပြီ... တစ်ယောက်ချင်း အဆုံးအဖြတ် တိုက်ပွဲကို စတင်ကြ...”

All Chapters