← Chapters

အခန်း ၂၄၆

Vol. 21 Ch. 246

အခန်း ၂၄၆

Vol. 21 Ch. 246

အခန်း (၂၄၆) အဆုံးအဖြတ်တိုက်ပွဲ စတင်ခြင်း၊ ဝက်ခေါင်းကြီး ဖြစ်သွားအောင် ရိုက်ပစ်လိုက်

ပါရမီရှင်ရှစ်ယောက်က ရင်ပြင်ထဲတွင် ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပင် စမ်းသပ်ချက်မျှော်စင်၏ အပြင်ဘက်၌ ဧရာမအလင်းကာကွယ်လွှာရှစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းကာကွယ်လွှာ ရှစ်ခုမှတဆင့် ပါရမီရှင်ရှစ်ယောက်၏ လက်ရှိအခြေအနေကို မြင်တွေ့နိုင်၏။

သူတို့က အုပ်စုလေးစုခွဲ၍ အရပ်လေးမျက်နှာရှိ ကမ္ဘာသစ်များတွင် ပေါ်လာကြသည်။

သူတို့က အရှေ့နှင့် နောက် အရပ်နှစ်မျက်နှာတွင် အလှမ်းဝေးစွာ မတ်တပ်ရပ်နေကြ၏။

အလယ်ဗဟို၌ ဧရာမသေခြင်းရှင်ခြင်းစင်မြင့်တစ်ခု ရှိနေသည်။

၎င်းက အဆင့်ဆင့်သော လှေကားထစ်များ ပုံစံမျိုးဖြစ်ပြီး သေခြင်းရှင်ခြင်းစင်မြင့်၏ ထိပ်ဆုံးအထိ တောက်လျှောက် သွယ်တန်းနေ၏။

ထို့ပြင်လှေကားထစ်၏ အဆင့်တိုင်းကို ကြောက်မက်ဖွယ်ကောင်းသော သခင်အဆင့် နတ်ဆိုးများက စောင့်ကြပ်နေကြသည်။

အကယ်၍ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လှမ်းလိုပါက ထိုသခင်အဆင့် နတ်ဆိုးများကို သတ်ဖြတ်၍ တောက်လျှောက် ဖောက်ထွက်ရမည် ဖြစ်၏။

မည်သို့ ဖြစ်လာမည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။

အကယ်၍သာ ထိုနတ်ဆိုးများ၏ လက်ချက်ဖြင့် သေဆုံးသွားပါက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လှမ်းရန် အရည်အချင်းပင် ရှိတော့မည် မဟုတ်ချေ။

ပြည့်နှက်နေသော နတ်ဆိုးများကို ကြည့်ရင်းနှင့် ထိုနတ်ဆိုးများ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကို ခံစားမိသောအခါ ပါရမီရှင် ရှစ်ယောက်၏ စိတ်နှလုံးများက မလေးလံဘဲ မနေနိုင်ခဲ့ပေ။

အပြင်ဘက်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာမူ ဆွံ့အသွားကြ၏။

“ဘုရားရေ...”

“နတ်ဆိုးတွေ သိပ်များတာပဲ...”

“အဲ့ဆယ့်ရှစ်ထပ်မြောက်က သိပ်ကို ခက်ခဲလွန်းတယ်...”

တစ်ချိန်တည်းမှာပင် ပါရမီရှင်များက စတင်လှုပ်ရှားလိုက်ကြပြီး သေခြင်းရှင်ခြင်းစင်မြင့်ရှိရာ အရပ်ဆီသို့ သတ်ဖြတ် ဝင်ရောက်သွားကြ၏။

သူတို့အားလုံးက နောက်ဆုတ်စရာလမ်း မရှိတော့ကြောင်း သိထားကြပြီး ရှေ့သို့သာ ဆက်လက် တိုးဝင်သွားကြသည်။

တိုက်ပွဲက ချက်ချင်းပင် စတင်သွား၏။

ပါရမီရှင် ရှစ်ယောက်စလုံးက အံ့မခန်း တိုက်ခိုက်ရေးစွမ်းရည်များကို ပေါက်ကွဲထုတ်လွှတ်လိုက်ကြပြီး ထိုနတ်ဆိုးများနှင့် တိုက်ခိုက်ကြတော့သည်။

ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်လာနိုင်သော ပါရမီရှင်များနှင့် အမှန်တကယ်ပင် ထိုက်တန်လှ၏။

ခွန်အားပိုင်းတွင် အားလုံး မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

နတ်ဆိုးများက အားကောင်းကြသော်ငြားလည်း သူတို့ အားလုံးက ဖြေရှင်းနိုင်ကြ၏။

ကျူးရှိူ့တိုက်ကြီးမှ ဒေသခံပါရမီရှင် တစ်ယောက်၊ နှစ်ယောက်သာ ဖာထျန်းနှင့် ပိုင်ယွဲ့တို့လောက် ဤနတ်ဆိုးများကို မဖြေရှင်းနိုင်ကြဘဲ အတော်လေး အခက်တွေ့နေကြရသည်။

ချမ်ချန်ကန်းက ၎င်းကို ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်၏။

“တကယ်ပါပဲ... နတ်ဆိုးတွေနဲ့ တိုက်ပွဲကို ကြည့်တာနဲ့တင် အင်မော်တယ်နယ်မြေက ပါရမီရှင်တွေနဲ့ ကျူးရှိူ့တိုက်ကြီးက ဒေသခံ ပါရမီရှင်တွေကြားက ခွန်အား ကွာဟချက်ကို မြင်နိုင်သလို သူတို့ရဲ့ ကိုယ်ပိုင်နောက်ခံ နည်းလမ်းတွေကိုလည်း မြင်နိုင်တယ်...”

“သူတို့က သေခြင်းရှင်ခြင်းစင်မြင့်ပေါ် ရောက်သွားရင်တောင် ဤကျူးရှိူ့တိုက်ကြီးက ဒေသခံကျင့်ကြံသူတွေဟာ ထိုအင်မော်တယ်နယ်မြေက ပါရမီရှင်တွေရဲ့ ပြိုင်ဘက်တွေ လုံးဝဖြစ်လာမှာ မဟုတ်ဘူးထင်တယ်...”

ထို့နောက် ချမ်ချန်ကန်း၏ အကြည့်က မိုဝန်ထျန်းအပေါ်တွင် ရပ်တန့်သွား၏။

မိုဝန်ထျန်း ပြသလိုက်သော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်က ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်များထက် အားနည်းမနေခဲ့ပေ။

အနည်းဆုံးတော့ ဤနေရာရှိ မိုဝန်ထျန်း အနေဖြင့် သူက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လှမ်းနိုင်ပြီး ဖာထျန်းနှင့် တိုက်ခိုက်ရမည် ဆိုလျှင်။

မည်သူက အားနည်းသည်၊ မည်သူက အားကြီးသည်ကို ခွဲခြားနိုင်မည် မဟုတ်သေးချေ။

ဤသခင်အဆင့် နတ်ဆိုးများက အားကောင်းကြသော်ငြားလည်း ပါရမီရှင် ရှစ်ယောက်အတွက်မူ အရေးမပါလှပေ။

သူတို့အားလုံးက ဖြေရှင်းနိုင်စွမ်း ရှိကြသော်လည်း နတ်ဆိုးများက အလွန် များပြားလွန်းနေ၏။

ပို၍ အရေးကြီးသည်မှာ သူတို့၏ ခံနိုင်ရည်ပင် ဖြစ်သည်။

ဤသတ်ဖြတ်မှုတိုက်ပွဲက နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့၏။

စမ်းသပ်ချက်မျှော်စင် အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့က ထိတ်လန့်တုန်လှုပ်သွားကြပြီး ဤပါရမီရှင်များ၏ ခွန်အားကို အားလုံးက အားကျနေကြ၏။

အကယ်၍ သူတို့သာဆိုပါက ဤနတ်ဆိုးများကို ရင်ဆိုင်ရချိန်တွင် လုံးဝ ခုခံနိုင်ကြမည် မဟုတ်ပေ။

သေချာပေါက် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ချမ်ချန်ကန်းက အနည်းငယ် အံ့အားသင့်သွား၏။

“ကျူးရှိူ့တိုက်ကြီးက ဒေသခံပါရမီရှင် တစ်ယောက်ပဲ သေသွားခဲ့တာကိုး...”

သေဆုံးသွားသူမှာ ချင်းယွင်ဖေးနှင့် တိုက်ခိုက်ရမည့် အစိမ်းရောင် ဝတ်စုံဝတ် ပါရမီရှင်ဖြစ်ပြီး ၎င်းက ချင်းယွင်ဖေး အနေဖြင့် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လှမ်းနိုင်သရွေ့ တိုက်ရိုက် အဆင့်တက်သွားနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်၏။

မိုဝန်ထျန်း အပါအဝင် ကျန်ရှိနေသော ဒေသခံ ပါရမီရှင် သုံးယောက်အတွက်မူ သူတို့က ထပ်မံ သေဆုံးခဲ့ခြင်း မရှိချေ။

အကြိမ်ကြိမ် အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသော်ငြားလည်း။

သို့သော်လည်း နောက်ဆုံးတွင်။

သူတို့အားလုံးက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။

သဘာဝကျစွာပင် အင်မော်တယ်နယ်မြေမှ ပါရမီရှင် လေးယောက်ကလည်း ချွင်းချက် မဟုတ်ပေ။

သေခြင်းရှင်ခြင်းစင်မြင့်ဆီသို့ ရောက်ရှိလာသော အမြန်နှုန်းကပင် ကျူးရှိူ့တိုက်ကြီးမှ ဒေသခံပါရမီရှင်များထက် များစွာ မြန်ဆန်နေ၏။

“ချင်းယွင်ဖေးရဲ့ ပြိုင်ဘက်က ဖယ်ရှားခံလိုက်ရလို့ တိုက်ရိုက် အဆင့်တက်သွားပြီ... ကျန်တဲ့ သုံးအုပ်စုရဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲတွေကို စတင်လိုက်တော့...”

ချမ်ချန်ကန်းက နှုတ်ဟလိုက်ပြီး သူ၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

ချင်းယွင်ဖေးတွင် အဖြူရောင် မျက်လုံးအိမ် တစ်စုံရှိပြီး မည်သည့် တုန်လှုပ်မှုမျှမရှိဘဲ လက်ပိုက်ကာ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေ၏။

တိုက်ရိုက်အဆင့်တက်သွားရခြင်းအတွက် သူက ပျော်ရွှင်မနေခဲ့ချေ။

မည်သို့ပင်ဖြစ်စေ သူ၏ ခွန်အားဖြင့် ပြိုင်ဘက်တစ်ဦးကို သတ်ဖြတ်ရန်မှာ ဤထက် ပို၍ လွယ်ကူနိုင်မည် မဟုတ်ပေ။

စောစောဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ အဆင့်တက်ရမည်သာ ဖြစ်၏။

အခြားသုံးအုပ်စုအတွက်မူကား။

ချမ်ချန်ကန်း၏ စကားများကို ကြားပြီးနောက် သူတို့အားလုံးက အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေကာ အစွမ်းထက်သော မှော်စွမ်းအင်လှိုင်းများကို ပေါက်ကွဲထုတ်လွှတ်လိုက်ကြသည်။

ချင်ရှို့ဝမ်က ပြုံးလိုက်ပြီး သူ၏ ရှေ့ရှိ ပိုင်ယွဲ့ကို ကြည့်လိုက်၏။

“မိန်းကလေး... မေးပါရစေ... မင်းက အိမ်ထောင်ရှိလား...”

ပိုင်ယွဲ့က ချင်ရှို့ဝမ်ကို ကြည့်လိုက်သော်လည်း သူ့ကို ပြန်မဖြေခဲ့ပေ။

သူမ၏ ရှေ့ရှိ ချင်ရှို့ဝမ်က အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူမ သိထားပြီး ဤလူက တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ဖာထျန်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ အရေးနိမ့်ခဲ့ခြင်း လုံးဝ မရှိကြောင်းကိုလည်း သူမ ကြားထားခဲ့ဖူးသဖြင့် ဤသည်က ဤလူမှာ ဖာထျန်းထက် အားနည်းမနေကြောင်း သက်သေပြနေ၏။

၎င်းက ပိုင်ယွဲ့ကို သတိဝီရိယရှိစေပြီး အနည်းငယ်မျှပင် ပေါ့ဆမှု မရှိစေခဲ့ချေ။

ပိုင်ယွဲ့ စကားမပြောသည်ကို မြင်သောအခါ ချင်ရှို့ဝမ်က ပြုံး၍ ပခုံးတွန့်လိုက်၏။

ထို့နောက် ထပ်ပြောလိုက်သည်။

“မိန်းကလေးက သိပ်လှတာပဲ... သခင်လေးက မင်းကို စိတ်ဝင်စားနေတယ်... ဒီသခင်လေးရဲ့ နှစ်ဆယ်ယောက်မြောက် သတို့သမီး လုပ်ရင်ရော ဘယ်လိုလဲ...”

အပြင်ဘက်၌ ချင်ရှို့ဝမ်၏ ဇနီးချောလေး ဆယ့်ကိုးယောက်က အလင်းကာကွယ်လွှာမှတဆင့် ပိုင်ယွဲ့ကို ချင်ရှို့ဝမ် ပြောနေသည့် စကားများကို ကြားလိုက်ရ၏။

အံ့သြစရာကောင်းသည်မှာ။

သူတို့က အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ချေ။

ဆန့်ကျင်ဘက်အားဖြင့် ၎င်းကို သဘာဝကျသည်ဟုသာ ယူဆကြပြီး ချင်ရှို့ဝမ်က ထိုပိုင်ယွဲ့ကို သူတို့၏ ညီမလေးအဖြစ် သိမ်းပိုက်မည်ကို အလွန် ပျော်ရွှင်နေကြ၏။

ချင်ရှို့ဝမ်က ဤဇနီးချောလေးများကို အလွန် ကောင်းမွန်စွာ ဆုံးမထားပုံရသည်။

ပိုင်ယွဲ့အတွက်မူကား ချင်ရှို့ဝမ်၏ စကားများကို ကြားသောအခါ သူမ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပြီး သူမရှေ့ရှိ နှာဘူးကြီးအပေါ် မည်သည့် ခံစားချက်ကောင်းမျှ မရှိခဲ့ပေ။

ချင်ရှို့ဝမ်ကို အဓိပ္ပာယ်မရှိသည့် စကားတစ်ခွန်းမျှ မပြောတော့ဘဲ တိုက်ရိုက်ပင် သတ်ဖြတ်ရန် ဝင်ရောက်သွားတော့၏။

သေခြင်းရှင်ခြင်းစင်မြင့်... သေခြင်းရှင်ခြင်း တိုက်ပွဲ။

ဤသို့ဆိုမှတော့ ၎င်းက သေခြင်းရှင်ခြင်း အဆုံးအဖြတ် ဖြစ်နေပြီမို့ ဤလူနှင့် အချိန်ဖြုန်းနေရန် မလိုတော့ပေ။

ချင်ရှို့ဝမ်က ကြောက်ရွံ့မနေခဲ့ဘဲ ရယ်မောလိုက်ကာ သူ၏ လက်မောင်းများကို ဖြန့်ကားလိုက်၏။

“မိန်းကလေး... ဒီသခင်လေးက မိန်းမတွေကို ဘယ်တော့မှ မရိုက်ဘူးဆိုတာ မင်း သိထားရမယ်...”

စကားပင်မဆုံးသေးချေ။

ပိုင်ယွဲ့က ယင်နှင့်ယန်ကို နင်းလျှောက်ပြီး သူမ၏ တည်နေရာက လွင့်မျောသွားကာ ချင်ရှို့ဝမ်၏ ရှေ့တွင် ရုတ်ခြည်း ပေါ်လာခဲ့သည်။

ထိုက်ကျိကျဆင်းလာပြီး ၎င်းက အထွတ်အထိပ်သို့ ရောက်ရှိလာ၏။

ချင်ရှို့ဝမ်မှာ ရှောင်တိမ်းရန် အချိန်ပင် မရလိုက်ပေ။

“ဘုန်း…”

အားပါးတရ လက်သီးတစ်ချက်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး အံ့မခန်း ခွန်အားများ ပေါက်ကွဲထွက်လာကာ ချင်ရှို့ဝမ်ကို လွင့်ထွက်သွားစေ၏။

စမ်းသပ်ချက်မျှော်စင် အပြင်ဘက်၌ ချင်ရှို့ဝမ်၏ ဇနီးချောလေး ဆယ့်ကိုးယောက်က အာမေဍိတ်သံများ မပြုဘဲ မနေနိုင်ကြတော့ဘဲ စိတ်မကောင်း ဖြစ်သွားကြသည်။

“သိပ်ကိုယုတ်မာလွန်းတယ်...”

“ခင်ပွန်းက လှုပ်တောင် မလှုပ်ရသေးဘူး... သူမက ခင်ပွန်းကိုတောင် ချောင်းမြောင်း တိုက်ခိုက်ရဲတယ်...”

“ဟုတ်တယ်... ဟုတ်တယ်...”

“အဲ့လက်သီးက အရမ်းပြင်းတဲ့ပုံပဲ... ခင်ပွန်း နာသွားပြီလား မသိဘူး...”

“ခက်လိုက်တာ... ခင်ပွန်းရဲ့ မျက်နှာကို အရိုက်ခံရတော့ ငါတို့ရဲ့ နှလုံးသားတွေပါ နာကျင်ရတယ်...”

လှပသော အမျိုးသမီးတစ်ဦးက မျက်မှောင်ကျုံ့ကာ သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိထားပြီး စိုးရိမ်ပူပန်ကာ စိတ်မကောင်းဖြစ်နေပုံ ရသည်။

ဘေးနားရှိ ကျင့်ကြံသူများမှာ ချင်ရှို့ဝမ်၏ ဇနီးချောလေး ဆယ့်ကိုးယောက်ကြားမှ စကားပြောဆိုမှုများကို ကြားသောအခါ မျက်နှာများ မတွန့်လိမ်ဘဲ မနေနိုင်ကြတော့ပေ။

တကယ်ပင်.. ချင်ရှို့ဝမ်ကို တကယ် အားကျမိ၏။

ဤတိရစ္ဆာန်ကောင်အပေါ် ဤလှပသော အမျိုးသမီးများက ဘယ်လိုလုပ်ပြီး ဤမျှလောက် သစ္စာရှိနေရသနည်း။

ဘာကြောင့်မှန်းတော့ မသိချေ။

ပိုင်ယွဲ့က ချင်ရှို့ဝမ်ကို သတ်ဖြတ်ပစ်သည်ကို သူတို့ တကယ် မြင်ချင်နေမိကြသည်။

အထူးသဖြင့် ပိုင်ယွဲ့က ချင်ရှို့ဝမ်ကို လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သည်ကို မြင်ပြီးနောက်တွင် ဖြစ်၏။

*မြင်ရတာ သိပ်ကိုအားရစရာ ကောင်းလွန်းတယ်... အဲဒါပဲ…*

“မိန်းကလေး... အဲ့ကျောက်ကပ်အားနည်းနေတဲ့ သခင်လေးကို ဝက်ခေါင်းကြီး ဖြစ်သွားအောင် ရိုက်ပစ်လိုက်စမ်းပါ...”

All Chapters