← Chapters

အခန်း ၂၅၅

Vol. 22 Ch. 255

အခန်း ၂၅၅

Vol. 22 Ch. 255

အခန်း(၂၅၅) သုံးသောင်းနှစ်ထောင်တစ်ရာနှစ်ဆယ့်ကိုး

ကျင့်ကြံသူများစွာမှာ စိုးရိမ်တကြီး ဖြစ်နေကြပြီး ဧရာမ ခြေသည်းကြီး ကျဆင်းလာသည်ကို ကြည့်ကာ မိုဝန်ထျန်း၏ ဘေးကင်းရေးအတွက် ပူပန်နေကြ၏။

“ဂျွတ်…”

ရုတ်တရက်ပင် မိုဝန်ထျန်း၏ ရေခဲရုပ်တုက ကွဲကြေသွားသည်။

“ဝုန်း…”

နဂါးဟိန်းသံနှင့်အတူ ထိုအသံက ကမ္ဘာမြေတစ်ခွင်လုံး ပဲ့တင်ထပ်သွား၏။

မိုဝန်ထျန်း၏ အနောက်ဘက်တွင် ဧရာမ သွေးနဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

“အဘိုးကြီး... အခုချိန်ပဲ...”

ရွှစ်... ရွှစ်... ရွှစ်...

လျှို့ဝှက်ရတနာကိုးပါးက ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ လျှပ်စီးသဖွယ် လျင်မြန်စွာဖြင့် ရေခဲမြေခွေးထံသို့ ပစ်လွှတ်လိုက်၏။

ရေခဲမြေခွေး၏ ခြေသည်းများ၊ ခြေထောက်များနှင့် ခေါင်းပိုင်းရှိ အဓိက သေကွင်းသေကွက်များကိုပါ ထိုးဖောက်သွားသည်။

ရေခဲမြေခွေးမှာ နာကျင်စွာ အော်ဟစ်လိုက်၏။

သို့သော်လည်း ဧရာမခြေသည်းကြီးက ဆက်လက် ကျဆင်းလာဆဲဖြစ်ပြီး ၎င်း၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ် ကောင်းကာ ဟင်းလင်းပြင်ကိုပင် ဖိချေဖျက်ဆီးပစ်လိုက်သည်။

ဧရာမသွေးနဂါးကြီးက ရေခဲမြေခွေး၏ ဧရာမ ခြေသည်းကြီးကို တိုက်ရိုက်ကိုက်ခဲလိုက်၏။ တောင်တန်းသဖွယ် ကြီးမားသော သွေးရောင် အမြီးကြီးဖြင့် ရေခဲမြေခွေးကို ရစ်ပတ်လိုက်သည်။

ထို့နောက် နဂါး၏ ခန္ဓာကိုယ်မှာ ရေခဲမြေခွေး၏ စွမ်းအားကြောင့် အဆက်မပြတ် ရေခဲအဖြစ်သို့ ပြောင်းလဲ အေးခဲသွား၏။

သို့သော် သွေးမီးတောက်များ လောင်ကျွမ်းလာပြီး ခန္ဓာကိုယ်ပေါ်တွင် အခဲဖိုနေသော ရေခဲထုကြီးမှာ ချက်ချင်း အရည်ပျော်ကျသွားသည်။ ရေခဲမြေခွေးက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ အမြီးကိုးချောင်းစလုံး တပြိုင်နက် လှုပ်ရှားကာ သွေးရောင်ဧရာမနဂါးကြီးနှင့် ရစ်ပတ်လွန်ဆွဲနေ၏။

ပိုင်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“နင်က တမင်တကာ အအေးခံလိုက်တာလား...”

မိုဝန်ထျန်း၏ မျက်နှာက ဖြူရော်နေပြီး နဖူးတွင် ချွေးများ ပျံနေကာ အတင်းအကျပ် ပြုံးလိုက်၏။

“အဲ့လိုမဟုတ်ရင် မင်း ပေါ့ဆသွားတဲ့ အချိန်ကို ငါ ဘယ်လိုလုပ် အမိဖမ်းနိုင်မှာလဲ...”

စကားပြောနေရင်းနှင့်ပင် သူက ပိုင်ယွဲ့ထံ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

ပိုင်ယွဲ့၏ မျက်လုံးများက ကောင်းကင်ယံမှ တောက်ပနေသော ကြယ်များသဖွယ် နက်နဲနေပြီး သူမက သက်ပြင်းတချို့ ချလိုက်၏။

အကယ်၍ မိုဝန်ထျန်းသာ အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့လျှင် သူမ တကယ်ကို ရှုံးနိမ့်သွားမည် ဖြစ်သည်။

မိုဝန်ထျန်းက သူ၏ ကျောရိုးထဲမှ နဂါးကျောရိုးဓားကို ဆွဲထုတ်လိုက်သည်။ ၎င်းက သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပိုင်ယွဲ့ထံ တစ်မုဟုတ်ချင်း ပြေးဝင်သွား၏။

“ယား...”

နဂါးကျောရိုးဓားက သွေးရောင်အလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံ ကိုးလွှာအထိ မျက်စိကျိန်းမတတ် တောက်ပသွားကာ ဧရာမသွေးတောင်ကြီး တစ်လုံးသဖွယ် အပေါ်မှနေ၍ ဖိချေရိုက်ချလိုက်သည်။

ပိုင်ယွဲ့၏ နဖူးထက်မှ ပြန်လည်ဝင်စားသူ အင်မော်တယ်တံဆိပ်တော်က လင်းလက်သွားပြီး သူမ အနောက်ဘက်ရှိ မြေခွေးအမြီးက ဖြည်းညင်းစွာ လှုပ်ခါသွားကာ မှေးမှိန်သော အဖြူရောင်အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထိုနောက် ချက်ချင်းပင် ၎င်းက မြေခွေးအမြီး ကိုးချောင်းအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင် အင်မော်တယ် လှံတံကိုးချောင်း ပုံသဏ္ဍာန်ဖြင့် လျှပ်စီးသဖွယ် တစ်မုဟုတ်ချင်း ထွက်ပေါ်လာသည်။

ရုတ်တရက် မိုဝန်ထျန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

“ဒုက္ခပဲ… အဲ့တာက ပိုင်ယွဲ့ရဲ့ အသေအကြေ သိုင်းကွက်ပဲ... မြန်မြန် ရှောင်...”

မိုဝန်ထျန်း၏ ရင်ထဲတွင် ခါးသီးသွားသည်။

“အဘိုးကြီး... ကျွန်တော်လည်း ရှောင်ချင်တာပါပဲ...”

သို့သော်လည်း ချီစွမ်းအင်များက သော့ခတ်ထားသကဲ့သို့ ပိတ်လှောင်ခံလိုက်ရသဖြင့် သူ လုံးဝ ရှောင်တိမ်း၍ မရနိုင်တော့ပေ။

ရွှစ်... ရွှစ်... ရွှစ်...

အဖြူရောင် အလင်းတန်းများက တောက်ပလွန်းလှပြီး အံ့မခန်း ဖြစ်နေ၏။

မြေခွေးအမြီး ကိုးချောင်းက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ မိုဝန်ထျန်းမှာ လှုပ်ရှား၍ မရတော့ဘဲ သူ၏ ခန္ဓာကိုယ်ထဲတွင် မြေခွေးအမြီးကိုးချောင်း ထိုးဖောက်သွားသည့် သွေးတွင်း ကိုးတွင်း ဖြစ်ပေါ်သွား၏။

သူ၏ သက်စောင့်စွမ်းအားများက တဖြည်းဖြည်း လွင့်စင် ပျောက်ကွယ်သွားသည်။

သူ၏ လက်ထဲရှိ နဂါးကျောရိုးဓားမှာ အောက်သို့ မကျမီမှာပင် အပိုင်းပိုင်း အစစ ကွဲကြေ၍ အငွေ့ပျံ ပျောက်ကွယ်သွားတော့၏။

“နင် ရှုံးပြီ...”

ပိုင်ယွဲ့က နှုတ်ဟ ပြောလိုက်သည်။

အမြီးကိုးချောင်းက ပျောက်ကွယ်သွားပြီး ပိုင်ယွဲ့၏ မျက်နှာမှာ ဖြူရော်ကာ ချွေးများ ထွက်နေရင်း ပြောလိုက်ခြင်း ဖြစ်၏။

သို့သော်လည်း မိုဝန်ထျန်းက အပြုံးတစ်ခု ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။

သူ၏ ကျန်လက်တစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ ထိုအခိုက်တွင် လက်ကို ဖြန့်လိုက်ရာ သိုလှောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်လာသည်။

ပိုင်ယွဲ့မှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ “ဘာလဲ...” ဟု သူမ တွေးလိုက်မိသည်။

သိုလှောင်လက်စွပ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အစီအရင် တံဆိပ်ကွဲကြေသွားသည့်အလား တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။

တစ်မုဟုတ်ချင်းပင် မရေမတွက်နိုင်သော အင်မော်တယ် ပေါက်ကွဲရေးအဆောင်များက အစုလိုက်အပြုံလိုက် ထွက်ပေါ်လာပြီး သေခြင်းရှင်ခြင်းစင်မြင့်တစ်ခုလုံး ပြည့်နှက်သွားတော့၏။

ပိုင်ယွဲ့မှာ အံ့အားသင့် မှင်တက်သွားသည်။

“ဒါတွေက ဘာတွေလဲ...”

အပြင်ဘက်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ အားလုံးမှာလည်း ဆွံ့အ မှင်တက်သွားကြ၏။

“ခွေးကောင်လေး... မင်းဆီမှာ ဘယ်လိုလုပ် အင်မော်တယ် ပေါက်ကွဲရေးအဆောင်တွေ အဲ့လောက် အများကြီး ရှိနေရတာလဲ...”

ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြပြီး တစ်ဖက်လူ၏ မျက်လုံးထဲမှ အံ့သြထိတ်လန့်မှုနှင့် မေးခွန်းထုတ်မှုတို့ကို မြင်တွေ့လိုက်ကြရသည်။

ထောင်သောင်းချီသော အင်မော်တယ် ပေါက်ကွဲရေးအဆောင်များက ပြည့်ကျပ်နေပြီး သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံး ပြန့်ကျဲနေ၏။

ဤအရာများက ဘယ်က ရောက်လာတာလဲ...။

သူက တကယ်ပပဲ အောက်ဘုံမှ ပါရမီရှင် သက်သက်သာ ဖြစ်ပါသလား...။ကြွယ်ဝချမ်းသာသော အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ယောက် မဟုတ်ဘူးလား...။

ဤအခိုက်အတန့်တွင် သူတို့မှာ နက်ရှိုင်းသော သံသယများကို ထုတ်ဖော်ပြသနေကြ၏။

ချမ်ချန်ကန်းက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ရှိ ပြည့်နှက်နေသော အင်မော်တယ် ပေါက်ကွဲရေးအဆောင်များကို ကြည့်ကာ ဆွံ့အသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

မူလက လွန်ခဲ့သော အခိုက်အတန့်လေးတွင်ပင် ပိုင်ယွဲ့၏ အမြီးကိုးချောင်းက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက် တိုက်ခိုက်ခဲ့သည်။ မိုဝန်ထျန်း သေချာပေါက် သေဆုံးသွားမည်ဟု သူ ထင်ခဲ့၏။ ဤသည်က သံသယဖြစ်ဖွယ် မရှိပေ။ သူ ချက်ချင်းပင် ရှုံးနိမ့်သွားသည်။

သို့သော်လည်း ယခုအချိန်တွင် ပိုင်ယွဲ့၏ လက်ထဲ၌ အမြီးကိုးချောင်း အသေအကြေ သိုင်းကွက်ကို ဖုံးကွယ်ထားသကဲ့သို့ မိုဝန်ထျန်းကလည်း အသေအကြေ သိုင်းကွက် တစ်ခုကို ဝှက်ထားခဲ့ကြောင်း ပေါ်လွင်သွား၏။

ဤအသေအကြေ သိုင်းကွက်က လူတိုင်း၏ မျှော်လင့်ထားမှုများကို ကျော်လွန်သွားခြင်းသာ ဖြစ်သည်။

အစက မိုဝန်ထျန်းနှင့် ဖာထျန်းတို့ တိုက်ခိုက်ပြီးနောက် ထိုအင်မော်တယ် ပေါက်ကွဲရေးအဆောင်များအားလုံး နီးပါး ကုန်ခန်းသွားပြီဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။

ဘယ်သူက သိနိုင်မည်နည်း။

ဖာထျန်းနှင့် စတင်တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော အင်မော်တယ် ပေါက်ကွဲရေးအဆောင်များမှာ အစိတ်အပိုင်း အသေးစားလေးတစ်ခုသာ ဖြစ်နေခဲ့၏။

ယခုအချိန်မှသာ ဤအင်မော်တယ် ပေါက်ကွဲရေးအဆောင်များက အစစ်အမှန် အသေအကြေသိုင်းကွက် ဖြစ်နေတော့သည်။

မိုဝန်ထျန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး ပိုင်ယွဲ့ကို ပြောလိုက်၏။

“စစ်တိုက်ရာမှာ လှည့်စားရတာ မမောနိုင်မပန်းနိုင်ပါပဲ... ဒါတွေက ငါ့ဆီမှာရှိတဲ့ အင်မော်တယ် ပေါက်ကွဲရေးအဆောင်တွေ အားလုံးပဲ... မင်းသာ ဒီသုံးသောင်းနှစ်ထောင်တစ်ရာနှစ်ဆယ့်ကိုးခုသော အင်မော်တယ် ပေါက်ကွဲရေးအဆောင်တွေကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် ငါ ကျေကျေနပ်နပ်ကြီး အရှုံးပေးပါ့မယ်...”

သူ၏ စကားသံ အဆုံးတွင်...

ထိုပြည့်ကျပ်နေသော အင်မော်တယ် ပေါက်ကွဲရေးအဆောင်များ အားလုံးက တဖျတ်ဖျတ် လင်းလက်သွားကြ၏။

ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များက ပေါက်ကွဲထွက်လာသည်။

အိပ်မောကျနေသော မီးတောင်တစ်လုံးသဖွယ် ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာပြီး မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့ကို တိုက်ရိုက် လွှမ်းခြုံမြိုဟပ်သွားတော့၏။

“ဘုန်း…”

အဆုံးအစမဲ့သော စွမ်းအားလှိုင်းများ ရိုက်ခတ်နေသည်ကိုသာ မြင်တွေ့နိုင်ပြီး ဟင်းလင်းပြင်ကြီးမှာ ကွဲကြေသွားကာ အရာအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ မည်သည့်အရာကိုမျှ ထပ်မံ မမြင်တွေ့ရတော့ချေ။ အရာအားလုံးက ဆက်လက် တည်ရှိမနေတော့ပေ။

အပြင်ဘက်မှ စောင့်ကြည့်နေသော ကျင့်ကြံသူများမှာ မျက်လုံးပြူးသွားကြပြီး အလင်းတန်းကန့်လန့်ကာထဲမှ ရိုက်ခတ်နေသော စွမ်းအားလှိုင်းများကို ကြည့်ရင်း ကမ္ဘာဦး အစ ပရမ်းပတာ အခြေအနေသို့ ရောက်သွားသကဲ့သို့ ဘာကိုမျှ မမြင်နိုင်တော့ပေ။

မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့ ဘာဖြစ်သွားကြသည်ကို မည်သူမျှ မသိနိုင်တော့ချေ။

မည်သူကမျှ စကားမဟကြတော့ဘဲ နောက်ဆုံး ရလဒ်ကိုသာ စောင့်ဆိုင်းနေကြသဖြင့် သေမင်းတမန် တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွား၏။

ချမ်ချန်ကန်း၏ မျက်လုံးများက တဖျတ်ဖျတ် လက်သွားပြီး စင်မြင့်ပေါ်ရှိ အခြေအနေကို သူ အကဲခတ်မိသွားသည်။ သူ အနည်းငယ် အံ့အားသင့်သွားပြီး တီးတိုး ရေရွတ်လိုက်၏။

“နောက်ဆုံးမှာတော့... တပည့်လက်ခံပွဲရဲ့ အဆုံးသတ် ရလဒ်က ခုလို ဖြစ်သွားလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့မိဘူး...”

All Chapters