← Chapters

အခန်း ၂၅၉

Vol. 23 Ch. 259

အခန်း ၂၅၉

Vol. 23 Ch. 259

အခန်း (၂၅၉) ဒါက ဆရာ့အပေါ်ထားရှိတဲ့ တပည့်ရဲ့ ရိုသေမှုပါ

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ယခုအခါ အလွန်အမင်း ဝေခွဲမရ ဖြစ်နေပေသည်။

*ငါက ဘယ်သူလဲ...

ငါ အခု ဘယ်ရောက်နေတာလဲ...

ငါ တကယ် သေသွားပြီ မဟုတ်ဘူးလား…*

မိုဝန်ထျန်းက သူ၏ဘေးရှိ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မချင့်မရဲ ကျိန်ဆဲလိုက်မိ၏။

“သောက်ကျိုးနည်း... အဘိုးကြီး... ခင်ဗျား ဘယ်လိုလုပ် အသက်ရှင်နေတာလဲ...”

မိုဝန်ထျန်းက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ ခန္ဓာကိုယ်ကို သူ၏ လက်ချောင်းများဖြင့် မနေနိုင်ဘဲ ထိုးစမ်းကြည့်လိုက်သည်။

နွေးထွေးနေသည်။ ဝိညာဉ်သက်သက် မဟုတ်သည်မှာ သေချာလှ၏။

“ဘာမှဆက်မပြောနဲ့ဦး ကောင်လေး... ငါ့ကို အချိန်နည်းနည်းလောက် ပေးပါဦး...”

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ မှင်တက်နေဆဲဖြစ်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပေသည်။

*ငါ တကယ်ပဲ အသက်ပြန်ရှင်လာခဲ့ပုံရတယ်…*

စစ်မှန်သော အသားအရည်၊ လှိုင်းထန်နေသော သွေးသားစွမ်းအားများက သူ့ကိုယ်သူ တစ်ခဏမျှ မနေနိုင်ဘဲ စမ်းသပ်ကြည့်မိစေသည်။

သူ ပို၍ စမ်းသပ်ကြည့်မိလေလေ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လဲ့လာတော့၏။

ဘေးဘက်တွင် ချမ်ချန်ကန်းက ဖြည်းညင်းစွာ ပြုံးလိုက်ပြီး သူတို့ နှစ်ယောက်ကို ကြည့်လိုက်သည်။

“တာအိုရောင်းရင်း... ခင်ဗျား သံသယဝင်နေစရာ မလိုပါဘူး... အခု ခင်ဗျား တကယ်ပဲ သေရာကနေ ပြန်ရှင်လာခဲ့တာပါ...”

ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ နောက်ဆုံးတွင် ဆက်၍ မတောင့်ခံနိုင်တော့ချေ။

သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။

“ဝူး ဝူး ဝူး... ကျွန်တော်မျိုးက တစ်သက်လုံး ပြန်လည်ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ထားခဲ့တာ... စီနီယာ့ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကြောင့် ဒီနေ့ ကျွန်တော်မျိုးကို ပြန်လည်ရှင်သန်ခွင့် ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... စီနီယာ့ရဲ့ ကျေးဇူးကို ဘယ်လို ဆပ်ရမှန်းတောင် မသိတော့ပါဘူး...”

“ရပါတယ်… ဒါက အသေးအဖွဲကိစ္စလေးပါ...”

ချမ်ချန်ကန်းက ဂရုမစိုက်စွာ ပြောလိုက်၏။

ဤအဘိုးကြီးက အထက်ဘုံမှ အင်မော်တယ်တစ်ပါး ဖြစ်ပုံရသည်။ သူသာ မိုဝန်ထျန်းကို မကူညီခဲ့လျှင် တပည့်လက်ခံပွဲတွင် အနိုင်ရရှိရန် မဖြစ်နိုင်ချေ။

မိုဝန်ထျန်းကဲ့သို့သော အသုံးမကျသူ တစ်ယောက်ကို ဤမျှလောက် ပါရမီရှင် တစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ခြင်းကြောင့် ချမ်ချန်ကန်းက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယအပေါ် အတော်လေး အကောင်းမြင်နေဆဲ ဖြစ်၏။

ဘေးဘက်ရှိ မိုဝန်ထျန်းကလည်း ချမ်ချန်ကန်းကို ပို၍ပင် လေးစားကြည်ညိုလာသည်။

စီနီယာ့ကို ဆရာအဖြစ် တပည့်ခံလိုက်ခြင်းက လုံးဝ အမှားအယွင်း မရှိကြောင်း သေချာလှပေသည်။

မည်သို့ပင်ဖြစ်စေ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာက အစွမ်းထက်သော်လည်း သူ့ကိုယ်သူတောင် ပြန်လည်ရှင်သန်လာအောင် မလုပ်နိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဆရာကတော့ လက်ဖျစ်တစ်ချက်တီးရုံဖြင့် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကို အလွယ်တကူ ပြန်လည် ရှင်သန်လာစေခဲ့၏။

ဆရာက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာထက် ပို၍ အစွမ်းထက်သည်မှာ သေချာလှပေသည်။

ထိုနည်းတူပင် ဤအခိုက်အတန့်၌ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကိုယ်တိုင်ကလည်း ချမ်ချန်ကန်းအပေါ် အကြွင်းမဲ့ ယုံကြည်လေးစားသွားခဲ့ပြီ ဖြစ်သည်။

ချမ်ချန်ကန်းအပေါ် မည်သည့် အထင်သေးမှုမျှ မထားရှိရဲတော့ဘဲ ရိုသေလေးစားလာကာ အလွန်တရာ ကြောက်ရွံ့ကြည်ညိုသွားတော့၏။

ချမ်ချန်ကန်းက ပြုံးလိုက်ပြီး သူ၏ အကြည့်များကို မိုဝန်ထျန်းထံသို့ ထပ်မံ ပို့လွှတ်လိုက်သည်။

“မိုဝန်ထျန်း... ငါ့ဆီလာခဲ့...”

“အမိန့်အတိုင်းပါ ဆရာ...”

မိုဝန်ထျန်းက ချမ်ချန်ကန်းထံသို့ လျှောက်သွားလိုက်၏။

ချမ်ချန်ကန်းက မိုဝန်ထျန်း၏ နဖူးပေါ်သို့ လက်တင်လိုက်ပြီးနောက် ချက်ချင်းပင် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ အကူအညီဖြင့် မိုဝန်ထျန်းက နဂါးကျောရိုးကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း သူ၏အရည်အချင်းမှာ ထိုမျှသာရှိပြီး သိပ်မမြင့်မားလှပေ။

စမ်းသပ်ချက်မျှော်စင်ကို ဖြတ်သန်းပြီးနောက် အရည်အချင်း တစ်စိတ်တစ်ပိုင်း တိုးတက်လာခဲ့သော်လည်း အလွန် အားနည်းနေဆဲဖြစ်၏။

သူ၏ တပည့် ဖြစ်လာသည်နှင့်အညီ အရည်အချင်းက မြင့်မားနေရမည် ဖြစ်သည်။

ထို့ထက်ပို၍ ချမ်ချန်ကန်းက မိုဝန်ထျန်း၏ အနာဂတ်အပေါ် အလွန်အမင်း အကောင်းမြင်နေမိ၏။

အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်၏ အောက်တွင် မိုဝန်ထျန်းမှာ အသွင်ပြောင်းလဲမှုများကို ဖြတ်သန်းနေရပြီး သူ၏ အရည်အချင်းများ တိုးတက်လာကာ အဆက်မပြတ် သန်မာလာနေပေသည်။

မိုဝန်ထျန်းက မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲကို ခံစားလိုက်ရ၏။

*ငါ အရင်ကထက် ပိုသန်မာလာပုံရတယ်…*

အထူးသဖြင့် ပတ်ဝန်းကျင်မှ များပြားလှသော အင်မော်တယ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ ကျင့်ကြံမှုကို ပိုမိုလျင်မြန်စွာ အဆင့်ကျော်ဖြတ်နိုင်ရန် ကူညီပေးနေသည်။

ဘေးဘက်ရှိ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ တုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် မိုဝန်ထျန်း၏ အရည်အချင်းများ ပြောင်းလဲနေကြောင်း သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

အရည်အချင်း တိုးတက်လာခြင်းက သူ၏ ကျင့်ကြံမှု အရှိန်အဟုန်ကို မြန်ဆန်စေရန် ကူညီပေးပေသည်။

ဤအံ့ဖွယ်နည်းလမ်းက တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။

စီနီယာက တကယ့်ကို ခန့်မှန်း၍မရနိုင်လောက်အောင် နက်နဲလှပေသည်။

အင်မော်တယ်အင်ပါယာတစ်ပါးဖြစ်သော သူကိုယ်တိုင်ပင်လျှင် မိုဝန်ထျန်း၏ အခြေခံ အရည်အချင်းကို တိုးတက်လာအောင် လုပ်ပေးနိုင်မည့် နည်းလမ်းမရှိချေ။

နဂါးကျောရိုးကို ဖွင့်လှစ်ခြင်းဖြင့်သာ သူ၏ အလားအလာများကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

ဤကဲ့သို့ သေရာမှ ပြန်လည်ရှင်သန်စေပြီး အရည်အချင်းကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းမျိုးကို အထက်ဘုံရှိ အင်မော်တယ်နယ်မြေ၏ အရှင်သခင်ကိုယ်တိုင်ပင်လျှင် မပိုင်ဆိုင်ထားပေ။

ထို့ကြောင့် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ချမ်ချန်ကန်းအပေါ် ပို၍ပင် ရိုသေကြောက်ရွံ့သွားတော့၏။

မကြာမီမှာပင် ချမ်ချန်ကန်းက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူက မိုဝန်ထျန်း၏ အရည်အချင်းကို အဆုံးစွန်ထိ မြှင့်တင်ပေးရန် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

မိုဝန်ထျန်း၏ အရည်အချင်းက အဆုံးစွန်ထိ တိုးတက်လာပြီးနောက် အသိသာဆုံး အချက်မှာ သူ၏ ကျင့်ကြံမှုပင် ဖြစ်သည်။

အင်မော်တယ်စွမ်းအင် စုပ်ယူမှု အမြန်နှုန်းက ဆယ်ဆထက်မက ပိုမို မြန်ဆန်လာပြီး စိတ်အာရုံမှာလည်း ပို၍ ကြည်လင်လာကာ အတိတ်က ကျင့်ကြံမှုများတွင်ရှိခဲ့သော ရှုပ်ထွေးမှုများနှင့် နားမလည်နိုင်မှုများက ရုတ်ခြည်း ရှင်းလင်းသွားတော့၏။

မိုဝန်ထျန်းမှာ အလွန်ဝမ်းသာသွားပြီး အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။

“တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်...”

ထို့နောက် ချက်ချင်းပင် မိုဝန်ထျန်းက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူ၍ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။

“ဆရာ… ဒါက တပည့်ရဲ့ ဆရာ့အပေါ် ထားရှိတဲ့ ရိုသေမှုပါပဲ...”

“ဒါကဘာလဲ...”

ချမ်ချန်ကန်းက မေးလိုက်သည်။

မိုဝန်ထျန်းက ပြုံး၍ ပြောလိုက်၏။

“ဆရာ... ဒီသိုလှောင်လက်စွပ်ထဲမှာ တပည့် တောင်ပေါင်းတစ်သိန်းတောင်တန်းကို တပည့်လက်ခံပွဲ တက်ဖို့ လာတုန်းက ဂူထဲကျသွားပြီး ရခဲ့တဲ့ အင်မော်တယ်ရတနာတွေ ပါပါတယ်...”

“မင်းက အဲဒီအင်မော်တယ်ရတနာထဲကနေ အတော်လေး မဆိုးတဲ့ ပစ္စည်းတွေရခဲ့ပုံပဲ... ဒါကြောင့် မင်းက အင်မော်တယ်အဆောင် သောင်းနဲ့ချီပြီး ထုတ်သုံးနိုင်ကာ ပိုင်ယွဲ့နဲ့ အတူတူ သေနိုင်ခဲ့တာကိုး... တကယ့်ကို ချမ်းသာပြီး အစွမ်းထက်တာပဲ...”

မိုဝန်ထျန်းက ရယ်မောလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ အားနာစွာ ပြောလိုက်သည်။

“ဆရာ.. စီနီယာအစ်မနဲ့ အတူတူ သေနိုင်ခဲ့တာက တပည့်ရဲ့ ကံကောင်းမှု သက်သက်ပါပဲ...”

“ကံကောင်းခြင်းဆိုတာကလည်း စွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ... လက်စွပ်ထဲမှာ သိမ်းထားတဲ့ ပစ္စည်းတွေကို မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ... အဲဒီ လျှို့ဝှက်ရတနာတွေကို ဆရာက အသုံးမလိုပါဘူး...”

ချမ်ချန်ကန်းက ပြောလိုက်၏။

“ဆရာ... လျှို့ဝှက်ရတနာ အင်မော်တယ်လက်နက်တွေအပြင် တခြား ပစ္စည်းတွေလည်း ရှိပါသေးတယ်...”

ဘေးဘက်ရှိ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။

“စီနီယာ... မိုဝန်ထျန်း ရထားတဲ့ အင်မော်တယ်ရတနာက သာမန် မဟုတ်ပါဘူး... အဲဒီ လျှို့ဝှက်ရတနာတွေအပြင် ကောင်းကင်နဲ့မြေကြီး ရတနာတွေ၊ အဆောင်တွေနဲ့ အမျိုးမျိုး အသုံးဝင်တဲ့ အင်မော်တယ်ကျောက်တုံးတွေလည်း အများကြီး ပါပါတယ်... ပြီးတော့ အဆင့်မြင့် တာအိုစည်းချက်ပစ္စည်းအချို့တောင် ပါသေးတယ်... အဲဒါတွေကို မိုဝန်ထျန်းက သိမ်းထားလည်း အသုံးမဝင်လှပါဘူး... ကျွန်တော်မျိုးကတော့ တာအိုစည်းချက်ပစ္စည်းတွေက စီနီယာ့အတွက် အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်...”

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ စကားကို ကြားသောအခါ ချမ်ချန်ကန်းက မျက်လုံးများကို မနေနိုင်ဘဲ မှေးကျဉ်းလိုက်မိတော့၏။

All Chapters