← Chapters

အခန်း ၂၆၇

Vol. 23 Ch. 267

အခန်း ၂၆၇

Vol. 23 Ch. 267

အခန်း (၂၆၇) အသားဝါရောင်နှင့် အမျိုးသမီး၊ ကျားကို တောင်ပေါ်မှ မျှားထုတ်ခြင်း

ဟွမ်ဖူအင်မော်တယ်မိသားစု တည်ရှိရာ အင်မော်တယ်ကန္တာရမြို့တော်ရှိ စားသောက်ဆိုင် တစ်ဆိုင်။

မျက်နှာအသားအရေ ဝါဖျော့ဖျော့နှင့် အမျိုးသမီးတစ်ဦးက ပြတင်းပေါက်နားတွင် ထိုင်၍ သေရည် သောက်နေ၏။

မျက်နှာက ဝါဖျော့ပြီး ရုပ်ဆိုးသော်လည်း သူမ၏ ခန္ဓာကိုယ် အချိုးအစားကမူ ကောက်ကြောင်းများ ပေါ်လွင်နေပြီး ဆွဲဆောင်မှု ရှိလှသည်။

သို့သော်လည်း လူအများစုက ဤအသားဝါရောင်နှင့် အမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရသောအခါ တစ်မုဟုတ်ချင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြ၏။

ဝမ်းနည်းစရာပင်။

ဤမျှဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ပိုင်ရှင်လေးက မည်သို့လုပ်၍ ဤမျှ ရုပ်ဆိုးနေရသနည်း။

အသားဝါရောင်နှင့် အမျိုးသမီးကလည်း ဂရုမစိုက်ဘဲ တိတ်ဆိတ်စွာ ဆက်သောက်နေသည်။

ထိုအခိုက်၌...

သူမ၏ သိုလှောင်လက်စွပ်ထဲရှိ အဆောင်တစ်ခုမှ သတင်းစကားတစ်ခု ဝင်လာ၏။

ဤသည်က အခြားသူများနှင့် ဆက်သွယ်ရန် အသုံးပြုသော အင်မော်တယ် ဆက်သွယ်ရေးအဆောင်ဖြစ်သည်။

အသားဝါရောင်နှင့် အမျိုးသမီးက ကြည့်လိုက်၏။

သူမ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီးနောက် ပြန်ပြေလျော့သွားကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူမ၏ နီရဲသော နှုတ်ခမ်းလေးက အနည်းငယ် ပွင့်ဟသွားပြီး သေရည်တစ်ငုံ သောက်လိုက်၏။

ဟွမ်ဖူအင်မော်တယ်မိသားစု၏ စံအိမ်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အင်မော်တယ်သက်တံ အနည်းငယ်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး အဝေးသို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။

အင်မော်တယ်သက်တံတိုင်းက လျှပ်စီးသဖွယ် မြန်ဆန်ပြီး ၎င်းတို့၏ အရှိန်အဝါကလည်း အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှ၏။

အင်မော်တယ်သက်တံ ဆယ့်နှစ်ခုဖြစ်ပြီး အင်မော်တယ်သက်တံတစ်ခုစီမှ ထွက်ပေါ်နေသော အရှိန်အဝါက အင်မော်တယ်အင်ပါယာအဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုအင်မော်တယ်သက်တံဆယ့်နှစ်ခုက မိန်နျင်ကို ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဖြစ်၏။

မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါး ထွက်ခွာသွားပြီးနောက် စားသောက်ဆိုင်အတွင်း ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာသည်။

“အင်မော်တယ်အရှင်သခင်ချန်းမိန်ပဲ... အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါးက ကိုယ်တိုင်လိုက်ပါ စောင့်ရှောက်သွားလိမ့်မယ်လို့ မထင်ထားဘူး...”

“ဒါက သေချာပေါက် လုပ်ရမယ့်ကိစ္စပဲလေ... မနေ့က လေလံပွဲမှာ တာအိုစည်းချက်ပစ္စည်းတွေအတွက် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ၆၀၀၀ ကျော်တောင် လေလံဆွဲခဲ့တာ... ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ ဘယ်အင်မော်တယ် အင်အားစုကများ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ၆၀၀၀ကို တစ်ကြိမ်တည်း ထုတ်ပေးနိုင်မှာလဲ...”

“ငါ သတင်းတစ်ခု ကြားထားတယ်... ဟွမ်ဖူအင်မော်တယ်မိသားစုက လေလံပွဲ ကျင်းပရုံသာမကဘဲ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ၆၀၀၀ ကျော် လေလံဆွဲနိုင်ခဲ့တဲ့အပြင် အခြားအင်မော်တယ်တွေဆီကနေလည်း အင်မော်တယ်ကျောက်တုံး ထောင်ချီပြီး ချေးငှားထားတယ်တဲ့...”

ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်းက လေပူတစ်ချက် မှုတ်ထုတ်လိုက်မိကြ၏။

“ဒါဆိုရင် ဟွမ်ဖူအင်မော်တယ်မိသားစုဆီမှာ အခု ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သောင်းချီ ရှိနေလောက်တယ်... တကယ့်ကို ကြောက်စရာကောင်းတာပဲ...”

“ဟွမ်ဖူအင်မော်တယ်မိသားစုက အတိအကျ ဘာလုပ်ချင်နေတာလဲ...”

“အဲဒါကို စဉ်းစားနေစရာ လိုသေးလို့လား... သေချာပေါက် စီနီယာက လိုချင်လို့ပေါ့... မဟုတ်ရင် ဟွမ်ဖူအင်မော်တယ်မိသားစုက အဲ့လောက်များတဲ့ အင်မော်တယ်ကျောက်တုံးတွေနဲ့ ဘာလုပ်မှာလဲ...”

“ဟုတ်တယ်... ဟုတ်တယ်... ငါ ထင်တာကတော့ အင်မော်တယ်အရှင်သခင်ချန်းမိန်က အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါးရဲ့ အကာအကွယ်နဲ့ ရွှယ်ဝူအင်မော်တယ်နယ်မြေကနေ ထွက်ခွာပြီး စီနီယာကျင့်ကြံနေတဲ့ နေရာကို သွားဖို့ ပြင်ဆင်နေတာ ဖြစ်မယ်...”

…

လူများ စကားပြောဆိုနေကြစဉ် အင်မော်တယ်များစွာ၏ မျက်လုံးများက တည်ငြိမ်မှုမရှိဘဲ အရောင်လက်နေကြ၏။

ခြေထောက်ဖြင့် စဉ်းစားလျှင်ပင် သိနိုင်ပေသည်။ ထိုအင်မော်တယ်ကျောက်တုံးများက အင်မော်တယ်အရှင်သခင်ချန်းမိန်၏ ကိုယ်ပေါ်တွင် ရှိနေနိုင်ကြောင်းကို လူတိုင်း သိကြ၏။

အကယ်၍ အင်မော်တယ်အရှင်သခင်ချန်းမိန်ထံမှ အင်မော်တယ်ကျောက်တုံးများကို လုယူနိုင်ပါက သူတို့ သေချာပေါက် အများကြီး ချမ်းသာသွားလိမ့်မည် ဖြစ်သည်။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။

မိန်နျင် မြို့ပြင်သို့ ထွက်ခွာသွားသည်နှင့် မှောင်မိုက်သော နေရာမှ အစွမ်းထက် အင်မော်တယ်များက သူမနောက်သို့ တိတ်တဆိတ် လိုက်သွားကြသည်။

“ဖြောင့်ဖြောင့်မတ်မတ် ထွက်သွားတာလား...”

အသားဝါရောင်နှင့် အမျိုးသမီးက ခေါင်းမော့၍ ဖန်ခွက်ထဲရှိ သေရည်များကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် အဆင့်နိမ့် အင်မော်တယ်ကျောက်တုံး တစ်တုံးကို ချထားခဲ့ပြီး ဧည့်ခန်းဆီသို့ ပြန်သွား၏။

ဧည့်ခန်းအလယ်တွင် အမျိုးသားတစ်ဦးက အင်မော်တယ်ကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး သူ၏ အင်မော်တယ်စွမ်းအားများကို လုံးဝ အသုံးမပြုနိုင်အောင် ဖြစ်နေသည်။ သေချာ ကြည့်လိုက်သောအခါ ထျန်းယွမ်အင်မော်တယ်ဘုရင် ဖြစ်နေ၏။

ထျန်းယွမ်အင်မော်တယ်ဘုရင်က အခန်းထဲ ဝင်လာသော အသားဝါရောင်နှင့် အမျိုးသမီးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

“နတ်သမီးယုချန်... ကျွန်တော်က ခင်ဗျားနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး... ဘာလို့ ကျွန်တော့်ကို ဒီကန္တာရမြို့တော်ထိ ဖမ်းခေါ်လာရတာလဲ...”

မှန်ပေသည်။ ထိုအသားဝါရောင်နှင့် အမျိုးသမီးမှာ နတ်သမီးယုချန်ဖြစ်ပြီး ကျန်းမိသားစု၏ ဂုဏ်ယူဝင့်ကြွားရသော သမီးတော် ကျန်းယုချန်ပင်ဖြစ်၏။

ဖေးရှန့်တောင်တွင် ချမ်ချန်ကန်းနှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီးကတည်းက...

သူမက အချိန်အတော်ကြာအောင် ပေါ်မလာခဲ့ပေ။

ကျန်းယုချန်က တောင်းပန်စကား ဆိုလိုက်သည်။

“အင်မော်တယ်ဘုရင် အကူအညီ နည်းနည်း ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... အဲဒီနောက် အင်မော်တယ်ဘုရင်ကို ပြန်လွှတ်ပေးပြီး သေသေချာချာ လျော်ကြေးပေးပါ့မယ်...”

ထျန်းယွမ်အင်မော်တယ်ဘုရင်က နှုတ်ခမ်းထော်၍ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

*လိပ်မ... ခွေးမ... ငါက မကူညီဘူးလို့ ပြောရင် သေလမ်းပဲ ရှိတော့မှာကိုများ…*

ထို့ကြောင့် ထျန်းယွမ်အင်မော်တယ်ဘုရင်က သရော်လိုက်သော်လည်း ဖော်လံဖားလျက်ပင် ရှိသေး၏။

“နတ်သမီးကို ကူညီခွင့်ရတာက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ... နတ်သမီးက တစ်ခွန်းလောက် ပြောလိုက်ရုံနဲ့ ကျွန်တော် ချက်ချင်း လာကူညီပေးမှာပေါ့... ဘာလို့များ ကြိုးတွေနဲ့ ချည်နှောင်နေဖို့ လိုသေးလို့လဲ...”

“အင်မော်တယ်ဘုရင်ပြောတာ မှန်ပါတယ်...”

ကျန်းယုချန်က လက်ကို မြှောက်၍ အင်မော်တယ်ကြိုးများကို ပြန်သိမ်းလိုက်သည်။

ထျန်းယွမ်အင်မော်တယ်ဘုရင်က သူ၏ ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး ဦးညွှတ်လိုက်၏။

“နတ်သမီးက ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ...”

“ရှင်ဆီမှာ စန္ဒကူးအင်မော်တယ်ကြေးမုံရှိတယ်ဆိုတော့... ဟွမ်ဖူမိသားစုက မိန်နျင်ရဲ့ အရိပ်အယောင်ကို ရှာဖို့သိပ်မခက်လောက်ပါဘူး...”

ထျန်းယွမ်အင်မော်တယ်ဘုရင် အလွန်အမင်း ထိတ်လန့်သွား၏။

“နတ်သမီး... ဒီကိစ္စက သိပ်မကောင်းလှဘူးနော်...”

သူက ကျန်းယုချန်ကို ချက်ချင်း နားလည်သွားသည်။ ဤသည်က ကျန်းမိသားစု၏ ရည်ရွယ်ချက် ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။

ယခုအခါ သေသူကို ပြန်ရှင်စေနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် စီနီယာနှင့် မိန်နျင်တို့၏ ဆက်ဆံရေးကို မည်သူ မသိဘဲ နေမည်နည်း။

သူ မနေ့ညကမှ အဖမ်းခံခဲ့ရပြီး လေလံပွဲကိုလည်း တက်ရောက်ခဲ့သည်။

အကယ်၍ သူ ခန့်မှန်းတာမှန်ပါက မိန်နျင်က လေလံပွဲမှ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို သယ်ဆောင်လာခြင်း ဖြစ်သင့်၏။

ထိုထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများက ထိုစီနီယာ့အတွက် ယူဆောင်သွားခြင်း ဖြစ်သည်။

ကျန်းယုချန်က မိန်နျင်၏ အရိပ်အယောင်ကို ရှာဖွေရန် သူ့ကို စန္ဒကူးအင်မော်တယ်ကြေးမုံ အသုံးပြုခိုင်းနေ၏။

မိန်နျင်၏ ကိုယ်ပေါ်ရှိ အင်မော်တယ်ကျောက်တုံးများကို လုယူချင်နေသည်မှာ ထင်ရှားလှပေသည်။

အင်မော်တယ်ကျောက်တုံး သောင်းချီသာ ပျောက်ဆုံးသွားပါက ဟွမ်ဖူမိသားစု အကြီးအကျယ် ဆုံးရှုံးသွားသည်မှာ ပြောစရာပင် မလိုတော့ချေ။

စီနီယာ့ကိုပင် ဒေါသထွက်စေလိမ့်မည် ဖြစ်သည်။

ဤကျန်းမိသားစုက တကယ့်ကို အကြံအစည် ကောင်းလှ၏။

ထျန်းယွမ်အင်မော်တယ်ဘုရင်က သရော်လိုက်သည်။

“နတ်သမီး... ဒ္ကိစ္စက သိပ်မကောင်းလှဘူးနော်...”

ကျန်းယုချန်၏ မျက်နှာက အမူအရာ ကင်းမဲ့နေ၏။

“အင်မော်တယ်ဘုရင်... ရှင် မကူညီဘူးဆိုရင် ချက်ချင်း သတ်ပစ်ရုံပဲ ရှိတော့မှာပေါ့...”

ထျန်းယွမ်အင်မော်တယ်ဘုရင်မှာ ထိတ်လန့်သွားပြီး ကမန်းကတန်း လက်ကာပြလိုက်သည်။

“မလုပ်ပါနဲ့... မလုပ်ပါနဲ့... နတ်သမီးကလည်း စိတ်မလောပါနဲ့... ချက်ချင်း ရှာပေးပါ့မယ်...”

စကားပြောပြီးနော က်စန္ဒကူးအင်မော်တယ်ကြေးမုံကို ထုတ်ယူလိုက်၏။

မကြာမီမှာပင် မိန်နျင်၏ ပုံရိပ်က ကြေးမုံထဲတွင် ပေါ်လာသည်။

ထိုအခိုက်၌ မိန်နျင်က ကျန်းယုချန်ကဲ့သို့ပင် သူမ၏ မျက်နှာကို ပြောင်းလဲထားပြီး အရှိန်အဝါကို ဖုံးကွယ်ကာ အင်မော်တယ်ကန္တာရမြို့တော်မှ ထွက်ခွာသွားပြီ ဖြစ်၏။

မိန်နျင်က အင်မော်တယ်တံခါးပေါက် ဖွင့်မည့် နေရာသို့ ဦးတည်သွားနေသည်။

ဤသည်က ထင်ရှားလှ၏။

စောစောက မိန်နျင်ကို ကာကွယ်ရန် ဟွမ်ဖူအင်မော်တယ်မိသားစုမှ စေလွှတ်လိုက်သော အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါးမှာ ကျားကို တောင်ပေါ်မှ မျှားထုတ်သည့် အကွက်တစ်ခု သက်သက်သာ ဖြစ်သည်။

ဤမြင်ကွင်းကို ကြည့်၍ ကျန်းယုချန်က အံ့အားသင့်မသွားဘဲ မေးလိုက်၏။

“သူမ ဘယ်နေရာက အင်မော်တယ်တံခါးပေါက်ကို သွားတာလဲ...”

ထျန်းယွမ်အင်မော်တယ်ဘုရင်က အနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

“နတ်သမီး... ဒီကိစ္စက ကျန်းမိသားစုနဲ့ ဟွမ်ဖူအင်မော်တယ်မိသားစုကြားက ပြဿနာပါ... ကျွန်တော်က လူဆိုးလေး တစ်ယောက်အနေနဲ့ ဝင်မပါတော့ပါဘူး... ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်...”

ထျန်းယွမ်အင်မော်တယ်ဘုရင် ညွှန်ပြသော လမ်းကြောင်းကို ကြည့်၍ ကျန်းယုချန်က ပြုံးလိုက်၏။

“ကျေးဇူးပဲ...”

ထို့နောက် သူမက ကျေးဇူးဆပ်သည့်အနေဖြင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ချန်ထားခဲ့ပြီး လှည့်ထွက်သွားတော့သည်။

All Chapters