← Chapters

အခန်း ၂၆၈

Vol. 23 Ch. 268

အခန်း ၂၆၈

Vol. 23 Ch. 268

အခန်း (၂၆၈) ကြားဖြတ်တိုက်ခိုက်ခြင်း၊ လုံခြုံသော နေရာ

ကျန်းယုချန် ထွက်သွားပြီးနောက် ထျန်းယွမ်အင်မော်တယ်ဘုရင်မှာ သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်ရန်ပင် မစောင့်နိုင်တော့ချေ။

သူ၏ မျက်လုံးများက အရောင်လက်သွားပြီး ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ဆယ်တုံးကို ထုတ်ယူလိုက်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“ကျန်းမိသားစုက တကယ့်ကို ချမ်းသာပြီး အင်အားကြီးတာပဲ…”

ထို့နောက် ထျန်းယွမ်အင်မော်တယ်ဘုရင်က ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။

ရွှယ်ဝူအင်မော်တယ်နယ်မြေတွင် ပုံသေပွင့်နေသော အင်မော်တယ်တံခါး လေးပေါက်ရှိ၏။ ၎င်းတို့မှာ အရှေ့၊ တောင်၊ အနောက်နှင့် မြောက် ဟူသော အရပ်လေးမျက်နှာတွင် တည်ရှိသည်။

အကယ်၍ မိန်နျင်ကို ကျန်းယုချန်က ကြားဖြတ်တိုက်ခိုက်ခဲ့လျှင် အင်မော်တယ်ကျောက်တုံးများ အလုခံရပေမည်။ သူ သတိမထားလျှင် တစ်စုံတစ်ယောက်က သူ့အပေါ် သံသယဝင်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် စန္ဒကူးအင်မော်တယ်ကြေးမုံရတနာကို သယ်ဆောင်ထားသည် မဟုတ်ပါလော။

သက်ပြင်းချလိုက်၏။

ဤတစ်ကြိမ်တွင် အန္တရာယ်များမည်ဟု သူ ခံစားနေရသည်။ လူအများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် ရွှယ်ဝူအင်မော်တယ်နယ်မြေမှ အရင်ဆုံး လစ်ထွက်သွားခြင်းက ပိုကောင်းပေမည်။

ထို့ကြောင့် ထျန်းယွမ်အင်မော်တယ်ဘုရင်က ဘေးနားရှိ ရှမီအင်မော်တယ်နယ်မြေသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

မိန်နျင်က အနောက်ဘက်အင်မော်တယ်တံခါးသို့ သွားရောက်ခဲ့ပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့၏။

အခြားတစ်ဖက်တွင် အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါး၏ မျက်လှည့်လှည့်စားသည့် နည်းလမ်းက မြောက်ဘက်အင်မော်တယ်တံခါးသို့ ဦးတည်သွားခဲ့သည်။

အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါးက စောင့်ကြပ်သွားသော်လည်း အခြားသော အင်မော်တယ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်မှာ ထူးဆန်းမနေချေ။ သူတို့က သောင်းနှင့်ချီသော ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို သိမ်းပိုက်လိုကြောင်း ထင်ရှားနေသည်။

မိန်နျင်၏ လုံခြုံရေးကို သေချာစေရန်ဟူသော ဟွမ်ဖူမိသားစု၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။

မိန်နျင်မှာ အနောက်ဘက်အင်မော်တယ်တံခါးအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ ခရီးစဉ် ချောမွေ့မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း သူမ စိတ်ပျက်သွားရ၏။ ကြီးစိုးလွှမ်းမိုးနိုင်သော အငွေ့အသက်တစ်ခုပြီးတစ်ခုက လောကကြီးကို ရိုက်ခတ်လာပြီး ဧရာမပိုက်ကွန်ကြီးတစ်ခုအဖြစ် ယက်လုပ်ကာ မိန်နျင်ကို ဖုံးလွှမ်းသွားသည်။

မိန်နျင်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားသည်။

ဤအရာကို သတိပြုမိချိန်တွင် ထိုဧရာမပိုက်ကွန်ကြီးထဲမှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။

သူမ၏ မျက်နှာမှာ အကျည်းတန်နေ၏။

*ဘာတွေဖြစ်နေတာလဲ… သူမရဲ့ တည်နေရာက ဘာလို့ ပေါ်သွားရတာလဲ*

ကျန်းယုချန် ပေါ်လာသည်။ ကျန်းယုချန်အပြင် ကျန်းမိသားစု၏ အင်မော်တယ်အင်ပါယာ နှစ်ဆယ့်ငါးပါးလည်း ပါရှိနေ၏။

ကျန်းမိသားစုက ဤကိစ္စကို အတော်လေး အရေးထားပုံပေါ်သည်။ အခြေအနေ အရပ်ရပ်အတွက် အင်မော်တယ်အင်ပါယာ နှစ်ဆယ့်ငါးပါး အတိအကျကို စေလွှတ်လိုက်ခြင်း ဖြစ်၏။

မိန်နျင်က အင်မော်တယ်အရှင်သခင် တစ်ပါးသာဖြစ်သည်။ အစွမ်းထက်သော ရန်သူများ ဝိုင်းရံထားသဖြင့် မိန်နျင် လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ချေ။

“ကျန်းမိသားစု…”

မိန်နျင်၏ စိတ်ထဲတွင် လေးလံသွားသည်။

ကျန်းယုချန်က အနည်းငယ် ပြုံးလိုက်ရာ သူမ၏ လှပသော မျက်နှာလေးကြောင့် ငါးများ ရေအောက်ငုပ်၍ ငန်းများ ကောင်းကင်မှ ပြုတ်ကျသွားမတတ် တင့်တယ်လှပနေ၏။

“အင်မော်တယ်အရှင်သခင်ချန်းမိန်… အဲဒီအင်မော်တယ်ကျောက်တုံးတွေကို ပေးလိုက်… ဒါဆို ရှင့်အသက်ကို ချမ်းသာပေးမယ်…”

“တွေးတောင် မတွေးနဲ့…”

မိန်နျင်၏ မျက်နှာက အေးစက်သွားသည်။

“အင်မော်တယ်ကျောက်တုံးတွေက စီနီယာနဲ့ သက်ဆိုင်တယ်… ရှင်တို့က တကယ်ပဲ အတင်းအဓမ္မ လုယူရဲတယ်ဆိုရင် အကျိုးဆက်တွေကို စဉ်းစားထား…”

မိန်နျင်၏ စကားကို ကြားသောအခါ ကျန်းယုချန်က ပြုံးနေဆဲ ဖြစ်သော်လည်း သူမ၏ စိတ်ထဲတွင်လည်း အနည်းငယ် လေးလံသွားသည်။ သူမက မမိုက်မဲချေ။ မိန်နျင် ပြောခဲ့သော စီနီယာဆိုသည်မှာ ကျူးရှိူ့တိုက်ကြီးတွင် ပုန်းအောင်းနေသည့် ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓအရှင်သခင် ဖြစ်နိုင်ခြေ အများဆုံးပင်။

အစောပိုင်းက ကျန်းယုချန်သည် ဗုဒ္ဓအရှင်သခင်နှင့် ရင်ဆိုင်ရစဉ်က အထိတ်တလန့် ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ဗုဒ္ဓအရှင်သခင်က သူမကို မသတ်ခဲ့ပေ။ ထို့ကြောင့်သာ သူမက ရွှယ်ဝူအင်မော်တယ်နယ်မြေသို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာနိုင်ခြင်း ဖြစ်၏။

ယခု ကျန်းယုချန်အနေဖြင့် ချမ်ချန်ကန်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိလိုသည်မှာ အမှန်ပင်။ သို့သော်လည်း ကျန်းမိသားစု၏ အမိန့်ဖြစ်သောကြောင့် သူမ နားထောင်ခဲ့ရသည်။

ထို့အပြင် သူမကို မစေလွှတ်လျှင်ပင် ကျန်းမိသားစုက အခြားတပည့်များကို သေချာပေါက် စေလွှတ်မည်သာ ဖြစ်၏။

သူမကို အဘယ်ကြောင့် ဤနေရာသို့ မစေလွှတ်ဘဲ နေမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ဤပုဂ္ဂိုလ်ကို ဒေါသထွက်စေခဲ့ပြီး သူ တစ်ကျော့ပြန် ပြန်လာသောအခါ ကျန်းမိသားစု ပျက်စီးရမည်မှာ ရှောင်လွှဲ၍ မရနိုင်သောအရာ ဖြစ်သည်။

ကျန်းယုချန်၏ စိတ်ထဲတွင်ပင် ဟွမ်ဖူအင်မော်တယ်မိသားစုကို အတော်လေး မနာလို ဖြစ်နေမိသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်၏ ခြေသလုံးကို ဟွမ်ဖူအင်မော်တယ်မိသားစုက ဖက်တွယ်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ အတော်လေး အဓိပ္ပာယ်မဲ့လွန်းသည်။ ဟွမ်ဖူအင်မော်တယ်မိသားစု ပိုမို အစွမ်းထက်လာမည်မှာ ထိုက်တန်လှပေသည်။

ကျန်းယုချန်က ပြုံး၍ ပြောလိုက်သည်။

“အင်မော်တယ်အရှင်သခင်ချန်းမိန်… ရှင်က အင်မော်တယ်အရှင်သခင် တစ်ပါးတည်းပါ… ကျွန်မဆီမှာ အင်မော်တယ်အင်ပါယာ နှစ်ဆယ့်ငါးပါး ရှိတယ်… ရှင် ဘယ်လိုလုပ် ခုခံနိုင်မှာလဲ…”

“ဒါ့အပြင် အဲဒီစီနီယာက ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ ရှိမနေဘူးလေ… သူက ရှင့်ကို မကူညီနိုင်ပါဘူး… အင်မော်တယ်ကျောက်တုံးတွေကို လုယူပြီး ရှင့်ကို သတ်လိုက်ရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး…”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် မိန်နျင်က တိတ်ဆိတ်သွားသည်။ သူမ၏ ရင်ခွင်ထဲတွင် ကူချင်တစ်လက် ပေါ်လာရုံသာ။

သွယ်လျသော ကျောက်စိမ်းရောင် လက်ချောင်းများက ကြိုးများကို ပွတ်ဆွဲလိုက်ရာ ကူချင်၏ တချွင်ချွင်မြည်သံက ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားပြီး သတ်ဖြတ်ခြင်း အသံအဖြစ် ပြောင်းလဲသွား၏။

သို့သော်လည်း ကျင့်စဉ်အဆင့် ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှပြီး ခွန်အားဖြင့် အစားထိုး၍ မရနိုင်ချေ။

ထိုအင်မော်တယ်အင်ပါယာများက အရေးမစိုက်သလို ကြည့်နေပြီးနောက် တိုက်ခိုက်လိုက်ကြသည်။

ကျန်းယုချန်က သတိပေးလိုက်၏။

“သူမကို မသတ်ကြနဲ့…”

မကြာမီမှာပင် မိန်နျင်မှာ ဖိနှိပ်ခံလိုက်ရပြီး ကျန်းယုချန်၏ ရှေ့သို့ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ မိန်နျင်က ကျန်းယုချန်ကို အေးစက်စက် ကြည့်လိုက်၏။

အင်မော်တယ်အင်ပါယာတစ်ပါးက ပါးစပ်ဟ၍ ကျန်းယုချန်ကို ပြောလိုက်သည်။

“သခင်မလေး… သူမ ကိုယ်ပေါ်မှာ အင်မော်တယ်ကျောက်တုံး အများကြီး မတွေ့ရဘူး…”

“တကယ်ပဲ… ဟွမ်ဖူမိသားစုက မမိုက်မဲဘူးပဲ…”

ကျန်းယုချန်မှာ အံ့သြသွားပုံမရဘဲ ပြုံးလိုက်သည်။

မိန်နျင်က တိတ်ဆိတ်နေ၏။

“အင်မော်တယ်အရှင်သခင်ချန်းမိန်… တကယ်တော့ ကျွန်မက စီနီယာရဲ့ အင်မော်တယ်ကျောက်တုံးတွေကို လုယူဖို့ လာခဲ့တာ မဟုတ်ပါဘူး… ရှင့်ရဲ့ ဟွမ်ဖူအင်မော်တယ်မိသားစုနဲ့ စီနီယာကြားမှာ ဘယ်လို သဘောတူညီချက်တွေ ရထားလဲဆိုတာ မေးချင်ရုံပါ…”

“ရှင်သာ ကျွန်မကို ပြောပြမယ်ဆိုရင် ရှင့်ကို လွှတ်ပေးမယ်…”

ကျန်းယုချန်၏ စကားကို ကြားသောအခါ အင်မော်တယ်အရှင်သခင်ချန်းမိန်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားပြီး သရော်လိုက်၏။

“ငါက ဘာလို့ နင့်ကို ပြောပြရမှာလဲ…”

“နင် ငါ့ကို သတ်လိုက်ရင်တောင် စီနီယာ့ဆီ အင်မော်တယ်ကျောက်တုံးတွေ ပို့ပေးမယ့် တခြားလူတွေ ရှိလာမှာ အသေအချာပဲ…”

ကျန်းယုချန်က အနည်းငယ် ပြုံးလိုက်ပြီး အင်မော်တယ်အင်ပါယာများကို နောက်ဆုတ်ခိုင်းလိုက်ရာ သူမနှင့် မိန်နျင် နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

“အင်မော်တယ်အရှင်သခင်ချန်းမိန်… ကျွန်မရဲ့ ကျန်းမိသားစုနဲ့ ရှင့်ရဲ့ ဟွမ်ဖူအင်မော်တယ်မိသားစုက ဘာလို့ နှစ်ဖက်စလုံး အထိနာခံရမှာလဲ… မူလကတော့ ကျန်းမိသားစုရဲ့ အစီအစဉ်ကို ကျွန်မ သဘောမတူခဲ့ဘူး… ဘာလို့လဲဆိုတော့ အဲဒီစီနီယာကို ရန်စမိရင် ကောင်းကျိုး မခံစားရဘူးဆိုတာ သိနေလို့ပဲ…”

“နင့်ကိုယ်နင် သိပုံပဲ…”

မိန်နျင်မှာ အံ့အားသင့်သွားသည်။

ချမ်ချန်ကန်းက အစွမ်းထက်ပြီး အတိုင်းအဆမသိနိုင်ကြောင်း၊ သေခြင်းမှ ပြန်လည်ရှင်သန်စေနိုင်ကြောင်းနှင့် နည်းလမ်းပေါင်းစုံ ရှိသည့်အပြင် ယခင်က အင်မော်တယ်နယ်မြေ၏ အရှင်သခင်ဖြစ်ခဲ့သော ဝူမင်ပင်လျှင် ချမ်ချန်ကန်းအပေါ် ယုံကြည်လက်ခံထားကြောင်း သူမ အသေအချာ သိထား၏။

အဘယ်ကြောင့်ဆိုသော် သူမက ချမ်ချန်ကန်းနှင့် ဆုံတွေ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ထိုသို့သော သိမြင်မှုရှိပြီး ချမ်ချန်ကန်းအပေါ် ကြောက်ရွံ့ရိုသေမှု ရှိနေခြင်း ဖြစ်၏။

သို့သော် ဤနေရာရှိ ကျန်းယုချန်၏ လေသံကို နားထောင်ကြည့်ရသည်မှာ သူမက အဘယ်ကြောင့် ချမ်ချန်ကန်းကို ထိုမျှကြောက်ရွံ့စိုးရိမ်နေရသနည်း။ မည်သို့ပင်ဆိုစေကာမူ ကျန်းယုချန်က ချမ်ချန်ကန်းကို ယခင်က တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။

မိန်နျင်မှာ အလွန်ဝေခွဲမရဖြစ်သွားသည်။

ကျန်းယုချန်က မိန်နျင်၏ မျက်လုံးထဲမှ ဝေခွဲမရ ဖြစ်နေမှုကို မြင်သွားပုံရပြီး ပြုံးလိုက်၏။

“တကယ်တော့ ကျွန်မက စီနီယာ့ကို အရင်က မြင်ဖူးပါတယ်… ဒါပေမဲ့ အင်မော်တယ်နယ်မြေတွေထဲက အင်မော်တယ်မိသားစုနဲ့ စီနီယာ့ကြားမှာ ပတ်သက်မှု ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… အဲ့လိုဖြစ်နေမှတော့ ရှင့်ရဲ့ ဟွမ်ဖူအင်မော်တယ်မိသားစုက လုပ်နိုင်တယ်ဆိုရင် ကျွန်မရဲ့ ကျန်းမိသားစုလည်း လုပ်နိုင်မှာပေါ့…”

ထိုသို့ပြောပြီးနောက် ကျန်းယုချန်၏ မျက်လုံးများက မီးရှုးများသဖွယ် တောက်ပသွားသည်။

တစ်ချိန်က သူမ ချမ်ချန်ကန်းနှင့် ရင်ဆိုင်ရစဉ် ရှုပ်ထွေးလှသော ရနံ့များကြောင့် စီနီယာက မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားပြီး ထွက်ပြေးခဲ့ရဖူးသည်။ ဟွမ်ဖူအင်မော်တယ်မိသားစုက မည်သို့ ပြုလုပ်ခဲ့သည်ကို သူမ မသိသော်လည်း၊ ချမ်ချန်ကန်း၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း သူတို့ သိမသိဆိုသည်ကိုမူ ကောင်းစွာ မပြောတတ်ချေ။

သို့သော် ကျန်းယုချန်၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုရှိနေသည်။ ၎င်းမှာ ဟွမ်ဖူအင်မော်တယ်မိသားစုကဲ့သို့ သူမလည်း ချမ်ချန်ကန်း၏ ခြေသလုံးကို ဖက်တွယ်မည် ဖြစ်၏။

မည်သို့ပင်ဆိုစေ ထိုသူမှာ တစ်ချိန်က ထောင်သောင်းချီသော အင်မော်တယ်များကို ကြီးစိုးလွှမ်းမိုးခဲ့ပြီး အမှောင်ခေတ်ကို ဦးဆောင်ခဲ့သည့် ဗုဒ္ဓအရှင်သခင်ပင် ဖြစ်သည်။

ကျန်းမိသားစုကသာ ချမ်ချန်ကန်း၏ ခြေသလုံးကို ဖက်တွယ်နိုင်မည်ဆိုလျှင်၊ သူ တစ်ကျော့ပြန် ပြန်လာပြီး အထက်ဘုံသို့ ရောက်ရှိလာမည့် အချိန်ကို စောင့်ရုံသာ။

သူမ၏ ကျန်းမိသားစုအတွက် ရှင်သန်ရပ်တည်စရာ နေရာတစ်ခု ရှိလာပေလိမ့်မည်။

All Chapters