← Chapters

အခန်း ၂၇၈

Vol. 24 Ch. 278

အခန်း ၂၇၈

Vol. 24 Ch. 278

အခန်း (၂၇၈) ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကြေညာချက်

ဖြေရှင်းရန် နည်းလမ်းရှိသွားပြီဖြစ်သဖြင့် ချမ်ချန်ကန်းသည် ကျူးရှိူ့တိုက်ကြီးရှိ သက်ရှိအားလုံး၏ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။

ထို့နောက် ချမ်ချန်ကန်းက ပိုင်ယွဲ့အား ချက်ချင်း ပြောလိုက်၏။

“ပိုင်ယွဲ့... မင်းက ကောင်းကင်တာအိုရဲ့ စွမ်းအားကို သုံးပြီးတော့ အောက်ဘုံကနေ အထက်ဘုံကို တက်လှမ်းမယ့်အကြောင်း ကျူးရှိူ့တိုက်ကြီးက သက်ရှိတွေအားလုံးကို အသိပေးလိုက်ပါ...”

ပိုင်ယွဲ့က လေးနက်တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် ကောင်းကင်တာအို၏ စွမ်းအားက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပိုင်ယွဲ့၏ အသံက ကျူးရှိူ့တိုက်ကြီးရှိ သက်ရှိအားလုံးနီးပါး၏ နားထဲသို့ ပျံ့နှံ့ရောက်ရှိသွားသည်။

“ကျွန်မက စီနီယာချမ်ချန်ကန်းရဲ့ တပည့် ပိုင်ယွဲ့ပါ... အခု ကျွန်မက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်အဖြစ် တာဝန်ယူထားပါတယ်... ကျူးရှိူ့တိုက်ကြီးမှာရှိတဲ့ သက်ရှိအားလုံးကို ကျွန်မ ပြောစရာတစ်ခု ရှိပါတယ်...”

ဤသည်က ကောင်းကင်တာအို၏ စွမ်းအားဖြစ်ပြီး အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှ၏။ စိတ်ကူးတစ်ချက်တည်းဖြင့်ပင် ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး သက်ရှိအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားစေနိုင်သည်။

ရေတွက်၍မရနိုင်သော ကျင့်ကြံသူများမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ ဤသူက ကောင်းကင်တာအို၏ အစောင့်အရှောက် နတ်ဘုရားမပင် ဖြစ်ပေသည်။ ကျူးရှိူ့တိုက်ကြီး၏ အုပ်စိုးသူ အစစ်အမှန်ဖြစ်ပြီး အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။

ထို့နောက်...

ပိုင်ယွဲ့က တက်လှမ်းခြင်း အစီအရင်တစ်ခုကို တည်ဆောက်ပြီး အထက်ဘုံသို့ တက်လှမ်းရန် ပြင်ဆင်မည့်အပြင် ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲမည့် စီမံကိန်းအကြောင်းကိုပါ ရှင်းပြလိုက်သည်။

ထိုစီမံကိန်းကို ကြေညာလိုက်သောအခါ တစ်မုဟုတ်ချင်းပင် ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေ၏။ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံး ဆူပွက်သွားစေလုမတတ် ဖြစ်သွားသည်။

ဤစီမံကိန်းက အမှန်တကယ်ပင် အံ့မခန်း ဖြစ်လှ၏။ ကျင့်ကြံသူအားလုံးမှာ အံ့သြမှင်တက်သွားကြသည်။

ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ ကြိုးစားပမ်းစား ကျင့်ကြံနေကြသော ကျင့်ကြံသူများမှာလည်း သူတို့၏ ကျင့်ကြံခြင်းများကို ရပ်တန့်လိုက်ရပြီး ဖေးရှန့်တောင်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာအမူအရာများမှာလည်း ထပ်တူပင် အံ့အားသင့်ကာ စိတ်လှုပ်ရှားနေကြပြီး မျက်လုံးများထဲတွင် ပို၍ပင် အရူးအမူး ဖြစ်နေကြသည်။

ဤသည်က ပေါက်ကွဲထွက်သွားစေလောက်သည့် သတင်းတစ်ပုဒ်ပင် ဖြစ်သည်။

အောက်ဘုံဆိုသည်မှာ နိမ့်ကျသည့် နေရာတစ်ခုဖြစ်ကြောင်း အားလုံး သိထားကြ၏။ အထက်ဘုံကမူ အလွန်တရာ မြင့်မြတ်လှပေသည်။ အင်မော်တယ်အဖြစ် တက်လှမ်းခြင်းဆိုသည်က ကျူးရှိူ့တိုက်ကြီးရှိ ကျင့်ကြံသူအားလုံး ကြိုးစားပမ်းစား ကျင့်ကြံပြီး အလိုချင်ဆုံးသော ပန်းတိုင်တစ်ခု ဖြစ်သည်။

ယခုအခါ၌မူ သူတို့ လုံးဝ ကျင့်ကြံရန် မလိုအပ်ဘဲနှင့်ပင် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တော့မည်ဖြစ်၏။ ထိုအစား သူက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို အင်မော်တယ်နယ်မြေအဖြစ် မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ဤကိစ္စက လူတိုင်း၏ အသိဉာဏ်ကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

ပိုင်ယွဲ့က မျက်လုံးများကို မှိတ်၍ ကျူးရှိူ့တိုက်ကြီးအတွင်းမှ အပြောင်းအလဲများကို အာရုံခံလိုက်သည်။ အံ့သြစရာတော့ မဟုတ်ပေ။ ကျင့်ကြံသူ အားလုံးမှာ စိတ်လှုပ်ရှား ဆူပွက်နေကြပြီး ဤစီမံကိန်းကို ဆန့်ကျင်မည့်သူ တစ်ယောက်မျှ မရှိသလောက်ပင် ဖြစ်၏။

ထိုကျင့်ကြံသူများထံမှ ယုံကြည်မှုစွမ်းအားများပင် ထွက်ပေါ်လာပြီး အရှေ့၊ အနောက်၊ တောင်နှင့် မြောက် အရပ်လေးမျက်နှာရှိ အစီအရင်များထဲသို့ စီးဆင်းဝင်ရောက်သွားသည်။ ယင်းက တက်လှမ်းခြင်းအစီအရင်၏ စွမ်းအားကို ပိုမို အားကောင်းလာစေ၏။

သေချာပေါက် ပိုင်ယွဲ့က မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။ သူမက ကျူးရှိူ့တိုက်ကြီးရှိ သက်ရှိအားလုံးကို တက်လှမ်းခြင်း ဖြစ်စဉ်အတွင်း ကျူးရှိူ့တိုက်ကြီးသည် တက်လှမ်းခြင်း ကပ်ဘေးဒုက္ခကို ခံစားရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ အကယ်၍ သူတို့သာ ဂရုမစိုက်ပါက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံး ဖျက်ဆီးခံရမည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်ခဲ့လျှင်တောင်မှ သူတို့၏ ကျင့်ကြံခြင်းအခြေခံများက ပုရွက်ဆိတ်များကဲ့သို့ အလွန်အားနည်းနေသေးကြောင်းနှင့် အကယ်၍ အခြားအင်မော်တယ်နယ်မြေမှ အစွမ်းထက်သူများ ကျူးကျော်လာပါက သူတို့ လုံးဝ ခုခံနိုင်မည် မဟုတ်ကြောင်းကိုလည်း ပြောပြခဲ့သည်။

သို့သော်လည်း ထိုအချိန်ရောက်လာပါက ကျူးရှိူ့အင်မော်တယ်နယ်မြေ၏ ဝင်ပေါက်ကို တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ထားရှိမည်ဖြစ်ပြီး သူမ၏ ဆရာဖြစ်သူ ချမ်ချန်ကန်းက ကိုယ်တိုင်တာဝန်ယူ စောင့်ကြပ်ပေးမည် ဖြစ်သည်။ ထို့ကြောင့် အခြားအင်မော်တယ်နယ်မြေမှ အစွမ်းထက်သူများ ကျူးကျော်လာမည်ကို စိုးရိမ်ရန် မလိုအပ်တော့ချေ။

ပိုင်ယွဲ့၏ စကားဆုံးသွားသောအခါ... အချို့သော ကျင့်ကြံသူများက ကြောက်ရွံ့နေကြသော်လည်း ၎င်းက အလွန်သေးငယ်သော အစိတ်အပိုင်းလေးသာ ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူ အများစုကမူ ကျရှုံးမှု၏ အကျိုးဆက်များကို ခံစားရမည်ကို ကြည်ဖြူစွာ လက်ခံထားကြ၏။ လောကတွင် အလကားရသော နေ့လယ်စာဆိုသည်မှာ မရှိပေ။

ထိုအရာကို ကျင့်ကြံသူ အားလုံး သိထားကြသည်။

ကျူးရှိူ့တိုက်ကြီး တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် သူတို့သည်လည်း အထက်ဘုံမှ လူများနှင့် တန်းတူဖြစ်သွားမည် ဖြစ်၏။ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေဿများက ကွာခြားသွားမည် ဖြစ်သဖြင့် သူတို့ ထပ်မံ၍ တက်လှမ်းရန် မလိုအပ်တော့ဘဲ အင်မော်တယ် ဖြစ်လာရန်မှာပင် သူတို့အတွက် များစွာ ပိုမို လွယ်ကူသွားမည် ဖြစ်သည်။

အကယ်၍ ကျူးရှိူ့တိုက်ကြီးကသာ အင်မော်တယ်နယ်မြေအဖြစ်သို့ မတက်လှမ်းနိုင်ပါက ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးတွင် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည့် ကျင့်ကြံသူ မည်မျှ ရှိမည်နည်း။ အလွန်တရာ နည်းပါးလှမည်ဟု ဆိုရပေမည်။ သို့သော် အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားခြင်းကမူ ခြားနားပေသည်။ လူတိုင်းက အင်မော်တယ်တစ်ပါး ဖြစ်လာရန် အခွင့်အရေး ရရှိနိုင်ပေ၏။

ထို့ထက်ပို၍ ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ ဖြစ်သော စီနီယာချမ်ချန်ကန်း ရှိနေသေးသည်။ သူက ခန့်မှန်း၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသည့် ပြိုင်ဘက်ကင်း ဆရာသခင်တစ်ပါး ဖြစ်၏။ သူတို့က တက်လှမ်းခြင်း ကပ်ဘေးဒုက္ခကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ပြီး အင်မော်တယ်များဖြစ်လာသရွေ့ ထိုစီနီယာ၏ အကာအကွယ်အောက်တွင် အင်မော်တယ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက်ရန်သာ လိုအပ်တော့သည်။

ဤနေရာတွင် ချမ်ချန်ကန်းအပေါ် ကျင့်ကြံသူ အားလုံးက ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသကဲ့သို့ အလွန်အမင်း ရိုသေလေးစားကာ ကိုးကွယ်နေကြပြီ ဖြစ်၏။ စီနီယာသည် မြင့်မြတ်သော သီလနှင့် ပြည့်စုံကာ သဘောထားကြီး၍ ရက်ရောပြီး ကမ္ဘာလောကအတွက် နှလုံးသားတစ်ရပ်ရှိကာ ကျူးရှိူ့တိုက်ကြီးကို အကျိုးပြုသဖြင့် ကျင့်ကြံသူ အားလုံး၏ လေးစားအားကျမှုကို ခံရပေသည်။

ပိုင်ယွဲ့က အရာအားလုံးကို ပြောပြပြီးသွား၏။

ထို့နောက် သူမက ကျူးရှိူ့တိုက်ကြီး၏ အခြေအနေကို ချမ်ချန်ကန်းထံ အစီရင်ခံလိုက်သည်။

“ဆရာ... ကျူးရှိူ့တိုက်ကြီးမှာရှိတဲ့ သက်ရှိအားလုံးက အင်မော်တယ်နယ်မြေအဖြစ် တက်လှမ်းမယ့်ကိစ္စကို သဘောတူကြပါတယ်... ဒါပေမဲ့ တက်လှမ်းခြင်း အစီအရင်ကြီးက ယုံကြည်မှုစွမ်းအားတွေကို စုပ်ယူနေတဲ့ အရှိန်ကို ကြည့်ရတာ သူတို့က တက်လှမ်းခြင်း ကပ်ဘေးဒုက္ခအတွက် အတော်လေး စိုးရိမ်နေကြတုန်းပဲ ထင်တယ်... ဘာပဲဖြစ်ဖြစ် ဒါက ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးရဲ့ သေခြင်းရှင်ခြင်းနဲ့ သက်ဆိုင်နေတာကိုး...”

“ခုလောက်အရှိန်မျိုးနဲ့ဆိုရင် တက်လှမ်းခြင်း အစီအရင်က လုံလောက်တဲ့ ယုံကြည်မှုစွမ်းအားတွေကို ဘယ်အချိန်လောက်မှ အပြည့်အဝ စုပ်ယူနိုင်မှာလဲ...”

ချမ်ချန်ကန်းက မေးလိုက်သည်။

“တစ်လလောက်တော့ ကြာလိမ့်မယ်...”

ချမ်ချန်ကန်းက မျက်မှောင်ကြုတ်လိုက်၏။

“နည်းနည်း ကြာသွားတာပဲ...”

“တက်လှမ်းခြင်း အစီအရင်က ယုံကြည်မှုစွမ်းအားတွေကို ပိုမြန်မြန် စုပ်ယူနိုင်အောင် ဘယ်လိုလုပ်လို့ရမလဲ...”

ပိုင်ယွဲ့က အပြစ်မကင်းသလို ခံစားလိုက်ရသည်။

“ဆရာ တပည့်ကို အပြစ်တင်နိုင်ပါတယ်... သူတို့ကို တက်လှမ်းခြင်း ကပ်ဘေးဒုက္ခရဲ့ အန္တရာယ်အကြောင်း မပြောပြခဲ့သင့်ဘူး... အခုတော့ သူတို့ကို စိုးရိမ်ပူပန်အောင် လုပ်မိသလို ဖြစ်သွားပြီ...”

“မင်းအပြစ် မဟုတ်ပါဘူး... သူတို့ သိပိုင်ခွင့် ရှိပါတယ်...”

ချမ်ချန်ကန်းက သက်သောင့်သက်သာ ပြောလိုက်သည်။

ထိုအချိန်တွင် မိန်နျင်က ဝင်ပြောလိုက်၏။

“သူတို့ရင်ထဲက စိုးရိမ်ပူပန်မှုတွေကိုသာ ဖယ်ရှားပေးနိုင်မယ်ဆိုရင် ယုံကြည်မှုစွမ်းအားတွေ စုပ်ယူတဲ့ အရှိန်ကို မြှင့်တင်နိုင်မှာပါ...”

“အဲဒါကို ဘယ်လို ဖယ်ရှားနိုင်မှာလဲ...”

အတန်ကြာအောင် စကားမပြောဘဲ နေခဲ့သော မိုဝန်ထျန်းက မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

ချမ်ချန်ကန်းက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်၏။

“သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားဖို့က အလွန် လွယ်ကူပါတယ်... ငါတို့ဆီမှာ တက်လှမ်းခြင်း ကပ်ဘေးဒုက္ခကို ဖြေရှင်းနိုင်လောက်တဲ့ လုံလောက်တဲ့ စွမ်းအားရှိကြောင်း သူတို့ကို သိအောင် လုပ်ပေးလိုက်ရုံပဲ...”

All Chapters