← Chapters

အခန်း ၂၈၅

Vol. 25 Ch. 285

အခန်း ၂၈၅

Vol. 25 Ch. 285

အခန်း (၂၈၅) သေခြင်းရှင်ခြင်းနှင့် ယှဉ်တွဲလျက် ညဉ့်လမင်းကို ဖြတ်သန်းခံစားခြင်း

သွေးမြူမှုန်များက လွင့်စင်သွားပြီး သနားစရာကောင်းလောက်အောင် စိတ်ပျက်ဖွယ် ဖြစ်နေ၏။

မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့မှာ ဤမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။

သူတို့ တံတွေးတစ်ချက်ကိုပင် မသိမသာ မြိုချလိုက်မိ၏။

သူတို့သိထားသည့် ပိုင်ယွဲ့က ဤမျှ အစွမ်းထက်နေခဲ့သလား။ မည်သို့ကြောင့် ရုတ်ခြည်း ဤမျှသန်မာသွားရသနည်း။

ပိုင်ယွဲ့မှာမူ သူမ၏ လက်သီးဆုပ်လေးကို ကြောင်အမ်းအမ်း ကြည့်နေမိပြီးနောက် ကျန်းချင်း ပေါက်ကွဲထွက်သွားသည့် သွေးမြူမှုန်များဆီသို့ လှမ်းကြည့်လိုက်၏။

အိပ်မက်တစ်ခုကဲ့သို့ မယုံနိုင်စရာ ခံစားချက်တစ်ခု ဖြစ်တည်နေသည်။ ထိုကျန်းချင်းက အင်မော်တယ်သူတော်စင် တစ်ပါးဖြစ်၏။

ဤသို့ဖြင့် သူမ၏ လက်သီးတစ်ချက်တည်းဖြင့် သွေးမြူမှုန်အဖြစ် ပေါက်ကွဲထွက်သွားကာ တစ်မုဟုတ်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

သူမက ဤမျှ အစွမ်းထက်နေခဲ့ပြီလား။

အမြီးလေး၏ မျက်လုံးများက အရောင်လက်နေပြီး သူမ ဘာတွေတွေးနေမှန်း မည်သူမျှ မသိနိုင်ပေ။

ချမ်ချန်ကန်းတစ်ယောက်သာလျှင် သူ၏ အကြည့်များက ဂရုမစိုက်ဟန်ဖြင့် အလွန်အမင်း တည်ငြိမ်နေ၏။

ပိုင်ယွဲ့က ကျန်းချင်းကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်လိုက်ခြင်းက အလွန် ပုံမှန်ဆန်သည့် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

သူက ပိုင်ယွဲ့ကို စွမ်းအားများ ပေးအပ်ထားခြင်း ဖြစ်၏။ ၎င်းက ပြိုင်ဘက်ကင်း စွမ်းအားများ ဖြစ်သည်။

မည်မျှပင် သန်မာနေပါစေ ကောင်းကင်ဘုံမှ နတ်ဘုရားများပင်လျှင် သူမ၏ လက်သီးချက်ကို တားဆီးနိုင်မည် မဟုတ်ပေ။

ကျန်းချင်း သေဆုံးသွားပြီးနောက် ချမ်ချန်ကန်းက သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းစွမ်းအားကို ထပ်မံ အသုံးပြုလိုက်ပြန်၏။

သေဆုံးသွားသော ကျန်းချင်းက နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာသည်။

ဤတစ်ကြိမ်တွင်မူ သူ လုံးဝ ထိတ်လန့်ကြောက်ရွံ့သွားခဲ့၏။

*ငါက ဘယ်သူလဲ...

ငါ ဘယ်ရောက်နေတာလဲ...

နေပါဦး... ငါ ဘာတွေ ဖြစ်သွားတာလဲ...

စိတ်အေးအေးထားစမ်း…*

အစောကတင် သူ့ရှေ့မှာရှိနေသည့် အလှပြ သိုင်းကွက်များသာ သုံးတတ်သော ကောင်မလေး၏ လက်သီးတစ်ချက်တည်းဖြင့် သွေးမြူမှုန်အဖြစ် ပေါက်ကွဲထွက်သွားခဲ့သလိုပင်။

*ငါက အင်မော်တယ်သူတော်စင်တစ်ပါးလေ... လမ်းဘေးက ခွေးတွေ ကြောင်တွေမှ မဟုတ်တာ…*

ကျန်းချင်း ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ချမ်ချန်ကန်းက ထိုကောင်မလေးကို နောက်တစ်ခွန်း ပြောလိုက်သည်ကို ကြားလိုက်ရ၏။

“ပိုင်ယွဲ့... နောက်တစ်ကြိမ် ထပ်လုပ်လိုက်...”

“ဟုတ် ဆရာ...”

ပိုင်ယွဲ့၏ မျက်လုံးများက ကြယ်တာရာများသဖွယ် တောက်ပသွားပြီး မူလက အံဩမှင်သက်မှုအပြီး ယခု သူမက အလွန်အမင်း စိတ်လှုပ်ရှားလာ၏။

ချမ်ချန်ကန်း၏ စွမ်းအားကို အားကိုးရခြင်း ဖြစ်သော်လည်း ပိုင်ယွဲ့ကို အင်မော်တယ်သူတော်စင်တစ်ပါးအား သတ်ခွင့်ရစေခဲ့သည်။ သို့တိုင်အောင် သူမ အလွန်ပျော်ရွှင်နေပြီး ဖော်ပြ၍မရနိုင်သော စိတ်ကျေနပ်မှုမျိုးကို ခံစားနေရ၏။

မည်သို့ပင်ဖြစ်စေ အင်မော်တယ်သူတော်စင်များဆိုသည်က အထက်စီးမှနေ၍ အခြားသူများကို ပုရွက်ဆိတ်များသဖွယ် သဘောထားတတ်ကြသည် မဟုတ်ပါလား။

ယခုတော့ သူမရှေ့မှ အင်မော်တယ်သူတော်စင် ကျန်းချင်းမှာ သူမ၏ လက်သီးချက်ဖြင့် အသတ်ခံလိုက်ရသည်။ ဤခံစားချက်က တကယ့်ကို အမိုက်စားပင် ဖြစ်၏။

ထို့နောက် သူမ နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးချလိုက်ပြန်သည်။

ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားကြီးက ဖိချိတ်သွား၏။

ကျန်းချင်းမှာ နာကျင်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများကြားတွင် ထပ်မံသေဆုံးသွားရပြန်သည်။

ထို့နောက် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းဖြင့် ချမ်ချန်ကန်းက သူ့ကို ပြန်လည်ရှင်သန်စေခဲ့၏။

သုံးကြိမ်ဆက်တိုက်ပင်...။

ဤအရာက ကျန်းချင်းအား ချမ်ချန်ကန်း၏ ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအားကို အပြည့်အဝ နားလည် သဘောပေါက်သွားစေခဲ့သည်။

သူ ယခုမှပင် သိရှိသွား၏။ ကြည့်ရသည်မှာ သူ သေဆုံးသွားပြီးနောက် သူ့ကို ပြန်လည် ရှင်သန်လာစေရန် အစစ်အမှန် နဂါးအင်မော်တယ်ဆေးနှင့် ယှဉ်နိုင်သည့် ထိပ်တန်းအဆင့် ဆေးလုံးမျိုးကို အသုံးပြုခဲ့ခြင်း မဟုတ်ပေ။

၎င်းအစား လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အမင်း အစွမ်းထက်လှသော စွမ်းအားတစ်ခုဖြင့် တိုက်ရိုက်ပြန်လည် ရှင်သန်လာစေခဲ့ခြင်း ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် ပေါက်ကွဲကြေမွသွားပြီး ဝိညာဉ်ပါပြာကျကာ အစအန ပျောက်ကွယ်သွားခဲ့လျှင်ပင် သူ့ကို ပြန်လည် အသက်ဝင်လာစေခဲ့၏။

ပြန်လည်ရှင်သန်စေနိုင်သည့် စွမ်းရည်ရှိသော ထိပ်တန်းအဆင့်ဆေးလုံးဖြစ်သည့် အစစ်အမှန် နဂါးအင်မော်တယ်ဆေးပင်လျှင် ဤမျှထိတ်လန့်ဖွယ်ကောင်းသော အစွမ်းအာနိသင်ရှိရန် လုံးဝ မဖြစ်နိုင်ချေ။

ဆိုလိုသည်မှာ သူ့ရှေ့တွင် ရှိနေသော ချမ်ချန်ကန်း၌ သေဆုံးသွားသူများကို ပြန်လည်ရှင်သန်လာစေနိုင်သည့် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်သော နည်းစနစ် ရှိနေခြင်း ဖြစ်ဖို့ များသည်။

ထို့ကြောင့် ကျန်းချင်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရ၏။

*ကြောက်ရွံ့ခြင်း...

တုန်လှုပ်ခြင်း...

ထိတ်လန့်ခြင်း…*

အကယ်၍ သူက သေဆုံးသူများကို အမှန်တကယ် ပြန်လည်ရှင်သန်လာစေနိုင်သည်ဆိုပါက သူ့ရှေ့မှ ချမ်ချန်ကန်းဆိုသည်မှာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေမည်နည်း။

ဤသို့ထိတ်လန့်ဖွယ်ကောင်းသော သပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချင်း၏ စိတ်ထဲ၌ လုံးဝ ခုခံနိုင်စွမ်း မရှိသကဲ့သို့ ခံစားလိုက်ရသည်။

*ငါတော့ ဘဝဆက်တိုင်း ကံဆိုးမိုးမှောင် ကျနေတာ သေချာပြီ... ဒီလိုထိတ်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးကိုမှ သွားပြီး ရန်စမိခဲ့တာကိုး…*

အသက်ရှင်ရန် မျှော်လင့်ချက် မဆိုထားနှင့်... သေချင်လျှင်ပင် သေခွင့်ရမည် မဟုတ်တော့ချေ။

ပိုင်ယွဲ့က ကျန်းချင်းကို နှစ်ကြိမ် သတ်ဖြတ်ခဲ့ပြီးနောက် အလွန်ပျော်ရွှင်နေကာ မြေခွေးနားရွက်လေးများ လှုပ်ရှားသွားပြီး သူမနောက်ကျောမှ မြေခွေးအမြီးလေးကိုပါ လှုပ်ယမ်းလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ...”

“ဒီအဘိုးကြီးက မင်းကို ကောင်းကင်တာအိုရဲ့ ဒဏ်ခတ်မှု နှစ်ကြိမ်တိုင်တိုင် ခံစားရအောင် လုပ်ခဲ့တာ... သူ့ကို အကြိမ်နှစ်ဆယ်လောက် သတ်ရင်တောင် နည်းသေးတယ်...”

ချမ်ချန်ကန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ ပိုင်ယွဲ့၏ ရင်ထဲတွင် အတိုင်းမသိ ကြည်နူးသွားပြီး သူမ၏ လှပသော မျက်နှာလေးမှာ ရဲတွတ်သွားသည်။

“ဆရာက တပည့်အပေါ် အရမ်း ကောင်းတာပဲ...”

“ဒီအရှင်ရဲ့ တပည့်ဖြစ်မှတော့ ငါကလွဲရင် ဘယ်သူမှ မင်းကို အနိုင်မကျင့်ရဲစေရဘူး...”

ချမ်ချန်ကန်းက ပြောလိုက်၏။

ရိုးရှင်းသော စကားတစ်ခွန်း ဖြစ်သော်လည်း အကြွင်းမဲ့ လွှမ်းမိုးနိုင်စွမ်းများနှင့် ပြည့်နှက်နေသည်။

“သခင်ကြီး... အသက်ကို ချမ်းသာပေးပါ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...”

“ကျေးဇူးပြုပြီး ဒီကျွန်အိုကြီးရဲ့ အသက်ကိုလည်း ချမ်းသာပေးပါ...”

ယခုအခါတွင် ကျန်းချင်းမှာ အမှန်တကယ်ပင် အကြောက်တရားကို သိမြင်သွားပြီ ဖြစ်၏။

သေဆုံးရသည့် ခံစားချက်က နာကျင်ရပြီး မျှော်လင့်ချက် ကင်းမဲ့လှသည်။

၎င်းက သူ့ကို ဒုတိယအကြိမ် ထပ်မံ မခံစားချင်တော့လောက်အောင် ဖြစ်စေခဲ့၏။

*သေဆုံးလိုက်... ပြန်ရှင်လာလိုက်…*

*အသက်ရှင်လာလိုက်... ပြန်အသတ်ခံရလိုက်…*

သူသည် ဤကိစ္စများကို နောက်တစ်ကြိမ် ထပ်မကြုံချင်တော့ပေ။

မြေကြီးပေါ်တွင် ဒူးထောက်၍ အသနားခံကာ ချမ်ချန်ကန်း သူ့ကို ခွင့်လွှတ်ပေးရန် မျှော်လင့်နေမိသည်။

ချမ်ချန်ကန်းက ဂရုမစိုက်ဟန်ဖြင့်သာ ကြည့်နေဆဲ ဖြစ်၏။

သူ၏ နတ်ဝိညာဉ်အာရုံက သက်ရှည်ကျောင်းတော်ဆီသို့ ပျံ့လွင့်သွားသည်။

မိုဝန်ထျန်းက ထိုနေရာတွင် ကျင့်ကြံနေဆဲဖြစ်ပြီး ရွှေအမြုတေအဆင့်မှ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် အချိန်အနည်းငယ် လိုအပ်ဦးမည် ဖြစ်သည်။

သူက မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့ဘက်သို့ လှည့်ကြည့်လိုက်၏။

“မင်းတို့ကို ဒီအရှင်က တာဝန်တစ်ခု ပေးမယ်... ဒီအဘိုးကြီးကို သေခြင်းရှင်ခြင်းနဲ့ အတူယှဉ်တွဲပြီး ညဉ့်လမင်းကို ဖြတ်သန်းရတာ ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်ခိုင်းလိုက်စမ်း...”

ပြောပြီးသည်နှင့် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားများကို မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း ကောင်းချီးပေးလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် မိန်နျင်နှင့် အင်မော်တယ်အင်ပါယာယီဟိုင်တို့ နှစ်ဦးစလုံး သူတို့၏ ခန္ဓာကိုယ်ထဲတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် ထိတ်လန့်ဖွယ်ကောင်းသော အတိုင်းအဆမရှိ စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ကြရ၏။

ထိုအခါမှသာ သူတို့ သဘောပေါက်သွားကြသည်။

ပိုင်ယွဲ့က ရုတ်ခြည်း ဤမျှအစွမ်းထက်လာပြီး အင်မော်တယ်သူတော်စင်တစ်ပါးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သူတို့ အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။

ဤသူက အင်မော်တယ်သူတော်စင်တစ်ပါး ဖြစ်သည်။

အထက်စီးမှ နေတတ်သူဖြစ်၏။

ယခင်က တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ဖူးခြင်း မရှိပေ။

အင်မော်တယ်သူတော်စင်ကို သတ်ဖြတ်ရန် ဆိုသည်မှာတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သူတို့ နှစ်ဦးမှာ မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်းပင် လှုပ်ရှားချင်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီး အရိပ်အယောင်များ ပြည့်နှက်နေသည်။

အင်မော်တယ်အင်ပါယာယီဟိုင်က အလွန်အမင်း ရိုသေလေးစားစွာဖြင့်...

“စီနီယာ... ကျွန်တော်တို့ကိုသာ လွှဲထားလိုက်ပါ...”

မိန်နျင်ကလည်း အလွန်အမင်း မျှော်လင့်စောင့်စားနေပြီး ချမ်ချန်ကန်းကို ကျေးဇူးတင်စွာဖြင့် လှမ်းကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ပိုးသားကဲ့သို့ နူးညံ့နေပြီး အကြောက်တရားနှင့်တကွ ကြည်ညိုလေးစားမှုများပင် ပြည့်နှက်နေသည်။

သူမ၏ ဆွဲဆောင်မှုရှိပြီး လှုပ်ရှားဖွယ်ကောင်းသော အမူအရာကြောင့် ချမ်ချန်ကန်းမှာ သူမကို နှစ်ခါပြန်၍ပင် မသိမသာ ငေးကြည့်မိသွား၏။

ဤမိန်းကလေးက တကယ့်ကို ဆွဲဆောင်မှုရှိပြီး လှပလွန်းလှသည်။

*ဘယ်လို လုပ်ရပါ့မလဲ…*

ဒီလို အကြည့်မျိုးနဲ့ ကြည့်နေတာ... ဖေဖေကြီးကို မြူဆွယ်ဖို့ အကြံအစည် ရှိနေတာလား…*

“အီအီ...”

ဘေးဘက်တွင်မူ အမြီးလေးက ချမ်ချန်ကန်း၏ ပေါင်ကို ဖက်ထားပြီး ခေါင်းမော့ကာ ချမ်ချန်ကန်းကို သနားစရာကောင်းသော အမူအရာဖြင့် ကြည့်နေ၏။

ရှင်းလင်းချက်အရ... ဆရာ... သမီးလည်း အင်မော်တယ်သူတော်စင်ကြီးကို သေခြင်းရှင်ခြင်းနဲ့ ယှဉ်တွဲပြီး ညဉ့်လမင်းကို ဖြတ်သန်းရတာ ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်ခိုင်းချင်တယ်... ဆိုသည့် သဘောပင်။

ချမ်ချန်ကန်းက အနည်းငယ် ပြုံးလိုက်ပြီး အမြီးလေး၏ ပန်းရောင်သန်းနေသော ပါးမို့မို့လေးကို ဆွဲညှစ်လိုက်၏။

“မင်းက ကလေးလေးပဲ ရှိသေးတယ်... တစ်နေ့လုံး ဘယ်လိုလုပ် သတ်ဖြတ်ဖို့ချည်းပဲ တွေးနေရတာလဲ... မကောင်းပါဘူး... မကောင်းပါဘူး...”

ထိုသို့ပြောရင်း သူက အမြီးလေးကို ပွေ့ချီလိုက်သည်။

“မိန်နျင်၊ အင်မော်တယ်အင်ပါယာ ယီဟိုင်... ဒီအဘိုးကြီးကို မင်းတို့ဆီ လွှဲပေးခဲ့မယ်... ဒီအရှင် အနည်းငယ်အိပ်ချင်လာပြီ...”

သူ စကားပြောပြီးနောက် အမြီးလေးကို ပွေ့ချီကာ လှည့်ထွက်သွားတော့သည်။

All Chapters