← Chapters

အခန်း ၂၈၈

Vol. 25 Ch. 288

အခန်း ၂၈၈

Vol. 25 Ch. 288

အခန်း (၂၈၈) မင်းရဲ့စနစ်က အလွန်ကောင်းမွန်လှတယ်၊ ငါ သဘောကျသွားပြီ

ချမ်ချန်ကန်းက သစ်သားကုလားထိုင်ပေါ်တွင် လှဲလျောင်းနေရင်း သူ၏ ငါးဆားနယ် ရတနာသေတ္တာထဲမှ ရရှိလာသော ပစ္စည်းများကို စစ်ဆေးကာ အမြီးလေး၏ ပါးပြင်ကို ဆွဲလိမ်လိုက်သည်။

အင်မော်တယ်တက်လှမ်းခြင်း အစီအရင်နှင့် ဆင်တူသောအရာ။

ယခုအချိန်၌ ဤမျှကောင်းမွန်သော အရာတစ်ခု ထွက်လာလိမ့်မည်ဟု ချမ်ချန်ကန်း မမျှော်လင့်ထားခဲ့ပေ။

ဤအရာက လိုအပ်နေချိန်တွင် အချိန်ကိုက် ရောက်လာသော အကူအညီတစ်ခုဖြစ်ပြီး ယခု ချမ်ချန်ကန်း အတိအကျ လိုအပ်နေသော အရာလည်းဖြစ်သည်။

ဤအစီအရင်က တိုက်ခိုက်ရေး အစီအရင် မဟုတ်သကဲ့သို့ ကာကွယ်ရေး အစီအရင်လည်း မဟုတ်ဘဲ လုပ်ဆောင်ချက် အသားပေးသော အစီအရင်တစ်ခု ဖြစ်သည်။ ၎င်းက အင်မော်တယ်ကျောက်တုံးများကို စားသုံးမှုအပေါ် အခြေခံ၍ လူများကို အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ရန် ကူညီပေးသည်။

အထူးသဖြင့် စနစ်မှ ပေးထားသော ရှင်းလင်းချက်အရ ဖြစ်၏။

ဤ ရှေးဟောင်း အင်မော်တယ်တက်လှမ်းခြင်း အစီအရင်အသေးစားသည် လူများကို ခုနစ်ရက်အတွင်း အင်မော်တယ်လမ်းကြောင်းကို ရှာဖွေတွေ့ရှိစေနိုင်ပြီး တစ်လအတွင်း အင်မော်တယ်အစစ်အမှန်များ ဖြစ်လာစေနိုင်သည်။ ၎င်းက အောက်ဘုံမှ ကျင့်ကြံသူများ အင်မော်တယ်ဖြစ်လာစေရန်အတွက် အိမ်တိုင်းဆောင်ထားသင့်သော မရှိမဖြစ် အရာတစ်ခုပင် ဖြစ်သည်။

သေချာသည်မှာ ဤအရာက အင်မော်တယ်ကျောက်တုံးများ စားသုံးမှုအပေါ်တွင် အခြေခံထားသောကြောင့် ဖြစ်သည်။ အင်မော်တယ်တစ်ပါးဖြစ်လာရန် အင်မော်တယ်ကျောက်တုံး မည်မျှ စားသုံးရန် လိုအပ်သနည်းဆိုသည်ကိုမူ ချမ်ချန်ကန်း ယခုထိ မသိရသေးပေ။

နောက်နှစ်ရက်လောက်နေလျှင် စမ်းကြည့်ရမည်ဟု သူ တွေးလိုက်၏။

ထို့နောက်တွင်တော့ တာအိုဥပဒေဿကတ်ပြားပင် ဖြစ်သည်။

တာအိုဥပဒေဿကတ်ပြားသည် လူများကို တာအို၏ မူလဇစ်မြစ်ကို ဆုပ်ကိုင်နိုင်စေရန်နှင့် တာအိုဥပဒေဿများကို နားလည် သဘောပေါက်စေရန် ဖြစ်သည်။ အင်မော်တယ်နယ်မြေ၏ အရှင်သခင်ကို သိရှိရန်၊ အင်မော်တယ်နယ်မြေဇစ်မြစ်၏ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ရန်နှင့် အင်မော်တယ်နယ်မြေဇစ်မြစ်၏ ကောင်းချီးပေးမှုဖြင့် တာအိုဥပဒေဿများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် ကူညီပေးနိုင်သည်။

ယေဘုယျအားဖြင့်ဆိုရလျှင် အင်မော်တယ်နယ်မြေ၏ အရှင်သခင် ဖြစ်လာမှသာ အင်မော်တယ်တာအို သူတော်စင်တစ်ပါးဖြစ်လာရန် အရည်အချင်း ပြည့်မီနိုင်မည် ဖြစ်သည်။ ကျန်းချင်း၏ နေရာကဲ့သို့ပင် ဖြစ်သည်။ သူ၏ မျိုးရိုးအမည်မှာ ကျန်း မဟုတ်ဘဲ ဝမ် ဖြစ်ကာ ဝမ်ချင်း ဖြစ်၏။

သူသည် အဆင့်နိမ့် အင်မော်တယ်နယ်မြေတစ်ခု၏ နယ်မြေအရှင်သခင်ဖြစ်သည်။ ထို့နောက်တွင် သူ၏ အဆင့်နိမ့် အင်မော်တယ်နယ်မြေမှာ ကောင်းကင်အင်မော်တယ်နယ်မြေ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး အင်မော်တယ်နယ်မြေ၏ ဇစ်မြစ်သည်လည်း အသိမ်းခံလိုက်ရသည်။ ထို့ကြောင့် ကျန်းချင်းသည် ကျန်းမိသားစုသို့ ဝင်ရောက်ခဲ့ပြီး ကျန်းမိသားစု၏ ပူဇော်ခံ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

ချမ်ချန်ကန်း၏ လက်ထဲရှိ ဤ တာအိုဥပဒေဿကတ်ပြားသည် ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများထက် အဆပေါင်း တစ်သောင်းမက ပိုမိုထိရောက်မှုရှိသည်။ ဤ တာအိုဥပဒေဿကတ်ပြားကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လွယ်ကူစွာ ကျွမ်းကျင်ပိုင်နိုင်သွားမည် ဖြစ်သည်။ အင်မော်တယ်ကျောက်တုံးများ အလုံအလောက် ရှိနေသရွေ့ သူ၏ အရည်အချင်းက အနည်းငယ်မျှ ပိုကောင်းနေလျှင်ပင် အားအနည်းဆုံး ကျင့်ကြံခြင်းအဆင့်ရှိသည့် အင်မော်တယ်တစ်ပါးကို ဖန်တီးပေးနိုင်သည်။

၎င်းက သူ၏ ကျင့်ကြံခြင်းအခြေခံကို တစ်ဟုန်ထိုး တိုးတက်သွားစေနိုင်သည်။ သူ အင်မော်တယ်တာအိုသူတော်စင်တစ်ပါး ဖြစ်လာသည်အထိ ကျင့်ကြံခြင်းအဆင့်များ တစ်ရိပ်ရိပ် မြင့်တက်သွားစေမည် ဖြစ်သည်။ ဆိုလိုသည်မှာ ချမ်ချန်ကန်းသည် ဤ တာအိုဥပဒေဿကတ်ပြားကို အသုံးပြု၍ အင်မော်တယ်တာအို သူတော်စင်တစ်ပါးကို လွယ်ကူစွာ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။

“တကယ့်ကို ကောင်းတဲ့အရာပဲ....”

ချမ်ချန်ကန်းက သက်ပြင်းချလိုက်၏။

ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများကဲ့သို့သော အရာများသည် ရွှယ်ဝူအင်မော်တယ်နယ်မြေ၌ အလုအယက် ခံရတတ်ကြောင်း သိထားရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤ တာအိုဥပဒေဿကတ်ပြားက အင်မော်တယ်နယ်မြေတစ်သောင်းမှ အင်မော်တယ်များကို ရူးသွပ်သွားစေမည် မဟုတ်ပါလော။ သေချာပေါက် ရောင်းချရန်အတွက် အင်မော်တယ်ကျောက်တုံးများစွာ ရရှိလာမည် ဖြစ်သည်။

ထို့နောက်တွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားဖြစ်သည့် သွေးငရဲနဂါးနတ်ဘုရားခန္ဓာက ရှိသေးသည်။

စနစ်မှ ထုတ်ပေးလိုက်သော အရာဖြစ်သဖြင့် အရာအားလုံးက ကောင်းမွန်နေမည်မှာ သေချာသည်။ ယခင်က ရရှိခဲ့သော အပျက်အစီးဓားခန္ဓာကဲ့သို့ပင် ၎င်းကို လင်းပေါင်အာအား ပေးအပ်ခဲ့သည်။ သူမကို ပြန်လည်မွေးဖွားလာစေရန်၊ ကမ္ဘာဦးအပျက်အစီးအဖြစ် အသွင်ပြောင်းရန်နှင့် ဓားသိုင်းလမ်းစဉ်ကို အလင်းပွင့်သွားစေရန် ကူညီပေးခဲ့သည်။

ဤသွေးငရဲနဂါးနတ်ဘုရားခန္ဓာသည် အားနည်းသော အပျက်အစီးဓားခန္ဓာ မဟုတ်ကြောင်း သိသာထင်ရှားလှသည်။ နဂါး၏ သွေးများကို ခန္ဓာကိုယ်ထဲသို့ လောင်းထည့်ကာ အမြင့်မြတ်ဆုံးသော နဂါးခန္ဓာကိုယ်ကို သွန်းလုပ်ပြီး သွေးငရဲ နဂါးတစ်သောင်း ချောက်ကမ်းပါး၏ ဖြစ်စဉ်ကို ကျင့်ကြံနိုင်စေသည်။

အလွန်ကို မိုက်လှသည်။

ကံမကောင်းစွာဖြင့် စနစ်၏ ကန့်သတ်ချက်များကြောင့် ဤအရာများကို သူကိုယ်တိုင် အသုံးပြု၍ မရနိုင်ပေ။

သူက သက်ပြင်းချလိုက်၏။

“ပြိုင်ဘက်ကင်းလွန်းတတာကလည်း... ငါ့ရဲ့ သွားစရာနေရာမရှိတဲ့ ဂုဏ်ကျက်သရေတွေပါပဲ....”

ထို့နောက် ချမ်ချန်ကန်းသည် နောက်ဆုံးမှ သူရရှိထားသော ဒဏ္ဍာရီလာကတ်ကို ကြည့်လိုက်သည်။

စနစ်၏ ရှင်းလင်းချက်အရ ဒဏ္ဍာရီလာကတ်တွင် အဓိက ဂုဏ်သတ္တိသုံးခုရှိကြောင်း ချမ်ချန်ကန်း သိလိုက်ရသည်။ ၎င်းကို ဒဏ္ဍာရီဇာတ်ကောင် ဝင်ရောက်ကစားခြင်းကတ်၊ ဒဏ္ဍာရီ ခေါ်ယူခြင်းကတ်နှင့် ဏ္ဍာရီ လျှို့ဝှက်နယ်မြေကတ်ဟူ၍ ခွဲခြားထားသည်။

၎င်းတို့ကို အဘယ်ကြောင့် ဒဏ္ဍာရီကတ်များဟု ခေါ်ဆိုရသနည်းဆိုလျှင် ဤကတ်များသည် တရုတ်ယဉ်ကျေးမှုမှ ဒဏ္ဍာရီလာ ဇာတ်ကောင်များနှင့် အလွန်ကြီးမားသော ဆက်စပ်မှု ရှိနေသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ဇာတ်ကောင်ကတ်ဆိုလျှင် သင်သည် ထိုကတ်ကို အသုံးပြု၍ ဆွန်ဝူခုန်း၊ ယန်ကျန်း၊ မူလထျန်ကျွင်း၊ ပန်ကုဧကရာဇ်၊ ထိုက်ရှန်းစန်းချင်စသည့် တရုတ်ဒဏ္ဍာရီလာ ဇာတ်ကောင်များအဖြစ် အချိန်အကန့်အသတ်တစ်ခုအထိ ဝင်ရောက် ကစားနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏ အပြည့်အဝ စွမ်းအားများကို ရရှိထားမည် ဖြစ်သည်။

ခေါ်ယူခြင်းကတ်ကမူ ဒဏ္ဍာရီလာ ဇာတ်ကောင်များကို ခေါ်ယူနိုင်သည်။ ဥပမာအားဖြင့် အမြီးကိုးချောင်း မြေခွေးမိစ္ဆာ စုတာ့ကျီ၊ ကွမ်ဟန်နတ်သမီး ချန်အယ်၊ ကောင်းကင်ဘုံကိုးထပ် လျှို့ဝှက်နတ်သမီး...။

*အဟမ်း... မိန်းမလှလေးတွေကိုပဲ ဘယ်လိုလုပ် ခေါ်ထုတ်ဖို့ ကြိုးစားနေရတာလဲ... ဒါက သိပ်ပြီး မသန့်စင်လွန်းဘူး မဟုတ်လား....*

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချမ်ချန်ကန်းသည် ဤဒဏ္ဍာရီ ခေါ်ယူခြင်းကတ်နှင့် ပတ်သက်၍ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

မည်သို့ပင်ဆိုစေကာမူ ငယ်စဉ်ကလေးဘဝမှစ၍ အရွယ်ရောက်သည်အထိ ဤတရုတ်ဒဏ္ဍာရီလာ ဇာတ်ကောင်များ၏ ဖမ်းစားမှုကို သူ ခံခဲ့ရသည် မဟုတ်ပါလော။ သူတို့ကို အမှန်တကယ် ခေါ်ထုတ်ပြီး မြင်တွေ့ရမည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“စနစ်... မင်းက တကယ့်ကို အစွမ်းထက်တာပဲ... ချစ်တယ်... ချစ်တယ်....”

လျှို့ဝှက်နယ်မြေကတ်နှင့် ပတ်သက်၍မူ ၎င်းက ဒဏ္ဍာရီလျှို့ဝှက်နယ်မြေကို ခေါ်ယူရန် ဖြစ်သည်။ လျှို့ဝှက်နယ်မြေထဲတွင် အမျိုးမျိုးသော အန္တရာယ်များ ရှိနေသည်။ တစ်နည်းအားဖြင့် ၎င်းကို ဂိမ်းထဲမှ လျှို့ဝှက်နယ်မြေတစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။ ၎င်းသည် တရုတ်ဒဏ္ဍာရီမှ ဇာတ်ကောင်များနှင့်လည်း ဆက်စပ်နေသည်။

ဥပမာအားဖြင့် ဤလျှို့ဝှက်နယ်မြေက မျောက်မင်းနှင့် ပတ်သက်နေလျှင် သင်သည် လျှို့ဝှက်နယ်မြေထဲတွင် သူ၏ မှော်လက်နက်ကို ရရှိကောင်း ရရှိနိုင်သည်။ သူ၏ မှော်စွမ်းအင်များကိုပင် ကျွမ်းကျင်ပိုင်နိုင်သွားနိုင်သည်။ ဥပမာအနေဖြင့် ဆွန်ဝူခုန်း ကျင့်ကြံခဲ့သည့် တာ့ဖင်ကောင်းကင်အင်မော်တယ် ကျင့်စဉ်သည် ကောင်းကင်နှင့် မြေကြီး၏ ဖန်ဆင်းခြင်းများ၊ နေနှင့် လကို ကျူးကျော်နိုင်သည့် လျှို့ဝှက်ချက်များကို ဆုပ်ကိုင်ထားနိုင်သည်။ ရွှေအမြုတေ အောင်မြင်သွားပြီးနောက်တွင် တစ္ဆေများနှင့် နတ်ဘုရားများပင် လက်ခံနိုင်ရန် ခက်ခဲသွားမည် ဖြစ်သော်လည်း ၎င်းက အင်မော်တယ်နယ်မြေတစ်သောင်းမှ ကျင့်စဉ်များနှင့် နှိုင်းယှဉ်ရန်ကား ဝေးကွာလွန်းနေသေးသည်။

အခြားဥပမာများမှာ ခုနစ်ဆယ့်နှစ်ပါး အသွင်ပြောင်းခြင်း၊ ကောင်းကင်နှင့်မြေကြီး အသွင်ပြောင်းခြင်း၊ မီးမျက်လုံးနှင့် ရွှေမျက်လုံး၊ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်စသည်တို့ပင် ဖြစ်သည်။

မှော်လက်နက်နှင့် ပတ်သက်၍မူ သင်သာ အစွမ်းထက်လျှင် လျှို့ဝှက်နယ်မြေထဲမှ ဆွန်ဝူခုန်း၏ မှော်လက်နက် ရူယီ ရွှေရောင်တုတ်တံကို ရရှိရန်ပင် မဖြစ်နိုင်စရာ မရှိပေ။

အချုပ်အားဖြင့်ဆိုရလျှင် လျှို့ဝှက်နယ်မြေထဲတွင် အရာအားလုံး ရရှိနိုင်ပေသည်။ စနစ်ထံမှ ဤအရာအားလုံးကို သိရှိပြီးနောက် ချမ်ချန်ကန်း သက်ပြင်းချလိုက်၏။

“စနစ်က တန်ပါပေတယ်… ဒီလိုအရာမျိုးတောင် လုပ်နိုင်တာပဲ....”

စကားပြောနေစဉ်မှာပင် သူ၏ ညာဘက်လက် လက်ညှိုးနှင့် လက်ခလယ်ကြား၌ ရွှေရောင် ဒဏ္ဍာရီကတ်တစ်ခု ပေါ်လာသည်။

“စနစ်… ဒါက ဘယ်လို ဒဏ္ဍာရီကတ်မျိုးလဲ....”

ချမ်ချန်ကန်းက မမေးဘဲ မနေနိုင်အောင် ဖြစ်သွား၏။

“စနစ်၏ သတိပေးချက် - ဒဏ္ဍာရီကတ်၏ အပြင်ဘက်တွင် ရွှေရောင် အမြှေးပါးတစ်လွှာ ရှိပါသည်... အိမ်ရှင်အနေဖြင့် ၎င်းကို ခြစ်ထုတ်လိုက်ရုံဖြင့် ဤဒဏ္ဍာရီကတ်က ဒဏ္ဍာရီထဲမှ မည်သည့်ဇာတ်ကောင်နှင့် ဆက်စပ်နေသနည်း၊ မည်သည့် ကတ်အမျိုးအစား ဖြစ်သနည်းဆိုသည်ကို သိရှိနိုင်မည် ဖြစ်ပါသည်....”

ချမ်ချန်ကန်း၏ မျက်လုံးများက အရောင်လက်သွားပြီး ဟေးခနဲ ရေရွတ်လိုက်၏။

“စနစ်... မင်းက ခဲခြစ်ကတ်တွေတောင် ထုတ်ပေးလာတာလား... မင်းက တကယ့်ကို အံ့မခန်းပဲ....”

ထို့နောက် ချမ်ချန်ကန်းသည် မျှော်လင့်တကြီးဖြင့် ရွှေရောင် ဒဏ္ဍာရီကတ်ကို ကြည့်လိုက်သည်။

“ဒါဆိုရင် ဘယ်ဒဏ္ဍာရီလာ ဇာတ်ကောင် ထွက်လာမလဲ ကြည့်ကြတာပေါ့....”

All Chapters