← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) အလကား အသေခံခြင်း

၁၈ ၏ စကားတစ်ခွန်းကြောင့် တင်းမာနေသော အခြေနေတေက ရုတ်တရက်

ပြေလျော့သွားတော့သည်။

ချန်ရှောက်ရယ်မှာ ရယ်ချင်သွားသော်လည်း အသက်နှင့် သေခြင်းကြား လွန်ဆွဲနေရသော

ဤအခြေအနေတွင် ရယ်မောရန်မှာ မဖြစ်နိုင်ချေ။

“ခုန်ချကြမယ်”

ရုတ်တရက် တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။

“ဟုတ်တယ်၊ ခုန်ချရအောင်။ ဒီနေရာက နှစ်ထပ်ပဲ ရှိတာလေ။ ကြိုးတစ်ချောင်း ချည်ပြီး အောက်ကို

ဆင်းလို့ရတယ်”

ချူဟန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သူသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်မှ သံသယဖြစ်ဖွယ်

အကြည့်များကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ကြမ်းပြင်ပေါ်ရှိ ယဲ့ထျန်းလုံ၏ အလောင်းကို အတင်း

ညကောင်းကင်မှာ အလွန်တရာ မှုန်မှိုင်းနေ၏။ လရောင်မှာ သွေးကဲ့သို့ နီရဲသော မြူနှင်းများ

ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အနီရောင် အလင်းတန်းများအဖြစ် အောက်ဘက်

နေရာကို ထွန်းလင်းပေးနေသည်။

ထိုနေရာတွင် ဇွန်ဘီအုပ်ကြီး ပြည့်ကျပ်နေသည်။ ပုပ်ပွကာ အရိုးများ ပေါ်နေသော မရေမတွက်နိုင်သည့်

ဦးခေါင်းများမှာ ကြောက်ရွံ့တတ်သူ မဟုတ်လျှင်ပင် မျက်နှာလွှဲချင်စိတ် ပေါက်လာစေလောက်အောင်

ရွံရှာဖွယ် ကောင်းလွန်းလှသည်။ လူသားဆန်မှု အနည်းငယ်မျှ မရှိသော ဇွန်ဘီများမှာ ငရဲပြည်မှ

ထွက်လာသော နတ်ဆိုးများအလား ပင်။

“ရှင် ဘာလုပ်မလို့လဲ”

ရှန်ကျိုတီက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ သို့သော် ချက်ချင်းပင် သဘောပေါက်သွားကာ

မျက်လုံးများ အရောင်လက်သွား၏။

“အလောင်းကို သုံးပြီး ဇွန်ဘီတွေကို ဆွဲဆောင်မလို့လား။ ဟုတ်သားပဲ၊ ကျွန်မ ဘာလို့ မတွေးမိပါလိမ့်။

ဒါဆိုရင် ဝိုင်းရံထားတာကို ဖောက်ထွက်လို့ ရပြီ...”

“မဟုတ်ဘူး”

ချူဟန်က သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

“အလောင်း တစ်လောင်းတည်းနဲ့ ဘယ်လိုမှ မလောက်ဘူး။ ဒီကောင်တွေ အရေအတွက်က

အရမ်းများတယ်။ ဒီအလောင်းဆို မျက်စိတစ်မှိတ်အတွင်း အရိုးတောင် ကျန်မှာ မဟုတ်ဘူး။ ထွက်ပြေးဖို့

အချိန်လုံလုံလောက်လောက် ရမှာ မဟုတ်ဘူး”

ထိုစကားကြောင့် အသက်ရှင်ကျန်ရစ်သူများမှာ အလန့်တကြား ဖြစ်သွားကြသည်။ ဒေါသနှင့်

ကြောက်ရွံ့မှုများက သူတို့၏ အာရုံကြောများကို ပုံမှန်မဟုတ်လောက်အောင် ဖြစ်သွားစေ၏။

“ဘာ... ဘာသဘောလဲ”

“အလောင်း တစ်လောင်းတည်းနဲ့ မလောက်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ”

“ငါတို့ကို တစ်ခုခု လုပ်မလို့လား။ ငါတို့ကို သတ်ပြီး ဇွန်ဘီစာ ကျွေးမလို့ပေါ့လေ။ ပြီးမှ သူတို့ဘာသာ

ထွက်ပြေးကြမလို့ မဟုတ်လား”

“ဒီ လူမဆန်တဲ့ ကောင်တွေ”

“ရဲတွေမှတ်လို့ အားကိုးမိပါတယ်။ ဘာတေပြောနေတာပဲ”

သူတို့အားလုံးက ကြိုတင် တိုင်ပင်ထားသကဲ့သို့ တစ်နေရာတည်းတွင် စုရုံးသွားကြပြီး ချူဟန်တို့နှင့်

ခပ်လှမ်းလှမ်းမှ ရပ်နေကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် သတိထားမှုနှင့် ရန်လိုမှု အမျိုးမျိုး

ပေါ်လွင်နေ၏။

ချူဟန်မှာ မျက်နှာသေဖြင့်သာ ရှိနေသည်။

အတိတ်ဘဝက ကမ္ဘာပျက်ကပ် ကာလကို ဆယ်နှစ်တိုင်တိုင် ဖြတ်သန်းခဲ့သော သူ၏ အနေဖြင့်

ဤလူများ၏ စိတ်ခံစားချက် အတက်အကျများမှာ သူ့အတွက်တော့ နာကျင်ခြင်း၊ ယားယံခြင်းမျှပင်

မရှိချေ။ သူက ရဲမဟုတ်ကြောင်း ရှင်းပြနေရန်ပင် အချိန်နှမြောနေမိသည်။

“ဖက်တီး၊ မင်း လှုပ်ရှားနိုင်သေးလား”

ချူဟန်က မေးလိုက်သည်။ သူက ကြမ်းပြင်ပေါ်ရှိ

သွေးအိုင်များကို လက်ညှိုးထိုးပြလိုက်၏။

“အိပ်ရာခင်းကို ယူပြီး ဒီသွေးတွေကို အကုန် စုပ်ယူလိုက်။ ပြီးရင် ငါ့ကို ပေး”

“ဟုတ်... ဟုတ်ကဲ့ပါ ဘော့စ်”

ချန်ရှောက်ရယ်မှာလည်း စောစောက အလောင်း တစ်လောင်းတည်းနဲ့ မလောက်ဘူး ဆိုသော စကားကြောင့် အသည်းအေးသွားသူများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သို့သော် ချူဟန်က အမိန့်ပေးလာသောအခါ သူက မသိစိတ်မှ နာခံရန် ရွေးချယ်လိုက်၏။ အဘယ်ကြောင့် မိမိက ချူဟန်ကို ဤမျှအထိ လိုက်နာနေမိသနည်း၊ ချူဟန်၏ ညွှန်ကြားမှုကို သူကိုယ်တိုင်ပင် အနည်းငယ်မျှ နားမလည်နိုင်အောင် ဖြစ်နေသည်။

“သေနတ် တစ်လက်နဲ့ ရှိသမျှ ကျည်ဆန်တွေ အားလုံး လိုတယ်”

ချူဟန်သည် ရှန်ကျိုတီကို တည့်မတ်စွာ စိုက်ကြည့်လိုက်သည်။ သေနတ် ရှိသည်မှာ ဤအမျိုးသမီး နှစ်ဦးသာ ဖြစ်၏။

“အစ်ကိုကြီး ချူဟန်”

ရုတ်တရက် ၁၈ ၏ အသံ ထွက်ပေါ်လာသည်။

သူမသည် တွေဝေနေသော အမူအရာဖြင့် လက်ထဲမှ အော်တိုမက်တစ် ရိုင်ဖယ်နှင့် အပို ကျည်အိမ် အများအပြားကို ချူဟန်၏ ရင်ဘတ်ဆီသို့ ခပ်ကြမ်းကြမ်း တွန်းပေးလိုက်၏။

“သမီးဟာကို ငှားပေးမယ်”

ချူဟန် အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်း လက်ခံယူလိုက်သည်။

“ကျေးဇူးပဲ”

၁၈က နှုတ်ခမ်းကို ဆူလိုက်သည်။

“ဒီတစ်ခါ အသက်ရှင်ရင် နောက်မှ သေချာ ပြန်ပေးနော်”

ချူဟန် အနဲငယ် ပြုံးလိုက်သည်။

‘ပြန်ပေးဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး ထင်တယ်’

သူက ရှန်ကျိုတီထံသို့ အကြည့်ရွှေ့လိုက်သည်။ သူမကလည်း ထွက်မပြေးဘဲ ချူဟန်၏ အကြည့်များကို ရင်ဆိုင်လိုက်၏။

“ဖက်တီးကို သေချာ ကြည့်ထားပေးပါ။ အရူးလုပ်ရပ်တွေ မလုပ်မိစေနဲ့”

ချူဟန်၏ ထိုစကားမှာ သေတမ်းစာ တစ်စောင်ကဲ့သို့ အသံနေအသံထား ပါဝင်နေသည်။

“ဘော့စ်...”

ကြမ်းပြင်မှ သွေးများကို စုပ်ယူထားသော အိပ်ရာခင်းကို ပိုက်ထားသည့် ချန်ရှောက်ရယ်မှာ လန့်ဖျပ်ကာ တုန်ယင်သွားသည်။

“ဘာလုပ်မလို့လဲ ဘော့စ်”

ဒုန်း... ဝုန်း...

လှေကားတွင် စုရုံးနေသော ဇွန်ဘီများ၏ ထိုးစစ်မှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိလာလေပြီ။ ပုံထားသော အလောင်းနံရံကြီးမှာ တဖြည်းဖြည်း ပြိုကျလာပြီး ဇွန်ဘီများ၏ ပြတ်ထွက်နေသော လက်၊ ခြေများနှင့် ပုပ်ဟောင်နေသော အသားစများ လိမ့်ကျလာသည်။ နံရံ တစ်ဖက်တွင် ဇွန်ဘီများကို ရှင်းလင်းစွာ မြင်တွေ့ရသည့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အလောင်းနံရံက ကန့်သတ်ချက်ကို ရောက်နေပြီ။ ဇွန်ဘီ အမြောက်အမြားက ယခုချက်ချင်း ပြိုဆင်းလာတော့မည် ဖြစ်သည်။

ချူဟန်သည် ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်ပြီး အောက်ထပ်တွင် ကွန်ကရစ် နံရံကို ရူးသွပ်စွာ ထုရိုက်နေကြသော ဇွန်ဘီအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။

“ဖက်တီး”

ချူဟန်က လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် ယခင်က တစ်ခါမျှ မတွေ့ဖူးသော နွေးထွေးမှု အရိပ်အယောင်လေး တစ်ခု ပါဝင်နေ၏။

“အဲဒီလောက်လည်း မကြောက်ပါနဲ့ကွာ။ ရှေ့ဆက်ပြီး ဘယ်လို အခြေအနေမျိုးပဲ ကြုံရကြုံရ သတ္တိရှိရှိ ရင်ဆိုင်ပါ။ မင်းဆီမှာ အံ့မခန်း အစွမ်းအစတွေ ရှိနေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်စမ်းပါ”

“ဘာ... ဘာတွေ ပြောနေတာလဲဗျာ”

ချန်ရှောက်ရယ်၏ လည်ချောင်းထဲမှ အသံများ ထွက်ပေါ်လာသည်။ အဆိုးရွားဆုံး ကြိုတင် ခံစားချက်က သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ တင်းကျပ်လာစေ၏။

ချူဟန်သည် စကားမပြောတော့ဘဲ ကျည်အိမ်များကို သေချာစီစဉ်ကာ သေနတ်ကို ရင်ဘတ်တွင် သေချာစွာ တပ်ဆင်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ယဲ့ထျန်းလုံ၏ အလောင်းကို ဆွဲမလိုက်ပြီး အခြား လက်တစ်ဖက်ဖြင့် ချန်ရှောက်ရယ်ထံမှ သွေးစွန်းနေသော အိပ်ရာခင်းကို လှမ်းယူလိုက်၏။

“လတ်ဆတ်တဲ့ သွေးတွေက ဇွန်ဘီတွေကို ဆွဲဆောင်နိုင်တယ်။ ကြမ်းပြင်ပေါ်က သွေးတွေကို အကုန် သုတ်ပြီးပြီ။ ငါ ဒီသွေးနံ့တွေကို အပြင်ဘက်ကို သယ်သွားရင် ဒီကောင်တွေက အနံ့ခံပြီး လိုက်လာလိမ့်မယ်။ အဲဒီတော့ မင်းတို့က...”

ချူဟန်သည် ကြက်သေ သေနေကြသော ပတ်ဝန်းကျင်မှ လူများကို ဝေ့ကြည့်လိုက်ပြီး ပြောသည်။

“အသက်ရှူသံ တိတ်တိတ်လေးနဲ့ ငြိမ်ငြိမ်လေးသာ နေကြ။ အဲဒီလိုလုပ်ရင် လှေကားပေါ်က ဇွန်ဘီတွေလည်း တဖြည်းဖြည်း လူစုကွဲသွားလိမ့်မယ်”

အသက်ရှင်ကျန်ရစ်သူများ၏ ဆူညံသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

အားလုံးက မယုံနိုင်သော မျက်နှာထားဖြင့် ချူဟန်ကို စိုက်ကြည့်နေကြ၏။ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် သူတို့သည် ချူဟန်ကို အပြစ်တင်ခဲ့ကြပြီး ယဲ့ထျန်းလုံကဲ့သို့ သွေးအေးရက်စက်သော တိရစ္ဆာန်ဟု သတ်မှတ်ခဲ့ကြသည်။

ယခုကဲ့သို့ သူကိုယ်တိုင် ဤအကြံပေးလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ကြချေ။

သူက တစ်ယောက်တည်း အနစ်နာခံပေးမလို့လား။

၁၈၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ ကြက်သီးတဖျန်းဖျန်းထကာ တုန်လှုပ်သွားသည်။

ရှန်ကျိုတီ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။

“မလုပ်နဲ့”

သူမက လေသံကို မြှင့်ကာ ပြင်းထန်စွာ ဆန့်ကျင်လိုက်သည်။

“သေချင်နေတာလား။ ပြီးတော့ ရှင်က...”

“ငါသိတယ်”

ချူဟန်က သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူ၏ အကြည့်များက ၁၈၊ ရှန်ကျိုတီနှင့် ချန်ရှောက်ရယ်တို့၏ မျက်နှာများကို တစ်လှည့်စီ အကဲခတ်လိုက်၏။

“ငါ သေသွားရင်တောင်မှ အစီအစဉ်က သေချာပေါက် အောင်မြင်မယ်လို့ မပြောနိုင်ဘူး”

“ဒါဆို ဘာလို့လဲ”

ရှန်ကျိုတီမှာ ချူဟန်၏ အတွေးများကို အနည်းငယ်မျှ နားမလည်နိုင်တော့ချေ။ ဒီလူက ဉာဏ်မကောင်းတာလား ။ ဘာလို့ မိမိအတွက် အကျိုးအမြတ် လုံးဝမရှိတဲ့ လုပ်ရပ်ကို တမင်တကာ သွားရွေးချယ်နေရတာလဲ။

ချူဟန် အနည်းငယ် ပြုံးလိုက်သည်။ ၎င်းမှာ ယခင်က သူ တစ်ခါမျှ မထုတ်ပြဖူးသော အလွန်တရာ နွေးထွေးပြီး အေးချမ်းသော အပြုံးလေးတစ်ခု ဖြစ်သည်။

“အနည်းဆုံးတော့ မင်းတို့ ထွက်ပြေးဖို့ အချိန်နည်းနည်းတော့ ရသွားမှာပေါ့”

စကားဆုံးသည်နှင့် တစ်ပြိုင်နက်...

ဝှစ်...

ချူဟန်၏ ခန္ဓာကိုယ်က ရုတ်တရက် လေထဲသို့ ပျံတက်သွားသည်။ ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် တွေဝေခြင်း အလျဉ်းမရှိဘဲ အမှောင်ထုထဲသို့ ခုန်ချလိုက်တော့၏။

“ဘော့စ်......”

ချန်ရှောက်ရယ်၏ နာကျင်ကြေကွဲဖွယ် အော်ဟစ်သံကြီးက နားစည်ကို ဖောက်ထွက်မတတ် ပဲ့တင်ထပ်သွားတော့သည်။

ရှန်ကျိုတီနှင့် ၁၈တို့ အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြ၏။

ဒီလူ တကယ်ကြီး ခုန်ချသွားတာလား။

ဒါတောင်မှ ကိုယ်တွေကို လွတ်အောင်ပြေးဖို့ အချိန်ရအောင် လုပ်ပေးတာတဲ့လား။

နားနေစခန်း ဒုတိယထပ်၏ ပြတင်းပေါက်များဆီသို့ အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား ချက်ချင်း ပြေးသွားကြသည်။ သူတို့က လည်ပင်းများ ဆန့်ကာ အိပ်ရာခင်းနှင့် အလောင်းကို ပိုက်လျက် ပြုတ်ကျသွားသော ချူဟန်ကို ကြောက်ရွံ့မှုများဖြင့် ငုံ့ကြည့်လိုက်ကြ၏။

ဤနေရာမှာ သာမန် တိုက်ခန်း မဟုတ်ပေ။ နားနေစခန်း အဆောက်အအုံသည် အထပ်တိုင်းတွင် မျက်နှာကြက် မြင့်မားသဖြင့် ဤဒုတိယထပ်မှာ သာမန် အဆောက်အအုံများ၏ သုံးထပ် သို့မဟုတ် လေးထပ်နှင့် ညီမျှသည်။ ဤမျှ အမြင့်မှ ခုန်ချပါက အထူစား စောင်ကြီးများဖြင့် ပတ်ထားလျှင်တောင်မှ အရှိန်ကို အပြည့်အဝ ထိန်းနိုင်မည် မဟုတ်ချေ။

ပို၍ ဆိုးသည်မှာ ချူဟန် ပိုက်ထားသည်မှာ အလွန်ပါးလွှာသော အိပ်ရာခင်း တစ်ခုသာ ဖြစ်နေသည်။ ပြုတ်ကျ၍ မသေလျှင်တောင်မှ အကောင်းပကတိတော့ ဖြစ်နိုင်မည် မဟုတ်ချေ။

အသက်ရှင်ကျန်ရစ်သူ အများစုမှာ အလန့်တကြား ဖြစ်သွားကြပြီး နောင်တတရားများနှင့် ရင်နာမှုများကြောင့် ငိုကြွေးကုန်ကြတော့သည်။ စောစောက သူတို့ မည်မျှ အောက်တန်းကျပြီး ယုတ်မာသော အတွေးများ တွေးခဲ့မိပါသနည်း။ ချူဟန်၏ စေတနာကို သံသယဝင်ခဲ့မိသော မိမိကိုယ်ကိုယ် အပြင်းအထန် ကျိန်ဆဲမိကြတော့၏။

အပြင်ဘက် ကွက်လပ်တွင် ဇွန်ဘီ အမြောက်အမြား စုရုံးနေကြသည်။ ၎င်းတို့သည် အမြင့်မှ ပြုတ်ကျလာသော လူသား ကို ချက်ချင်း သတိပြုမိသွားကြပြီး စိတ်ကြွဆေး ထိုးခံလိုက်ရသကဲ့သို့ ပွက်လောညံသွားကြတော့၏။

ဇွန်ဘီများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး သားကောင်ကို စားသုံးရန် အသင့်ဖြစ်နေသော သားရဲများပမာ ကျောချမ်းဖွယ်ကောင်းပြီး ထူးဆန်းသော အမူအရာများအဖြစ်သို့ပြောင်းလဲသွားသည်။

ပုပ်ဟောင်နေသော ပါးစပ်များက နားရွက်အထိ ပြဲအာသွားပြီး မျက်နှာ၏ သုံးပုံတစ်ပုံခန့်အထိ ကျယ်ဝန်းစွာ ဟလိုက်ကြသည်။

ထိုပါးစပ်များအတွင်းမှ ပုံမှန်မဟုတ်လောက်အောင် ချွန်ထက်နေသော အစွယ်များနှင့် မူလ လုပ်ဆောင်ချက်များ လုံးဝ ဆုံးရှုံးသွားပြီး ပျစ်ချွဲနေသော အသားစအဖြစ် ပြောင်းလဲနေသည့် လျှာများက တွဲလောင်းကျနေ၏။

“ဝေါင်း...”

“ဂါး...”

ဇွန်ဘီများက ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြပြီး လက်နှစ်ဖက်ကို အသည်းအသန် လှုပ်ရမ်းလိုက်ကြသည်။ အပေါ်မှ ကျလာသော သားကောင်ကို ဖမ်းယူရန် အလုအယက် ဖြစ်နေကြတော့၏။

ချူဟန်၏ အမြင်အာရုံကို ဖုံးလွှမ်းသွားသည်ကား မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် အစွယ်ကြီးများသာ ဖြစ်တော့သည်။

All Chapters