← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

(၃၇) အမှိုက်ပဲ သွားစားနေလိုက်

အဝေးမှ တိတ်ဆိတ်စွာ ကြည့်နေသော ရှန်ကျိုတီက ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ

အုပ်ထားလိုက်သည်။ သူမ၏ လက်ချောင်းများကြားမှ တိုးညှင်းသော ရှိုက်သံများက လွတ်ထွက်လာခဲ့၏။

သူမက အားနည်းသော မိန်းမတစ်ယောက် မဟုတ်ပေ။ သို့သော် ပြင်းထန်သော

စိတ်ခံစားမှု ဒဏ်မခံနိုင်တော့ဘဲ မျက်ရည်များကို မည်သို့မျှ ထိန်းချုပ်၍မရနိုင်တော့ချေ။

တစ်ဖက်တွင် ကျားချွန်းကျဲ၏ အလောင်းကို စွန့်ပစ်ရန် ခပ်ဝေးဝေးသို့ ပြေးထွက်လာခဲ့သော ချူဟန်က

ရုတ်တရက် မျက်မှောင်ကုတ်လိုက်သည်။

သူ၏ ဦးနှောက်ထဲတွင် ပြန်လည်စတင်ခြင်း စနစ် ထံမှ အသက်ကင်းမဲ့သော စက်သံတစ်ခုက

ပဲ့တင်ထပ်လာခဲ့၏။

ရှန်ကျိုတီ၏ သစ္စာစောင့်သိမှု ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ။ ရမှတ် ၀.၁ ကို

ပြန်လည်ရယူပါမည်။

“တောက်”

ချူဟန်က မကျေမနပ်ဖြင့် ကျိန်ဆဲလိုက်သည်။

‘ဒီမိန်းမရဲ့ သစ္စာစောင့်သိမှုက ဘာလို့ ဒီလောက်နည်းနေသေးတာလဲ။ ဒါတောင်မှ ၂၀ ရာခိုင်နှုန်းပဲ

တက်လာသေးတယ်ဆိုတော့’

သစ္စာစောင့်သိမှုက ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါက ထိုကိန်းဂဏန်းမှာ အသေဖြစ်သွားမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သစ္စာစောင့်သိမှု ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသော အဖွဲ့ဝင်များသည် ထိုအချိန်မှစ၍ ကိန်းဂဏန်းများ လျော့ကျသွားခြင်းမရှိတော့ဘဲ ဖြည်းဖြည်းချင်း ဆက်လက်မြင့်တက်နေမည်သာ ဖြစ်၏။

သို့သော် ၉၀ ရာခိုင်နှုန်းသို့ မရောက်မီအချိန်အထိ သေးငယ်သော အမှားလေးတစ်ခုကြောင့်ပင် သစ္စာစောင့်သိမှု ကျဆင်းသွားနိုင်ခြေ ရှိသည်။ လက်ရှိ သူ၏အောက်တွင် သစ္စာခံထားသူများအနက် ၉၀ ရာခိုင်နှုန်း ပြည့်မီသူမှာ ချန်ရှောက်ရယ် တစ်ဦးတည်းသာလျှင် စစ်မှန်သောရဲဘော် ဟုခေါ်ဆိုနိုင်ပေသည်။ ၁၈ မှာ ငယ်ရွယ်သေးသဖြင့် ပျိုးထောင်ရလွယ်ကူသော်လည်း ရှန်ကျိုတီ ဆိုသော အမျိုးသမီးကတော့…

‘ဒီမိန်းမက သိမ်းသွင်းရတာ အရမ်း ခက်ခဲလွန်းတယ်’

ချူဟန် ထွက်ခွာသွားပြီးနောက် အချိန်အတော်ကြာသည်အထိ ရှန်ကျိုတီက အပြင်ဘက်တွင် ဆက်နေခြင်းမရှိပေ။ လက်ရှိ သူမ၏ အခြေအနေဖြင့် ဇွန်ဘီများနှင့် တွေ့သွားပါက သေချာပေါက် အသက်ဆုံးရှုံးမည် ဖြစ်သောကြောင့် တည်းခိုခန်း၏ ဒုတိယထပ်သို့ ချက်ချင်း ပြန်တက်လာခဲ့သည်။

ချန်ရှောက်ရယ်နှင့် ၁၈ တို့က အခန်းအပြင်ဘက် လမ်းတွင် လဲကျနေဆဲ ဖြစ်သည်။

တစ်ယောက်တစ်လှည့်စီ ထွက်ပေါ်နေသော သူတို့နှစ်ဦး၏ ဟောက်သံများသာ မရှိပါက အလောင်းများဟု အထင်ခံရမည်မှာ အသေအချာပင်။ မှိန်ဖျော့ဖျော့ လမ်းကြားတွင် လူနှစ်ယောက် လဲကျနေသည့် မြင်ကွင်းက ကြောက်မက်ဖွယ် ရုပ်ရှင်ကားထဲမှ မြင်ကွင်းတစ်ခုပမာ ဖြစ်နေ၏။

ရှန်ကျိုတီသည် နံရံကို မှီထားရင်း ပြင်းထန်လှသော အဖျားဒဏ်ကြောင့် မူးဝေနေသည့်ကြားမှ ၁၈ ၏ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက်ချလိုက်ပြီး ၁၈ ၏ သေးငယ်သော ခန္ဓာကိုယ်လေးကို လှုပ်နှိုးလိုက်သည်။

“ မြန်မြန်ထတော့ လော့ရှောင်ရှောင်”

၁၈ ၏ နာမည်အရင်းမှာ လော့ရှောင်ရှောင် ဖြစ်သည်။

ကျားချွန်းကျဲ့က သူတို့နှစ်ဦးကို မည်သည့်အရာများ တိုက်ကျွေးထားသည်ကိုတော့ မသိပေ။ ရှန်ကျိုတီက အသည်းအသန် လှုပ်နှိုးနေသော်လည်း သူတို့နှစ်ဦးစလုံးမှာ လုံးဝ နိုးထလာမည့် အရိပ်အယောင်မျှ မရှိချေ။

မူးဝေမှုက တစ်ဖန် ရိုက်ခတ်လာပြန်သည်။ နဖူးကို စမ်းကြည့်လိုက်ရာ အဖျားက ၄၀ ဒီဂရီဝန်းကျင်အထိ မြင့်တက်နေပြီ ဖြစ်၏။

သူမက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်သည်။ တန်းစီနေသော အခန်းများ၏ နေရာအနှံ့အပြားမှ တစ်ခါတစ်ရံ တစ်စုံတစ်ရာနှင့် တိုက်မိသော အသံများ ထွက်ပေါ်နေသည်။ ဤနေရာတွင် ဇွန်ဘီများ မရှိသည်တော့ မဟုတ်ပေ။ အရေအတွက် နည်းပါးပြီး အလွန်အမင်း အားနည်းနေခြင်းသာ ဖြစ်သည်။

သူမက နံရံကိုမှီ၍ ခွေခွေလေး ထိုင်ချလိုက်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။ လက်ရှိ သူမတွင် ချန်ရှောက်ရယ်ကို မပြောနဲ့၊ သေးငယ်လှသော ၁၈ကိုပင် ပွေ့ချီနိုင်စွမ်း မရှိသောကြောင့် ဖြစ်၏။

ထိုအချိန်တွင် တည်းခိုခန်းနှင့် မနီးမဝေးရှိ လမ်းတစ်လမ်း၌။

လမ်းဘေးထောင့်တစ်နေရာတွင် အမှိုက်ပုံကြီးတစ်ခု ရှိသည်။ အလွန်တရာ ညစ်ပတ်နေပြီး ပြင်းထန်သော အနံ့ဆိုးများကို ထုတ်လွှတ်နေ၏။ စွန့်ပစ်ထားသော ထမင်းကြွင်းဟင်းကျန်များက အချင်းချင်း ပုပ်သိုးလာကာ ပျစ်ချွဲချွဲ အစေးအခဲကြီးတစ်ခုအဖြစ် ပြောင်းလဲနေလေပြီ။ အစိမ်းပုပ်ရောင် ပြောင်းနေပြီး လက်ဖြင့်ထိလိုက်လျှင်ပင် ချွဲကျိကျိဖြစ်ကာ ရွံရှာဖွယ်ကောင်းလှပြီး မူလက မည်သည့်အရာဖြစ်သည်ကိုပင် ခွဲခြား၍မရနိုင်တော့ချေ။

ရှောင်ယွန်းဖေးနှင့် ကျန်သုံးဦးက ထိုအမှိုက်ပုံကြီးထဲတွင် ပုန်းအောင်းနေကြသည်။

ဤနေရာရှိ ပြင်းထန်သော အနံ့ဆိုးများက ဇွန်ဘီများ၏ အနံ့ခံနိုင်စွမ်းကို လှည့်စားထားနိုင်သည်။ သူတို့က ချူဟန်နောက်သို့ ပြေးလိုက်လာခဲ့သော်လည်း နောက်ဆုံးတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ချူဟန်၏ အရှိန်က အဆမတန် မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။

“ဟူး…ဟူး… ပင်ပန်းလိုက်တာ…”

လူတစ်ဦးက ပြင်းထန်စွာ အမောဖြေရင်း ပတ်ဝန်းကျင်မှ အနံ့ဆိုးများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချွေးစိုနေသော ခန္ဓာကိုယ်ကို ပုပ်ဟောင်နေသည့် ပျစ်ချွဲချွဲ အမှိုက်ပုံကြီးထဲသို့ လှဲချပစ်လိုက်သည်။ လက်တစ်ချောင်းမျှပင် မလှုပ်ရှားချင်တော့ချေ။ ထိုစဉ် ရုတ်တရက် သူ၏ လက်ဖျားမှ စူးခနဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသော်လည်း သေချာကြည့်ရန် အားအင်မရှိတော့သဖြင့် ထိုအရာကို ဂရုမစိုက်တော့ပေ။

“တကယ်ကို ပင်ပန်းလွန်းတယ်… အဲဒီကောင်က ဘာလို့များ အဲဒီလောက်တောင် မြန်နေရတာလဲ”

အခြားသူများကလည်း တိုးညှင်းသော အသံဖြင့် မကျေမနပ် ညည်းတွားနေကြသည်။

ရှောင်ယွန်းဖေးလည်း ထိုနည်းတူပင် အသည်းအသန် အသက်ရှူနေရသော်လည်း သူ၏ မျက်နှာထက်တွင် နှမြောတသဖြစ်နေသော အမူအရာများ ပြည့်နှက်နေ၏။ ချူဟန်ကို သတ်၍ သေနတ်လုယူမည်ဆိုသော အတွေးကို သူ စွန့်လွှတ်လိုက်လေပြီ။ ထိုအမျိုးသားက အလွန် သန်မာလွန်းသည်။ ထိပ်တိုက် ရင်ဆိုင်၍ အနိုင်ရနိုင်မည့် ပြိုင်ဘက်မျိုး မဟုတ်ပေ။ သို့သော် သူ့အနေဖြင့် ချူဟန်၏ အကူအညီ လိုအပ်နေသည်။ မည်သို့ပင်ဖြစ်စေ ထိုအမျိုးသားကို ရှာတွေ့အောင် လုပ်ရမည်။

ရှောင်ယွန်းဖေး၏ လက်အနီးတွင် ကြက်ရိုးတစ်ရိုး ကျနေသည်။ အသားအနည်းငယ် ကပ်နေသေးသော်လည်း ပုပ်သိုးနေပြီ ဖြစ်သည်။

ရက်ပေါင်းများစွာ ကောင်းမွန်သော အစားအစာများကို မစားခဲ့ရသော သူက ထိုကြက်ရိုးကို ကြည့်ရင်း စားချင်စရာကောင်းလိုက်တာ ဟု တွေးလိုက်မိသည်။ တစ်လုတ်တည်း မျိုချပစ်လိုက်ချင်သော စိတ်ဆန္ဒများက ပေါ်ပေါက်လာတော့သည်။

ရှောင်ယွန်းဖေးက ပြိုလဲလုမတတ် ဖြစ်နေသော စိတ်ဓာတ်ကို အတင်းအကျပ် ထိန်းချုပ်ထားရင်း

အခြားသုံးဦး မသိအောင် ထိုကြက်ရိုးကို ပါးစပ်ထဲသို့ ရုတ်တရက် ထိုးထည့်လိုက်သည်။

အသည်းအသန် ဝါးစားလိုက်၏။ အရိုးများကို ကြိတ်ဝါးကာ တစ်ရှိန်ထိုး မျိုချလိုက်လေသည်။

‘တောက်… အရသာ လုံးဝမရှိဘူး အန်ချင်စရာကြီး’

သူက လူ့အဖွဲ့အစည်း၏ ထိပ်တန်း အထက်တန်းလွှာ တစ်ဦးဖြစ်သည်။ ဘဏ်ထဲတွင် တစ်သက်လုံး သုံး၍မကုန်နိုင်သော ငွေကြေးများရှိသည်။ ဤသို့ စိတ်ပျက်ဖွယ်ကောင်းသော နေ့ရက်များကို သူ သည်းမခံနိုင်တော့ချေ။ ယခင်ခေတ် အထက်တန်းလွှာဘဝကို ပြန်သွားချင်နေသည်။ မနက်တိုင်း အိမ်အကူ လုပ်ပေးသော အာဟာရပြည့်ဝသည့် နံနက်စာကို စားသုံးကာ နေ့လယ်တွင် လှပသော အမျိုးသမီးအတွင်းရေးမှူးနှင့်အတူ အကောင်းဆုံး ဟင်းလျာများကို မြည်းစမ်းမည်။ ညဘက်တွင် ခမ်းနားသော ပါတီပွဲများသို့ တက်ရောက်၍ ဂုဏ်သရေရှိ မိန်းမပျိုလေးများနှင့် ရင်းနှီးအောင် လုပ်ရမယ်။

‘ဒါကမှ ငါနဲ့ ထိုက်တန်တဲ့ ဘဝပဲ။ ဒီလိုနေရာမှာ အခြားသူတွေ စွန့်ပစ်ထားတဲ့ ပုပ်သိုးနံစော်နေတဲ့ အမှိုက်ပုံထဲက ကြက်ရိုးကို စားနေရတယ်လို့ကွာ’

“ ဝေါ့…”

ရှောင်ယွန်းဖေးက ရုတ်တရက် မြေပြင်ပေါ်တွင် ဝပ်တွားကာ အန်ချတော့သည်။ စောစောက ဝါးစားထားသော ကြက်ရိုး အကြွင်းအကျန်များ အားလုံး အန်ထွက်လာ၏။

‘တောက် ရွံစရာကောင်းလိုက်တာ၊ နံလိုက်တာ၊ အရသာလည်း ဆိုးလိုက်တာ’

သို့သော်လည်း ဝမ်းဗိုက်က ပြင်းထန်စွာ ဆာလောင်နေဆဲပင်။

“သူဌေးရှောင်”

ကျန်သုံးယောက်က ကပျာကယာ ဝိုင်းအုံလာပြီး စိုးရိမ်တကြီး မေးမြန်းကြသည်။

“သူဌေး၊ ဘာဖြစ်တာလဲ”

ရှောင်ယွန်းဖေးက အမြန် မျက်နှာကို ပြင်လိုက်ပြီး ရွံရှာမှုနှင့် အန်ချင်စိတ်ကို သိသာစွာ ပြသသည့် မျက်နှာထားမျိုး ဖန်တီးကာ ပြောလိုက်သည်။

“ခုနက ပါးစပ်ထဲ အမှိုက်ဝင်သွားလို့။ အတော် ရွံစရာကောင်းတာပဲ။ မနေ့က စားထားတဲ့ အစားအစာတွေပါ အန်ထွက်ကုန်ပြီ”

စောစောက လက်တွင် နာကျင်မှု ခံစားခဲ့ရသော အမျိုးသားက ရှောင်ယွန်းဖေး၏ အန်ဖတ်များကို တစ်ချက် ကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်၏။

“မနေ့က ကျွန်တော်တို့ ကြက်သားမှ မစားခဲ့တာ၊ မဟုတ်ဘူးလေ… ရက်ပေါင်းများစွာ အသားမှ မစားရသေးတာ”

‘စကားများလိုက်တာကွာ’

ရှောင်ယွန်းဖေးက ထိုလူကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

“အဲဒီကောင် ဒီအနားမှာပဲ ရှိရမယ်။ အဲဒီလူက မြေပြင်အနေအထားကို ကောင်းကောင်း အသုံးချတတ်တယ်။ သူ့ရဲ့ ပုန်းအောင်းရာနေရာက သေချာပေါက် လူသူကင်းမဲ့တဲ့ နေရာမျိုးပဲ ဖြစ်ရမယ်”

“အယ်…”

ထိုလူက ရှောင်ယွန်းဖေး မည်သည့်အတွက်ကြောင့် မိမိကို စိုက်ကြည့်နေမှန်း နားမလည်နိုင်ဘဲ မသိစိတ်အရ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကြက်သား မစားရတာ ကြာလှပြီ ဘာလို့ ကြက်ရိုးတွေ အန်ထွက်လာတာလဲ။ သူဌေးရှောင် အမှိုက်တွေ စားထားတာလား”

ရှောင်ယွန်းဖေး၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ ပြန်းထန်‌သော ဒေါသများက ဦးခေါင်းကို ထိုးဖောက်သွား၏။ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော သူ၏ ဂုဏ်သိက္ခာကို ရွှံ့ပေနေသော ဖိနပ်ဖြင့် အညှာအတာကင်းမဲ့စွာ နင်းချေခံလိုက်ရသည့်အလား အရှက်ရဖွယ် ကောင်းလှပေသည်

“ငါက ဘာလို့ အမှိုက်စားရမှာလဲကွ”

သူက ကြမ်းကြုတ်သော အသံဖြင့် အော်ဟစ်လိုက်သည်။ သို့သော် ထိုအချိန်၌ပင် သူ၏ အကြည့်များ ရပ်တန့်သွား၏။ ခန္ဓာကိုယ်ကို နောက်သို့ ဆုတ်လိုက်ပြီး မျက်စိရှေ့ရှိ အမျိုးသားကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မင်း လက်က ဘာဖြစ်တာလဲ ဘာလို့ သွေးထွက်နေတာလဲ”

ရှောင်ယွန်းဖေး၏ စကားတစ်ခွန်းကြောင့် သူတို့ကြားရှိ လေထုက ချက်ချင်း တင်းမာသွားခဲ့သည်။ ကျန်နှစ်ယောက်မှာ ထိုအမျိုးသားထံမှ လျင်မြန်စွာ ခွာထွက်သွားကြသည်။

ထိုအမျိုးသား၏ လက်မှ အလွန်တရာ နီရဲသော သွေးစက်များ တောက်တောက်ကျနေခြင်း ဖြစ်၏။

“ငါ… ငါလား မ…မဟုတ်ဘူး၊ ဒါက ခုနက ဖန်ကွဲစနဲ့ ရှသွားလို့ပါ…”

ထိုအမျိုးသားက အကြောက်တရားကြောင့် မျက်နှာပျက်ယွင်းစွာဖြင့် အသည်းအသန် ရှင်းပြတော့သည်။

“လိမ်မနေနဲ့”

ရှောင်ယွန်းဖေး၏ မျက်ဝန်းထဲတွင် ရက်စက်သော အလင်းများ ဖြတ်ပြေးသွား၏။ ၎င်းမှာ သာမန် ပြတ်ရှရာမျှသာ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိပါသည်။ ဒဏ်ရာကို ကြည့်လိုက်ရုံဖြင့် ချက်ချင်း သိသာလှ၏။ ထို့အပြင် သူတို့က ဤနေရာအထိ အထူး သတိထား၍ ထွက်ပြေးလာခဲ့ခြင်းဖြစ်သဖြင့် လမ်းတစ်လျှောက် ဇွန်ဘီများနှင့် လုံးဝ ထိပ်တိုက် မတွေ့ခဲ့ချေ။

သို့သော် ရှောင်ယွန်းဖေးက ဤအမျိုးသားကို ခွင့်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

“မင်းကို ဇွန်ဘီ လက်သည်းနဲ့ ကုတ်သွားတာပဲ”

သူက အေးစက်စွာ ပြောဆိုလိုက်သည်။

‘ဘယ်သူက ငါ့ရဲ့ အားနည်းချက်ကို ထောက်ပြခိုင်းလို့လဲ။ ဘယ်သူက အဲဒီလို စကားမျိုး ပြောခွင့်ပြုထားလို့လဲ။ ဉာဏ်ကစားဖို့ဆိုရင် မင်းက အဝေးကြီး လိုပါသေးတယ် ဒီရှောင်ယွန်းဖေးရဲ့ ဂုဏ်သိက္ခာကို မင်းလို အမှိုက်ကောင်က စော်ကားပြီးရင် အလွယ်တကူ လွတ်သွားမယ် ထင်နေတာလား’

“သူ… သူဌေး”

ကျန်နှစ်ယောက်က ပြာပြာသလဲ မေးမြန်းလိုက်သည်။

“ဘယ်လို လုပ်ကြမလဲ သူလည်း… အဲဒီလိုကောင်မျိုး ဖြစ်သွားတော့မှာလား”

“သေချာတာပေါ့”

ရှောင်ယွန်းဖေး၏ မျက်လုံးထဲတွင် ဖော်ပြ၍မရနိုင်သော ရမ္မက်ဆန္ဒများ တောက်ပသွား၏။

“ဇွန်ဘီ လက်သည်းနဲ့ အကုတ်ခံရတာပဲဖြစ်ဖြစ်၊ အကိုက်ခံရတာပဲဖြစ်ဖြစ် ကူးစက်သွားတာပဲလေ။ အရင်ကလည်း မြင်ဖူးတယ် မဟုတ်လား …ဒီကောင်ကို ဒီအတိုင်း အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်တော့ဘူး”

All Chapters