← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) အသက်ရှင်ခွင့်ပေးမည် မဟုတ်

"မဟုတ်ဘူး။ လိမ်မနေနဲ့။ ဒီလူယုတ်မာက ငါ့ကို သတ်ချင်နေတာကွ"

အမျိုးသားမှာ အသက်လုကာ အော်ဟစ်ဆဲဆိုနေတော့သည်။

သူ အလွန်အမင်း ကြောက်ရွံ့နေမိသည်။ ထိုအပိုင်းပိုင်း အဖြတ်ခံထားရသော အမျိုးသားကဲ့သို့ မိမိလည်း အလားတူ ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

သူတို့အားလုံး ရှောင်ယွန်းဖေး၏ လှည့်စားမှုကိုခံလိုက်ရပြီ။

ရှောင်ယွန်းဖေးက အေးစက်စွာ ပြုံးလိုက်ပြီး ရူးသွပ်နေသော အမျိုးသားကို သနားစရာသတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။ ထို့နောက် ချူဟန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"တွေ့တဲ့အတိုင်းပဲ၊ ဒီကောင် ရူးနေပြီ"

ချူဟန်၏ မျက်နှာထားမှာ အေးစက်နေပြီး မျက်ဝန်းများထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

"ဒါနဲ့ မင်း သူ့ကို သတ်မှာလား"

ထိုစကားတစ်ခွန်းကြောင့် ဆူညံနေသော အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

အမျိုးသားမှာ မျှော်လင့်ချက်မဲ့စွာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး ရူးသွပ်နေသူတစ်ဦးပမာ ရယ်မောနေတော့သည်။ သူ၏ စိတ်အခြေအနေမှာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီ။

"သတ်မှာပေါ့"

ရှောင်ယွန်းဖေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်ရင်း လေသံကို ပိုမို အားပါအောင် ပြောလိုက်သည်။

"မင်းတို့ မသိသေးလို့ပါ။ ဇွန်ဘီ အကိုက်ခံရရင်ဖြစ်ဖြစ်၊ အကုတ်ခံရရင်ဖြစ်ဖြစ် သေချာပေါက် ကူးစက်ခံရမှာပဲ။ ဒီကောင်က သတိလက်လွတ်ဖြစ်နေပြီ၊ ဒါ့အပြင် လူသားကိုပါ စားထားသေးတယ်။ ဒီလိုဖြစ်ရပ်မျိုး ငါ ခဏခဏ တွေ့ဖူးတယ်။ ဒါကြောင့် ဒီကောင် သေကို သေရမယ်။ ငါက ဗဟုသုတ ကြွယ်ဝတယ်။ ငါ့ကို မင်းတို့အဖွဲ့ထဲ ပေးဝင်လို့ ရမလား"

ယခုအချိန်အထိပင် သူက ဘဝင်မြင့်နေဆဲ ချူဟန်တို့အဖွဲ့သည် ဇွန်ဘီများနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို မသိနိုင်သဖြင့် အလွယ်တကူ လှည့်စားနိုင်မည်ဟု ယူဆထားလေသည်။ ရှောင်းယွင်ဖေးက ရင်ထဲ၌ သာလွန်မှုခံစားချက်များကို ကျေနပ်စွာ ခံစားနေရင်း မျှော်လင့်ချက်အပြည့် ပါဝင်သော မျက်လုံးများဖြင့် ချူဟန်ကို စိုက်ကြည့်လိုက်သည်။

'ဒီလောက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ပေးထားတာပဲ။ သေချာပေါက် ငါ့ကို အရေးတယူ လုပ်မှာ အသေအချာပဲ'

ချူဟန်၏ နှုတ်ခမ်းထက်မှ အပြုံးက ပိုမို နက်ရှိုင်းသွားသည်။ သူ၏ ဒုတိယမြောက် ဘဝတွင် ဤမျှ အသုံးမကျသည့် ရှောင်ယွန်းဖေးနှင့် တွေ့ဆုံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယခု ရှောင်ယွန်းဖေး၏ အခြေအနေမှာ ယခင်ဘဝက သူမြင်တွေ့ခဲ့ရသည့် အသွင်အပြင်နှင့် မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။ မူလကတော့ ဖြည်းဖြည်းချင်း နှိပ်စက်ကစားမည်ဟု တွေးထားခဲ့သော်လည်း ထိုသို့လုပ်ရန်ပင် ရယ်စရာကောင်းနေတော့သည်။

"ချီး… ငတုံးကောင်"

၁၈က ရှောင်ယွန်းဖေးကို မထီမဲ့မြင် ပြောလိုက်သည်။

"အဲ့ဒီကိစ္စတွေကို ကိုကိုချူဟန်က အစောကြီးကတည်းက သိထားပြီးသား။ နင် လာပြောနေစရာကို မလိုတာ"

ရှောင်ယွန်းဖေး၏ မျက်နှာမှာ ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းအောင် ရှုံ့မဲ့သွားသည်။

'ဒီ ငရှုပ်မလေး နောက်တစ်ခါ ထပ်လာပြန်ပြီ...'

ဤကောင်မလေးကို အပိုင်းပိုင်းဆွဲဖြဲကာ စားပစ်လိုက်ချင်သော စိတ်ဆန္ဒများက သူ၏ ရင်ထဲ၌ ထောင်းခနဲ ထကြွလာသည်။ ခြေထောက်နှစ်ချောင်းကြားမှနေ၍ ဆွဲဖြဲပစ်ပြီး ဇွန်ဘီများအား ကျွေးပစ်ချင်နေသည်။

ရှောင်ယွန်းဖေး၏ မျက်နှာထက်၌ တစ်ခဏမျှ ဖြတ်ပြေးသွားသော ရက်စက်သည့် အရိပ်အယောင်များကို ချူဟန် သတိထားမိသော်လည်း ဂရုမစိုက်ပေ။

သူသည် သေရေးရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ဤမျှလောက် ကိစ္စလေးဖြင့် သူ၏ စိတ်ခံစားချက်များ လှုပ်ခတ်သွားမည် မဟုတ်ချေ။ ချူဟန်က ကုတင်ပေါ်၌ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ပြီးနောက် ကျောပိုးအိတ်ထဲမှ စည်သွပ်စာများကို ထုတ်ကာ နှစ်ပုံ အညီအမျှ ခွဲလိုက်သည်။ ခြိုးခြံ၍ စားသောက်မည်ဆိုပါက လူနှစ်ယောက်စာ နှစ်ရက်တိတိ အသက်ဆက်နိုင်မည့် ပမာဏပင်။

"ဒါ မင်းတို့အတွက် ... ယူသွားကြ"

သူက ထိုအစားအစာများကို ရှောင်ယွန်းဖေးနောက်သို့ လိုက်ပါလာသော အမျိုးသားနှစ်ဦးထံ ကမ်းပေးလိုက်သည်။

သူ၏ လေသံမှာ ခံစားချက်ကင်းမဲ့နေပြီး သူ၏ လှုပ်ရှားမှုတိုင်း၌ အရာအားလုံးကို နားလည်သဘောပေါက်နေသူတစ်ဦးပမာ တည်ငြိမ်နေသည်။

ချူဟန်၏ မျှော်လင့်မထားသော လုပ်ရပ်ကြောင့် အခန်းထဲရှိ လူအားလုံး မှင်သက်သွားကြသည်။ အထူးသဖြင့် ရှန်ကျိုတီနှင့် ၁၈တို့ နှစ်ဦးမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။

"ငါ... ငါကို မသတ်ဘူးလား"

ရှောင်ယွန်းဖေး၏ ဖိနှိပ်မှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသော အမျိုးသားက မယုံကြည်နိုင်သည့်ဟန်ဖြင့် မေးလိုက်သည်။

"ငါ့ပြောတာကို မင်းယုံတယ်ပေါ့... ငါ ကူးစက်မခံထားရပါဘူး"

"ငါ့မှာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း ရှိပါသေးတယ်"

ချူဟန်၏ လေသံမှာ အေးတိအေးစက်နိုင်လှရာ စိတ်လှုပ်ရှားနေသော ထိုအမျိုးသားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ထိုစကားက ရှောင်ယွန်းဖေး၏ မျက်နှာကို ဗွက်အိုးထဲ ဆွဲနှစ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ချူဟန်ထံတွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိသည်။ ရှောင်ယွန်းဖေး၏ သတိပေးချက်များကို လိုအပ်မည် မဟုတ်ပေ။

ထို့အပြင် သူသည် မည်သူ့ထက်မဆို ပို၍ များပြားသော အကြောင်းအရာများကို သိရှိထားသည်။ ဇွန်ဘီများနှင့် ပတ်သက်သည့် အသိပညာများဖြစ်စေ၊ ရှေ့ဆက်၍ ကမ္ဘာပျက်ကပ်ခေတ်ကြီး မည်သို့ ပြောင်းလဲသွားမည်ဆိုသည့် သတင်းအချက်အလက်များကိုဖြစ်စေ သူလောက် နက်နက်နဲနဲ နားလည်သဘောပေါက်ထားသူ မရှိတော့ချေ။

"ဒါပေါ့... ကိုကိုချူဟန်က အရာအားလုံးကို သိပြီးသားမလို့ နင့်လိုကောင်က ဝင်ပြီး ရှုပ်နေစရာ မလိုဘူး"

၁၈ကလည်း အချိန်ကိုက်ပင် ရှောင်ယွန်းဖေးအား လှောင်ပြောင်လိုက်သည်။

ထပ်မံ၍ ဂုဏ်သိက္ခာ ဖိနှိပ်ခံလိုက်ရသဖြင့် ရှောင်ယွန်းဖေး၏ ရင်ထဲ၌ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

'ဒီကောင်တွေ၊ ဝိုင်းပြီး ငါ့ကို လှောင်နေကြတာပဲ'

အကယ်၍ ချူဟန်ထံတွင်သာ သေနတ်မရှိပါက ယခုချက်ချင်းပင် ဤကောင်မလေးကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ချင်မိသည်။ အကြောက်တရားနှင့် မကျေနပ်မှု စသည့် ခံစားချက်နှစ်ခုက တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသဖြင့် သူ၏ စိတ်အခြေအနေမှာ ကစဉ့်ကလျား ဖြစ်လာတော့သည်။

"အဲ့ဒါဆို... ကျွန်တော်တို့ကို အဖွဲ့ထဲ ပေးဝင်ပါလား"

အမျိုးသားနှစ်ဦးက မျှော်လင့်ချက်အပြည့်ဖြင့် ချူဟန်ကို ကြည့်လိုက်ကြသည်။

သူတို့မှာ ဝဝလင်လင် စားသောက်ချင်ကြပြီး အကာအကွယ်လည်း ရယူလိုကြသည်။ အကြောက်တရားများနှင့် ရှင်သန်ရမည့် နေ့ရက်များကို ထပ်မံ မလိုလားတော့ပေ။

ချူဟန်သည် ဘေးဘက်မှ စိုက်ကြည့်နေသော ရှောင်ယွန်းဖေး၏ ယုတ်မာသည့် အကြည့်များကို လုံးဝ လျစ်လျူရှုလိုက်ကာ မျှော်လင့်ချက်များ တောက်ပနေသော ထိုနှစ်ဦးအား အေးစက်စက် အကြည့်များဖြင့်သာ တုံ့ပြန်လိုက်သည်။

"မင်းတို့ကို အဖွဲ့ထဲ ခေါ်ဖို့ အစီအစဉ် မရှိဘူး... လူသားအချင်းချင်းမို့လို့ တတ်နိုင်သလောက် ကူညီတဲ့အနေနဲ့ ဒီအစားအသောက်တွေကို ပေးလိုက်ရုံပဲ"

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော သတိပေးချက်များ ကိန်းအောင်းနေသည့် မျက်ဝန်းများဖြင့် ဆက်ပြောလိုက်သည်။

"လူသားအချင်းချင်း ပြန်မစားကြနဲ့... မဟုတ်ရင် နောက်ကျမှ သေချာပေါက် နောင်တရလိမ့်မယ်"

ရှောင်ယွန်းဖေး အပါအဝင် သုံးယောက်စလုံး၏ မျက်နှာများ ဖြူရော်သွားကြသည်။

သူတို့သည် လူသားကို စားသုံးခဲ့ကြလေပြီ။ ထိုစိတ်ဒဏ်ရာက အလွန်ကြီးမားလွန်းသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမတတ် ဖြစ်ခဲ့ရသည်။ သူတို့ လူသားကို စားခဲ့မိသည်ကား အမှန်ပင်။ ၎င်းမှာ မည်သို့မျှ ဖုံးကွယ်၍မရနိုင်သော အမှန်တရား တစ်ခုသာ ဖြစ်သည်။

အပြစ်ရှိစိတ်ဖြင့် မိမိကိုယ်ကို အရူးတစ်ယောက်လို နှိပ်စက်နေမည်လား။ သို့မဟုတ် ရက်စက်ကြမ်းကြုတ်သူတစ်ဦးအဖြစ် ခံယူကာ လူသားကိုသာ ဆက်လက် စားသောက်နေမည်လား ဆိုသည်ကို ရွေးချယ်ရတော့မည်။

ယခင်ဘဝက ရှောင်ယွန်းဖေးမှာ ဒုတိယလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။

ကြောက်ရွံ့လွန်းလှသဖြင့် မျက်နှာများ ဖြူရော်နေကြသော ထိုနှစ်ဦးကို ကြည့်လျက် ချူဟန် မျက်လုံးများကို ဖြည်းညင်းစွာ မှေးကျဉ်းလိုက်သည်။

"မင်းတို့ ထွက်သွားတော့"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ယွန်းဖေး၏ မျက်နှာမှာ ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်လာသည်။

ချူဟန်က ဤနှစ်ဦးကိုသာ နှင်ထုတ်ခဲ့သော်လည်း သူ့ကို ထွက်သွားရန် မပြောခဲ့ချေ။ ဆိုလိုသည်မှာ မိမိက ဤနေရာတွင် ဆက်နေခွင့် ရပြီပေါ့။

' ဒီနေရာမှာ အစားအသောက်တွေရော၊ မိန်းမတွေရော ရှိတယ်။ ဒါက တကယ့် နတ်ပြည်ပဲ'

ဖုံးကွယ်၍မရနိုင်သော ဝမ်းသာမှုများအကြား နစ်မြုပ်နေလျက် ရှောင်ယွန်းဖေးသည် ပိုင်ရှင်တစ်ဦးပမာ မောက်မာစွာ အိစက်နေသော ကုတင်ကြီးထက်၌ အသက်သာဆုံး ကိုယ်ဟန်အနေအထားဖြင့် အဖွဲ့ထဲရှိ လူများကို အတင့်ရဲစွာ လိုက်လံ အကဲခတ်နေတော့သည်။ ကုန်ပစ္စည်းတစ်ခု၏ တန်ဖိုးကို စစ်ဆေးနေသည့်အလားပင်။

'ဒီကောင်းမလေးက အမြင်အကပ်ဆုံးပဲ... ဘယ်ကနေ ရောက်လာလဲမသိပေမယ့် အခွင့်အရေးရတာနဲ့ သတ်ပစ်မယ်'

'ဟိုဝက်ကောင်က နည်းနည်း ထုံအပုံ ပေါက်ပေမယ့် ချူဟန်ပြောသမျှကိုတော့ အသေအလဲ နာခံတယ်...ချိန်ကိုက်ဗုံးတစ်လုံးလို အခြေအနေမျိုးပဲ။ အဆင်ပြေအောင် သိမ်းသွင်းကြည့်မယ်... မရရင်တော့ အဲ့ဒီကောင်ကိုပါ ရှင်းပစ်လိုက်မယ်'

'ပြီးတော့ ချူဟန်... ဘာပဲဖြစ်ဖြစ် ဆစ်မြို့ကို ရောက်သွားတာနဲ့ ဒီကောင့်ရဲ့ အသုံးဝင်မှုကလည်း ပျောက်ကွယ်သွားမှာပဲ... ငါ့ကို လက်ပါခဲ့တဲ့အတွက် နောင်တရစေရမယ်'

ရှောင်ယွန်းဖေး၏ အပြုအမူကို မြင်လိုက်ရသည့်အခါ အမျိုးသားနှစ်ဦးမှာ မကျေမနပ်ဖြစ်သွားသည်။

မည်သည့်အကြောင်းကြောင့် ရှောင်ယွန်းဖေးက နေခဲ့ခွင့်ရပြီး သူတို့ကတော့ ထွက်သွားရမည်နည်း။

"အစ်ကိုချူဟန်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုပါ ပေးနေပါဗျာ... ခိုင်းတဲ့အတိုင်း အကုန်လုပ်ပါ့မယ်"

"တောင်းပန်ပါတယ် ကျွန်တော်တို့ကို ကူညီပါဦး"

"မရဘူး"

ချူဟန်၏ ငြင်းဆန်မှုမှာ ပြတ်သားလွန်းလှသည်။ လူသားကို စားသုံးဖူးသော အသက်ရှင်ကျန်ရစ်သူများကို မိမိအဖွဲ့ထဲ ဆွဲသွင်းရန် လုံးဝ စိတ်ကူးမရှိပေ။

"ဒါဆို... ဟိုကောင်ကရော ဘာဖြစ်လို့လဲ"

အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် ရှောင်ယွန်းဖေးကို လက်ညှိုးထိုးလိုက်သည်။

"ဘာလို့ အဲ့ဒီကောင်ကိုကျတော့ အထူးအခွင့်အရေး ပေးရတာလဲ"

"ဟက်"

ရှောင်ယွန်းဖေးက လှောင်ပြုံး ပြုံးလိုက်သည်။

ငါက မင်းတို့လို အသုံးမကျတဲ့ အမှိုက်ကောင်တွေနဲ့ မတူဘူးကွ ဟု ပြောလိုက်စဉ်မှာပင် ချူဟန်၏ နောက်ဆက်တွဲ စကားတစ်ခွန်းက သူ၏ မျက်နှာအရောင်ကို ပြင်းထန်စွာ ပြောင်းလဲသွားစေတော့သည်။

"ဒီကောင်လား... ငါက အစကတည်းက ဒီကောင့်ကို အသက်ရှင်လျက် ထားဖို့ အစီစဉ် မရှိဘူး"

ချူဟန်၏ အပြုံးမှာ ခပ်ဖျော့ဖျော့သာ ဖြစ်သော်လည်း သူ၏ လေသံမှာ အနည်းငယ်မျှပင် သံသယဝင်စရာမလိုလောက်အောင် ပြတ်သားနေပြီး ရှောင်ယွန်းဖေးကို သေလူတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရသကဲ့သို့ပင်။

ရုတ်တရ‌က် ရှောင်းယွင်ဖေး မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်လုံးများမှာ အလွန်အမင်း ဒေါသထွက်မှုကြောင့် သွေးကြောများ ပေါက်ထွက်မတတ် နီရဲနေတော့သည်။

"မင်း ဘာပြောလိုက်တယ်”

သူက မယုံကြည်နိုင်သည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်

"ငါ့ကို ဒီမှာ ဆက်နေခိုင်းတာ မဟုတ်ဘူးလား"

"ငါက မင်းကို အဖွဲ့ထဲ ပေးဝင်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ"

ချူဟန်မှာ ရုတ်တရက် ရှောင်းယွင်ဖေးအား စိုက်ကြည့်လိုက်သည်။

"ခုနက ငါ ဘာပြောလိုက်လဲ ကြားလိုက်လား... ကောင်းပြီလေ... နောက်တစ်ခေါက် ပြန်ပြောပြမယ်... ငါ ပြောလိုက်တာက..."

All Chapters