← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) အမည်မသိ လူသား

နောက်ဘက်ရှိ လူနေအ‌ဆောင်...

တိုက်ပွဲဝင်ရန် ငြင်းဆန်ခဲ့သူများ၏ မျက်နှာတွင် မှင်သက်ခြင်းနှင့် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။

တကယ်ကြီး အောင်ပွဲဆင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြချေ။ လူခုနစ်ရာတည်းဖြင့် ဇွန်ဘီတစ်သောင်းရှစ်ထောင်ကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ခဲ့သည် တဲ့လား။ ဤမျှအထိ စစ်အင်အား ကွာခြားလွန်းလှသော်လည်း နောက်ဆုံး၌ လူခုနစ်ရာလုံး ထိခိုက်ဒဏ်ရာ လုံးဝမရှိဘဲ အကြွင်းမဲ့ အောင်ပွဲရရှိသွားခဲ့သည်။

လူတိုင်း၏ မျက်ဝန်းအစုံသည် အလောင်းပုံကြီး၏ ထိပ်ဖျားတွင် ရပ်နေသော ချူဟန် ထံသို့သာ စူးစိုက်သွားကြတော့သည်။ သူသည် ယခုအထိ ငယ်ရွယ်နုပျိုနေသေးသော်လည်း ဘယ်လိုကြောင့် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော စစ်ပါရမီကို ပိုင်ဆိုင်ထားရသနည်း။

ချူဟန်၏ စစ်မှန်သော ကြောက်မက်ဖွယ်ရာမှာ ပုဆိန်ကို လွှဲရမ်းလျက် ဇွန်ဘီရှစ်ရာကို ခုတ်ပိုင်းပစ်ခဲ့ခြင်း၌သာ ရှိသည်မဟုတ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။

ထိုဆွဲဆောင်စည်းရုံးနိုင်စွမ်း။

ထိုအကျပ်အတည်းကာလ၌ ပြတ်သားလှသော ဆုံးဖြတ်ချက်။

ဇွန်ဘီအုပ်ကြီး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရသည့် အဆုံးစွန်သော မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ဤမျှအထိ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်သူဟူ၍ မရှိသလောက်ပင်။ ထို့ထက် ပို၍ ဤစစ်ပွဲတစ်ခုလုံးကို မိမိစိတ်ကြိုက် တိကျစွာ ကြိုးကိုင်ကွပ်ကဲနိုင်သူဟူ၍ ရှိနိုင်မည်မဟုတ်တော့ပေ။

မှန်ပေသည်။ ကြိုးကိုင်ကွပ်ကဲခြင်း။ သူသည် ဤစစ်ပွဲ၏ အရာရာကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် ထိုနေရာတစ်ခုလုံး၏ အကြွင်းမဲ့သော အရှင်သခင်ပမာပင် ဖြစ်သည်။ လက်ဖျောက်တစ်ချက် တီးရုံမျှဖြင့် ပျက်စီးခြင်းကို လွယ်ကူစွာ သယ်ဆောင်လာနိုင်ပြီး တစ်ဖက်လူကို အသက်ရှင်စေ၊ သေစေ… မိမိအလိုအတိုင်း ဖန်တီးနိုင်စွမ်း ရှိသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ အလိုဆန္ဒမှ ရုန်းထွက်နိုင်ခြင်း မရှိချေ။

လူနေအဆောင်တွင် ကျန်ရစ်ခဲ့သူ အများစုမှာ နောင်တတရားများ ပြင်းထန်စွာ စိမ့်ဝင်လာသဖြင့် ရင်ဘတ်ကို ထုလျက် ခြေဆောင့်နေကြတော့သည်။ ဤတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် မိမိတို့၏ ကံကြမ္မာ ဘာဖြစ်မည်နည်း။ ရှေ့တန်းတွင် အတူတကွ တိုက်ပွဲဝင်ခဲ့ကြသော လူခုနစ်ရာ၏ စည်းလုံးညီညွတ်မှုမှာ တစ်ခါမျှမကြုံဖူးလောက်အောင် ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ပုန်းအောင်းကျန်ရစ်ခဲ့သည့် လူတစ်ရာထဲတွင် တိုက်ခိုက်ရေးစွမ်းရည်မရှိသော လူအိုများနှင့် ကလေးငယ်များသာ ပါဝင်သည်မဟုတ်ချေ။ ခွန်အားဗလနှင့် ပြည့်စုံသော အသက်ပြည့် အမျိုးသား အများအပြားလည်း ပါဝင်နေခဲ့သည်။ နောင်တွင် ဤအခြေစိုက်စခန်း၌ မိမိတို့ လျစ်လျူရှုခြင်း ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဟောဟိုမှာ ကြည့်စမ်း... စစ်ပြေးကောင်တွေ ဟု

ကွယ်ရာတွင် နှာခေါင်းရှုံ့ အပြောခံရမည့် နေ့ရက်များက ဆီးကြိုနေလေပြီ။

ထို့ထက်မက ၎င်းတို့သည် နောင်တစ်ချိန်တွင် စစ်ဘုရင်ကြီး ဖြစ်လာမည့်သူ၏ နောက်ကွယ်မှတွဲဖက်ခွင့်ရမည့် သက်တမ်းတစ်လျှောက် တစ်ကြိမ်သာ ကြုံရခဲသော အခွင့်အရေးကောင်းကြီးကို မိမိတို့လက်ဖြင့် ပစ်ပယ်ခဲ့ကြခြင်း ဖြစ်သည်။

လုံခြုံစွာ ပိတ်ဆို့ထားသော အခန်းတစ်ခု...

တွမ်းမင် ၏ မျက်နှာပေါ်ရှိ မကျေနပ်မှု အမူအရာမှာ မူလအတိုင်း မပျက်မယွင်း တည်ရှိနေဆဲပင် ဖြစ်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာမူ ဖြူဖျော့ထုံထိုင်း ဖြစ်နေခဲ့ပြီး အခန်းအတွင်း၌ အနည်းငယ်သော ပုပ်ပွနံ့များ စတင်လွင့်ပျံနေခဲ့ပြီ။ ဗိုင်းရပ်စ်သည် သူ၏ တစ်ကိုယ်လုံးကို တိုက်စားသွားခဲ့ပြီး နောက်ဆုံးတွင် ဦးနှောက်ဆီသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ဂါး... ဂါး...

လည်ချောင်းအတွင်းမှနေ၍ ဇွန်ဘီတို့၏ သဘာဝအတိုင်း အက်ရှရှ ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။ ပြူးကျယ်နေသော မျက်ဝန်းအစုံမှာလည်း လုံးဝ မှုန်ဝါးဖြူဆွတ်သွားခဲ့လေပြီ။ အရာရာသည် ချူဟန် တွက်ချက်ထားသည့်အတိုင်းပင် ဖြစ်သည်။ တွမ်းမင် ၏ ဇွန်ဘီအသွင် ပြောင်းလဲမှု အပါအဝင် အစီစဉ်အားလုံး လွဲချော်ခြင်း မရှိခဲ့ပေ။

"ဒီလိုအရာမျိုး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ"

အခြားအခန်းတစ်ခုတွင် ချန်ဇီဟောင် သည် ရူးသွပ်မတတ် ဖြစ်ကာ ပြတင်းပေါက် မှန်ချပ်ကို အားပြင်းစွာ ထုရိုက်နေမိသည်။ ဒေါသတရားနှင့် အရှက်ရမှုတို့က ဦးနှောက်ကို ထိုးဖောက်မတတ် ပြင်းထန်လှသည်။

"ငါမယုံဘူး... ငါ လုံးဝမယုံဘူး"

ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှမရှိဘဲ ဇွန်ဘီတစ်သောင်းရှစ်ထောင်ကို အမြစ်ပြတ် ချေမှုန်းပစ်သည် တဲ့လား။ မဖြစ်နိုင်ချေ။ လုံးဝ အလိမ်အညာများသာ ဖြစ်ရမည်။ ဤအရာအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်ရမည်။

သို့သော် သူ၏ ဦးနှောက်ထဲတွင် မည်မျှပင် ဗျူဟာများကို ထပ်ခါတလဲလဲ ပြန်လည်တွက်ချက်စေကာမူ ချူဟန်၏ စစ်ဗျူဟာတွင် မည်သည့် ဟာကွက်မျှ ရှာမတွေ့ခဲ့ပေ။ ချူဟန် စွမ်းဆောင်နိုင်ခဲ့လေပြီ။ ထို့ပြင် ပြီးပြည့်စုံသော ပုံစံမျိုးဖြင့် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

အဝေးတစ်နေရာရှိ ကုန်ပေါ်တွင်...

လက်နှစ်ဖက်ဖြင့် မှန်ပြောင်းကို ဆုပ်ကိုင်ထားသော ကတုံးနှင့်လူမှာ လုံးဝ စကားမဆိုနိုင်လောက်အောင် ဆွံ့အသွားခဲ့သည်။

ဇွန်ဘီသုံးထောင် ဝင်္ကပါအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အချိန်မှစတင်ကာ လှောင်အိမ်ကို အသုံးပြု၍ အမဲလိုက်ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်မှားစရာ ကမ္ဘာပျက်မတတ် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ လူစုကွဲသွားသော ဇွန်ဘီများ တစ်ကောင်ချင်းစီ သုတ်သင်ရှင်းလင်းခံရသည့် ပုံစံမျိုး။ ထို့ပြင် နောက်ဆုံး၌ ချူဟန်သည် တစ်ဦးတည်းဖြင့် ဇွန်ဘီရှစ်ရာကို သုတ်သင်ပစ်ခဲ့သည့် မယုံကြည်နိုင်စရာ မြင်ကွင်းမျိုး။

စစ်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ အကြွင်းမဲ့ အောင်ပွဲကြီးပင် ဖြစ်သည်။

မုချ သေရမည့် အကျပ်အတည်း ဖြစ်ရမည် ဖြစ်သည်။ ဘယ်လိုမှ မဖြေရှင်းနိုင်သော သေတွင်းဝ ဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ထိုလူ၏ လက်ဝါးပြင်ပေါ်တွင် အရာရာသည် တစ်ခုမကျန် ပြေလည်သွားခဲ့သည်။ သေဆုံးသူ တစ်ဦးတစ်ယောက်မျှမရှိဘဲနှင့်ပင်။

"ချူဟန်"

"ချူဟန်"

အဝေးတစ်နေရာမှနေ၍ လေထုကြီးကို တုန်ခါစေလောက်အောင် မြေဟိန်းသံပမာ သောင်းသောင်းဖျဖျ ကြွေးကြော်သံများ လွင့်ပျံလာတော့သည်။

"ချူဟန်... ချူဟန် ဟုတ်လား။"

ကတုံးနှင့်လူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းအစုံ နီရဲတောက်လာခဲ့ပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရင်လာတော့သည်။

"အိုင်ဒေါ... ငါ့ရဲ့ အိုင်ဒေါ နာမည်က ချူဟန် လို့ ခေါ်တာကိုး"

လမ်းဆိုးများကြောင့် ကားကို ဖြည်းညင်းစွာ မောင်းနှင်နေရသော မုယောင် ၏ အဖွဲ့သည် စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြချေ။ ဤအတိုင်းဆိုပါက ရှန်းကော်အခြေစိုက်စခန်းသို့ ရောက်ရှိရန် အချိန်အတော်ကြာ ပေးရပေလိမ့်မည်။

"ချူဟန်..."

"ချူဟန်..."

ရုတ်တရက် ရှေ့မျက်နှာစာမှနေ၍ ကွဲအက်မတတ် ကျယ်လောင်လှသော ကြွေးကြော်သံကြီး ဟိန်းထွက်သွားတော့သည်။ စနစ်တကျ ညီညာလှသော ထိုအသံသည် စစ်တပ်၏ တပ်ခွဲများထက်ပင် ပိုမိုပြင်းထန်လှသော အရှိန်အဝါများ စိမ့်ဝင်နေသည်။

"ချူဟန်..."

မုယဲ့ ၏ မျက်ဝန်းတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။

‘ဒါက အဲဒီ စစ်သေနာပတိရဲ့ နာမည်လား’

"မြန်မြန်မောင်း"

သံသယများနှင့် မုယောင် သည် အံ့ဩခြင်းနှင့် လောဆော်ခြင်းများ ရောနေသော အသံဖြင့် အမိန့်ပေးလိုက်တော့သည်။ ထိုကြွေးကြော်သံများ ဖော်ပြနေသည့်အရာ။ ၎င်းကား တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းပင်။ ရှန်းကော်အခြေစိုက်စခန်းက အောင်ပွဲဆင်လိုက်ပြီ ဖြစ်သည်။

သို့သော်လည်း ဤမျှအထိ မြန်ဆန်လွန်းလှသည် တဲ့လား။

ရှန်းကော်အခြေစိုက်စခန်း၏ ပတ်ဝန်းကျင်။

ကြွေးကြော်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားစဉ်အတွင်း ချူဟန်သည် အလောင်းပုံကြီးပေါ်မှနေ၍ ဖြည်းညင်းစွာ အောက်သို့ ဆင်းသက်လိုက်သည်။ လူအုပ်ကြီးသည် အလိုအလျောက် လမ်းဖွင့်ပေးကြသည်။

ရှန်ကျိုတီ သည် မျက်နှာတစ်ခုလုံး နီရဲလျက် ဘေးနားတွင် ရပ်နေခဲ့သည်။ စောစောက စိတ်လှုပ်ရှားလွန်းသဖြင့် မသိစိတ်ကြောင့် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်မိခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ သူမ၏ ရင်ခုန်သံမှာ မြန်ဆန်နေဆဲပင် ဖြစ်သည်။

တီ...

စနစ်၏ အချက်ပြသံကို ဖွင့်လိုက်သည့် ခဏ၌ မက်ဆေ့ခ်ျတစ်ခု ချက်ရှင်း ဝင်ရောက်လာတော့သည်။

[အမည်မသိ လူသားတစ်ဦး၏ သစ္စာရှိမှုအဆင့် ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ]

‘အမည်မသိ လူသား ဟုတ်လား’

ချူဟန် ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ မျက်နှာပြင်တစ်ခုလုံးတွင် ပြည့်နှက်နေသော များပြားလှသော သစ္စာရှိမှု ရရှိခြင်း အချက်ပြချက်များကို အောက်သို့ ဆွဲချကြည့်ရှုရင်း ထို အမည်မသိလူသား ဟူသော အကွက်ကို စူးစိုက်ကြည့်နေမိသည်။

ယနေ့ တိုက်ပွဲကို ဖြတ်သန်းပြီးနောက် လူပေါင်း ရာချီက သူ၏အပေါ် သစ္စာရှိမှုစိတ်ဓာတ်များ ဖြစ်ပေါ်ခဲ့ကြသည်။ ၎င်းတို့ အများစုမှာ နာမည်နှင့် မျက်နှာ ခွဲခြား၍မရသော်လည်း အနည်းဆုံး စနစ်မျက်နှာပြင်ပေါ်တွင် နာမည်များ ဖော်ပြထားခဲ့သည်။ သို့သော် ဤ အမည်မသိလူသား ဆိုသည်မှာ မည်သူနည်း။ ထို့ပြင် ၆၀ ရာခိုင်နှုန်းဟူသော ထူးဆန်းစွာ မြင့်မားလှသော ကိန်းဂဏန်း။

ရုတ်တရက် ချူဟန် ၏ ဦးနှောက်ထဲတွင် အတိတ်က မှတ်ဉာဏ်တစ်ခု ဖျတ်ခနဲ ပေါ်လာတော့သည်။ အန်းကဲမြို့ငယ်လေးတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ပင်။

မဟုတ်မှလွဲရော... ထိုအချိန်တုန်းက...

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုမိသော်လည်း စနစ်မျက်နှာပြင်ပေါ်တွင် ယခင်အတိုင်း အမည်မသိလူသား ဟူသော စာလုံးလေးလုံးသာ ဖော်ပြနေဆဲပင် ဖြစ်သည်။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဘယ်က ဘယ်သူလဲ။

"စွမ်းလှချည်လားကွာ"

ချန်ရှန်းကော် သည် စိတ်လှုပ်ရှားမှုများ မပြယ်သေးသော အသံဖြင့် ပြေးဝင်လာပြီး ချူဟန် ၏ အတွေးစများကို ဖြတ်တောက်လိုက်တော့သည်။

"ဒီလောက်များတဲ့ ဇွန်ဘီတွေကို အမြစ်ပြတ် သုတ်သင်နိုင်တာပဲ... ရှန်းကော်အခြေစိုက်စခန်းတော့ အသက်ဆက်နိုင်ခဲ့ပြီဗျို့"

"မှန်တယ်ဗျာ... ချူဟန် အစ်ကိုကြီးကြောင့်ပဲ"

လူအုပ်ကြီးအတွင်းမှနေ၍ သူ့ကို အစ်ကိုကြီး ဟု ခေါ်ဆိုသံများ စတင်ထွက်ပေါ်လာတော့သည်။ ချန်ရှန်းကော် ၏ မျက်ဝန်းတွင် မကျေနပ်မှု အရိပ်အယောင် လုံးဝမရှိချေ။ ထို့ထက် ပို၍ သူက ဤသို့ စတင်ပြောဆိုလာခဲ့သည်။

"ဒါနဲ့... ချူဟန် ကို ဤအခြေစိုက်စခန်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးမယ်ဆိုရင် ဘယ်လိုလဲဗျာ။ အားလုံးပဲ... ကန့်ကွက်မယ့်သူ မရှိဘူးမလား။"

"မရှိပါဘူး..."

"တခဲနက် ထောက်ခံတယ်ဗျာ..."

"အစ်ကိုကြီး နောက်ကိုပဲ လိုက်မယ်ဟေ့။"

လူတိုင်းက လက်နှစ်ဖက်လုံးကို မြှောက်လျက် ထောက်ခံကြပြီး ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြတော့သည်။

ချူဟန် သည် တစ်ခဏမျှ အံ့ဩသွားရသည်။

‘အခြေစိုက်စခန်း၏ ခေါင်းဆောင် ဟုတ်လား...’

ရှေ့မှောက်တွင် ပျံ့နှံ့နေသော ဟန်ဆောင်မှုကင်းသည့် စစ်မှန်သော အပြုံးများ။ သစ္စာရှိမှုစနစ်ဖြင့် ဆက်နွယ်ထားသော ခိုင်မာလှသော သံယောဇဉ်များ။ ထိုအရာများကို ခံစားမိသည့် ခဏ၌ ချူဟန် ၏ ဦးနှောက်ထဲတွင် ကြီးမားလှသော ရည်မှန်းချက်ကြီးတစ်ခု စတင် ပေါက်ဖွားလာတော့သည်။

အကယ်၍ မိမိအပေါ် သစ္စာစောင့်သိကြမည့်သူများကို လက်အောက်ခံအဖြစ် သိမ်းပိုက်ပြီး မိမိကိုယ်ပိုင် စစ်တပ်ကြီးတစ်ခု တည်ဆောက်မည်ဆိုပါက... ဤကဲ့သို့သောအရာမျိုး ဖြစ်နိုင်ပါ့မလား။

ဖြစ်နိုင်ပေသည်။

ပြန်လည်စတင်ခြင်းစနစ် ဆိုသည်မှာ လက်တွေ့တွင် စည်းကမ်းဖောက်ဖျက်လှသော ထူးခြားဆန်းပြား စွမ်းရည်တစ်ခု ဖြစ်သည်။

သစ္စာရှိမှု...

၎င်းကား စစ်တပ်အတွင်း၌ အဆင့်မြင့် စစ်သေနာပတိတစ်ဦးအတွက် အရေးကြီးဆုံးအရာပင် ဖြစ်သည်။ သစ္စာရှိခြင်းဆိုသည်မှာ အကြွင်းမဲ့ နာခံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ရင်ထဲမှ ထွက်ပေါ်လာသော သစ္စာရှိမှုသည် မည်သည့် အတင်းအကြပ် အမိန့်ပေးမှုထက်မဆို ပိုမိုပြင်းထန်လှသော စွမ်းပကား ရှိပေသည်။

အကယ်၍ မိမိစစ်တပ်၏ စစ်သည်အားလုံး၏ သစ္စာရှိမှုအဆင့် ၉၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားမည်ဆိုလျှင် နောင်အနာဂတ်ကာလအထိ မည်သည့်အခါမျှ သစ္စာဖောက်မည်မဟုတ်သော အကြွင်းမဲ့ အရူးအမူး ကြည်ညိုသူများ၏ အစုအဝေးကြီး ဖြစ်လာပေလိမ့်မည်။

တွေးကြည့်စမ်း။

မိမိ၏ ဦးနှောက်ထဲတွင် နောင်အနာဂတ်မှ သယ်ဆောင်လာခဲ့သော များပြားလှသော အချက်အလက်များ တည်ရှိနေသည်။ ဇွန်ဘီများနှင့် ပတ်သက်သော ဗဟုသုတများ၊ လူသားများနှင့် ပတ်သက်သော အသိပညာများ၊ ထိုအရာအားလုံးကို အကုန်အစင် နားလည်ထားသည်။ အကယ်၍ ဧရာမ အရေအတွက်ရှိသော သစ္စာရှိ လက်အောက်ခံများကို ရရှိပြီး နောင်ခေတ်ဦး အသိပညာများကို အသုံးပြု၍ ၎င်းတို့ကို လေ့ကျင့်ပျိုးထောင်ပေးမည်ဆိုပါက... ထိုစစ်တပ်ကြီးသည် မည်မျှအထိ အစွမ်းထက် ကြောက်မက်ဖွယ်ကောင်းလာမည်နည်း။

အဆုံးစွန်သော သစ္စာရှိမှု။

ပြီးပြည့်စုံသော လေ့ကျင့်မှု။

ခေတ်ရှေ့ပြေး စစ်ဗျူဟာ။

ထိုစစ်တပ်ကား လမ်းတွင်နတ်ဘုရားဆီးကြိုပါက နတ်ဘုရားကိုသတ်၍ မိစ္ဆာဆီးကြိုပါက မိစ္ဆာကိုချေမှုန်းမည့် အစွမ်းထက်ဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံးသော စစ်တပ်ကြီး ဖြစ်လာပေလိမ့်မည်။

ချူဟန် ၏ မျက်ဝန်းအစုံသည် တဖြည်းဖြည်း အလင်းရောင်များ တောက်ပလာခဲ့ပြီး ခန္ဓာကိုယ်မှာလည်း တိုက်ပွဲဝင်လိုစိတ်ကြောင့် တုန်ရီလာတော့သည်။ အနာဂတ်မှ လွန်ခဲ့သော ဆယ်နှစ်အောက်ခြေသို့ ပြန်လည်ရောက်ရှိလာရခြင်း၏ အဓိပ္ပာယ်။ ၎င်းကား သာမန်ဘဝကို ပြန်လည်စတင်ရန် အခွင့်အရေးတစ်ခုမျှသာ မဟုတ်ချေ။ အကြီးမားဆုံးသော လက်နက်မှာ အနာဂတ်ကို ကြိုတင်သိမြင်ခြင်း ပင်ဖြစ်သည်။

သို့သော် ထိုအချိန်၌ လူနှစ်ဦး၏ မျက်နှာသည် ရုတ်တရက် ဦးနှောက်ထဲသို့ ဖြတ်ပြေးသွားတော့သည်။ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသော စိတ်လှုပ်ရှားမှုများသည် ရေအေးဖြင့် အပက်ခံရသည့်အလား တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

မျက်ဝန်းထဲတွင် ရှိနေသော ခံစားချက်များကို ဖုံးကွယ်လျက် ချူဟန်သည် ရှေ့မှောက်ရှိ လူအုပ်ကြီးကို တိတ်ဆိတ်စွာ ပြန်လည် စူးစိုက်ကြည့်နေမိတော့သည်။

All Chapters