အခန်း ၁၃၁
Vol. 10 Ch. 131
အခန်း ၁၃၁ - လက်နက်ချအညံ့ခံခြင်း
ရဲ့ရှင်းချန်သည် တစ်ခုခုအား ဖုံးကွယ်ထားချင်၍ မဟုတ်ပေ။ သို့သော် ကျောက်ဟောင်အား သူ၏ ထူးခြားလှသည့် စွမ်းအားများနှင့် အရင်ဆုံး ရင်းနှီး ကျွမ်းဝင်စေချင်ခဲ့ခြင်း ဖြစ်သည်။
အနာဂတ်တွင် ကျောက်ဟောင်၏ အခန်းကဏ္ဍသည် အလွန် အရေးပါလာမည် ဖြစ်သည်။ အကယ်၍ ကျောက်ဟောင်သာ သူ၏စွမ်းအားအား ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်ဆိုလျှင် ရဲ့ရှင်းချန်၏ အသက် ရှင်သန်နိုင်စွမ်း အခွင့်အလမ်းအား တိုက်ရိုက် တိုးမြင့် လာစေမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရဲ့ရှင်းချန်သည် ကျောက်ဟောင် အကြောင်း စဉ်းစားနေခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် စွမ်းရည်အကြောင်းကိုသာ စဉ်းစားနေခြင်း ဖြစ်သည်။ စားသောက် ပြီးသွားပြီး နောက်တွင် ရဲ့ရှင်းချန်သည် သူ၏ အသိစိတ်အား အသုံးပြု၍ နေရာလွတ် အတွင်းသို့ စစ်ဆေး ကြည့်လိုက်လေသည်။
ကျန်းရီမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ကာ ရဲ့ရှင်းချန် ယခင်တွင် တွေးပူခဲ့ရသည့် ဖြစ်နိုင်ချေများလည်း ဖြစ်မလာခဲ့ချေ။ ရဲ့ရှင်းချန်သည် ကျန်းရီအား ထိုနေရာလွတ်ထဲ ပစ်ထည့်လိုက်ပါမူ ထိုနေရာတွင် သိုလှောင်ထားသော ပစ္စည်းများအား သူထိတွေ့မိသွားနိုင်မည်လား ဟု မူလတွင် စိုးရိမ်ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ရဲ့ရှင်းချန် အံ့သြသွားသည်မှာ ကျန်းရီသည် သူရောက်နေသည့် မူလနေရာမှာပင် အချိန် တစ်လျှောက်လုံး ရှိနေခဲ့ပုံ ရလေသည် ကျန်းရီ မည်သည့် အချိန်တွင် သေဆုံးသွားခဲ့သည်ကိုပင် မသိရချေ။ စားသောက်ပြီးနောက် ရဲ့ရှင်းချန် နေရာလွတ်ထဲ ပြန်ဝင်လာပြီးနောက် ကျန်းရီ၏ အလောင်းအား အပြင်သို့ ပစ်ထုတ် လိုက်တော့သည်။
သူသည် ခြံစည်းရိုး အပြင်ဘက်မှ သက်တော်စောင့်များ ရှိရာသို့ ပစ်ချလိုက်ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူသည် လူတစ်ယောက်ကိုသာ သယ်ယူခဲ့ခြင်း ဖြစ်သည့်တိုင် ရဲ့ရှင်းချန်သည် ဂိုဒေါင်တစ်ရုံစာ ပစ္စည်းများအား အဝေးကြီးမှ သယ်လာရသကဲ့သို့ အလွန်ပင် ဆာလောင်နေခဲ့လေသည်
သူ ရုတ်တရက် တွေးမိသွားသည်မှာ သူ၏ ယခု စွမ်းရည်သည် သီးခြားနေရာလွတ် တစ်ခု အဖြစ် ပိုင်ဆိုင်ထား ရုံသာမက အခြားအသုံးဝင်မှုများလည်း ရှိနိုင်အုန်းမည်လား ဆိုသည်ကိုပင် ဖြစ်သည်။
ယခု သူသိထားသည်မှာ သူသည် လူများနှင့် ပစ္စည်းများအား အဝေးမှ နေ၍ ယူဆောင်နိုင်သည် ဆိုခြင်း ဖြစ်သည်။ ထို နေရာလွတ် ထဲသို့ သူကိုယ်တိုင်လည်း ဝင်ရောက်နိုင်သေးသည်။ သို့သော် အခြား မည်သူ့ကိုမျှ သူမခေါ်ဖူးခဲ့ချေ။ ကျန်းရီသည် ထိုနေရာလွတ်ထဲသို့ ခေါ်ဆောင်ခံရသည့် ပထမဆုံးသူ ဖြစ်ပေသည်။
ဤစွမ်းရည်အား အားကိုးကာ သတ်ဖြတ်နိုင်သည့် စွမ်းရည်မျိုးများ ရှိလာနိုင်မည်လား ဟု ရဲ့ရှင်းချန် ရုတ်တရက် တွေးမိသွားခဲ့တော့သည်
မည်သို့ပင် ဖြစ်စေ ယခုအချိန်တွင် ထူးခြားသော စွမ်းအားများ နိုးထလာသူများသည် သိပ်မများလှ သေးသော်လည်း ကမ္ဘာပျက်ကပ်ကြီး ဆက်လက် ဖြစ်ပေါ်နေသည် နှင့်အမျှ ကျောက်ဟောင်ကဲ့သို့ ထူးခြားစွမ်းအား နိုးထလာသူများ သေချာပေါက် ပိုပိုများလာမည်သာ ဖြစ်သည်။
ရဲ့ရှင်းချန်သည် ကြိုတင်ကာကွယ်မှုများ မလုပ်ဘဲ မနေနိုင်တော့ချေ။ သို့သော် ရဲ့ရှင်းချန် ဤကိစ္စအား အကြာကြီး ဆက်မတွေး နေချင်တော့ချေ။ သူ့တွင် ယခု လုပ်စရာ နောက်တစ်ခု ရှိနေသေးသည် မဟုတ်ပါလား။ ထိုအလုပ်မှာ ကျန်းရီ၏ သက်တော်စောင့်များအား သူ၏လက်အောက်သို့ သိမ်းသွင်းရန်ပင် ဖြစ်သည်။
ကျန်းရီ၏ အလောင်းအား ရဲ့ရှင်းချန် ပစ်ချလိုက်သောအခါ သက်တော်စောင့်များ အပေါ်သို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည် ရဲ့ရှင်းချန်သည် အမြင့်ကြီး ပေါ်မှနေ၍ သက်တော်စောင့်များ၏ ထိတ်လန့်တကြား အော်ဟစ်သံများအား အတိုင်းသား ကြားနေရလေသည်
မည်ကဲ့သို့ မထိတ်လန့်ဘဲ နေနိုင်လိမ့်မည်နည်း ဤသည်မှာ အစောပိုင်း အချိန်လေး အထိ အသက်ရှင်နေလျှက် ရှိသည့် သူတို့၏ ဘော့စ် ဖြစ်နေသည် မဟုတ်ပါလား။
အစပိုင်းတွင် သူတို့ ကျန်းရီ၏ နောက်သို့ လိုက်ခဲ့ခြင်းမှာ ကျန်းရီ၏ ဖခင်သည် ငွေအမြောက်အမြား ပေး၍ သူတို့အား ငှားရမ်းခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ကမ္ဘာပျက်ကပ်ကြီး ရောက်လာပြီ ဆိုသည်အား လူတိုင်း နှုတ်ဆိတ်စွာ လက်ခံလာကြသည် ဖြစ်ရာ ငွေများသည်လည်း အသုံးမဝင်နိုင်တော့သည်ကို သူတို့ သဘော ပေါက်လာခဲ့ကာ အစားအစာရရန် အတွက် ကျန်းရီအပေါ် သစ္စာစောင့်သိရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ကျန်းရီ မိသားစု၏ အစားအစာများ လုယက်ခံရသော်လည်း ထိုအချိန်တွင် သူတို့မှာ အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သူတို့အားလုံးသည် အခြားပြည်နယ်များမှ လာသူများ ဖြစ်သည်။ ယခုလို အချိန်ကြီးတွင် ဇာတိအား ပြန်ရန် ဆိုသည်မှာ လက်တွေ့မကျလှချေ။ အပြင် ထွက်လမ်းလျှောက်ရန်ပင် ခက်ခဲနေချိန်တွင် မြို့ပြင်သို့ ထွက်ရန်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်ချေတော့သည်။
နေရာအနှံ့ရှိ သယ်ယူ ပို့ဆောင်ရေး စနစ်များ ရပ်တန့်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည် ကျန်းရီ၏ နောက်သို့ ဆက်လိုက်ရုံ မှလွဲ၍ အခြားသော ရွေးချယ်စရာ မရှိတော့ချေ။ ကံကောင်း ထောက်မစွာဖြင့် ကျန်းရီသည် ဉာဏ်ကောင်းသူ ဖြစ်ကာ မည်သို့ ရှင်သန်ရမည်ကိုလည်း သိပေသည် သူတို့အားလည်း ဗိုက်ဝအောင် စားနိုင်ရန် ကူညီပေးခဲ့လေသည်။ သို့သော် ယခု ကျန်းရီ သေဆုံးသွားပြီ ဖြစ်ရာ ခေါင်းဆောင် မရှိသည့် အုပ်စုတစ်ခု တစ်ခုကဲ့သို့ သူတို့ ချက်ချင်း ခံစားလိုက်ရတော့သည်။
"ဒါ ငါတို့ ဘယ်လိုလုပ်ကြမလဲ ဘော့စ် သေသွားပြီ"
အောက်ဘက်ရှိ လူရှစ်ယောက်မှာ တွေဝေသွားကြကုန်သည်။ ဤနေရာတွင် သူတို့အတွက် အိမ်မရှိပေ။ သူတို့ နေထိုင်သည့် အချိန်တွင်ပင် ကုမ္ပဏီမှ စီစဉ်ပေးသော အဆောင်တွင်သာ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် သူတို့ နေထိုင်သည့် နေရာတွင် ဟွမ်ထျန်းဖန် အသိအမှတ် ပြုထားသူမှာ ကျန်းရီ တစ်ယောက်တည်းသာ ရှိပေသည်။ ကျန်းရီ သေဆုံးသွားပါမူ သူတို့ သွားစရာ နေရာမရှိတော့ ဟုပင် ဆိုနိုင်ပေသည်။
"ပြီးပြီပဲ ငါတို့ ဘယ်သွားလို့ရဦးမလဲ ငါတို့ကို ဘယ်သူက လက်ခံမှာလဲ"
သူတို့ ရှစ်ယောက်စလုံးသည် တိုက်ခိုက်ရေး ကောင်းမွန်သကဲ့သို့ အစားလည်း အလွန် စားနိုင်ကြသည်။ ယခု အချိန်မျိုးတွင် ခွန်အားသည် အရေးကြီးသော်လည်း အစားအစာထက် အရေးမကြီး ဆိုသည်ကိုလည်း သိထားရမည် ဖြစ်သည်။
အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို ပြောရခက်သော်လည်း အနည်းဆုံး ယခုအချိန်တွင်မူ သူတို့နှင့် မည်သည်ကိုမှ မဆိုင်သည့် ဤလူများကို ကျွေးမွေးဖို့ရန် အတွက် မည်သူမှ မိမိတို့၏ အစားအစာများအား အလဟဿ မဖြုန်းတီးချင်ကြပေ။
ထိုအချိန်တွင် ရဲ့ရှင်းချန်က ပြတင်းပေါက်အား မှီ၍ သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် အသံလွှင့်စက်အား ဖွင့်လိုက်လေသည်။
"စွမ်းဆောင်ရည် ရှိပြီး သစ္စာရှိတဲ့ သူတိုင်းကို ဒီမှာ ငါ လူသစ် စုဆောင်းနေတယ် ဝင်ချင်စိတ်ရှိရင် လူနေအိမ်ရာ အဝင်ဝကို သွားပြီး ငါ့ဆီ ဆက်သွယ်ဖို့ လူတစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်ပါ ပြီးရင် မင်းတို့ကို ငါ စမ်းသပ်စစ်ဆေးမယ်"
ရဲ့ရှင်းချန်မှ သူတို့အား ဤနေရာတွင် အလုပ် လုပ်စေချင်ကြောင်း တိုက်ရိုက် မပြောနိုင်ခဲ့ပေ။ တက်တက်ကြွကြွ အလွန် ဖြစ်နေပါမူ သူသည် တစ်ခုခု ကြံစည်နေသည်ဟု လူများအား တွေးထင် သွားစေနိုင်ပေသည်။
ထိုလူရှစ်ယောက်သည် ဉာဏ်မကောင်း လှသော်လည်း သေချာပေါက် မတုံးအကြပေ။ ရဲ့ရှင်းချန်သည် လောလောဆယ် သူတို့ အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ကြောင်း သူတို့ သိကြသည်။
သူတို့၏ ဘော့စ်သည် ရဲ့ရှင်းချန်၏ ဗီလာအား တိုက်ခိုက်ချင်ခဲ့သောကြောင့် သေဆုံး သွားခဲ့ရသော်လည်း ရဲ့ရှင်းချန်၏ လုပ်ရပ်များသည်လည်း မှားယွင်းသည်ဟု သူတို့ မထင်ကြပေ။ မည်သို့ပင် ဆိုစေ အရင်ဆုံး စတင်ခဲ့သည်မှာ ကျန်းရီပင် ဖြစ်သည်။
မကြာမီမှာပင် ထိုလူ အနည်းငယ်သည် လူနေအိမ်ရာ၏ တံတိုင်းအား ပတ်၍ ကျင်းဟွာ လူနေအိမ်ရာ၏ အဝင်ဝသို့ ရောက်ရှိလာကြကုန်သည်။ ယခင်တွင် မျိုးဗီဇပြောင်းလဲနေသူများ ရှိနေသောကြောင့် ရဲ့ရှင်းချန်၏ အိမ်ရာတံခါးအား ဖွင့်မထားခဲ့ပေ။ နေ့စဉ် အိမ်ရာထဲတွင် ကင်းလှည့်နေသူများသာ ရှိသည်။
"ဟယ်လို လူရှိလားဗျ"
ရဲ့ရှင်းချန်သည် သူတို့ ထွက်သွားသည်အား ကြည့်၍ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် အိမ်ရာ အဝင်ဝရှိ စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်းအား ဖွင့်ကြည့်လိုက်တော့သည်။
သေချာပေါက်ပင် ထိုလူရှစ်ယောက်သည် အခြေအနေအား ကောင်းကောင်း သိပေသည်။ ရဲ့ရှင်းချန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တံခါးဖွင့် ပေးရန် လူရှာရန်နှင့် သူတို့ကိုယ်သူတို့ သတင်းပို့ရန် အိမ်ရာ အဝင်ဝသို့ ချက်ချင်း သွားခဲ့ကြသည်။ ရဲ့ရှင်းချန်မှ ခဏ စဉ်းစားပြီးနောက် ကျောက်ဟောင်ထံ မက်ဆေ့ချ်တစ်ခု ပို့လိုက်လေသည်။
"အစ်ကိုကျောက် ဒီမှာ အစ်မအန်းရန်နဲ့ နေရတာ အဆင်ပြေရဲ့လား"
လူရှစ်ယောက်သည် အကြောင်းမဲ့ကြီး ရောက်လာကြပြီ ဖြစ်ရာ သူတို့ နေထိုင်ရန် နေရာတစ်ခု ရှာပေးရမည် ဖြစ်သည်။ သူတို့သည် လူများသာ ဖြစ်ကာ လမ်းဘေး တိရစ္ဆာန်များလည်း မဟုတ်ကြချေ။ ဤအတိုင်း ပစ်ထားလိုက်၍ မရချေ။
ထို့အပြင် ရဲ့ရှင်းချန်တွင် အနာဂတ်၌ ထိုလူ ရှစ်ယောက်အား အရေးကြီးသည့် နေရာတွင် ထားကောင်း ထားနိုင်သည် ဟူသည့် ခံစားချက်မျိုး ရှိနေပြန်သည် ထိုသို့ဆိုပါက ရဲ့ရှင်းချန်သည် သူတို့၏ နေထိုင်ရေးအား သေချာပေါက် စဉ်းစားပေးရမည် ဖြစ်သည်။
ယခု ကျောက်ဟောင်သည် သူ၏ အိမ်ထဲသို့ ပြောင်းရွှေ့ လာပြီ ဖြစ်ရာ ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား ပြန်လွှတ်ရန် အစီအစဉ် မရှိပေ။ လူနှစ်ယောက် ပိုလာသည်မှာ အထူးတလည် ကွာခြားသွားမည် မဟုတ်ချေ။ ရဲ့ရှင်းချန် တွင် အပေါများဆုံး အရာမှာ အစားအစာများပင် ဖြစ်သည်။
"ဒီလိုပါ အစ်ကိုကျောက် ကျွန်တော် အပြင်ကနေ လူသစ်တချို့ ခေါ်မလို့ သူတို့အတွက် သင့်တော်တဲ့ နေရာ မတွေ့သေးဘူး အခု အစ်ကိုလည်း ဒီကို ရောက်နေပြီဆိုတော့ နေသားကျနေပြီဆိုရင် ဒီမှာပဲ ဆက်နေ လိုက်ပါတော့လား ဘာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက် ပေးလို့ရတာပေါ့"
ကျောက်ဟောင်မှ မက်ဆေ့ချ် ချက်ချင်း ပြန်ပို့လာခဲ့သည်။
"နေသားကျပါတယ် ညီလေးရဲ့ရာ မင်းနေရာက ငါ့နေရာထက် အများကြီး ပိုကောင်းပါတယ် ကျယ်ဝန်းပြီး လင်းထိန်နေတာပဲ အိမ်သာနဲ့ ရေချိုးခန်းလည်း နှစ်ခုစီတောင် ရှိတယ် မီးဖိုချောင်ကအစ အကြီးကြီးပဲ ငါ့အိမ်ထက် အဆပေါင်းများစွာ သာပါတယ်"
ကျောက်ဟောင်သည် ယဉ်ကျေးနေခြင်း မဟုတ်ချေ။ အမှန်တရားကိုသာ ပြောနေခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် ဤအိမ် အတွက် ပိုက်ဆံ အများအပြား အကုန်အကျ ခံထားခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူနေခဲ့ရသည့် အဆောင်ငယ်လေးထက် အဆပေါင်းများစွာ ပိုကောင်းနေသည်မှာ သေချာလှပေသည်။
"အစ်ကိုကျောက် ကျွန်တော် အစ်ကိုနဲ့ ကိစ္စလေးတစ်ခု တိုင်ပင်လို့ရမလား"