အခန်း ၁၃၂
Vol. 10 Ch. 132
အခန်း ၁၃၂ - လူသစ်စုဆောင်းခြင်း
"ပြောလေ ပြောလေ ညီလေးရဲ့ ပြောစရာရှိရင် ပြောသာပြောပါ ဘာတိုင်ပင်စရာ ရှိလို့လဲ မင်း ဆုံးဖြတ်ပြီးတာတစ်ခုခု ရှိရင်လည်း ငါ့ကို တိုက်ရိုက်သာ ပြောပါ"
ရဲ့ရှင်းချန် မည်သည်အား ပြောချင်နေသည်အား ကျောက်ဟောင် ခပ်ရေးရေး ခန့်မှန်းမိသော်လည်း ရဲ့ရှင်းချန်သည်လည်း သူ၏ အကြံအစည်များအား တိုက်ရိုက် ပြောပြလိုက်လေသည်။
"ဒီလိုပါ အစ်ကိုကျောက် ကျွန်တော် ဒီလူတွေကို အရင်လိုပဲ လက်ခံထားမလို့ သူတို့ကို အစ်ကို့ဆီ အပ်ထားလိုက်မယ် အစ်ကို သဘောတူရင် သူတို့ကို အစ်ကို့နေရာမှာ ပေးနေဖို့ စဉ်းစားထားတယ်"
"အဓိကက ဒီလိုရာသီဥတုကြီးမှာ ဘယ်အိမ်က လူတွေ အကုန်သေနေပြီလဲဆိုတာ သိဖို့ တစ်အိမ်တည်း လိုက်ခေါက်ပြီး သူတို့အိမ်ကို ရှင်းလင်းပေးရမှာက မကောင်းဘူးလေ ဒါကြောင့် ကျွန်တော် ဒီအကြံကို ရလာတာ ဘယ်လိုထင်လဲ အစ်ကိုကျောက်"
ကျောက်ဟောင်မှ စဉ်းစားကြည့်လိုက်လေရာ ရဲ့ရှင်းချန် ပြောသည်မှာလည်း အဓိပ္ပာယ် ရှိသည်ဟု ထင်လိုက်မိသည်။ သို့သော် ထိုသို့ဆိုပါမူ သူနှင့် လီအန်းရန်တို့မှာ ရဲ့ရှင်းချန်အိမ်တွင် အမှန်တကယ် နေရတော့မည် ဖြစ်သည်။
"ဒါပေမဲ့ ညီလေးရဲ့ ဒါက ဒါက သင့်တော်ပါ့မလား တခြားသူနေဖို့ ငါ့အိမ်ကို ရှင်းပေးလိုက်ရင် နောက်ကျ မင်းကို ဒုက္ခပေးရတော့မှာပေါ့"
ကျောက်ဟောင်သည် သူ၏ အဆောင်စုတ်လေးအား မခွဲခွာနိုင်၍ မဟုတ်ပေ။ ရဲ့ရှင်းချန်အား အချိန်ကြာသည် အထိ ဒုက္ခမပေးချင်ရုံသာ ဖြစ်သည်။ မည်သူမှ မအကြချေ။ ကျောက်ဟောင်သည်လည်း အတူတူပင် ဖြစ်သည်။ ရဲ့ရှင်းချန်၏ အိမ်သည် သူ၏ အိမ်နှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူကောင်းကောင်း နားလည်ပေသည်။ သို့သော် ရဲ့ရှင်းချန်၏ တောင်းဆိုချက်အား သဘောတူလိုက်သည်နှင့် ရဲ့ရှင်းချန် အပေါ် နောက်တစ်ကြိမ် အခွင့်ကောင်း ယူသကဲ့သို့ ဖြစ်သွားတော့မည် ဖြစ်သည်။ သူသည် အနည်းနှင့်အများ စိုးရိမ်ပူပန်နေမိခြင်း ဖြစ်သည်။
"မဖြစ်ဘူး မဖြစ်ဘူး ညီလေးရဲ့ မင်း ငါ့ကို ကူညီခဲ့တာ လုံလောက်နေပါပြီ အာ ညီအစ်ကိုတွေ အချင်းချင်း ကူညီကြတယ် ဆိုရင်တောင် ဒီလိုကြီး ကူညီကြတာမျိုးမှ မဟုတ်တာ မင်းကပဲ ငါ့ကို အမြဲကူညီနေခဲ့တာလေ ငါ မင်းကို ဘာမှမကူညီပေးခဲ့ရသေးဘူး"
ရဲ့ရှင်းချန်သည် ကျောက်ဟောင်မှ ချက်ချင်း သဘောတူလိမ့်မည် ဟု ထင်မှတ် ထားခဲ့သော်လည်း ကျောက်ဟောင်မှ သူ့အား ငြင်းဆိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။ ထို့အပြင် အကြောင်းပြချက်မှ ဤသို့ ဖြစ်နေခဲ့သည် သူ ပြုံးလိုက်မိကာ သူ၏ လက်ချောင်းများအား ဖုန်းစခရင်ပေါ်တွင် ကခုန်သွားခဲ့လေသည်။
"ရပါတယ် အစ်ကိုကျောက်ရာ ဒီမှာ ကျွန်တော်နဲ့ အေးအေး ဆေးဆေးသာ နေပါ အစ်ကို သဘောတူတယ်လို့ပဲ ကျွန်တော် မှတ်ယူလိုက်တော့မယ် အစ်ကို့ အိမ်ကနေ တခြားဘာတွေများ ယူပေးဖို့ လိုသေးလဲဆိုတာ စဉ်းစားကြည့်ပါဦး ကျွန်တော့်ကိုသာ အသိပေးလိုက်ပါ အကူအညီနဲ့ ပတ်သက် ပြီးတော့. ကောင်းပြီလေ ဒါဆို ဒီနေ့ အစ်ကိုကျောက် ပြောတဲ့စကားတွေကို ကျွန်တော် မှတ်ထားလိုက်မယ် နောင်ကျရင် အစ်ကိုကျောက်ကို အကူအညီ တောင်းတဲ့အခါ အစ်ကိုကျောက် လုံးဝ မငြင်းရဘူးနော်"
ကျောက်ဟောင်တွင် ယူစရာ မည်သည့် အရာမှ မရှိတော့ချေ။ လီအန်းရန် လာစဉ် ကတည်းမှ ရဲ့ရှင်းချန်၏ အိမ်တွင် အပြီး နေရန် ဆုံးဖြတ် ပြီးသား ဖြစ်သည်။ သူမသည် လိုအပ်သည် ပစ္စည်းများအား အကုန်လုံး သိမ်းဆည်းပြီး ယူလာခဲ့ပြီး ဖြစ်သည်။ ရှိခဲ့လျှင်ပင် များများစားစား မကျန်တော့ပေ။
ကျောက်ဟောင်၏ အလုပ်လုပ်ပုံမှာ အတော်လေး မြန်ဆန်သည် ဟု ပြော၍ ရပေသည်။ ရဲ့ရှင်းချန်မှ ဤမျှ ပြောနေပြီ ဖြစ်သည့် အတွက် သူ ထပ်မံ ငြင်းဆန်နေပါက နားလည်မှု မရှိသူ ဖြစ်သွားပေလိမ့်မည်။
တစ်ရက်တောင် မပြည့်မီ အချိန်အတွင်းမှာပင် ရဲ့ရှင်းချန် စုဆောင်း ထားသည့် လူရှစ်ယောက် နေရာချထားရေး အတွက် ကျောက်ဟောင် စီစဉ်ပေးပြီးသွားပြီ ဖြစ်သည်။
ကျောက်ဟောင် နေခဲ့သည့် အဆောင်သည် အနည်းငယ် သေးငယ်လှသဖြင့် ထွားကျိုင်း သန်မာလှသော အမျိုးသား ရှစ်ယောက် တစ်ပြိုင်နက် နေထိုင်ရန် အမှန်ပင် အနည်းငယ် ကျပ်တည်းနေခဲ့သည်။ ရဲ့ရှင်းချန်သည် ရုတ်တရက် အခြားသော ပြဿနာတစ်ခုအား စတင်စဉ်းစားလာမိခဲ့သည်။
အကယ်၍ သူ၏ ကိုယ်ပိုင် အင်အားစုအား တည်ဆောက်ချင်ပါက သူ၏ လက်အောက်ငယ်သားများ၏ ဘေးကင်းလုံခြုံမှုကိုလည်း သေချာအောင် လုပ်ရမည် ဖြစ်သည်။ အနည်းဆုံး ကြည့်ရသလောက် သူနေထိုင်နေသည့် လူနေအိမ်ရာသည် လုံးဝ လုံခြုံမှု မရှိချေ။ ဤ အိမ်ရာ၏ အဝင်တံခါးကိုပင် နောက်ဆုံး အချိန်ကပ်မှ သွားရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထို့နေ့တွင် တောင့်တင်းသန်မာသည့် လူကြီးတချို့ ပြေးလာပြီး တံခါးအား မပိတ်ထားခဲ့လျှင် ထိုမျိုးဗီဇ ပြောင်းနေသူများသည် အိမ်ရာ၏ တံခါးတစ်ခုလုံးအား ဝင်တိုက်ဖြိုခွဲ သွားလောက်ပြီ ဖြစ်သည်။
ထိုအချက်အား စဉ်းစားမိသောအခါ ရဲ့ရှင်းချန်သည် ဘေးကင်း လုံခြုံရေးအိမ် ဆောက်လုပ်ရန် သူ ရှာဖွေခဲ့သော ကုမ္ပဏီအား ရုတ်တရက် သတိရသွားခဲ့သည်။ ရဲ့ရှင်းချန်၏ အိမ်သည် ယွမ်သန်း ဆယ်ဂဏန်း အကုန်အကျခံ ပြုပြင် ထားခြင်း ဖြစ်သည်။
ရဲ့ရှင်းချန် အထပ် အရေအတွက်အား တိုးမြှင့်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ယခင်ဘဝတွင် နှင်းဖုံးခံခဲ့ရသောကြောင့် ဖြစ်သည်။ ယခင်ဘဝတွင် သူ ကြိုးကြိုးစားစား နှင်းမရှင်းခဲ့လျှင် ခေါင်မိုးပါသော သူ၏ သုံးထပ်ဗီလာမှာ လွန်ခဲ့သည့် အချိန်ကြာမြင့်စွာကတည်းမှ နှင်းထုအောက်သို့ မြုပ်သွားလောက်ပြီ ဖြစ်သည်။
ယခင်ဘဝ၏ သင်ခန်းစာကြောင့် ရဲ့ရှင်းချန်သည် ယခုဘဝတွင် သူ၏ဗီလာအား ခုနစ်ထပ်အပြည့် ပြောင်းလဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအရာ အားလုံးသည် ရဲ့ရှင်းချန် အသက် ရှင်သန်ချင်သောကြောင့်သာ ဖြစ်သည်။
ယခု ရဲ့ရှင်းချန် အသက်ရှင်နိုင်မလား မရှင်နိုင်လား ဆိုသည်အား စိုးရိမ်စရာ မလိုတော့ပေ။ ရဲ့ရှင်းချန်၏ လက်ရှိ ရည်မှန်းချက်မှာ အသက်ရှင်သန်ရုံ သက်သက်လောက် ရိုးရှင်းခြင်း မရှိတော့ပေ။
သူသည် ယခုအချိန်တွင် ကိုယ်ပိုင် အင်အားစုအား တည်ထောင်ချင်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မူဝါဒတစ်ခုအား သူ ရုတ်တရက် နားလည် သွားသောကြောင့် ဖြစ်သည်။ သူ့တစ်ယောက်တည်း သန်မာနေရုံဖြင့် မလုံလောက်ပေ။ သူ့တွင် လုံလောက်သော အင်အားရှိရမည် ဖြစ်ကာ အခြားသူများအား သူမှ အရင်စ၍ မစော်ကားလျှင်ပင် အနည်းဆုံးတွင် အခြားသူများသည် သူ့အား လာစော်ကားမည်ကိုလည်း ကြောက်နေစရာ မလိုဘူးချေ။
သို့သော် ထိုသို့ဆိုပါက ရဲ့ရှင်းချန်၏ ဘေးကင်းလုံခြုံရေးအိမ်သည် အနည်းငယ် မလုံလောက်သလို ဖြစ်နေခဲ့သည်။ ခုနစ်ထပ် တည်းသာရှိသော သူ၏ အိမ်သေးသေးလေးထဲတွင် အသုံးဝင်မည့် လူအားလုံးအား သူ ထည့်ထား၍ မဖြစ်နိုင်ပေ။ သို့သော် အနာဂတ်တွင် အသုံးချနိုင်သည့် မိုချီနှင့် ကျောက်ဟောင်ကဲ့သို့ ထူးခြား စွမ်းအားရှိသူများကိုလည်း ရဲ့ရှင်းချန်မှ နှင်ထုတ်၍ မရပေ။
ရဲ့ရှင်းချန်သည် ကြင်နာတတ်သူ တစ်ဦး မဟုတ်ပေ။ သူတို့ အပြင်မှာ ဒုက္ခရောက်မည်ကိုလည်း သူ စိုးရိမ်နေခြင်း မဟုတ်ပေ။ ရဲ့ရှင်းချန် ရိုးရိုးရှင်းရှင်း တွေးမိသည်မှာ သူတို့အား အပြင်သို့ ပစ်ချလိုက်ပါမူ မည်သို့ ဖြစ်သွားမည်နည်း။ သူ သဘောကျနေသော လက်နက်တစ်ခုအား ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။
ရဲ့ရှင်းချန် ပိုတွေးလေလေ ပိုကြီးမား၍ ပိုကောင်းမွန်သော ဘေးကင်း လုံခြုံရေးဇုန်တစ်ခု လိုအပ်သည်ဟု ပိုခံစားရလေလေ ဖြစ်သည်။ မြို့လယ်ခေါင်နှင့် ဝေးကွာသော နေရာတွင် ဆောက်လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မျိုးဗီဇပြောင်း ပရီယွန်ဗိုင်းရပ်စ် ကူးစက်နိုင်သည်ဆိုပါက လူများလေလေ ထိုမျိုးဗီဇပြောင်း ပရီယွန်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ ပိုများလေလေ ဖြစ်သည်။ ရဲ့ရှင်းချန်သည် ထိုအန္တရာယ်များနှင့် ဝေးဝေးနေရမည် ဖြစ်သည်။
"ဟုတ်တယ် ငါ သူတို့ကို သွားမေးသင့်တယ်"
ပိုက်ဆံ အကုန်ကျခံကာ ပိုမို၍ ကြီးမားကာ ပို၍ ကောင်းမွန်လှသည့် ဘေးကင်း လုံခြုံရေး အိမ်တစ်ခုအား အခုချိန်တွက် ဆောက်ဖို့ဆိုသည်မှာ သိသာစွာပင် မဖြစ်နိုင်ပေ။ ပထမဆုံးအနေဖြင့် ယခုအချိန်တွင် ငွေသည် အသုံးမဝင်တော့ချေ။ ယွမ်တစ်သိန်းသည် ခေါက်ဆွဲခြောက် တစ်ထုပ်လောက်ပင် တန်ဖိုးမရှိတော့ပေ။ ယွမ်ဘီလီယံဆယ်ဂဏန်း ပေးမည်ဆိုလျှင်ပင် ပိုကြီးမားသော ဘေးကင်းလုံခြုံရေးအိမ် ဆောက်ပေးမည့်သူ ရှိမည် မဟုတ်ဟု သူ ထင်မြင်မိခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ လူများ အကြောင်း ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီး ဖြစ်လာသည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ၏ ဘေးကင်းလုံခြုံရေးအိမ် မပြီးဆုံးခင် ကတည်းမှ ရဲ့ရှင်းချန်သည် ဆောက်လုပ်ရေး အလုပ်သမားများနှင့် အဆက်အသွယ် ပြတ်သွားခဲ့ခြင်း ဖြစ်သည်။ ယခု အချိန် အတော်ကြာသွားပြီ ဖြစ်ရာ သူတို့ အသက်ရှင်သေးသလား သေသွားပြီလားဆိုတာ မသေချာတော့ပေ။ ထို့နောက် ရဲ့ရှင်းချန်သည် ယနေ့တွင် စုဆောင်းထားသော ကျန်းရီ၏ သက်တော်စောင့်များအား သတိရသွားတော့သည်။
မည်သို့ပင် ဖြစ်စေ သူတို့သည် နိုင်ငံတွင်းရှိ ထိပ်တန်း လုံခြုံရေးအဖွဲ့ တစ်ခုမှ ဖြစ်သည်။ ကျန်းရီ၏ ဖခင် ရာထူးသည်လည်း အတော်လေး မြင့်မားပုံ ရသည်ဖြစ်ရာ ကျန်းရီအတွက် သူ ငှားရမ်းပေးခဲ့သူများသည် လည်း သဘာဝကျကျပင် အမြင့်ဆုံးအဆင့်များ ဖြစ်ပေလိမ့်မည်။
သူတို့သည် အမြင့်ဆုံးအဆင့် သက်တော်စောင့်အဖွဲ့ ဖြစ်သည် ဆိုလျှင် ချမ်းသာသော လူအများအပြား အတွက် အလုပ် လုပ်ပေးခဲ့ဖူးသည် ဟု အဓိပ္ပာယ်မသက်ရောက် ပါလား။
ရဲ့ရှင်းချန် ချက်ချင်းပင် အပြင်ထွက်ကာ ကျောက်ဟောင်၏ အိမ်သို့ တစ်ခေါက် သွားလိုက်ချင်မိ သွားခဲ့တော့သည်။သူတို့ဆီ သွားလည်ကာ နှစ်သိမ့်စကား ပြောချင်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ တွေးပြီးနောက် ရဲ့ရှင်းချန်သည် ထိုအတိုင်း လုပ်ဆောင်ခဲ့လေတော့သည်။ နေရာလွတ်ထဲမှ သူ၏ အပေါ်အင်္ကျီအား ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီး မိုချီအား ခေါ်ကာ တံခါးအပြင်သို့ ထွက်လာခဲ့သည်။
လမ်းခရီးမှာ သိပ်မဝေးလှသဖြင့် ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် အား မယူတော့ဘဲ သူ၏ နှင်းလျှောစီးပြားကိုသာ ထုတ်ယူလိုက်တော့သည်။
"သွားရအောင် အစ်ကိုကျောက် အိမ်ကို ခေါ်သွားပေးမယ်"
ရဲ့ရှင်းချန်သည် မိုချီအား ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ မိုချီသည် အလွန် လိမ္မာသော ကလေး တစ်ယောက် ဖြစ်သည်။ ယခု ရဲ့ရှင်းချန်သည် မိုချီအား သူ၏ သမီးအရင်းကဲ့သို့ ဆက်ဆံနေပြီ ဖြစ်သည်။ လိမ္မာကာ ဤမျှလောက် သေစေနိုင်သည့် စွမ်းအားမျိုး ရှိသော ကလေး တစ်ယောက်အား ဘယ်သူကများ သဘောမကျဘဲ နေနိုင်လိမ့်မည်နည်း။