← Chapters

အခန်း ၁၃၄

Vol. 10 Ch. 134

အခန်း ၁၃၄

Vol. 10 Ch. 134

အခန်း ၁၃၄ - အလွန်ကောင်းမွန်သော ဘေးကင်းလုံခြုံရေးအိမ် (၁)

"ဟုတ်သားပဲ ငါ မင်းတို့ကို မေးစရာတစ်ခု ရှိတယ် ငါ့အတွက် ဖြေပေးနိုင်မလားတော့ မသိဘူး"

ရဲ့ရှင်းချန်သည် သူ ယူဆောင် လာသောအိတ်အား ဖွင့်လိုက်ကာ ပေါင်မုန့် ကိတ်မုန့် ခေါက်ဆွဲခြောက် ဝက်အူချောင်း ကြက်ပေါင် ကြက်ဥပေါင်း စည်သွပ်ဆန်ပြုတ် စသည်တို့အား ထုတ်ယူလိုက်သည်။ ကွတ်ကီး ချောကလက်နှင့် သကြားလုံးများပင် ပါသေးသည်။

သူတို့၏ မျက်လုံးများသည် တစ်ခုပြီးတစ်ခု စူးစိုက် ကြည့်နေခဲ့ကြသည် အချို့မှာ တံတွေးပင် မျိုချလိုက်မိသည်။ ယနေ့လို ခေတ်ပျက် ကာလကြီး အတွင်း၌ လူ ဘယ်နှယောက်လောက်များ ဤမျှ သေးငယ်လှသည့် အစားအစာ တစ်လုတ်လောက်ကို မစားရခင်တွင် ရက်ပေါင်းများစွာ အငတ်ခံပြီး သည်းမခံနိုင်တော့သည့် အထိ ဖြစ်နေကြပြီ ဆိုသည်အား သိထားရမည် ဖြစ်သည်။

ရဲ့ရှင်းချန်သည် သူတို့အတွက် တစ်ပြိုင်နက်တည်း အစားအစာတွေ အများကြီး ယူလာပေးခဲ့ခြင်း ဖြစ်သည်။ ချောကလက်တစ်တုံး သို့မဟုတ် သကြားလုံး တစ်လုံးသည် သူတို့အား နောက်ထပ် တစ်ရက်ခန့် အသက်ရှင်နေစေရန် လုပ်ပေးနိုင်စွမ်း ရှိပေသည်။

"ဒါတွေ ဒါတွေ အကုန်လုံးက ကျွန်တော်တို့အတွက်လား"

"မေးပါ ကျေးဇူးပြုပြီး မေးပါ ကျွန်တော်တို့ သိသမျှ အကုန်ပြောပြပါ့မယ်"

သူတို့၏ အကြည့်များသည် ရဲ့ရှင်းချန်ထံမှ စားပွဲဆီသို့ ရွှေ့သွားခဲ့ကာ စားစရာပုံကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြသည်။ ဤပုံမှန် အစားအစာများ အကြောင်း တွေးရင်းဖြင့် သူတို့ ရူးသွပ်တော့မတတ် ဖြစ်နေကြပြီ ဖြစ်ကာ လတ်တလောတွင် သူတို့သည် ပုပ်ဟောင်နေသော အရွက်များ သို့မဟုတ် ဆန်တစ်စေ့ပင် မမြင်ရလောက်အောင် ကျဲလွန်းသည့် ဆန်ပြုတ်ကိုသာ စားနေခဲ့ရခြင်း ဖြစ်သည်။ အစားအသောက်သည် အလွန် ဆိုးရွားသဖြင့် အလုပ်လုပ်ရန်ပင် ခွန်အားမရှိလုနီးပါး ဖြစ်နေကြရလေသည်။

စားစရာ မည်သည်မှ မရှိတော့သည်တော့ မဟုတ်ပေ။ ကျန်းရီသည် သူတို့နှင့်အတူ ပါးစပ်၌ အဆီများ ပြောင်လက်နေသည် အထိ စားခဲ့သော်လည်း ဤသည်မှာ မည်ကဲ့သို့ အသားမျိုး ဖြစ်သည် ဆိုသည်အား သူတို့ သိကြပေသည်။ သူတို့ ဗိုက်ဆာပြီး အလွန် စားချင်နေသော်လည်း သူတို့၏ ရင်ထဲမှ အတားအဆီးအား မကျော်လွှားနိုင်ဘဲ မစားရက်ကြပေ။

"မင်းတို့က အရင်တုန်းက နာမည်ကြီး အနုပညာရှင်တွေ အရာရှိကြီးတွေ အများကြီးအတွက် သက်တော်စောင့် လုပ်ပေးခဲ့ဖူးတယ် မဟုတ်လား"

ရဲ့ရှင်းချန်သည် ကုလားထိုင်၏ အနောက်သို့ မှီလိုက်ကာ လက်တစ်ဖက်မှာ ကုလားထိုင် လက်တန်းပေါ် တင်လျှက် မေးစေ့အား ထောက်ထားပြီး အခြားလက်တစ်ဖက်မှာမူ စားပွဲပေါ်တွင် ခေါက်နေခဲ့သည်။ မိုချီသည် ရဲ့ရှင်းချန်၏ ဘေးတွင် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လို ရပ်နေခဲ့လေသည်။

"ဒါပေါ့ ကျွန်တော်တို့ နာမည်က ဒီလုပ်ငန်းမှာ အရမ်း နာမည်ကြီးတာ"

ရဲ့ရှင်းချန် ထိုသို့ ပြောလိုက်သောအခါ ပထမဆုံး စကားပြောသည့် ဝမ်ဟောက်မှာ ဂုဏ်ယူမှုအား မထိန်းနိုင်ခဲ့ပေ။ သူသည် ဤအဖွဲ့ငယ်လေး၏ ခေါင်းဆောင် ဖြစ်သည်။

"ဖျော်ဖြေရေးလောကက အနုပညာရှင် ၈၀ ရာခိုင်နှုန်းက ကျွန်တော်တို့ ကုမ္ပဏီက သက်တော်စောင့်တွေကို ငှားကြတာ အဲ့ဒီသူဌေးတွေကိုတော့ မပြောနဲ့တော့ ဟား နှစ်တွေ တစ်လျှောက် ကျွန်တော်တို့ အလုပ်လုပ်ပေးခဲ့တဲ့ သူဌေးတွေ အရေအတွက်က လက်ဆယ်ချောင်းနဲ့တောင် ရေတွက်လို့ မရဘူး"

ဝမ်ဟောက် ပြောသည်မှာ မှန်ပေသည်။ သူတို့၏ လုံခြုံရေးကုမ္ပဏီ၌ ကျောထောက် နောက်ခံ ကြီးကြီး ရှိပုံရကာ သူတို့၏ အဆက်အသွယ်များသည် အလွန်ခိုင်မာလှသည်။ သူတို့၏ နောက်ကွယ်မှ လူသည် အစိုးရအဖွဲ့မှ ဖြစ်ပြီး အထက်ပိုင်း အရာရှိကြီးများထဲမှ တစ်ဦးပင် ဖြစ်နိုင်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့ဖူးသေးသည်။ ၎င်းသည် သူတို့ကုမ္ပဏီအား လုပ်ငန်းခွင်တွင် အလွန် နာမည်ကြီးစေပြီး သူတို့၏ စျေးနှုန်းများသည်လည်း အလွန်ကြီးမြင့်လှပေသည်။

ယုတ္တိကျကျ တွေးကြည့် မည်ဆိုလျှင် ကျန်းရီ၏ ဖခင်သည်လည်း အစိုးရ အရာရှိတစ်ဦး ဖြစ်သော်လည်း သူသည် ကုမ္ပဏီ၏ ဖောက်သည် အုပ်စုထဲတွင် မပါဝင်ပေ။ မည်သို့ပင် ဆိုစေကာမူ သူတို့၏ အခကြေးငွေသည် အမှန်ပင် မသက်သာလှပေ။

သို့သော် ကျန်းရီ၏ ဖခင်သည် ဉာဏ်ကောင်းသူ ဖြစ်သည်။ ယခုလို အချိန်မျိုးတွင် ငွေများများစားစား သိမ်းထားရခြင်းသည် အသုံးမဝင်ကြောင်း သူ သိပေသည်။ ဘေးကင်းလုံခြုံမှု အတွက် လဲလှယ်ရန် အသုံးပြုလိုက်ခြင်းသည် ပို၍ ကောင်းလှပေသည်။

သို့သော် ကျန်းရီဖခင်၏ အခြေအနေ သိပ်မကောင်းဟု ဝမ်ဟောက်တို့ ကြားခဲ့ရသည်။ လွန်ခဲ့သည့် တစ်လတွင်ပင် သေဆုံးသွားခဲ့ပုံရလေသည်။

"ဒါပေမဲ့ ခင်ဗျားက ဘာလို့ ဒီအကြောင်း ရုတ်တရက်ကြီး မေးရတာလဲ ခင်ဗျားလည်း သက်တော်စောင့်တွေ ငှားချင်လို့လား ဒီအချိန်မှာ သက်တော်စောင့်တွေ ငှားဖို့က နည်းနည်း ခက်ခဲလိမ့်မယ် ဌာနချုပ်က လူတွေ ဒါမှမဟုတ် ကုမ္ပဏီကိုတောင် ကျွန်တော်တို့ ဆက်သွယ်လို့ မရတော့ဘူး"

ရဲ့ရှင်းချန်က သူတို့အား သက်တော်စောင့်များ အကြောင်း မေးရခြင်းမှာ သူကိုယ်တိုင်လည်း သက်တော်စောင့်အချို့ ငှားချင်သောကြောင့် ဖြစ်မည်ဟု ဝမ်ဟောက် သဘာဝကျကျပင် တွေးလိုက်မိသည်။ အစောပိုင်းတွင် ထိုလူများ ရဲ့ရှင်းချန်၏ အိမ်အား တိုက်ခိုက်ခဲ့သည်ကို သူ စဉ်းစားမိပြီးနောက် ရဲ့ရှင်းချန် အနေဖြင့် အမှန်ပင် သက်တော်စောင့်များ ငှားသင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

"အကယ်လို့ ခင်ဗျား သက်တော်စောင့်တွေ ငှားချင်တယ်ဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေကို ကြည့်ပါလား ဒါပေမဲ့ ကျွန်တော်တို့က လစာမယူဘူးနော် အခုချိန်မှာ အစားအစာပဲ ယူတော့တာ"

"မဟုတ်ဘူး ငါ သက်တော်စောင့်တွေ မလိုဘူး ဒါပေမဲ့ မင်းတို့ကို ကိစ္စတစ်ခုတော့ မေးချင်လို့"

ရဲ့ရှင်းချန်မှ ခေါင်းအား ညင်သာစွာ ခါယမ်းလိုက်သည်။

"မင်းတို့က အရင်က အဆင့်မြင့် အရာရှိကြီးတွေ VIP တွေ အများကြီးအတွက် အလုပ်လုပ် ပေးခဲ့ဖူးတယ်ဆိုတော့ မင်းတို့ အလုပ် လုပ်ပေးခဲ့ဖူးတဲ့ လူတွေထဲမှာ လုံခြုံရေးစခန်း ဒါမှမဟုတ် ကမ္ဘာပျက်ကပ်ခံ ခံတပ်လို မျိုး နေရာတွေ ပိုင်တဲ့သူ ရှိတဲ့သူ ပါသလား"

ရဲ့ရှင်းချန်သည် သူ၏ ဗီလာအား ပြင်ဆင်မွမ်းမံနေစဉ်တွင် သူ့အတွက် ပြင်ဆင်မွမ်းမံပေးသော ဆောက်လုပ်ရေး ပညာရှင်သည် ယခင်တွင် ထိုအကြောင်း ပြောပြဖူးသည်။

ရဲ့ရှင်းချန်သည် ဒုတိယမျိုးဆက် သူဌေးသား တစ်ဦး ဖြစ်သော်လည်း အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး မဟုတ်ပေ။ ထို့ကြောင့် သူတို့ ကုမ္ပဏီတွင် ကမ္ဘာပျက်ကပ်ခံ ခံတပ်တစ်ခု တည်ဆောက်ရန် တစ်စုံတစ်ယောက်မှ ဒေါ်လာဘီလီယံ နှင့်ချီ၍ အကုန်အကျ ခံခဲ့ကြောင်း ပြင်ဆင်မွမ်းမံရေး ပညာရှင်ထံမှ ကြားလိုက်ရသောအခါ ရဲ့ရှင်းချန် အံ့သြသွားခဲ့ရသည်။

ရဲ့ရှင်းချန်၏ အိမ်က ဈေးမပေါသော်လည်း သူတို့ကုမ္ပဏီတွင်မူ အလွန် သာမန်အဆင့်ဟုသာ သတ်မှတ်ခံရခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်၏ အိမ်ထက် ပိုကုန်ကျသော အိမ်များစွာ ရှိပေသည်။

အချမ်းသာဆုံး လူများတွင် ပိုက်ဆံမရှားဘူး ဆိုသည်ကိုလည်း သိထားရမည် ဖြစ်သည်။ အပျော်သက်သက်ပင် ဖြစ် စေ သူတို့သည် ငွေအမြောက် အမြားအား ရင်းနှီးမြှုပ်နှံကြသေးသည်။

"ဟေး ခင်ဗျား သိလား ခင်ဗျား မေးမှပဲ တကယ်ကို တစ်ခုရှိတယ်ဗျ"

ဝမ်ဟောက်သည် သူ၏ ညီအစ်ကိုများဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဟေး မင်းတို့ သခင်လေးဝမ်ရဲ့ ကမ္ဘာပျက်ကပ်ခံ ခံတပ်ကို မှတ်မိကြသေးလား"

"မှတ်မိတယ် မှတ်မိတယ် ဘော့စ် အဲ့ဒါက ကျွန်းတစ်ကျွန်းလိုပဲဗျ အပေါ်ရောက်တော့ ကျွန်တော် မျက်စိလည်ပြီး လမ်းတောင် မှားမလို့"

"ဝိုး အဲ့ဒါက မြို့တစ်မြို့လောက်ကို ကြီးတယ်လို့ ခံစားရတယ် ပိုက်ဆံ ဘယ်လောက်တောင် ကုန်ခဲ့လဲ မသိဘူး ကုန်ကျစရိတ် တော်တော်များများမှာ သေချာတယ်"

"ဟုတ်တယ် ဟုတ်တယ် အထဲမှာ ဘတ်စကတ်ဘော ကွင်းတွေ ဘောလုံးကွင်းတွေ ရှိတယ်လို့ ကျွန်တော်တောင် မှတ်မိသေးတယ် အားကစားရုံ နည်းနည်းနဲ့ ရေကူးကန်တွေလည်း အများကြီး ရှိသလိုပဲ"

"မှတ်မိတယ် မှတ်မိတယ် ကျွန်တော် အဲ့ဒီကို အရင်က ရောက်ဖူးတယ် သခင်လေးဝမ် ရေကူးကန်ပါတီ လုပ်တုန်းက သက်တော်စောင့်တောင် သွားလုပ်ပေးခဲ့သေးတယ်"

"တကယ်လား ကမ္ဘာပျက်ကပ်ခံ ခံတပ် ဟုတ်လား"

ရဲ့ရှင်းချန်သည် ထိုစကားအား ကြားသောအခါ မျက်လုံးများ အရောင်လက် သွားခဲ့သည်။ သူသည် ယခုတွင် မည်သည်မှ မလိုတော့ဟု ပြော၍ ရသော်လည်း သူ့၏ ဗီလာသည် မည်သို့ပင် ကြည့်သည် ဖြစ်စေ သေးငယ်လွန်းသည် ဟု ခံစားနေရခြင်း ဖြစ်သည်။ သူသည် လူအများစုထက် ပိုကောင်းကောင်း နေထိုင်နေရပုံ ရသော်လည်း မလုံလောက်သေးပေ။ လုံးဝ မလုံလောက်သေးပေ။ သခင်လေးဝမ်၏ ကမ္ဘာပျက်ကပ်ခံ ခံတပ်အား လုယူပြီး သူကိုယ်တိုင် ပိုင်ဆိုင်ချင်စိတ်အား ရဲ့ရှင်းချန် မအောင့်အည်းနိုင်တော့ချေ။

"မင်းတို့ ပြောတာတွေကို နားထောင်ပြီး ငါ နည်းနည်း စိတ်ဝင်စားသွားပြီ ဟားဟား ဒီလောက်ကြီးတဲ့ ကမ္ဘာပျက်ကပ်ခံ ခံတပ်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး တကယ်လို့ ငါ သွားကြည့်ချင်တယ်ဆိုရင် အဝေးကြီး သွားရမှာလား"

ရဲ့ရှင်းချန်မှ ၎င်းအး လုယူချင်သော်လည်း ချက်ချင်းတော့ လုယူ၍ မရနိုင်ပေ။ မည်သို့ပင် ဖြစ်စေ အခြား အလွန် အရေးကြီးသော အချက်တစ်ချက် ရှိနေသေးသည်။ ယခင်တွင် သူ တိုက်ပွဲတိုင်းအား အနိုင်ရခဲ့ခြင်းမှာ မီးလည်းမကြောက် ရေလည်းမကြောက်ဘဲ ထိုးဖောက် ဝင်ရောက်၍ မရနိုင်သော သူ၏အိမ်ကြောင့် ဖြစ်သည်။

အခြားသူများမှ တိုက်ခိုက်၍ မရနိုင်သောကြောင့် ရဲ့ရှင်းချန်သည် အမြဲတမ်း ဘေးကင်းစွာဖြင့် နေနိုင်ခြင်း ဖြစ်သည်။ ထိုနည်းတူစွာပင် ရဲ့ရှင်းချန်သည် သူတို့ပြောနေသည့် သခင်လေးဝမ်ကိုလည်း သိပေသည်။ ထို့ကြောင့် သူ မမှားဘူးဆိုလျှင် သူတို့ ပြောနေသော သခင်လေးဝမ်သည် အချမ်းသာဆုံးပုဂ္ဂိုလ်၏ ပိုက်ဆံဖြုန်းတီး တတ်သော သား ဖြစ်သင့်သည်။

သူ၏အိမ်အား ဖောက်ထွင်း ဝင်ရောက်ရန် မည်မျှ ခက်ခဲကြောင်း ရဲ့ရှင်းချန် သိပေသည်။ ၃၆၀ ဒီဂရီ ပတ်လည်တွင် မည်သည့် နေရာကမှ အားနည်းချက် မရှိဟုပင် ပြော၍ ရပေသည်။ ထိုနည်းတူစွာပင် အချမ်းသာဆုံးပုဂ္ဂိုလ်၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ဘေးကင်းလုံခြုံရေးအိမ်အား တိုက်ခိုက်ရန် အခက်အခဲမှာ သူ၏အိမ်ထက် ပို၍ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

"သူ့အိမ်က ဒီကနေ ဝေးတယ် ဒါပေမဲ့ ခင်ဗျားပြောတဲ့ ခံတပ်ဆိုရင်တော့ သိပ်မဝေးဘူးဗျ"

All Chapters