အခန်း ၁၃၆
Vol. 10 Ch. 136
အခန်း ၁၃၆ - မတွေ့တာကြာပြီ ချန်းရူအာ
လိပ်စာပြောင်းရန်မှာ မလွယ်ကူပါချေ။ သေချာစဉ်းစားပြီး လုပ်ဆောင်ရန် လိုအပ်ပေသည်။ မည်သို့ တိုက်ခိုက်ရမည် ဆိုသည်အား စဉ်းစားရသည်မှ အစ ပြဿနာကြီးတစ်ခုလိုပင် ဖြစ်နေချေတော့သည်။
အကြမ်းဖက်သည့် နည်းလမ်းအား အသုံးပြုရန် မသင့်တော်ချေ။ ရဲ့ရှင်းချန်မှာမူ ဉာဏ်သုံးသည်မှာ အကောင်းဆုံး နည်းလမ်းဟု ထင်မြင်ပေသည်။ သို့သော် ရဲ့ရှင်းချန် မည်သို့ စရမည် ဆိုသည်အား စဉ်းစား၍ မရသေးချေ။ မည်သိူ့ပင် ဖြစ်စေ လုံးဝ မရင်းနှီးသည့် နေရာစိမ်း တစ်ခု ဖြစ်နေသည့် အတွက် ရဲ့ရှင်းချန်အား ခဏတာမျှ အခက်တွေ့ကာ ခေါင်းကိုက် သွားစေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုပြဿနာများ အတွက် အဖြေမရှိသေးချေ။ မကြာခင်မှာပင် ရဲ့ရှင်းချန် ပြဿနာ အသစ်တစ်ခုအား ကြိုဆိုရလေတော့သည်။ ချန်းရူအာ အမှန်တကယ် ပြန်လာခဲ့ခြင်း ဖြစ်သည့်အပြင် အဓိကမှာ သူ့အား လာရှာခြင်း ဖြစ်သည်။
"ဒီလူကို ကြည့်စမ်း အရမ်း ရင်းနှီးနေသလိုပဲ"
လင်းစစ်ကျားသည် စပျစ်သီးအိတ်အား ကိုင်ပြီးနောက် ရဲ့ရှင်းချန်အား တစ်လုံးချင်း ခွံ့ကျွေးနေစဉ်မှာပင် စခရင်ငယ်လေးပေါ်၌ အလွန်ရင်းနှီးလှသည့် ပုံရိပ်တစ်ခု ပေါ်လာသည်အား ရုတ်တရက် မြင်လိုက်ရတော့သည်။
"ဒါ အရင်က ရှင် အရမ်းကြိုက်ခဲ့တဲ့ ကျောင်းရဲ့အလှဘုရင်မလား"
လင်းစစ်ကျား မှ မျက်ခုံးပင့်လိုက်မိသည်။ ချန်းရူအာ၏ နာမည် ဂုဏ်သတင်းသည် အလွန် နာမည်ကြီးလှပေသည်။ မည်သို့ ဖြစ်စေ သူသည် အနှစ် ၃၀၀၀ ၌ တစ်ခါသာ ပေါ်ပေါက်ရန် ခဲယဉ်းလှသည့် သဘာဝ အလှတရား ဖြစ်သည် ဟု လူတိုင်းမှ ပြောနေကြခြင်း ဖြစ်သည့် အတွက် ဖြစ်ပေသည်။
သဘာဝ အလှတရာအား ပိုင်ဆိုင်သည်လား မပိုင်ဆိုင်သည်လား ဆိုသည်အား လင်းစစ်ကျား သေချာ မသိသော်လည်း သူမသည် သေချာပေါက် လှပပေသည်။ မည်သို့ဆိုစေ သူမသည် ကျင်းဟိုင်တက္ကသိုလ်၏ ကျောင်းအလှ ဘုရင်မ တစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။
ချန်းရူအာသည် မည်မျှ နာမည်ကြီးခဲ့သည် ဆိုသည်အား သူမသည် ထူထပ်လှသည့် အဝတ်အစားများအား အထပ်ထပ် ဝတ်ဆင် ထားချိန်မှာပင် လင်းစစ်ကျားမှ တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခြင်းအား ကြည့်ခြင်းဖြင့် သူမ၏ နာမည်ကြီးမှုအား နားလည်နိုင်ပေသည်။
"အာ ရှင့်ရဲ့ ချစ်သူဟောင်း ရှင့်ဆီ ပြန်လာပြီပဲ"
လင်းစစ်ကျား မည်သည့် အကြောင်းရင်းကြောင့်မှန်း မသိခင်မှာပင် သူမ၏ ရင်ထဲ၌ ရုတ်တရက် ခါးသက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ ရဲ့ရှင်းချန်သည် ချန်းရူအာအား လိုက်ခဲ့သည်မှာ အတော်လေး ဂယက်ရိုက်ခဲ့သည် မဟုတ်ပါလား။
လင်းစစ်ကျားသည် သူတို့နှစ်ယောက်ကြားမှ ဇာတ်လမ်းအား ယခင်တွင် မသိခဲ့ဘူးဆိုလျှင်ပင် ချန်းရူအာ ပြဿနာများ အများအပြား ရှာပြီးသွားသည့် နောက်တွင် လင်းစစ်ကျား အတွက် ချန်းရူအာ အကြောင်း မသိပဲ နေဖို့ရန် ခက်ခဲလှပေသည်။
အခုတွင် ထိုချိန်အခါ၌ ရဲ့ရှင်းချန် ချန်းရူအာအား မည်မျှ ကြိုက်ခဲ့သည် ထို့အပြင် ရဲ့ရှင်းချန်သည် ချန်းရူအာ၏ ဖိနပ်အား မည်ကဲ့သို့ လျှာဖြင့် ယက်ပေး မတတ်ဖြစ်ခဲ့သည် ဆိုသည်အား အိမ်ရာတစ်ခုလုံးမှ လူတိုင်း သိနေကြပြီ ဖြစ်သည်။ ဤသည်မှာ သဝန်တို မနာလို ဖြစ်ရုံတင်မက လင်းစစ်ကျား၏ ရင်ထဲ၌ သတိပေး ခေါင်းလောင်းသံများ မြည်လာခဲ့တော့သည်။
သူမသည်လည်း ရုပ်ရည် ချောမောသည့်တိုင် သူမ၏ စတိုင်သည် ချန်းရူအာနှင့် လုံးဝ ကွာခြားတယ်သည် ဆိုသည်ကိုလည်း သိထားရမည် ဖြစ်သည်။ သူမ၏ တစ်ခုတည်းသော အားသာချက်မှာ ဆေးပညာ စွမ်းရည် ဖြစ်ကာ ထိုအရာအား သူမ အမြဲတမ်း ဂုဏ်ယူနေခဲ့ခြင်းလည်း ဖြစ်သည်။
သို့ပေသိ လင်းစစ်ကျားသည် ရဲ့ရှင်းချန်နှင့် အတူနေလာသည်မှာ ကြာမြင့်နေခဲ့ပြီ ဆိုသည်မှာ သိသာလှပေသည်။ ရဲ့ရှင်းချန်သည် သူမအား အထူးတလည် မလိုအပ်ဘူး ဆိုသည်ကိုလည်း သူမ ရှင်းရှင်းလင်းလင်း သိပေသည်။ မည်သို့ပင် ဖြစ်စေ ရဲ့ရှင်းချန်၏ နေရာလွတ်ထဲတွင် အမှန်တကယ် အရာအားလုံး ရှိနေသည် မဟုတ်ပါလား။
ရဲ့ရှင်းချန်မှ သူမအား လိုအပ်တယ်သည် ဟု ပြောရမည့်အစား သူမသည်သာ ရဲ့ရှင်းချန်အား လုံးဝ မခွဲခွာနိုင်ခြင်း ဖြစ်သည်ဟု ပြောသည်မှာ ပို၍ မှန်ပေလိမ့်မည်။
ရဲ့ရှင်းချန်သည် သူမအား ဖက်၍ ချန်းရူအာ၏ ရှေ့တွင် သူမအား ပိုင်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း ကြေညာခဲ့ဖူးသည့်တိုင် လင်းစစ်ကျား မှာမူ အထိတ်တလန့် ဖြစ်လာသည်ကို မတားဆီးနိုင်ခဲ့ချေ။
"ဟိုး တကယ်ပဲ သူဖြစ်နေပုံပဲ ချန်းရူအာက တကယ်ပဲ အသက်ရှင် နေသေးတာလား"
ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ စကားများထဲမှ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို မကြားခဲ့မိချေ။ သူသည် အဝေးထိန်းခလုတ်အား လှမ်းယူပြီး ရုပ်ရှင်အား ခေတ္တရပ်လိုက်လေသည်။ ထို့နောက် အိမ်ရာအဝင်ဝရှိ စောင့်ကြည့် ကင်မရာ မှတ်တမ်းအား ဆွဲထုတ်ပြီး ၎င်းအား ကြီးသွားအောင် နှစ်ချက်နှိပ်လိုက်တော့သည်။
"ချန်းရူအာက လှုပ်ရှားမှုမလုပ်တာ ကြာပြီ သူ သေသွားပြီလို့တောင် ငါ ထင်နေတာ"
ချန်းရူအာ တစ်ယောက်တည်း မဟုတ်ဘဲ ချူယောင်နှင့် စွန်းမင်တို့သည်လည်း ပါဝင်ပေသည်။ ရဲ့ရှင်းချန်သည် ချန်းရူအာအား နည်းလမ်းပေါင်းစုံနှင့် အရှက်ခွဲပြီးကတည်းမှ စ၍ ချန်းရူအာ ထပ်မပေါ်လာခဲ့တော့ချေ။ ချူယောင်သည် လည်း အတူတူပင် ဖြစ်သည်။ သို့သော် စွန်းမင်မှာ နောက်ပိုင်းတွင် အစားအစာယူရန် အကြိမ်အနည်းငယ် လာခဲ့သေးသည်။
ရဲ့ရှင်းချန် သေချာ ပြန် စဉ်းစားကြည့်လိုက်မိသည်။ ထိုအခါမှသာလျှင် စွန်းမင်သည်လည်း လှုပ်ရှားမှု မလုပ်သည်မှဦ အချိန်အတော်ကြာခဲ့ပြီ ဆိုသည်အား သူ သဘောပေါက် သွားတော့သည်။
ချန်းရူအာ ချူယောင်နှင့် စွန်းမင်တို့သည် အချိန်အတော်ကြာ လှုပ်ရှားမှု မလုပ်ခဲ့၍လည်း ရဲ့ရှင်းချန်သည် ချန်းရူအာ သေသွားသည်မှာ ကြာမြင့်လောက်ပြီ ဟု မသိစိတ်မှ ထင်နေခဲ့ခြင်း ဖြစ်သည်။ လင်းစစ်ကျားမှ နှုတ်ခမ်းအား စူထားလိုက်မိသည်။ ရဲ့ရှင်းချန်သည် သူမ၏ စကားများထဲမှ ချဉ်စူးစူး အဓိပ္ပာယ်အား လုံးဝ မကြားခဲ့ချေ။
"ဟင် ဘာဖြစ်လို့လဲ နည်းနည်း"
လင်းစစ်ကျားသည် ကိုင်ထားသည့် စပျစ်သီးအား ပြန်ရုပ်လိုက်တော့သည်။ ရဲ့ရှင်းချန်မှ ပါးစပ်ဟ လိုက်ေသာ်လည်း မည်သည်ကိုမှ မကိုက်မိလိုက်ချေ။ သူသည် မေးရန် အတွက် ခေါင်းလှည့်လိုက်ချိန်မှာပင် လင်းစစ်ကျားမှ ရှေ့သို့ ကိုင်းပြီးနောက် ရဲ့ရှင်းချန်၏ နှုတ်ခမ်းအား နမ်းလိုက်လေတော့သည်။
"ဘာလို့ တခြားမိန်းမတွေ အကြောင်း တွေးနေသေးတာလဲ"
လင်းစစ်ကျားမှ နှာခေါင်းရှုံ့လိုက်ကာ ရဲ့ရှင်းချန်အား ဆိုဖာပေါ် တွန်းချလိုက်လေတော့သည်။ ထို့နောက် သူ့ အပေါ် ခွထိုင်လိုက်ပြန်သည်။ နှစ်နာရီကြာ ပြီးနောက်တွင် ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ကိုယ်ပေါ်မှ ကျေနပ်စွာဖြင့် နောက်ဆုံးတွင် ထလာခဲ့လေသည်။ ထို့နောက် လင်းစစ်ကျား၏ ခါးအား ဆွဲဖက်ကာ သူ၏ ပေါင်ပေါ်တွင် ထိုင်ရန် ချီမ လိုက်ပြန်သည်။
"အာ ကို့ရဲ့ ရှောင်ကျားလေးက သဝန်တိုနေတာပဲ ကို အနံ့လေး ခံကြည့်လိုက်အုန်းမယ် လေထုထဲမှာ ဘာလို့ ရုတ်တရက် ချဉ်စူးစူးနဲ့ ရှာလကာရည်နံ့ ဖြစ်သွားတာလဲလို့ ကို တွေးနေတာ"
ရဲ့ရှင်းချန်မှ လက်အား မြှောက်လိုက်ကာ လင်းစစ်ကျား၏ နှာခေါင်းထိပ်လေးအား ဖွဖွလေး ကုတ်လိုက်လေသည်။ ထို့နောက် ခေါင်းငုံ့ကာ လင်းစစ်ကျား၏ နှုတ်ခမ်းအား နမ်းလိုက်တော့သည်။
"သဝန်မတိုပါနဲ့ ချန်းရူအာ ပြန်လာနိုင်လို့ ကိုယ် ဝမ်းသာတယ်"
သေချာပေါက်ပင်။ ရဲ့ရှင်းချန် ဝမ်းသာနေခဲ့ခြင်း ဖြစ်သည်။ မည်သို့ဆိုစေ ကျန်းရီထက်စာလျှင် ရဲ့ရှင်းချန်သည် ချန်းရူအာအား ပိုမုန်းတီးလေသည်။ ယခင်ဘဝပ သူ၏ အသားများအား လှီးဖြတ်ရန် အတွက် ဓားအား အသုံးပြုခဲ့သူမှာ ကျန်းရီ ဖြစ်သော်လည်း ကျန်းရီအား ခေါ်ဆောင်လာပြီး ကျန်းရီနှင့် သူ၏အဖွဲ့ အတွက် တံခါးဖွင့်ပေးခဲ့သူမှာ ချန်းရူအာ ဖြစ်နေသည် မဟုတ်ပါလား။
"သူသာ အပြင်မှာ အေးခဲပြီး သေသွားမယ်ဆိုရင် အရမ်း နှမြောစရာ ကောင်းလိမ့်မယ် သူ့အတွက် အရမ်း လွယ်ကူ သွားလိမ့်မယ်"
လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး နေလျှက် ရှိနေခဲ့သည်။ တစ်ခုခု ပြောရန် သူမ ပါးစပ်ဟ လိုက်သော်လည်း ရဲ့ရှင်းချန်၏ ဒုတိယ စကားကြောင့် ရပ်တန့်သွားမိသည်။
ချန်းရူအာ အသက်ရှင်လျက် ပြန်လာသည်အား ရဲ့ရှင်းချန် ဝမ်းသာနေခြင်း မဟုတ်၍ ကံကောင်းသည်ဟု သူမ တွေးလိုက်မိခြင်း ဖြစ်သည် ကံကောင်း ထောက်မစွာဖြင့် ချန်းရူအာ အလွယ်တကူ မသေဆုံးသွားသည့် အတွက် ရဲ့ရှင်းချန် ဝမ်းသာနေခြင်း ဖြစ်သည်
"ရှင့က ဘာလို့ ချန်းရူအာကို ဒီလောက်တောင် မုန်းနေရတာလဲ"
လင်းစစ်ကျား အနည်းနှင့်အများ သိချင်သွားမိသည်။ သူမ၏ အချစ်အား သူ မရခဲ့လျှင်ပင် ချန်းရူအာမှ သူ့အား ဖောက်ပြန်ခဲ့လျှင်ပင် ရဲ့ရှင်းချန်သည် သူမအား ယခုလောက်ထိ မုန်းတီးရန် မဖြစ်သင့် ဟု သူမ တွေးမိခဲ့သည့် အတွက် ဖြစ်သည်။ ထို့အပြင် သူသည် သူမအား အနာကျင်ရဆုံး နည်းလမ်းဖြင့် သေစေချင်လောက်သည်အထိ ပြင်းပြင်းထန်ထန် မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။
"အရင်တုန်းက ရှင်တို့နှစ်ယောက် ဂရုထဲမှာ စကားပြောနေတာကို ကျွန်မ မြင်ခဲ့တယ် ရှင် အရင်က သူ့ကို အရမ်းကြိုက်ခဲ့တာ မဟုတ်ဘူးလား"
လင်းစစ်ကျား၏ အိပ်ရာဝင်ဝတ်စုံမှာ လျော့ရဲနေခဲ့လေသည်။ ယနေ့သည် ရဲ့ရှင်းချန်မှ မိုချီအား ပေးထားသော အနားယူရက် ဖြစ်ပေသည်။ မိုချီသည် အောက်ထပ်တွင် သရေစာများအား စားရင်း ရဲ့ရှင်းချန် ပြင်ဆင် ပေးထားသော ကာတွန်းကားအား ကြည့်နေခဲ့သည်။
ရဲ့ရှင်းချန် ခေါင်းငုံ့၍ ကြည့်လိုက်လေရာ လင်းစစ်ကျား၏ ဖြူဖွေးသော ရင်ဘတ်အား မြင်လိုက်ရတော့သည်။ သူ၏ လည်ချောင်းများ တင်းကျပ်သွားသည်အား မအောင့်အည်းနိုင်ခဲ့တော့ပေ။
"မင်း ပြန်မွေးဖွားလာတာ ဆိုတာကို ယုံလား"
ရဲ့ရှင်းချန်မှ ခေါင်းငုံ့၍ ကြည့်လိုက်လေရာ သူ၏ မျက်လုံးများထဲတွင် အလေးအနက် ထားမှုများ ပြည့်နှက်နေခဲ့သည်။ လင်းစစ်ကျားမှာ ပြန်မဖြေနိုင်ခဲ့ပေ။ ထို့ကြောင့် သူမ နှုတ်ဆိတ်နေလိုက်တော့သည်။
"မင်း ကိုယ့်ကို မယုံတာ ပုံမှန်ပါပဲ ဘာပဲဖြစ်ဖြစ် ကို ကိုယ်တိုင်တောင် အရမ်းကို မယုံနိုင်စရာ ကောင်းတယ်လို့ ခံစားရလို့တယ်"
"ဒါဆို ရှင်က ပြန်မွေးဖွားလာတာ လို့ ဆိုလိုတာလား"
လင်းစစ်ကျားမှာ နားမလည်နိုင်ခဲ့ချေ။ မည်သို့ပင် ဖြစ်စေ သူ့တွင် နေရာလွတ် ကဲ့သို့ အထူးစွမ်းအားမျိုး ရှိနေသည်အား လက်ခံပေးနိုင်သေးသော်လည်း ယခုမူ သူသည် ပြန်မွေးဖွားလာခဲ့သည် ဟု ပြောလာခဲ့သည်။ ထိုအရာများသည် တီဗွီ သို့မဟုတ် ဝတ္တုများထဲတွင်သာ မြင်ဖူးသည့် အရာများ ဖြစ်ပေသည်။
"ဟုတ်တယ် မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါ အမှန်ပဲ"
ရဲ့ရှင်းချန်မှ လက်လှမ်းလိုက်ကာ လင်းစစ်ကျား၏ ဆံပင်အား ညင်သာစွာ သပ်ပေးလိုက်လေသည်။
"အရင်ဘဝတုန်းက ကိုယ့်ကို ချန်းရူအာနဲ့ ကျန်းရီက သတ်ခဲ့တာ အရင်ဘဝတုန်းက ကိုက အချစ်ရူး တစ်ယောက်လေ အရမ်းမိုက်မဲခဲ့တယ် နှင်းတွေ စကျပြီး ကမ္ဘာပျက်ကပ် စလာတဲ့ အခါ ချန်းရူအာကို ကိုယ့်အိမ်မှာ နေဖို့ ခေါ်လာခဲ့မိတယ် ကိုယ့်မှာ စားစရာ ဝတ်စရာ မလုံလောက်ရင်တောင် သူ့ကို အရင်ဆုံး ဂရုစိုက်ပေးခဲ့တယ်လေ"
"ကိုယ်နဲ့ နေ့တိုင်း အတူနေတဲ့ ချန်းရူအာက ကျန်းရီနဲ့ ဘယ်လိုလုပ်ပြီး ငြိသွားလဲဆိုတာ ကိုတောင် သေချာ မသိလိုက်ဘူး"
"တစ်နေ့ နှင်းတိတ် သွားတဲ့အခါ ချန်းရူအာက ရုတ်တရက် ကိုယ့်ကို အံ့သြစရာလေး တစ်ခု ပေးချင်တယ်လို့ ပြောခဲ့တယ်"