← Chapters

အခန်း ၁၃၇

Vol. 10 Ch. 137

အခန်း ၁၃၇

Vol. 10 Ch. 137

အခန်း ၁၃၇ - ချန်းရူအာ

လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ အိပ်ရာဝင် ဝတ်စုံအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိလိုက်သည်။ နောက်ဆက်တွဲ မည်သည့် အဖြစ်အပျက်များ ဖြစ်သွားသည် ဆိုသည်အား သူမ အကြမ်းဖျင်း ခန့်မှန်းမိနိုင်လေသည်။

"သူက ကိုယ့်ကို မျက်စိဖွင့်ခွင့် မပေးဘူး ကိုယ့်ကို မျက်လုံးပိတ်ပြီး တံခါးဝကို ခေါ်သွားခဲ့တယ်"

"အဲ့ဒီအချိန်တုန်းက ကိုယ် အရမ်း စိတ်လှုပ်ရှားနေခဲ့တာ ကိုယ့်ဘက်က သူ့ကို အကြာကြီး လိုက်ခဲ့ပြီး လက်ဆောင်တွေလည်း အများကြီး ပေးခဲ့သလို အံ့သြစရာလေးတွေလည်း အများကြီး ဖန်တီးပေးခဲ့တယ် ဆိုတာ မင်း သိထားမယ် ထင်တယ် ဒါက သူ့ဘက်က ကိုယ့်ကို အံ့သြစရာလေး တစ်ခု ပေးချင်တယ်လို့ ပထမဆုံး ပြောဖူးတာလေ သူက ကိုယ့်ကို မျက်စိဖွင့်လို့ ရပြီလို့ ပြောတဲ့ အချိန်မှာတောင် ကိုယ်က မျက်စိဖွင့်ဖို့ နည်းနည်း တွန့်ဆုတ်နေခဲ့သေးတယ်"

"နောက်ဆုံးတော့ ကိုယ် မျက်စိ ဖွင့်ကြည့်လိုက်တဲ့အခါ ကျန်းရီက လူတစ်စုကို ခေါ်လာပြီး ကို့ကို ဝိုင်းထားတာကို မြင်လိုက်ရတယ်"

"ပြီးတော့ သူတို့ ကို့ကို ဖမ်းသွားတယ် သူတို့က ကို့ကို တိုင်မှာ ကြိုးတုတ်ပြီး အသားတွေကို တစ်စစီ လှီးဖြတ်ခဲ့ကြတယ်လေ"

"တချို့လူတွေက ထပ်မစောင့်နိုင်တော့ဘဲ ကို့ရဲ့ ခြေလက်တွေကိုတောင် ခုတ်ဖြတ်ခဲ့ကြသေးတယ်"

လင်းစစ်ကျား နားထောင်လေလေ ပို၍ ထိတ်လန့် လာလေလေ ဖြစ်လာခဲ့တော့သည်။ သူမသည် ဆရာဝန်တစ်ဦး ဖြစ်ရာ အသားများအား တစ်စစီ လှီးဖြတ်ခံရခြင်းသည် မည်မျှပင် နာကျင်မည်ကိုလည်း ကောင်းစွာ သိပေသည်။ ထိုအချိန်တွင် သူတို့သည် ရဲ့ရှင်းချန်အား မေ့ဆေးပင် မပေးခဲ့ချေ။

"ကိုယ် မသေခင် နောက်ဆုံး မြင်ခဲ့ရတဲ့ မြင်ကွင်းကို အခုထိ မှတ်မိနေသေးတယ် အဲ့ဒါက ကို့ကုတင်ပေါ်မှာ ကိုယ့်ရဲ့ စောင်ကို ခြုံပြီး အဲ့ဒီကိစ္စကို လုပ်နေကြတဲ့ ကျန်းရီနဲ့ ချန်းရူအာပဲ"

လင်းစစ်ကျားသည် ရုတ်တရက် အားပြင်းပြင်းဖြင့် ထထိုင် လိုက်မိပြီးနောက် ကိုယ်ကို လှည့်ကာ ရဲ့ရှင်းချန်၏ ခေါင်းအား သူမဆီ ဆွဲဖက်ထား လိုက်မိသည်။

"အဲ့ဒီအချိန်တုန်းက ရှင် အရမ်းနာကျင်ပြီး မျှော်လင့်ချက်မဲ့နေမှာပဲ"

လင်းစစ်ကျား၏ နှလုံးသား နာကျင်သွားခဲ့ရလေသည်။ ပုံမှန်အားဖြင့် သဘော ကောင်းတတ်သော ရဲ့ရှင်းချန်သည် ကျန်းရီနှင့် ချန်းရူအာအား အဘယ်ကြောင့် ဤမျှလောက် အထိ မုန်းတီးနေရသနည်း ဆိုသည်အား သူမ ရုတ်တရက် နားလည်သွားတော့သည်။

"ဟုတ်သလို မဟုတ်သလိုပါပဲ ကိုယ် သေသွားလို့ ကိုယ့်ရဲ့ ထူးခြားတဲ့ စွမ်းအားက နိုးထလာတာများလား"

"ကိုယ် ပြန်ပြီး မွေးဖွားလာတာက ကိုရဲ့ စွမ်းရည်နဲ့ ပတ်သက် နေမယ်လို့တောင် ကိုယ် သံသယ ရှိတယ် ဘာပဲဖြစ်ဖြစ် ကို မျက်လုံး ဖွင့်လိုက်တော့ ကမ္ဘာပျက်ကပ် မရောက်ခင် အချိန်ကို ပြန်ရောက်နေပြီလေ ပြီးတော့ တခြားဘယ်သူမှ မမြင်နိုင်တဲ့ နေရာလွတ်ကိုလည်း ပိုင်ဆိုင်လာခဲ့တယ်"

ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ရင်ဘတ်တွင် ခေါင်းအပ် ထားပြီးနောက် အနည်းငယ် အသက်ရှူကျပ်နေခဲ့သည်။ သို့သော် လင်းစစ်ကျား၏ ခန္ဓာကိုယ်ရနံ့လေးသည် ဤအချိန်တွင် အမှန်တကယ် ပိုမို ပြင်းထန်လာခဲ့တော့သည်။

"ဒီကိစ္စသာ မဖြစ်ခဲ့ဘူးဆိုရင် ကမ္ဘာပျက်ကပ် အပြီးမှာ ကိုယ် ဒီလောက် သက်သောင့်သက်သာ နေနိုင်မှာ မဟုတ်ဘူး ကြည့်စမ်း အခုဆို ကိုယ့်ကို ဂရုစိုက်ပေးဖို့ မင်းတောင် ရှိနေပြီပဲ"

ရဲ့ရှင်းချန်မှ ပြုံးလိုက်ပြီးနောက် လင်းစစ်ကျား၏ ရင်ခွင်ထဲမှ ခေါင်းမော့ ကြည့်လိုက်လေသည်။ ထို့နောက် လင်းစစ်ကျားအား ဆိုဖာပေါ်သို့ ပြန်တွန်းချလိုက်တော့သည်။

"နောက်တစ်ခေါက် ထပ်လုပ်ကြရအောင် ရှောင်ကျား"

ရဲ့ရှင်းချန်သည် လင်းစစ်ကျားနှင့်အတူ နည်းပညာပိုင်း ဆိုင်ရာ ဖလှယ်မှုများ ပြုလုပ်နေစဉ် ချန်းရူအာမှာမူ တံခါးဝတွင် ရပ်ကာ တံခါးခေါက်နေခဲ့သည် စွန်းမင်နှင့် ချူယောင် နှစ်ဦးစလုံး သေဆုံးသွားပြီ ဖြစ်သည်၊ သူတို့ နှစ်ဦးစလုံး ချန်းရူအာ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

ချန်းရူအာသည် ထိုနေ့တွင် ရဲ့ရှင်းချန်၏ အရှက်ခွဲမှုအား ခံရပြီးနောက် စွန်းမင်၏ အိမ်သို့ အမှန်တကယ် ပြန်သွားခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် စွန်းမင်သည် သူမနှင့် ချူယောင်အား နှင်ထုတ်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သူကမျှ သူမနှင့် မဟာမိတ်ဖွဲ့ရန် ဆန္ဒမရှိကြောင်း စွန်းမင် သဘောပေါက် သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်အား ရောင်းချချင်လျှင်ပင် မည်သူမှ မလိုချင်ကြပေ။ မည်သူမျှ ဤကဲ့သို့သော အပြင်လူ တစ်ယောက်အား ထောက်ပံ့ရန် သူတို့၏ အစားအစာများအား မထုတ်ပေးချင်ကြပေ။

မည်သို့ပင် ဖြစ်စေ လူများသည် သက်သောင့် သက်သာရှိကာ ဗိုက်ဝနေသည့် အချိန်များတွင်သာ ရာဂစိတ်များ ဖြစ်ပေါ်လာတတ်ကြခြင်း ဖြစ်သည်။ ယခု လူတိုင်းသည် ဗိုက်မဝသကဲ့သို့ နွေးထွေးလှသည့် အဝတ်အစားများလည်း မရှိတော့သည့် အချိန်တွင် ထိုကဲ့သို့ ဆန္ဒများ သဘာဝကျကျပင် မရှိနိုင်ကြတော့ပေ။

သို့သော် စွန်းမင်သည် အမျိုးသမီး တစ်ဦးသာ ဖြစ်သည်။ ဤအချိန်တွင် အမျိုးသမီးတစ်ဦးတည်း အသက်ရှင်ရပ်တည်ရန်မှာ မလွယ်ကူလှပေ။ ရလဒ် အနေဖြင့် စွန်းမင်သည် ချူယောင်နှင့် ယာယီ မဟာမိတ်ဖွဲ့ရုံမှ တစ်ပါး အခြားသော ရွေးချယ်စရာ မရှိတော့ပေ။

ချန်းရူအာနှင့် ပတ်သက်၍မူ သူတို့နှစ်ဦးသည် အစကတည်းမှ သူမအား လုံးဝ ဂရုမစိုက်ခဲ့ချေ။ သို့သော် ချန်းရူအာသည် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူမသည် သူတို့အား နေ့တိုင်း ရူးသွပ်စွာ ဆဲဆိုနေတတ်ကာ စွန်းမင်၏ အစားအစာများကိုပင် လုယူချင်နေခဲ့သည်။ ထို့ကြောင့် စွန်းမင်သည် သူမအား အခန်းထဲတွင် သော့ခတ်ထားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ခဲ့သည် ဆိုလျှင် စွန်းမင်နှင့် ချူယောင်တို့သည် ချန်းရူအာ၏ လက်ချက်ဖြင့် မည်ကဲ့သို့ အသတ်ခံလိုက်ရလေသနည်း။ ချန်းရူအာကဲ့သို့ ပိန်လှီ အားနည်းလှသော အမျိုးသမီး တစ်ဦးသည် အခန်းတံခါးအား အမှန်တကယ် ဖောက်ထွင်းလာလိမ့်မည်ဟု မည်သူကမျှ မယုံရဲကြချေ။

ချန်းရူအာသည် ပုံမှန်အားဖြင့် တံခါးပေါ်တွင် မှီကာ နေ့တိုင်း အော်ဟစ် နေလေ့ရှိသောကြောင့် အသံကြားရချိန်တွင် စွန်းမင်နှင့် ချူယောင်တို့သည် ချန်းရူအာအား လျစ်လျူရှု ထားလိုက်ကြတော့သည် ထို့နောက် ချန်းရူအာသည် အပြင်သို့ ပြေးထွက်လာခဲ့ကာ သူတို့နှစ်ဦးစလုံးအား သတ်ပစ်လိုက်တော့သည်။

ဤသည်မှာ အနည်းငယ် ရုတ်တရက်ဆန်သွားသဖြင့် စွန်းမင်နှင့် ချူယောင်တို့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်တော့ပေ။ ထိုအချိန်တွင် ချူယောင်မှာ ဘီစကွတ် တစ်ချပ်အား ကိုက်နေဆဲဖြစ်ကာ သူမ၏ မျက်လုံးများ ဖွင့်လျက် လဲကျသွားလေတော့သည်။

ချန်းရူအာသည် ထိုအလောင်း နှစ်လောင်းအား အားကိုး၍ အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း အပြင်ထွက်၍ ပစ္စည်းများ ရှာဖွေနေကြကာ အိမ်ရာဝင်းအား ကင်းလှည့်ရန် တာဝန်ကျသူ မရှိတော့သည့် အချိန်မှသာ ချန်းရူအာ အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ချန်းရူအာ၏ စိတ်အခြေအနေသည် သိပ်မကောင်းလှသကဲ့သို့ သူမသည် အရိုးပေါ် အရေတင် ဖြစ်သည်အထိ အငတ်ခံခဲ့ရသော်လည်း ချူယောင်နှင့် စွန်းမင်တို့၏ အလောင်းများအား အားကိုး၍ အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့လေသည်။

ချဉ်စူးစူး အသားများ၏ အဆီဓာတ် မြင့်မားမှုကြောင့် ဖြစ်နိုင်ပေသည်။ ချန်းရူအာသည် အရင်ကထက်ပင် ပို၍ တောက်ပနေပုံပေါ်လေသည်။ ထို့ကြောင့် သူမသည် ညစ်ပေနေသော်လည်း သူမ မှီခိုရန် လူတစ်ယောက်အား ရှာတွေ့ခဲ့သည်။

သူမ ရှာတွေ့ခဲ့သော ကျောထောက် နောက်ခံ၏ အမည်မှာ မာကော်မင် ဖြစ်သည်> သူသည်လည်း ကျင်းဟိုင် တက္ကသိုလ်မှ ကျောင်းသား တစ်ဦး ဖြစ်ပေသည်။ သူသည် စီနီယာ တစ်ဦး ဖြစ်ကာ သူမထက် သုံးနှစ်ကြီးပေသည်။ သူမ ကျောင်းစတက်ချိန်တွင် သူမအား အပူတပြင်း လိုက်နေခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် သူသည် အလုပ်သင် အဖြစ် မြို့ပြင် ထွက်သွား ပြီးနောက်မှသာ အနည်းငယ် ငြိမ်သွားခြင်း ဖြစ်သည်။

မာကော်မင်၏ မိသားစုမှာ အတော်လေး ချမ်းသာသည့် အတွက် သူ့အား ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး အဖြစ် သတ်မှတ်နိုင်သည်။ သို့သော် သူသည် ရဲ့ရှင်းချန်နှင့် ယှဉ်လျှင် အများကြီး ကွာဝေးနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ချန်းရူအာသည် ထိုအချိန်တွင် မာကော်မင်အား လှည့်၍ပင် မကြည့်ခဲ့ပေ။

ယခုမူ သူ အမြဲတမ်း သဘောကျခဲ့ရသော နတ်ဘုရားမ ချန်းရူအာသည် သူ့ထံတွင် ခိုလှုံရန် အမှန်တကယ် ရောက်ရှိလာခဲ့ပေသည်။ မာကော်မင်သည် သူမအား ကြိုဆိုရန် အပြေးထွက်လာခဲ့တော့သည်။

လျှပ်စစ်မီး ပြတ်လပ်နေသော ဤမျှ အေးစက်သည့် နေ့ရက်တွင် မာကော်မင်သည် ချန်းရူအာအား သူမ၏ မျက်နှာ ဆံပင်နှင့် ခန္ဓာကိုယ်အား သန့်ရှင်းရေး လုပ်နိုင်ရန် အတွက် နှင်းများအား တူးဖော်ပြီး ရေ အဖြစ် ပြောင်းလဲပေးရန် လူတစ်စုအား အမှန်တကယ် အမိန့်ပေးနိုင်ခဲ့သည်။

သူမသည် ခေါင်းအစ ခြေအဆုံး အဝတ်အစားများ လဲလှယ် ပြီးသွားခဲ့ပြီ ဖြစ်သည်။ မာကော်မင်သည် ယခင်ဘဝတွင် ရဲ့ရှင်းချန်ကဲ့သို့ပင် ချန်းရူအာအား အရာအားလုံး အရင်ဆုံး အသုံးပြုခွင့် ပေးခဲ့လေသည်။

ယခု တစ်ခေါက် ချန်းရူအာ ပြန်လာရသည့် အကြောင်းရင်း နှစ်ခုရှိလေသည်။ တစ်ခုမှာ ရဲ့ရှင်းချန်ထံ သွား၍ သူသည် မည်မျှ လှပသည့် အလှလေး တစ်ဦးအား လက်လွတ် ဆုံးရှုံးခဲ့ရသည် ဆိုသည်အား ပြသချင်၍ ဖြစ်သည်။

ဒုတိယ အကြောင်းရင်းမှာမူ ချန်းရူအာ၏ အိမ်တွင် ယခင် သူမ နေထိုင်စဉ် အသုံးပြုခဲ့သော ဇိမ်ခံပစ္စည်းအချို့ ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။ ယခင်တွင် အသက် ရှင်သန်နိုင်ရန် အတွက် သူမသည် အပြင်သို့ ထွက်ပြေးကာ စွန်းမင်၏ အိမ်သို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုပစ္စည်းများအား သူမ တစ်ခုမှ ယူမလာနိုင်ခဲ့ပေ။

ယခု အခြေအနေများ အများကြီး ပိုကောင်းလာပြီ ဖြစ်ရာ ချန်းရူအာ၏ အချည်းနှီး ဂုဏ်မောက်မှုများ ပြန်လည် ရောက်ရှိလာခဲ့တော့သည်။

ဤတစ်ခေါက် သူမ တစ်ယောက်တည်း ပြန်လာခဲ့ခြင်း မဟုတ်ချေ။ သူမ နှင့်အတူ လူအနည်းငယ် ပါဝင်လာခဲ့သည်။ သူတို့အားလုံးသည် မာကော်မင်၏ အယုံကြည်ရဆုံးနှင့် အရည်အချင်း အရှိဆုံး လက်အောက် ငယ်သားများသာ ဖြစ်ပေသည်။ ချန်းရူအာအား ကာကွယ်ရန် အတွက် မာကော်မင်မှ သူတို့အား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

"ကြည့်ရတာ သူမ လတ်တလော အခြေအနေ တော်တော်လေး ကောင်းနေပုံပဲ"

ရဲ့ရှင်းချန်သည် ဤတစ်ကြိမ်တွင် အမှန်ပင် ကျေနပ်သွားခဲ့လေသည်။ လင်းစစ်ကျားမျာမူ မောဟိုက်နေပြီ ဖြစ်ကာ သူမသည် ရဲ့ရှင်းချန်၏ ရင်ဘတ်ပေါ်တွင် မှီ၍ အနားယူနေရတော့သည်။

"ချန်းရူအာရဲ့ အနှောင့်အယှက် ပေးတာကို ခံရလောက်အောင် ကံဆိုးတဲ့ အရူးက ဘယ်သူများလဲ မသိဘူး ကျွတ် ကျွတ် သူ့ကို ကာကွယ်ဖို့တောင် လူ ဒီလောက် အများကြီး လွှတ်လိုက်သေးတယ်"

ရဲ့ရှင်းချန်မှ စောင့်ကြည့်ရေး စခရင်အား ကြည့်ပြီးနောက် သူ၏ စိတ်ထဲတွင် ရုတ်တရက် တွက်ချက်မှုများ စတင်၍ ပြုလုပ်လာတော့သည်။ သူ နေရပ် ပြောင်းချင်နေသည်မှာ မှန်သော်လည်း ၎င်းသည် အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည့် ကိစ္စ တစ်ရပ် မဟုတ်ပေ။ ယခု ချန်းရူအာအား မြင်လိုက်ရသောအခါ သူ့အား တစ်စုံတစ်ခုအား သတိရသွားစေတော့သည်။

‘လက်စားချေမည့် ကိစ္စကို အစီအစဉ်ဆွဲလို့ ရပြီ’

All Chapters