← Chapters

အခန်း ၁၃၈

Vol. 10 Ch. 138

အခန်း ၁၃၈

Vol. 10 Ch. 138

အခန်း ၁၃၈ - ကောက်ကျစ်သော အမျိုးသမီးတစ်ဦး

ချန်းရူအာသည် အတော်လေး နာမည်ကြီးဆဲပင် ဖြစ်သည်။ ရဲ့ရှင်းချန်မှ သူမအား တားဆီးရန် မည်သည့် စကား တစ်ခွန်းမှ မပြောခဲ့သဖြင့် တာဝန်ကျသူသည် ချန်းရူအာအား အမှန်တကယ် အထဲသို့ ပေးဝင်လိုက်တော့သည်။

ထို့နောက် ချန်းရူအာသည် သူမ၏ အိမ်ရှိရာသို့ တန်းတန်းမတ်မတ် ပြေးသွားသည်အား စောင့်ကြည့်ရေး စခရင်ပေါ်တွင် ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ မြင်တွေ့လိုက်ရသည်။

"သူမက ပစ္စည်းတစ်ခု ယူဖို့အတွက် တမင်တကာ ပြန်လာခဲ့တာလား ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ ကိုယ်တိုင် ပြန်လာ ယူရလောက်အောင် ဘာတွေကများ အဲ့ဒီလောက် တန်ဖိုးကြီးနေလို့လဲ"

လင်းစစ်ကျားမှာ ဇဝေဇဝါ ဖြစ်နေခဲ့ကာ ရဲ့ရှင်းချန်သည်လည်း အတူတူပင် ဖြစ်ချေသည်။ မည်သို့ပင် ဖြစ်စေ ချန်းရူအာ၏ အိမ်တွင် မည်သည်မှ မကျန်တော့လောက်ပေ။ ထိုသို့ မဟုတ်လျှင် ချူယောင်အား ခေါ်၍ စွန်းမင်၏ အိမ်တွင် နေရန် သူမ သွားခဲ့လိမ့်မည် မဟုတ်ပေ။

သေရမည်ဆိုလျှင်ပင် အရှုံးမခံ တတ်သော ချန်းရူအာ၏ စရိုက်အရ သူမ နှင့်အတူ မယူသွားဘဲ အိမ်တွင် ချန်ထားခဲ့မည့် ကောင်းသော အရာများသည် မည်သည့် အရာများ ဖြစ်နိုင်မည်နည်း။

နှစ်နာရီကြာပြီးနောက် ချန်းရူအာ အိမ်ထဲမှနေ၍ မည်သည့် အရာများ လာယူသည် ဆိုသည်အား ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ သိလိုက်ရတော့သည်။

"သတိထား ငါ့အိတ်ကို ဝင်မတိုက်နဲ့ အရမ်း ဈေးကြီးတာ"

ချန်းရူအာသည် ရင်ဘတ်တွင် လက်ပိုက်လျှက် မာနထောင်လွှားသည့် အမူအရာအား ပြသနေခဲ့သည်။ သူမက ဖောင်းပွနေသော အဝတ်အစားများအား ဝတ်ဆင်ထားဆဲ ဖြစ်သည်ကိုသာ ဖယ်ထားလိုက်လျှင် ကမ္ဘာပျက်ကပ်ကြီး မရောက်သေး ဟုပင် ရဲ့ရှင်းချန် ထင်လိုက်မိမည် ဖြစ်သည်။

"မဖြစ်နိုင်တာ သူမရဲ့ အိတ်တွေကို ယူဖို့အတွက် ဒီအချိန်ကြီးကို တမင် ပြန်လာတာလား"

ရဲ့ရှင်းချန် အံ့အားသင့်သွား ရုံသာမက ဘေးတွင် ထိုင်နေသော လင်းစစ်ကျားပင်လျှင် ဆွံ့အ မှင်တက်သွားခဲ့ရသည်။ ယခုအချိန်တွင် လူတိုင်းသည် ဗိုက်ပြည့်အောင်ပင် မစားနိုင်ကြ ဆိုသည်ကိုလည်း သိထားရမည် ဖြစ်သည်။ သူတို့သည် ငတ်သေခြင်း သို့မဟုတ် အေးခဲ၍ သေတော့မတတ် ဖြစ်နေကြခြင်း ဖြစ်ရာ နောက်ဆုံးတွင်မူ ချန်းရူအာသည် မည်သည့် နေရာမှ နေ၍ ပြန်ပြေးလာပြီး သူမ၏ အသုံးမဝင်လှသည့် ထိုအိတ်များအား ယူဆောင်ရန် အထူးတလည် ပြန်လာခဲ့ခြင်း ဖြစ်သည်။

ရဲ့ရှင်းချန်၏ မျက်နှာအမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ရလေသည်။ ချန်းရူအာအား မည်ကဲ့သို့ အကဲဖြတ်ရမည် ဆိုသည်အား သူ မသိတော့ချေ။ ချန်းရူအာသည် အနည်းနှင့်အများ မျှော်လင့်ချက် မဲ့နေပြီ ဟုပင် သူ ခံစားလိုက်ရလေသည်။

သူမသည် ဆိုးရွား ယုတ်မာသည် ဟု သူ ထင်ခဲ့ဖူးပေမယ့် ယခုကြည့်ရသည်မှာ သူမသည် ဆိုးရွား ယုတ်မာတတ် ရုံတင်မက ငတုံးမ တစ်ယောက်လည်း ဖြစ်နေသေးသည် မဟုတ်ပါလား။

အကယ်၍ သူမသည် တန်ဖိုးမရှိသည့် ဇိမ်ခံအိတ်လေးများ အတွက် ပြန်မလာခဲ့ လျှင် သူမ အသက်ရှင် နေသေးသည် ဆိုသည်အား ရဲ့ရှင်းချန် သိခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူမ အသက်ရှင်နေသေးသည်အား ရဲ့ရှင်းချန် မသိခဲ့ပါမူ သူမသည် အနည်းငယ် ပိုကြာကြာ အသက်ရှင်နိုင်ကောင်း ရှင်နိုင်ပေလိမ့်မည် ဖြစ်သည်။

သို့သော် ယခုတွင်မူ သူမ အသက်ရှင်နေသေးသည် ဆိုသည်အား ရဲ့ရှင်းချန် သိသွားပြီ ဖြစ်ရာ ရဲ့ရှင်းချန်သည် သူမအား သတ်ချင်ရုံ သာမက သူမ နောက်ကွယ်မှ လူများကိုပါ အမြစ်ပြတ် သုတ်သင်ပစ်ချင်နေခဲ့ပြီ ဖြစ်သည်။

‘ချန်းရူအာက တကယ်ကို သေလမ်းရှာနေတာပဲ မာကော်မင်က ဘယ်ကလာလဲ သူ မသိပေမယ့် ချန်းရူအာရဲ့ အဝတ်အစားတွေက လုံးဝ မဆိုးပါဘူး တကယ်တော့ ကမ္ဘာပျက်ကပ် မတိုင်ခင်က သူ ဝတ်ဖူးခဲ့တာတွေထက်တောင် ပိုဈေးကြီးသေးတယ်’

သူမသည် ကိုယ်ပေါ်မှ မြွေပါသားမွေးအား သပ်ရပ်အောင် လုပ်လိုက်ပြီးနောက် လူများအား အောက်ထပ်ဆီ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ရဲ့ရှင်းချန်၏ ဗီလာတံခါးရှေ့သို့ ဖြည်းညှင်းစွာ ခေါ်သွားခဲ့တော့သည်။ သူမ အနားမကပ်ခင်မှာပင် ဗီလာထဲမှ အချက်ပေးသံသည် စတင်၍ မြည်ဟည်းလာတော့သည်။

ရဲ့ရှင်းချန်သည် နားအား ပွတ်လိုက်ကာ ဖုန်းမှ အသံပိတ် လိုက်လေတော့သည်။ ထို့နောက် သူနှင့် လင်းစစ်ကျားတို့သည် ချန်းရူအာ၏ စောင့်ကြည့်ကင်မရာ မှတ်တမ်းအား ဆက်ကြည့်နေလိုက်လေသည်။ ချန်းရူအာသည် ရဲ့ရှင်းချန်ရဲ့ ဗီလာတံခါးရှေ့သို့ လျှောက်လာပြီး ဖုန်းအား ထုတ်လိုက်လေသည်။

ရဲ့ရှင်းချန်သည် စခရင်အား အကြီးဆုံး ချဲ့လိုက်သည့်တိုင် ချန်းရူအာ၏ ဖုန်းစခရင်အား ရှင်းရှင်းလင်းလင်း မမြင်ရသေးချေ။ သို့သော် စက္ကန့် အနည်းငယ် အကြာတွင် ချန်းရူအာ မည်သည့် အရာအား လုပ်နေသည်ကို သူ သိလိုက်ရသည့် အတွက် ဖုန်းအား ရှင်းရှင်းလင်းလင်း မြင်ရန် မလိုအပ်တော့ချေ။

ချန်းရူအာအား သူ မည်သည့် အချိန်တွင် block လိုက်မိသည် ဆိုသည်အား ရဲ့ရှင်းချန် မေ့သွားခဲ့ခြင်း ဖြစ်သည်။ ချန်းရူအာသည် ရဲ့ရှင်းချန်၏ သီးသန့် စာပို့သည့် နေရာအား ဖွင့်လိုက်လေသည်။ သူမသည် ရဲ့ရှင်းချန်ထံသို့ ဆယ်လ်ဖီ တစ်ပုံ ပို့ချင်ခဲ့သော်လည်း ရဲ့ရှင်းချန်မှ သူမအား တစ်ချိန်ချိန်တွင် ဘလော့လုပ် ထားခဲ့ပြီး ဘလော့ မဖြေပေးသေးသည် ဆိုသည်အား သူမ သဘောပေါက်သွားခဲ့သည်။

"@ရဲ့ရှင်းချန် ငါ ပြန်လာပြီ နင် ငါ့ကို အရမ်းလွမ်းနေမှာပဲ မဟုတ်လား"

ချန်းရူအာသည် အိမ်ရှင်များ၏ ဂရုထဲသို ထို စာ ပို့လိုက်ခြင်း ဖြစ်သည်။ ဂရုချက် ထဲ၌ လူတချို့ ရှိနေသေးသည်။ ဂရုချက်ထဲတွင် မည်သူမှ စကားမပြောကြတော့သည့်တိုင် ချန်းရူအာ ထိုစာအား ပို့လိုက်သည့် အခါ လူတိုင်းသည် အတင်းအဖျင်းများ စပြောလာကြကုန်တော့သည်။

ချန်းရူအာသည် အလွန် နာမည်ကြီးသည် ဆိုသည်ကိုလည်း သိထားရမည် ဖြစ်ကာ ထို့ပြင် ဂရုတစ်ခုလုံးတွင် ရဲ့ရှင်းချန်နှင့် ချန်းရူအာ၏ ဆက်ဆံရေး အကြောင်းအား မသိသူ မရှိပေ။ တကယ်တမ်းတွင် ဂရုထဲမှာတင် မဟုတ်ချေ။ ချန်းရူအာ ဂရုထဲ၌ ပြဿနာရှာစဉ်တွင်လည်း လူတော်တော် များများမှ စခရင်ရှော့များ ရိုက်ပြီး မျှဝေခဲ့ကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်မှ ဖုန်းအား ကြည့်လိုက် ပြီးနောက် လင်းစစ်ကျားအား ကြည့်လိုက်လေသည်။

"သူက ရှင့်ကို ရှာနေတာလေ ရှင် ဘာလို့ ပြန်မပြောတာလဲ"

လင်းစစ်ကျားနှင့် ရဲ့ရှင်းချန်တို့သည် နိုးလာပြီးနောက် ရေချိုးကာ နေ့လယ်စာ စားပြီးသွားကြပြီ ဖြစ်ကာ ယခု အချိန်တွင် သူတို့သည် နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင် တစ်ဖက်စီ ထိုင်နေခဲ့ကာ ရဲ့ရှင်းချန်၏ ဖုန်းစခရင်အား စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

လင်းစစ်ကျားမှ ညင်သာစွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဖုန်းအား ထုတ်လိုက်တော့သည်။ ရဲ့ရှင်းချန်သည် ချန်းရူအာအား မည်ကဲ့သို့ ပြန်ပြောမည် ဆိုသည်အား သူမ အလွန် သိချင်နေမိခြင်း ဖြစ်သည်။

"အို ငါတို့ ကျောင်းရဲ့ အလှဘုရင်မ ပြန်လာပြီပဲ သူ မင်းကို လွမ်းနေမှာ သေချာတယ် မင်း ဘယ်ရောက် သွားလဲလို့ သူ တွေးနေမှာပေါ့ မင်းကို သူ မတွေ့ရတာ တော်တော်ကြာပြီလေ"

ရဲ့ရှင်းချန်သည် လက်နှစ်ဖက်အား ဖြန့်ပြလိုက်ကာ ဘေးတွင် ကွေးကွေးလေး ထိုင်နေသည့် လင်းစစ်ကျားအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။ ထို့နောက် ဖုန်းအား လင်းစစ်ကျား၏ ရှေ့တွင် ချထားလိုက်ကာ ပြောလိုက်သည်။

"သူက ဘယ်အရူးနဲ့ တွဲနေလဲဆိုတာ မင်း မသိချင်ဘူးလား"

ချန်းရူအာသည် ရဲ့ရှင်းချန်၏ ဗီလာတံခါးရှေ့တွင် ရပ်နေခဲ့ကာ ရဲ့ရှင်းချန်၏ အကြောင်းပြန်စာအား မြင်လိုက်ရတော့သည်။ သူမ၏ နှလုံးသားသည် အလွန် စိတ်လှုပ်ရှားနေခဲ့ကာ ခုန်ထွက်တော့မတတ် ဖြစ်နေခဲ့လေသည်။

မာကော်မင်သည် သူမအပေါ် အလွန် ကောင်းသော်ငြားလည်း ရဲ့ရှင်းချန်လောက် မချောမောသကဲ့သို့ ရဲ့ရှင်းချန်လောက်လည်း သူမအပေါ် နားလည်မှု မရှိဘူးဆိုသည်မှာ သိသာလှပေသည်။ မာကော်မင်သည်လည်း ဖိနပ်လျှက် ပေးသည့်သူ တစ်ယောက် ဖြစ်သည့်တိုင် ညတိုင်း မာကော်မင်သည် ချန်းရူအာ ထံမှနေ၍ အတားအဆီး မရှိ ပိုတောင်းဆိုတတ်သေးသည်။

ချန်းရူအာသည် ဆွဲဆောင်မှု ရှိပုံရကာ မာကော်မင်သည် အပေါ်ယံတွင် သူမအပေါ် ကောင်းကောင်း ဆက်ဆံပုံ ရသော်လည်း အိပ်ရာပေါ်တွင် သူ၏ အထူးဝါသနာများကြောင့် .... ချန်းရူအာသည် ရဲ့ရှင်းချန်အား အလွန် လွမ်းဆွတ်နေမိလာတော့သည်။ အနည်းဆုံးတွင် ယခင် အချိန်များ၌ ရဲ့ရှင်းချန်သည် သူမ၏ စကားတိုင်းအား နားထောင်ပြီး သူမအား အလွန် ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။

"အိုက်ယား အစ်ကိုရှင်းချန် ရှင်က တကယ်ကို တစ်ခုခုပဲ ရှင့်လက်ချော်ပြီး ကျွန်မကိုဘလော့ လိုက်မိတာမလား မြန်မြန် ပြန် အက် လိုက်ပါ"

ချန်းရူအာသည် ရဲ့ရှင်းချန်အား ဖြားယောင်းချင်နေခဲ့ခြင်း ဖြစ်သည်။ လင်းစစ်ကျားအား သူမ လုံးဝ သဘောမကျပေ။ မည်သို့ပင် ဖြစ်စေ လင်းစစ်ကျားသည် သူမထက် အသက်အနည်းငယ် ပိုကြီးပေသည်။ သူမသည် ပုံမှန်အားဖြင့် မိတ်ကပ် မလိမ်းတတ်သကဲ့သို့ သူမဝတ်ဆင်သည့် အဝတ်အစားများသည်လည်း ခေတ်မမီတော့ချေ။ နာမည်ကြီး တက္ကသိုလ်တစ်ခု၏ ကျောင်းအလှဘုရင်မနှင့် သူမအား နှိုင်းယှဉ်၍ မရနိုင်ပေ။

ချန်းရူအာသည် မူလတွင် သူမ၏ လက်ရှိဘဝ မည်မျှ ကောင်းမွန်နေကြောင်းအား ရဲ့ရှင်းချန်ကို ပြသချင်ခဲ့ခြင်း ဖြစ်ကာ သူမအား ပြန်မခေါ်ခဲ့သည့် အတွက် သူ့အား နောင်တရစေချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချန်းရူအာ ရုတ်တရက် စိတ်ပြောင်းသွားတော့သည်။

သူမမှ မြူဆွယ်သည့်ဟန်ဖြင့် ဆယ်လ်ဖီ အနည်းငယ် ရိုက်ပြီးနောက် ပို့လိုက်လေသည်။ သေချာပေါက်ပင် ရဲ့ရှင်းချန်သည် သူမအား ပြန် အက်လိုက်သည်အား ချန်းရူအာ မြင်လိုက်ရလေသည်။

"ဟက် ထင်တဲ့အတိုင်းပဲ ငါ သိသားပဲ ရဲ့ရှင်းချန်က တခြား တစ်ယောက်ကို ဘယ်လိုလုပ် အလွယ်တကူ ချစ်မိသွားမှာလဲ အရင်က သူ ငါ့ကို သေမတတ် လိုက်နေခဲ့တာ သိသာနေတာပဲကို"

ချန်းရူအာသည် မျက်ခုံးပင့်လိုက်မိကာ သူမ အကျေနပ်ဆုံး ဆယ်လ်ဖီ တစ်ပုံအား ရဲ့ရှင်းချန်ထံ ပို့လိုက်တော့သည်။

"အစ်ကိုရှင်းချန် ရူအာက အစ်ကို့ကို အရမ်းလွမ်းနေတာ အစ်ကိုရော ရူအာကို လွမ်းလားဟင်"

ရဲ့ရှင်းချန်သည် သူမအား နည်းလမ်းမျိုးစုံဖြင့် အရှက်ခွဲခဲ့ကာ အစားအစာများ ဝေငှနေချိန်တွင်လည်း ချန်းရူအာအား ထပ်မံဿ အရှက်ခွဲခဲ့သည်မှာ သိသာထင်ရှားလှပေသည်။ သို့သော် ချန်းရူအာသည် အရာအားလုံးအား မေ့သွားပုံရကာ ယခင်ကဲ့သို့ပင် ရဲ့ရှင်းချန်ကို ချွဲနွဲ့နေဆဲပင် ဖြစ်သည်။

"အင်း ငါ လွမ်းတယ် ရူအာ အခု ဘယ်မှာ နေနေတာလဲ ငါ မင်းကို မတွေ့ရတာ ကြာပြီ မင်း သေပြီလို့တောင် ငါ ထင်နေတာ"

"ဒီလို ကောက်ကျစ်တဲ့ အမျိုးသမီးကို ရှင် သဘောကျလိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားခဲ့ဘူး"

လင်းစစ်ကျားမှ နှုတ်ခမ်းစူကာ ရဲ့ရှင်းချန်၏ ရင်ခွင်ထဲတွင် တီးတိုး ရေရွတ်လိုက်မိသည်။

All Chapters