← Chapters

အခန်း ၁၃၉

Vol. 10 Ch. 139

အခန်း ၁၃၉

Vol. 10 Ch. 139

အခန်း ၁၃၉

"မဟုတ်ပါဘူး ကို ဘာကြိုက်လဲဆိုတာ မင်း မသိဘူးလား"

ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား မျက်ခုံးပင့်ပြလိုက်လေသည်။ လင်းစစ်ကျားသည် ချက်ချင်း မျက်နှာနီရဲသွားခဲ့ကာ ရဲ့ရှင်းချန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။

ချန်းရူအာအား ဖြောင်းဖျရန် လွယ်ကူလှပေသည်။ ချန်းရူအာအား သူ့အိမ်တွင် လာနေရန် အတွက် ခေါ်လာချင်ကြောင်းနှင့် အသုံးဝင်သည့် ပစ္စည်းများ ပြန်သယ်လာရန် ကူညီပေးချင်ကြောင်း ရဲ့ရှင်းချန်မှ ပြောလိုက်ရုံဖြင့် သူမသည် ဤအချိန် အတောအတွင်း မည်သည့် နေရာတွင် နေခဲ့သည် ဆိုသည်အား အမှန် တကယ် ပြောပြလာခဲ့တော့သည်။

တိုက်ဆိုင်စွာပင် မာကော်မင် နေထိုင်သည့် နေရာသည် ဝမ်မင်ချုံး၏ ကမ္ဘာပျက်ကပ်ခံ ခံတပ်နှင့် အတော်လေး နီးကပ်နေခဲ့သည်။

"ရူအာ မကြာခင် ငါနဲ့ လာနေချင်တယ် မဟုတ်လား အိမ်က စတိတ်တွေ ဝိုင်နီတွေကို ငါ တစ်ယောက်တည်း မကုန်နိုင်ဘူး ဖြစ်နေတယ် ဒုက္ခများလိုက်တာ"

ချန်းရူအာမှာ အလွန်ပင် စိတ်လှုပ်ရှားနေသည့် အတွက် ဖုန်းကိုင်ထားသည့် လက်သည်ပင် တုန်ယင်နေခဲ့လေသည်။ ရဲ့ရှင်းချန်သည် သူမအား အမှန် တကယ် လာကြိုမည် ဟု သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။

မာကော်မင်၏ ဗီလာသည် မဆိုးလှသော်လည်း ဆင်ခြေဖုံးရှိ ဗီလာသည် မြို့တွင်းရှိ ဗီလာလောက် မကျယ်ဝန်းပေ။ ထို့အပြင် မာကော်မင်၏ ဗီလာတွင် အပူပေးစက် မရှိပေ။ ချန်းရူအာသည် ရဲ့ရှင်းချန်၏ အိမ်ရှိ အပူပေးစက်အား အသုံးပြုချင်နေဆဲပင် ဖြစ်သည်။

မာကော်မင်၏ အိမ်တွင် သူမ ရေချိုးချင်လျှင်ပင် တစ်လလျှင် တစ်ကြိမ်သာ ချိုးနိုင်ပေသည်။ အကြိမ်တိုင်းတွင် သူမ အအေးဒဏ်ကြောင့် တုန်ရီနေခဲ့ရကာ အအေးဒဏ်ကြောင့် ဖျားနာလုနီးပါး ဖြစ်ခဲ့ရသေးသည်။

"ဒါပေမဲ့ ရှင်က ကျွန်မကို ပစ္စည်းတွေ လာယူပေးပြီး ရှင့်အိမ်မှာ လာနေဖို့ ခေါ်သွားမယ်ဆိုရင် မာကော်မင်က သဘောတူမှာ မဟုတ်ဘူးလေ"

ချန်းရူအာသည် မာကော်မင်နှင့် သူမ၏ ဆက်ဆံရေးအား မရှင်းပြခဲ့ပေ။ သူမတွင် သဘောကောင်းသည့် မွေးစား အစ်ကို တစ်ယောက် ရှိကာ လတ်တလောတွင် သူနှင့်အတူ နေထိုင်နေကြောင်းသာ ပြောပြခဲ့ခြင်း ဖြစ်သည်။

"ငါ သွားပြီး သူ့ရဲ့ ညီမလေးကို ပြန်ပေးဆွဲတဲ့အခါ ဘယ်အစ်ကိုက သဘောတူမှာလဲ တကယ်လို့ မင်းရဲ့ မွေးစား အစ်ကိုဆီမှာ သေနတ် ရှိနေပြီးတော့ ငါ့ကို တစ်ချက်တည်းနဲ့ အသေပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ချန်းရူအာ အသံထွက် မပြောလျှင်ပင် သူမနှင့် ထိုမွေးစား အစ်ကို ဆိုသူကြားတွင် သေချာပေါက် မသင်္ကာစရာ တစ်ခုခု ရှိနေကြောင်း ရဲ့ရှင်းချန် သိပေသည်။ မည်သို့ဆိုစေ ကမ္ဘာပျက်ကပ် ရောက်နေပြီ မဟုတ်ပါလား။

ထိုကမ္ဘာပျက်ကပ် ကာလထဲမှာ တခြားလူများ၏ ညီအစ်ကို မောင်နှမအရင်းများ အချင်းချင်း ဖေးမ ကူညီကြသည် ဆိုသည်မှာ ဖြစ်နိုင်သေးပေသည်။ သူမသည် သွေးသား မတော်စပ်သည် ညီမ တစ်ဦးသာ ဖြစ်ကာ မာကော်မင်သည် မည်သည့်အတွက် သူမ၏ အစားအသောက် အဝတ်အစားနှင့် နေထိုင်ရေးကိုပါ ဂရုစိုက်နေမည်နည်း။

သို့သော် ရဲ့ရှင်းချန်သည် ချန်းရူအာအား ဖော်ထုတ်ရန် အစီအစဉ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ချန်းရူအာသည် အလွန် ညစ်ပတ်နေပြီ ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ချစ်သူ နောက်တစ်ယောက် ထပ်တိုးလာသည်မှာ သိပ်မများလှချေ။

"မဟုတ်ဘူး မဟုတ်ဘူး သူ့မှာ သေနတ် တစ်လက်နဲ့ ကျည်ဆန် ဆယ်ဂဏန်းလောက်ပဲ ရှိတာ အရင်က သူ ကျွန်မကို ပြဖူးတယ် သူက သူ့ကျည်ဆန်တွေကို အရမ်းမြတ်နိုးတာ ရှင့်မှာလည်း သေနတ်ရှိတယ် မဟုတ်ဘူးလား"

"အဆိုးဆုံးကတော့ ရှင် သူ့ကို အရင်သတ်လိုက်ပေါ့ အဲ့ဒါဆို သူ ရှင့်ကို မပစ်နိုင်တော့ဘူးလေ"

ချန်းရူအာ၏ အဖြေအား မြင်လိုက်ရသောအခါ လင်းစစ်ကျား တစ်ယောက် ရှင်းရှင်းလင်းလင်း အံ့အား သင့်သွားခဲ့ရတော့သည်။ သူမ စောင့်ကြည့်ရေး စခရင်အား ကြည့်လိုက်ရာ ချန်းရူအာသည် လူအများစုထက် သိသိသာသာ ပိုကောင်းအောင် ဝတ်ဆင်ထားသည်အား တွေ့လိုက်ရလေသည်။

လင်းစစ်ကျားသည် ယခု ရဲ့ရှင်းချန်၏ အိမ်တွင် နေထိုင်နေလျှက် ရှိကာ အစားအသောက်နှင့် အဝတ်အစားများ အတွက် စိုးရိမ်စရာ မလိုသော်လည်း ဤအချိန်တွင် ဤအရာများအား ရှာဖွေရန် မည်မျှခက်ခဲကြောင်း သူမ သိပေသည်။

ဤအရာများသည် ပိုက်ဆံပေး၍ ဝယ်လို့ရသည့် အရာများ မဟုတ်ချေ။ ထိုအရာများသည် နွေးထွေးကာ လှပသည့် မြွေပါသားမွေး ကုတ်အင်္ကျီများ ဖြစ်သည့် အပြင် တော်တော်လေး သန့်ရှင်းနေပုံ ရသည်။ အနည်းဆုံးတွင် စောင့်ကြည့်ကင်မရာမှနေ၍ အဝတ်အစားများ အပေါ်တွင် သိသာထင်ရှားသည့် အစွန်းအထင်းများ သို့မဟုတ် သွေးစွန်းခြင်းများအား လင်းစစ်ကျား မတွေ့ရချေ။

‘ဒါက ဒီအဝတ်အစားတွေကို သေချာ ဂရုတစိုက် လျှော်ဖွတ် ထားတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ မလား’

‘ချန်းရူအာ ပြောတဲ့ မွေးစား အကို မာကော်မင်က သူ့အပေါ် တကယ် ကောင်းတယ်ဆိုတာကို မှန်းဆကြည့်လို့ ရတယ်’

ဒါပေမဲ့ သူ့အပေါ် ဒီလောက် ကောင်းတဲ့သူ တစ်ယောက်ကို သူက ဘယ်လို ပြောလိုက်တာလဲ သူက ရဲ့ရှင်းချန်ကို သူ့ မွေးစားအကိုကို အရင် သတ်ခိုင်းလိုက်တယ်တဲ့လား’

"အရင်ဘဝတုန်းက သူ ရှင့်ကို ဒီလို ဆက်ဆံခဲ့တာလား"

လင်းစစ်ကျား ရုတ်တရက် ရဲ့ရှင်းချန် ပြန်လည် မွေးဖွားလာခြင်း အကြောင်းအား ပြောပြခဲ့သည်များအား သတိရသွားခဲ့သည်။ အရင်ဘဝတွင် သူသည် ချန်းရူအာအပေါ် အလွန်ပင် စာနာ နားလည်ပေးခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် ဂရုစိုက်ပေးခဲ့သည် ဟု ရဲ့ရှင်းချန် ပြောခဲ့ဖူးလေသည်။ ထို့တိုင် သူသည် ချန်းရူအာ၏ သစ္စာဖောက်မှုအား ခံခဲ့ရပြီးနောက် သူ၏ အလောင်းပင်လျှင် အကောင်းပကတိ မကျန်ခဲ့တဲ့အထိ ဆိုးရွားစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

"ဒီမိန်းမက ဘာလို့ ဒီလောက်တောင် ရွံစရာကောင်းရတာလဲ သူ သူက လွန်လွန်းတယ်"

လင်းစစ်ကျားသည် သူမ တစ်ခါမှ မမြင်ဖူးသည့် မာကော်မင် အတွက် စိတ်မကောင်း ဖြစ်မိသွားခြင်း ဖြစ်သည်။ သို့သော် ရဲ့ရှင်းချန် အတွက် ပို၍ စိတ်မကောင်း ဖြစ်မိလေသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့ရှင်းချန်သည် အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသောကြောင့်ပင် ဖြစ်သည်။

"ဟုတ်တယ် သူက အမြဲတမ်း ဒီလိုပဲ ကိုကတော့ ကျင့်သားရနေပါပြီ သူသာ နည်းနည်းလေး ပိုကြင်နာတတ်ရင် ကိုတောင် ကျင့်သားမရ ဖြစ်သွားမလား မသိဘူး"

ရဲ့ရှင်းချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ သူ၏ အတိတ်ဘဝအား လည်း သူ ပြန်လည်၍ သတိရသွားခဲ့သည်။ သို့သော် မာကော်မင်သည် သနားဖို့ မထိုက်တန် ဟု သူ ခံစားရနေရဆဲ ဖြစ်သည်။ ယခင်ဘဝမှ သူလိုပင် လူများအား သေချာစွာ မခွဲခြားတတ်ခဲ့သည်မှာ သူ၏ အမှားသက်သက်ပင် မဟုတ်ပါလား။

သို့သော် မာကော်မင်နှင့် ပတ်သက်၍ ရဲ့ရှင်းချန် သဘောကျသော အချက်တစ်ချက် ရှိပေသည်။ ၎င်းမှာ သူ နေထိုင်ရန် အလွန်ကောင်းသော နေရာကို ရွေးချယ်ခဲ့ခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် အခြားသော အမျိုးသား တစ်ဦး အတွက် အထင်ကြီး လေးစားမှုတစ်ခု ရှိခဲ့သည်။ ရဲ့ရှင်းချန်သည် မူလတွင် မာကော်မင်နှင့် အခြားသူများအား လွှတ်ပေးရန် စီစဉ်ထားသော်လည်း ချန်းရူအာ ထိုသို့ ပြောပြီးနောက် မာကော်မင် သေရမည်ဟု ရဲ့ရှင်းချန် ခံစားလိုက်ရတော့သည်။ မည်သို့ပင်ဖြစ်စေ ရဲ့ရှင်းချန်သည် ထိုလူ၏ အိမ်ရာတစ်ခုလုံးအား သူကိုယ်တိုင် အသုံးပြုရန် အတွက် သိမ်းပိုက်ချင်နေခြင်း ဖြစ်သည် မဟုတ်ပါလား။

"အခုထက် ပိုကောင်းတဲ့ အချိန်မရှိပါဘူး မင်းကိုလည်း အိမ်ကို မြန်မြန် ခေါ်လာချင်တယ် အခုပဲ သွားကြမလား ငါ ပစ္စည်းတွေ သိမ်းပြီး မင်းပစ္စည်းတွေ ယူဖို့ မင်းကို ပြန်ခေါ်သွားမယ်"

ချန်းရူအာသည် သူ့အား တမင်တကာ မြှူဆွယ်ကာ မျှားခေါ်နေခြင်း ဖြစ်မည်အား ရဲ့ရှင်းချန် စိုးရိမ်မနေချေ။ ချန်းရူအာ တမင်တကာ လုပ်ခဲ့လျှင်ပင် မာကော်မင်သည် သူ့အား သေချာပေါက် အနိုင်ယူနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ရဲ့ရှင်းချန်၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုပင် ဖြစ်သည်။

"သွားကြစို့ မိုချီ"

ရဲ့ရှင်းချန်သည် မိုချီထံ အသံ မက်ဆေ့ချ် ပို့လိုက်လေသည်။ သူသည် ကျောက်ဟောင်ကိုပါ ခေါ်သွားချင်သေးသည်။

"အိမ်မှာနေပြီး စောင့်နေ အရေးပေါ် ကိစ္စရှိရင် ကိုယ့်ကို ဖုန်းဆက် အပြင်မထွက်နဲ့"

ဧည့်ခန်းတံခါးအား သော့ခတ် ပြီးနောက် ရဲ့ရှင်းချန်သည် မိုချီနှင့် ကျောက်ဟောင်တို့အား ခေါ်၍ အပြင်သို့ ထွက်လာခဲ့တော့သည်။ ဗီလာ တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော လေစီးကြောင်းတစ်ခု ပန်းထွက်လာခဲ့သည်။

ချန်းရူအာ ချက်ချင်းပင် အလွန် သက်သောင့်သက်သာ ဖြစ်သွားသဖြင့် မျက်လုံးများပင် မှိတ်မိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျောက်ဟောင်နှင့် မိုချီတို့မှာ အအေးဒဏ်ကြောင့် သူတို့၏ အဝတ်အစားများအား တစ်ပြိုင်နက်တည်း တင်းကျပ်စွာ ဆွဲစည်း လိုက်ကြရသည်။ ရဲ့ရှင်းချန်သည် အဝင်ဝတွင် သူတို့အား အဝတ်အစား လဲခိုင်းထားခြင်း ဖြစ်သည်။

"မင်းနေရာကို သွားကြစို့"

ရဲ့ရှင်းချန်သည် သူ၏ နှင်းတောမောင်း မော်တော် ဆိုင်ကယ် အား မထုတ်ခဲ့ချေ။ သို့သော် မိုချီနှင့် ကျောက်ဟောင် ရှေ့တွင် နှင်းလျှောစီးပြား အနည်းငယ်ကိုမူ ထုတ်ပေးခဲ့လေသည်။

အခြား အကြောင်းရင်း မရှိပေ။ လူတစ်ဦးစီအား နှင်းတောမောင်း မော်တော် ဆိုင်ကယ် တစ်စီးစီ မပေးနိုင်ချေ။ ယခုလို လူအများဖြင့် ရှီနေချိန်တွင် တစ်ခုခု ပေးလိုက်သည်မှာ ဆုံးရှုံးသည်နှင့် အတူတူပင် ဖြစ်သည်။

သို့သော် နှင်းလျှောစီးပြားများမှာမူ အများအပြား ရှိနေခဲသည်။ ရဲ့ရှင်းချန်သည် အနာဂတ်တွင် အအေးဒဏ်အား အမှန်တကယ် မခံနိုင်တော့ပါက ဤနှင်းလျှောစီးပြားများအား ထင်းအဖြစ် အသုံးပြုရန်ပင် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

ရဲ့ရှင်းချန်သည် ချန်းရူအာ နှင့်အတူ လာသူများအား နှင်းလျှောစီးပြားများ မျှဝေမပေးခဲ့ပေ။ မည်သို့ပင် ဆိုစေ သူ ပေးလျှင်ပင် သူတို့သည် တုတ်များ အား ကိုင်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ လက်ထဲတွင် ချန်းရူအာ၏ အိမ်မှ ယူလာသော အိတ်များနှင့် လက်ဝတ်ရတနာများ ပြည့်နှက်နေခဲ့သည်။

"မင်းတို့ ဟုတ်တယ် မင်းတို့ ဒီပစ္စည်းတွေကို ဘေးမှာ သွားထားလိုက် ပြီးရင် မင်းတို့ လမ်းလျှောက်ပြန်လို့ ရပြီ"

သူမက ရဲ့ရှင်းချန်၏ အိမ်တွင် နေမည် ဖြစ်သဖြင့် နောက်ကြောင်း ပြန်လှည့်ရမည်ကိုလည်း စိုးရိမ်၍ သူမ၏ ပစ္စည်းများအား ပြန်သယ်လိမ့်မည် မဟုတ်ပေ။

သူတို့ ရောက်လာချိန်တွင် မနက်စောစော ဖြစ်ကာ ဤနေရာအား ရောက်ရန် အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုမူ မတူတော့ပေ။ နှင်းလျှောစီးပြားများဖြင့် သူတို့သည် ထူထပ်သော နှင်းများပေါ်တွင် အဟန့်အတားမရှိ လျှောစီးသွားနိုင်သည်။ တစ်နာရီကျော်လေး အတွင်းမှာပင် သူတို့ မာကော်မင်၏ လူနေအိမ်ရာသို့ ရောက်ရှိသွားကြသည်။

All Chapters