← Chapters

အခန်း ၁၄၁

Vol. 10 Ch. 141

အခန်း ၁၄၁

Vol. 10 Ch. 141

အခန်း ၁၄၁ - သိမ်းပိုက်ခြင်း (၂)

ပေါင်ဟွေ့ ဂုဏ်မယူနိုင်ခင်မှာပင် သူ၏ လက်ကောက်ဝတ် မှနေ၍ တစ်ကိုယ်လုံးသို့ ထုံကျင်မှု တစ်ခု ပျံ့နှံ့သွားသည်အား ရုတ်တရက် ခံစားလိုက်ရလေသည်။

အော်ဟစ်သံမှာ ပေါင်ဟွေ့၏ ဘေးရှိ လူထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပေါင်ဟွေ့ ကိုယ်တိုင်မှာမူ အော်ဟစ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ တောင့်တောင့်ကြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

လောင်ကျွမ်းနေသော အနံ့တစ်ခု ပျံ့နှံ့လာသည်။ ရဲ့ရှင်းချန် ကြည့်စရာပင် မလိုပင် ပေါင်ဟွေ့ တစ်ယောက် လောင်ကျွမ်းသွားပြီ ဆိုသည်အား သိလိုက်လေသည်။

"အားး လူသတ်နေတယ် လူသတ်နေတယ်"

သူတို့၏ အိမ်ရာသည် အတော်လေး ခေါင်လှပေသည်။ အခြားသူများမှ သူတို့အား လုယက်ချင်လျှင်ပင် သူတို့၏ အိမ်ရာထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ လူမသတ်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ အများဆုံး သူတို့၏ အစားအစာနှင့် အဝတ်အစားများ လုယက်ခံရရုံသာ ရှိသည်။

ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် ဤမျှ အနီးကပ် အကွာအဝေးမှ လူတစ်ယောက် သတ်ဖြတ်ခံရသည်အား သူတို့ မြင်တွေ့ရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

စောစောပိုင်းတွင် ပေါင်ဟွေ့ နှင့်အတူ တာဝန်ကျနေသော လူများသည် ရဲ့ရှင်းချန်၏ နောက်ထပ် ပစ်မှတ်မှာ သူတို့ဖြစ်လာမည်အား စိုးရိမ်သဖြင့် ထိတ်လန့်တကြား ထွက်ပြေးသွားကြကုန်သည်။

ရဲ့ရှင်းချန်မှ ပေါင်ဟွေ့အား မည်သို့ သတ်လိုက်သည် ဆိုသည်အား သူတို့ မမြင်လိုက်ရသော်လည်း ပေါင်ဟွေ့သည် မြေပြင်ပေါ်သို့ တည့်တည့် လဲကျသွားချိန်တွင် ထို အဖြစ်ပျက်သည် သူတို့အား အမှန်တကယ် သေမတတ် ကြောက်လန့်သွားစေခဲ့ခြင်း ဖြစ်သည်။

"ဟေး ဟေး အားလုံးပဲ တည်တည်ငြိမ်ငြိမ် နေကြစမ်းပါ"

ရဲ့ရှင်းချန်သည် သူ၏ ခါးတွင် ချိတ်ထားသော အသံချဲ့စက်အား ဖြုတ်ယူကာ အကျယ်ဆုံးသို့ ဖွင့်လိုက်လေသည်။

"အဟမ်း အဟမ်း အားလုံး ကြားရလား အားလုံး ငါ့အသံကို ကြားရလား"

"အားလုံးပဲ ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ် နေပေးပါ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ ငါ့မျိုးရိုးနာမည်က ရဲ့ ပါ နောင်ကျရင် ငါ့ကို အစ်ကိုရဲ့ လို့ ခေါ်လို့ရပါတယ်"

"ဒီလိုပါပဲ မင်းတို့ အိမ်ရာရဲ့ ပထဝီဝင် အနေအထားက မဆိုးဘူးဆိုတာကို အားလုံးကို အသိပေးဖို့ ငါ ဒီကို လာခဲ့တာ ပြီးတော့ ငါက ဒီအိမ်ရာကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ် ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးလို့ ငါ ယုံကြည်ပါတယ် ဟုတ်တယ် မဟုတ်လား"

"ကိစ္စမရှိပါဘူး မင်းတို့မှာ ကန့်ကွက်စရာ ရှိရင်တောင် ဘာမှမဖြစ်ပါဘူး ပြောလို့ရပါတယ် ဒါပေမဲ့ ငါ နားထောင်ချင်မှ နားထောင်မှာပါ"

"ကန့်ကွက်စရာ ရှိရင် မတ်တပ်ရပ်ပြီး ပြောလို့ရတယ် ကိစ္စမရှိပါဘူး ငါက အကျိုးအကြောင်း ဆီလျော်တဲ့သူ တစ်ယောက်ပါ ဒါပေမဲ့ ငါ နည်းနည်း လောနေလို့ ဘာပဲဖြစ်ဖြစ် အခု တော်တော် မိုးချုပ်နေပြီဆိုတော့ ဒီကိစ္စကို မြန်မြန် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်"

ပုံမှန် အခြေအနေ အောက်တွင် ရဲ့ရှင်းချန်၏ အိမ်ရာမှ ကားမောင်းလာမည်ဆိုပါက နှစ်နာရီ ကြာမည် ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေများအရ ကားမောင်း၍ မရနိုင်ကြောင်း သိသာထင်ရှားလှသည်။ ထို့အပြင် ရဲ့ရှင်းချန်၏ နေရာလွတ်ထဲမှ နှင်းတောမောင်း မော်တော် ဆိုင်ကယ် အားလည်း ထုတ်ယူရန် အဆင်မပြေချေ။

အဓိက အကြောင်းရင်းမှာ အခြားသူများ မှတ်မိမည်အား ကြောက်၍ မဟုတ်ပေ။ အဓိက အကြောင်းရင်းမှာ ရဲ့ရှင်းချန်သည် ချန်းရူအာအား သူ၏ နှင်းမော်တော် ဆိုင်ကယ်ပေါ်တွင် မထိုင်စေချင်သောကြောင့် ဖြစ်သည်။ ချန်းရူအာကြောင့် သူ၏ နှင်းတောမောင်း မော်တော် ဆိုင်ကယ် သည် ညစ်ပတ်စေမည်အား သူ စိုးရိမ်သည့် အတွက် ဖြစ်သည်။

ဤနေရာသို့ နှင်းလျှောစီးပြားဖြင့် လာရန် ၃ နာရီကျော် ကြာမြင့်ခဲ့သည်။ သူ အိမ်ပြန်ပြီး ညစာစားရမည့် အချိန်နီးနေပြီ ဖြစ်သည်။ သူသည် ဤနေရာတွင် အကြာကြီး မနေချင်ပေ။ မာကော်မင် ပြန်လာမည့် အချိန်အား စောင့်ပြီး သူ့အား အရင် ရှင်းပစ်ရမည်လားဟု ရဲ့ရှင်းချန် တွေးနေဆဲမှာပင် မာကော်မင် အမှန်တကယ် ပြန်ရောက်လာခဲ့လေသည်။

ယနေ့ ချန်းရူအာ အပြင်ထွက် သွားသဖြင့် မာကော်မင် စောစော ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ စိုးရိမ်နေသဖြင့် ပစ္စည်းများ သွားရှာရာတွင် စိတ်မပါလက်မပါ ဖြစ်နေခဲ့ရသည်။ ချန်းရူအာ အပြင်တွင် အနိုင်ကျင့်ခံရမည်အားလည်း သူ စိူးကြောက်နေမိခြင်း ဖြစ်သည်။ သို့သော် သူ အနား မရောက်မီမှာပင် တစ်စုံတစ်ယောက်မှ သူ၏ အိမ်ရာအား သိမ်းပိုက်ချင်နေသည်ဟု ပြောသံကို ကြားလိုက်ရတော့သည်။

"ဟေး မင်းက ဘယ်သူလဲ"

မာကော်မင်သည် ရဲ့ရှင်းချန်၏ နောက်ဘက်မှ လူတစ်ဒါဇင်ကျော် ခေါ်လာခဲ့သည်။ ၎င်းအား မြင်သောအခါ ကျောက်ဟောင်သည် လှည့်၍ မာကော်မင်နှင့် သူ၏အဖွဲ့အား ရင်ဆိုင်လိုက်တော့သည်။

"အာ မင်းတို့ရဲ့ ဘော့စ် ပြန်လာပြီပဲ သူ့ကို စောင့်နေရမလားလို့ ငါ တွေးနေတာ"

ရဲ့ရှင်းချန်၏ လေသံမှာ ယနေ့ မည်သည့်အရာ စားခဲ့သည် ဆိုသည်အား ပြောနေသကဲ့သို့ အလွန်ပင် တည်ငြိမ် ပေါ့ပါးနေခဲ့သည်။

"အစ်ကိုမာ သူတို့က ချန်းရူအာရဲ့ သူငယ်ချင်းတွေ သူတို့ သူတို့ လူသတ်ထားတယ်"

ရဲ့ရှင်းချန်သည် ထိုလူများ၏ အော်ဟစ်သံများအား နားထောင်ပြီး မိုချီအား နေရာပြောင်းရန် အသိဉာဏ်ရှိစွာ ဆွဲခေါ်သွားခဲ့ကာ ပေါင်ဟွေ့၏ အလောင်းအား မာကော်မင်အား ပြသလိုက်တော့သည်။

"တောင်းပန်ပါတယ် အစ်ကိုမာ ဟုတ်တယ်မလား ငါ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ မင်းရဲ့ သူငယ်ချင်းကို မတော်တဆ သတ်မိသွားတယ် တကယ် တောင်းပန်ပါတယ်"

မာကော်မင်သည် အစပိုင်းတွင် အနည်းငယ်သာ ဒေါသထွက်ခဲ့သော်လည်း ယခုမူ ပို၍ ဒေါသထွက်သွားခဲ့တော့သည်။ ပေါင်ဟွေ့သည် သူ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သဖြင့် ပေါင်ဟွေ့သည် အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရဲ့ရှင်းချန်၏ တိုက်ခိုက်မှုသည် သူ့ရဲ့ အချစ်ဆုံး ညီအစ်ကိုအား သေဆုံးသွားစေခဲ့ခြင်း ဖြစ်ပေသည်။

"မင်း မင်း ငါ့ညီအစ်ကိုကို သတ်ခဲ့မိတယ် ဟုတ်လား မင်းကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်"

အစပိုင်းတွင် ရဲ့ရှင်းချန်နှင့် အခြားနှစ်ဦးမှာ ချန်းရူအာ၏ သူငယ်ချင်းများ ဖြစ်ကြောင်း မာကော်မင် ကြားသောအခါ သူတို့အား မည်ကဲ့သို့ ဧည့်ခံရမည် ဆိုသည်အား စဉ်းစားနေခဲ့မိသေးသည်။ သို့သော် နောက်တစ်ခဏတွင် ထိုသုံးဦးသည် သူ၏ အချစ်ဆုံးသူငယ်ချင်းအား အမှန်တကယ် သတ်ပစ်ခဲ့လေပြီ ဖြစ်သည်။

ကံမကောင်းစွာဖြင့် မာကော်မင်သည် သူ၏ ခါးမှ ဓားရှည်အား ဆွဲထုတ်ကာ ရဲ့ရှင်းချန်အား ခုတ်ပိုင်းလိုက်သော်လည်း ဓားဝှေ့ယမ်း ပြီးနောက် သူသည် ပေါင်ဟွေ့ကဲ့သို့ပင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

လွှမ်းမိုးနိုင်လွန်းသည့် ခွန်အားရှေ့တွင် အရာအားလုံးကသည် အသုံးမဝင်တော့ပါချေ။

မိုချီ အနည်းငယ် ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီးနောက် ရဲ့ရှင်းချန်၏ ဘေးသို့ ရွှေ့သွားခဲ့သည် စောစောပိုင်းတွင် သူမ၏ တုံ့ပြန်မှုသည် အလွန် နှေးကွေးသွားခဲ့ကာ ဓားရှည်ဖြင့် ခုတ်ပိုင်းလာချိန်တွင် သူမ၏ ခြေထောက်အား ပြတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

"အိုကေ အခု မင်းတို့ရဲ့ ဘော့စ် သေသွားပြီဆိုတော့ မင်းတို့ထဲက တစ်ယောက်ယောက် ငါ့နောက် လိုက်ချင်ရင် ငါ့ကို ပြောပါ"

ဆူညံနေသော လူအုပ်ကြီးမှာ အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့ရတော့သည်။ ရဲ့ရှင်းချန်သည် ပေါင်ဟွေ့အား မည်သို့ သတ်လိုက်သည် ဆိုသည်အား သူတို့ မမြင်လိုက်ရသော်ငြား ဤတစ်ကြိမ်တွင်မူ ရဲ့ရှင်းချန်မှ မာကော်မင်အား မည်သို့ သတ်လိုက်သည် ဆိုသည်ကို သူတို့ အားလုံး မြင်လိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် သူတို့ အားလုံး ခြေတစ်လှမ်း နောက်ဆုတ်ကာ တံတွေးမျို ချလိုက်မိကြသည်။ ပို၍ တိတိကျကျ ပြောရလျှင် ထိုလူနှစ်ယောက်သည် ရဲ့ရှင်းချန်၏ ဘေးမှာရှိနေသည့် လိုလီလေး၏ လက်ချက် ဖြင့် သေဆုံးသွားရခြင်း ဖြစ်သည်။

မာကော်မင်အား သူတို့ မယှဉ်နိုင်သည့် အတွက် မာကော်မင်အား သူတို့၏ ခေါင်းဆောင် လုပ်ခွင့်ပေးခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူတို့ ပင် အနိုင်မယူနိုင်သည့် မာကော်မင်သည် ရဲ့ရှင်းချန်၏ ရှေ့တွင် ဘာမှ မဟုတ်ပါချေ။ ရဲ့ရှင်းချန် မည်သည်မှ မလုပ်ရသေးခင်မှာပင် မာကော်မင် သေသွားပြီ ဖြစ်သည်။

ဤသည်မှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သည့် အရာတစ်ခု ဖြစ်နေခဲ့ကာ တစ်ခွန်းတည်းဖြင့် ပြောရလျှင် ရိုးရိုးလေးဖြင့် ကြောက်စရာ ကောင်းလွန်းလှပေသည်။

မာကော်မင်နှင့် ပေါင်ဟွေ့တို့ မည်ကဲ့သို့ သေဆုံးသွားသည် ဆိုသည်အား သူတို့ မသိကြပေ။ တောက်ပနေသော အရာတစ်ခုကိုသာ သူတို့ မြင်လိုက်ရပြီး ထို့နောက် ရွှီးခနဲ အသံနှင့်အတူ မာကော်မင် လဲကျသွားခဲ့ခြင်း ဖြစ်သည်။

မာကော်မင် နှင့်အတူ ပြန်လာသော လူတစ်ဒါဇင်ကျော်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ မည်သူကမျှ ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းမျှ မတိုးရဲကြပေ။

"မကြောက်ပါနဲ့ ငါက အကျိုးအကြောင်း ဆီလျော်တဲ့သူ တစ်ယောက်ပါ"

"ငါ့နောက်လိုက်ချင်ရင် စားစရာပေးမယ် မင်းတို့ ငတ်မသေစေရဘူးလို့ ငါ အာမခံတယ်"

"ဒါပေမဲ့ ငါ့နောက် မလိုက်ချင်ဘူး ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်ပိုင် မျှော်မှန်းချက်တွေ ရှိကြတာပဲ ငါ့နောက် မလိုက်ချင်ဘူးဆိုရင် အခု အခွင့်အရေး တစ်ခုပေးမယ် ပစ္စည်းတွေ သိမ်းပြီး ဒီနေရာကနေ ထွက်သွားကြ"

"ငါ့နောက် လိုက်ချင်တဲ့သူတွေ အခု ထွက်လာပြီး မင်းတို့ရဲ့ သစ္စာရှိမှုကို ပြသကြ ငါ မင်းတို့ကို အနိုင်မကျင့်ပါဘူး"

"ငါ့ကို မယုံရင်လည်း ရပါတယ် ငါ နားလည်ပေးနိုင်ပါတယ် ဘာပဲဖြစ်ဖြစ် အရင်က မင်းတို့ ငါ့ကို လုံးဝ မသိခဲ့ကြဘူးဆိုတော့ မယုံတာက ပုံမှန်ပါပဲ"

ရဲ့ရှင်းချန်သည် ဖုန်းအား ထုတ်ကာ အချိန်အား ကြည့်လိုက်လေသည်။

"အိုကေ ငါ မင်းတို့ကို စဉ်းစားဖို့ တစ်ည အချိန်ပေးမယ် မနက်ဖြန် ငါ ပြန်လာခဲ့မယ်"

"အာ ဟုတ်သားပဲ ငါ အခု အိမ်ပြန်တော့မယ် မနက်ဖြန်ကျမှ သူ့ကို လာကြိုမယ် ဆိုတဲ့အကြောင်း ချန်းရူအာကို သွားပြောဖို့ လူတစ်ယောက်လောက် ရှာလိုက်ဦး ဒီမှာပဲ နေဖို့ သူ့ကို ပြောလိုက်"

All Chapters