← Chapters

အခန်း ၁၄၂

Vol. 10 Ch. 142

အခန်း ၁၄၂

Vol. 10 Ch. 142

အခန်း ၁၄၂

ချန်းရူအာသည် အိမ်တွင် ပစ္စည်းများအား ပျော်ရွှင်စွာ သိမ်းဆည်းနေခဲ့သည်။ ပစ္စည်းများ အရမ်းများနေခဲ့သည်။ မာကော်မင်သည် အလွန်ရိုးရှင်းပြီး သူ၏ ခန္ဓာကိုယ် အချိုးအစားသည် သိပ်မကောင်းသော်လည်း သူသည် အတော်လေး စွမ်းဆောင်နိုင်ကြောင်း သူမ ဝန်ခံရမည် ဖြစ်သည်။ အနည်းဆုံးတွင် သူ ပြန်သယ်လာသည့် ပစ္စည်းများအား ချန်းရူအာ အလွန်ပင် သဘောကျပေသည်။ သူမ အလွန် သဘောကျလွန်း၍ ခရီးဆောင်အိတ် နှစ်အိတ်ဖြင့်ပင် မလောက်ငှ ဖြစ်နေခဲ့သည်။ ချန်းရူအာသည် အိတ်အလွတ် ရှာရန် မာကော်မင်၏ အခန်းထဲသို့ သွားလိုက်ချိန်တွင် လူတစ်ယောက် ပြေးလာခဲ့သည်။

"ဘာဖြစ်တာလဲ မာကော်မင် သေပြီလား"

ချန်းရူအာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခြင်းအား ဖိနှိပ်ထားရန် မနည်း ကြိုးစားလိုက်ရသည်။

‘သူ သိသားပဲ ရဲ့ရှင်းချန်က သူြကို ချစ်နေတုန်းပဲ..’

‘မဟုတ်ရင် သူမ စကားလေး တစ်ခွန်းကြောင့် မာကော်မင်နဲ့ ဘာလို့ သွားချရမှာလဲ’

‘မာကော်မင် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ မြင်ဖူးတယ်လေ’

သူမ အတွက် ရဲ့ရှင်းချန် မည်မျှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည် ဆိုသည်အား တွေးပြီးနောက် ချန်းရူအာ ပျော်ရွှင်နေချိန်မှာ ရဲ့ရှင်းချန်မှာ အိမ်သို့ အရင်ပြန်သွားပြီ ဖြစ်ကာ သူမအား သေချာ ရှင်းလင်းထားဖို့ ပြောခဲ့သည် ဟု လာပြောသည့် သူမှ ပြောလိုက်လေသည်။

"အာ ရဲ့ရှင်းချန်က တကယ်ကို လွန်လွန်းတယ် အိမ်က နည်းနည်း ရှုပ်ပွနေရင်တောင် ကိစ္စမရှိပါဘူး ငါ သူ့ကို မုန်းမှာ မဟုတ်ပါဘူး အိမ်ကို ရှင်းလင်းဖို့နဲ့ ငါ လာတာကို စောင့်ဖို့ သူက တကယ်ပဲ ကြိုပြီး ပြန်သွားခဲ့ရတာလား ဟူး ထားလိုက်ပါတော့ သူ ကြိုပြီး ပေးထားတဲ့ အံ့သြစရာလေးကို ငါက ဖုံးကွယ်မထားဘဲ အခြေအနေကို အလိုက်တသိနဲ့ နေရမှာပေါ့လေ”

"အိုကေ အိုကေ ငါ သိပြီ ဒါဆို သူ့စကားကို ငါ နားထောင်မယ်လို့ သွားပြောလိုက်ပါ မနက်ဖြန် သူ လာကြိုတဲ့အထိ ငါ ဒီမှာပဲ လိမ္မာစွာနဲ့ စောင့်နေပါ့မယ်"

ချန်းရူအာမှ လက်မြှောက်ကာ သူမ၏ ဆံပင်များအား ဘေးသို့ သပ်တင်လိုက်လေသည်။ တစ်ခဏအတွင်းမှာပင် ပစ္စည်းများ သိမ်းဆည်းစဉ်တွင် ခံစားခဲ့ရသော စိတ်မရှည်မှုများမှာ အတော်လေး ငြိမ်သက်သွားခဲ့သည်။

မည်သို့ပင် ဖြစ်စေ သူမသည် မြန်မြန်ဆန်ဆန် ပစ္စည်းများ သိမ်းကာ ရဲ့ရှင်းချန်နှင့် အတူ ပြန်လိုက်သွားရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင်မူ သူမ လုံးဝ အလျင်မလိုတော့ချေ။ ဖြည်းဖြည်းချင်း လုပ်လို့ရပြီ ဖြစ်ကာ ရဲ့ရှင်းချန်သည် သူမအတွက် အံ့သြစရာလေးများ ပြင်ဆင်ရန် အတွက် အိမ်ပြန်ရဦးမည် မဟုတ်ပါလား။

ရဲ့ရှင်းချန် အိမ်ပြန် ရောက်သောအခါ ည ရှစ်နာရီ ကျော်နေပြီ ဖြစ်သည်။ လမ်းမှာ လုံးဝနီးပါး မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။ ဘေးကင်းစေရန် အတွက် ရဲ့ရှင်းချန်သည် မိုချီနှင့် ကျောက်ဟောင်တို့အား လူနေအိမ်ရာ၏ အပြင်ဘက် ဘယ်သူမှ မမြင်နိုင်သော နေရာတစ်ခုသို့ ခေါ်လာခဲ့သည်။ သူတို့သည် နှင်းလျှောစီးပြားများအား ချက်ချင်း လဲလှယ်လိုက်ပြီးနောက် နေရာလွတ်ထဲမှ သူတို့၏ နှင်းတောမောင်း မော်တော် ဆိုင်ကယ် များအား ထုတ်ယူလိုက်လေတော့သည်။

ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် သို့ ပြောင်းစီးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ သူ အိမ်စောစော ပြန်ချင်သောကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းမှာ လမ်းတွင် ထိုအရာများနှင့် ကြုံတွေ့ရမည်အား စိုးရိမ်သောကြောင့် ဖြစ်သည်။

သူသည် သူတို့အား အဝေးမှ ကိုင်တွယ် ဖြေရှင်းခဲ့သော်လည်း အကယ်၍ သူသာ နှင်းလျှောစီးပြားပေါ်တွင် ရှိနေပြီး နှင်းလျှောစီးတုတ်အား လက်ထဲတွင် ကိုင်ထားရမည်ဆိုပါက သူ၏ တုံ့ပြန်မှု အမြန်နှုန်းသည် နှေးကွေးသွားမည် ဖြစ်သည်။

ဘေးကင်းရေး အတွက် ထို အကြောင်းပြချက်များကြောင့် ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် အား ထုတ်ယူရန် ဆုံးဖြတ် လိုက်ရခြင်းလည်း ဖြစ်သည်။

မိုချီသည် ရဲ့ရှင်းချန်၏ အရှေ့တွင် ရှိနေပြီး ကျောက်ဟောင်မှာမူ ရဲ့ရှင်းချန်၏ အနောက်တွင် ထိုင်နေခဲ့သည်။ ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် အား မောင်းနှင်သူ ဖြစ်သည်။

ရဲ့ရှင်းချန်သည် ထိုအစီအစဉ်ကိုလည်း စဉ်းစားထားပြီး ဖြစ်သည်။ အကယ်၍ သူတို့ လမ်းတွင် ရန်သူများ သို့မဟုတ် မျိုးဗီဇပြောင်းလူများနှင့် ကြုံတွေ့ရပါက မိုချီသည် အရှေ့တွင် ရှိနေမည် ဖြစ်င, သူတို့အား သတ်ရန် သူမ၏ ထူးခြားလှသည့် စွမ်းအားကို အသုံးပြုရန် လက်မြှောက်လိုက်ရုံသာ လိုအပ်မည် ဖြစ်သည်။

ကျောက်ဟောင်မှာမူ ရဲ့ရှင်းချန်၏ အနောက်တွင် ထိုင်နေခဲ့သည်။ ရဲ့ရှင်းချန်သည် အခြားမည်သူ့ကိုမျှ သူ၏ ကျောဘက်တွင် မထားရဲချေ။ သို့သော် ယခု အတော်လေး နောက်ကျနေပြီ ဖြစ်ကာ အပြင်ဘက်တွင်လည်း အလင်းရောင် မရှိတော့ချေ။ ကျောက်ဟောင်အား သူ၏ အနောက်တွင် ထားခြင်းသည် သူ၏ ကျောဘက် အတွက် ကျည်ကာအင်္ကျီ ဝတ်ဆင်ထားခြင်းနှင့် တူညီပေသည်။

သို့သော် သူ၏ ခရီးစဉ်သည် အလွန် ချောမွေ့သဖြင့် ရဲ့ရှင်းချန် အတော်လေး အံ့အားသင့်သွားခဲ့ရသေးသည်။ အပြင်ဘက်တွင် လျှောက်သွားနေသေးသော လူများအား သူ မတွေ့ရချေ။ မှောင်သွားပါက အိမ်ပြန်ကြမည်ဟု လူတိုင်းမှ ရေးသား မထားသော သဘောတူညီချက် တစ်ခု ရရှိထားပုံရလေသည်။

လူနေအိမ်ရာ၏ တံခါးမှာ တင်းကြပ်စွာ ပိတ်ထားလေသည်။ ကျောက်ဟောင်မှ တံခါး၏ အနောက်မှနေ၍ ယနေ့ တာဝန်ကျသူများအား မခေါ်ခဲ့ဘူးဆိုလျှင် ရဲ့ရှင်းချန်နှင့် အခြားသူများသည် ယနေ့ညတွင် အထဲသို့ ဝင်နိုင်လိမ့်မည် မဟုတ်ပေ။

"အစ်ကိုကျောက် မနက်ဖြန် ကျွန်တော်နဲ့ ထပ်လိုက်ပေးဖို့ ဒုက္ခပေးရဦးမယ်"

နှင်းတောမောင်း မော်တော် ဆိုင်ကယ် ပေါ်တွင် လူနှစ်ယောက် ထိုင်ရန် လုံလောက်သည်ထက် ပိုသော်လည်း ယခုမူ လူသုံးယောက် ထိုင်နေခြင်း ဖြစ်သည်။ ကျောက်ဟောင်သည်လည်း အရပ်ရှည်ပြီး ထွားကျိုင်းလှသည်။ ရဲ့ရှင်းချန်၏ အိမ်တွင် နှင်းတောမောင်း မော်တော် ဆိုင်ကယ် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ဟောင်သည် ယာဉ်ပေါ်မှ ခုန်ဆင်းကာ သူ၏ ခြေလက်များအား ဆန့်ထုတ်ချင်စိတ်အား မထိန်းနိုင်တော့ချေ။

ကံကောင်း ထောက်မစွာဖြင့် ယခုအချိန်တွင် မည်သူ့၏ ဉာဏ်ရည် ဉာဏ်သွေးကမျှ အထူးတလည် မြင့်မားမနေချေ။ သို့မဟုတ်လျှင် ရဲ့ရှင်းချန် အပြင်သွားချိန်၌ နှင်းတောမောင်း မော်တော် ဆိုင်ကယ်အား မစီးသွားကြောင်းကို သူတို့ သေချာပေါက် သတိပြုမိသွားပေလိမ့်မည်။

အလျှင်အမြန် စားသောက် ပြီးနောက် ရဲ့ရှင်းချန် ရေချိုးကာ အိပ်ရာဝင်သွားခဲ့သည်။ ကုတင်ပေါ်တွင် လှဲနေသော ရဲ့ရှင်းချန်သည် အနည်းနှင့်အများ စိတ်လှုပ်ရှားနေလျှက် ရှိသည်။ မနက်ဖြန် တွင် သူ လက်စားချေတော့မည် ဖြစ်ကာ လက်စားချေ ရုံသာမက ဝမ်မင်ချုံး၏ ခံတပ်အားလည်း သွားကြည့်ချင်သေးသည်။

နောက်နေ့ နံနက်စောစောတွင် ရဲ့ရှင်းချန်သည် မိုချီနှင့် ကျောက်ဟောင်တို့အား ခေါ်ကာ အပြင်သို့ ထွက်လာခဲ့ပြန်လေသည်။ မနေ့ညတွင် ကျောက်ဟောင် စောစော အိပ်ရာဝင်ခဲ့ခြင်း ဖြစ်သည်။ သူ ပြန်ရောက်သောအခါ လီအန်းရန်သည် သူ အလွန် နောက်ကျမှ ပြန်လာ၍ သူမ ငတ်သေတော့မည် ဟု ညည်းညူခဲ့သေးသည်။ သူမ ဗိုက်ဆာလျှင် ကလေးအား တိုက်ရန် နို့ထွက်တော့သဖြင့် သူမ ဗိုက်ဆာလျှင် ကိစ္စမရှိသော်လည်း ကလေးအား အငတ်မထားနိုင် ဟုပင် ပြောလိုက်သေးသည်။

ဤတစ်ကြိမ်တွင်မူ ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ်အား တံခါးအပြင်ဘက် အထိ မောင်းယူ သွားခဲ့သည်။

မည်သို့ပင် ဖြစ်စေ ယနေ့တွင် သူ လုပ်စရာများ အများအပြား ရှိနေသည့် အတွက် နှင်းလျှောစီးပြား သုံးတာထက် ပို၍ အဆင်ပြေလှသည်။ အဆိုးဆုံးမှာမူ အာရုံစိုက်မှု အများအပြား ခံရမည်အား စိုးကြောက်၍ အနားရောက်ခါနီးလျှင် နှင်းလျှောစီးပြားအား ပြောင်းသုံးလိုက်မည် ဟု စဉ်းစားထားခြင်း ဖြစ်သည်။

"ဝိုး အဲ့ဒါ ဘာကြီးလဲ"

"ဒါ ဆိုင်ကယ်လား ဒါပေမဲ့ ဆိုင်ကယ်နဲ့လည်း မတူဘူး"

"ဒီလို ကောင်းတဲ့ပစ္စည်းမျိုး တကယ် ရှိတာလား ဘုရားရေ ငါ့မှာလည်း တစ်စီးလောက် ရှိရင် ကောင်းမှာပဲ ငါ့မှာသာ တစ်စီးရှိရင် စားဖို့သောက်ဖို့ ပူစရာမလိုတော့ဘူး မဟုတ်လား"

"ဒါ ဘော့စ် အသစ်လား ဘော့စ် အသစ်က အရမ်း ခန့်ညားတာပဲ"

အောက်ဘက်ရှိ လူများမှ တီးတိုး ပြောဆိုနေကြသည်။ ဤအိမ်ရာ၏ နာမည်မှာ မည်သို့ ခေါ်ဆိုသည်အား ရဲ့ရှင်းချန် ကြည့်ချင်ခဲ့သည့်တိုင် ကြည့်လိုက်တဲ့အခါတွင်မူ အိမ်ရာရဲ့ ဆိုင်းဘုတ်သည် နှင်းများ အောက်၌ နစ်မြုပ်နေသည်မှာ ကြာမြင့်ခဲ့ပြီ ဆိုသည်အား သဘောပေါက် သွားတော့သည်။

"ဖယ်ကြ ဖယ်ကြ"

လူအုပ်၏ နောက်မှ ချန်းရူအာ၏ အသံ ထွက်ပေါ်လာခဲ့သည်။ သူမ အနည်းငယ် ချမ်းနေခဲ့လေသည်။ သူမ၏ ခြေထောက်များသည် လှပသဖြင့် အခြားသူများ၏ ချီးကျူးမှုအား မကြာခဏ ရရှိခဲ့သည်။ သူမ ကျောင်းအလှဘုရင်မ ဖြစ်လာစေရန် သူမ၏ ခြေထောက်များသည် အများကြီး အထောက်အကူ ပြုခဲ့သဖြင့် ဤမျှ အေးစက်သော နေ့ရက်တွင် ခြေအိတ် အထပ်အနည်းငယ်နှင့် နှင်းဘွတ်ဖိနပ်များကိုသာ ဝတ်ဆင်ထားခဲ့လေသည်။

သူ၏ ရှေ့တွင် ယိမ်းထိုးနေသော ချန်းရူအာအား ကြည့်ပြီး ရဲ့ရှင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမ၏ ခြေထောက်များအား သူ သတိထားမိသွားသည်။

သေချာပေါက်ပင် ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူမ၏ ခြေထောက်များအား စွဲမက်သွားသည်တော့ မဟုတ်ချေ။ သို့သော် ချန်းရူအာသည် အမှန်ပင် တစ်ခုခုပဲ ဟု သူ ခံစားလိုက်ရလေသည်။ ဤမျှလောက် အေးလှသည့် နေ့မျိုးတွင်ပင် သူမသည် ဘောင်းဘီ အထူ မဝတ်ထားခဲ့ချေ။ ခဏနေ၍ နွေးထွေးသည့် နေရာတစ်ခုခုအား ဝင်သွားခဲ့လျှင် သူမရဲ့ အရေပြားများ ကွဲအက်သွားမည် မဟုတ်ပါလား။

"အစ်ကိုရှင်းချန် ကျွန်မကို လာကြိုတာပဲ အစ်ကိုရှင်းချန်က အကောင်းဆုံးပဲ ကျွန်မ ဆက်မစောင့်နိုင်တော့ဘူး ဒီနေ့ ကျွန်မ စောစောထခဲ့တယ် ပုံမှန်ဆို ဒီလောက် စောစော မထဘူး"

ချန်းရူအာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမနောက်ရှိ လူအုပ်ကြီးမှ တီးတိုး ပြောဆိုလာကြကုန်သည်။ တကယ်တမ်းတွင် သူတို့၏ ဘော့စ် ပြောင်းသည် ဖြစ်စေ မပြောင်းသည် ဖြစ်စေ အရေးမကြီးပေ။ မည်သို့ပင် ဖြစ်စေ မာကော်မင်၏ ယုံကြည်ရသော လက်ထောက်များ မှလွဲ၍ ကျန်သူများသည် မာကော်မင်နှင့် ထိုမျှ ရင်းနှီးခြင်း မရှိပေ။

ထို့ကြောင့် သူတို့အတွက်မူ ဘော့စ် မည်သူ ဖြစ်စေ သိပ်အရေးမကြီးလှပေ။ အဘယ်ကြောင့်ဆိုသော် ထိုဘော့စ်အသစ်သည် မာကော်မင်၏ လက်အောက်ငယ်သားများကိုပင် မသတ်ဟု ယမန်နေ့တွင် သူတို့ ကြားထားပြီးသား ဖြစ်သည့် အတွက် ဖြစ်သည်။ ထို့အပြင် ဘော့စ်အသစ်သည် သူတို့သာ သူ၏ နောက်သို့ ကောင်းကောင်း လိုက်မည် ဆိုလျှင် သူတို့အား ငတ်မသေစေရ ဟု လည်း လည်း ပြောခဲ့သေးသည်။

မာကော်မင်၏ နောက်သို့ ယခင်တွင် သူတို့ လိုက်ခဲ့ရသည်မှာ အစားအစာ တစ်လုတ်အတွက်သာ ဖြစ်သည်။ မာကော်မင်မှ သူတို့အား ကောင်းကောင်း မဆက်ဆံခဲ့ချေ။ အထူးသဖြင့် ရူအာလို့ခေါ်သည့် အမျိုးသမီး ရောက်လာပြီး နောက်ပိုင်းတွင် ဖြစ်သည်။ မာကော်မင် ဘာအကောင်းမှ မလုပ်ခဲ့ဘူး သူက ထို အမျိုးသမီး၏ စကားကိုပင် နားထောင်ကာ သူတို့အား ရက်အနည်းငယ်မျှ အစားမကျွေးခဲ့ချေ။

All Chapters