← Chapters

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း ၁၄၃

သူတို့ ပြောခဲ့သမျှအား သူတို့ မကြားခဲ့ရချေ။ ဘော့စ်အသစ်သည် ချန်းရူအာ၏ သူငယ်ချင်း ဖြစ်ကြောင်း သူတို့ သိသော်လည်း သူ ထွက်သွားချိန်တွင် ချန်းရူအာအား ခေါ်မသွားသည်ကို မြင်သောအခါ ဤဘော့စ်အသစ်သည် ချန်းရူအာနှင့် ဆက်ဆံရေး မကောင်းဘူးဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မည်သို့ပင် ဖြစ်စေ ချန်းရူအာသည် လူအုပ်ကြီးအား ဖယ်ရှားပြီး ထွက်လာခဲ့သည်။ သူမသည် ရှေ့သို့ လျှောက်လာပြီးနောက် ရင်းနှီးဟန်ဆောင်ကာ ရဲ့ရှင်းချန်၏ လက်မောင်းအား လှမ်းဖက်ရန် ပြင်လိုက်သော်လည်း ရဲ့ရှင်းချန်သည် ခြေတစ်လှမ်း နောက်ဆုတ်လိုက် ပြီးနောက် သူ၏ ခြေထောက်အား မြှောက်ကာ ချန်းရူအာကို မြေပြင်ပေါ်သို့ ကန်ချလိုက်တော့သည်။

"အား ရှင် ဘာလုပ်တာလဲ"

ချန်းရူအာသည် ရုတ်တရက် နှင်းထဲသို့ ကန်ချခံလိုက်ရသည်။ သူမ ဆွံ့အသွားခဲ့ရသည်။ ရဲ့ရှင်းချန်သည် မည်သည့် သဘောဖြင့် ယခုလို လုပ်ရလေသနည်း။

သူမနောက်မှ လူများသည်လည်း အံ့အားသင့်သွားကြသည်။ ရဲ့ရှင်းချန်သည် ချန်းရူအာအား နှင်းထဲ ကန်ချလိုက်လိမ့်မည် ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် ချန်းရူအာရဲ့ သူငယ်ချင်းများ မဟုတ်ပါလား။ ထိုသို့ ဆိုလျှင် မည်သည့်အတွက် ချန်းရူအာ၏ သူငယ်ချင်းပုံစံ လုံးဝ မပေါက်ရလေသနည်း။

"ချန်းရူအာ ငါ ဒီနေ့ကို စောင့်နေတာ ကြာပြီကွ သိလား"

ရဲ့ရှင်းချန်သည် မြေပြင်ပေါ်တွင် ထိုင်နေသော ချန်းရူအာအား ငုံ့ကြည့်လိုက်လေသည်။ သူ၏ ရင်ထဲတွင် မည်သည့် နာကျင်မှုမျှ မရှိပေ။ ချန်းရူအာ၏ သနားစရာကောင်းသော အခြေအနေသည် သနားရန် မထိုက်တန် ဟုသာ သူ ခံစားရသည်။

"အရင်တုန်းက မင်း ငါ့ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ မှတ်မိသေးလား ချန်းရူအာ မာကော်မင် မင်းအပေါ် ဘယ်လောက်တောင် ကောင်းလဲဆိုတာကို ကြည့်စမ်း ဒါပေမဲ့ သူ့ကို ဘာလုပ်လိုက်လဲ သူ့ကို ငါ သတ်အောင် မင်း ဖိအားပေးခဲ့တယ်"

"မာကော်မင်အတွက်တောင် ငါ စိတ်မကောင်း မဖြစ်ဘူး"

"ငါလည်း မာကော်မင်လိုပဲ အရင်က မျက်ကန်းဖြစ်ခဲ့တာ မင်းကို နတ်ဘုရားမ တစ်ပါးလို သဘောထားပြီး မင်းတောင်းဆိုသမျှ အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့တယ် မင်းကရော ငါ့ကို ဘယ်လိုဆက်ဆံခဲ့လဲ"

"ငါ့ကို သတ်ဖို့ အပြင်လူတွေနဲ့တောင် မင်း ပူးပေါင်းခဲ့သေးတယ်"

ရဲ့ရှင်းချန်၏ ရိုကျိုးခြင်း မရှိသကဲ့သို့ မောက်မာလွန်းခြင်း လည်း မရှိသည့် စကားသံများသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုစကားအား လူများ ကြားလိုက်ရသောအခါ အလွန် အံ့အားသင့်သွားကြလေသည်။

ယခင်တွင် သူတို့သည် ရဲ့ရှင်းချန်နှင့် အခြားနှစ်ဦးမှာ ချန်းရူအာ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများဟုသာ ထင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ အကြားတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

"မာကော်မင်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ အရင်က အသိတရား မရသေးတဲ့ ငါနဲ့ တူတူပဲမို့ သူ့အတွက် နည်းနည်းလောက် စိတ်မကောင်း ဖြစ်မိသေးတယ် သူ့ကို ငါ သတ်လိုက်တာ ဆိုတာလည်း မှန်ပေမယ့် သူ့ကို ဖျက်ဆီးခဲ့တာက မင်းပဲဆိုတာ မင်း သိထားသင့်တယ်"

ရဲ့ရှင်းချန်သည် ချန်းရူအာ၏ ရှေ့သို့ လျှောက်သွားပြီးနောက် သံတုတ်တစ်ချောင်းအား ထုတ်လိုက်လေသည်။ ထရန် ကြိုးစားနေသော ချန်းရူအာအား နှင်းထဲသို့ ပြန်တွန်းချလိုက်တော့သည်။

"မင်း တကယ် သေသင့်တယ် ချန်းရူအာ မင်းက ငါတို့ကို အသုံးချရုံတင်မကဘူး အသုံးချပြီးတော့ သတ်ချင်ခဲ့တာ ငါ့အမြင်အရ အသေသင့်ဆုံးလူက မင်းပဲ"

ချန်းရူအာ၏ ဦးနှောက်သည် သူမ ကြားနေရသည်များအား နားလည်နိုင်စွမ်း မရှိတော့ပေ။ ရဲ့ရှင်းချန်သည် ဇိမ်ကျကျ နေနိုင်ရန် အတွက် သူမအား ပြန်ခေါ်သွားရန် လာခဲ့သည်မှာ သိသာနေခဲ့သည် မဟုတ်ပါလား။ မည်ကဲ့သို့ ယခုလို ကိစ္စများသည် ရုတ်တရက်ကြီး ဖြစ်သွားရလေသနည်း။

သူမ မသိလိုက်ခင်မှာပင် အရာအားလုံး မည်သို့ ဖြစ်ပျက်သွားရလေသနည်း။ မည်သည့် အတွက် အရာအားလုံးသည် သူမ၏ ထိန်းချုပ်မှု အောက်မှ လွတ်ထွက်သွားသကဲ့သို့ ခံစားနေရလေသနည်း။

"မဟုတ်ဘူး မဟုတ်ဘူး အဲ့လို မဟုတ်ပါဘူး ကျွန်မပြောတာ နားထောင်ပါဦး ရှင်းချန် ရှင်ကို သတ်ဖို့ ကျွန်မ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး"

"ရှင့်ကြောင့်ပဲ အားလုံးက ရှင့်အမှားတွေချည်းပဲ ကျွန်မကို သေချာ တန်ဖိုးမထားဖို့ ဘယ်သူက ရှင့်ကို ပြောလဲ ရှင် အရင်က ကျွန်မကို အရမ်း သဘောကျခဲ့တာ သိသာနေတာကို ကျွန်မကို ဒေါသထွက်အောင် လုပ်ဖို့ လင်း ဘာညာ ဆိုတဲ့ ကောင်မကိုတောင် ရှင် သွားရှာခဲ့သေးတယ်"

"ဒီလို ကြည့်မကောင်းတဲ့ အခြေအနေ ဖြစ်သွားရတဲ့ အတွက် တောင်းပန်ပါတယ် ချန်းရူအာကို ကြိုးတုတ်ပြီး နောက်မှ ငါ ရှင်းလိုက်ပါ့မယ် မင်းတို့လည်း သူမကြောင့် တော်တော် ဒုက္ခရောက်ခဲ့ရတယ် မဟုတ်လား မင်းတို့ ကြိုက်သလောက် ဒေါသထွက်လို့ ရတယ် ငါ့ကို ဂရုမစိုက်နဲ့"

ရဲ့ရှင်းချန်မှ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ ထိုစကား အပြီးတွင် လူတိုင်း နှစ်မိနစ်ခန့် တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် ဆူညံလာကြခဲ့လေတော့သည်။

"ကောင်းတယ် ကောင်းတယ် ဘော့စ်အသစ် ကျန်းမာပါစေ"

"အရမ်းကောင်းတာပဲ ဘော့စ်ရဲ့ က ဉာဏ်ကောင်းတယ် ဒီအမျိုးသမီးက လူကောင်း မဟုတ်ဘူးဆိုတာကို သူ သိတယ်"

"ညီအစ်ကိုတို့ မြန်မြန် တိုက်ကြ တောက် ငါ ဒီမိန်းမကို သည်းခံလာတာ လုံလောက်နေပြီ"

"ဟုတ်တယ် ငါလည်း သူ့ကို သည်းခံလာတာ ကြာပြီ အရင်က သူ ဘော့စ်မာနဲ့ တွဲနေတာ သိသာနေတာကို ငါ့ယောက်ျားကိုတောင် လာမြူဆွယ်သေးတယ် အရှက်မရှိလိုက်တာ"

"ဟုတ်တယ် ငါ သူ့ကို အမြဲတမ်း မုန်းတာ မြေခွေးမလို ပုံပေါက်နေပြီး ယောက်ျားတွေ ရှေ့မှာ နေ့တိုင်းတောင် အရူးအမူး လာလုပ်ပြသေးတယ် ရွံစရာ ကောင်းလိုက်တာ"

မြင်ကွင်းသည် အလွန်ပင် သက်ဝင်လှုပ်ရှားနေခဲ့သည်။ သို့သော် ရဲ့ရှင်းချန် မမျှော်လင့် ထားသည်မှာ ချန်းရူအာအား ပထမဆုံး တိုက်ခိုက်သူမှာ အမျိုးသမီး တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့နောက် ထိုအမျိုးသားများနှင့် အမျိုးသမီးများသည် လူအုပ်ထဲမှ ပြေးထွက်လာ ပြီးနောက် ချန်းရူအာ၏ ရှေ့သို့ ပြေးသွားကြကုန်တော့သည် လက်သီးများနှင့် ကန်ချက်များဖြင့် ကန်ကျောက်ထိုးနှက်မှုများ ရှိခဲ့လေသည်။ ချန်းရူအာ၏ ဆံပင်များအား ဆွဲရန် လူအတော်များများ သွားခဲ့ကြကာ သူမ၏ ဗိုက်အား ကန်သူများပင် ရှိခဲ့သည်။

"သွားသေလိုက် ခွေးမ အကုန်လုံး နင့်ကြောင့်ပဲ နင့်ကြောင့် ငါ့ယောက်ျား သေခဲ့ရတာ"

"ငါ့ယောက်ျားလည်း နင့်ကြောင့် သေခဲ့ရတာပဲ ဘော့စ်မာကို ငါတို့ကို အစာမပေးဖို့ နင် မတောင်းဆိုခဲ့ဘူးဆိုရင် ငါ့ယောက်ျား ငတ်သေပါ့မလား"

မိုချီနှင့် ကျောက်ဟောင်တို့ နောက်သို့ ခြေတစ်လှမ်း မဆုတ်ဘဲ မနေနိုင်ခဲ့ချေ။ ထိုလူများသည် အလွန် ပြင်းပြင်းထန်ထန် ရိုက်နှက်နေကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်ပင်လျှင် ကျောက်ဟောင်နှင့် မိုချီတို့၏ ဘေးသို့ နောက်ဆုတ် သွားလိုက်တော့သည်။ သူတို့ ရှုပ်ယှက်ခတ်နေချိန် သူ့ကိုပါ ရော၍ ရိုက်မိမည်အား စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။

တစ်နာရီကျော် ကြာပြီးနောက် ရဲ့ရှင်းချန် ကျောက်ဟောင်နှင့် အခြားသူများမှာ နှင်းတောမောင်း မော်တော် ဆိုင်ကယ် အား မှီ၍ ရပ်နေကြပြီ ဖြစ်သည်။ ချန်းရူအာမှာ လေအား ရှူထုတ်ရုံသာ တတ်နိုင်တော့ကာ ရှူသွင်း၍ မရတော့သည် အထိ သူတို့၏ ဝိုင်းဝန်းရိုက်နှက်ခြင်းအား ခံခဲ့ရခြင်း ဖြစ်သည်။

"ကဲပါ ကဲပါ ညီအစ်ကို မောင်နှမတို့ ရပ်ဖို့ အချိန်တန်ပြီ သူလည်း မင်းတို့ လက်ချက်နဲ့ သေတော့မယ်"

ရဲ့ရှင်းချန်မှ လက်ဝှေ့ယမ်းပြ လိုက်လေရာ မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ ထိုလူများ လူစုခွဲသွားကြသည်။ ချန်းရူအာ၏ ခန္ဓာကိုယ်အားလည်း တစ်စုံတစ်ယောက်က ချိုးဖဲ့ထားပြီး ဖြစ်ကာ မြေပြင်ပေါ်တွင် သွေးများပင် ခဲနေပြီ ဖြစ်သည်။ သူတို့၏ တုံ့ပြန်မှုအား ရဲ့ရှင်းချန် အလွန် ကျေနပ်လျှက် ရှိသည်။

"ကောင်းပြီ မင်းတို့ထဲက ဘယ်သူက ငါ့အတွက် အလုပ်လုပ်ပေးချင်လဲ"

လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဤမေးခွန်းအား မေးခြင်းဖြင့် ရဲ့ရှင်းချန် မည်သည်အား ဆိုလိုချင်သည်အား သူတို့ မသိကြပေ။ ဆယ်မိနစ်ကျော် ကြာပြီးနောက်မှသာ နောက်ဆုံးတွင် တစ်ယောက် မတ်တပ်ရပ်လာခဲ့သည်။

ထိုသူမှာ လင်းဝမ် သာ ဖြစ်သည်။

"ကျွန်တော် ခင်ဗျားအတွက် အလုပ်လုပ် ပေးချင်ပါတယ်"

လင်းဝမ်မှ လက်မြှောက်ကာ ရှေ့တစ်လှမ်း တိုးလာခဲံသည်။ စောင့်ရသည်အား ရဲ့ရှင်းချန်မှ စိတ်မရှည် ဖြစ်နေခြင်း ဖြစ်ရာ နောက်ဆုံးတွင် တစ်ယောက်ယောက် မတ်တပ်ရပ်ကာ ထွက်လာခဲ့ပြီ ဖြစ်သည်။

ရဲ့ရှင်းချန် ခေါင်းမော့လိုက်ကာ သူ့အား ကြည့်လိုက်လေသည်။ သူ့အား ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ယမန်နေ့တွင် ချန်းရူအာအား ခြံဝင်းအပြင်ဘက်၌ ပိတ်တားခဲ့သည့် သူ ဖြစ်နေခဲ့သည်။

"အိုကေ မင်း ငါ့နောက်လိုက်ဖို့ ဆန္ဒရှိတယ် မဟုတ်လား လာ ဒီကို လာခဲ့"

ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ်၏ တခြားတစ်ဖက်အား ပတ်သွားပြီးနောက် ဆိုင်ကယ်ဘေးမှာ ချိတ်ထားတဲ့ အိတ်ထဲမှနေ၍ လက်တစ်ဆုပ်စာ နှိုက်ယူလိုက်လေသည်။ ထို့နောက် အားလုံးကို လင်းဝမ်၏ လက်ထဲ ထိုးထည့် ပေးလိုက်တော့သည်။

"ဒါက မင်းအတွက်ပဲ နောင်ကျရင် ဒီအိမ်ရာကို စီမံခန့်ခွဲဖို့ မင်း ငါ့ကို ကူညီပေးရမယ်"

ရဲ့ရှင်းချန်သည် ဤရပ်ကွက်နှင့် လုံးဝ မရင်းနှီးပေ။ လင်းဝမ်အား သူ မယုံကြည်သော်လည်း ခံတပ်ကို စူးစမ်း လေ့လာပြီးနောက် ဤရပ်ကွက်တွင် သူ သေချာပေါက် နေထိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤရပ်ကွက်၌ သူ့အတွက် အလုပ်လုပ်ပေးမည့် မန်နေဂျာ တစ်ယောက် သူ လိုအပ်ပေသည်။

သေချာတာပေါက်ပင် ဖြစ်သည်။ အကောင်းဆုံး အခြေအနေမှာမူ ရပ်ကွက်အား စီမံခန့်ခွဲရန် အတွက် သူ ယုံကြည်ရသည့်သူ တစ်ယောက် အား ခိုင်းစေရန် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ရဲ့ရှင်းချန်သည် ယခုအချိန်ထိ လူသုံးယောက်ကိုသာ ယုံကြည်သေးခြင်း ဖြစ်သည်။ ထို့အပြင် ရဲ့ရှင်းချန်သည် မိုချီ လင်းစစ်ကျား နှင့် ကျောက်ဟောင်တို့ကိုပင်လျှင် ၁၀၀ ရာခိုင်နှုန်း မယုံကြည်သေးချေ။

သူသည် ခြေထောက်အား မြှောက်ပြီးနောက် မြေပြင်ပေါ်၌ လဲနေသည့် ချန်းရူအာအား ကန်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေခဲ့ကာ မလှုပ်မယှက် ဖြစ်နေလေသည်။ သူမသည် ဘောလုံး တစ်လုံးကဲ့သို့ ကျုံ့ကျုံ့လေး ကွေးနေခဲ့ခြင်း ဖြစ်သ်ည။

"နင် သေသွားပြီလား ဘာလို့ နည်းနည်းပိုကြာကြာ မကစားနိုင်ရတာလဲ"

ရဲ့ရှင်းချန်မှ စုပ်သပ်လိုက်မိသည်။ ဤချန်းရူအာသည် ရိုက်နှက်ခံရရုံသာ ရှိသေးပြီး တစ်စစီ ခုတ်ထစ်ခံရသည့် နာကျင်မှုအား မခံစားရသေးချေ။ ယခုလို သေသွားသည်မှာ သူမအတွက် အလွန် လွယ်ကူလွန်းလှပေသည်။

All Chapters