← Chapters

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း ၁၄၄ - လူနေအိမ်ရာ အသစ်တစ်ခုကို သိမ်းပိုက်ခြင်း

လင်းဝမ် တစ်ယောက် ဆွံ့အသွားခဲ့ရသည်။ သူသည် ရဲ့ရှင်းချန်အား မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ကာ အတည်ပြုရန် အတွက် မေးမြန်းလိုက်လေသည်။

"ဒါ တကယ်ပဲ ကျွန်တော့်အတွက်လား"

"ဒီလောက်တောင် အများကြီးပဲလား"

မာကော်မင်သည် သူ၏ ငယ်သူငယ်ချင်း ဖြစ်ခဲ့သည့်တိုင် မာကော်မင် ပေးခဲ့သည့် အစားအစာသည် ရဲ့ရှင်းချန် ပေးခဲ့သည့် ပမာဏ၏ ဆယ်ပုံတစ်ပုံပင် မရှိချေ။

မာကော်မင်မှ တခြားသူများအား ပေးသည်ထက် သူ့အား ဘီစကွတ် အထုပ်သေးလေး တစ်ထုပ် သို့မဟုတ် ပေါင်မုန့် သေးသေးလေး တစ်ခုလောက်သာ ပိုပေးလေ့ ရှိပေသည်။ ရဲ့ရှင်းချန်၏ ရက်ရောမှုကြောင့် လင်းဝမ် မျက်ရည်ဝဲသွားခဲ့ရတော့သည်။ နှင်းများ အကြီးအကျယ် ကျပြီးချိန်မှစ၍ သူ ဤမျှလောက် အစားအစာ အများကြီး တစ်ခါမှ မရဖူးပါချေ။

"ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ အိမ်ရာကို သေချာပေါက် ကောင်းကောင်း စီမံခန့်ခွဲပေးပါ့မယ် ကျေးဇူးတင်ပါတယ် ဘော့စ်ရဲ့"

ရဲ့ရှင်းချန် ရှေ့တိုးလာပြီးနောက် လင်းဝမ်၏ ပခုံးအား ပုတ်လိုက်လေသည်။ ထို့နောက် နှင်းတောမောင်း မော်တော် ဆိုင်ကယ် ပေါ်မှ အိတ်တစ်လုံးလုံးအား ဖြုတ်ယူကာ လင်းဝမ်ရှေ့သို့ ပစ်ချလိုက်တော့သည်။

"ဒီပစ္စည်းတွေကို အားလုံးကို ခွဲဝေပေးလိုက်ပါ တရားမျှတပါစေ ငါ ရဲ့ရှင်းချန်က ဉာဏ်များတဲ့သူတွေကို မကြိုက်ဘူး"

အမိန့်ပေး ပြီးနောက် လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဤဘော့စ်အသစ်သည် မာကော်မင်ထက် အများကြီး ပိုကောင်းသည်ဟု သူတို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။

မာကော်မင်သည် သူတို့အတွက် အစားအစာရှာရန် ရက်အနည်းငယ် တစ်ခါ အပြင်ထွက် ရသော်လည်း သူတို့သည့် တစ်ကြိမ်လျှင် အနည်းငယ်မျှသာ ရရှိကြသည်။ ၎င်းသည် ငတ်မသေရန် အတွက်သာ လုံလောက်ရုံလေး ဟု ဆိုနိုင်ပေသည်။

ထို့အပြင် မာကော်မင်သည် အခြားသူများနှင့် ဆက်ဆံရေးတွင် ရှင်းလင်းသော ကွဲပြားချက် ရှိသည်။ စက်ဝိုင်း အပြင်ဘက်တွင် နေထိုင်သူများသည် မာကော်မင်နှင့် အလွန် သာမန်ဆန်သည့် ဆက်ဆံရေးသာ ရှိကြသည်။

တကယ်တမ်းတွင် ဤခြံဝင်းထဲမှ နေထိုင်သူများသည် တခြားတစ်ဖက်တွင် ရှိသည့် သူများထက် အဆင့်အတန်း ပိုမြင့်ပေသည်။ မူလတွင် ခြံဝင်း၏ တစ်ဖက်စွန်း၌ တံခါးတစ်ခု ရှိသော်လည်း ကမ္ဘာပျက်ကပ်ကြီး အစတွင် မာကော်မင်မှ ထိုအရာအား ပိတ်ဆို့ပစ်လိုက်လေသည်။

ဘယ်ဘက် ခြံဝင်းမှာမူ ရှုခင်း ကောင်းကောင်း ရှိသော်လည်း ညာဘက် ခြံဝင်းမှ ရှုခင်းမှာမူ ဘယ်ဘက်ခြံဝင်းလောက် မကောင်းချေ။ ထို့ပြင် ညာဘက်မှ ဗီလာများ၏ မူလဈေးသည် ဘယ်ဘက်မှ ဗီလာများထက် တစ်စတုရန်းမီတာအား ယွမ် ထောင်ဂဏန်းလောက် ပိုသက်သာလှသည်။

မာကော်မင်နှင့် ပုံမှန် အမြဲသွားလာ နေလေ့ရှိသည့် သူငယ်ချင်းများသည်လည်း ဘယ်ဘက် ခြံဝင်းထဲမှာ ရှိနေကြခြင်း ဖြစ်သည်။ သူတို့၏ မိဘများ အားလုံးသည် ချမ်းသာကြသည့်တိုင် အချမ်းသာဆုံး သူများတော့ မဟုတ်ကြချေ။ ထို့ကြောင့် ဤလူနေအိမ်ရာတွင် နေထိုင်ရန် သူတို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဤလူနေအိမ်ရာသည် ကျင်းဟွာ ခရိုင်ရှိ အိမ်ခြံမြေ ဈေးနှုန်းများထက် ယွမ် ၁၀,၀၀၀ ကျော် ပိုသက်သာသည် ဆိုသည်အားလည်း သိထားရပေမည်။

လူအများသည် သူ့အား သူတို့၏ ဘော့စ်အသစ် အနေဖြင့် မည်မျှ သဘောကျနေသည်အား ရဲ့ရှင်းချန် မသိပါချေ။ ဝမ်မင်ချုံး၏ ခံတပ်အား သွားကြည့်ရန် အချိန်တန်ပြီ ဆိုသည်ကိုသာ သူ သိပေသည်။ သို့မဟုတ်လျှင် ဤည သူ အိမ် ပြန်ရောက်သည်မှာ အတော်လေး နောက်ကျသွားနိုင်ပေသည်။

ကျောက်ဟောင်မှ အိတ်အား ဖြုတ်ယူလိုက်ပြီးနောက် နှင်းတောမောင်း မော်တော် ဆိုင်ကယ် ၏ နောက်ခုံ၌ သက်သောင့်သက်သာ ထိုင်လိုက်လေတော့သည်။

မိုချီသည် ရဲ့ရှင်းချန်၏ ရင်ခွင်ထဲ၌ ကွေးကွေးလေးနေလျှက် လမ်းပြရန် သူ၏ ဖုန်းအား သုံးနေခဲ့သည်။ တစ်ယောက်ယောက် ရုတ်တရက် ခုန်ထွက်လာမလား သို့မဟုတ် အန္တရာယ်တစ်ခုခု ရှိလာနိုင်မလား ဆိုသည်အား စိုးရိမ်၍ ကျောက်ဟောင်သည် ပတ်ဝန်းကျင်အား ဝေ့ဝဲ ကြည့်ရှုကာ အမြဲ သတိမပျက်ထားနေခဲ့သည်။

မျှော်လင့်ထားသည့် အတိုင်း လမ်းတစ်လျှောက်တွင် ပိုပိုပြီး လူသူကင်းမဲ့လာခဲ့သည်။ လူနေအဆောက်အအုံများ မရှိတော့ရုံ တင်မက လူနေအိမ်ရာများပင် မရှိတော့ချေ။ ရဲ့ရှင်းချန်သည် ရှေ့သို့ မောင်းလေလေ လူသူကင်းမဲ့သည့် နေရာတစ်ခုအား ရောက်သွားသလို ခံစားရလေလေပင် ဖြစ်တော့သည်။

သူ၏ ဘေးတစ်ဖက်၌ အဝေးပြေးလမ်းမကြီး၏ ခုံးကျော်တံတား တစ်စင်း ရှိပြီး ရဲ့ရှင်းချန်၏ ပတ်ပတ်လည်မှာ သစ်ပင်များ ဝန်းရံလျှက် ရှိနေခဲ့သည်။ ထူထပ်လှသည့် နှင်းများကြောင့် ရဲ့ရှင်းချန်သည် သစ်ရွက်ပင်လယ်ကြီး အတွင်း ဖြတ်သန်း မောင်းနှင်နေရသကဲ့သို့ ထင်ယောင်ထင်မှားပင် ဖြစ်ပေါ်ခံစားနေရတော့သည်။ ဖြည်းဖြည်းချင်းနှင့် အဝေးတွက် ဆက်တိုက် သွယ်တန်းလျှက် ရှိနေသည့် တောင်တန်းများ ရှိနေသလိုကဲ့သို့ ရဲ့ရှင်းချန် လှမ်းမြင်လိုက်ရလေသည်။

သူတို့ တဖြေးဖြေး နီးကပ်လာချိန်တွင် အဝေးမှ တောင်ထိပ်ပေါ်၌ မုခ်ဦး တစ်ခုနှင့် တူသည့် အရာ တစ်ခုအား ရဲ့ရှင်းချန် နောက်ဆုံးတွင် လှမ်းမြင်လိုက်ရတော့သည်။

ထိုအရာသည် အလွန် ကြီးမားသော်ငြားလည်း တည်နေရာမှာမူ အမှန်ပင် ဝေးခံ ခေါင်ဖျားလှပေသည်။ မြေပြင်ပေါ်မှ နှင်းများကြောင့်သာ မဟုတ်လျှင် အပေါ်သို့ တက်ရန် အချိန်အတော် ကြာလောက်ပေသည်။

"အစ်ကိုကျောက် သေချာကိုင်ထား"

နှင်းများ စုပုံလာသည်နှင့် အမျှ အစကတည်းမှ မညီညာသည့် တောင်တက်လမ်းမှာ ပို၍ မတ်စောက်လာခဲ့တော့သည်။ ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် ၏ လက်ကိုင်အား ကိုင်ကာ ကုန်းစောင်းပေါ်သို့ အရှိန်ဖြင့် မောင်းတက်သွားတော့သည်။

"အဲ့ဒီမှာ ကာကွယ်ရေး ဘယ်လိုရှိလဲ မသိဘူး အရမ်းမတင်းကြပ်ဖို့ မျှော်လင့်ပါတယ်"

ရဲ့ရှင်းချန်သည် အဝေးမှနေ မြင်ခဲ့ရခြင်း ဖြစ်သသည်။ တောင်ထိပ်တွင် သစ်ပင်များ အများအပြား စိုက်ထားသည့်တိုင် ခုံးပုံစံ အဆောက်အအုံမှာမူ မျက်စိကျစရာ ဖြစ်နေဆဲပင် ဖြစ်သည်။ သစ်ပင်များ ရှိနေသော်လည်း ထိုအဆောင်အဦးအား လုံးဝ ဖုံးကွယ်မထားနိုင်ခဲ့ချေ။

ကုန်းတက်လမ်း၌ သွားလာရသည်မှာ မလွယ်ကူလှချေ။ ရဲ့ရှင်းချန် အရှိန်တင်ကာ မောင်းလိုက်လျှင်လည်း ယာဉ်ပေါ်မှနေ လွင့်ကျသွားမည်အားလည်း ကြောက်ရသည့် အတွက် ကျောက်ဟောင်၏ လက်များသည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် ၏ အနောက်ဘက်သို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားရလေသည်။

ရဲ့ရှင်းချန်သည် နှင်းတောမောင်း မော်တော် ဆိုင်ကယ် အား သစ်ပင်တန်းများ၏ အနောက်၌ ရပ်လိုက်လေသည်။ တောင်ထိပ်သည် မြင့်လှကာ နှင်းများအားလည်း ရှင်းလင်းထားသေးသည်။ မြေပြင်မှ အလွန် သန့်ရှင်းနေသည့် အတွက် ဤခံတပ်ထဲ၌ နေထိုင်သည့်သူ သေချာပေါက် ရှိရမည် ဆိုသည်အား ရဲ့ရှင်းချန် သိလိုက်လေပြီ ဖြစ်သည်။

ဒီဤဘေးကင်းလုံခြုံရေး ခံတပ်၏ ပိုင်ရှင်သည်လည်း ဤနေရာတွင် နေနေသည်လားဟု သူ တွေးမိလိုက်မိသည်။ တောအုပ်ငယ်၏ အပြင်ဘက်၌ မြေပြင်တွင် နှင်းများ မရှိသည်အား ရဲ့ရှင်းချန် သတိပြုမိသွားသည့် အတွက် သူတို့ နှင်းလျှောစီးပြားများအား မထုတ်ခဲ့တော့ချေ။ သူတို့သည် မည်သည့် ပြဿနာမှ မရှိဘဲ လမ်းလျှောက် သွားနိုင်လေသည်။

"ခဏနေရင် ဘာအသံမှ မထွက်စေနဲ့ ငါ့နောက်ကနေ လိုက်ခဲ့"

ဖြစ်နိုင်မည် ဆိုလျှက် ရဲ့ရှင်းချန်သည် ဤနေရာအား ယခုပင် သိမ်းပိုက်ချင်နေပြီ ဖြစ်သည်။ စောစောပိုင်း၌ သူ အောက်ဘက်မှသာ မြင်ခဲ့ရခြင်း ဖြစ်ကာ ဤမျှလောက် အထိ ကြီးမားလိမ့်မည် ဟုပင် မထင်ထားခဲ့ချေ။

ယခုသူတို့သည် အိမ်နှင့် တစ်ပြေးညီတည်း ရပ်နေချိန်တွင် ဤခံတပ်အား အဘယ်ကြောင့် ခံတပ်ဟု ခေါ်ရသည် ဆိုသည်အား ရဲ့ရှင်းချန် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့တော့သည်။

ဤသည်မှာ အမှန်ပင် ကြီးမားလွန်းလှပေသည်။ ထို အဆောက်အဦးသည် အထပ်ပေါင်းများစွာ မြင့်မားကာ ကုန်တိုက်ကြီးတစ်ခုကဲ့သို့ ကြီးမားလှသည်။ တကယ်တမ်းတွင် ဤနေရာသည် ထို ဈေးဝယ်စင်တာများထက် အများကြီး ပိုကြီးမားလှပေသည်။ ထိုနှစ်ခုသည် အရွယ်အစား လုံးဝ ကွာခြားသည် ဟု ပင် ဆိုနိုင်ပေသည်။ ရဲ့ရှင်းချန်မှာမူ အံ့အားသင့်သွားခဲ့ကာ လေတစ်ချက် ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

ဤနေရာအား သူ အမှန်တကယ် သဘောကျနေခြင်း ဖြစ်သည်။ အပြင်တွင် ရပ်ပြီး ကြည့်ရုံနှင့်တင် ဤနေရာအား မည်မျှလောက် ကြီးမားကာ မည်မျှလောက် လုံခြုံသည် ဆိုသည်အား သူ သိပေသည်။ မည်သို့ပင် ဆိုစေကာမူ အပြင်ဘက်နံရံအား သူ၏ အိမ်နှင့် တူညီသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ပင် ဖြစ်သည်။ သူ အသုံးပြုခဲ့သည့် ပစ္စည်းထက်ပင် ပိုကောင်းနိုင်ပါသေးသည်။ မည်သို့ပင် ဖြစ်စေကာမူ ဤသည်အား ဆောက်ရန် ဝမ်မင်ချုံးမှ ပိုက်ဆံများ အများအပြား အကုန်အကျခံခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။

ရဲ့ရှင်းချန်မှ အပြင်ဘက်နံရံအား ပတ်၍ တံခါးဆီ ရောက်လာခဲ့တော့သည်။ အထဲဝင်၍ သွားကြည့်ချင်စိတ်များ သူ့ဆီမှာ ရုတ်တရက် ဖြစ်ပေါ် လာခဲ့လေသည်။ ထိုအတွေးများနှင့် ရဲ့ရှင်းချန်သည် အမှန်တကယ် လုပ်ဆောင် လိုက်လေတော့သည်။

သူသည် လက်အား မြှောက်၍ တံခါးဘေးမှ လူခေါ်ခေါင်းလောင်းအား နှိပ်လိုက်လေသည်။ နောက်ဆုံးတွင် ရဲ့ရှင်းချန်တို့ လူစု အကြာကြီး မစောင့်လိုက်ရချေ။ ရဲ့ရှင်းချန် အတွက် တံခါးလာဖွင့်ပေးသည့်သူ အမှန်ပင် ရှိလာခဲ့လေသည်။

တံခါးလာဖွင့်သူမှာ ဆံပင် အနည်းငယ်ဖြူနေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဤနေရာ၏ အိမ်တော်ထိန်း ဖြစ်နိုင်သည် ဟု ရဲ့ရှင်းချန် ခံစားလိုက်ရလေသည်။

"မင်္ဂလာပါ ဘယ်သူတွေများလဲ ခင်ဗျာ"

ချင်ကုန်းမင်သည် ဤနေရာတွင် နေလာသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တစ်စုံတစ်ယောက်မှ သူတို့၏ လူခေါ်ခေါင်းလောင်းအား လာနှိပ်သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အတော်လေး ခေါင်ဖျားလှကာ တောင်ထိပ်တွင်လည်း ဆောက်ထားခြင်း ဖြစ်သည့် အတွက် ပုံမှန်အားဖြင့် မည်သူမှ လမ်းမှား၍ပင် အပေါ်သို့ မတော်တဆ ရောက်လာလိမ့်မည် မဟုတ်ချေ။ မည်သို့ပင် ဖြစ်စေ မည်သူကများ တောင်အား မတော်တဆ တက်လာလိမ့်မည်နည်း။

သူတို့ အိမ်မပြန်ရသည်မှာ ကြာမြင့်ပြီ ဖြစ်ကာ သူတို့သည် တစ်ပတ်အား တစ်ခါ အလှည့်ကျ ဆင်းရမည် ဖြစ်သော်လည်း နှင်းများ ထူထပ်စွာ ကျဆင်းနေသည့် အတွက် တောင်အောက်ဆင်းမည့် လမ်းမှာ ပိတ်ဆို့နေခဲ့လေသည်။

တောင်အောက်သို့ ဆင်းရန် အတွက်လည်း သူတို့တွင် မည်သည့် ကိရိယာမှ မရှိသကဲ့သို့ အစပိုင်းတွင်လည်း တာဝန်ကျသည့် သူများသည် သူတို့၏ နေရာတွင် လာအစားထိုးပေးရန် အပေါ်သို့ မတက်ချင်ကြဘူးချေ။ နောက်ပိုင်းမှာမူ သူတို့သည် မည်သူ့ကိုမှ ဆက်သွယ်၍ မရတော့ချေ။ ထို့ကြောင့် ချင်ကုန်းမင် အနည်းငယ် အံ့အားသင့်နေခဲ့ရခြင်း ဖြစ်သည်။

"ညီလေး လမ်းပျောက် လာတာလား ဒါမှမဟုတ် ငါတို့ သခင်လေးရဲ့ သူငယ်ချင်းလား"

All Chapters