← Chapters

အခန်း ၁၄၅

Vol. 10 Ch. 145

အခန်း ၁၄၅

Vol. 10 Ch. 145

အခန်း ၁၄၅ - အိမ်တော်ထိန်းချင်

အပြင်ဘက်တွင် အလွန် အေးနေသောကြောင့် ချင်ကုန်းမင်သည် တံခါးအားဖွင့်ကာ သူတို့သုံးယောက်အား အရင်ပေးဝင်လိုက်လေသည်။

"အထဲဝင်ပြီး အနွေးဓာတ်ရအောင် လက်ဖက်ရည် တစ်ခွက် သောက်ကြပါ အပြင်မှာ အရမ်းအေးနေပြီ"

ချင်ကုန်းမင်သည် အသက်ပိုကြီးပေသည်။ သူသည် အသက် ၅၀ ကျော်နေပြီ ဖြစ်ကာ ဤနှစ်ဆိုလျှင် အသက် ၆၀ နီးပါး ရှိပြီ ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် အီလက်ထရောနစ် ပစ္စည်းများအားလည်း အသုံးမပြုတတ်ချေ။ ထို့အပြင် သူတို့သည် တောင်ပေါ်တွင် ရှိနေကြခြင်း ဖြစ်သည်။ သူတို့ဘက်တွင် ဖုန်းလိုင်းသည် သိပ်မကောင်းလှပေ။ နောက်ပိုင်းတွင် သူတို့ဘက်ရှိ ဆက်သွယ်ရေး စခန်းများ၌ တစ်ခုခု ချို့ယွင်းသွားပုံ ရလေသည်။ ဤခံတပ် အတွင်းရှိ လူများသည် ပြင်ပကမ္ဘာနှင့် တိုက်ရိုက် အဆက်အသွယ် ပြတ်တောက် သွားခဲ့တော့သည်။

ထို့ကြောင့် ပြင်ပတွင် မည်မျှ ရှုပ်ထွေးနေကြောင်းအား ချင်ကုန်းမင် မသိခဲ့ချေ။ အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ သူစိမ်းသုံးဦးအား အိမ်သို့ ခေါ်ဆောင်လာခြင်းသည်လည်း မည်မျှ အန္တရာယ်များကြောင်းကို သူ မသိခဲ့ပေ။

ရဲ့ရှင်းချန်သည် မျက်လုံးများ မှေးလိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည် ။သူသည် ချင်ကုန်းမင်၏ နောက်မှ အိမ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။

အခြားသူများနှင့် နှိုင်းယှဉ်ပါမူ ဤခံတပ်တွင် အာမခံချက် ရှိသော လျှပ်စစ်မီး ထောက်ပံ့မှု ရှိသည်။ အပြင်ဘက်နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက် သွားလျှင်တောင်ပင် ဤနေရာရှိ အရန်လျှပ်စစ်မီးသည် ခံတပ်အတွင်းရှိ အပူထိန်းကိရိယာများအား တစ်နှစ်ပတ်လုံး လည်ပတ်နေစေရန် လုံလောက်ပေသည်။

ချင်ကုန်းမင်သည် အပြင်ဘက်အခြေအနေအား မသိခဲ့ပေ။ အစိုးရမှ လာရောက်ပြီး နှင်းများအား အရည်ပျော်စေလိမ့်မည်ဟု သူ မျှော်လင့်နေဆဲ ဖြစ်ကာ ထိုမှသာ သူ အိမ်ပြန်ပြီး မိသားစုနှင့် ပြန်လည် ဆုံဆည်းနိုင်မည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး ကျွန်တော် ဘယ်လိုခေါ်ရမလဲ ကျွန်တော့် မျိုးရိုးနာမည်က ရဲ့ နာမည်က ရဲ့ရှင်းချန် ပါ ကျွန်တော်တို့ လမ်းကြုံလို့ လာရင်းနဲ့ အဲ့ဒီမှာ အဆောက်အအုံတစ်ခု ရှိနေတာကို တွေ့လိုက်ရလို့ ကျွန်တော်တို့ တကယ်ကို သိချင်သွားလို့ လာကြည့်ဖို့ တက်လာခဲ့တာပါ"

"ဟားဟား မင်းတို့ လူငယ်တွေက အရမ်း တက်ကြွတာပဲ ဦးလေးရဲ့ မျိုးရိုးနာမည်က ချင် နာမည်အပြည့်အစုံက ချင်ကုန်းမင် ပါ ဦးလေးက ဒီက အိမ်တော်ထိန်းပါ စောစောက မင်းတို့ လူခေါ် ခေါင်းလောင်း နှိပ်လိုက်တုန်းက ဦးလေး နားကြား မှားသွားတယ်လို့တောင် ထင်လိုက်မိတယ် ဘာပဲဖြစ်ဖြစ် ဒီကို ဘယ်သူမှ မလာတာ ကြာပြီလေ"

ရဲ့ရှင်းချန်သည် ပတ်ဝန်းကျင်အား ဝေ့ကြည့်ရင်း ခံတပ်၏ ဖွဲ့စည်းပုံကို တိတ်တဆိတ် မှတ်သား ထားလိုက်လေသည်။ ကြီးမားလှသည်။ အမှန်တကယ်ကို ကြီးမားလွန်းလှသည်။ ဤသည်မှာ ဝင်ဝင်ချင်း ရဲ့ရှင်းချန်၏ ပထမဆုံး အတွေးပင် ဖြစ်တော့သည်။

ချမ်းသာသည့် သူများသည် အမှန်တကယ် ကစားတတ်ကြသည်ပင် ဖြစ်သည်။ ဤမျှလောက် ကြီးမားလှသည့် မြေနေရာကြီးနှင့် ဆိုလျှင် အစပိုင်း၌ တောင်ထိပ်ရှိ မြေပြင်အား ပြင်ဆင်ရန်ပင် ပိုက်ဆံများ အများအပြား ကုန်ကျခဲ့မည်မှာ သေချာလှပေသည်။

"ပိုင်ရှင်က ခဏခဏ ပြန်မလာဘူးလား"

ရဲ့ရှင်းချန် အဆုံးကိုပင် မမြင်ရချေ။ အခန်းတစ်ခု ပြီး တစ်ခု ဧရိယာ တစ်ခု ပြီးတစ်ခု ဤခံတပ်၏ အမိုးအား မှန်နှင့် လုပ်ထားလိမ့်မည်ဟု ရဲ့ရှင်းချန် မမျှော်လင့်ထားခဲ့မိချေ။ သို့သော် ထိုပတ်လည်၌ မြှုပ်နှံထားသည့် ယန္တရားများအား ကြည့်ရသည်မှာ ထို ဒီဇိုင်းသည် သူ၏ ဗီလာနှင့် အတူတူပင် ဖြစ်လောက်သည်။ အရာအားလုံးအား သတ္တု မှန် သတ္တု ဆို၍ အလွှာသုံးလွှာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ချင်ကုန်းမင်သည် ရဲ့ရှင်းချန်နှင့် အခြားသူများအား အဆောက်အအုံ အတွင်းသို့ ခေါ်ယူလာပြီးနောက် ဘယ်ဘက် အစွန်ဆုံးရှိ အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

အစေခံများသည် ပုံမှန်အားဖြင့် ဤနေရာတွင် နေထိုင်ကြသည်။ ရဲ့ရှင်းချန်နှင့် အခြားသူများသည် ဝမ်မင်ချုံး၏ သူငယ်ချင်းများ မဟုတ်သောကြောင့် ချင်ကုန်းမင်သည် သူတို့အား ဧည့်ခန်းသို့ မခေါ်သွားခဲ့ချေ။ ထိုအစား သူတို့အား သူတို့၏ နေအိမ်ရှိ ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝမ်မင်ချုံး၏ ဒေါသသည် အလွန်ကြီးလှပေသည်။ သူ၏ ဧည့်ခန်းသို့ ချင်ကုန်းမင်မှ တစ်စုံတစ်ယောက်အား ခေါ်လာကြောင်း သူ သိသွားပါမူ ချင်ကုန်းမင် အလုပ်ပြုတ် သွားနိုင်ချေ ရှိသည်။

"မင်းတို့ အရင်ထိုင်နေကြဦး ဦးလေး လက်ဖက်ရည် သွားငှဲ့လိုက်ဦးမယ်"

ရဲ့ရှင်းချန် ခေါင်းညိတ် ပြလိုက်သည်။ ချင်ကုန်းမင် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရဲ့ရှင်းချန်သည် အိမ်အား လှည့်လည် ကြည့်ရှုရန် မစောင့်နိုင်တော့ပေ။

ဤနေရာသည် သူ စိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပိုကြီးမားလှပေသည်။ ချင်ကုန်းမင်နှင့် အခြားသူများ နေထိုင်သည့်အိမ်မှာပင် ခံတပ်တစ်ခုလုံးအား မပြောနှင့်။ သူ နေထိုင်သည့် ဗီလာလောက်နီးပါး ကြီးမားပေသည်။

ရဲ့ရှင်းချန်၏ ရင်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ ဤသည်မှာ ချမ်းသာသည့် သူနှင့် ဆင်းရဲသည့် သူ အကြားမှ ကွာဟချက်ပင် ဖြစ်တော့သည်။ ကိုယ်ပိုင်ဗီလာလေး ဆောက်ရန် အတွက် သူသည် ပိုက်ဆံများ အများအပြား အကုန်အကျခံခဲ့ရသည့်တိုင် ယခု ဤခံတပ်နှင့် နှိုင်းယှဉ်လိုက်လျှင် သနားစရာ ကောင်းလောက်အောင် သေးငယ်နေသေးသည်။

ရဲ့ရှင်းချန် ကြည့်လေလေ ပိုကျေနပ်လေလေ ဖြစ်နေတော့သည်။ ဤနေရာအား သိမ်းပိုက်ရန် သူ စိတ်ပိုင်းဖြတ် ထားလိုက်တော့သည်။ ဤနေရာသာ ရှိလျှင် နောင်ပိုင်းကျလျှင် လူ မည်မျှ လက်ခံ လက်ခံ သူတို့အားလုံးအား ဤနေရာတွင် နေခိုင်း၍ ရပေသည်။ သေချာသည်မှဦ ရဲ့ရှင်းချန် ယုံကြည်ရသည့် သူများကိုသာ ကန့်သတ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ချင်ကုန်းမင် ပြန်လာချိန်တွင် သူ၏ လက်ထဲရှိ လက်ဖက်ရည်မှာ အေးစက်နေပြီ ဖြစ်သည်။ ဤနေရာသည် အလွန်ကြီးမားလှကာ ယခု လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် လျှပ်စစ်မီး ချွေတာရန် အတွက် ချင်ကုန်းမင်သည် ပုံမှန်အားဖြင့် အပူပေးစက်အား လျှော့ချထားလေ့ ရှိသည်။

အပြင်ဘက်ထက် အများကြီး ပိုနွေးသော်လည်း အတွင်းဘက် အပူချိန်မှာ အနုတ်တစ်ဒီဂရီ သို့မဟုတ် နှစ်ဒီဂရီ စင်တီဂရိတ်ခန့် အေးနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ၎င်းအရာကပင် အပြင်ဘက်ထက် အများကြီး ပိုကောင်းနေပြီ ဖြစ်သည်။ အနည်းဆုံးမူ အနုတ်တစ်ဒီဂရီ သို့မဟုတ် နှစ်ဒီဂရီ စင်တီဂရိတ်တွင် သူတို့ ကောင်းမွန်စွာ နေထိုင်နိုင်ကြသေးသည်။

"ဦးလေးချင် ကျွန်တော် အဲ့ဒီလို ခေါ်လို့ ရမလား သခင်လေးက ဒီကို သိပ်မလာဘူးလား ဘာလို့ ဘယ်သူမှ မလာတာ ကြာပြီလို့ ပြောတာလဲ"

ချင်ကုန်းမင်သည် ရဲ့ရှင်းချန်နှင့် အခြားသူများ ထိုင်နေသည့် ဆိုဖာရှေ့ရှိ ကော်ဖီစားပွဲပေါ်သို့ ဗန်းအား ချလိုက်တော့သည်။ လက်ဖက်ရည် လေးခွက် အပြင် ထောပတ်ကွတ်ကီး တစ်ပန်းကန်နှင့် အစေ့အဆန်ခြောက် ပန်းကန်ငယ် တစ်ခုလည်း ပါဝင်ပေသည်။

"တောင်းပန်ပါတယ် ရာသီဥတုက နည်းနည်းအေးနေတော့ လက်ဖက်ရည်က အေးသွားတယ် ဦးလေးကို ဦးလေးချင်လို့ ခေါ်တာ ဦးလေး သဘောကျပါတယ် တော်တော်လေး ရင်းနှီးသလို ခံစားရတယ်"

"ဟုတ်တယ် သခင်လေး ဒီကို မလာတာ နှစ်တော်တော် ကြာပြီ သူ နောက်ဆုံးလာခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကပဲ"

ဝမ်မင်ချုံးသည် သူ့၌ ယခုလို နေရာမျိုး ရှိနေသေးသည် ဆိုသည်အား မမေ့သေးသည့်တိုင် သူသည် ဤနေရာမှ အလွန် ဝေးကွာလှသည့် မြို့တော်၌ ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ အိမ်ရှိ အသုံးအဆောင်ပစ္စည်းများသည် ဤနေရာရှိ ပစ္စည်းများထက် မညံ့ပေ။ ဤနေရာတွင် ခိုလှုံရန် အတွက် သူ အဝေးကြီး ပြေးလာစရာ အကြောင်းမရှိပေ။ မည်သို့ပင် ဖြစ်စေ ဤရာသီဥတုတွင် သူ အပြင် သိပ်မထွက်ချင်သည့် အတွက် အဝေးကြီး သွားဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်တော့သည်။

"အဲ့လောက်တောင် ကြာပြီလား ပုံမှန်အားဖြင့် တခြားသူတွေ လာလေ့မရှိဘူးလား ခင်ဗျားတို့ ဒီမှာပဲ နေကြမှာလား"

ချင်ကုန်းမင်သည် လက်ဖက်ရည်ခွက်များအား သူတို့၏ ရှေ့တွင် ချထားပေး ပြီးနောက် နောက်ထပ် တစ်ခွက်အား ယူကာ တစ်ငုံ သောက်လိုက်လေသည်။

"ဟုတ်တယ် ပုံမှန်အားဖြင့် သခင်လေးက ဘယ်သူ့ကိုမှ မခေါ်လာရင် တခြားဘယ်သူမှ လာမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒီနေရာက တော်တော်လေး ခေါင်လို့လေ အခုလို လမ်းပျောက်လာတဲ့ ဧည့်သည်တွေကို ဒီမှာ မတွေ့ရတာ တော်တော်ကြာပြီ"

ချင်ကုန်းမင်သည် ရဲ့ရှင်းချန်အား အတော်လေး သဘောကျနေခဲ့သည်။ သူသည် နှိမ့်ချကာ ယဉ်ကျေးလှသည်။ သူ၏ ကလေးသာ မသေဆုံးခဲ့လျှင် ယခုအချိန်တွင် ရဲ့ရှင်းချန် အရွယ်လောက် ရှိနေလောက်ပြီ ဖြစ်သည်။

"မင်းတို့ စားကြလေ မင်းတို့ကို ဧည့်ခံဖို့ ဦးလေးဆီမှာ ကောင်းတာ ဘာမှမရှိဘူး မင်းတို့ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"

ရဲ့ရှင်းချန်မှ ခေါင်းညိတ်ပြကာ ခွက်အား မြှောက်ကာ နှုတ်ခမ်းနှင့် ထိလိုက်သော်လည်း လုံးဝ မသောက်လိုက်ပေ။

‘ဟာသပဲ ဒီချင်ကုန်းမင်က ကြင်နာပြီး ဖော်ရွေပုံရပေမယ့် သူ့အတွက်တော့ သူစိမ်း တစ်ယောက်ပဲလေ သူစိမ်း တစ်ယောက် ပေးတဲ့အရာကို သူက ဘယ်လိုလုပ် စားရဲမှာလဲ’

ကျောက်ဟောင် အနည်းငယ် နေရခက်နေခဲ့သည်။ ဤမျှ ခမ်းနားလှသည့် နေရာမျိုးသို့ သူ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ ချင်ကုန်းမင်၏ စကားများအား ကြားသောအခါ သူသည် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ကာ ပြန်ချထားလိုက်တော့သည်။

ထို သူစိမ်းမှ ပြသသည့် ကြင်နာမှုအပေါ် သူ မည်သို့ လုပ်ရမှန်း မသိဖြစ်နေခဲ့သည်။ မိုချီမှာမူ ဧည့်ခံကျွေးမွေးသည် ဟု ကြားလိုက်သည်နှင့် ကွတ်ကီးများအား ပါးစပ်ထဲ အဆက်မပြတ် သွင်းနေတော့သည်။

"ဒီနေရာက လူနေအိမ်ရာနဲ့ တော်တော်လေး ဝေးမယ်ထင်တယ် မင်းတို့ ပြန်သွားဖို့ အချိန်တော်တော် ကြာလောက်မယ် မင်းတို့ စိတ်မရှိဘူးဆိုရင် ဒီမှာပဲ ထမင်းတစ်နပ်လောက် စားသွားပါလား"

"ဟားဟား အဲ့ဒါက ဦးလေးချင် အတွက် အရမ်း ဒုက္ခ များသွားပါလိမ့်မယ် ဒါပေမဲ့ စကားမစပ် ကျွန်တော်တို့ ဒီမှာ ရောက်နေတာ တော်တော်ကြာပြီ ဆိုပမဲ့ တခြား ဘယ်သူ့ကိုမှ မတွေ့ရသေးဘူးနော်"

ချင်ကုန်းမင်မှ လက်အား မြှောက်ကာ မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ရှင်းပြရခက်နေခဲ့သည်။

"အရင်က ဒီမှာ လူနှစ်ရာ သုံးရာလောက် ရှိခဲ့တယ် ဒါပေမဲ့ လတ်တလောတော့ လူနည်းသွားတယ် လူတော်တော်များများက အလုပ်ဆက် မလုပ်နိုင်တော့ဘူးလေ"

All Chapters