← Chapters

အခန်း ၅၁၁

Vol. 52 Ch. 511

အခန်း ၅၁၁

Vol. 52 Ch. 511

အခန်း (၅၁၁)

ထိုအချိန်တွင် လင်းရှောင်နန်းတော်တစ်ခုလုံးက တုန်ခါသွားသည်။

ဝုန်း ဝုန်း....

" ဘာဖြစ်တာလဲ။ လင်းရှောင်နန်းတော်က ရုတ်တရက် ဘာလို့တုန်ခါလာတာလဲ။ "

" ထူးဆန်းတယ်။ အနောက်ဘက်က ခေါင်းတုံးတွေကို တစ်ခုခုလုပ်နေတာလား။ "

" ခေါင်းတုံးဘုန်းကြီးတွေ ငါတို့ ကောင်းကင်ဘုံက အစားအစာတွေကို အမြဲလုယူနေကြတယ်။ သူတို့ကို အမြန်ဆုံး အမြစ်ဖြတ်သုတ်သင်ပစ်ရမယ်။ "

လင်းရှောင်နန်းတော်က ခဏသာ တုန်ခါသွားသော်လည်း အင်မော်တယ်များနှင့် နတ်ဘုရားများ၏ အမူအရာများက အေးစက်သွားကြပြီး တည်ငြိမ်နေသော လင်းရှောင်နန်းတော်က သတ်ဖြတ်လိုစိတ်များပြည့်နှက်သွားကာ ရုတ်တရက် သွေးရောင်တိမ်တိုက်များက ဖုံးလွှမ်းသွားသည်။

သို့သော် အထက်တွင် ထိုင်နေသော ကောင်းကင်ဧကရာဇ်က မည်သညံအမူအရာမှ မပြဘဲ သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ ရတနာကြေးမုံတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။ အနက်နီရောင်စွမ်းအားများကို ထည့်သွင်းလိုက်သည်နှင့် ကြေးမုံပေါ်တွင် မြင်ကွင်းတစ်ခုပေါ်လာသည်။

ရှန်းကျိုးကုန်းမြေပေါ်တွင် အသက်ဝင်နေသော ရွှမ်ငှက်တစ်ကောင် ပေါ်လာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ မူလက အမူအရာကင်းမဲ့နေသော ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်သွားပြီး သတ်ဖြတ်လိုသော အော်ရာများ တဟုန်ထိုး ထွက်ပေါ်လာသည်။

" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက စုစည်းနေတယ်။ ရှန်းကျိုးက ပြောင်းလဲသွားပြီ။ " ကောင်းကင်ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ဒီလိုဖြစ်လို့မရဘူး။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက ထူထဲတယ်။ ပြီးတော့ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက ကျွန်တော်မျိုးတို့ ကောင်းကင်ဘုံအတွက် အရေးကြီးတယ်။ ရှန်းကျိုးကိုသာ ရမယ်ဆိုရင် အဆုံးမရှိတဲ့ အသွေးအသားနဲ့ အစားအစာတွေ ရရှိနိုင်မယ့်အပြင် ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကိုလည်း ရယူနိုင်လိမ့်မယ်။ "

" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက ပျံ့ကြဲနေတာ ရုတ်တရက် ဘယ်လိုလုပ်စုစည်းသွားတာလဲ။ အဲ့ဒီခေါင်းတုံးဘုန်းကြီးတွေ လက်ချက်လား။ ဒါမှမဟုတ် အဲ့ဒီနတ်ဆိုးတွေလား။ "

အင်မော်တယ်များနှင့် နတ်ဘုရားများက ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး ခန်းမတစ်ခုလုံး သတ်ဖြတ်လိုသော အော်ရာများဖြင့် ပြည့်နှက်သွားသည်။

" တော်ပြီ။ " ကောင်းကင်ဧကရာဇ်က အောက်သို့ စိုက်ကြည့်လိုက်ရာ အားလုံးက တိတ်ဆိတ်သွားကြသည်။ သေချာစုံစမ်းကြစမ်း။ ရှန်းကျိုးက ငါတို့ ကောင်းကင်ဘုံရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

ကောင်းကင်ဘုံ ၃၃ခု။

" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက စုစည်းသွားတယ်။ နောက်ဆုံး လူသားတာအိုရဲ့ ကံကြမ္မာစွမ်းအား၊ ကမ္ဘာကြီးကို ပြန်ကယ်တင်လို့ ရနိုင်သေးတာလား။ " တာအိုဝတ်ရုံနှင့် အကြီးအကဲတစ်ယောက်က မြင်းမြီးယပ်ကို ကိုင်ပြီး စဉ်းစားနေသည်။

အနောက်ဘက်သန့်စင်နယ်မြေ၊ မဟာမိုးခြိမ်းသံဘုရားကျောင်း။ နေရာတစ်ခုလုံးကို အလင်းပေးနေသော ​ဗုဒ္ဓရောင်ခြည်အောက်တွင် သာမန်လူများဆိုလျှင် စျာန်ဝင်စားပြီး ဉာဏ်အလင်းပွင့်သွားကြပေလိမ့်မည်။

ဘုန်းကြီးများစွာက ဘုရားကျောင်းထဲတွင် ကျမ်းစာများကို ရွတ်ဆိုနေပြီး ​ဗုဒ္ဓရောင်ခြည်များကို ထုတ်လွှတ်နေသည်။ သို့သော် ကြာပန်းပလ္လင်ပေါ်တွင် ထိုင်နေသော ​ဗုဒ္ဓက ရုတ်တရက် ကျမ်းစာ ရွတ်ဆိုခြင်းကို ရပ်တန့်လိုက်သောအခါ မဟာမိုးခြိမ်းသံဘုရားကျောင်းမှ ​ဗုဒ္ဓရောင်ခြည်များက ပျောက်ကွယ်သွားပြီး အထက်တွင် သွေးနီရောင်တိမ်တိုက်များနှင့် အောက်တွင် အလောင်းတောင်နှင့် သွေးပင်လယ်ကြီး ပေါ်လာသည်။

" ရှန်းကျိုးက ပြောင်းလဲသွားပြီ။ " ကြာပန်းပလ္လင်ပေါ်မှ ​ဗုဒ္ဓက မိန့်ကြားလိုက်သည်။

ရှန်းယန်ဟင်းလင်းပြင်ထက်တွင် ကံကြမ္မာထိန်းချုပ်ခြင်းအိုးပေါ်လာသည်နှင့် အင်ပါယာကံကြမ္မာနတ်ငှက်က အပြည့်အဝ ပုံဖော်လာပြီး ကံကြမ္မာစွမ်းအားများက မပြန့်လွင့်တော့ပေ။

" ဒီနေ့ အင်ပါယာချီကံကြမ္မာစွမ်းအားကို စုစည်းပြီး ကံကြမ္မာမင်းဆက်ကို တည်ထောင်လိုက်ပြီ။ " ကျောက်ဖုန်းက သူတော်စင်နန်းတော်ကျင့်စဉ်၏ ပထမအဆင့်ကို အောင်မြင်သွားခဲ့သည်။

ဝုန်း...

ကံကြမ္မာနတ်ငှက်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကျန်းထိုင်နန်းဆောင်သို့ တိုက်ရိုက်ဆင်းသက်သွားသည်။ ၎င်းက စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

" ရှန်းကျိုး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပါပြီ။ အထူးစွမ်းရည် လူသားတာအိုအာဏာ အနီရောင်အဆင့်ကို ရရှိပါတယ်။ ပေါင်းစပ်လိုပါသလား။ "

" သခင်က ကံကြမ္မာမင်းဆက်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါပြီ။ ယွမ်မင်းဆက် ထိပ်တန်းအဆင့်ကို ရောက်ရှိသွားတဲ့အတွက် အဆင့်လေး ရတနာသေတ္တာသုံးခုကို ရရှိပါတယ်။ "

အင်ပါယာကံကြမ္မာနတ်ငှက် ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသည်နှင့် စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။

" အထူးစွမ်းရည်ဆိုတာ ဘာလဲ။ " ကျောက်ဖုန်းက အဆင့်လေးရတနာသေတ္တာများရရှိခြင်းနှင့် ပက်သက်ပြီး အံ့ဩခြင်းမရှိပေ။ သို့သော် အထူးစွမ်းရည်ကိုတော့ သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

ကျောက်ဖုန်းက သိပ်မစဉ်းစားတော့ဘဲ ထရပ်ပြီး ရင်ကျန့်ကို ကြည့်လိုက်သည်။

" ခမည်းတော် အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းပြီးပြီ။ ကံကြမ္မာနတ်သားရဲကလည်း ပေါ်လာပြီ။ အခု ခမည်းတော်က သူတော်စင်နန်းတော်ကျင့်စဉ်ကို ကျင့်ကြံဖို့နဲ့ ခမည်းတော်ရဲ့ နတ်ဝိညာဉ်ကို သန့်စင်ဖို့ အင်ပါယာကံကြမ္မာနဲ့ ချိတ်ဆက်ရမယ်။ ခမည်းတော်ရဲ့ နတ်ဝိညာဉ်က ပိုသန်မာလေ အင်ပါယာကံကြမ္မာစွမ်းအားကို ထိန်းချုပ်ရာမှာ ပိုထိရောက်လေပဲ။ " ကျောက်ဖုန်းက ရင်ကျန့်ကို ပြုံး၍ ပြောလိုက်သည်။

သူ၏ အတွေးတစ်ချက်နှင့်အတူ အင်ပါယာကံကြမ္မာနတ်ငှက်က ရင်ကျန့်၏ ရှေ့တွင် ပေါ်လာသည်။

" ကောင်းပြီ။ " ရင်ကျန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ထိုင်လိုက်ပြီး သူတော်စင်နန်းတော်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။

အင်ပါယာကံကြမ္မာစွမ်းအားကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး ရုပ်ခန္ဓာကို အင်ပါယာတာအိုခန္ဓာအဖြစ် အသွင်ပြောင်းလဲခြင်းဖြစ်သည်။ အင်ပါယာအင်အားကြီးလေ မိမိ၏ စွမ်းအားက ပိုသန်မာလေဖြစ်သည်။ ဧကရာဇ်တစ်ပါးအတွက် ၎င်းက လျင်မြန်စွာ စွမ်းအားကြီးမာလာနိုင်သော လမ်းကြောင်းတစ်ခုဖြစ်သော်လည်း အရာအားလုံးက ဧကရာဇ်လမ်းစဉ်အပေါ် နားလည်မှုနှင့် ကျင့်စဉ်အပေါ် ကျွမ်းကျင်မှုနှင့် သက်ဆိုင်သည်။

ကံကြမ္မာနတ်ငှက်က ရင်ကျန့်၏ ဦးခေါင်းထက်တွင် ဖြည်းညင်းစွာ ပျံဝဲနေပြီး အင်ပါယာကံကြမ္မာစွမ်းအားများက အလင်းတန်းများအဖြစ် ပြောလဲကာ ရင်ကျန့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ သူက ကျင့်စဉ်ကို ကျင့်ကြံရင်း အင်ပါယာကံကြမ္မာစွမ်းအားကို ထိန်းချုပ်နိုင်လာပြီး သူ၏ ခန္ဓာကိုယ်ကို စတင်သန့်စင်လိုက်သည်။

၎င်းကို မြင်သောအခါ ​ကျောက်ဖုန်းက စိတ်အေးသွားသည်။

" အဲ့ဒီအထူးစွမ်းရည်က ဘာလဲဆိုတာ ကြည့်ရအောင်။ " ​ကျောက်ဖုန်းက ရင်ကျန့်ကို အာရုံစိုက်ပြီး လေ့လာလိုက်သည်။ အထူးစွမ်းရည်​ကို အဖြူ၊ အပြာ၊ အနီ၊ အနီရင့်ရောင်၊ ရွှေ၊ နက်ရွှေ၊ ခရမ်းနှင့် ခရမ်းရွှေဟူ၍ ခွဲခြားထားသည်။

" လူသားတာအိုအာဏာ အနီရောင် - လူသားတာအို ကံကြမ္မာစွမ်းအားကို ရရှိပြီး လူသားတာအို ကံကြမ္မာစွမ်းအားရဲ့ နှစ်သက်ခြင်းကို ခံရခြင်း၊ အဲ့ဒီအာဏာနဲ့ နတ်ဝိညာဉ်ကို လူသားတာအိုနဲ့ ပေါင်းစပ်ပြီး လူသားတာအိုအာဏာကို အသုံးုဲမိုူ်တယ်။ လူသားတာအို ကံကြမ္မာစွမ်း်ား တည်ရှိနေသရွေ့ ရုပ်ခန္ဓာပျက်စီးသွားရင်တောင် နတ်ဝိညာဉ်က မပျက်စီးဘဲ လူသားတာအို ကံကြမ္မာစွမ်းအားနဲ့ ပြန်လည်ရှင်သန်ခြင်းကို လုပ်ဆောင်နိုင်တယ်။ "

" ဒါ ဒါက..." ကျောက်ဖုန်းက အံ့အားသင့်သွားသည်။ ထိုစွမ်းရည်က ကောင်းကင်ကို ဆန့်ကျင်နေခြင်းပင်ဖြစ်သည်။

" လူသားတာအို ကံကြမ္မာစွမ်းအား၊ လူသားတာအိုရဲ့ အလို။ တကယ်ရှိနေတာပဲ။ ကောင်ကင်၊ မြေကြီးနဲ့ လူသား တာအိုသုံးခု။ ငါ့ရဲ့ နတ်ဝိညာဉ်က လူသားတာအိုထဲကို ပေါင်းစပ်နိုင်မယ်။ လူသားတာအိုအာဏာကို အသုံးပြုနိုင်မယ်။ သေသွားရင်တောင် လူသားတာအိုကနေ ပြန်လည်ရှင်သန်နိုင်လိမ့်မယ်။ "

" ဒါက သူတော်စင်တွေလိုမျိုး မဟုတ်လား။ သူတော်စင်တွေက သူတို့ရဲ့ စိတ်ဝိညာဉ်ကို ကောင်းကင်တာအိုမှာ အပ်နှံထားပြီး ကောင်းကင်နဲ့မြေကြီး မပျက်စီးသရွေ့ သူတော်စင်တွေက မသေနိုင်ဘူး။ ငါက ငါ့ရဲ့ နတ်ဝိညာဉ်ကို လူသားတာအိုဆီမှာ အပ်နှံထားတယ်။ မဟုတ်သေးဘူး ငါက ငါ့ရဲ့ နတ်ဝိညာဉ်နဲ့ လူသားတာအိုကို အသုံးပြုနေတာပဲ။ လူသားတာအိုရဲ့ အလိုအတိုင်းဖြစ်နေတာမဟုတ်ဘဲ ငါက ထိန်းချုပ်နေတာ။ ဒါကြောင့် လူသားတာအိုရဲ့ ကံကြမ္မာစွမ်းအား မကုန်ဆုံးသရွေ့ ငါမသေနိုင်ဘူး။ "

" အံ့ဩစရာပဲ။ သူတော်သင်နန်းတော်ကျင့်စဉ်ကို အဓိကမကျင့်ကြံဘဲ အင်ပါယာကံကြမ္မာစွမ်းအားနဲ့ ပေါင်းစပ်ဖို့ ရွေးချယ်ခဲ့တာ တကယ်မှန်သွားတယ်။ ငါ့ရဲ့ နတ်ဝိညာဉ်ကို အင်ပါယာကံကြမ္မာစွမ်းအားနဲ့ ပေါင်းစပ်ပြီး လူသားတာအို ကံကြမ္မာစွမ်းအားကို ကျွမ်းကျင်နိုင်သွားတာက ငါ့အတွက် အရမ်းအကျိုးရှိသွားတယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လူသားတာအိုအာဏာကို သူရရှိလိုက်ပြီဖြစ်သည်။

" နတ်ဝိညာဉ်က လူသားတာအိုထဲ ပေါင်းစပ်ပြီး လူသားတာအိုအာဏာကို အသုံးပြုတယ်။ ဒါက ငါ့အတွက် အဓိကဝှက်ဖဲပဲ။ ရှန်းကျိုးအပြင်ဘက်မှာ ဘယ်လိုလဲမသိပေမယ့် အသက်အပိုတစ်ချောင်းရလိုက်တာပဲ။ လူသားတာအိုအာဏာကို ပေါင်းစပ်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ပြောလိုက်သည်။

အထူးစွမ်းရည်က ပေါင်းစပ်သွားသည်နှင့် ကျောက်ဖုန်းက ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။ ကမ္ဘာဦးအခြေအနေတွင် ကောင်းကင်နှင့် မြေကြီးက ပထမဆုံး မွေးဖွားလာခဲ့သည်။ ကောင်းကင်တာအို၊ မြေကြီးတာအိုနှင့် လူသားတာအိုတို့က တစ်ခုနှင့်တစ်ခု မှီခိုနေကြသည်။

ကောင်းကင်တာအိုက ကောင်းကင်စည်းမျဉ်းများ၊ ကောင်းကင်နိယာမများကို အုပ်ချုပ်သည်။ မြေကြီးတာအိုက မြေကြီး၏ သံသရာလည်ခြင်းကိုသာမက အရာခမ်းသိမ်းကို ထမ်းပိုးသယ်ဆောင်ထားသည်။ လူသားတာအိုက လူသားမျိုးနွယ်တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ကောင်းကင်အောက်ရှိ သက်ရှိသတ္တဝါအားလုံးပါဝင်ပြီး လူသားတာအိုအလိုက သက်ရှိအားလုံး၏ စုပေါင်းထားသော အလိုဆန္ဒကို ကိုယ်စားပြုသည်။

ကျောက်ဖုန်းက အချိန်ကြာလာသည်နှင့်အမျှ တာအိုသုံးခုကို ပို၍ နားလည်လာခဲ့သည်။ အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters