အခန်း ၅၁၂
Vol. 52 Ch. 512
အခန်း (၅၁၂)
" အောင်မြင်သွားပြီ။ " ကျောက်ဖုန်းက မျက်လုံးမျဖွင့်လိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းသာသော အမူအရာ ပေါ်လာသည်။
ထိုအချိန်တွင်။
" လူသားတာအို ကံကြမ္မာစွမ်းအားရဲ့တုန့်ပြန်မှု စွမ်းရည်အားလုံး ၁၀၀၀၀၀ ရရှိပါတယ်။ လက်ခံလိုပါသလား။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" လက်ခံမယ်။ " ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
ကံကြမ္မာစွမ်းအားက ကိုယ်ပိုင်စွမ်းအားအပေါ် များစွာ အထောက်အကူဖြစ်စေသည်။ မဟုတ်လျှင် ဒဏ္ဍာရီများထဲတွင် လူများစွာက ကံကြမ္မာစွမ်းအားကို အရူးအမူး လုယူနေကြမည်မဟုတ်ပေ။
စွမ်းရည်အမှတ် တစ်သိန်းက ကျောက်ဖုန်း၏ စွမ်းအားကို ကြောက်စရာကောင်းအောင် မြှင့်တင်ပေးနိုင်ပေလိမ့်မည်။ ၎င်းက ကဏ္ဍတစ်ခုတည်းကို မြှင့်တင်ပေးခြင်းမဟုတ်ဘဲ ရာပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ ယွမ်စွမ်းအား အားလုံးမြှင့်တင်ခံရမည်ဖြစ်သည်။
စွမ်းရည်အမှတ် တစ်သိန်းအားလုံး ပေါင်းစည်းသွားသည်နှင့် ကျောက်ဖုန်း၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားပြီး သူ၏ စွမ်းအားများက ရူးသွပ်စွာ မြင့်တက်လာသည်။
အထက်ဟင်းလင်းပြင်တွင် ရွှေရောင်နဂါးခြောက်ကောင်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုနေသည်။ စွမ်းရည်များ၏ အားဖြည့်မှုဖြင့် ကျောက်ဖုန်းက အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားသည်။ ကျောက်ဖုန်းက ဟင်းလင်းပြင်အတွင်းရှိ အာကာသစွမ်းအားကို ခံစားလိုက်ရသည်။
" ကောင်းကင်ဖြစ်စဉ်အဆင့်ရဲ့ အထက်က ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်ပဲ။ ဟင်းလင်းပြင်ဆုတ်ဖြဲခြင်း၊ ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း။ သိုင်းတာအိုရဲ့ ယွမ်စွမ်းအားနဲ့ အာကာသစွမ်းအားကို ထိန်းချုပ်ပြီး ရန်သူတွေကို သတ်ဖြတ်မယ်။ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်။ "
ကျောက်ဖုန်း၏ စွမ်းအားများက သိသိသာသာ တိုးတက်လာပြီး ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
နာမည် - ကျောက်ဖုန်း
အသက် - ၃၀ နှစ်
အထူးစွမ်းရည် - လူသားတာအိုအာဏာ အနီရောင်
နဂါးဆင်စွမ်းအား - ၁၁၃၅၄၅မှတ်
နတ်ရွေ့လျားခြင်း - ၁၁၃၂၄၅မှတ်
ဟောက်ထျန်းခန္ဓာ - ၁၁၃၀၂၄မှတ်
နတ်ဘုရားအာရုံ - ၁၁၃၃၂၉မှတ်
ဝိညာဉ်စွမ်းအား - ၉၇၅၄မှတ်
သက်တမ်း - ၁၀၅၄၁နှစ်
စွမ်းဆောင်မှုရမှတ် - ၁၂၃၄မှတ်
သိုလှောင်နေရာ - ၁၀၀၀၉၉ ကုဗမီတာ
ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း
သိုင်းပညာ - ဓားတစ်သောင်းမူလသို့ပြန်ခြင်း၊ တောင်ခွဲဓားချက်၊ ခေတ်ကာလများကိုပိုင်းခြားသောဓား၊ နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။
" ဝိညာဉ်စွမ်းအားကလွဲလို့ အခြားစွမ်းရည်တွေအားလုံးက တစ်သိန်းကျော်သွားပြီ။ " ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သို့သော် ကွေ့ကူကျိထံမှ ကြားသိရသော သွေးနှင့်အသားကိုစားပြီး သက်ရှိအားလုံးကို အစာအဖြစ် သတ်မှတ်ထားသော အင်မော်တယ်များအကြောင်းတွေးမိသောအခါ ကျောက်ဖုန်းက အရေးကြီးမှုကို ခံစားလိုက်ရသည်။ သူက ချင်ပြည်သူများ အင်မော်တယ်များ၏ အစားအစာများ ဖြစ်လာမည်ကို မမြင်လိုပေ။ သူ၏ စွမ်းအားက သန်မာနေပြီဖြစ်သော်လည်း ပိုသန်မာအောင် လုပ်ရမည်ဖြစ်သည်။
" ငါ့ရဲ့ သက်တမ်း..." ထိုအချိန်တွင် ကျောက်ဖုန်းက သူ၏ သက်တမ်း ပြောင်းလဲနေသည်ကို သတိထားမိလိုက်သည်။
သက်တမ်းက သူ့အတွက် အမြဲတမ်း စိုးရိမ်းရာဖြစ်ခဲ့သည်။ ဆရာသခင်အဆင့်သို့ ရောက်ပြီး သူ၏ သက်တမ်းက နှစ်ပေါင်း ၂၀၀သို့ ရောက်သွားချိန်တွင် ၎င်းက ရပ်တန့်သွားခဲ့သည်။ နောက်ပိုင်းတွင် သက်တမ်းမည်မျှတိုးသည်ဖြစ်စေ မည်သည့်အဆင့်သို့ ရောက်သည်ဖြစ်စေ စည်းမျဉ်းတစ်ခုခုက သူ၏ သက်တမ်းကို တားဆီးထားသည်။
သို့သော် ယခု သူ၏ သက်တမ်းက နှစ်ပေါင်းတစ်သောင်းသို့ အပြည့်အဝ တိုးလာခဲ့သည်။ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် သက်တမ်းကန့်သတ်ချက်က မရှိတော့ပေ။
" ငါထင်တဲ့အတိုင်းပဲ။ ကံကြမ္မာစွမ်းအားနဲ့ စည်းမျဉ်းတွေကို ဖယ်ရှားနိုင်တယ်။ ငါ အောင်မြင်သွားပြီ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။
စည်းမျဉ်းတစ်ခုခုက သူ၏ သက်တမ်းကို တားဆီးထားခြင်းခံရပြီးနောက် ကျောက်ဖုန်းက ကံကြမ္မာစွမ်းအားကို ရရှိခဲ့လျှင် ထိုစည်းမျဉ်းကို ချိုးဖျက်နိုင်မည်ဟု တွေးခဲ့သည်။ ယခု သူ၏ အတွေးက အမှန်တကယ် ဖြစ်လာခဲ့သည်။
" ကျင့်ကြံသူတွေရဲ့ သက်တမ်းကို ကန့်သတ်နိုင်တဲ့ ဒီလိုစည်းမျဉ်းစွမ်းအားမျိုး ရဖို့ဆိုတာ...." ကျောက်ဖုန်းက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အတွေးအချို့ရှိနေသည်။
" ကောင်းကင်စည်းမျဉ်းတွေလား။ ကောင်းကင်စည်းမျဉ်းက ကျင့်ကြံသူတွေရဲ့ သက်တမ်းကို ဘာလို့ကန့်သတ်ထားတာလဲ။ ရည်ရွယ်ချက်က ဘာလဲ။ ဒါက ငါတစ်ယောက်တည်းမဟုတ်ဘဲ ကျင့်ကြံသူအားလုံးကို ရည်ရွယ်တာဖြစ်နိုင်တယ်။ ဒီနေ့ ငါ ဒိကောင်းကင်စည်းမျဉ်းကို ချိုးဖျက်နိုင်တာက လူသားတာအိုစည်းမျဉ်းက ကောင်းကင်စည်းမျဉ်းနဲ့ တန်းတူဖြစ်နေလို့ပဲ။ ဒါပေမယ့် ကောင်းကင်စည်းမျဉ်းကို မဖျက်ဆီးနိုင်သူတွေက ဘယ်လိုလုပ်မလဲ။ အင်မော်တယ်တွေကရော သူတို့သက်တမ်းကို ကန့်သတ်ခံထားကတာလား။ " ကျောက်ဖုန်းက အတွေးနက်နေသည်။
" ပိုင်ရှင်ရဲ့ စွမ်းရည်မှတ်အားလုံး တစ်သိန်းကျော်သွားတဲ့အတွက် အဆင့်လေး ရတနာသေတ္တာ ၉ခု၊ အဆင့်ငါး ရတနာသေတ္တာ ၁ခု ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" ဒီတစ်ခါ ကံကြမ္မာမင်းဆက်ကို တည်ထောင်တာ ရတနာသေတ္တာတွေ ရိတ်သိမ်းလိုက်တာပဲ။ ကံကောင်းရင် ငါ့ရဲ့ စွမ်းအားကို ပိုပြီး တိုးမြှင့်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
ထိုအချိန်တွင်...
ဝုန်း...
ရင်ကျန့်၏ ခန္ဓာကိုယ်မှ နတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။
" ဝိညာဉ်က အင်ပါယာကံကြမ္မာနဲ့ နတ်ဝိညာဉ်အဖြစ် အသွင်ပြောင်းလဲသွားပြီ။ နောက်တစ်ဆင့်က နတ်ဝိညာဉ်ရဲ့ စွမ်းအားကို ထိန်းချုပ်ပြီး အင်ပါယာကံကြမ္မာစွမ်းအားကို လှုံ့ဆော်ဖို့ပဲ။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ပြုံးလိုက်သည်။
ရင်ကျန့်က သူတော်စင်နန်းတော်ကျင့်စဉ်ကို အောင်မြင်ပြီး သူ၏ ဝိညာဉ်ကို နတ်ဝိညာဉ်အဖြစ် ပြောင်းလဲကာ အင်ပါယာနှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုအချိန်တွင် ရင်ကျန့်၏ ခေါင်းအထက်၌ ရွှမ်ငှက်၏ အော်ဟစ်သံက ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ရင်ကျန့်၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းဝင်ရောက်သွားပြီး အင်ပါယာကံကြမ္မာက ပေါင်းစပ်သွားသည်။
" အင်ပါယာကံကြမ္မာ အမြင့်မြတ်ဆုံးရတနာ၊ ငါ့ရဲ့ ကျောက်စိမ်းတံဆိပ်..." ရင်ကျန့်က ရုတ်တရက် မျက်လုံးများဖွင့်ပြီး လက်ဝှေ့ရမ်းလိုက်သည်။
ချင်အင်ပါယာ၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသော ပြည့်စုံသည့် တံဆိပ်တစ်ခုက သူ၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။ ကမ္ဘာကို စည်းလုံးညီညွှတ်ပြီးနောက် ဟဲရှီကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဧကရာဇ်တံဆိပ်တော်ဖြစ်သည်။ ကျောက်စိမ်းတံဆိပ်ပေါ်တွင် စာလုံးများ ရေးထွင်းထားသည်။
" ကောင်းကင်အမိန့်အရ ထာဝရအသက်ရှည်ပြီး စည်းစိမ်ချမ်းသာကို ရရှိပါစေ။ "
ထိုကောင်းကင်အမိန့်က ကောင်းကင်ဘုံမဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်ဖြစ်သည်။ သတ္တဝါအားလုံး ရိုသေလေးစားရသော ကောင်းကင်ဖြစ်သည်။ အင်ပါယာကံကြမ္မာစွမ်းအားအောက်တွင် ဧကရာဇ်တံဆိပ်တော်က အသွင်ပြောင်းလဲလာပြီး အင်ပါယာကံကြမ္မာရတနာအဆင့်သို့ တိုးတက်လာခဲ့သည်။
" ငါက ချင်မင်းဆက်ရဲ့ အုပ်ချုပ်သူ ချင်အင်ပါယာကို အမိန့်ပေးတယ်၊ အင်ပါယာကံကြမ္မာကို အမိန့်ပေးတယ်။ " ရင်ကျန့်က ဧကရာဇ်တံဆိပ်ကို ကိုင်ကာ ထရပ်လိုက်ပြီး ရွှမ်ငှက်က သူ၏ ပတ်ဝန်းကျင်တွင် ပျံသန်းနေသည်။ သူ၏ ခန္ဓာကိုယ်က လေပေါ်သို့ မြောက်တက်သွားပြီး ဧကရာဇ်တစ်ပါး၏ ဖိအားများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပါလာသည်။
" အောင်မြင်သွားပြီ။ အင်ပါယာကံကြမ္မာစွမ်းအားက ရုပ်ခန္ဓာနဲ့ ချိတ်ဆက်သွားပြီ။ အင်ပါယာကံကြမ္မာစွမ်းအားကို အမိန့်ပေးနိုင်ပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ကြည့်လိုက်သည်။
ရင်ကျန့်က အင်ပါယာကံကြမ္မာစွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်သေးပေ။ အကြောင်းမှာ သူ ကျင့်ကြံသည်မှာ ရက်အနည်းငယ်သာ ရှိသေးသောကြောင့်ဖြစ်သည်။ နတ်ဝိညာဉ်ကို သန့်စင်ပြီး အင်ပါယာကံကြမ္မာစွမ်းအားကို ထိန်းချုပ်ရန် အချိန်လိုအပ်သည်။
" ဖုန်းအာ ငါ အောင်မြင်သွားပြီ။ အင်ပါယာကံကြမ္မာစွမ်းအားကို အမိန့်ပေးနိုင်ပြီ။ " ရင်ကျန့်က ဆင်းသက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ခမည်းတော် အခု အင်ပါယာကံကြမ္မာစွမ်းအားကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်ပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဆယ်ရာခိုင်နှုန်လောက်ပဲ။ ဒါပေမယ့် ငါ့ရဲ့ နတ်ဝိညာဉ်က ပိုပြီးသန်မာလာရင် အင်ပါယာကံကြမ္မာစွမ်းအားကို ပိုထိန်းချုပ်နိုင်လိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြန်ဖြေလိဒ်သည်။
" ဒါဆိုအပြင်သွားပြီး အင်ပါယာကံကြမ္မာစွန်းအားက ဘယ်လောက်သန်မာလဲ စမ်းသပ်ကြည့်ကြတာပေါ့။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး ရင်ကျန့်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ သူက လက်ဝှေ့ရမ်းလိုက်ရာ ယွမ်စွမ်းအားများ ထွက်ပေါ်လာပြီး သူတို့ရှေ့မှ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အာကာသလမ်းကြောင်းတစ်ခုပေါ်လာသည်။ ရင်ကျန့်၏အံ့ဩသော အကြည့်အောက်တွင် ကျောက်ဖုန်းက သူ့ကို အာကာသလမ်းကြောင်းထဲသို့ ဆွဲခေါ်သွားသည်။
ရှန်းယန်မှ မိုင်ပေါင်းထောင်ချီ ဝေးကွာသော လူသူကင်းမဲ့သည့် နေရာတစ်ခုတွင် အာကာသလမ်းကြောင်းတစ်ခု ပေါ်လာပြီး ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က ထွက်လာသည်။
" ဖုန်းအာ မင်းက ပိုသန်မာလာတာပဲ။ ဟင်းလင်းပြင်ကိုတောင် တိုက်ရိုက်ဆုတ်ဖြဲနိုင်တယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" ချင်အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းတုန်းက သာတော်လည်း တစ်ခု ရလိုက်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒါကောင်းတယ်။ " ရင်ကျန့်က ပြုံး၍ ပြန်ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့