← Chapters

အခန်း ၅၁၃

Vol. 52 Ch. 513

အခန်း ၅၁၃

Vol. 52 Ch. 513

အခန်း (၅၁၃)

" အခု ခမည်းတော်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ပါ။ ခမည်းတော်ထိန်းချုပ်နိုင်တဲ့ အင်ပါယာကံကြမ္မာစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်ပါ။ " ကျောက်ဖုန်းက အောက်မှ တောင်များကို ညွှန်ပြပြီး ပြောလိုက်သည်။

ရင်ကျန့်၏ အတွေးတစ်ချက်နှင့်အတူ အင်ပါယာကံကြမ္မာစွမ်းအားက လှုပ်ရှားသွားပြီး ရွှမ်ငှက်က ထွက်ပေါ်လာသည်။ သူ၏ စွမ်းအားအောက်တွင် ရွှမ်ငှက်က ကံကြမ္မာစွမ်းအားများကို စုစည်းပြီး အောက်မှ တောင်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ အင်ပါယာကံကြမ္မာစွမ်းအားက ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။

ဝုန်း....

အောက်မှ တောင်တစ်လုံးက ပေါက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

" ဒီတိုက်ခိုက်မှုမှာ သိုင်းတာအိုစွမ်းအားက အဓိကပဲ။ အင်ပါယာကံကြမ္မာစွမ်းအားက ၁၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ခမည်းတော်သာ အင်ပါယာကံကြမ္မာစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ရင် အင်မော်တယ်တွေကိုတောင် သတ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင်မော်တယ်တွေကိုတောင် သတ်နိုင်တာလား။ " ရင်ကျန့်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။

" အင်ပါယာကံကြမ္မာစွမ်းအားက တကယ်သန်မာတာပဲ။ ဖုန်းအာ မင်းက ငါ့ကို ကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်လာတာပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" အင်ပါယာကံကြမ္မာစွမ်းအား၊ ဧကရာဇ်လမ်းစဉ်။ အင်ပါယာကံကြမ္မာစွမ်းအားက အင်အားကြီးပေမယ့် ဒါက လူသားတာအိုစည်းမျဉ်းတွေကို အသုံးပြုခြင်းအပေါ် မူတည်နေတာပဲ။ ခမည်းတော်ပ ဒါကို နားလည်အောင်လုပ်ရမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင်း။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" အခု အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းပြီးသွားပြီ။ သားတော်တို့ အရာရှိတွေမှာလည်း နောက်ထပ်ရွေးချယ်သရာတစ်ခု ရှိသွားပြီ။ သိုင်းတာအိုတင်မဟုတ်ဘဲ သူတော်စင်နန်းတော်ကျင့်စဉ်ထဲက အရာရှိလမ်းစဉ်လည်း ရှိတယ်။ ဧကရာဇ်က အာဏာကို ပေးတယ်။ အရာရှိတွေက အင်ပါယာကံကြမ္မာစွမ်းအားကို ငှားသုံးတယ်။ ဒါဆို ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားက ပိုအားကောင်းလာလေ အရာရှိတွေကလည်း ပိုသန်မာလေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒီနည်းလမ်းက အင်ပါယာကံကြမ္မာစွမ်းအားကို ပိုအားကောင်းစေနိုင်တယ်။ အထူးသဖြင့် အရပ်ဘက်အရာရှိတွေအတွက်တော့ အများကြီး အသုံးဝင်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" သားတော်တို့ ကျင့်ကြံနေတာ ရက်အတော်ကြာပြီ။ ဝန်ကြီးတွေလည်း စိုးရိမ်နေလောက်ပြီ။ ခမည်းတော်ပြန်ကြရအောင်။ " ကျောက်ဖုန်းက နောက်တစ်ကြိမ် လက်ဝှေ့ရမ်းလိုက်ပြီး ရင်ကျန့်ကို ကျန်းထိုင်နန်းဆောင်သို့ ပြန်ခေါ်လာသည်။ အာကာသစွမ်းအားကို သုံးပြီး ဟင်းလင်းပြင်ကို ပထမဆုံးအကြိမ်ဖြတ်ကျော်ခြင်းဖြစ်သော်လည်း ကျောက်ဖုန်းက အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သည်။ အကြောင်းမှာ အစွမ်းထက်သော သူ၏ ယွမ်စွမ်းအားကြောင့်ပင်ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျန်းထိုင်နန်းဆောင်၏ တံခါးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ အပြင်ဘက်တွင် စောင့်ကြပ်နေကြဆဲ ဖြစ်သော ကျန်းမင်နှင့် ရန်ရှောင်တို့အပါအဝင် ကိုယ်ရံတော်များနှင့် နန်းတွင်းကိုယ်ရံတော်များက ဦးညွှတ်လိုက်ကြသည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အရာရှိအားလုံး နန်းတော်ကို လာပြီး ညီလာခံလုပ်မယ်။ " ရင်ကျန့်က ပြောလိုက်ပြီး ညီလာခံခန်းမသို့ ဦးတည်သွားသည်။

ရန်ရှောင်က ထျန်းရွှမ်ကြေးမုံကို အသုံးပြုပြီး အမိန့်တော်ကို ပေးပို့လိုက်သည်။ မကြာမီ အရာရှိများအားလုံးက ညီလာခံခန်းမသို့ ရောက်ရှိလာကြသည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အရာရှိများက ဦးညွှတ်လိုက်ကြသည်။

" အားလုံး သက်သောင့်သက်သာ နေကြပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ငါနဲ့ အိမ်ရှေ့စံမင်းသား တံခါးပိတ်ကျင့်ကြံတာ ရက်အတော်ကြာသွားတယ်။ အစီရင်ခံစရာ ကိစ္စတွေ ရှိသေးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် မြောက်ဘက်နယ်စပ်က အစီရင်ခံစာ ရောက်လာပါတယ်။ တုအန်းနိုင်ငံက သူတို့ရဲ့ မင်းသမီးကို လာရောက်ပို့ဆောင်ပြီး ကျွန်တော်မျိုးတို့ ချင်စစ်သည်တစ်ထောင်က နယ်စပ်ကို သွားရောက်ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြန်လာတဲ့လမ်းမှာ အသေခံစစ်သည်သုံးထောင်ကျော်ရဲ့ ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ စစ်သူကြီးလီမု လက်အောက်က ဟန်ရှင်းက စစ်သည်တွေကို ဦးဆောင်ပြီး ရန်သူတွေကို ပြန်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရန်သူတွေကို ချေမှုန်းပြီး အချို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကို စစ်ဆေးကြည့်တော့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်ကလူက တုအန်းနိုင်ငံရဲ့ စစ်သူကြီး ကျင်းဖုန်းဖြစ်ကြောင်း သိရပါတယ်။ ဒီကိစ္စကို ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ ဆုံးဖြတ်ပေးပါဦး။ " ယွီလျောင်က ရှေ့ထွက်လာပြီး အစီရင်ခံလိုက်သည်။

" ဒီလိုကိစ္စမျိုး ဖြစ်သွားတာလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ဒေါသထွက်သွားသည်။

" စစ်သူကြီးလီမုကတော့ တုအန်းနိုင်ငံက ချင်အင်ပါယာကို စော်ကားတဲ့အတွက် စစ်ကြေညာခွင့်တောင်းထားပါတယ်။ စစ်သူကြီးလီမုက တုအန်းနိုင်ငံကို ဖျက်ဆီးပြီး ချင်အင်ပါယာရဲ့ စွမ်းအားကို ပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။" ယွီလျောင်က ပြောလိုက်သည်။

" ဖုန်းအာ မင်း ဘယ်လိုထင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။

" တုအန်းက ရဲတင်းလွန်းတယ်။ ငါတို့ ချင်စစ်သည်တွေကို ထိခိုက်အောင် လုပ်ခဲ့တယ်။ ဒီပြစ်မှုက ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ ထိုက်တန်တယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း ကျောက်ဖုန်း၏ စီမံမှုများကြောင့် မူဝါဒများကို အကောင်အထည်ဖော်ပြီး ရှန်းကျိုးက စည်းလုံးညီညွှတ်သွားခဲ့သည်။ ပြည်တွင်းက တည်ငြိမ်သွားပြီဖြစ်သောကြောင့် နယ်မြေချဲ့တွင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

" ဒါဆို တုအန်းက ရှိနေစရာမလိုတော့ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ငါ့အမိန့်ကို ပို့လိုက်ပါ။ စစ်သူကြီးလီမုကို တပ်တွေဦးဆောင်ပြီး တုအန်းကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ အဲ့ဒီနိုင်ငံပျက်စီးသွားရင် သူ့ကို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးပေးမယ်။ ဒါ့အပြင် ဂိုဂူလျောက တုအန်းကို စစ်ကူစေလွှတ်ရဲရင် သူတို့ကိုလည်း ချေမှုန်းပစ်လိုက်။ "

" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" လီမုကို ပြောလိုက်ပါ။ စစ်မြေပြင်မှာ သိုင်းပညာကို ဖုံးကွယ်ထားစရာမလိုဘူး။ အစွမ်းကုန်တိုက်ခိုက်ပါ။ တုအန်းကို အထိအခိုက်အနည်းဆုံးနဲ့ ချေမှုန်းရမယ်။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ယွီလျောင်က အမိန့်ကို လက်ခံလိုက်သည်။

" အိမ်ရှေ့စံမင်းသား တုအန်းမင်းသမီးကို ဘယ်လိုလုပ်မလဲ။ " ဟန်ဖေးက ရိုသေစွာ မေးလိုက်သည်။

" တုအန်းနိုင်ငံပျက်စီးသွားရင် ရှန်းယန်ကို ခေါ်ခဲ့လိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ဖေးက လေးစားစွာဖြင့် ခေါင်းညိမ့်လိုက်သည်။

" ဝန်ကြီးတို့ ဒီရက်တွေမှာ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း အိမ်ရှေ့စံမင်းသားက ချင်ရဲ့ အရာရှိတွေ ကျင့်ကြံဖို့ သင့်တော်တဲ့ ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့တယ်။ " ရင်ကျန့်က ပြောလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါအရာရှိများ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။ ကျောက်ဖုန်း သိုင်းတာအိုကျင့်စဉ်ကို ဖြန့်ဝေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း ဆေးလုံးများ၏ အကူအညီနှင့်ပင် သူတို့က ဟောက်ထျန်းအဆင့်ကိုသာ ရောက်ကျသေးသည်။ အကြောင်းမှာ နန်းတော်မှ အရာရှိအများစုက အသက် ၄၀ ကျော် ၅၀ အရွယ်များဖြစ်သောကြောင့်ဖြစ်သည်။

သူတို့က အသက်ကြီးပြီး အရည်အချင်းက အားနည်းသည့်အပြင် အရိုးအဆစ်များကလည်း တည်ငြိမ်သွားပြီဖြစ်သောကြောင့် သိုင်းပညာတွင် ထူးခြားသော အောင်မြင်မှုများ မရရှိနိုင်ကြပေ။

" အရာရှိတာဝန်ပုံဖော်ခြင်း ဒီကျင့်စဉ်က နတ်ဝိညာဉ်ကို ကျင့်ကြံပြီး အင်ပါယာကံကြမ္မာစွမ်းအားနဲ့ ပေါင်းစပ်တာပဲ။ ချင်အင်ပါယာအပေါ် ပိုသစ္စာရှိပြီး ချင်အင်ပါယာကို ပိုအားကောင်းအောင် လုပ်ဆောင်နိုင်တဲ့သူတွေက ချင်အင်ပါယာကံကြမ္မာရဲ့ အသိအမှတ်ပြုခြင်းကို ခံရနိုင်တယ်။ အင်ပါယာကံကြမ္မာစွမ်းအားနဲ့ နတ်ဝိညာဉ်ကို သန့်စင်ပြီး အင်ပါယာကံကြမ္မာစွမ်းအားကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်နိုင်လိမ့်မယ်။ အဲ့ဒါဆို အင်ပါယာမပျက်စီးသရွေ့ ဝန်ကြီးတွေကလည်း ထာဝရအသက်ရှည်နိုင်လိမ့်မယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ခန်းမထဲမှ အရာရှိအားလုံးက မျက်လုံးများပြူးကျယ်သွားပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။

" ဘာလဲ။ ဝန်ကြီးတို့က ဒီကျင့်စဉ်ကို မကျင့်ကြံချင်ကြဘူးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

"ကျွန်တော်မျိုးတို့ ချင်အင်ပါယာအတွက် သေတဲ့အထိ သစ္စာခံပါမယ်။ " အရာရှိအားလုံးက ဦးညွှတ်လိုက်ကြသည်။

" ဒီကျင့်စဉ်က အရည်အချင်းမြင့်ဖို့ မလိုဘူး။ ချင်အပေါ် သစ္စာရှိဖို့နဲ့ ရာထူးမြင့်မားဖို့ပဲလိုတာ။ ရာထူးပိုမြင့်လေ အင်ပါယာကံကြမ္မာစွမ်းအားကို ပိုထိန်းချုပ်နိုင်လေပဲ။ ဒီကျင့်စဉ်က အင်ပါယာအပေါ်မှာ မူတည်တယ်။ ချင်အင်ပါယာက ပိုအားကောင်းလာလေ အင်ပါယာကံကြမ္မာစွမ်းအားက ပိုအားကောင်းလေ ဝန်ကြီးတွေက ပိုသန်မာလေပဲ။ ချင်အင်ပါယာပျက်စီးသွားရင် ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့လူအားလုံးလည်း အင်ပါယာနဲ့အတူ ပျက်စီးရလိမ့်မယ်။ "

" သိုင်းတာအိုက အရည်အချင်းအပေါ် မူတည်ပြီး ကြိုးစားမှုက အရေးကြီးတယ်။ ဒါပေမယ့် အခု ချင်အင်ပါယာရဲ့ ကံကြမ္မာက စုစည်းပြီး ရွှမ်ငှက်က ပိုလာပြီဖြစ်လို့ အနာဂတ်မှာ သိုင်းတာအိုကျင့်ကြံသူတွေကလည်း အင်ပါယာကံကြမ္မာရဲ့ အထောက်အပံ့ကို ရရှိလိမ့်မယ်။ ဒါကြောင့် အရာရှိတာဝန်ပုံဖော်ခြင်းနဲ့ သိုင်းတာအို ဘယ်ဟာကို ရွေးမလဲဆိုတာ အရာရှိအားလုံးရဲ့ ဆန္ဒအပေါ် မူတည်တယ်။ " ကျောက်ဖုန်းက အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters