← Chapters

အခန်း ၅၁၄

Vol. 52 Ch. 514

အခန်း ၅၁၄

Vol. 52 Ch. 514

အခန်း (၅၁၄)

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ အရာရှိများအားလုံးက စဉ်းစားသွားကြသည်။ သို့သော် အရပ်ဘက်အရာရှိများနှင့် အသက်အရွယ်ကြီးရင့်သော ဝန်ကြီးများအတွက် ၎င်းက တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။

" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးက အရာရှိတာဝန်ပုံဖော်ခြင်းကျင့်စဉ်ကို ရွေးချယ်ပါတယ်။ " လွီပုဝေက ကျယ်လောင်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့လည်း အတူတူပါပဲ။ " ဝန်ကြီးအများအပြားက ပြောလိုက်ကြသည်။

" ကောင်းပြီ။ ကျင့်စဉ်ကို ငါ ပေးအပ်လိုက်မယ်။ ချင်အင်ပါယာရဲ့ အရာရှိအားလုံးက ထျန်းရွှမ်ကြေးမုံကနေ ရာထူးအဆင့်အလိုက် ကျင့်စဉ်ကို ရရှိကြလိမ့်မယ်။ အရာရှိတာဝန်ပုံဖော်ခြင်းကျင့်စဉ်ကို ချင်အရာရှိအားလုံးကျင့်ကြံနိုင်တယ်။ ဒါပေမယ့် ချင်အင်ပါယာရဲ့ အနာဂတ်က ပြောင်းလဲသွားပြီ။ ထျန်းရွှမ်ကြေးမုံက ပေးတဲ့ ကျင့်စဉ်တွေကို ချင်အင်ပါယာကံကြမ္မာရဲ့ ကောင်းချီးမပါဘဲ ကျင့်ကြံလို့မရဘူး။ ကျင့်ကြံတဲ့သူတွေက စိတ်နှလုံးနတ်ဆိုးရဲ့ ဝါးမြိုခြင်းခံရပြီး အသေဆိုးနဲ့ သေကြရလိမ့်မယ်။ ​" ကျောက်ဖုန်းက ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ " တော်ဝင်အမိန့်တော် ထျန်းရွှမ်ကြေးမုံက ပေးအပ်တဲ့ ကျင့်စဉ်တွေကို ချင်အင်ပါယာကံကြမ္မာရဲ့ ကောင်းချီးမပါဘဲ ကျင့်ကြံရင် စိတ်နှလုံးနတ်ဆိုးရဲ့ ဝါးမျိုခြင်းခံရပြီး သေဆုံးပါစေ။ "

ရင်ကျန့်က အင်ပါယာကံကြမ္မာစွမ်းအားကို လှုံ့ဆော်လိုက်ရာ ဟင်းလင်းပြင်အထက်တွင် သူပြောလိုက်သော တော်ဝ်အမိန့်တော် ပေါ်လာသည်။ ထို့နောက် ဧကရာဇ်တံဆိပ်တော် ပေါ်လာပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေသည်။ ဧကရာဇ်တံဆိပ်တော်က လေထဲမှ အမိန့်တော်ပေါ်သို့ တံဆိပ်ခပ်နှိပ်လိုက်ပြီး တော်ဝင်အမိန့်တော် ပြီးမြောက်သွားခဲ့သည်။

" ဧကရာဇ်မင်းမြတ်က အင်မော်တယ်နဲ့ နတ်ဘုရားတွေလို အင်အားကြီးမားလှပါတယ်။ " အရာရှိများက ရိုသေစွာဖြင့် ပြောလိုက်ကြသည်။

ညီလာခံက လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။

" အခုတော့ ရှန်းကျိုးက တည်ငြိမ်ပြီး ပြည်သူတွေကလည်း စည်းလုံးနေပြီ။ နောက်ဆုံးတော့ အပြင်ဘက်ကို ချဲ့ထွင်နိုင်တော့မယ်။ ဒါပေမယ့် အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ကြွက်တွေကို ရှင်းဖို့က ခက်ခဲနေသေးတယ်။ " ရင်ကျန့်က စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

" အဲ့ဒီလူတွေက အခု လမ်းဘေးကြွက်တွေလို ဖြစ်နေပြီ။ ထျန်းရွှမ်ကြေးမုံကို အကောင်အထည်ဖော်လိုက်တာနဲ့ သူတို့ရဲ့ နေရက်တွေက ပိုခက်ခဲသွားလိမ့်မယ်။ ဒါပေမယ့်..." ကျောက်ဖုန်းက ပြောပြီး စဉ်း​စားလိုက်သည်။

" ဒါပေမယ့် ဘာဖြစ်လဲ။ " ရင်ကျန့်က မေးလိုက်သည်။

" ချင်အင်ပါယာရဲ့ ကံကြမ္မာကို စုစည်းလိုက်တာက အခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်မိသွားလောက်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အင်မော်တယ်တွေကို ပြောတာလား။ " ရင်ကျန့်က ကျောက်ဖုန်း၏ စကားကို ချက်ချင်း နားလည်သွားသည်။

" ခမည်းတော် ရှန်းကျိုးရဲ့ အပြင်ဘက်နယ်မြေတွေက တကယ်ကျယ်ဝန်းတယ်။ ဒါပေမယ့် ခမည်းတော် တွေးထားသလောက် မရိုးရှင်းဘူး။ ရှန်းကျိုး၊ လူသားဘုံ၊ နောက်ဆုံး မြေကြီးအင်မော်တယ်ဘုံကလည်း အတူတူပဲ။ အနာဂတ်မှာ ချင်အင်ပါယာက အင်မော်တယ်တွေ၊ နတ်ဘုရားတွေနဲ့ ကမ္ဘာတစ်ဝန်းက ရန်သူတွေကို ရင်ဆိုင်ရနိုင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ရှန်းကျိုးမှာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို မကျေနပ်အောင် လုပ်ထားတဲ့ အရာတစ်ခုခုရှိနေတာလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" အဲ့ဒါက စကားတစ်ခွန်းပဲရှိတယ်။ အားကြီးသူ ရှင်သန်ခြင်းပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ခမည်းတော် စိတ်ချပါ။ အခု ချင်အင်ပါယာက ကံကြမ္မာစွမ်းအားကို စုစည်းထားပြီမလို့ အခုလောလောဆယ် ရှန်းကျိုးနယ်မြေက ဘာပြဿနာမှ ဖြစ်လာမှမဟုတ်ဘူး။ အင်မော်တယ်တွေလည်း ဝင်လာလို့မရဘူး။ "

ရင်ကျန့်က ခေါင်းညိမ့်ပြီး အတွေးနက်သွားသည်။ " မင်းပြောသလိုဆို အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက အနာဂတ်မှာ ချင်အင်ပါယာကို တိုက်ခိုက်လာနိုင်တယ်။ သူတို့ကို တုန့်ပြန်ဖို့ ငါတို့ ချင်အင်ပါယာက ကံကြမ္မာကို တိုးပွားအောင် လုပ်ဆောင်ရမယ်။ သိုင်းတာအိုကို မြန်မြန်ပျံ့နှံ့အောင် လုပ်ဆောင်ရမယ်။ "

" ကျောင်းတော်တွေမှာ အခြေခံသိုင်းပညာတွေကို စပြီး သင်ကြားပေးရမယ်။ ပြီးရင် အရည်အချင်းရှိတဲ့သူတွေကို ရွေးပြီး အထူးလေ့ကျင့်ပေးရမယ်။ ပိုင်ယွဲ့၊ တုအန်းနဲ့ ဂိုဂူလျောတို့ကို ချေမှုန်းပြီးရင် အခြေခံကျင့်စဉ်တွေကို နိုင်ငံတစ်ဝန်း ဖြန့်ချီရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ဒါ့အပြင် ဝိညာဉ်စပါးတွေကိုလည်း ဖြန့်ဝေလို့ရပြီ။ "

" အင်ပါယာကံကြမ္မာက စုစည်းသွားပြီဆိုတော့ ခမည်းတော်အနေနဲ့ ချိပ်ပိတ်ထားလို့ရပြီ။ ဝိညာဉ်စပါးတွေက ရှန်းကျိုးနယ်မြေရဲ့ အပြင်ဘက်မှာ ရှင်သန်နိုင်မှာမဟုတ်တော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ ဝိညာဉ်စပါးတွေကို ချင်ပြည်သူတွေသာ စိုက်ပျိုးခွင့်ရှိမယ်။ ချင်အင်ပါယာကံကြမ္မာနဲ့ ဝေးကွာသွားရင် ဝိညာဉ်စပါးတွေ မပေါက်ရောက်နိုင်ဘူး၊ မရှင်သန်နိုင်ဘူး။ မြေကြီးကိုလည်း ညစ်ညမ်းစေလိမ့်မယ်။ ငါ့ရဲ့ အမိန့်တော်ကို အင်ပါယာကံကြမ္မာနဲ့ ချမှတ်လိုက်တယ်။ " ရင်ကျန့်က ဟင်းလင်းပြင်ထဲတွင် အမိန့်တော်ကို ရေးသားပြီး ဧကရာဇ်တံဆိပ်တော်ကို ခပ်နှိပ်လိုက်သည်။

ချင်အင်ပါယာထဲရှိ ဝိညာဉ်စပါးစိုက်ခင်းများထဲတွင် လူသားတာအိုမှ စည်းမျဉ်းတစ်ခု ပေါ်လာပြီး ဝိညာဉ်စပါးအားလုံးကို ကန့်သတ်ချက်များ သတ်မှတ်လိုက်သည်။ ရင်ကျန့်က သူတော်စင်နန်းတော်ကျင့်စဉ်နှင့် ဧကရာဇ်လမ်းစဉ်ကို ကျင့်ကြံပြီး အင်ပါယာကံကြမ္မာစွမ်းအားကို သုံး၍ အမိန့်တော်များ ချမှတ်ကာ လူသားတာအိုအာဏာကို အသုံးချသည်။

" ဒီကန့်သတ်ချက်တွေနဲ့ဆို ဝိညာဉ်စပါးက ချင်အင်ပါယာအတွက် သီးသန့်ဖြစ်သွားပြီ။ ဒီနေ့ကစပြီး ချင်အင်ပါယာမှာ အစားအသောက် အခက်အခဲရှိတော့မှာမဟုတ်ဘူး။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" အင်ပါယာကံကြမ္မာကျင့်စဉ်က လူသားတာအိုနဲ့ ကိုက်ညီပြီး အဆုံးမရှိတဲ့ အသုံးဝင်မှုကို ပေးတယ်။ ဒါက အနာဂတ် အင်မော်တယ်နဲ့ နတ်ဘုရားတွေကို့ ဆန့်ကျင်တဲ့အခါ ချင်အင်ပါယာရဲ့ အဓိက အားကိုးရာဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး ကျောက်ဖုန်းက သူ၏ စံအိမ်သို့ ပြန်ရောက်လာခဲ့သည်။

" အဆင့်လေး ရတနာသေတ္တာ ၁၃ခု၊ အဆင့်ငါး ရတနာသေတ္တာ ၁ခု။ ကံကောင်းရင် မှော်ရတနာတွေ သိုင်းပညာတွေ ရနိုင်တယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ " ရတနာသေတ္တာတွေကို ဖွင့်မယ်။ "

" အဆင့်လေး ရတနာသေတ္တာ ၁၃ခုကို ဖွင့်နေပါတယ်။ "

" နတ်ဘုရားအဆင့် အဆင့်မြင့်သိုင်းပညာ လေပြင်းလွတ်မြောက်ခြင်းကို ရရှိပါတယ်။ "

" အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ကို ရရှိပါတယ်။ "

" အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောတစ်ခုကို ရရှိပါတယ်။ "

" အင်မော်တယ်အဆင့် အဆင့်မြင့် မှော်ချပ်ဝတ်ကို ရရှိပါတယ်။ "

" နတ်ဘုရားအဆင့် အဆင့်မြင့် တိုးတက်နိုင်သည့်သိုင်းပညာ ကောင်းကင်ချုပ်နှောင်လက်ညှိုးကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် အဆင့်နိမ့် စိတ်ဝိညာဉ်ရတနာ အစိမ်းရောင်ကြာပန်းကို ရရှိပါတယ်။ "

" နတ်ဘုရားအဆင့် အဆင့်မြင့် သွေးလောင်ကျွမ်းခြင်းမီးတောက်ကို ရရှိပါတယ်။ "

" အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် ပန်တောက်သစ်ပင် ဆယ်ပင်ကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် တိုးတက်နိုင်သော ဖန်တီးခြင်းဆေးပညာကို ရရှိပါတယ်။ "

" အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ "

"ဟောက်ထျန်းအဆင့် အဆင့်မြင့် စိတ်ဝိညာဉ်ရတနာ ဝိညာဉ်ဖျက်ဆီးခြင်းခေါင်းလောင်းကို ရရှိပါတယ်။ "

" အဆင့်ခြောက် ဆေးပညာရှင် အမွေအနှစ်ကို ရရှိပါတယ်။ "

" နတ်ဘုရားအဆင့် အဆင့်မြင့် နဂါးဆင်ရုပ်ခန္ဓာသန့်စင်ခြင်းကျင့်စဉ်ကို ရရှိပါတယ်။ "

မျက်စိတစ်မှိတ်အတွင်း ရတနာသေတ္တာ ၁၃ ခုက ပွင့်သွားခဲ့သည်။ ကျောက်ဖုန်းက ရရှိလိုက်သော ရတနာများကြောင့် စိတ်လှုပ်ရှားသွားသည်။

" လေပြင်းလွတ်မြောက်ခြင်းသိုင်းပညာ ဒါက ငါ့ရဲ့ အရှိန်ကို အများကြီး မြှင့်တင်ပေးနိုင်တယ်။ ငါ့ရဲ့ လက်ရှိအချိန်က ခြေတစ်လှမ်းကို ကျန့်တစ်ထောင် ဖြတ်ကျော်နိုင်တယ်။ ဒီသိုင်းပညာနဲ့ဆို ဘယ်အဆင့်ထိ ရောက်နိုင်မလဲမသိဘူး။ "

" ကောင်းကင်ချုပ်နှောင်လက်ညှိုးကလည်း ငါ့ကို ပိုပြီး သန်မာစေလိမ့်မယ်။ သွေးလောင်ကျွမ်းခြင်းမီးတောက်က အရင်ကရခဲ့တဲ့ မရဏလောကမီးတောက်လိုမျိုးပဲ။ ပန်တောက်သစ်ပင် ဒါကလည်း ကျင့်ကြံမှုကို သေချာပေါက် တိုးတက်စေလိမ့်မယ်။ အနာဂတ်မှာ ငါက ဒဏ္ဍာရီလာ ပန်တောက်သီးကိုတောင် စားရနိုင်လောက်တယ်။ "

" ဖန်တီးခြင်းဆေးပညာက ကုသခြင်းကို အဓိကထားတာမလို့ မယ်တော်နဲ့ ရင်အာအတွက် သင့်တော်တယ်။ အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြောက ကမ္ဘာငယ်ထဲကို ထည့်လို့ရတယ်။ "

" အဆင့်ခြောက် ဆေးဖော်စပ်သူ အမွေအနှစ် ဒါလည်းမဆိုးဘူး။ အခုက ချင်အင်ပါယာက မြန်မြန်တိုးတက်​နေတော့ လက်နက်သန့်စင်သူတွေနဲ့ ဆေးဖော်စပ်သူတွေကို လိုအပ်လိမ့်မယ်။ အစိမ်းရောင်ကြာပန်း ဟောက်ထျန်းအဆင့် အဆင့်နိမ့်ဆိုရင်တောင် မဆိုးပါဘူး။ "

" ဝိညာဉ်ဖျက်ဆီးခြင်းခေါင်းလောင်းက ဝိညာဉ်ကို တိုက်ခိုက်တဲ့ ရတနာပဲ။ ပြီးတော့ နဂါးဆင်ရုပ်ခန္ဓာသန့်စင်ခြင်းကျင့်စဉ်က နဂါးဆင်ကျမ်းရဲ့ အဆင့်မြင့်ကျင့်စဉ်လား။ အနာဂတ်မှာ ချင်စစ်တပ်အတွက် အထူးကျင့်စဉ်အဖြစ် အသုံးပြုလို့ရတယ်။ "

" ဒီရတနာတွေကို သန့်စင်လိုက်ရင် ငါ့ရဲ့ စွမ်းအားက ပိုပြီးတိုးတက်လာမှာသေချာတယ်။ " ကျောက်ဖုန်းက ရတနာများကို ကြည့်ပြီး ကျေနပ်နေသည်။ နောက်ဆုံးတွင် သူက ကျန်ရှိသော အဆင့်ငါး ရတနာသေတ္တာကို ကြည့်လိုက်သည်။

" အဆင့်ငါးရတနာသေတ္တာနဲ့ဆိုရင် ရှန်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာကိုတောင် ရရှိနိုင်တယ်။ " ကျောက်ဖုန်းက ရတနာသေတ္တာကို ဖွင့်လိုက်သည်။

" အဆင့်ငါး ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "

" ရှန်းထျန်းအဆင့် ကမ္ဘာသစ်ပင်ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ကျောက်ဖုန်းက မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

" ဒါ တကယ်ကံကောင်းတာပဲ။ ရှန်ထျန်းအဆင့် ကမ္ဘာသစ်ပင်လား။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters