← Chapters

အခန်း ၅၁၅

Vol. 52 Ch. 515

အခန်း ၅၁၅

Vol. 52 Ch. 515

အခန်း (၅၁၅)

ကမ္ဘာသစ်ပင်။

၎င်းက ကမ္ဘာကို ကြီးထွားစေနိုင်ပြီး အကန့်အသတ်မရှိသော အလားအလာများကို ပေးစွမ်းနိုင်သည်။ ယခု ကျောက်ဖုန်းတွင် ကမ္ဘာငယ်တစ်ခုရှိနေပြီး ကမ္ဘာသစ်ပင်ကိုသာ စိုက်ပျိုးလိုက်လျှင် အကန့်အသတ်မရှိ ကြီးထွားလာပေလိမ့်မည်။ ၎င်းက အပင်ပေါက်လေးသာ ရှိသော်လည်း ကျောက်ဖုန်းတွင် အချိန်များစွာ ရှိနေသည်။

ထိုသို့တွေးပြီးနောက် ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ကမ္ဘာငယ်လေးသို့ ပို့လွှတ်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကမ္ဘာငယ်လေးကလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ယခုအခါ ကမ္ဘာငယ်ထဲတွင် မြို့ငယ်လေးများ ရှိနေပြီဖြစ်သည်။ ကမ္ဘာငယ်ထဲတွင် စစ်ပွဲများမရှိသောကြောင့် လူများစွာက စိုးရိမ်စရာမလိုဘဲ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ပြီး လူဦးရေကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကမ္ဘာငယ်ထဲတွင် လူများအပြင် တိရစ္ဆာန်များလည်း ရှိနေသည်။ ထူထဲသော စိတ်ဝိညာဉ်စွမ်းအားအောက်တွင် တိရစ္ဆာန်များက ဆင့်ကဲပြောင်းလဲသွားကြပြီး နတ်ဆိုးသားရဲများ ဖြစ်လာကြသည်။ အချို့ဆိုလျှင် အသိဉာဏ်ပင် ရလာကြသည်။

ကျောက်ဖုန်းက ကမ္ဘာငယ်ကို ထိန်းချုပ်ထားသောကြောင့် တိရစ္ဆာန်များ နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲသွားသည်ကို သူကောင်းကောင်းသိနေသည်။ ထိုမှတစ်ဆင့် သူက ရှန်းကျိုးနယ်မြေအကြောင်းကို တွေးမိခဲ့သည်။ ရှန်းကျိုးနယ်မြေတွင် စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝသည်။ သို့သော် တိရစ္ဆာန်များက တိရစ္ဆာန်များသာ ဖြစ်နေပြီး နတ်ဆိုးသားရဲမရှိပေ။ ၎င်း၏ နောက်ကွယ်တွင် အကြောင်းရင်းတစ်ခုခု ရှိပေလိမ့်မည်။

ကမ္ဘာငယ်၏ အလယ် စိတ်ဝိညာဉ်စမ်းချောင်းရှိသောနေရာတွင် ​ဗာမီလီယံသစ်ပင်များကို စိုက်ပျိုးထားသည်။ အနက်ရောင်နဂါးက စမ်းချောင်းဘေးတွင် နေထိုင်ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေသည်။

" ကမ္ဘာသစ်ပင်ကို ကမ္ဘာငယ်ရဲ့ အလယ်မှာ စိုက်လိုက်မယ်။ ဒီကမ္ဘာသစ်ပင်နဲ့ဆိုရင် ကမ္ဘာငယ်က အနာဂတ်မှာ အကန့်အသတ်မရှိတဲ့ အလားအလာတွေ ပိုင်ဆိုင်လိမ့်မယ်။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို အသုံးပြုပြီး စိတ်ဝိညာဉ်စမ်းချောင်းဘေးတွင် ကျင်းတစ်ခု တူးဖော်လိုက်သည်။

ထို့နောက် သူက သုံးပေလောက်ရှိသော ကမ္ဘာသစ်ပင်ကို ထုတ်ယူပြီး ကျင်းထဲတွင် စိုက်ပျိုးလိုက်သည်။ ကမ္ဘာသစ်ပင်က ရွှေရောင်တောက်ပလာပြီး မြေကြီးထဲတွင် အမြစ်များ ရှည်ထွက်လာသည်။ ကမ္ဘာသစ်ပင် အမြစ်တွယ်သွားသည့်အချိန်တွင် ကမ္ဘာငယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများက စတင်စုစည်းလာသည်။

ထိုထဲတွင် ဓာတ်ငါးမျိုးပုလဲလည်း ပါဝင်သည်။ ၎င်းက ကမ္ဘာသစ်ပင်ကို လှည့်ပတ်ပြီး ဓာတ်ငါးမျိုးစွမ်းအားများကို ကမ္ဘာသစ်ပင်က ဝါးမျိုသွားသည်။ ဓာတ်ငါးမျိုးပုလဲက ကမ္ဘာသစ်ပင်နှင့် လျင်မြန်စွာ ပေါင်းစပ်သွားသည်။ ကမ္ဘာသစ်ပင်က ချက်ချင်း လူတစ်ယောက်အရပ်လောက် ကြီးထွားလာပြီး အကိုင်းအခက်နှင့် အရွက်များ တဖြည်းဖြည်း ထွက်လာသည်။

" ဓာတ်ငါးမျိုးပုလဲက ကမ္ဘာသစ်ပင်နဲ့ ပေါင်းစပ်သွားပြီ။ ကမ္ဘာငယ်ကလည်း အသွင်ပြောင်းလဲနေတယ်။ ကမ္ဘာငယ်က နိယာမငါးမျိုးကို စတင်ပိုင်ဆိုင်နေပြီ။ ဒါက တကယ်ကမ္ဘာတစ်ခုရဲ့ သန္ဓေသားပုံစံပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။ ထိုအချိန်တွင် ကမ္ဘာသစ်ပင်မှာ ရွှေရောင်အလင်းတစ်ခု ပေါ်လာသည်။

" အထူးစွမ်းရည် ကောင်းကင်တာအိုအာဏာ(အပြာရောင်) ကို တွေ့ရှိပါတယ်။ ရယူလိုပါသလား။ " ထိုအလင်းပေါ်လာသည့်အချိန်တွင် စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။

" ကောင်းကင်တာအိုအာဏာ " ကျောက်ဖုန်းက ထိုအလင်းကို ကြည့်ပြီး ဝမ်းသာသွားသည်။ " ရယူမယ်။ "

သူသာ လက်ကို မယူခဲ့လျှင် ထိုကောင်းကင်တာအိုအလင်းက ကမ္ဘာငယ်နှင့် ပေါင်းစပ်သွားမည်ဖြစ်ပြီး ကောင်းကင်တာအိုစိတ်အသိတစ်ခု ထွက်ပေါ်လာနိုင်သည်။ ကျောက်ဖုန်းက ကောင်းကင်တာအိုအသစ်တစ်ခု ထွက်ပေါ်လာမည်ကို မလိုလားပေ။ ဤကမ္ဘာငယ်က သူ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ကောင်းကင်တာအိုကလည်း သူသာ ဖြစ်သည်။

ထိုခဏတွင် ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအားတစ်ခု ဝင်ရောက်လာပြီး သူ၏ စိတ်ဝိညာဉ်ထဲတွင် ပေါင်စပ်သွားသည်။

" ကောင်းကင်တာအိုအာဏာ အပြာရောင်အဆင့် - ကောင်းကင်တာအိုကို အမိန့်ပေးပြီး ကမ္ဘာ၏ နိယာမစွမ်းအားများကို ထိန်းချုပ်နိုင်သည်။ နတ်ဝိညာဉ်ကို ပေါင်းစပ်ခြင်းဖြင့် ကောင်းကင်လျို့ဝှက်ချက်များကို ဖုံးကွယ်နိုင်ပြီး မိမိ၏ မူလဇာတ်မြစ်ကို လျို့ဝှက်ထားနိုင်သည်။ "

စွမ်းရည်အချက်အလက်များကို ကြည့်ပြီး ကျောက်ဖုန်းက ပျော်ရွှင်သွားသည်။

" ကမ္ဘာတစ်ခုရဲ့ ကောင်းကင်တာအိုအာဏာက ကမ္ဘာကို ထိန်းချုပ်ပြီး ကမ္ဘာထဲက နိယာမစွမ်းအားကို အသုံးပြုနိုင်တယ်။ ပြီးတော့ ကောင်းကင်လျို့ဝှက်ချက်တွေကို ဖုံးကွယ်ပြီး ဘယ်သူမှမခန့်မှန်းနိုင်တော့ဘူး။ အပြာရောင်အာဏာ ကမ္ဘာငယ်တိုးတက်လာရင် ဒါကလည်း အဆင့်မြင့်လာမှာပဲ။ "

" ကောင်းကင်တာအို၊ လူသားတာအို။ မြေကြီးတာအိုတစ်ခုပဲ ကျန်တော့တယ်။ ဒါပေမယ့် ကောင်းကင်တာအိုက ငါရှိနေတဲ့ ကမ္ဘာက မဟုတ်ပေမယ့် အဆင်ပြေပါတယ်။ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရှိတယ်။ "

ကမ္ဘာငယ်အတွင်း အသွင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ကမ္ဘာငယ်တစ်ခုလုံးက တုန်ခါသွားပြီး လျင်မြန်စွာ ချဲ့ထွင်လာသည်။ အစက ကမ္ဘာငယ်က မိုင်ငါးထောင်သာ ကျယ်ဝန်းသည်။ သို့သော် ယခု ကမ္ဘာငယ်က ချဲ့ထွင်လာပြီး နိယာမငါးမျိုးကလည်း ထွက်ပေါ်လာသည်။

" ကမ္ဘာက အသွင်ပြောင်းလဲနေတာပဲ။ မထိတ်လန့်ကြနဲ့။ ကိုယ့်အလုပ်ကို ဆက်လုပ်ကြပါ။ " ကမ္ဘာက တုန်ခါလာပြီး ပြည်သူများက ထိတ်လန့်သွားသောကြောင့် ကျောက်ဖုန်းက ချက်ချင်း သတိပေးလိုက်သည်။

" ကမ္ဘာငယ်ရဲ့ အသွင်ပြောင်းလဲမှုက အချိန်ယူရလိမ့်မယ်။ ငါ တံခါးပိတ်ကျင့်ကြံတာကောင်းမယ်။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ရုပ်သိမ်းလိုက်ပြီး တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

ချင်အင်ပါယာ၏ အရှေ့မြောက်နယ်စပ်။

" တုအန်းကို ချေမှုန်းဖို့ ဧကရာဇ်မင်းမြတ်က အမိန့်ထုတ်ပြန်လိုက်တယ်။ ချင်စစ်သည်တို့ တိုက်ခိုက်ဖို့ အဆင်သင့်ပဲလား။ " လီမုက မြင်းစီးရင်း မိုဓားကို မြှောက်ကာ အော်ဟစ်လိုက်သည်။

" ဟေ့ ဟေ့​ ဟေ့..." ချင်စစ်သည်နှစ်သိန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နှစ်နှစ်ကြာ ဖုံးကွယ်နေသော သတ်ဖြတ်လိုစိတ်နှင့် စစ်ရေးအရှိန်အဝါများက ပေါက်ကွဲထွက်လာသည်။

" သတ်ကြ။ " လီမုက ဟိန်းဟောက်ပြီး တုအန်းဆီသို့ ဦးတည်သွားသည်။

မြင်းစစ်သည်တစ်သိန်းက နောက်မှ လိုက်ပါလာပြီး သူတို့ထဲမှ အများစုက လီမု၏ လက်အောက်ခံဟောင်းများ ဖြစ်ကြသည်။ ဤတိုက်ပွဲက လီမုအတွက် နှစ်ပေါင်းများစွာ ကြာပြီးနောက် ပထမဆုံး တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။

အနက်ရောင်သံချပ်ကာများနှင့် ချင်မြင်းတပ်က တုအန်းနယ်စပ်မြို့ပြင်သို့ ရူးသွပ်စွာ ရောက်လာကြသည်။ ချင်အင်ပါယာက ကမ္ဘာပေါ်မှ ကြေးနီနှင့် သံများကို သိမ်းဆည်းပြီး ချင်စစ်တပ်၏ နတ်လက်နက်များကို ပြုလုပ်ခဲ့သည်။

" ချင်စစ်တပ် ရောက်လာပြီ။ "

" ဘယ်လိုလုပ်ကြမလဲ။ ငါတို့က ချင်စစ်တပ်ကို တားဆီးနိုင်ပါ့မလား။ "

နယ်စပ်မြို့အတွင်းမှ တုအန်းစစ်သည်များက ထိတ်လန့်သွားကြသည်။ ချင်အင်ပါယာက သူတို့နိုင်ငံထက် အဆပေါင်းများစွာ သာလွန်သည်။ ထိုအချက်ကို သူတို့၏ ဘုရင်သာမက လူတိုင်းသိထားကြသည်။

" အရှင်မင်းကြီးက နယ်စပ်မြို့ကို သေတဲ့အထိ ကာကွယ်ဖို့ အမိန့်ပေးထားတယ်။ လေးသမားတွေ အသင့်ပြင်။ " တုအန်းတပ်မှူးတစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်သည်။ မြို့ထဲမှ တုအန်းစစ်သည်များက ကြောက်လန့်နေကြသော်လည်း ကာကွယ်ရန် ပြင်ဆင်လိုက်ကြသည်။

လီမုက စစ်တပ်ကို ရှေ့ဆုံးမှ ဦးဆောင်နေသည်။ ဆရာသခင်အဆင့် စွမ်းအားနှင့် သူက ဘာကိုမှမကြောက်ပေ။

" မြားတွေပစ်မယ်။ " လီမုက အော်ဟစ်လိုက်သည်။

ချင်မြင်းစီးစစ်သည်တစ်သိန်းက ဒူးလေးများကို မြှောက်ပြီး မြို့ထဲသို့ ပစ်လွှတ်လိုက်သည်။ မြားမိုးက မြို့ထဲသို့ ကျဆင်းသွားပြီး တုအန်းစစ်သည်များက ချက်ချင်း သေဆုံးသွားကြသည်။

လီမုက မြို့တံခါးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။

" တောင်ဖြိုလက်သီး " လီမုက ဘယ်လက်ကို မြှောက်ပြီး ချီစွမ်းအားများကို စုစည်းက တံခါးကို ထိုးလိုက်သည်။ လက်သီးစွမ်းအားများက ထွက်ပေါ်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နယ်စပ်တံခါးက အပိုင်းပိုင်း ပျက်စီးသွားသည်။

" သတ်ကြ..." လီမုက မြင်းစီးကာ မြို့ထဲသို့ ဝင်ရောက်သွားပြီး မိုဓားကို ဝှေ့ရမ်းကာ ရန်သူများကို ရူးသွပ်စွာ သတ်ဖြတ်နေသည်။ တစ်ချက်ခုတ်လိုက်တိုင်း ဓားချီများ ထွက်ပေါ်လာပြီး အဝေးမှ တုအန်းစစ်သည်များက အပိုင်းပိုင်းပြတ်တောက်သွားကြသည်။

ချင်မြင်းစီးစစ်သည်များက နောက်မှ အဆက်မပြတ် ဝင်ရောက်လာပြီး မိုဓားများဖြင့် ရန်သူများကို ရူးသွပ်စွာ ခိုတ်ပိုင်းနေကြသည်။ ယခုအချိန်တွင် ချင်စစ်တပ်တစ်ခုလုံးက နဂါးဆင်ကျမ်းကို ကျင့်ကြံနေကြပြီး အရည်အချင်းနိမ့်သူများက ဟောက်ထျန်းအဆင့် အဆင့်နှစ်၊ အဆင့်သုံးရှိကြပြီး အရည်အချင်းရှိသူများက ဟောက်ထျန်းအဆင့် အဆင့်ခုနှစ်၊ အဆင့်ရှစ်သို့ ရောက်နေကြပြီဖြစ်သည်။

ဟောက်ထျန်းအဆင့်က သိုင်းတာအို၏ ပထမဆုံးအဆင့်ဖြစ်သော်လည်း အထွတ်အထိပ်သို့ ရောက်သွားလျှင် ပေါင်တစ်သောင်းစွမ်းအားကို ရရှိနိုင်သည်။ အနည်းဆုံးတော့ သူတို့၏ စွမ်းအားများက သာမန်လူများထက် အဆပေါင်းများစွာသာလွန်သည်။

" သတ်ကြ။ ဒီတိုင်းတစ်ပါးသားတွေကို သနားညှတာနေစရာမလိုဘူး။ လက်နက်ကိုင်ထားတဲ့သူ အကုန်သတ်ကြ။ " လီမုက အေးစက်စွာ အော်ဟစ်လိုက်သည်။ ယန်ထင်တွင် နှစ်ပေါင်းများစွာ နားနေပြီးနောက် စစ်မြေပြင်သို့ ပြန်ရောက်လာခြင်းက လီမုကို စိတ်လှုပ်ရှားစေသည်။

" သတ်ကြ..." ချင်မြင်းစီးစစ်သည်များက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ရူးသွပ်စွာ သတ်ဖြတ်နေကြသည်။ တုအန်းနယ်စပ်မြို့က ချင်စစ်တပ်၏ သတ်ဖြတ်မှုအောက်တွင် သွေးချောင်းစီး​သွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters