အခန်း ၅၁၆
Vol. 52 Ch. 516
အခန်း (၅၁၆)
တုအန်းမြို့တော်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ သတင်းဆိုးပါ။ နယ်စပ်မြို့က ချင်စစ်တပ် ထိုးဖောက်တာ ခံလိုက်ရပါပြီ။ ချင်စစ်တပ်က ကျွန်တော်မျိုးတို့ မြို့တော်ကို ချီတက်လာပါပြီ။ သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ လဝက်အတွင်း ချင်စစ်တပ်က မြို့တော်ကို ရောက်လာပါလိမ့်မယ်။ " တုအန်းတပ်မှူးတစ်ယောက်က ထိတ်လန့်စွာ အစီရင်ခံလိုက်သည်။
ပလ္လင်ပေါ်မှ တုအန်းဘုရင်၏ မျက်နှာက ဖြူဖျော့သွားပြီး စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ အကြည့်က ကျင်းဖုန်းဆီသို့ ရောက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။
" ကျင်းဖုန်း ဒီအချိန်မှာ မင်း ဘာမှပြောစရာမရှိဘူးလား။ " တုအန်းဘုရင်က ဒေါသကို ထိန်းချုပ်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက မင်းသမီးကို ပြန်ပေးဆွဲဖို့ မကြိုးစားခဲ့သလို ချင်စစ်သည်တွေကိုလည်း မသတ်ခဲ့ပါဘူး။ အရှင်မင်းကြီး သေချာစစ်ဆေးပေးပါ။ ဒါက ချင်ရဲ့ စွပ်စွဲချက်တစ်ခုပါ။ " ကျင်းဖုန်းက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
ကျင်းဖုန်းက ဝန်မခံဘဲ ငြင်းဆန်နေသည်ကို မြင်သောအခါ တုအန်းဘုရင်က ဒေါသထွက်နေသော်လည်း ဘာမှလုပ်မရခဲ့ပေ။
" ချင်ရဲ့ တိုက်ခိုက်မှုကို ငါတို့ တုအန်းက ဘာဆက်လုပ်ကြမလဲ။ " တုအန်းဘုရင်က အားလုံးကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး ချင်စစ်တပ်က သန်မာတယ်။ ကျွန်တော်မျိုးတို့ တုအန်းစစ်သည်တွေက သူတို့ကို မယှဉ်နိုင်ဘူး။ အခုဆိုရင် လက်နက်ချတာကလွဲရင် တုအန်းမှာ အခြားရွေးချယ်စရာမရှိပါဘူး။ "
" မှန်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ နယ်စပ်မြို့က တစ်ရက်တောင် မခံနိုင်ဘဲ ပျက်စီးသွားပြီ။ "
" ဒီတစ်ခါ ချင်စစ်တပ်ကို ရှုံးနုတွေကို အနိုင်ယူခဲ့တဲ့ လီမုက ဦးဆောင်နေတာပါ။ သူ့ရဲ့ စစ်ရေးဗျူဟာက ကျွမ်းကျင်ပါတယ်။ ကျွန်တော်မျိုးတို့ နိုင်ငံငယ်လေးက သူတို့ကို ဘာမှမလုပ်နိုင်ပါဘူး။ အရှင်မင်းကြီး စဉ်းစားပေးပါဦး။ "
ခန်းမထဲတွင် တုအန်းအရာရှိအများစုက လက်နက်ချရန် အကြံပြုကြသည်။ သူတို့အတွက် ချင်စစ်တပ်ကို ခုခံရန် မဖြစ်နိုင်ဘဲ မြို့ထဲသို့ ထိုးဖောက်လာသည်နှင့် သူတို့ သေရပေလိမ့်မည်။ ဆန္ဒအလျောက် လက်နက်ချခြင်းနှင့် မြို့ကျမှ လက်နက်ချခြင်းက လုံးဝမတူညီပေ။
" လက်နက်ချတာက တစ်ခုတည်းသော နည်းလမ်းလား။ " တုအန်းဘုရင်က ကူကယ်ရာမဲ့သွားသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တုအန်းမှာ စစ်သည်တစ်သိန်းကျော်ရှိပါသေးတယ်။ ပြီးတော့ ဂိုဂူလျောကနေ စစ်ကူတောင်းလို့ရပါတယ်။ " ကျင်းဖုန်းက ချက်ချင်း ပြောလိုက်သည်။
" ငါတို့က လက်နက်မချဘဲ ဘာလုပ်မှာလဲ။ အဲ့ဒါ လီမုနဲ့ ရှုံးနိမ့်ခြင်းမရှိတဲ့ ချင်စစ်တပ်ပဲ။ စစ်သည်တစ်သိန်းကျော်က ဘာလုပ်နိုင်မှာလဲ။ ဂိုဂူလျောကရော စစ်ကူစေလွှတ်ရဲမှာလား။ " တုအန်းဘုရင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး လုံးဝ လက်နက်ချလို့မရပါဘူး။ " ကျင်းဖုန်းက ထပ်ပြောလိုက်သည်။
" တုအန်းပြည်သူတွေကို ကယ်တင်ဖို့အတွက် လက်နက်ချတာက တစ်ခုတည်းသော နည်းလမ်းပဲ။ သံတမန်တစ်ယောက် စေလွှတ်ပြီး ချင်စစ်သူကြီးကို လက်နက်ချကြောင်း ပြောလိုက်ပါ။ " တုအန်းဘုရင်က သက်ပြင်းချပြီး အမိန့်ပေးလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိအများစုက စိတ်သက်သာရာရသွားကြသည်။ ကျင်းဖုန်းကတော့ မျက်နှာပျက်သွားသည်။
ရှန်းယန်မြို့တော်၊ နံနက်ခင်း ညီလာခံခန်းမ။
" ဧကရာဇ်မင်းမြတ် စစ်သူကြီးလီမုဆီက အောင်ပွဲသတင်းရောက်လာပါတယ်။ ချင်စစ်တပ်က တုအန်းမြို့ကို တိုက်ခိုက်တဲ့ ငါးရက်အတွင်းမှာ မြို့ပေါင် ၁၈ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ငါးရက်အတွင်း တုအန်းမြို့တော်ကို ရောက်တော့မှာပါ။ ဒါပေမယ့် တုအန်းဘုရင်က ကြောက်ရွံ့ပြီး လက်နက်ချဖို့ သံတမန် စေလွှတ်ခဲ့ပါတယ်။ " ယွီလျောင်က ကျယ်လောင်စွာ အစီရင်ခံလိုက်သည်။
ရင်ကျန့်က အံ့ဩခြင်းမရှိဘဲ ပြောလိုက်သည်။
" တုအန်းက လက်နက်ချဖို့ ဆန္ဒရှိရင် သူတို့ကို အခွင့်အရေးပေးလိုက်ပါ။ စစ်သူကြီးလီမုကို လက်နက်ချတာ လက်ခံဖို့ အမိန့်ပေးလိုက်။ ဒါပေမယ့် ငါတို့ စစ်သည်တွေကို ချုံခိုတိုက်ခိုက်ဖို့ စေလွှတ်ခဲ့တဲ့ တုအန်းစစ်သူကြီးကို တုအန်းဘုရင်က လွှဲပေးရမယ်။ ပြီးတော့ သူ့ရဲ့ မိသားစုကိုလည်း အမြစ်ပြတ်သုတ်သင်ပစ်ရမယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးမှာ ဗျူဟာတစ်ခု ရှိပါတယ်။ " ယွီလျောင်၏ မျက်လုံးများက တောက်ပသွားသည်။
" ပြောပါ။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" ချင်အင်ပါယာက သူ့ရဲ့ မိသားစုကို အမြစ်ပြတ်သုတ်သင်မယ်ဆိုတာ ကျင်းဖုန်းသိအောင် လုပ်ရပါမယ်။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ရှောက်ဖူက ထက်မြက်ပါတယ်။ ဒီကျင်းဖုန်းက တုအန်းရဲ့ စစ်သူကြီးပဲ။ တုအန်းဘုရင်က သူ့ရဲ့ အာဏာကို ကန့်သတ်ထားပေမယ့် သူမှာ အင်အားအချို့ ရှိနေဦးမှာပဲ။ ချင်က သူ့ရဲ့ မိသားစုကို သုတ်သင်တော့မယ်ဆိုတာ သိရင် သူက သေချာပေါက် ထွက်ပြေးမှာပဲ။ သူက တုန်ဟူနဲ့ ခဏခဏ တိုက်ခိုက်ခဲ့ဖူးတော့ တုန်ဟူကို ထွက်ပြေးမှာမဟုတ်ဘူး။ သူက ဂိုဂူလျောကိုပဲ ထွက်ပြေးနိုင်လိမ့်မယ်။ ဒါဆို ချင်က ဂိုဂူလျောကို ဖျက်ဆီးဖို့ အကြောင်းပြချက်ရသွားပြီ။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" အဲ့လိုလုပ်လိုက်ပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်မျိုး စစ်သူကြီးလီမုဆီ အမိန့်ပေးပို့လိုက်ပါမယ်။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" တုအန်း၊ ဂိုဂူလျော လူဦးရေ ရှစ်သန်းနီးပါး။ အဲ့ဒီလူတွေကို ကောင်းကောင်းအသုံးချရမယ်။ " ရင်ကျန့်က စဉ်းစားလိုက်သည်။
သူက တိုင်းတစ်ပါးသားလူမျိုးများအပေါ် သဘောကောင်းနေမည်မဟုတ်ပေ။ သူတို့နှင့်ဆိုလျှင် တင်းကျပ်သော ဥပဒေများကို အသုံးချမည်ဖြစ်သည်။
" ဧကရာဇ်မင်းမြတ် တိုင်းတစ်ပါးသားတွေကို တိုင်းတစ်ပါးသားတွေနဲ့ပဲ အုပ်ချုပ်ရင်ကောင်းမလား။ " လွီပုဝေက စဉ်းစားပြီး ပြောလိုက်သည်။
" ကျုံးဖုက ဘယ်လိုစဉ်းစားမိလို့လဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" တုအန်းဘုရင်က လက်နက်ချပြီးပြီမလို့ သူ့ကို ဘုရင်ဆက်လုပ်ခွင့်ပေးလိုက်ပါ။ ဒါပေမယ့် သူ့ရဲ့ အာဏာကို အများကြီး ကန့်သတ်ထားရမယ်။ အုပ်ချုပ်ရေးဘဲ လုပ်ခိုင်းပြီး စစ်ရေးကို မပေးဘူး။ သူ့နိုင်ငံက လူသမျှအခွန်တွေကို ချင်အင်ပါယာကို ပေးအပ်ရမယ်။ ပြီးတော့ သူတို့ကို ကောင်းကောင်းဆက်ဆံစရာမလိုဘူး။ သူတို့ရဲ့ အခွန်ကို ခုနှစ်ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းထိ ကောက်ခံရမယ်။ "
" ပြီးရင် တိုင်းတစ်ပါးသားတွေက စစ်တပ်ကို မပိုင်ဆိုင်ရဘူး။ သူတို့ရဲ့ လူငယ်လူရွယ်တွေကို ချင်အင်ပါယာရဲ့ လမ်းမကြီးတွေ ဆောက်လုပ်ဖို့ အသုံးပြုရမယ်။ ချင်အင်ပါယာက လူငယ်တွေရဲ့ လုပ်အားပေးကာလက နှစ်နှစ်ဆိုရင် သူတို့အတွက်တော့ ငါးနှစ်ဖြစ်ရမယ်။ " လွီပုဝေက ပြုံးပြီး ပြောလိုက်သည်။
" ဒီနည်းလမ်းက မဆိုးဘူး။ သူတို့အချင်းချင်း ပြန်အုပ်ချုပ်ခိုင်းရမယ်။ ဒီလိုဆိုရင် ချင်အင်ပါယာက ဒီနိုင်ငံငယ်ကို အုပ်ချုပ်ဖို့ လူတွေ စေလွှတ်စရာမလိုတော့ဘူး။ တပ်ဖွဲ့အချို့နဲ့ အရာရှိအနည်းငယ် စေလွှတ်လိုက်ရင် ရပြီ။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ဝန်ကြီးချုပ်ပြောတာမှန်တယ်။ အခု တုအန်း ပြီးရင် ဂိုဂူလျော။ အနာဂတ်မှာ တိုင်းတစ်ပါးသားတွေ အများကြီး ရှိလာဦးမယ်။ သူတို့အချင်းချင်း ပြန်အုပ်ချုပ်ခိုင်းပြီး ချင်အင်ပါယာက သူတို့ရဲ့ လုပ်အားနဲ့ အရင်းအမြစ်တွေပဲလိုတာ။ ပြီးတော့ အိမ်ရှေ့စံမင်းသားက သိုင်းတာအိုကို ပြည်သူတွေဆီ ဖြန့်ဝေတော့မှာလို့ ပြောတယ်။ ဒါကြောင့် တိုင်းတစ်ပါးသားတွေက သိုင်းတာအိုလမ်းစဉ်ကို ကျင့်ကြံခွင့်မရစေရဘူး။ " ဟန်ဖေးက ပြောလိုက်သည်။
" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " သိုင်းတာအိုက ချင်အင်ပါယာရဲ့ တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ပဲ။ တိုင်းတစ်ပါးသားတွေကို ဘယ်လိုလုပ်ကျင့်ကြံခွင့်ပေးနိုင်ပါ့မလဲ။ "
" ချင်နယ်မြေအတွင်း ချင်အင်ပါယာရဲ့ ဟွာရှလူမျိုးမဟုတ်သူတိုင်း သိုင်းတာအိုကျင့်စဉ်တွေကို ကျင့်ကြံခြင်းမပြုရ၊ ကျင့်ကြံခဲ့ရင် အင်ပါယာကံကြမ္မာစွမ်းအားရဲ့ ကွပ်မျက်ခြင်းခံရမယ်။ ဒီနေ့ကစပြီး ချင်ပြည်သူမဟုတ်သူတိုင်း သိုင်းတာအိုကို ကျင့်ကြံခြင်းမပြုရ၊ ကျင့်ကြံခဲ့ရင် သိုင်းတာအိုရဲ့ တန်ပြန်မှုကို ခံစားရပြီး အသက်ဆုံးရှုံးရလိမ့်မယ်။ " ရင်ကျန့်က တော်ဝင်အမိန့်တော်ကို ရေးဆွဲပြီး ဧကရာဇ်တံဆိပ်တော်ကို ခပ်နှိပ်လိုက်သည်။
အဓိက ရည်ရွယ်ချက်မှာ တိုင်းတစ်ပါးသားများက သိုင်းတာအိုကို ကျင့်ကြံပြီး တစ်နေ့တွင် ချင်အင်ပါယာကို ပြဿနာရှာလာနိုင်သည်။ ထို့အပြင် အင်ပါယာကံကြမ္မာနှင့် ပေါင်းစပ်ခြင်းမပြုသော နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များကလည်း သိုင်းတာအိုကို ကျင့်ကြံခွင့်မရှိပေ။
" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
ထိုအချိန်တွင် ရန်ရှောင်က ရုတ်တရက် စကားပြောလာသည်။
" ဧကရာဇ်မင်းမြတ် ဆေးပညာခန်းမရဲ့ ခေါင်းဆောင် ရွှီဖု ပြန်ရောက်လာပါတယ်။ အခု သူက ရှန်းယန်မြို့ပြင်မှာ ရှိနေပြီး ထျန်းရွှမ်ကြေးမုံမရှိလို့ မြို့ထဲဝင်ခွင့်မရသေးပါဘူး။ "
" ရွှီဖုလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားပြီး အေးစက်စွာ ပြုံးလိုက်သည်။ " နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူပြန်လာပြီပေါ့။ သူ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ငါထင်နေတာ။ "
" သူ့ကို ခေါ်လိုက်ပါ။"
" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ရှန်းယန်မြို့ပြင်တွင် ရွှီဖုက သူ၏ ရှေ့မှ မြို့စောင့်တပ်ကို ကြည့်ရင်း အံ့ဩနေသည်။
" ငါ ရှန်းကျိုးက ထွက်လာတာ ရှစ်နှစ်တောင်မရှိသေးဘူး။ ရှန်းကျိုးက အရာအားလုံး ပြောင်းလဲသွားသလို ဘာလို့ခံစားနေရတာလဲ။ သူတို့ပြောနေတဲ့ ထျန်းရွှမ်ကြေးမုံဆိုတာကရော ဘာလဲ။ ပြီးတော့ ဒီစစ်သည်တွေရဲ့ ချီနဲ့ သွေးတွေက ဘာလို့ ဒီလောက်သန်မာနေတာလဲ။ သူတို့က သာမန်လူတွေထက် အများကြီး ကျော်လွန်နေပြီ။ " ရွှီဖုက သူ၏ ရှေ့မှ စစ်သည်များကို စိတ်ဝင်တစားကြည့်နေသည်။
မြို့စောင့်စစ်သည်များ၏ ချီနှင့်သွေးက သာမန်လူများထက် များစွာ သန်မာပြီး ဖန်းလိုင်ကျွန်းတွင် သူတို့ ပေါ်လာလျှင် ချက်ချင်း ဝါးမြိုခံရမည်မှာ သေချာသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့