အခန်း ၅၁၇
Vol. 52 Ch. 517
အခန်း (၅၁၇)
" ဒီနှစ်တွေအတွင်းမှာ ချင်ဘုရင်က ရှန်းကျိုးကို စုစည်းတာအပြင် ဘာတွေလုပ်ခဲ့တာလဲ။ " ရွှီဖု၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ရန်ရှောင်က မြို့ထဲမှ မြင်းစီးထွက်လာသည်။
" တပ်မှူးရန်ရှောင် မတွေ့တာကြာပြီ။ " ရန်ရှောင်ကို မြင်သောအခါ ရွှီဖုက လက်သီးလက်ဝါးဆုပ်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် ရွှီဖုကို နန်းတော်ထဲ ဝင်ခွင့်ပြုလိုက်တယ်။ " ရန်ရှောင်က ရွှီဖုကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
နန်းတွင်းကိုယ်ရံတော်များက ရွှီဖု၏ နောက်သို့ ရောက်လာပြီး အကျဉ်းသားတစ်ယောက်ကဲ့သို့ ခေါ်ဆောင်သွားကြသည်။
" ရန်ရှောင်ရဲ့ သဘောထားက ဘာလို့ပြောင်းလဲသွားတာလဲ။ အရင်တုန်းက သူက အေးစက်ပေမယ့် ဒီလောက်မရိုင်းပါဘူး။ နန်းတော်ထဲမှာ တစ်ခုခုဖြစ်ခဲ့တာလား။ " ရွှီဖုက စိတ်ထဲတွင် စိုးရိမ်သွားသည်။
သို့သော် သူက ပြန်ရောက်လာပြီဖြစ်သောကြောင့် ထွက်ပြေးရန် အခွင့်အရေးမရှိတော့ပေ။ ထိုအချိန်တွင် ဟေးပင်းထိုင်နှင့် ယန်ထင်တို့ကလည်း လျို့ဝှက်စောင့်ကြပ်နေကြသည်။ ရွှီဖုက ထွက်ပြေးဖို့ ကြိုးစားသည်နှင့် သူတို့က ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။
" ဒီလူက ထူးဆန်းတယ်။ သူ့ဆီမှာ ကျင့်ကြံသူတွေရဲ့ စွမ်းအားမျိုးရှိနေတယ်။ ဒါပေမယ့် သိုင်းတာအိုတော့မဟုတ်ဘူး။ " ယင်ပုက ဖြည်းညင်းစွာ ပြောလိုက်သည်။
" မင်းရဲ့ ကျင့်ကြံမှုက မဟာဆရာသခင်အဆင့် ရောက်နေပြီဆိုတော့ မြင်နိုင်တာပေါ့။ ငါက ဆရာသခင်အဆင့်ပဲ ရှိသေးတော့ မမြင်နိုင်ဘူး။ " သွမ်လောက ပြောလိုက်သည်။
" ရွှီဖု ဒီလူပြန်ရောက်လာရင် စောင့်ကြပ်ပြီး ထွက်သွားခွင့်မပေးရဘူးလို့ အရှင် အရင်က ပြောဖူးတယ်။ သူ့မှာ ရှန်းကျိုးနဲ့ ပက်သက်တဲ့ လျို့ဝှက်ချက်တွေရှိနေတယ်။ " ယင်ပုက လေးနက်စွာ ပြောလိုက်သည်။
" ဒါဆို ဘာလုပ်ကြမလဲ။ " သွမ်လောက ယင်ပုကို ကြည့်ပြီး မေးလိုက်သည်။
ရွှီဖုက ကျင့်ကြံနေသော်လည်း ယင်ပုနှင့် သွမ်လောတို့၏ တည်ရှိမှုကို မသိခဲ့ပေ။ သူ၏ နောက်ကွယ်မှ အင်မော်တယ်တမန်တော်က သူ့ကို အများကြီး မပေးခဲ့သည်မှာ ထင်ရှားသည်။
မြို့ထဲသို့ ရောက်သောအခါ ရွှီဖုက ရထားလုံးထဲတွင် ဝင်ထိုင်လိုက်ပြီး ရန်ရှောင်က သူနဲ့အတူ လိုက်ပါလာသည်။
" တပ်မှူးရန်ရှောင် ကျုပ် ရှန်းယန်ကို ပြန်မလာတာ ရှစ်နှစ်နီးပါးရှိပြီ။ ဒီလောက်ပြောင်းလဲသွားမယ်လို့ မထင်ထားခဲ့ဘူး။ ဒီနှစ်တွေအတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ။ စစ်သည်တွေက ပြောင်းလဲသွားသလိုပဲ။ ပိုပြီး သန်မာလာကြတယ်။ " ရွှီဖုက သတိထားပြီး မေးလိုက်သည်။
" ရွှီဖုက နန်းတော်ထဲ ရောက်ရင် နားလည်ပါလိမ့်မယ်။ " ရန်ရှောင်က ရွှီဖုကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ ရွှီဖုက တကယ်ဘယ်ကို ရောက်နေခဲ့တာလဲ။ ဘာသတင်းမှလည်း မရခဲ့ဘူး။ "
" အရှင်မင်းကြီးက ထာဝရအသက်ရှည်ခြင်းကို တောင့်တတယ်လေ။ ဒါကြောင့် ကျုပ်က ထာဝရအသက်ရှည်ဆေးကို ရှာဖို့ သွားခဲ့တာ။ ဒီနှစ်တွေအတွင်းမှာ ကျုပ်က ပင်လယ်ရပ်ခြားမှာ ရှာဖွေနေခဲ့တာပါ။ " ရွှီဖုက ဂုဏ်ယူစွာ ပြောလိုက်သည်။
ရွှီဖု၏ စကားများကို ကြားပြီးနောက် ရန်ရှောင်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ " ထာဝရအသက်ရှည်ဆေးတဲ့လား။ ဧကရာဇ်မင်းမြတ်ရဲ့ ညွှန်ကြားချက်သာမရှိရင် သူ့ကို ဖမ်းလိုက်တာကြာပြီ။ အိမ်ရှေ့စံမင်းသားကြောင့်သာမဟုတ်ရင် ဧကရာဇ်မင်းမြတ်က အဲ့ဒီအဆိပ်ဆေးတွေကြောင့် ဒုက္ခရောက်နေလောက်ပြီ။ "
" ဒါဆို ရွှီဖုက ထာဝရအသက်ရှည်ဆေးကို ရခဲ့တာလား။ " ရန်ရှောင်က မေးလိုက်သည်။
" ထာဝရအသက်ရှည်ဆေးတော့ ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် သက်တမ်းတိုးပေးနိုင်တဲ့ ဆေးတစ်မျိုးတော့ တွေ့ခဲ့တယ်။ အရှင်မင်းကြီး သောက်လိုက်တာနဲ့ သက်တမ်း နှစ်တစ်ရာ တိုးသွားလိမ့်မယ်။ " ရွှီဖုက ဂုဏ်ယူစွာ ပြောလိုက်သည်။ ထိုသက်တမ်းတိုးဆေးနှင့် သူက ရင်ကျန့်၏ ယုံကြည်မှုကို ရရှိလိမ့်မည်ဟု ယုံကြည်ထားသည်။
" သက်တမ်းနှစ်တစ်ရာတိုးပေးမှာလား။ ရွှီဖုက တကယ်ပဲ ချင်ကို အကျိုးပြုတာပဲ။ " ရန်ရှောင်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ကျုပ် အကောင်းဆုံး ကြိုးစားဆောက်ရွက်မှာပါ။ " ရွှီဖုက ပြောလိုက်သည်။
" ရွှီဖု အခု ရှန်းကျိုးက စည်းလုံးသွားပြီ။ ဟွာရှက တစ်ခုတည်းဖြစ်သွားပြီ။ အရှင်မင်းကြီးမဟုတ်တော့ဘူး။ သူက ချင်ရှီဟွမ် ပထမဆုံး ဧကရာဇ်ဖြစ်သွားပြီ။ ခင်ဗျား ပြန်ရောက်တာတောင် ဒါကို မသိဘူးလား။ " ရန်ရှောင်က ရွှီဖုကို သံသယဖြင့် ကြည့်လိုက်သည်။
" အင်း... တပ်မှူးရန် ကျုပ်ပြန်လာတဲ့အခါ အင်မော်တယ်တွေရဲ့ စွမ်းအားကို သုံးပြီး ရှန်းယန်ကို တိုက်ရိုက်ပို့ပေးခဲ့တာ။ ဒါကြောင့် အခြားနေရာတွေကို မဖြတ်သန်းခဲ့ရဘူး။ " ရွှီဖုက ပြုံး၍ ပြောလိုက်သည်။ ၎င်းက အမှန်သာဖြစ်သည်။ သူက ရှန်းယန်သို့ တိုက်ရိုက်ရောက်လာသောကြောင့် လက်ရှိအခြေအနေကို မသိခဲ့ခြင်းဖြစ်သည်။
" ရွှီဖု အချိန်ကျရင် သိပါလိမ့်မယ်။ " ရန်ရှောင်က ပြုံး၍ ပြောလိုက်သည်။
မကြာမီ နန်းတွင်းကိုယ်ရံတော်များ၏ စောင့်ကြပ်မှုအောက်တွင် ရွှီဖုက နန်းတော်သို့ ရောက်ရှိလာသည်။
" ခင်ဗျား လက်နက်ပါသေးလား။ " ရန်ရှောင်က ခန်းမတံခါးတွင် ရပ်ပြီး ရွှီဖုကို ပြောလိုက်သည်။
ရွှီဖုက လက်နှစ်ဖက်ကို ဆန့်ပြီး ရန်ရှောင်ကို ရှာခွင့်ပြုလိုက်သည်။ ရန်ရှောင်က လက်ဝှေ့ရမ်းလိုက်ပြီး နန်းတွင်းကိုယ်ရံတော်များက ရွှီဖုကို ရှာဖွေလိုက်သည်။ သို့သော် သူတို့က လက်နက်ကို ရှာမတွေ့ခဲ့ပေ။
" သာမန်လူသားတွေ သိုလှောင်ရတနာဆိုတာ ဘာမှန်းတောင်မသိကြဘူး။ " ရွှီဖုက စိတ်ထဲမှ လှောင်ပြောင်းလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ရွှီဖုက ခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ်။ " ရန်ရှောင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထိုအသံကို ကြားလိုက်ရသောအခါ ရင်ကျန့်၏ အမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားသည်။
ထိုအချိန်က ဆေးဖော်စပ်သူများအားလုံးကို ကွပ်မျက်ခဲ့ပြီး ရွှီဖုတစ်ယောက်သာ လွတ်မြောက်ခဲ့သည်။ ရွှီဖုနှင့်ပက်သက်၍ သူက လုံးဝ ယုံကြည်ထားခဲ့သည်။ သူ၏ သားတော်က အဆိပ်ဆေးလုံးများအကြောင်း သတိပေးခြင်းမရှိလျှင် ယခုအချိန်တွင် သူ၏ ရောဂါက ပြင်းထန်နေလောက်ပြီဖြစ်သည်။ ရှန်ထျန်းအဆင့်သို့ ရောက်မှသာ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားနိုင်ခဲ့ပြီး သူက မည်မျှကြာအောင် အဆိပ်သင့်ခဲ့ရသည်ကို သိလိုက်ရသည်။
" သူ့ကို ခေါ်လိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
ခန်းမအပြင်ဘက်တွင် ရွှီဖုက သူ၏ ဝတ်ရုံကို ပြင်ဆင်ပြီး ခေါင်းမော့ရင်ကော့ကာ ခန်းမအတွင်းသို့ လျှောက်ဝင်သွားသည်။
" ဧကရာဇ်မင်းမြတ်ကို ကျွန်တော်မျိုး ရွှီဖု ဂါရဝပြုပါတယ်။ " ရွှီဖုက ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။
ခန်းမထဲမှ အရာရှိအားလုံးက ရွှီဖုကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
" ရှစ်နှစ်တောင်ရှိသွားပြီ။ မင်း ဘယ်တွေရောက်နေတာလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
ရွှီဖုက စိတ်ထဲတွင် တုန်လှုပ်သွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်အတွက် ထာဝရအသက်ရှည်ဆေးကို ရှာဖွေဖို့ သွားခဲ့တာပါ။ "
" ဒါဆို မင်းရှာတွေ့ခဲ့လား။ " ရင်ကျန့်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
" ထာဝရအသက်ရှည်ဆေးက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ ပိုင်ဆိုင်မှုပါ။ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး။ဒါပေမယ့် ကျွန်တော်မျိုး အင်မော်တယ်တစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်မျိုး အချိန်အကြာကြီးတောင်းဆိုခဲ့ပြီးနောက် နောက်ဆုံးမှာ အင်မော်တယ်က ကျွန်တော်မျိုးကို စိတ်ဝိညာဉ်ဆေးတစ်မျိုး ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါက ထာဝရအသက်ရှည်ဆေးမဟုတ်ပေမယ့် သက်တမ်းကို နှစ်တစ်ရာ တိုးပေးနိုင်ပါတယ်။ ဒီနေ့ အဲ့ဒီဆေးကို ဧကရာဇ်မင်းမြတ်ကို ဆက်သပါမယ်။ " ရွှီဖုက လက်ဝါးဖြန့်လိုက်ပြီး သူ၏ လက်ထဲတွင် ကြွေပုလင်းတစ်လုံး ပေါ်လာသည်။
သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းကို ထုတ်ယူပြီးနောက် ရွှီဖုက စိတ်ထဲတွင် ဂုဏ်ယူနေမိသည်။ လေထဲမှ ပစ္စည်းများကို ပေါ်လာစေသည့် ထိုစွမ်းရည်မှာ ခန်းမထဲမှ အရာရှိများအားလုံးကို အံ့ဩသွားစေမည်မှာ သေချာသည်။ သို့သော် ရွှီဖုကို အံ့အားသင့်စေသည်မှာ ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီး သူ့ကို တည်ငြိမ်စွာ ကြည့်နေကြသည်။ သူ၏ သေးငယ်သော လှည့်ကွက်က အရာရှိများကို လုံးဝ မအံ့ဩစေခဲ့သည်။
" ဘာတွေဖြစ်နေတာလဲ။ သူတို့က ဘာလို့နည်းနည်းလေးမှ မအံ့ဩကြတာလဲ။ ဒီလိုပစ္စည်းတွေကို ပေါ်လာစေတာမျိုးက သာမန်လူသားစွမ်းရည်မဟုတ်ဘူးလေ။ "
သို့သော် ရွှီဖု၏ လုပ်ရပ်ကို မြင်ပြီးနောက် ဝန်ကြီးများ၏ အကြည့်က ပို၍ လေးနက်သွားသည်။
" ဒီလူဆီမှာ သိုင်းတာအိုရဲ့ ချီစွမ်းအားမရှိဘူး။ ဒါပေမယ့် ထူးခြားတဲ့ စွမ်းအားတစ်မျိုးရှိနေတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က သွေးဆာတဲ့ အငွေ့အသက်တွေ့ရှိနေတယ်။ "
" သူ့မှာ သိုလှောင်ရတနာ ရှိနေတာပဲ။ သူ့မှာ ရည်ရွယ်ချက်တစ်ခုခုရှိနေတယ်။ "
" ဒီလူက အရင်တုန်းက စိတ်ဝိညာဉ်ဆေးလုံးတွေနဲ့ ဧကရာဇ်မင်းမြတ်ကို လုပ်ကြံဖို့ ရည်ရွယ်ခဲ့တာပဲ။ "
ဝန်ကြီးများက စိတ်ထဲမှ တွေးလိုက်ကြသည်။
" ရင်ကျန့်က ဘာလို့တုန့်ပြန်မှုမရှိတာလဲ။ သက်တမ်းကို နှစ်တစ်ရာတိုးပေးနိုင်တယ်လို့ ငါပြောခဲ့တာကို။ "
ရင်ကျန့်က ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး မည်သည့်တုန့်ပြန်မှုမှမရှိပေ။ ထိုအချက်က ရွှီဖုကို နားမလည်နိုင်ဖြစ်စေသည်။
" ဧကရာဇ်မင်းမြတ် ဒီစိတ်ဝိညာဉ်ဆေးက ဧကရာဇ်မင်းမြတ်ရဲ့ သက်တမ်းကို နှစ်တစ်ရာထိ တိုးပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွန်တော်မျိုးက အင်မော်တယ်ကို ထာဝရအသက်ရှည်ဆေး ချီးမြှင့်ဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ အင်မော်တယ်ကလည်း ဒီကိစ္စကို သဘောတူပါတယ်။ ဒါပေမယ့် အင်မော်တယ်ကို ယောကျာ်းလေးငါးထောင်နဲ့ မိန်းကလေးငါးထောင် ပူဇော်ပေးရပါမယ်။ ဒါဆို အင်မော်တယ်က ဧကရာဇ်မင်းမြတ်ကို ထာဝရအသက်ရှည်ဆေး ချီးမြှင့်မှာဖြစ်ပြီး ဧကရာဇ်မင်းမြတ်က ကမ္ဘာကို ထာဝရအုပ်ချုပ်ခွင့်ရပါလိမ့်မယ်။ " ရွှီဖုက ကျယ်လောင်စွာ ပြောလိုက်သည်။
" အဲ့လိုလား။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ဟုတ် ဟုတ်ပါတယ်။ " ရွှီဖုက စိတ်ထဲမှ အနည်းငယ် စိုးရိမ်သွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့