← Chapters

အခန်း ၅၁၉

Vol. 52 Ch. 519

အခန်း ၅၁၉

Vol. 52 Ch. 519

အခန်း (၅၁၉)

ပလ္လင်ပေါ်တွင် ထိုင်နေသော ရင်ကျန့်၏ မျက်လုံးများထဲတွင် သတ်​ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။

" ဖုန်းအာသာ အဲ့ဒီတုန်းက မပြောခဲ့ရင် ငါသာ ဆေးတွေ ဆက်သောက်နေခဲ့ရင် အာဖုန်းနဲ့လည်း ပြန်တွေ့တော့မှာမဟုတ်သလို ငါတို့မိသားစုကလည်း ပြည့်စုံတော့မှာမဟုတ်ဘူး။ မင်း သေသင့်တယ်။ အဲ့ဒီ အင်မော်တယ်ဆိုတဲ့ကောင်လည်း သေသင့်တယ်။ " ရင်ကျန့်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရွှီဖုကို ကြည့်လိုက်သည်။

ရွှီဖုက စကားများပြောပြီးနောက် မှင်သက်သွားရပြန်သည်။

" မင်း မင်း ဘာမှော်ပညာတွေ သုံးလိုက်တာလဲ။ ဘာ ဘာလို့ ငါ့ကိုငါ မထိန်းချုပ်နိုင်တာလဲ။ " ရွှီဖုက ရင်ကျန့်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူက ရင်ကျန့်၏ ကြောက်စရာကောင်းသော စွမ်းအားကို ကြည့်ပြီး ထိတ်လန့်သွားသည်။ ယခု ချင်နိုင်ငံက သူ လုံးဝစိတ်ကူးမယဉ်နိုင်သော အရာတစ်ခု ဖြစ်နေသည်။

" ရွှီဖု ချင်အင်ပါယာက ဘယ်တော့မှ မပြောလဲနိုင်ဘူးလို့ မင်းထင်နေတာလား။ ထာဝရအသက်ရှည်ခြင်းအတွက် မင်းကို ငါ လိုအပ်နေသေးတယ်လို့ မင်း တကယ်ထင်နေတာလား။ " ရင်ကျန့်က ရွှီဖုကို အေးစက်စွာ ကြည့်ပြီး ရယ်မောလိုက်သည်။

" ငါ ငါ့ရဲ့ နောက်မှာ တကယ် အင်မော်တယ်တစ်ယောက် ရှိနေတာနော်။ ချင်ဘုရင် မင်းသာ ငါ့ကို သတ်ရဲရင် အဲ့ဒီအင်မော်တယ်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ " ရွှီဖုက ထိတ်လန့်တကြား ပြောလိုက်ပြီး အသက်ရှင်ရန် မျှော်လင့်ချက်အားလုံးကို ထိုအင်မော်တယ်အပေါ်တွင် ပုံအောထားလိုက်သည်။

" အင်မော်တယ်.... ဘာကြောက်စရာရှိလဲ။ ချင်အင်ပါယာက ဘာကို ကြောက်စရာလိုသေးလို့လဲ။ မင်းပြောတဲ့ အင်မော်တယ်က အဲ့လောက်စွမ်းအားကြီးနေရင် ရှန်းကျိုးကို ဘာလို့သူကိုယ်တိုင်မလာတာလဲ။ သတ္တိမရှိလို့လား။ ဒါမှမဟုတ် စွမ်းအားမရှိလို့လား။ " ရင်ကျန့်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

၎င်းကို ကြားသောအခါ ရွှီဖုက ထိတ်လန့်သွားသည်။ ရင်ကျန့်က အတော်များများ သိထားသည်ကို သူနားလည်လိုက်သည်။

" လာကြစမ်း။ ရွှီဖုကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ကြစမ်း။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " နန်းတွင်းကိုယ်ရံတော်များက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြပြီး ရွှီဖုဆီသို့ ပြေးသွားကြသည်။

" ငါက အင်မော်တယ်ရဲ့ တမန်တော်ပဲ။ ဘယ်သူငါ့ကို သတ်ရဲလဲ။ " ရွှီဖုက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် အကာအကွယ်တစ်ခု ပေါ်လာသည်။

" ငါ့ရှေ့မှာ ဒူးထောက်စမ်း။ " ရင်ကျန့်က ရွှီဖုကို အေးစက်စွာ အမိန့်ပေးလိုက်သည်။ ဧကရာဇ်ဖိအားတစ်ခုက အင်ပါယာကံကြမ္မာစွမ်းအားနှင့်အတူ ထွက်ပေါ်လာသည်။

" အား...." ရွှီဖုက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများက ချက်ချင်း ပျက်ပြယ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မမြင်ရသော စည်းမျဉ်းတစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ကြမ်းပြင်သို့ ဒူးထောက်ကျသွားသည်။ နန်းတွင်းကိုယ်ရံတော်များက ရွှီဖုကို ကြမ်းပြင်သို့ ဖိကပ်လိုက်ကြသည်။

" သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲကြစမ်း။ သူ့ကို အဆုံးမရှိတဲ့ နာကျင်မှုတွေနဲ့ သေစေရမယ်။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

နန်းတွင်းကိုယ်ရံတော်များက ဓားငယ်များကို ထုတ်ပြီး ရွှီဖုဆီသို့ သွားလိုက်ကြသည်။

" ဧကရညဇ်မင်းမြတ် ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အကုန်လုံးက အင်မော်တယ်ရဲ့ အမိန့်ကြောင့်ပါ။ ကျွန်တော်မျိုးက အတင်းအကျပ် စေခိုင်းခံခဲ့ရတာပါ။ ကျွန်တော်မျိုးအသက်ကို ချမ်းသာပေးပါ။ " ရွှီဖုက ထိတ်လန့်စွာဖြင့် တောင်းပန်လိုက်သည်။

" ရပ်လိုက်။ " ခန်းမအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ နန်းတွင်းကိုယ်ရံတော်များက ချက်ချင်း ရပ်တန့်သွားကြသည်။

ရွှီဖု၏ မျက်နှာတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာပြီး ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့စံဝတ်စုံကို ဝတ်ဆင်ပြီး သရဖူကို ဆောင်းထားသော လူငယ်တစ်ယောက်က ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။

" အိမ်ရှေ့စံမင်းသား တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။ " အရာရှိအားလုံးက လေးစားစွာ ကြည့်လိုက်ကြသည်။

" ကျွန်တော်မျိုးတို့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အရာရှိအားလုံးက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

အမြင့်ဆုံးနေရာတွင် ထိုင်နေသော ရင်ကျန့်က ကျောက်ဖုန်းကို မြင်သောအခါ သူ၏ မျက်နှာပေါ်မှ ဒေါသများက အနည်းငယ် ပြေလျော့သွားသည်။

" အိမ်ရှေ့စံမင်းသားလား။ ဖုစုလည်းမဟုတ်ဘူး။ ငါ အရင်က မြင်ဖူးတဲ့ ချင်ဘုရင်ရဲ့ သားတော်တွေထဲကလည်း မဟုတ်ဘူး။ သူက ဘယ်သူလဲ။ " ရွှီဖုက ကျောက်ဖုန်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။

" ထကြပါ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး ရွှီဖု၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

" ငါမေးတာကို မင်းဖြေရမယ်။ တစ်ခါမှားတာနဲ့ မင်းကို သေတာထက်ဆိုးအောင် လုပ်ပေးမယ်။ " ကျောက်ဖုန်းက ရွှီဖုကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

" ဟုတ် ဟုတ်ကဲ့။ " ရွှီဖုက ခေါင်းညိမ့်လိုက်သည်။

" မင်းပြောနေတဲ့ ဖန်လိုင်အင်မော်တယ်ကျွန်းက ဘယ်နေရာမှာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အဲ့ဒါက ရှန်းကျိုးရဲ့ အရှေ့ဘက် ဝေါကျွန်းလေးကျွန်းရဲ့ အလွန်မှာပါ။ " ရွှီဖုက ချက်ချင်း ပြောလိုက်သည်။

" ဖန်လိုင်ကျွန်းမှာ အင်မော်တယ်ဘယ်နှစ်ယောက်ရှိလဲ။ သူတို့ရဲ့ စွမ်းအားက ဘယ်လောက်လဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။

" တစ်ပါးတည်းပါ။ သူက လူအသားတွေကို စားတယ်။ ကလေးတွေရဲ့ သွေးအဆီအနှစ်ကို ဆေးဖော်စပ်ဖို့ သုံးတယ်။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက အားကောင်းလို့ သူ ရှန်းကျိုးကို မဝင်နိုင်ဘူးလို့ပြောတယ်။ အနာဂတ်မှာ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက တဖြည်းဖြည်း ပျက်စီးသွားလိမ့်မယ်။ အဲ့ဒီနောက် ကောင်းကင်နဲ့ မြေကြီးက ဆက်သွယ်သွားပြီး မြေကြီးအင်မော်တယ်ဘုံနဲ့ ပေါင်းစည်းသွားလိမ့်မယ်လို့ ပြောပါတယ်။ "

" ဒီတစ်ခါ ကျွန်တော်မျိုး ပြန်လာတာက ဧကရာဇ်မင်းမြတ်ကို အဆိပ်ဆေးလုံး ကျွေးဖို့အပြင် ကလေးငယ်တွေကိုပါ ခေါ်ယူဖို့ပဲ။ ရှန်းကျိုးရဲ့ ကလေးတွေက သူ့ရဲ့ ကျင့်ကြံမှုအတွက် အလွန်အသုံးဝင်ပါတယ်။ " ရွှီဖုက ဘာကိုမှ ဖုံးကွယ်ခြင်းမရှိတော့ပေ။ ရင်ကျန့်က သူ့ကို ထိန်းချုပ်နိုင်သည်ကို သိထားသောကြောင့် အားလုံးကို သူ့ဘာသာသူ ထုတ်ပြောလိုက်သည်။

" ရှန်းကျိုးရဲ့ အနောက်ဘက်နယ်မြေတွေက အင်မော်တယ်တွေကြောင့် ပျက်စီးသွားပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အဲ့ အဲ့ဒါတော့ ကျွန်တော်မျိုး မသိပါဘူး။ ဒါ ဒါပေမယ့် အနောက်နယ်မြေက ဗုဒ္ဓဂိုဏ်းရဲ့ နယ်မြေဖြစ်ပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘူးလို့ အင်မော်တယ်က တစ်ခါ ပြောဖူးပါတယ်။ " ရွှီဖုက စိုးရိမ်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ မင်းက အတော်လေး ရိုးသားတာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။

" ခမည်းတော် သားတော် မေးပြီးပါပြီ။ " ကျောက်ဖုန်းက ရင်ကျန့်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

" မင်းမေးပြီးပြီဆိုတော့ ဆက်လုပ်ကြ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုး သိသမျှ အကုန်ပြောပြီးပြီလေ။ ဘာလို့ ကျွန်တော်မျိုးကို သတ်ရမှာလဲ။ " ရွှီဖုက ထိတ်လန့်စွာ ပြောလိုက်သည်။

" မင်းက ငါ့ခမည်းတော်ကို လုပ်ကြံပြီး အင်ပါယာကံကြမ္မာကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့တာလေ။ မင်းမသေသင့်ဘူးလို့ ထင်နေတာလား။ ငါက အရမ်းစိတ်သဘောထားကောင်းတဲ့သူလို့ မင်းထင်နေတာလား။ " ကျောက်ဖုန်းက ပြုံးပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

နန်းတွင်းကိုယ်ရံတော်များက တုန့်ဆိုင်းခြင်းမရှိတော့ဘဲ စတင်လှုပ်ရှားလိုက်ကြသည်။ ခန်းမထဲတွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ သို့သော် ရွှီဖုက မည်မျှရုန်းကန်သည်ဖြစ်စေ လွတ်မြောက်နိုင်စွမ်းမရှိပေ။ အသားများကို လှီးထုတ်နေခြင်းက စိတ်ကူမယဉ်နိုင်လောက်အောင် နာကျင်ပေလိမ့်မည်။

၎င်းကို မြင်သောအခါ အရာရှိများပင် ကျောစိမ့်သွားကြသည်။ ရင်ကျန့်ကတော့ ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေသည်။ ရွှီဖုက အချိန်အတော်ကြာအောင် နာကျင်စွာ အော်ဟစ်နေပြီးနောက် နောက်ဆုံးတွင် အသက်ပျောက်သွားခဲ့သည်။

" သူ့အလောင်းကို ခွေးစာကျွေးလိုက်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " နန်းတွင်းကိုယ်ရံတော်များက အလောင်းကို ရှင်းလင်းလိုက်ကြသည်။

ထို့နောက် ကောင်းကင်တွင် ရွှီဖု၏ ဝိညာဉ်ပေါ်လာသည်။ " ရင်ကျန့် တစ်နေ့ကျရင် အင်မော်တယ်တွေက မင်းရဲ့အသက်ကို နှုတ်ယူကြလိမ့်မယ်။ "

ရွှီဖုက ရင်ကျန့်ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်ပြီး အော်ဟစ်လိုက်သည်။ သို့သော် ရင်ကျန့်၊ ကျောက်ဖုန်းနှင့် အရာရှိများ၏ အကြည့်များက သူ၏ ဝိညာဉ်ပေါ်တွင် ရှိနေသည်။

" မင်းရဲ့ ဝိညာဉ်ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းမရှိဘူးလို့ မင်းထင်နေတာလား။ " ရင်ကျန့်က အေးစက်စွာ လှောင်ရယ်လိုက်သည်။ ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်နှင့် ဧကရာဇ်တံဆိပ်တော်က အင်ပါယာကံကြမ္မာစွမ်းအားများနှင့်အတူ ထွက်ပေါ်လာသည်။

" ရွှီဖုရဲ့ ဝိညာဉ်ကို ချင်အင်ပါယာမှာ ထာဝရဖိနှိပ်ထားလိုက်။ ဘယ်တော့မမှ မလွတ်မြောက်စေနဲ့။ ဒါက ငါ့ရဲ့ အမိန့်တော်ပဲ။ " ရင်ကျန့်၏ အမိန့်အောက်တွင် ဧကရာဇ်တံဆိပ်တော်က ရွေ့လျားသွားပြီး ရွှီဖုကို ဖိနှိပ်လိုက်သည်။

ကောင်းကင်ထက်တွင် ရွှီဖု၏ ဝိညာဉ်က တုန့်ပြန်ရန်ပင် အခွင့်အရေးမရလိုက်ပေ။ သူ၏ ဝိညာဉ်ရ အင်ပါယာကံကြမ္မာစွမ်းအားဖြင့် တိုက်ရိုက်ချုပ်နှောင်ခံရပြီး ခန်းမအတွင်းမှ ပျောက်ကွယ်သွားသည်။ ရင်ကျန့်က အင်ပါယာကံကြမ္မာစွမ်းအားဖြင့် ပေါင်းစပ်ထားပြီး သူ၏ ဝိညာဉ်က နတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သောကြောင့် ဝိညာဉ်များကို မြင်နိုင်စွမ်းရှိသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters