← Chapters

အခန်း ၅၂၀

Vol. 52 Ch. 520

အခန်း ၅၂၀

Vol. 52 Ch. 520

အခန်း (၅၂၀)

" ဖုန်းအာ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ အကျိုးအမြတ်တွေ ရခဲ့လား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

" ရသင့်သလောက်တော့ ရခဲ့ပါတယ်။ သားတော်ရဲ့ စွမ်းအားကလည်း နည်းနည်းတိုးတက်လာပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ရွှီဖုပြောခဲ့တာကို မင်းဘယ်လိုမြင်လဲ။ " ရင်ကျန့်က မေးလိုက်သည်။ သူက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ထိုအင်မော်တယ်ကို အလွန်ဒေါသထွက်နေသည်မှာ ထင်ရှားသည်။

" သူက ခမည်းတော်ကို လုပ်ကြံပြီး ချင်အင်ပါယာကို ဖျက်ဆီးချင်နေတာဆိုတော့ သားတော် သူ့ကို အလွတ်မပေးဘူး။ " ကျောက်ဖုန်း၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

" မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" သားတော် တိုက်ရိုက်သွားကြည့်လိုက်မယ်။ အဲ့ဒီအင်မော်တယ်ဆိုတာကို စိတ်ဝင်စားမိတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ဒါပေမယ့် အဲ့မတိုင်ခင် ကွေ့ကူဆီသွားပြီး ကွေ့ကူကျိကို ဖိတ်ခေါ်ရဦးမယ်။ သူက ရှန်းကျိုးစည်းလုံးသွားရင် ချင်အင်ပါယာကို လာခဲ့မယ်လို့ သူကတိပေးထားတယ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုး လိုက်ခဲ့လို့ရမလား။ " ယွီလျောင်က မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။

" ရတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား။ " ယွီလျောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူပ သတိပြန်ဝင်လာပြီး ရင်ကျန့်နှင့် ကျောက်ဖုန်းတို့ကို ဦးညွှတ်လိုက်သည်။

" ဧကရာဇ်မင်းမြတ် အိမ်ရှေ့စံမင်းသား စစ်သူကြီးလီမုဆီက သတင်းရထားပါတယ်။ တုအန်းနိုင်ငံက အညံ့ခံသွားပါပြီ။ စစ်သူကြီးကျင်းဖုန်းက ဂိုဂူလျောကို ထွက်ပြေးသွားလို့ ချင်စစ်တပ်တွေက ဂိုဂူလျောကို တိုက်ခိုက်ပြီး နယ်စပ်မြို့အချို့ကို သိမ်းပိုက်ထားပါပြီ။ သူတို့ပျက်စီးဖို့ တစ်လနှစ်လပဲ လိုပါတယ်။ "

" ကောင်းတယ်။ ဒီနိုင်ငံနှစ်ခု ပျက်စီးသွားတာနဲ့ သူတို့နိုင်ငံက လူငယ်တွေက ငါတို့ချင်အတွက် အလုပ်လုပ်ရလိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုး ပထမဆုံး စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောကို ရှာတွေ့ပြီးတဲ့နောက် စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားခဲ့ပါတယ်။ အခု ချင်အင်ပါယာအတွင်းမှာ စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြော ၃၈ခုကို ရှာတွေ့ထားပါတယ်။ " ရှောင်ဟီက တင်ပြလိုက်သည်။

" ကောင်းတယ်။ စိတ်ဝိညာဉ်ကျောက်တွင်း ၃၈ ခုကို အင်အားအပြည့် တူးဖော်ဖို့ အမိန့်ပေးလိုက်ပါ။ တူးဖော်ပြီးတာနဲ့ ထျန်းရွှမ်ကြေးမုံကနေတစ်ဆင့် တိုက်ရိုက်ပို့ပေးရမယ်။ ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောတွေ ရှာဖွေတာကို မရပ်နဲ့။ ငါတို့ ချင်နယ်မြေက ကျယ်ပြောတယ်။ ငါ ရှာဖွေရေးကို ကူညီဖို့ အစီအရင်သခင်တွေ စေလွှတ်ထားတာဆိုတော့ သူတို့ရဲ့ အကူအညီနဲ့ ရှာဖွေရတာ ခက်ခဲမှာ မဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ ဒါပေမယ့် အစီအရင်သခင်တွေက ရှာဖွေနေတုန်းမှာ ထူးခြားတာအချို့ကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီစိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောတွေကို တမင်ဖုံးကွယ်ထားသလိုပဲ။ တစ်ခုစီမှာ ဖုံးကွယ်ရေးမှော်အင်းကွက်တွေ ရှိနေပြီး ချင်အင်ပါယာရှာမတွေ့နိုင်အောင် လုပ်ထားသလိုပါပဲ။ " ရှောင်ဟီက စဉ်းစားပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဝန်ကြီးရှောင် အဲ့ဒါကို သိပ်ဂရုစိုက်မနေနဲ့။ အင်အားအပြည့်နဲ့ ဆက်ရှာဖွေပါ။ အခု ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားက တိုးတက်နေပြီဆို့တော့ အဲ့ဒီဖုံးကွယ်ထားတဲ့မှော်အင်းကွက်တွေက တဖြည်းဖြည်း ပျက်ပြယ်သွားပါလိမ့်မယ်။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ရှောင်ဟီက လေးစားစွာ ပြန်ပြောလိုက်သည်။

" ခမည်းတော် ချင်အင်ပါယာက စိတ်ဝိညာဉ်ကျောက်တုံးအများကြီးကို တူးဖော်နေပါပြီ။ သားတော်မှာ အကြံတစ်ခု ရှိပါတယ်။ " ကျောက်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။

" ဖုန်းအာ ပြောပါဦး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထျန်းရွှမ်ကြေးမုံရဲ့ စွမ်းဆောင်မှုရမှတ်တွေနဲ့ ချိတ်ဆက်ပြီး ချင်အရာရှိတွေရဲ့ လစာနဲ့ ပေါင်းစပ်ဖို့ပါပဲ။ အနာဂတ်မှာ အရာရှိတွေရဲ့ လစာကို စွမ်းဆောင်မှုရမှတ်တွေ ပေးမယ်။ အဲ့ဒီအမှတ်တွေကို သုံးပြီး ထျန်းရွှမ်ကြေးမုံထဲက စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်နိုင်မယ်။ " ကျောက်ဖုန်းက အကြံပြုလိုက်သည်။

" အိမ်ရှေ့စံမင်းသားရဲ့ အကြံပြုချက်ကို ဘယ်လိုထင်ကြလဲ။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး မေးလိုက်သည်။

" ကျွန်တော်မျိုးတို့အားလုံး သဘောတူပါတယ်။ " အရာရှိအားလုံးက အော်ဟစ်လိုက်ကြသည်။

ထျန်းရွှမ်ကြေးမုံကို ချင်အင်ပါယာတွင် နှစ်နှစ်နီးပါး ဖြန့်ဝေခဲ့ပြီး စွမ်းဆောင်မှုရမှတ်များ၏ လည်ပတ်မှုကို တိုးချဲ့က ငွေကြေးကိစ္စရပ်များအားလုံးကို ဝန်ကြီးချုပ် လွီပုဝေက စီမံခန့်ခွဲနေသည်။ စွမ်းဆောင်မှုရမှတ်များကို ငွေကြေးနှင့် လဲလှယ်နိုင်သောကြောင့် စွမ်းဆောင်မှုရမှတ်များကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာခဲ့သည်။

" ဒါဆို ဒီနေ့ကစပြီး အရာရှိတွေရဲ့ လစာကို စွမ်းဆောင်မှုရမှတ်တွေနဲ့ပဲ ပေးတော့မယ်။ " ကျောက်ဖုန်းက ကြေညာလိုက်သည်။

" အိမ်ရှေ့စံမင်းသားက အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ခမည်းတော် တုအန်းနဲ့ ဂိုဂူလျောကို သိမ်းပိုက်ပြီးရင် ပိုင်ယွဲ့ကိုလည်း သိမ်းပိုက်သင့်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" သေချာတာပေါ့။ ငါ ဝမ်ပင်းကို စစ်တပ်တွေ စုစည်းဖို့ စေလွှတ်ထားပြီးသားပါ။ ဒါပေမယ့် ပိုင်ယွဲ့က တောရိုင်းနယ်မြေတစ်ခုဖြစ်ပြီး အဆိပ်ငွေ့တွေ ဝန်းရံနေတယ်။ ဝမ်ပင်းက သူ့တပ်ဖွဲ့တွေကို ဘယ်လိုချထားရမလဲဆိုတာ စဉ်းစားနေဆဲပါပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အဆိပ်ငွေ့တွေ ရှင်းဖို့က လွယ်ပါတယ်။ ဆည်မြောင်းတွေ တူးဖော်ပြီး ပိုင်ယွဲ့ကို ရေသွင်းလိုက်ရင် အဆိပ်ငွေ့တွေကို ရှင်းပစ်လို့ရပါတယ်။ အဆိပ်ပိုးမွှားတွေကို ရှင်းလင်းဖို့ ဆေးပညာခန်းမက ပိုးမွှားနှိမ်နင်းဆေးတွေ ထုတ်ပေးလို့ရတယ်။ အခု ချင်အင်ပါယာက သိုင်းတာအိုအင်ပါယာဖြစ်သွားပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စစ်သေနာပတိချုပ်တို့ နားလည်တယ်မဟုတ်လား။ " ရင်ကျန့်က မေးလိုက်သည်။

" နားလည်ပါတယ်။ " စစ်သေနာပတိချုပ်များက ချက်ချင်း ပြန်ပြောလိုက်ကြသည်။

" ကောင်းပြီ။ ဝန်ကြီးတို့ ဆက်ပြီး ဆွေးနွေးကြပါ။ ဒီနေ့ ညီလာခံမှာ ငါက တာဝန်တစ်ခုပဲ ပေးအပ်ချင်တယ်။ စစ်တပ်အင်အားကို တိုးချဲ့ပြီး ရိက္ခာတွေကို အင်အားအပြည့် စုဆောင်းပါ။ ငါပြန်ရောက်ရင် ချင်အင်ပါယာကို အင်အားအပြည့်နဲ့ ချဲ့ထွင်မယ်။ ရှန်းကျိုးအပြင်ဘက်က ကမ္ဘာကြီးကို တစ်ချက်လောက် ကြည့်ချင်သေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " အရာရှိအားလုံးက စိတ်အားထက်သန်စွာ ပြောလိုက်ကြသည်။

" ရှောက်ဖူ ငါနဲ့အတူ ကွေ့ကူကို လိုက်ခဲ့ရမယ်။ " ကျောက်ဖုန်းက ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုး ရထားလုံး ပြင်လိုက်ပါမယ်။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ရထားလုံးမလိုဘူး။ " ကျောက်ဖုန်းက ပြုံး၍ ယွီလျောင်ဆီသို့ လျှောက်သွားသည်။ ထို့နောက် သူက လက်ဝှေ့ရမ်းလိုက်ပြီး တည်​ငြိမ်နေသော ဟင်းလင်းပြင်က မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားသည်။ ကျောက်ဖုန်းက ယွီလျောင်၏ ပခုံးကို ကိုင်ပြီး ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

အရာရှိအားလုံးက ကျောက်ဖုန်း၏ နည်းလမ်းကို ကြည့်ပြီး မှင်သက်သွားကြသည်။ ရင်ကျန့်ကတော့ ပလ္လင်ပေါ်တွင် ထိုင်ပြီး ကျေနပ်စွာ ပြုံးနေသည်။

ကွေ့ကူ။

တောင်ထိပ်ပေါ်တွင် ထိုင်နေသော ကွေ့ကူကျိက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ဟင်လင်းပြင်က ကွဲကြေသွားပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်ကို မြင်သောအခါ ကွေ့ကူကျိက ပြုံးလိုက်သည်။

" နောက်ဆုံးတော့ ရောက်လာပြီပေါ့။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။

" အကြီးအကဲ မတွေ့တာကြာပြီ။ " ကျောက်ဖုန်းက ပြုံး၍ ဂါရဝပြုလိုက်သည်။

" တပည့် ဆရာကို ဂါရဝပြုပါတယ်။ " ယွီလျောင်က ဒူးထောက်ပြီး ကွေ့ကူကျိကို ဦးညွှတ်လိုက်သည်။

" အို့..." ကွေ့ကူကျိက ယွီလျောင်ကို ကြည့်ပြီး အံ့ဩသွားသည်။

" မင်းဆီမှာ ဘာလို့ ဒီလောက်အားကောင်းတဲ့ ကံကြမ္မာစွမ်းအားတွေ ရှိနေတာလဲ။ ပြီးတော့ ကံကြမ္မာစွမ်းအားက မင်းရဲ့ ခန္ဓာကိုယ်နဲ့ လုူံဝ ပေါင်းစပ်နေတဲ့ပုံပဲ။ " ကွေ့ကူကျိက အံ့ဩစွာ မေးလိုက်သည်။

" ဆရာ ဒါက အိမ်ရှေ့စံမင်းသား ချီးမြှင့်ထားတဲ့ အရာရှိတာဝန်ပုံဖော်ခြင်းကျင့်စဉ်ပါ။ ချင်အင်ပါယာက အရာရှိအားလုံးက ဒီကျင့်စဉ်ကို ကျင့်နိုင်ကြပါတယ်။ အင်ပါယာကံကြမ္မာစွမ်းအားကို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီး နတ်ဝိညာဉ်ကို သန့်စင်တာပါ။ အင်ပါယာကံကြမ္မာစွမ်းအားရဲ့ ကာကွယ်မှုကို ရရှိပြီး ရန်သူတွေကို တိုက်ခိုက်နိုင်ပါတယ်။ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ရင် သေသွားရင်တောင် အင်ပါယာကံကြမ္မာထဲမှာ ပြန်လည်ရှင်သန်နိုင်ပါတယ်။ " ယွီလျောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

" အင်ပါယာနဲ့အတူ တည်ရှိပြီး အင်ပါယာကံကြမ္မာနဲ့ ပြန်လည်ရှင်သန်နိုင်တယ်။ " ကွေ့ကူကျိက အံ့ဩသွားပြန်သည်။ " ဒါတို ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ တူနေမှာပေါ့။ "

" မှန်ပါတယ်။ ချင်အင်ပါယာရဲ့ ကံကြမ္မာသာ ပိုပြီး မြင့်မားလာရင် အရာရှိတွေက ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ တူလာလိမ့်မယ်။ နတ်ဘုရားတွေက သေသွားရင်တောင် နတ်အဖြစ်ခန့်အပ်ခြင်းနဲ့ ပြန်ရှင်သန်နိုင်ကြတယ်။ ဒါပေမယ့် ချင်အင်ပါယာရဲ့ ကံကြမ္မာက ပိုပြီး လိုလျောညီထွေရှိတယ်။ နတ်အဖြစ်ခန့်အပ်ခံထားရတဲ့ နတ်ဘုရားတွေက သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ခက်ခဲပေမယ့် ချင်အင်ပါယာက အရာရှိတွေကတော့ အင်ပါယာတိုးတက်လာရင် သူတို့လည်း ပိုသန်မာလာကြလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

အရာရှိများက ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် အင်ပါယာနှင့် ပေါင်းစည်းသွားမည်ဖြစ်သည်။ အင်ပါယာပျက်စီးသွားလျှင် သူတို့လည်း သေဆုံးရပေလိမ့်မည်။ အင်ပါယာကံကြမ္မာက သူတို့ကို စွမ်းအားနှင့် သက်တမ်းကို ပေးထားသကဲ့သို့ သူတို့ကလည်း အသက်ကို ပြန်လည်ပေးအပ်ထားရမည်ဖြစ်သည်။

All Chapters