← Chapters

အခန်း ၄၉၄

Vol. 50 Ch. 494

အခန်း ၄၉၄

Vol. 50 Ch. 494

အခန်း (၄၉၄)

မိစ္ဆာကမ္ဘာ။

အမျိုးသားတစ်ဦးသည် တောင်တန်းတောအုပ်များကြားတွင် လျှောက်လှမ်းနေလေ၏။

သူက ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားရာ ဂျန်ဟိုလောကထဲ လှည့်လည်သွားလာနေသော သိုင်းပညာရှင် ပညာတတ်တစ်ဦးနှင့် တူနေပေသည်။

ဤဝတ်စားဆင်ယင်မှုမျိုးက အနန္တဓမ္မလောက၌ဆိုလျှင် အလွန်တရာ သာမန်ရိုးကျဖြစ်နေမည်သာတည်း။

သို့သော်ငြား မိစ္ဆာကမ္ဘာအတွင်း၌မူ ဤဝတ်စုံက မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်ဝင်များအတွက်တော့ လုံးဝကို မျက်စိကျစရာ ဖြစ်နေခဲ့ချေပြီ။

ထိုအမျိုးသား၏အနောက်တွင်တော့ နန်းတွင်းဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးက ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

သူမ၏ လက်နှစ်ဖက်ကို အရှေ့တွင် ယှက်ထားပြီး စကတ်အောက်မှ သူမ၏ ခြေတံလေးများက ကျက်သရေရှိစွာ လှုပ်ရှားနေလေ၏။ သူမ၏ မျက်ဝန်းများက ဘေးနားရှိ ခင်ပွန်းဖြစ်သူကို မကြာခဏ လှမ်းကြည့်နေတတ်ပြီး သူ ရေဆာနေမလား၊ ပင်ပန်းနေမလားဆိုသည်ကို အမြဲတစေ စိုးရိမ်ပူပန်နေသည့်အလားပင်။

သူတို့ရှေ့ရှိ တောင်ထွတ်တစ်ခုထက်တွင် ပြင်းထန်လှသော မိစ္ဆာချီများက လေထုထဲ၌ ပျံ့နှံ့နေပေသည်။

ဤမိစ္ဆာချီများသည် ရုပ်လုံးရုပ်ထည်အဖြစ်သို့ပင် ပြောင်းလဲနေခဲ့ပြီး ကောင်းကင်ယံထက်တွင် သိပ်သည်းမည်းမှောင်သော တိမ်တိုက်ကြီးတစ်ခုအဖြစ် စုဖွဲ့နေခဲ့လေတော့သည်။

"ယောကျ်ား၊ ကျွန်မတို့ တကယ်ပဲ အနန္တဓမ္မလောကကို ပြန်ကြတော့မလို့လား"

ဝမ်ယွဲ့အမည်ရသော အမျိုးသမီးက သူမ၏ခင်ပွန်းကို မေးလိုက်၏။

ဝမ်ယွဲ့ဆိုသည်မှာ သူမ၏ မူလအမည်ရင်းတော့ မဟုတ်ပေ။

ယုန်မိစ္ဆာမလေးတစ်ကောင်အနေဖြင့် သူမ ပထမဆုံး ဝိညာဉ်အသိဉာဏ်ပွင့်လာချိန်တွင် သူမကိုယ်သူမ ရှောင်ယွဲ့ဟူ၍ အမည်ပေးခဲ့သည်။

နောင်အခါ ရှောင်ယွဲ့သည် ထိုအမျိုးသားနောက်သို့လိုက်ကာ အနန္တဓမ္မလောကသို့ ရောက်ရှိလာခဲ့၏။ လျှို့ဝှက်အမည်အဖြစ် ဟန်ဆောင်ပြီးနောက် သူမ၏နာမည်ကို မင်ချာဟူ၍ ပြောင်းလဲခဲ့လေသည်။

အချိန်တွေကြာလာသည်နှင့်အမျှ ထိုအမျိုးသားက ပိုပို၍ အစွမ်းထက်လာခဲ့ရာ ရှောင်ယွဲ့မှာ သူမ၏ခင်ပွန်းနောက် လိုက်ပါရခြင်းအတွက် များစွာစိုးရိမ်ပူပန်စရာ မလိုတော့သဖြင့် သူမ၏ မူလအမည်ကိုသာ ပြန်ပြောင်းချင်ခဲ့ပေသည်။

သို့သော် သူမ၌ မူလကတည်းက မျိုးရိုးအမည် မရှိခဲ့ချေ။

ထို့ကြောင့် သူမ၏ အမည်ဖြစ်သော ယွဲ့ ဟူသည့် စာလုံးကို ခွဲခြမ်းလိုက်လေ၏။

စာလုံး၏ ဘယ်ဘက်ခြမ်းကို သူမ၏ မျိုးရိုးအမည်အဖြစ်ထားကာ ညာဘက်ခြမ်းကိုတော့ သူမ၏ နာမည်အဖြစ် သတ်မှတ်လိုက်သည်။

ထိုအချိန်မှစ၍ သူမ၏အမည်ကို ဝမ်ယွဲ့ဟူ၍ အတည်ပြုလိုက်လေတော့သည်။

"အနန္တဓမ္မလောကကို ပြန်ရမယ့်အချိန် ရောက်ပြီလေ" လော့ယန်အမည်ရသော အမျိုးသားက ပြန်ဖြေလိုက်၏။

"..." ဝမ်ယွဲ့က ခေါင်းကို ပြန်ငုံ့သွားကာ သူမ၏စိတ်ထဲတွင် တစ်ခုခုကို တွေးတောနေဟန် ရှိပေသည်။

လော့ယန်က ပြုံးလိုက်ပြီး သူ၏ဇနီးဖြစ်သူ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ "အနန္တဓမ္မလောကအပေါ် မင်းရဲ့ အမြင်မကောင်းဘူးဆိုတာ ကိုယ်သိပါတယ်။ ဒါကြောင့် ယွဲ့အာ၊ မင်းသာ မိစ္ဆာကမ္ဘာထဲမှာ ကျန်ခဲ့ချင်တယ်ဆိုရင်လည်း ကိုယ့်ဘက်က ကန့်ကွက်စရာ မရှိပါဘူး။ ကိုယ့်ကိစ္စတွေ ပြီးတာနဲ့ မင်းဆီကို သဘာဝကျကျ ပြန်လာခဲ့မှာပါ"

ခင်ပွန်းဖြစ်သူ၏ စကားများကို ကြားလိုက်ရချိန်တွင် ဝမ်ယွဲ့က ခေါင်းယမ်းလိုက်ပြီး "ကျွန်မ ယောကျ်ားဘေးနားမှာပဲ နေချင်တယ်။ ရှင်ဘယ်သွားသွား ကျွန်မ လိုက်မှာပဲ" ဟု လေးနက်စွာ ပြောလိုက်လေသည်။

"ကောင်းပြီလေ" လော့ယန်က ပြုံးလိုက်၏။ "စိတ်ချပါ၊ လောလောဆယ်တော့ ငါတို့ အနန္တဓမ္မလောကကို ပြန်လာမှန်း တခြားသူတွေ သိသွားရင်တောင် ငါတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး"

"ယောကျ်ား ကျွန်မဘေးမှာရှိနေမှတော့ ကျွန်မက သဘာဝကျကျ စိတ်အေးရတာပေါ့။ ဒါ့အပြင် သခင်လေးရှောင်ကို မတွေ့ရတာ တကယ်ကို ကြာလှပြီပဲ" ဝမ်ယွဲ့က ပြုံးလျက် ပြောလိုက်သည်။ "ဒီရက်ပိုင်း သခင်လေးရှောင် ဘယ်လိုများ နေနေမလဲ မသိဘူးနော်"

"ဂိုဏ်းတူညီလေးက ငါတို့နှစ်ယောက်ကို မှတ်မိဖို့တောင် မလွယ်လောက်ဘူး။ သူ ဘယ်လိုနေနေလဲဆိုတာနဲ့ ပတ်သက်ပြီးတော့က သိပ်တော့ဆိုးမှာ မဟုတ်ပေမဲ့ အရမ်းကြီးလည်း ကောင်းနေမှာ မဟုတ်လောက်ဘူး"

လော့ယန်က ခံစားချက်များ ပြည့်နှက်နေသော လေသံဖြင့် ညင်သာစွာ သက်ပြင်းချလိုက်လေ၏။

သခင်မလေးဘိုင်တစ်ယောက် ရှောင်မို၏ ပြန်လည်ဝင်စားလာသူကို ရှာတွေ့သွားပြီဖြစ်ကြောင်း သူ သိထားပေသည်။

သို့သော် နှစ်များစွာကြာလာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာပြီး လျှို့ဝှက်ချက်များ ပိုမိုသိရှိလာရသောအခါ သူ၏ဂိုဏ်းတူညီလေး ပြန်လည်ဝင်စားလာသည့် ဘဝတိုင်းက မည်သည့်အခါမျှ ရိုးရှင်းမနေခဲ့ကြောင်းကို သူ နားလည်သဘောပေါက်လာခဲ့ချေပြီ။

သူ၏ ဂိုဏ်းတူညီလေး တစ်စစီ ခွဲဝေယူခံရခြင်းမျိုး မဖြစ်ပါစေရန်သာ လော့ယန် မျှော်လင့်မိတော့သည်။

ထို့အပြင် ဤတစ်ခေါက် ပြန်သွားရသည့်ခရီးစဉ်တွင် သူ၏ ဂိုဏ်းတူညီမလေးကိုလည်း တွေ့ဆုံရန် လိုအပ်နေသေး၏။

ဤနှစ်ထောင်ပေါင်းများစွာ ကာလအတွင်း လူမရေမတွက်နိုင်အောင် သူမကို ပိုးပန်းခဲ့ကြသော်လည်း သူမက လုံးဝကို စိတ်မလှုပ်ရှားခဲ့ပေ။

ယခုအချိန်၌ သူမသည် သမင်ဖြူကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်နေခဲ့ပြီဖြစ်သော်လည်း မည်သည့်အခါမျှ အိမ်ထောင်မပြုခဲ့ချေ။

လော့ယန်က ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သူ၏ ဂိုဏ်းတူညီမလေးမှာ ခံစားချက်နဲ့ တပ်မက်မှု ကင်းမဲ့နေတဲ့ပုံ ပေါက်နေသော်လည်း အမှန်တကယ်တွင်မူ သူမ၏ နှလုံးသားထဲ၌ တစ်စုံတစ်ယောက်က နေရာယူထားပြီးသား ဖြစ်နေသောကြောင့်ပင်။

သို့သော် သူမ နှလုံးသားထဲက ထိုလူသားကတော့...

"ဟူး... ထားလိုက်ပါတော့၊ ငါ ထပ်မတွေးတော့ဘူး"

လော့ယန်က ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး အခြားကိစ္စများကို ဆက်မတွေးတော့ပေ။

အချစ်ရေးကိစ္စများမှာ ရှုပ်ထွေးပွေလီလွန်းလှရာ ကာယကံရှင်များ၏ ကံကြမ္မာအပေါ်မှာသာ ပုံချထားလိုက်ရန်မှလွဲ၍ တတ်နိုင်မည် မဟုတ်ချေ။

သတိမထားမိလိုက်ခင်မှာပင် လော့ယန်သည် မိစ္ဆာချီများ အသိပ်သည်းဆုံးဖြစ်နေသော တောင်ခြေသို့ ရောက်ရှိလာခဲ့လေပြီ။

ဤတောင်ကို လျိုပေါ်တောင်ကြီးဟု ခေါ်ဆိုကြပေသည်။

"ရွှား"

နွားတစ်ကောင်၏ မြည်ဟိန်းသံကဲ့သို့ ဟိန်းဟောက်သံကြီးက တိမ်တိုက်များကြားထဲ ပဲ့တင်ထပ်သွားရာ မြေပြင်ကြီးပင် တုန်ခါသွားရပြီး သားရဲဆိုးကြီးများမှာလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။

"ကိုယ့်နောက်မှာ ရပ်နေ" လော့ယန်က ဝမ်ယွဲ့အား ပြောလိုက်၏။

ဝမ်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ခင်ပွန်းဖြစ်သူအတွက် ပြဿနာမရှာချင်သဖြင့် သူ၏နောက်သို့ ဆုတ်လိုက်လေသည်။

နောက်တစ်ခဏတွင် ထိုမိစ္ဆာသားရဲကြီး၏ အရွယ်အစားက တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် တောင်တစ်လုံးစာလောက် ဧရာမအရွယ်အစားကြီး ဖြစ်လာခဲ့ချေပြီ။

ဤသားရဲဆိုးကြီး၏ ပုံသဏ္ဍာန်မှာ နွားတစ်ကောင်နှင့်တူပြီး မီးခိုးရောင် ကိုယ်ထည်ရှိကာ ဦးချိုများမပါရှိဘဲ ခြေတစ်ဖက်တည်းသာ ရှိလေသည်။

မဟာဖုန်းဆိုးလောက ကျမ်းစာ အရှေ့ပိုင်းတွင် တစ်ခါက ဤသို့မှတ်တမ်းတင်ထားခဲ့ဖူး၏။

"အရှေ့ဘက်ပင်လယ်ပြင်တွင် လျိုပေါ်တောင် တည်ရှိပြီး ပင်လယ်တွင်းသို့ လီခုနစ်ထောင်ခန့် ဝင်ရောက်ရပေသည်။ ထိုတောင်ပေါ်တွင် နွားနှင့်တူသော ပုံသဏ္ဍာန်ရှိသည့် သားရဲတစ်ကောင် နေထိုင်လေ၏။ ၎င်း၌ မီးခိုးရောင်ကိုယ်ထည်၊ ဦးချိုများကင်းမဲ့ပြီး ခြေတစ်ဖက်တည်းသာ ရှိလေသည်။ ၎င်း ရေထဲမှ ထွက်ပေါ်လာချိန်တွင် လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းတတ်၏။ ၎င်း၏ အလင်းရောင်သည် နေနှင့်လပမာ တောက်ပပြီး ၎င်း၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လေသည်။ ၎င်း၏ အမည်နာမကိုတော့ ခွေဟု ခေါ်ဆိုကြပေသည်"

ဒဏ္ဍာရီများအရ ခွေသားရဲများမှာ ကောင်းကင်နှင့် မြေကြီး ဖြစ်တည်လာကတည်းက အတူတကွ ရှိနေခဲ့ကြပြီး လောကတွင် သုံးကောင်တည်းသာ ရှိသည်ဟု ဆိုကြပေသည်။

ရှေးဟောင်းနတ်ဘုရားများ ခေတ်ကာလမှ ဒဏ္ဍာရီတစ်ခုလည်း ရှိသေး၏။ လူသားမျိုးနွယ်၏ ဓားမသေမျိုးတစ်ပါးသည် ကောင်းကင်နတ်ဘုရားများကို ဆန့်ကျင်သည့် နောက်ဆုံးတိုက်ပွဲကြီးကို ဦးဆောင်ခဲ့စဉ်က သူသည် ခွေသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ၎င်း၏ အရေခွံကို စည်ဗုံအဖြစ် အသုံးပြုကာ မိုးကြိုးသားရဲ၏ အရိုးများကို စည်တီးတုတ်များအဖြစ် အသုံးပြုခဲ့ဖူးလေသည်။

တစ်ချက်တီးလိုက်ရုံဖြင့် လီငါးသောင်းခန့် တုန်ခါသွားစေပြီး ဆက်တိုက်တီးခတ်လိုက်ပါက လီပေါင်း သန်းသုံးဆယ့်ရှစ်သန်းအထိ တုန်ခါသွားစေနိုင်ပေသည်။

ထိုစည်သံက လူသားမျိုးနွယ် စစ်သည်တော်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် တက်ကြွစေခဲ့ပြီး လူတိုင်းကို သေခြင်းတရားအား အိမ်ပြန်ခြင်းပမာ သဘောထားလာစေခဲ့လေတော့သည်။

ဤမိစ္ဆာကမ္ဘာထဲရှိ ခွေသားရဲကြီးမှာ သဘာဝကျကျပင် ကောင်းကင်၊ မြေကြီးတို့နှင့်အတူ တည်ရှိခဲ့သော သားရဲသုံးကောင်အနက်မှ တစ်ကောင်တော့ မဟုတ်ခဲ့ချေ။ ယင်းအစား ၎င်းမှာ စဉ်ဆက်မပြတ် ကျင့်ကြံကာ ၎င်း၏သွေးဆက်နွယ်မှုစွမ်းအားကို သန့်စင်ခဲ့ပြီးနောက် ဘိုးဘေးအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း လက္ခဏာများ ပြသလာခဲ့သော နွားစိမ်းကြီးတစ်ကောင်သာ ဖြစ်လေသည်။ ယခုအခါတွင်မူ ၎င်းသည် ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းရှိ မဟာမိစ္ဆာကြီးတစ်ကောင် ဖြစ်နေချေပြီ။

"စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူသား ငါ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်း သိရဲ့လား"

ခွေသားရဲကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ကျောက်စိမ်းသန့်စင်ခြင်းအဆင့် မိစ္ဆာချီများက လော့ယန်အပေါ်သို့ တောင်တစ်လုံးပမာ ဖိချလာလေတော့သည်။

"ဒီလျိုပေါ်တောင်ကို ကျုပ်လာခဲ့တာက အရှင်မင်းမြတ်ဆီကနေ ပစ္စည်းတစ်ခု တောင်းဆိုချင်ရုံ သက်သက်ပါပဲ" လော့ယန်က အလွန်တရာ ယဉ်ကျေးပုံရသော လေသံဖြင့် ပြောလိုက်လေ၏။

"ငါ့ဆီကနေ ပစ္စည်းတစ်ခု တောင်းချင်တာ ဟုတ်လား။ ဟားဟားဟားဟား" ဤစကားကို ကြားလိုက်ရသောအခါ ခွေသားရဲကြီးမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေလောက်သည့် အသံကြီးဖြင့် အော်ဟစ်ရယ်မောလိုက်လေသည်။ "စိတ်ဝင်စားစရာပဲ လူသား ပြောစမ်းပါဦး ဘာပစ္စည်းလဲဆိုတာ"

လော့ယန်က လက်ယှက်၍ အရိုအသေပေးလိုက်၏။ "ကျုပ်က မိတ်ဆွေတစ်ယောက်အတွက် တွေ့ဆုံခြင်းလက်ဆောင်အဖြစ် ဝတ်ရုံတစ်ထည် ချုပ်လုပ်ဖို့ အရှင်မင်းမြတ်ရဲ့ အရေခွံကို လိုချင်ပါတယ်။ ပြီးတော့ သေရည်တစ်အိုး ဖော်စပ်ဖို့ အရှင်မင်းမြတ်ရဲ့ မိစ္ဆာအမြူတေကို တောင်းဆိုချင်ပါတယ်"

"ဟ သောက်ရမ်းရဲတင်းလှချည်လား ဒါဆိုလည်း မင်းလိုလူသားတစ်ယောက်က အဲဒါတွေကို ယူနိုင်လောက်အောင် အသက်ရှင်နိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

ဤစကားကို ကြားလိုက်ရချိန်တွင် ခွေသားရဲကြီးမှာ ဒေါသတကြီးဖြင့် လော့ယန်ဆီသို့ ၎င်း၏ခေါင်းကြီးကို အောက်စိုက်၍ အတင်းဝင်တိုက်လာလေတော့သည်။

လော့ယန်က တောင်တစ်လုံးပမာ ကြီးမားလှသော ခေါင်းကြီးကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏ ဓားရှည်ကို တစ်ဝက်ခန့်သာ ဆွဲထုတ်လိုက်လေရာ ဓားချီများက လီတစ်သောင်းအထိတိုင်အောင် လွင့်မျောသွားလေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လော့ယန်သည် တောင်တန်းများကြားမှ လျှောက်ထွက်လာခဲ့သည်။

လော့ယန်၏ သိုလှောင်အိတ်ထဲတွင်တော့ ယခုအခါ ခွေသားရဲကြီး၏ ကျောဘက်မှ အကောင်းမွန်ဆုံး အရေခွံတစ်စနှင့် မိစ္ဆာအမြူတေတစ်ခု ရှိနေခဲ့ချေပြီ။

လော့ယန်တစ်ယောက် သူ၏ဇနီးဖြစ်သူကိုခေါ်၍ အနန္တဓမ္မလောကဆီသို့ ဦးတည်သွားနေစဉ်မှာပင်...

မြေခွေးမျိုးနွယ် အမျိုးသမီးတစ်ဦးက လော့ယန်ရှေ့တွင် ပေါ်လာပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်လေ၏။

"အမြီးကိုးချောင်း မြေခွေးတိုင်းပြည်ရဲ့ အစေခံ... ခယ်ချင်းက ဘုရင်မကြီးရဲ့ အမိန့်တော်အရ သခင်လေးလော့ကို ဂါရဝပြုပါတယ်ရှင်"

ခယ်ချင်းအမည်ရသော အစေခံမလေးက အရိုအသေပေးလိုက်ပေသည်။

"အမြီးကိုးချောင်း မြေခွေးတိုင်းပြည် ဟုတ်လား" လော့ယန်က သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်လိုက်၏။ "မင်းတို့ တိုင်းပြည်ရဲ့ အရှင်သခင်မက ငါ့ကို ဘာများ ညွှန်ကြားစရာ ရှိလို့ပါလိမ့်"

"ညွှန်ကြားချက်လို့တော့ မခေါ်ဝံ့ပါဘူးရှင်"

ခယ်ချင်းက ခေါင်းယမ်းလိုက်သည်။

"ကျွန်မရဲ့ သခင်မက သခင်လေးလော့ အနန္တဓမ္မလောကကို ပြန်တော့မယ်လို့ ကြားလိုက်လို့ပါ။ သခင်လေးလော့က အမြီးကိုးချောင်း မြေခွေးတိုင်းပြည်အပေါ် ကျေးဇူးကြွေးလေးတစ်ခု တင်နေတာဆိုတော့ သခင်လေးကို ကိစ္စသေးသေးလေးတစ်ခု ကူညီပေးဖို့ ဘုရင်မကြီးက အလိုရှိနေပါတယ်"

လော့ယန်က မျက်မှောင်ကြုတ်သွား၏။ "ပြောပါ မိန်းကလေး။ ငါ့စွမ်းဆောင်နိုင်စွမ်းထဲမှာ ရှိနေမယ်ဆိုရင်တော့ သေချာပေါက် ငြင်းမှာမဟုတ်ပါဘူး"

"သခင်လေးလော့ သေချာပေါက် လုပ်နိုင်မှာပါ"

ခယ်ချင်းက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ ဝတ်ရုံထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

"ဒါက ဘုရင်မကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာတစ်စောင်ပါ။"

"သခင်လေးလော့က ဒီစာကို ကျိုးတိုင်းပြည်ရဲ့ ဧကရာဇ် ရှောင်မိုဆီ ပို့ပေးပါရှင်"

All Chapters