အခန်း (၁၂၇၃-၁၂၇၄)
Vol. 107 Ch. 1273-1274
အခန်း ၁၂၇၃ -
ကြယ်တာရာများ ဝန်းရံထားသောလမင်း။
ယုဝမ်ချီတစ်ယောက် မျက်ခုံးပင့် လိုက်သည်။ ထိုစီနီယာသည် သူ့အမွေအပေါ် တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းခွဲခြားသိမြင်၏။ စိတ်ဝင်စားစရာပေပင်။
“ သူ့ကိုကိုင်တွယ်ဖို့ ဘယ်လောက်ကြာမလဲ။ ”
မျောက်ဝံအိုကြီးမှ မေးလာသည်။ စုရီတစ်ယောက် မျက်လုံးများ မှေးစင်းလျက်၊
“ သူ့ရဲ့ ဟာကွက်ကို ငါတွေ့နိုင်ရင် ဓားတစ်ချက်ပဲလိုတယ်။ ”
-ဟု ဖြေကြားလိုက်သည်။
“ တကယ်တော့ ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းရဲ့အမွေက သာမန်ဓား တာအိုအမွေတွေထက် သာလွန်တယ် ... မင်း သတိထားရမယ် ... အကယ်၍ ရှုံးသွားရင် ရှက်စရာဖြစ်လိမ့်မယ်။ ”
မျောက်ဝံအိုကြီးမှ ပြုံးလျက် ပြောကြားလာသည်။ ဤစကားများကြောင့် လူအုပ်ကြီးမှာ စိတ်အားတက်ကြွလာ၏။
ထိုစီနီယာသည် ယုဝမ်ချီ၏ခွန်အားကို တွန်ဆုတ်နေပြီး ရှန့်မူအတွက်စိုးရိမ်ပူပန်နေခြင်း ဖြစ်ကြောင်း ထင်မှတ်လာခဲ့သည်။
သို့သော် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်အစစ်အမှန်ကိုမူ စုရီတစ်ဦးတည်းသာ နားလည်ထားသဖြင့် ခပ်ဖွဖွ ပြုံးမိလိုက်သည်။
ဆိုလိုသည်မှာ မိမိကိုယ်တိုင် ဖန်တီးခဲ့သည့် ဓားနည်းစနစ်နှင့် ပြန်လည်အနိုင်ယူခြင်းခံရပါက အမှန်ပင် ရှက်စရာကောင်းလွန်းကြောင်း ဆိုလိုခြင်းပေပင်။
ထိုအချိန်တွင် အရှိန်အဝါများကို အချိန်အတော်ကြာအောင် စုစည်းထားခဲ့သော ယုဝမ်ချီက ရုတ်တရက် လှုပ်ရှားလာ၏။
ညာဘက်လက်ကို အလျားလိုက် မြှောက်လျက်ဖြင့်၊
“ အသက်ဝင် ... ။ ”
-ဟု အော်ဟစ်လိုက်လေသည်။
ကောင်းကင်ကြီး တုန်ခါလျက် မရေမတွက်နိုင်သော ကြယ်တာရာများ ချက်ချင်းထင်ဟပ်လာသည်။
မရေမတွက်နိုင်သော ဓားစွမ်းအင်များမှာ ထိုကြယ်များဆီမှ မြူခိုးများပမာကျဆင်းလာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
နေရောင်ခြည်နှင့် ကြယ်ရောင်စုံတို့ ရောယှက်ကာ စွမ်းအင်အဖြစ်ပြောင်းလဲလျက် မိုးရေစက်များ သဲသဲမဲမဲ ရွာသွန်းလာသည်။
မျောက်ဝံအိုကြီးမှ မျက်ခုံးတစ်ဖက် ပင့်လျက်ဖြင့် ခပ်လှမ်းလှမ်းသို့ ထပ်မံဆုတ်ခွာ တော့၏။ ဤသည်မှာ ဓားတာအိုအာကာသ ပေပင်။
လောကကြီးတစ်ခုလုံး သီးခြားကမ္ဘာတစ်ခုဖြစ်လာပြီး မည်သူမဆို ကျူးကျော်ဝင်ရောက်လာပါက ဓားဖြင့် သတ်ခြင်းခံရပေမည်။
နတ်ဘုရားနှင့် ဗုဒ္ဓပင် ချွင်းချက်မရှိချေ။ လူတိုင်းထပ်မံ ဆုတ်ခွာလိုက်၏။ စုရီသာလျှင် တည်ငြိမ်စွာ ရပ်ကြည့်နေသည်။
သူ့ဝတ်ရုံစများ လှိုင်းထလျက် ရောင်ဝါသည်မသိမသာ ပြောင်းလဲသွားခဲ့၏။ သေမျိုးဓားကို ထုတ်ယူလိုက်ကာ လေထဲ လှမ်းတက်လိုက်သည်။
“ ဝှစ် ... ။ ”
ဓားမြည်သံများ ဒီရေလှိုင်းပမာ ပဲ့တင်ထပ်သွားသည်။ စုရီသည် ဓားနှင့်အတူ ရွေ့လျားကာ အလင်းတန်းတစ်ခုအလား အလွန်မြန်ဆန်နေ၏။
“ ဖိနှိပ်ပစ်စမ်း ... ။ ”
ယုဝမ်ချီက ဓားတာအို အာကာပြင်အတွင်း ဘုရင်တစ်ပါးအလား လက်ကိုမြှောက်၍ဆွဲချပစ် လိုက်သည်။
“ ဝူး ... ။ ”
ကောင်းကင်မှ မရေမတွက်နိုင်သော ကြယ်တာရာများ တုန်ခါလျက် ဓားစွမ်းအင်များ ဝုန်းခနဲပျံ့နှံ့သွားတော့သည်။
တစ်ဆက်တည်းမှာပင် ကောင်းကင်မြစ်ကြီးတစ်စင်းကဲ့သို့ ဓားစွမ်းအင် စီးကြောင်းကြီးတစ်ခု စုရီဆီသို့ တိုးဝင်နေ၏။
တစ်လောကလုံး ထိုဓားမြစ်ကြီး၏ ဒေါသအဟုန်နှင့် ရှုပ်ထွေးမှုများအောက်တွင် နစ်မြုပ်သွားရချေပြီ။
ဤတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ဓားစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကို အလုံးစုံဖုံးလွှမ်းထားရာ လွတ်မြောက်ရာ နည်းလမ်း မရှိတော့ချေ။
“ ဟမ့် ... ။ ”
စုရီ၏ ဓားချက်သည် ချက်ချင်းပင် ကွဲအက်သွားပြီး ထိုဓားမြစ်ကြီးအောက်တွင် နစ်မြုပ်သွားရသည်။
ဤဓားမြစ်သည် နယ်ပယ်တူ အင်မော်တယ်ဘုရင်တစ်ပါးကိုပင် အလွယ်တကူ ခြေမှုန်းနိုင်၏။ ထို့ကြောင့် စုရီခမျာ ဓားကို လမ်းကြောင်းပြောင်းကာ ဝှေ့ရမ်းလိုက်ရသည်။
“ ရွှပ် ... ရွှပ် ... ။ ”
ဓားရည်ရွယ်ချက်သည် ရုတ်တရက် ဝဲဂယက်အသွင်ပြောင်းလဲလျက် ဒိုင်းအဖြစ်သို့ ပြောင်းလဲကာ သူ့အပေါ် လွှမ်းခြုံလာ၏။
“ ဝုန်း ... ။ ”
ချက်ချင်း ဓားနံရံသည် ပြင်းထန်စွာ တုန်ခါသွားပြီး ဓားမြစ်ကြီးထံမှ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်အပေါ် တားဆီးထားလိုက်သည်။ သို့သော် သက်ရောက်မှုသည် ပြင်လွန်းသဖြင့် နောက်သို့ ဆုတ်ခွာပေးနေရဆဲဖြစ်၏။
“ ချိုးဖြတ်ပစ် ... ။ ”
သူ ပြန်လည် အသားမကျနိုင်ခင်မှာပင် ယုဝမ်ချီက ထပ်မံ၍ တိုက်စစ်ဆင်လာပြန်သည်။ ကောင်းကင်မှ ကြယ်တာရာများ တုန်ခါလျက် စွမ်းအင်များ ရေတံခွန်ကြီးတစ်ခုပမာ ထပ်ဆင့်ကျဆင်းလာ၏။
အတွေးတစ်ချက်တည်းဖြင့် ထိုစွမ်းအင်များသည် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းဓားများအသွင် ပြောင်းလဲ သွားလေသည်။
ရေကာတာ ပေါက်ကွဲထွက်သကဲ့သို့ မီးတောင်တစ်လုံး ပေါက်ကွဲသကဲ့သို့၊ မုန်တိုင်း တစ်စင်း တိုက်ခတ်လာသကဲ့သို့ လုံးဝ အဆုံးမဲ့ စီးဆင်းနေ၏။
ကောင်းကင်ကြီးရှိနေသရွေ့၊ ကြယ်တာရာများရှိနေသရွေ့၊ ဤဓားကမ္ဘာကြီး အတွင်း ရှိနေသရွေ့ လုံးဝအဆုံးမဲ့သတ်ဖြတ်ခြင်း ခံရပေမည်။
စုရီတစ်ယောက် ထိုသို့ အဆုံးမဲ့ သတ်ဖြတ်ခြင်းဓားချက်များကို ခုခံလျက်ဖြင့် အကြိမ်ကြိမ်နောက်သို့ ဆုတ်ပေးနေရ၏။
သူ့ဝတ်ရုံရှည်ကြီးပေါ်တွင်ပင် သွေးချင်းချင်းနီရဲစေသော ပြတ်ရှဒဏ်ရာများစွာ ရရှိလာပြီဖြစ်သည်။
အဝေးမှ ကြည့်နေကြသော အင်မော်တယ်ဘုရင်များမှာ ရွှင်မြူရိပ်များစွာ သန်းလာတော့၏။
ယုဝမ်ချီဟူသည် ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်း၏ အသန်မာဆုံးသော အင်မော်တယ် ဘုရင်ဖြစ်သည်။ သူ့မျိုးဆက်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်ပေပင်။
အလယ်အလတ် အင်မော်တယ်ဘုရင် ကျင့်ကြံခြင်းနှင့်အတူ ဓားတာအိုအာကာသ တစ်ခု ပိုင်ဆိုင်ထားသဖြင့် အထွတ်အထိပ် ဘုရင်များကို ရင်ဆိုင်နိုင်သည်။
ဤခွန်အားမျိုးသည် အင်မော်တယ် နယ်မြေရှိ သာမန်မြင့်မြတ်သူများကိုပင် မကြာမီ စိန်ခေါ်ရန် အရည်အချင်းပြည့်မီမည်ဖြစ်၏။
သို့သော် သူတို့လက်ခံရသည်မှာ စုရီသည်လည်း အလားတူ သန်မာလှသည်ကို မည်သူမျှ ငြင်းပယ်၍မရချေ။ အခြားသော သူများသာဆိုလျှင် ထိုနေရာတွင်ပင် ပွဲချင်းပြီး အသက်ပျောက်သွားပြီဖြစ်၏။
ယခုမူ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုတိုင်းကို ကျော်လွှားလွတ်မြောက် နိုင်နေဆဲပေပင်။
“ သူ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းဓားတာအိုထဲ ပိတ်မိနေတာမို့ ဘယ်လောက်ပဲ တောင့်ခံထားနိုင်ပါစေ ... နောက်ဆုံးမှာ သေရလိမ့်မယ်။ ”
ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းမှ အင်မော်တယ်ဘုရင်တစ်ပါးမှ ယုံကြည်မှုအပြည့် ပြောကြားလာသည်။
“ သိပ်ပြီး ဝမ်းမသာကြစမ်းနဲ့ဦး ... မျောက်ဝံအိုကြီးနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေက အဝေးကနေ စောင့်ကြည့်နေကြတာ သူတို့က ရှန့်မူအသတ်ခံရမှာကို ရပ်ကြည့်နေပါ့မလား။”
ထိုက်ကျန်းမှ လေးနက်သောအသံဖြင့် သတိပေးလိုက်သည်။ လူတိုင်း၏ နှလုံးသားများ ပြန်လည် တင်းမာသွားကြ၏။ ရှန့်မူကို သတ်ရန် မြန်ဆန်တိကျမှုလိုချေပြီ။
မဟုတ်သော် ထိုသတ္တဝါများမှ ဝင်ရောက်စွက်ဖက်သော် ခက်ပေတော့မည်။ ထိုစဉ် ဓားတစ်သောင် အင်မော်တယ်ဂိုဏ်းမှ အင်မော်တယ်ဘုရင်ကပင်၊
“ အားလုံးပဲ အသင့်ပြင်ထားကြ ... စီနီယာ ယုဝမ်ချီက စိတ်ချင်းဆက်သွယ်တဲ့ နည်းလမ်းနဲ့ ငါ့ကိုအသိပေးခဲ့တယ် သူ ရှန့်မူကို ဓားဝင်္ကပါ အတွင်း တွန်းထည့်လာလိမ့်မယ်။ ”
-ဟု တိတ်တဆိတ် သတိပေးလိုက်သည်။
ဝင်္ကပါအတွင်း ရောက်ရှိသော် မျောက်ဝံအိုကြီးစွက်ဖက်လာလျှင်ပင် သူတို့ ရှန့်မူကို လက်ရဖမ်းနိုင်မည်ဖြစ်၏။
ဤနည်းဖြင့် သူတို့အသက်ကို တစ်ဖက်လူနှင့်လဲယူကာ လွတ်မြောက်ရန် ညှိနှိုင်းခွင့်ရှရိပေလိမ့်မည်။
စုရီသည်လည်း ဓားလှောင်အိမ်ထဲ ပိတ်မိနေသကဲ့သို့ဖြစ်နေပြီး အပေါ်၊ အောက်၊ ဝဲ၊ ယာ အရပ်မျက်နှာအားလုံးမှ အသက်အန္တရာယ် ရှိသော ခြိမ်းခြောက်မှုများ ပေးစွမ်းလာ၏။
ယုဝမ်ချီသည် အရာအားလုံးကို စိတ်ကြိုက်ခြယ်လှယ်နေသည့် ဘုရင်တစ်ပါး ကဲ့သို့ပင်။
ကျွမ်းကျင်မှုသည် အလွန် မြင့်မားပြီး ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဓား နည်းစနစ်ကို လုံးဝ ပြီးမြောက်နေ၏။ လိုအပ်သည်မှာ ထိုဓားကို ဓားအာကာသနှင့် ပေါင်းစပ်ရန် နားလည်မှုပေပင်။
ယခုတိုင် အစမှအဆုံး စုရီတစ်ယောက် အသက်ရှူခွင့် တစ်ချက်မျှ မရချေ။ ပြင်းထန်ပြီး ရက်စက်ချေပြီ။ ခန္ဓာကိုယ်အနှံ့သွေးစွန်းသည့် ဒဏ်ရာများက သက်သေဖြစ်သည်။
တစ်ဖက်တွင် မျောက်ဝံအိုကြီးသည် စုရီ၏ဗျူဟာကို နားလည်ထားသဖြင့် စိုးရိမ်မှု ကင်းနေဆဲပေပင်။ ဤနတ်ဆိုးအဖိုးကြီးသည် ယခင်ထက် ပို၍ပရိယာယ်များလာကာ ကိုင်တွယ်ရခက်နေသည်။
သူ့ပြိုင်ဘက်ကို ဆွဲဆောင်ရန် သေစေနိုင်သောဖိအားအောက်တွင် ရုန်းကန်ပြ နေချေပြီ။ ဒဏ်ရာများသည် ကြည့်ရဆိုးနေ သော်လည်း အပေါ်ယံမျှသာဖြစ်သည်။
“ ဒီအဖိုးကြီးက ပိုပိုပြီး ရက်စက် ကောက်ကျစ်လာတယ်။ ”
မျောက်ဝံအိုကြီးက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုကာမူ ဗလာနယ်ပယ်အင်မော်တယ် အဆင့်လေးမျှဖြင့် အင်မော်တယ်ဘုရင်၏ တာအိုဓားအာကာသကို ရင်ဆိုင်နေသည်မှာ လုံလောက်သည်ထက် ပို၍အစွမ်းထက်လွန်းချေပြီ။
ထိုစဉ်က အထွတ်အထိပ်ကာလနှင့် ယှဉ်သော် များမကြာခင် ကြီးထွားလာမည်ကို ပြောနိုင်ချေ၏။
ဤသည်မှာ သမိုင်းတစ်လျှောက် လုံးဝ ပြိုင်ဘက်ကင်း ဘီလူးတစ်ကောင် ဖြစ်နေသည်။ ဝင်စားခြင်းသည် အမှန်ပင် အလုပ်ဖြစ်ပုံရ၏။
အပြင်လူများအမြင်တွင် လုံးဝ အသာစီးရနေပြီး စုရီကို ရပ်တန့်၍မရသော အရှိန်အဟုန်ဖြင့် လိုက်လံသတ်ဖြတ်နေသည့် အလား ထင်မှားစေသည်။
သို့ရာတွင် ယုဝမ်ချီအတွက်မူ အနည်းငယ်ရှုပ်ထွေးနေ၏။ သူ့ပြိုင်ဘက်သည် အနာဂတ်ကို ကြိုမြင်နိုင်သည့်အလား အသက် အန္တရာယ်ရှိသော ဓားချက်များကို ရှောင်တိမ်းနေခဲ့သည်။
ဓားအင်မော်တယ်တစ်ပါးအတွက် တာအိုအာကာသအတွင်း ကျင့်ကြံမှုနိမ့်ကျသော ပြိုင်ဘက်ကိုသတ်ရန် ပျက်ကွက်နေသည်မှာ ရှက်စရာပေပင်။
များမကြာခင် ကောင်းကင်မှ မရေမတွက်နိုင်သော ကြယ်တာရာများသည် ပြင်းစွာတုန်လှုပ်လျက် ပြိုလဲတော့မည့်အလား ယိမ်းနွဲ့သွားလေသည်။
တစ်ချိန်တည်းမှာပင် ဓားစွမ်းအင်သည် မီးတောင်များပမာ ပေါက်ကွဲထွက်လာပြီးနောက် စုရီပုံရိပ်ကို နောက်သို့ လွင့်စင်သွားစေသည်။
“ မြန်မြန် ... ။ ”
ရွှီးဟုန်ရှန်၊ ထိုက်ကျန်းနှင့် ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းမှ အင်မော်တယ်ဘုရင်များ အားလုံး ဝင်္ကပါကို အသက်သွင်းလိုက်၏။
ဤသည်မှာ သူတို့ဘဝအတွက် အဆုံးအဖြတ်ပေးသော လှုပ်ရှားမှုတစ်ခုပေပင်။ ရုတ်တရက် ယုဝမ်ချီက အင်္ကျီလက်စများကို ပြင်းစွာလှုပ်ခါလိုက်သည်။
“ ကြယ်တာရာအပေါင်း ဝန်းရံနေတဲ့လမင်းကြီး။ ”
ကောင်းကင်ရှိ ပြင်းစွာတုန်ခါနေသော မရေမတွက်နိုင်သည့် ကြယ်တာရာများသည် ဤအခိုက်အတန့်တွင် ယုဝမ်ချီခန္ဓာကိုယ်ပေါ် အလုံးစုံအလင်းများပေးအပ်လာ၏။
ရလာဒ်အနေဖြင့် အကန့်အသတ်မဲ့ ဓားရောင်ဝါများပေါက်ကွဲလာပြီး ညာလက်၌ စုစည်းသွားလေသည်။
ထိုမြင်ကွင်းသည် လမင်းကို ရံထားသောကြယ်အလင်းများအလား ထင်မှား စေတော့သည်။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကြီး တစ်ခုပေပင်။
အလင်းအရင်းအမြစ်သည် ယုဝမ်ချီတစ်ဦးတည်းတွင်သာ ရှိနေတော့သည်။ တစ်ဖက်တွင် စုရီသည် မျက်ခုံးပင့်လျက် သူ ရှောင်တိမ်းရန် အခွင့်အရေးမရှိတော့ကြောင်း နားလည်လာ၏။
“ သွား ... ။ ”
သေမျိုးဓားသည် ရုတ်တရက် ကျယ်လောင်စွာ မြည်ဟိန်းလျက် လေထဲသို့ မြင့်တက်သွားလေသည်။
ဓားတစ်ချက်တည်းဖြင့် မှောင်မိုက်ပြီး နက်ရှိုင်းလှသော မရဏကမ္ဘာကြီးတစ်ခုလုံးကို မတင်လိုက်သကဲ့သို့ပေပင်။
ခေတ်များ မွေးဖွားကာ၊ သမိုင်းများ ပျက်သုဉ်းနေ၏။ နတ်ဆိုးများ၊ နတ်ဘုရားများ၊ သက်ရှိများ၊ ကမ္ဘာကြီးများ ထပ်တလဲလဲ မွေးဖွားပျက်စီးနေသည်။
ဝင်စားခြင်းတာအို ခြောက်ပါး ဖြစ်၏။ အကန့်အသတ်မရှိသော နာကျည်းခြင်းပင်လယ်၊ အဝါရောင်စမ်းရေမြစ်၊ ဝင်စားခြင်းရေကန်၊ ပြန်လည်မွေးဖွားခြင်းစင်မြင့်နှင့် သေခြင်း-ရှင်ခြင်းသံသရာ စသည်တို့ဖြစ်သည်။
များပြားလှသော စကြာဝဠာကြီးများ သည်ပင် ထိုဝဲဂယက်အတွင်း နစ်မြုပ်ကာ ပြိုကွဲနေတော့သည်။
ဤဖြစ်စဉ်အားလုံးသည် ဓားတစ်ချက်တည်း၌ ပေါင်းစပ်ပါရှိနေသဖြင့် လူတိုင်း တုန်လှုပ်ကုန်၏။
အရာအားလုံး ရှုပ်ထွေးနေချေပြီ။ မျောက်ဝံအိုကြီး၏ မျက်လုံးများတွင်သာ စူးရှ တောက်ပနေ၏။
“ ဒါ ... ဝင်စားခြင်းတာအိုလား ... ကောင်းကင်တာအိုရဲ့ တားမြစ်တာအိုပဲ။ ”
ဝင်္ကပါကို အသက်သွင်းရန် စောင့်ဆိုင်းနေကြသည့် အင်မော်တယ်ဘုရင် အုပ်စုကြီးသည် မှင်သပ်ကုန်၏။ ဤသည်မှာ မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဓားမည်နည်း။
ရောင်ဝါဖြင့်ပင် လောကကြီးရှိ အရာအားလုံးအပေါ် အစအနမကျန်အောင် ချေမှုန်းဖျက်ဆီးနိုင်စွမ်း ရှိနေပုံရ၏။
***
အခန်း ၁၂၇၄ -
ကြီးစွာသော အခွင့်အရေးဆုံးရှုံးခြင်း ... ။
ဓားတစ်ချက်သည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲပစ်လိုက်နိုင်လေသည်။ ပေထောင်ပေါင်းများစွာ မြင့်မားလှသော ကွမ်းတုသည်ပင် ထိတ်လန့်လာ၏။
အဝေးတွင် ရှိနေကြသော သတ္တဝါဆိုးကြီးများမှာမူ ဆိုဖွယ်မရှိတော့ချေ။ ဤသံသရာအတွင်း ပိတ်မိသွားသော် သူတို့ ဝိညာဉ်သည်ပင် အကြိမ်ကြိမ် မွေးဖွား သေဆုံးကာ သန့်စင်ခံရနိုင်၏။
ဤဓားချက်အောက်တွင် တောက်ပသော လမင်းနှင့် ကြယ်တာရာများသည် ပြင်းထန်စွာ တုန်ခါသွားသည်။ တာအိုဓားအာကာသသည်ပင် ဝရုန်းသုန်းကားဖြစ်လာ၏။
“ ဘန်း ... ။ ”
ထို့နောက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားသည်။ လူအုပ်ကြီး၏ မယုံကြည်နိုင်စရာ အကြည့်များ အောက်တွင် ဓားတစ်လက်သည် လမင်းထံ ဦးတည်နေတော့၏။
ယုဝမ်ချီတစ်ယောက် နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသည်။ ဤချို့ယွင်းချက်ဟူသည် အလွန်ပင်သေးငယ်၏။
မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပျောက်ကွယ်သွားမည့်အရာ ဖြစ်သော်လည်း တစ်ဖက်လူသည် အမိအရဆုပ်ကိုင်နိုင်သည်။
ဓားတစ်ချက်သည် ကောင်းကင်ကြီးထံ ထောက်ပံ့ထားသော တိုင်လုံးကြီးတစ်တိုင်ကို ဖြတ်တောက်လိုက်သကဲ့သို့ အရာခပ်သိမ်း ပြိုကျမှုထံဦးတည်နေသည်။
“ ခရစ် ... ။ ”
တာအိုအာကာသတစ်ခုလုံး တုန်ခါကာ ကွဲအက်သွား၏။ တာအိုအာကာသဆိုသည်မှာ အင်မော်တယ်ဘုရင်တစ်ပါး၏ တာအိုဥပဒေနှင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
၎င်းကိုဖျက်ဆီးခံရမှုကြောင့် ယုဝမ်ချီတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသည့် အလား ပြင်းထန်သော နောက်ဆက်တွဲဒဏ်ကို ခံစားလိုက်ရသည်။
“ ဝေါ့ ... ။ ”
ပွက်ခနဲ သွေးအန်လာ၏။ သူ၏ ကျင့်ကြံမှုအုတ်မြစ် အပြင်းအထန်ပျက်စီးပြီး ယိုင်လဲသွားတော့သည်။
ထိုအချိန်တွင် အေးစက်စူးရှသော ခံစားချက်သည် လည်ပင်းထံဝင်ရောက်လာ၏။ ထိတ်လန့်တုန်လှုပ်မှုများသည် အတိုင်းအဆ မဲ့လွန်းချေပြီ။
ဖုန်မှုန့်များ လွင့်စင်သွားပြီး လောကကြီးတစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ် သွားတော့၏။ အင်မော်တယ်ဘုရင်အုပ်စုကြီးမှာ ကြောက်ရွံ့ဒေါသထွက်မှုများနှင့်အတူ မှင်သပ် အံ့အားသင့်ကုန်ကြသည်။
ဤအလှည့်အပြောင်းမှာ မြန်ဆန်လွန်းလှသဖြင့် လူတိုင်းနားမလည်ချေ။ မျောက်ဝံအိုကြီးမှာ သက်ပြင်းချသည်။ စုရီ၏ အမြင်သည် ဓားကဲ့သို့ထက်ရှချေပြီ။
သေးငယ်လှသော အားနည်းချက်ကို မြင်နိုင်ပြီး အမိအရဖမ်းဆုပ်၏။ အခြားသူများ အတွက် မြင်ရန်ပင် မလွယ်ချေ။ မြင်လျှင်ပင် ချက်ချင်း ပြန်လည်ပျောက်ကွယ်မည်ဖြစ်ရာ ဖမ်းဆုပ်ရခက်ပေမည်။
ထို့ကြောင့်ပင် ယုဝမ်ချီမှ ထိုဓားချက်ကိုရဲဝံ့စွာ ထုတ်ဖော်ဝံ့ခြင်းဖြစ်၏။ တစ်ဖက်တွင် ယုဝမ်ချီသည် နာကျည်းစွာဖြင့်၊
“ ငါ့ရဲ့ ဓားတာအိုက ... တကယ်ပဲ ဒီလောက်ပဲလား ... ။ ”
-ဟု လက်မခံနိုင်ဟန် ညည်းတွားလိုက်တော့သည်။
သူသည် ဤဓားရေးတွင် အလွန် ထူးချွန်သောကြောင့် အင်မော်တယ်ဘုရင် အဆင့်၌ ပြိုင်ဘက်ကင်း၏။ သို့သော်။
စုရီက ဓားဖျားကို မရုတ်သိမ်းသေးဘဲ၊
“ မင်းတို့ရဲ့ ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းက ငါ့ကို အမဲလိုက်ဖို့ အတွက် ဘာလို့ ပါဝင်လာရတာလဲ။ ”
-ဟု တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွန်းနေသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ဝတ်ရုံစများမှာ ဖရိုဖရဲစုပ်ပြဲနေ၏။
အလွန် စိတ်ဆင်းရဲစရာပေပင်။ သို့သော် သူ့ဓားသွားသည် လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းသော အရှိန်အဝါကို ထုတ်ဖော်နေဆဲဖြစ်သည်။ ယုဝမ်ချီက တိတ်ဆိတ်နေ၏။
“ မင်း ငါမေးတာဖြေရင် နာကျင်မှုမရှိဘဲ မြန်မြန်သေခွင့်ပေးမယ်။ ”
သို့သော် ယုဝမ်ချီသည် သူ့ကိုယ်သူသတ်သေရန် အသက်ဓါတ်ကို လောင်မြိုက်ပစ်လိုက်သည်။
“ ဒါက သေခြင်းလေးတစ်ခုပဲ ငါဘာကိုကြောက်နေရမှာလဲ။ ”
စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်မှ ထက်ရှသောအလင်းများ ဖြာထွက်လာကာ ပျောက်ကွဲပျက်ပြယ်သွား၏။
“ ချီးကျူးဖွယ်ကောင်းပေမဲ့ ... ရန်သူဖြစ်နေတဲ့အတွက် စိတ်မကောင်းစရာပဲ။”
စုရီမှ ဝိုင်အိုးကိုထုတ်ယူကာ အားရပါးရ မော့သောက်လိုက်သည်။ ဤတိုက်ပွဲကြီးအပေါ် သူသည် ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရ၏။
လက်ရှိ ခွန်အားဖြင့် ယုဝမ်ချီကဲ့သို့ ပြိုင်ဘက်ကို အနိုင်ယူရန် ကျင့်ကြံမှုလိုအပ် နေသေးသည်။
“ နောက်တစ်ယောက် ... ။ ”
စုရီအကြည့်က အဝေးသို့ ရောက်ရှိသွားသည်။ တောင်ထိပ်ပေါ်တွင်မူ တိတ်ဆိတ်သော လေထုသည်သာ ကြီးစိုးနေ၏။
လူတိုင်း ပျက်ယွင်းနေသော မျက်နှာအမူအရာများ ရှိနေကြသည်။ ယုဝမ်ချီ၏ သေဆုံးမှုသည် သူတို့အတွက် ပြင်းစွာသော ထိုးနှက်ချက်ပေပင်။
“ ဒီကိစ္စကို ငါကိုင်တွယ်ပါရစေ။ ”
ထိုက်ယီဂိုဏ်းမှ ရွှီးဟုန်ရှန်က လေးနက်သောအသံဖြင့် ပြောကြားလိုက်သည်။ တစ်ဖက်လူသည် ဒဏ်ရာများစွာ ရရှိထားပြီး ဖြစ်သောကြောင့် အစွမ်းကုန် ကြိုးစားပါက အခွင့်အရေးရနိုင်မည်။
“ မင်းတစ်ယောက်ချင်း တိုက်ပွဲမှာ အနိုင်ရရင်တောင်မှ မျောက်ဝံအိုကြီးက ... မင်း ရှန့်မူကိုသတ်တာကို ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး။ ”
ထိုကျန်းမှ တားဆီးလိုက်သည်။ ရွှီးဟုန်ရှန်ခမျာ နှလုံးသားတုန်လှုပ်သွားခဲ့၏။ ဤဖြစ်နိုင်ခြေကို သူလည်း စိုးရိမ်နေသည်။
“ စိတ်မပူနဲ့ ... သူ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ”
စုရီက ကတိပေးလိုက်၏။ သို့သော် မည်သူကမျှ ထိုစကားကို မယုံချေ။ ထိုက်ကျန်းမှ လေးနက်စွာဖြင့်၊
“ တစ်ယောက်ချင်း တိုက်မယ့်အစား ဒီတောင်ထိပ်ကနေ ခုခံတာအကောင်းဆုံးပါပဲ အနည်းဆုံးတော့ သတ်ဖြတ်ခြင်း အစီရင်ကို အားကိုးလို့ရတယ်။ ”
-ဟု ပြောကြားလာ၏။
“ ဒါက မင်းတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ ... ငါ့ကိုအနိုင်ယူနိုင်သရွေ့ မင်းတို့ ထွက်သွားလို့ရမယ် ... ။ ”
စုရီက ထပ်မံပြောကြားလိုက်သည်။ လူတိုင်းသည် လိမ်ညာနေသည်ဟု ထင်မှတ်ကာ လှမ်းထွက်လာရန် မဝံ့သေးချေ။ မျောက်ဝံအိုကြီးက စိတ်မရှည်တော့ဘဲ၊
“ ငါ သူတို့ကို အဲဒီကနေ တစ်ယောက်စီဆွဲထုတ်ပြီး မင်းဆီပို့ပေးရမလား။ ”
-ဟု မေးမြန်းလာသည်။
ထိုမေးခွန်းကြောင့် အင်မော်တယ် ဘုရင်များမှာ မျက်လုံးများ ပြူးကျယ်ကုန်၏။ တစ်ဖက်တွင် စုရီသည် ပျင်းရိသွားကာ ဓားကိုသိမ်းလျက်၊
“ ပျင်းစရာကောင်းတယ် သူတို့ကို လိုက်ပို့လိုက်တော့ ငါတို့စကားပြောရအောင်။ ”
-ဟု ဆိုလိုက်သည်။
“ ကောင်းပြီ ... ။ ”
မျောက်ဝံအိုကြီးက ရွှင်မြူးသွား၏။ ဤသို့သောပွဲမျိုးကို ကြည့်ရန် စိတ်မဝင်စားချေ။ တစ်ဖက်လူကြောင့်သာ ရပ်နေရခြင်းဖြစ်၏။
“ ဟွမ်တု ... မင်းတာဝန်ယူလိုက်။ ”
“ နားလည်ပါပြီ ... ။ ”
စုရီက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ အေးအေးလူလူ ထိုင်ချလိုက်ပြီး ပျင်းရိငြီးငွေ့စွာ မျက်ဝန်းများ မှိတ်ထားလိုက်တော့သည်။
“ ဝင်္ကပါကို အသက်သွင်း ... ။ ”
ထိုက်ကျန်းမှ အော်ဟစ်လိုက်သည့် ထိုခဏတွင် ဟွမ်တုသည် နတ်တောင်အလား လက်သီးဖြင့် ထိုးနှက်လာပြီဖြစ်၏။
“ ဘုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အလင်းအလွှာတစ်ခု ဖြတ်ခနဲ တောက်ပလာ၏။ ဟွမ်တုမှ ဂရုမစိုက်ဘဲ နောက်ထပ် ထပ်မံ ထိုးနှက်လိုက်သည်။
“ ဘုန်း ... ။”
“ ဘုန်း ... ။ ”
တစ်ချက်၊ နှစ်ချက်၊ သုံးချက် ... ၊ ဆယ်ချက်၊ အချက်နှစ်ဆယ်၊ အချက်သုံးဆယ်၊ ကိုးဆယ့်ကိုး အစရှိသဖြင့် အကြိမ်တိုင်း ပေါက်ကွဲနေ၏။
“ ဘုန်း ... ။ ”
“ ဘုန်း ... ။ ”
ယင်းသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ ဝင်္ကပါအစီရင်မပြိုမချင်း၊ အသက်မသေမချင်း ရပ်တန့်မည်ဆန္ဒမရှိသည့် အလားပေပင်။
“ ခရစ် ... ။ ”
အဆုံးတွင် ဝင်္ကပါသည် အက်ကြောင်းများပေါ်လာ၏။ ယင်းကြောင့် အဝေးရှိ သတ္တဝါဆန်းများသည် ဝမ်းသာအားရ ပြေးဝင်လာကြတော့သည်။
“ ဝူး ... ။ ”
“ စားကြမယ် သောက်ကြမယ် ... ။ ”
“ ရတနာတွေကို ချန်ထားကြဟေ့ ... ဒါကဧကရာဇ်သခင်ရဲ့ ပိုင်ဆိုင်မှုပဲ။ ”
ချက်ချင်းပင် တောင်တန်းကြီးတစ်ခုလုံး ဝရုန်းသုန်းကား အဖြေအနေအတွင်း သက်ဆင်း သွားတော့သည်။
“ ဒါ ... ဒါက ထိုက်ကျင်းအဆင့် မြင့်မြတ်သူတစ်ပါးပဲ။ ”
ရွှီးထိုက်ကျန်းတစ်ယောက် ထိတ်လန့်သွားတော့သည်။ ဤမျှကြောက်စရာ ကောင်းလှသောနတ်ဆိုးကြီးသည် အမှန်ပင် မြင့်မြတ်သူတစ်ပါးဖြစ်နေ၏။
ရပ်ကြည့်နေသော မျောက်ဝံကြီးကိုပါ ထည့်သွင်းသော် ယနေ့အတွက်ကောင်းကင်ဘုံမှ သူတို့ကို ပျက်စီးစေလိုပုံရကြောင်း နားလည်လိုက်တော့သည်။
“ ငါ ... မေးပါရစေ ... စီနီယာတို့က ဘာလို့များ အဲဒီရှန့်မူစကားကို နားထောင် နေရတာလဲ။ ”
ရွှီးဟုန်ရှန်က ရှုပ်ထွေးသောအမူအရာဖြင့် မေးမြန်းမိသည်။ ထိုအမူအရာကြောင့် ဟွမ်တုမှ မျက်ခုံးပင့်ကာ ပြုံးရယ်လိုက်တော့သည်။
“ ဟားဟားဟား ... မင်းက ဧကရာဇ်သခင်ကိုတောင် မသိရအောင် ဘယ်မှာ ကြီးပြင်းလာတာလဲ။ ”
“ ဟမ့် ... ဧကရာဇ်သခင်လား ဘယ်က ဧကရာဇ်သခင်လဲ ... ဒီလိုဘွဲ့မျိုး ဒီကမ္ဘာကြီးမှာ ဘယ်သူက ရယူရဲတာလဲ ... နေဦး ဒါ ... ဒါက။ ”
ရွှီးဟုန်ရှန်တစ်ယောက် ချက်ချင်း တစ်စုံတစ်ရာကို သတိရသွားသည်။ ဟွမ်တုမှ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ပြလျက်၊
“ ဟမ့် ... မှန်တယ် ... ဒါက ထာဝရအမှောင်ဧကရာဇ်လို့ခေါ်တဲ့ ဧကရာဇ် သခင်ပဲ မသေခင် မှတ်သွားလိုက်ဦး။ ”
-ဟု အတည်ပြုပေးလိုက်၏။
ရွှီးဟုန်ရှန်တစ်ယောက် ချက်ချင်း နောင်တများနှင့်အတူ အိပ်ပျော်နေသော စုရီထံ ပြန်မော့ကြည့်လိုက်တော့သည်။
“ ငါသာ ... ဒီစိန်ခေါ်မှုကို လက်ခံခဲ့ရင် ထာဝရအမှောင်ဧကရာဇ် ဓားချက်အောက်မှာ သေခွင့်ရတဲ့ အင်မော်တယ်ဘုရင်အဖြစ် သမိုင်း တလျှောက် ဂုဏ်ယူစရာကောင်းခဲ့မှာပဲ ...
... အခုတော့ ယုဝမ်ချန်နဲ့ ... အဲဒီအဖိုးကြီးလျူက ဒီအခွင့်အရေးကို ရယူ သွားနိုင်တယ် ဘယ်လောက်တောင် မနာလိုဖွယ် ကောင်းလိုက်လဲ။ ”
ထို့နောက် ဟွမ်တုထံ ပြန်ကြည့်ကာ၊
“ ဒါနဲ့ နောက်ဆုံးမေးခွန်းတစ်ခု မေးပါရစေ စီနီယာရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်လဲ။ ”
-ဟု မေးမြန်းလိုက်သည်။ ဟွမ်တုမှ မှတ်ဉာဏ်ကို အလျင်အမြန် အလုပ်ပေးခဲ့ကာ များမကြာခင် ခေါင်းရမ်းလျက်၊
“ ငါမမှတ်မိတော့ဘူး ... ဒါက အရမ်းကြာနေပြီထင်တယ် ထိုက်ကျင်းအဆင့် နှောင်းပိုင်းမှာ ရှိနိုင်တယ် အဲဒီအချိန်တုန်းက နတ်ဘုရားတစ်ပါနဲ့ ငါပခုံးချင်းယှဉ်ပြီးတော့ တိုက်ခဲ့ဖူးတာကိုတော့ မှတ်မိတယ်။ ”
“ နတ်ဘုရားတစ်ပါးကို ... မျက်နှာချင်းဆိုင် တိုက်ပွဲဝင်ခဲ့ဖူးတာလား ။ ”
ရွှီးဟုန်ရှန်တစ်ယောက် အနည်းငယ် သက်သာရာရပြီး ခေါင်းတခြမ်းပြတ်နေသော အလောင်းကောင်၊ မျက်လုံးထွက်ကျနေသော တစ္ဆေနှင့် အခြားသတ္တဝါများထံ ဝေ့ကြည့်ကာ၊
“ ဒီလိုရွံစရာ ... တစ္ဆေတွေထက်စာရင် စီနီယာလို မြင့်မြတ်သူတစ်ပါးလက်မှာ သေခွင့် ရတာလဲ မဆိုးပါဘူး။ ”
-ဟု လက်ခံလိုက်တော့သည်။
***