← Chapters

အခန်း (၁၂၈၃-၁၂၈၄)

Vol. 107 Ch. 1283-1284

အခန်း (၁၂၈၃-၁၂၈၄)

Vol. 107 Ch. 1283-1284

အခန်း ၁၂၈၃ -

ပွဲကြည့်ဖို့ ဖိတ်ကြားပေးပါ။

ခန်းမကြီးထဲက လေထုမှာ သေမင်းတမန် တိတ်ဆိတ်နေခဲ့သည်။ စုရီ၏ လွှမ်းမိုးနိုင်စွမ်းနှင့် အနိုင်မယူနိုင်သော အပြုအမူများကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။

ဝေယွမ်တစ်ယောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေပြီး ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်ရီနေသည်။ ခေါင်းမော့ရန်ပင် ရုန်းကန် နေရတော့၏။

“ မင်း ... ငါ့ကိုသတ်ရင် ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ လက်စားချေမှုကို သေချာပေါက်ခံရလိမ့်မယ် အဲဒီအချိန်ကျရင် မင်းကတော့ ထွက်ပြေးဖို့ ရွေးချယ်နိုင်တယ် ...

... ဒါပေမယ့် ငါ့ရဲ့ ကျောက်စိမ်းအလင်း မြင့်မြတ်မြေအတွက် ဘာတွေဖြစ်သွားမလဲ တွေးကြည့်ပါ။ ”

“ ငါ ဒီကို အိမ်သန့်ရှင်းလုပ်ဖို့ လာခဲ့တာလို့ပြောထားတယ် မဟုတ်လား ပြီးရင် ပြင်ပရန်စွယ်ဖြစ်တဲ့ ဝိညာဉ်တစ်သောင်းဂိုဏ်း အပေါ်လည်း ဖျက်ဆီး‌တော့မှာမို့ ဘာလို့ ထွက်ပြေးရမှာလဲ။ ”

စုရီစကားများကြောင့် ဝေယွမ်၏ မျက်လုံးများတွင် လှောင်ရိပ်များစွန်းထင်းပြီး ပြုံးလိုက်လေသည်။

“ ဝိညာဉ်တစ်သောင်းဂိုဏ်းကို နတ်ဘုရားတစ်ပါးက ကျောထောက်နောက်ခံ ပေးထားတယ် အင်မော်တယ်မြေမှာ သူတို့ကို ဘယ်သူမှ အလွယ်တကူ မနှိုးဆွရဲဘူး ...

... နတ်ဘုရားတစ်ပါးကို စိန်ခေါ်ဖို့ မင်းမှာတကယ်ပဲ အရည်အချင်းရှိနေတယ်လို့ ဘယ်လိုများယုံကြည်မှုရှိနေရတာလဲ။ ”

“ ဒါက မင်းစိတ်ပူရမယ့် အရာမဟုတ်ဘူး။ ”

“ ဝှစ် ... ။ ”

“ ဘန်း ... ။ ”

ဝေယွမ်တစ်ယောက် ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားပြီး ပြာအဖြစ် ပျောက်ကွယ်သွား တော့သည်။ လူတိုင်း တုန်လှုပ်ချောက်ချားပြီး အလွန်အမင်း ထိတ်လန့်သွား၏။

အင်မော်တယ်ဘုရင်အဆင့်ရှိသော တစ်စုံတစ်ဦးသည် ဤကဲ့သို့ လွယ်လွယ်ကူကူ ဖျက်ဆီးခံရသည်လော။ ယုံနိုင်စရာမရှိချေ။

“ ငါ မင်းတို့ရဲ့ သစ္စာဖောက်ကို သတ်ပစ်လိုက်ပြီ ဘယ်သူက သစ္စာဖောက်ဖို့ ဆန္ဒရှိသေးလဲ။ ”

စုရီအကြည့်များသည် လူအုပ်အပေါ် လွှမ်းခြုံသွား၏။ ပတ်ဝန်းကျင်တစ်ခုလုံး လေထု လေးလံလာပြီး မည်သူမျှ အသံမထွက်ဝံ့ချေ။

“ ဝိညာဉ်တစ်သောင်း ဂိုဏ်းကို လက်နက်ချဖို့ကိစ္စကို မဟာအကြီးအကဲနဲ့ အကြီးအကဲ ‌ရွှေဖုန်းဟဲက ဆုံးဖြတ်ခဲ့တာပါ ငါတို့က အမိန့်တွေကို လိုက်နာရုံပါပဲ ... ။ ”

အစောပိုင်းက ဝေယွမ်စကားကို ထောက်ခံပြောဆိုခဲ့သော တစ်စုံတစ်ယောက်မှ ချက်ချင်းရှင်းပြလာ၏။

“ ရွှပ် ... ။ ”

သို့သော် ဓားရောင်ဝါတစ်ခုက သူ့အပေါ်လွှမ်းခြုံကာ ဦးခေါင်းနှင့်ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွား၏။

ဤသွေးထွက်သံယိုမြင်ကွင်းကြောင့် ကျန်ရှိနေသောအကြီးအကဲများမှာ မျက်နှာများ ဖြူဖျော့သွားပြီး ဒူးများတုန်ရင်လာသည်။

“ လုံလောက်ပြီ ... စုရီ မင်းက အပြင်လူတစ်ယောက်ပဲ ဒါဆိုဘာလို့ ငါတို့ဂိုဏ်း အတွင်းရေးကို ဝင်ရောက်စွက်ဖက်နေရတာလဲ ဒါက အရမ်းပဲ အာဏာရှင်ဆန်လွန်းတယ် မဟုတ်လား။ ”

သစ္စဖောက် အကြီးအကဲတစ်ဦးမှ တုန်ရင်စွာဖြင့် ဝင်ရောက်အော်ဟစ်လာခဲ့၏။ ထိုသူစကားကြောင့် ယင်ရှုတစ်ယောက် ပြုံး၍ ပြန်ကြည့်လိုက်မိသည်။

ဧကရာဇ်သခင်ကို ဤကမ္ဘာကြီးတွင် မည်သူသည် သားသတ်သမားအဖြစ် အပြစ်တင် ဝံ့သနည်း။ တစ်ချိန်က အင်မော်တယ်မြေကို အုပ်စိုးစဉ်ကပင် အာဏာရှင်ဝမ်ယဲ့ဟူသည့် အမည်ပြောင်ကို ရရှိထားသူဖြစ်သည်။

“ မင်းမှန်တယ် ... ။ ”

“ ရွှပ် ... ။ ”

“ ဘောင်း ... ။ ”

စုရီမှ ခေါင်းညိတ်ပြီး ထိုအကြီးအကဲကို အပိုင်းပိုင်းခွဲပစ်ခဲ့၏။ သူသည် အာဏာရှင်ဆန် နေသည်လော။ ဂရုမစိုက်ချေ။

“ တခြား ဘယ်သူရှိသေးလဲ။ ”

စုရီမှ ထပ်မံ မေးမြန်းသည်။ အချိန် အတော်ကြာသည်အထိ မည်သူမျှ ထွက်မလာ ဝံ့တော့ချေ။ မည်သူသည် ရူးမိုက်စွာ သေခြင်းကို တောင်းဆိုမည်နည်း။

ဤစုရီသည် စက်ကြမ်းကြုတ်ပြီး သနားကြင်နာမှုကင်းမဲ့သည့် နှလုံးသားမျိုး ရှိနေကာ သူတို့ထံ အကြောက်တရားများ ရိုက်သွင်းသွားချေပြီ။

ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင် ချီရှောင်ကျန်းသည် စုရီကို လက်နှစ်ဖက်ဖြင့် ဦးညွှတ်နှုတ်ဆက်ပြီး၊

“ တာအိုစု ... ငါ့‌ကျောက်စိမ်းအလင်း မြင့်မြတ်မြေအတွက် အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ပေးခဲ့တာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြားလာသည်။

“ မင်း ငါ့ကို အပြစ်မတင်ဘူးလား။ ”

စုရီမှ မေးသည်။ ချီရှောင်ကျန်းက ခေါင်းခါပြလိုက်၏။

“ မဟာအကြီးအကဲ ဝေယွမ်နဲ့ ရွှေဖုန်းဟဲတို့ဟာ ရန်သူနဲ့ ဒီလိုတိတ်တဆိတ် ပူးပေါင်းကြံစည်နေခဲ့တာ သစ္စာဖောက်တွေနဲ့ မခြားပါဘူး ...

... တာအိုစုသာ အချိန်မီ ရောက်မလာခဲ့ရင် ငါရဲ့ကျောက်စိမ်းအလင်း မြင့်မြတ်မြေရဲ့ ထာဝရ အုတ်မြစ်ဟာ ပျောက်ကွယ်သွားမှာ သေချာပေါက်ပါပဲ။ ”

“ ဟုတ်ပါတယ် ... ဒီနေ့ တာအိုစုက ငါတို့မြင့်မြတ်မြေကို အများကြီးဆောင်ရွက် ပေးခဲ့ပြီးပါပြီ ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ။”

အင်မော်တယ်ဘုရင် ခုန်ရီသည်လည်း ရှေ့သို့တိုးလာပြီး စုရီကို လေးစားစွာ ဦးညွှတ် လိုက်လေသည်။

လက်ရှိ လူအုပ်ကြီးထဲတွင် သူနှင့် ယင်ရှုသာလျှင် တစ်ဖက်လူ၏ စစ်မှန်သော လက္ခဏာကို သိရှိထား၏။

ထို့ကြောင့် ကျောက်စိမ်းအလင်း မြင့်မြတ်မြေကို ဤစုရီမှ စီမံခန့်ခွဲရှင်းလင်းရေး လုပ်လျှင်ပင် လက်ခံနိုင်မည်။

“ ကျေးဇူးတင်ပါတယ် တာအိုစု ... ။ ”

ကျန်ရှိနေသော အကြီးအကဲများမှလည်း ချက်ချင်းသဘောပေါက်လျက် တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ်လာကြသည်။

“ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ... ဝိညာဉ်တစ်သောင်းဂိုဏ်းနဲ့ ငါ့ကြားမှာ ရန်ငြိုး ရှိပြီးသားဖြစ်သလို ... မိန်းကလေးယင်ရှုကို လေးစားတဲ့အနေနဲ့ ...

... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို လျစ်လျူရှုလိုက်လို့မရတာ သဘာဝပါပဲ အားလုံး သက်သာသလိုနေကြပါ။ ”

စုရီစကားကြောင့် လူတိုင်း ယင်ရှုထံ လေးစားစွာလှည့်ကြည့်လာကြ၏။ ယင်ရှုခမျာ အံ့အားသင့်လျက် အဆုံးတွင် သူမ၏ဘိုးဘေး မျက်နှာကြောင့်ဖြစ်ကြောင်း နားလည်သွားသည်။

“ တာအိုစုနဲ့အတူ ... ငါတို့ ဝိညာဉ်တစ်သောင်းဂိုဏ်းကို တွန်းလှန်ဖို့ ဆန္ဒ ရှိနေပါတယ်။ ”

ခုန်ရီမှ လေးနက်စွာ ပြောကြားလိုက်၏။ ဤစကားအရ ခုန်ရီသည် စုရီအပေါ် အလွန်ပင် ယုံကြည်မှုရှိနေကြောင်း မြင်နိုင်ခဲ့သည်။

ထိုယုံကြည်မှုသည် မည်သည့် အရပ်မှလာကြောင်း သူတို့အားလုံး မသိသေး သော်လည်း မေးမြန်းဝံ့ခြင်း မရှိတော့ချေ။

“ ဒါဆို သွားကြရအောင် ဝိညာဉ်တစ်သောင်းဂိုဏ်းက တိုက်ခိုက်လာတဲ့ အထိ ငါတို့စောင့်နေစရာမလိုတော့ဘူး။ ”

စုရီမှ ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်သည်။ လူတိုင်းအံ့အားသင့်ကုန်၏။ ခုန်ရီပင် မျက်ခုံးပင့်ကာ၊

“ တာအိုစု ... ဆိုလိုရင်းက ... ။ ”

“ ဟုတ်တယ် ... ငါတို့အခုချက်ချင်း ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ အခြေစိုက်စခန်းကို သွားရောက်တိုက်ခိုက်မယ်။ ”

စုရီမှ ပြန်ဖြေလိုက်သည်။ လူအုပ်ကြားခမျာ ထိတ်လန့်တကြား အာမေဍိတ်သံများ ထွက်ပေါ် လာတော့၏။ လက်ဦးမှုယူမည်လော။

လက်ရှိ အင်မော်တယ်နယ်မြေတွင် ဝိညာဉ်တစ်သောင်းဂိုဏ်းသည် အသန်မာဆုံး အင်အားစုဖြစ်နေပြီး ၎င်းတို့နှင့်စစ်ပွဲဆင်နွှဲရန် မည်သူမဆို အကြိမ်ကြိမ်စဉ်းစားရပေမည်။

နတ်ဘုရား တစ်ပါး၏ ကျောထောက်နောက်ခံကို ရရှိထားသော ဂိုဏ်း တစ်ဂိုဏ်းအနေဖြင့် သမိုင်းကြောင်း တိုတောင်း နေလျှင်ပင် အလေးထားရမည်ဖြစ်၏။

ခုန်ရီနှင့်ယင်ရှုသည်ပင် သူတို့သိသော စုရီဟူသည် အစွန်အဖျားသာ ရှိနေသေးကြောင်း နားလည်လိုက်ကြသည်။

စိတ်နေစိတ်ထားသည် အမှန်ပင် အထိန်းအကွပ်မဲ့ကာ ရူးသွပ်စရာပေပင်။ သမိုင်း တလျှောက် တုနှိုင်းမဲ့ချေ၏။

အထူးသဖြင့် လက်ရှိစုရီသည် သူတော်စင်အင်မော်တယ်ပင် မဖြစ်သေးချေ။ ဂိုဏ်းခေါင်းဆောင် ချီရှောင်ကျန်းသည်လည်း ထိတ်လန့်လျက်၊

“ တာအိုစု ... ငါတို့ ပြန်စဉ်းစားသင့်လား ဝိညာဉ်တစ်သောင်းဂိုဏ်းမှာ အင်မော်တယ် ဘုရင်တွေ အမြောက်အမြားရှိနေတယ် ...

... သူတို့ရဲ့ဂိုဏ်းခေါင်းဆောင်ဟာ နတ်ဘုရားတစ်ပါးက တိုက်ရိုက်ခန့်အပ်ထားတဲ့ နတ်ဘုရားတမန်တော်ဖြစ်ပြီး အဲဒီနတ်ဘုရားရဲ့ လျှို့ဝှက်နည်းစနစ်တွေနဲ့ ရတနာများစွာကို အမွေရထားပါတယ် ... ။ ”

-ဟု ရှင်းပြလိုက်သည်။

“ ငါ့ဆုံးဖြတ်ပြီးပြီ။ ”

သို့သော် စုရီမှ လက်ကာပြလျက် ရပ်တန့်စေလိုက်သည်။ ချီရှောင်ကျန်း ပါးစပ် ပိတ်သွားရ၏။ ခဏလောက် စဉ်းစားပြီးနောက် စုရီက သူ့အစီစဉ်ကိုဆက်ပြောသည်။

“ တစ်ခုတော့ရှိတယ် ... မင်းက ထျန်းရွှမ်မြင့်မြတ်မြေနဲ့ ထျန်းရှူသန့်စင်မြေဆီ ဒီတိုက်ပွဲကို လာရောက်ကြည့်ရှုဖို့ သတင်းဖြန့်ပေးပါ။ ”

“ သူတို့ကို လာကြည့်ခိုင်းရမှာလား။ ”

ယင်ရှုတစ်ယောက် အနည်းငယ် ဇဝေဇဝါဖြစ်လာသည်။ စုရီမှ ခေါင်းညိတ်၏။

“ မှန်တယ် ... သူတို့လာကြည့်ပါစေ ငါအနိုင်ရတဲ့အခါ သူတို့က ဝိညာဉ်တစ်သောင်း ဂိုဏ်းအပေါ်မှာ ရှိနေတဲ့ သူတို့ရဲ့ဒေါသတွေကို ထုတ်ဖော်ပြသကြလိမ့်မယ် ...

... ဒီနည်းနဲ့ သူတို့ရဲ့ အုတ်မြစ်နဲ့ ထွက်ပြေးပုန်းရှောင်မဲ့ အဖွဲ့ဝင်တွေကို ရှာဖွေ သတ်ဖြတ်ရာမှာ ငါ့ကို ကူညီပေးလိမ့်မယ်။ ”

စုရီစကားကြောင့် လူတိုင်း နားလည်ကုန်တော့၏။ ဤလူငယ်သည် တိုက်ပွဲ မစတင်မီကတည်းက အောင်ပွဲရပြီးနောက် အကြွင်းအကျန်များကို ရှင်းလင်းရေးလုပ်ရန် စီစဉ်ထားချေပြီ။

ထိုနည်းဖြင့် မြင့်မြတ်မြေနှစ်ပါးသည် သူတို့နှင့်အတူပူးပေါင်းကာ ဝိညာဉ်တစ်သောင်း ဂိုဏ်းအပေါ် လက်တွဲသုတ်သင်မည်ဖြစ်၏။

“ ကောင်းပြီ ... ဒီစစ်ဆင်ရေးမှာ သူတို့မြင့်မြတ်မြေနှစ်ပါး လိုက်ပါလာဖို့အတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ် တာအိုစု။ ”

“ မဟုတ်ဘူး သူတို့ကို ပွဲကြည့်ဖို့ပဲ ဖိတ်လိုက်ပါ ဝိညာဉ်တစ်သောင်းဂိုဏ်းအတွက် တွန်းလှန်ဖို့ အတင်းအကျပ် အင်အားတောင်းရင် သူတို့ငြင်းဆန်နိုင်တယ်။ ”

ဤသည်မှာ သာမန်ပေပင်။ ထျန်းရွှမ်နှင့်ထျန်းရှူ မြင့်မြတ်မြေနှစ်ပါးသည် သူ့ကို လုံးဝယုံကြည်လာစေရန် မျှော်လင့် မထားချေ။

မည်သူမဆို လူစိမ်းတစ်ယောက် လက်အောက်တွင် သူတို့အုတ်မြစ်ကိုထုတ်ပြပြီး တိုက်ပွဲဝင်ရလောက်အောင် မိုက်မဲမည် မဟုတ်ချေ။

“ စိတ်မပူပါနဲ့ တာအိုစု ... ဒီကိစ္စအတွက် ငါကိုယ်တိုင် မြင့်မြတ်မြေနှစ်ပါးဆီ ခရီးထွက်ပြီး အကြောင်းကြားလိုက်ပါ့မယ်။ ”

ဂိုဏ်းခေါင်းဆောင် ချီရှောင်ကျန်းက ပြတ်သားသော အသွင်ဖြင့် ဆုံးဖြတ်ချက်ချ လိုက်လေသည်။

ရန်သူ၏တိုက်ခိုက်မှုကို ထိုင်စောင့်နေမည့်အစား လက်ဦးမှုရယူခြင်းမှာ ဆိုးရွားသောအရာမဟုတ်ချေ။

“ ကောင်းပြီ ... သုံးနာရီအတွင်း ဝိညာဉ်တစ်သောင်းဂိုဏ်းဆီကို ငါထွက်ခွာမယ် ကျန်တာ မင်းဆို့ဆက်လုပ်ပါ။ ”

“ နားလည်ပါပြီ တာအိုစု ... ။ ”

စုရီက ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်းပင် ချီရှောင်ကျန်းနှင့် အခြားသော အကြီးအကဲများသည် ပြင်ဆင်မှုများပြုလုပ်ရန် ထွက်ခွာသွားကြတော့၏။

ခုန်ရီနှင့် ယင်ရှုက စုရီအတွက် ခဏတာနားခိုရန် နန်းတောင်တစ်ခုထံသို့ ခေါ်ဆောင်လာခဲ့သည်။ အထဲတွင် ခုန်ရီက ရိုသေစွာ ထပ်မံဦးညွှတ်တော့၏။

“ ဂျူနီယာခုန်ရီက ... ဧကရာဇ်သခင်ကို ဂါရဝပြုပါတယ် ... ။ ”

“ ဂျူနီယာယင်ရှုက ... စီနီယာကို နှုတ်ဆက်ပါတယ်။ ”

ယင်ရှုသည်လည်း သူ့ဘေးတွင် အလျင်အမြန် လိုက်လံ ဦးညွှတ်လာလေသည်။

“ ဒီလောက် ယဉ်ကျေးမနေနဲ့၊ ထိုင်ကြပါ။ ”

စုရီက တရားထိုင်ဖျာပေါ်တွင် ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး ဝိုင်အိုးထုတ်ယူကာ မျက်လုံးများမှိတ်၍ စဉ်းစားနေလိုက်သည်။

ခုန်ရီနှင့် ယင်ရှုတို့သည်လည်း နေရာယူလိုက်ကြပြီး စုရီ အတွေးများနစ်မျော နေသည်ကို မြင်လိုက်သဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့၏။

အချိန်အတော်ကြာပြီး‌နောက် စုရီမှ မျက်ဝန်းများပြန်ဖွင့်လာကာ၊

“ မင်းတို့ရဲ့ မြင့်မြတ်မြေနဲ့ ယှဉ်ရင် ... ထျန်းရွှမ်မြင့်မြတ်မြေနဲ့ ထျန်းရှူမြင့်မြတ်မြေရဲ့ လက်ရှိအခြေအနေတွေကလည်း အတော်လေး ဆိုးရွားနေတာပဲ မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။ ခုန်ရီမှ အလျင်အမြန်ပင် ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

“ တကယ်တော့ ဓမ္မအဆုံးခေတ်ရဲ့ ကပ်ဘေးကြီးအတွင်းမှာ မြင့်မြတ်‌မြေသုံးပါး စလုံးဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ် ...

... တပည့်တွေ လွတ်မြောက်ဖို့ လမ်းကြောင်းအတွက် ကြိုးစားရင်းနဲ့ ထိပ်တန်း အကြီးအကဲအတော်များများ အဲဒီကပ်ဘေးမှာ သေဆုံးသွားခဲ့ကြရပါတယ်။ ”

ထိုစဉ်က သူတို့၏ဂိုဏ်းသည်လည်း အင်မော်တယ်မြေတွင် အင်အားအကြီးမားဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည်။

“ ယင်ရှန်ရွှယ်က ဘာလို့ တခြားထိုက်ကျင်းနယ်ပယ် ကြွက်အိုကြီးတွေလို မပုန်းကွယ်ဘဲ အချိန်မြစ်ကြီးဆီသွားရတာလဲ။ ”

ခုန်ရီမှ အံ့အားသင့်သွားသည်။ ယင်ရှုက ဘေးမှအလျင်အမြန် ဝင်ရောက်ဖြေကြားပေး၏။

“ ဘိုးဘေးယင်ရှန်ရွှယ် ထွက်မသွားခင်က ... သူမအနေနဲ့ နတ်ဘုရားဘေးဒုက္ခကို ရှောင်ရှားဖို့ အတွက် ဘယ်သူ့ကိုမှဦးညွှတ်ဖို့ ဆန္ဒမရှိဘူးလို့ ပြောသွားပါတယ် ... ။ ”

“ ဟမ့် ... ဘယ်သူက ယင်ရှန်ရွှယ်ကို ဦးညွှတ်ပြီး အလျှော့ပေးဖို့တောင်းဆိုခဲ့လို့လဲ။ ”

“ မသိပါဘူး ... ။ ”

ယင်ရှုမှ ခေါင်းခါပြသည်။ စုရီတစ်ယောက်ခဏမျှ တိတ်ဆိတ်သွား ပြီးနောက်၊

“ ထျန်းရွှမ်မြင့်မြတ်မြေရဲ့ ဖန်တုနဲ့ ... ထျန်းရှူမြင့်မြတ်မြေက ကျိယင်တို့‌ကော ရှိသေးလား။ ”

“ မရှိတော့ပါဘူး။ ”

စုရီတစ်ယောက် သက်ပြင်းချလျက်၊

“ တကယ်တော့ ဒီကိစ္စက အရမ်းထူးဆန်းနေတာ ... ငါ အရင်က လျစ်လျူရှု ထားမိခဲ့တယ် ... ။ ”

-ဟု ညည်းတွားလိုက်၏။ ခုန်ရီနှင့် ယင်ရှုတို့သည် ဇဝေဇဝါဖြစ်သွားကြပြီး စုရီ၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ချေ။

စုရီမှ တိတ်ဆိတ်သွား၏။ လက်ရှိတွင် သူ့မိတ်ဆွေများသည် အင်မော်တယ်နယ်မြေ၌ ရှိမနေကြတော့ချေ။ ထိုသူများသည် နတ်ဘုရား ကပ်ဘေးမှ ပုန်းအောင်းနေခြင်းသည်လော။

ဤသို့ဆိုသော် ရန်သူကြီးများဖြစ်သည့် ကျန်းတိုင်အာတို့ကဲ့သို့ပင် သူ့ထံအဘယ့်ကြောင့် ဆက်သွယ်မှု မပြကြသနည်း။

သည့်ပြင် သူ့မိတ်ဆွေများသည် ဤမြေကိုစွန့်ခွာကုန်ကြပြီး ရန်သူကြွက်အိုကြီး အချို့မှာမူ လျှို့ဝှက်နယ်မြေအချို့တွင် ဆက်ရှိနေခဲ့သည်။

ယင်းသည် သံသယဖြစ်စရာ ကောင်းလောက်အောင် ပုံမှန်မဟုတ်သော အခြေအနေဖြစ်နေ၏။

“ ယင်ရှန်ရွှယ်ဟာ အလျှော့မပေးဖို့ ဒီကနေထွက်သွားတယ် ဒါဆိုဒီကြွက်အိုကြီးတွေ အားလုံးက ဒီမှာဆက်နေဖို့ ဦးညွှတ်ခဲ့လား။ ”

ယင်းသို့ဆိုက မည်သူ့အပေါ် ဦးညွှတ်လိုက်ကြသနည်း။ နတ်ဘုရားဟူသည့် ထိုသတ္တဝါများထံတွင်လော။

သို့သော် ယင်းသည် မဖြစ်နိုင်ဟု ခံစားလာမိပြန်သည်။ သူတို့အားလုံးသည်သာ ထိုနတ်ဘုရားများထံ အလျှော့ပေးခဲ့ပါက ယနေ့ ဆက်ပြီး ပုန်းအောင်းနေစရာ မလိုနိုင်ချေ။

အတွေးများဖြင့် စုရီတစ်ယောက် သူ့မျက်ခုံးနှစ်ဖက်ကို နှိမ်နယ်နေခဲ့သည်။ နတ်ဘုရားဘေးဒုက္ခကိစ္စသည် သူထင်ထား သည်ထက် များစွာရှုပ်ထွေးနေချေ၏။

“ ကောင်းပြီ ... ငါတို့ ဝိညာဉ်တစ်သောင်းဂိုဏ်းကို ခရီးထွက်ရအောင် အဲဒီမှာ ကြွက်အိုကြီးတစ်ကောင်လောက် ဖမ်းမိရင် အဖြေကိုရှာတွေ့နိုင်မယ်။ ”

အဆုံးတွင် စုရီတစ်ယောက် ထရပ်လိုက်ပြီး နန်းတော်အပြင်သို့ လျှောက်လှမ်းသွားတော့၏။ ခုန်ရီနှင့်ယင်ရှုတို့ ဆရာတပည့်နှစ်ဦးသည် အချင်းချင်းပြန်ကြည့်ကာ ချက်ချင်းလိုက်ပါ သွားလေသည်။

***

အခန်း ၁၂၈၄ -

ရပ်တန့်၍မရသော ... ။

ဝိညာဉ်တစ်သောင်းဂိုဏ်း၏ တည်ရှိရာအခြေစိုက်စခန်းသည် ကျောက်စိမ်း အလင်း မြင့်မြတ်မြေနှင့် မိုင်(၃၀,၀၀၀)အကွာ ထျန်းချူးတောင်တွင် တည်ရှိသည်။

သို့သော် ဤနှစ်အတွင်း နယ်မြေချဲ့ထွင်မှုကြောင့် ကျောက်စိမ်းအလင်း မြင့်မြတ်‌မြေနှင့် မိုင်(၈,၀၀၀)ခန့်အထိ နီးကပ်စွာ အခြေချလာနိုင်ပြီဖြစ်သည်။

ထျန်းချူးတောင်သို့ သွားရာ လမ်းတစ်လျှောက်တွင် ဌာနခွဲပေါင်း (၁၃)ခုကို တည်ဆောက်ထား၏။

ထိုဌာနခွဲတစ်ခုစီကို ဝိညာည်တစသောင်းဂိုဏ်း၏ လက်အောက်ခံ နတ်ဆိုးဂိုဏ်းတစ်ခုစီက အခိုင်အမာ အုပ်စိုးတပ်စွဲထားချေပြီ။

ထိုကြောင့် အနည်းဆုံး အင်မော်တယ် ဘုရင်ခုနစ်ဦးခန့်ရှိပြီး အချို့ဌာနခွဲများအတွင်း၌ ဆယ်ဦးထက်မကရှိနေသည်။

ယင်းသည် ဌာနခွဲတစ်ခု၏ အင်အားစုမျှသာဖြစ်၏။ ပင်မဂိုဏ်းကြီးတွင်မူ အင်မော်တယ်ဘုရင် ဆယ်ဂဏန်းတိုင်အောင် တည်ရှိနေပြီ သူတော်စင်အင်‌မော်တယ်မှာ သုံးရာကျော်ချေသည်။

သို့သော် ထိုအင်အားသည် မျိုးနွယ်စုပေါင်းစုံထံမှ နှစ်အနည်းငယ်အတွင်း၌ စုစည်းထားခြင်း ဖြစ်နေသောကြောင့် များစွာ စည်းလုံးခြင်းမရှိကြချေ။

ဂိုဏ်းခေါင်းဆောင်ကို ဖယ်ရှင်းနိုင်က တစ်ဂိုဏ်းလုံး ခေါင်းဆောင်မဲ့ကုန်ကာ အလိုလို ပြိုလဲသွားနိုင်ပေမည်။

သူတို့၏ ဂိုဏ်းခေါင်းဆောင်မှာ အင်မော်တယ်ဘုရင်အဆင့်၏ အထွတ်အထိပ် ပြီးပြည့်စုံခြင်းနယ်ပယ် ရောက်ရှိနေသူဖြစ်ပြီး ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာ လိုပေချေပြီ။

ထိုသူသည် နတ်ဘုရားတစ်ပါး၏ တမန်တော်အဖြစ် အသိအမှတ်ပြုခံထားရပြီး နတ်ဘုရားရတနာများစွာ ရရှိထားသည်။

လက်ရှိတွင် ဂိုဏ်း၌သစ္စာခံ အင်မော်တယ်ဘုရင် အကြီးအကဲ ဆယ်ဦးရှိပြီး မဟာအကြီးအကဲဝေရွှန်းသည် ဂိုဏ်းချုပ်နှင့် ခွန်အားတူညီနေသည်။

ထိုစကားကို ကြားသောအခါ စုရီတစ်ယောက် ဝိုင်အိုးထုတ်သောက်လျက်၊

“ သူတို့မှာ အင်မော်တယ်ဘုရင်အဆင့် အကြီးအကဲ ခုနစ်ဦးပဲ ကျန်ရှိပါတော့တယ်။ ”

-ဟု ပြင်ပေးလိုက်သည်။

နဂါးနက်ဈေးတွင် အကြီးအကဲ ယွမ်ချုံဆိုသူသည် နဂါးနီသခင်လက်တွင် သေဆုံးခဲ့ရပြီး အခြားအကြီးအကဲနှစ်ဦးနှင့် ဂိုဏ်းဝင်သုံးဦးတို့ကို သူကိုယ်တိုင် မြူနက် တောင်ကြား၌ သတ်ပစ်ခဲ့၏။

ခုန်ရီမှ ထိုအချင်းအရာကို မသိရှိသဖြင့် ငြင်းခုန်ခြင်းမပြုတော့ဘဲ ဆက်လက်၍ ပြောပြ လာပြန်သည်။

“ သူတို့ဂိုဏ်းခေါင်းဆောင်ဟာ လက်ရှိမှာ ထိုက်ကျင်းနယ်ပယ်ကို တက်လှမ်းဖို့ တံခါးပိတ် ကျင့်ကြံနေပါတယ် ဒါကြောင့် ...

... ဂိုဏ်းရဲ့ ကိစ္စရပ်အားလုံးကို မဟာအကြီးအကဲဝေရွှန်းကပဲ ကိုင်တွယ် နေတာပါတယ် ... ဒီဂျူနီယာရဲဝံ့စွာ အကြံပြုချင်တာကတော့ ...

... အခုလို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မဲ့အစား ဧကရာဇ်သခင်ခွန်အားနဲ့ တိတ်ဆိတ်ဝင်ရောက်ပြီး ဝေရွှမ်းကို ဖမ်းလိုက်တာ ပိုမကောင်းဘူးလား။ ”

လေထုအလယ် ပျံသန်းနေလျက်မှ ခုန်ရီတစ်ယောက် အရဲစွန့်ကာ အကြံပြုသည်။ ယင်ရှုသည်လည်း သဘောတူဟန် ခေါင်းညိတ်ပြ၏။

“ ကောင်းပြီ ... ဒီလမ်းက မိုင်သုံးသောင်းခရီးပဲ နည်းနည်းလေးတော့ ရှည်လျားနိုင်ပေမယ့် ... အဲဒီလောက်လည်း မဟုတ်သေးပါဘူး ငါတို့အိမ်‌ရှေ့ကနေပဲ တံခါးခေါက်ဝင်ရအောင်။ ”

စုရီ၏ တုန့်ပြန်မှုကြောင့် ဆရာတပည့်နှစ်ပါးခမျာ တိတ်ဆိတ်သွားသည်။ သို့သော် ဤသည်မှာ ပုံမှန်ဖြစ်၏။

ဧကရာဇ်သခင်သည် သမိုင်းတလျှောက် တိုက်ပွဲတိုင်းကို မျက်နှာချင်းဆိုင်ဖြေရှင်းခဲ့၏။ စစ်မှန်သောခွန်အားရှေ့တွင် မည်သည့်ဝှက်ဖဲမှ အသုံးမဝင်နိုင်ကြောင်း ပြသသည်။

သို့သော် လက်ရှိအချိန်တွင် ဧကရာဇ်သခင်သည် ယခင်အထွတ်အထိပ် အခြေအနေတွင် မရှိသေးချေ။

နှစ်ယောက်သာ တိတ်ဆိတ်သွားသဖြင့် စုရီကလှည့်ကြည့်ကာ ပြုံးလိုက်၏။

“ ဟားဟားဟား ... ဘာတွေ ဒီလောက်စိုးရိမ်နေတာလဲ ဒီခရီးမှာ ငါ့အတွက် သူတော်စင်နယ်ပယ်ကို တက်လှမ်းဖို့ အခွင့်အရေးရှာချင်တာပါ ...

... ဒါကြောင့် သူတို့ကို အပြည့်အဝ ပြင်ဆင်ခွင့်ပေးလိုက်ပြီး ငါ့ရဲ့အောင်မြင်မှုကို ရယူရမယ်မဟုတ်လား။ ”

ဤတစ်ကြိမ်တွင် ဆရာနှင့် တပည့် နှစ်ဦးသည် စုရီ၏ကြီးစိုးလွန်းသော မောက်မာမှု အပေါ် လုံးဝဩချသွားရချေပြီ။

သူတို့ဆရာတပည့်နှစ်ဦးသည် အတွေးလွန်နေ၏။ တစ်ဖက်လူအတွက်မူ ဤခရီးသည် လေ့ကျင့်ရေးခရီးမျှသာပေပင်။ မည်မျှ ပလွှားလွန်းသော ဆန္ဒပေနည်း။

နှစ်နာရီအကြာတွင် ကောင်းကင်ကြီး တစ်ခုလုံးမှောင်ရီပျိုးစပြုလာ၏။ ကျောက်စိမ်း အလင်း မြင့်မြတ်မြေခေါင်းဆောင်သည် သတင်း ကောင်းနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။

သို့သော် စုရီသည် ထွက်သွားနှင့်ပြီ ဖြစ်လေရာ သူသည်လည်း ချက်ချင်းလူစုလျက် ထွက်ခွာလာခဲ့သည်။

တစ်ဖက်တွင် စုရီတို့သည် ပထမဆုံးသော ဌာနခွဲသို့ရောက်ရှိသွားချေပြီ။ ဌာနခွဲ၏အစောင့် တာဝန်ခံအဖိုးအိုတစ်ဦးက ခုန်ရီကိုမြင်သည်နှင့် လှောင်ပြုံးဖြင့် လှမ်းထွက်လာကာ၊

“ အိုး ... အင်မော်တယ်ဘုရင်ခုန်ရီပါလား မင်းတို့မြင့်မြတ်မြေက အရမ်းပါးနက်လွန်းတယ် အခြားမြင့်မြတ်မြေ နှစ်ပါးထက်ဦးအောင်လို့ အညံ့ခံပြီး အခွင့်အရေးလိုချင်နေတာလား။ ”

-ဟု မေးမြန်းလာ၏။

“ ရွှပ် ... ။ ”

“ ဘောင်း ... ။ ”

ခုန်ရီမှ ပြန်မဖြေနိုင်ခင် စုရီက ဓားအလင်းဖြင့်ပစ်ကာ တစ်စစီဖောက်ခွဲပစ်၏။ တံခါးစောင့်တစ်ယောက်နှင့် သူ့အချိန်များ မဖြုန်းတီးလိုချေ။

“ ရန်သူ ... ။ ”

“ ရန်သူ ... ။ ”

ရုတ်တရက် နေရာအနှံ့အပြားမှ သတိပေးသံများဆူညံကုန်၏။ လေထုအလယ် ရော်ငဝါအမျိုးမျိုး ကောင်းကင်ပေါ် ထိုးတက် လာချေပြီ။

စုရီတစ်ယောက် တုန့်ဆိုင်းခြင်းမရှိ ဆက်၍လျှောက်လှမ်းကာ မြင်သမျှရန်သူတိုင်း အပေါ် တစ်ချက်တည်းဖြင့် သတ်ပစ်နေတော့၏။

လမ်းတစ်လျှောက်ရှိ ဝါးပင်များကို အလွယ်တကူ ချိုးဖဲ့ဖျက်ဆီးသွားသကဲ့သို့ပင်။ ရပ်တန့်၍မရသော အဟုန်ဖြင့် ဌာနခွဲထံသို့ ရောက်ရှိလာ၏။

ယင်းသည် မြစ်ကြီးတစ်စင်းဘေးတွင် မြူခိုးများဖြင့် ဝန်းရံထားသည့် ဘူးသီးပုံသဏ္ဍာန် ဧရာမတောင်ကြီးတစ်ခုဖြစ်၏။

၎င်းကို‘ဘူးသီးတောင်’ဟု ခေါ်ဆိုပြီး ဝိညာဉ်တစ်သောင်းဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ကောင်းကင်မီးလျှံ ဂိုဏ်းမှ အခိုင်အမာတပ်စွဲထားသည်။

တောင်တန်းအတွင်း နတ်ဆိုးကျင့်ကြံသူ (၃,၀၀၀)ကျော်ရှိပြီး အင်မော်တယ်ဘုရင်ကိုးပါး အုပ်ချုပ်နေကြ၏။

ယနေ့ညသည် မဟာအကြီးအကဲ၏ မွေးနေ့ဖြစ်သဖြင့် မီးရှူးမီးပန်းများ ထွန်းညှိကာ၊ သောက်စားမူးယစ် ဆူညံပျော်ပါးနေသည်။

“ ဟမ့် ... ငါတို့ခွင့်ပြုချက်မရှိဘဲ တောင်တန်းပေါ်တက်လာတဲ့ အဲဒီသုံးယောက် ဘဘ်သူလဲ ... ။ ”

ရုတ်တရက် အကြီးအကဲတစ်ယောက်က စုရီတို့ကို သတိထားမိကာ အံ့အားသင့်သွား၏။ ထိုစဉ်နေရာအနှံ့အပြားမှ သတိပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာချေပြီ။

“ ရန်သူ ... ။ ”

“ ရန်သူ ... ။ ”

“ ဘန်း ... ။ ”

“ အား ... ။ ”

ဘူးသီးတောင်တဝိုက် လေထုကြီးသည် ချက်ချင်း ပွက်လောရိုက်ကုန်သည်။ ဆူညံသံ၊ အော်ဟစ်သံ၊ ပေါက်ကွဲသံနှင့် သွေးရနံများ ပြည့်လျှံလာတော့သည်။

ကြည့်နေဆဲမှာပင် ကောင်းကင်တွင် ဓားရောင်ဝါမုန်တိုင်းတစ်စင်း ဖြစ်တည်လာကာ သူတို့ထံသို့ လျင်မြန်စွာ ရွေ့လျားလာ၏။

“ ဒီမှာ ဘယ်သူက ငါ့ဂိုဏ်းက လူတွေကိုသတ်ဝံ့နေတာလဲ ... ။ ”

ရုတ်တရက် ကျယ်လောင်သော အော်ငေါက်သံများနှင့်အတူ ပွဲတော်အတွင်းရှိ သူတော်စင် အင်မော်တယ် အကြီးအကဲများမှာ ကောင်းကင်ပေါ် ပျံတက်လာကြသည်။

“ ခရစ် ... ။ ”

“ မကောင်းတော့ဘူး ... တားမြစ်အလွှာပေါက်ကွဲတော့မယ် သူ့ကို မြန်မြန်တား။ ”

တစ်ဆက်တည်းမှာပင် ဘူးသီးတောင်ကို ကာကွယ်ပေးထားသော တားမြစ်ဝင်္ကပါကြီး၌ အပေါက်များဖြစ်လျက် အက်ကွဲလာ၏။

“ ဝုန်း ... ။ ”

“ အား ... ။ ”

“ လူယုတ်မာ ... မင်း ။ ”

“ ဘောင်း ... ။ ”

တောင်တန်းတစ်ခုလုံး စူးရှလှသော အော်ဟစ်ညည်းတွားသံများဖြင့် ပြည့်နှက်လျက် တားမြစ်အလွှာမှာ လုံးဝပြိုကျသွား၏။

လူတိုင်းလှုပ်ရှားခွင့်ပင်မရလိုက်ဘဲ ထိုပေါက်ကွဲမှုအတွင်း အဖျက်စွမ်းအားကြောင့် သွေးမိုးများအဖြစ် ပြန့်ကျဲကုန်လေသည်။

“ ဝုန်း ... ။ ”

နန်းတော်များနှင့် ခိုင်ခံ့သော အဆောက်အအုံများ ချက်ချင်း ပြိုလဲပျက်စီးကာ သူတော်စင် အင်မော်တယ်များပင် ရွှံ့ရုပ်များ ကဲ့သို့ အလွယ်တကူပျော်ကွယ်ကုန်၏။

“ ဒါက ... ။ ”

မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်တန်းကြီးတစ်ခုလုံး သွေးမြစ်တစ်စင်း စီးဆင်းလာရာ သုသာန်တစ်စပြင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ဓားရောင်ဝါမုန်တိုင်း ရပ်တန့်သွားချိန်၌ စုရီသည် ထိုမြင်ကွင်းကိုအေးစက်တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ချေပြီ။

“ သေစမ်း ... ။ ”

“ ဒီကောင့်ကို သတ် ... ။ ”

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ အနက်ရောင်ဝတ် အင်မော်တယ်ဘုရင်အဆင့် အကြီးအကဲများ လေထဲသို့ ပျံတက်လာ၏။

လက်နက်များ လိုက်ပါလာပြီး လူတိုင်းသည်စုရီအပေါ် သက်ညှာခြင်းမရှိခဲ့ဘဲ တိုက်ခိုက်လိုက်တော့သည်။

တစ်ဖက်တွင် ထိုမြင်ကြောင့် ခုန်ရီနှင့်ယင်ရှုတို့သည် ထိုအင်မော်တယ်ဘုရင် အဆင့် အကြီးအကဲများကို သနားကြင်နာစွာ မော့ကြည့်လိုက်ကြ၏။

“ ရွှပ် ... ။ ”

မျှော်လင့်ထားသည့်အတိုင်း စိတ်လှုပ်ရှားမှုလုံးဝမရှိခဲ့ချေ။ စုရီသည် လေထု အလယ်ရပ်လျက် လက်နှစ်ချောင်းကိုဓားအသွင် ခုတ်လွှဲလိုက်တော့၏။

“ ကလန် ... ။ ”

“ ဝုန်း ... ။ ”

“ ဝုန်း ... ။ ”

“ ဝုန်း ... ။ ”

အစွမ်းထက်လှသော အင်မော်တယ် ဘုရင်အဆင့်လက်နက်များနှင့် အကြီးအကဲများ အားလုံး ဆပ်ပြာပူပေါင်းများအလား ပေါက်ကွဲ ကုန်တော့သည်။

ဤမြင်ကွင်းသည် အခြားသော ကျန်ရှိနေသည့် ဂိုဏ်းသားများအပေါ် ကြီးစွာ သက်ရောက်သွားစေ၏။

“ ပြေး ... ဒီလူက နတ်ဆိုးပဲ။ ”

စုရီက ဝိုင်အိုးကို တစ်ငုံသောက်လိုက်ပြီး ထိုသူများထံလျစ်လျူရှုသည်။ ဤအမှိုက်များနှင့် သူအချိန်မကုန်လိုချေ။ ထို့ကြောင့် မြင့်မြတ်မြေ နှစ်ပါးကို ပွဲကြည့်ရန်ဖိတ်ခေါ်ထားခြင်းဖြစ်၏။

“ သွားရအောင် ... ဒီအရှိန်နဲ့ဆိုရင် ညမမှောင်ခင် ငါတို့တွေထျန်းချူးတောင်ထိပ်ကို ရောက်နိုင်လိမ့်မယ်။”

နေဝင်ချိန်အလင်းအောက်တွင် စုရီ၏ ‌ကျောက်စိမ်းရောင်ဝတ်ရုံမှာ တဖျပ်ဖျပ်ခတ်ကာ သာလွန်သောလေထုကို ပေးစွမ်းနေချေပြီ။

နာရီဝက်ခန့်အကြာတွင် ချီရှောင်ကျန်းနှင့်အခြားသော မြင့်မြတ်မြေ နှစ်ပါးမှ ကျွမ်းကျင်သူများ ရောက်ရှိလာ၏။

မြင်ကွင်းတစ်ခုလုံး လုံးဝဥဿုံ ပြိုပျက်ကာ သွေးပင်လယ်ဖြစ်နေသော ဘူးသီးတောင်ကြီးထံ မော့ကြည့်လျက် မှင်သပ်ကုန်ကြသည်။

ကောင်းကင်မီးလျှံဂိုဏ်းကြီးတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခြင်းခံလိုက်ရပြီဖြစ်သည်။ တိုက်ပွဲသည် ကြာမြင့်ပုံ မရခဲ့ချေ။

ချီရှောင်ချန်တစ်ယောက် မျက်ဝန်းများ လင်းလက်သွားပြီး လူတိုင်းထံဝေ့ကြည့်လိုက်ပြီး ချက်ချင်းအမိန့်ပေးလိုက်တော့၏။

“ မြန်မြန် ... အဖွဲ့နှစ်ဖွဲ့ခွဲပါ ... ဒီကနေထွက်ပြေးသွားတဲ့ လူတွေအဝေးကြီးကို မရောက်လောက်သေးဘူး တစ်ယောက်မှ မကျန်စေနဲ့ ...

... ကျန်တဲ့ တစ်ဖွဲ့က ဘူးသီးတောင်တဝိုက်ကို မြေပြင်ရှင်းလင်းရေး လုပ်ပါ ... သတိထားပါ အင်မော်တယ်ဘုရင် အဆင့် ရတနာနဲ့ ရှားပါးရတနာတွေက တာအိုစုအပိုင်ပဲ ထိန်ချန်မထားနဲ့ ... ။ ”

***

All Chapters