← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း (၃၃၁) တောင်ဘက်ပန်းခြံ - ၅

လွန်ခဲ့သော ငါးမိနစ်က စတန်၏ အိမ်၌။

စတန်၏ မိခင်သည် ဖုန်းထဲတွင် ပျာပျာသလဲ အော်ဟစ်နေလေသည်။

“ကျေးဇူးပြုပြီး ကျွန်မ ဘယ်သူ့ကို အားကိုးရမှန်းတောင် မသိတော့ဘူး၊ ရဲတွေကလည်း ဘာမှ အားကိုးလို့ မရဘူး၊ ဒီတစ်ခါတော့ ကလေးတွေ တကယ် ဒုက္ခတွေ့နေပြီ ထင်ပါတယ်”

ဖုန်းလိုင်းတစ်ဖက်ခြမ်းမှလူက တစ်ခုခု ပြန်ပြောလိုက်ပုံရသည်။

သူမက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့... ဟုတ်ကဲ့... ကောင်းပါပြီ၊ အတည်ပြုပြီးရင် ကျွန်မဆီ ဖုန်းပြန်ဆက်ပေးပါဦး၊ ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောပြီးနောက် သူမ ဖုန်းချလိုက်သည်။

ဖုန်းချပြီးနောက်တွင် သူမမျက်နှာ၌ စိုးရိမ်စိတ်များ ပြည့်နှက်နေဆဲ ဖြစ်သည်။ သူမသည် ဤတောင်ဘက်ပန်းခြံ မြို့လေးထဲတွင် အတော်လေး ပုံမှန်ဖြစ်သော ဇာတ်ကောင်တစ်ကောင်ဖြစ်သောကြောင့် သားဖြစ်သူ ပျောက်ဆုံးသွားချိန်တွင် မိဘတိုင်းလိုလိုပင် စိုးရိမ်ပူပန်စွာ တုံ့ပြန်နေခြင်းဖြစ်သည်။

သို့သော်... အိမ်ထဲမှာ ပုံမှန်မဟုတ်သော အခြားလူတစ်ယောက် ရှိနေပါသေးသည်။ ၎င်းမှာ စတန်၏ ဖခင်ဖြစ်သူ တောင်ဘက်ပန်းခြံ၏ နံပါတ်တစ် လူရှုပ်လူပွေကြီး ရန်ဒီပင်...။

ရန်ဒီ၏ ပုံစံသည် အမြဲလိုလို အင်္ကျီအပြာရောင် ဝတ်ထားတတ်ပြီး အနက်ရောင်ဆံပင်ကို အလယ်ခွဲထားကာ ဟစ်တလာထက် အနည်းငယ်ပိုကားသည့် နှုတ်ခမ်းမွှေးအတိုလေး ထားထားတတ်သူဖြစ်သည်။

ထိုလူ၏အလုပ်အကိုင်မှာ ဘူမိဗေဒပညာရှင်ဖြစ်သော်လည်း သူ့အား အလုပ်ကောင်းကောင်းလုပ်နေသည်ကို မြင်ရခဲ၏။ အချိန်အများစုတွင် သူသည် လူရာမဝင်သည့် အပေါစားကိစ္စတွေကိုသာ လျှောက်လုပ်ပြီး စတန့်ထွင်နေတတ်သူဖြစ်သည်။

ယခုအချိန်တွင်လည်း သူ့ဇနီးဖြစ်သူမှာ သားဖြစ်သူ ပျောက်ဆုံးသွားသောကြောင့် စိတ်မချမ်းမြေ့ ဖြစ်နေရရှာသော်လည်း ရန်ဒီကတော့ အိမ်အနှံ့လျှောက်သွားပြီး လက်ကိုင်ကင်မရာ အသေးလေးဖြင့် ဗီဒီယို လိုက်ရိုက်နေလေသည်။

ဤ South Park ဇာတ်လမ်းတွဲ၏ အပိုင်းနှစ်ပိုင်းတွင် ရန်ဒီသည် ကင်မရာအသစ်တစ်လုံး ဝယ်လာပြီးကတည်းက ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို လိုက်လံရိုက်ကူးခြင်းဖြင့်သာ အချိန်ဖြုန်းနေခြင်းဖြစ်သည်။ သူရိုက်ကူးထားသော ဗီဒီယိုများသည် အလွန်ပျင်းစရာကောင်းလှပြီး ထပ်ခါတလဲလဲ ဖြစ်နေကာ... မိသားစုဝင်များ ထမင်းစားခြင်း၊ ရေချိုးခြင်း၊ တီဗီကြည့်ခြင်းနှင့် အိမ်သာတက်ခြင်း အစရှိသည်တို့ ပါဝင်သည့်အပြင် ၎င်း၏ ကိုယ်ပိုင်နောက်ခံစကားပြောများပါ ထည့်သွင်းထားသေးသည်။

“ရန်ဒီ ရှင် အဲဒါကြီးကို အခုချက်ချင်း အောက်မချရင်တော့... ဘုရားသခင်ကို တိုင်တည်ပြီး ကျွန်မ ကျိန်ပြောလိုက်မယ်...”

ပြီးခဲ့သည့် ရက်ပိုင်းတစ်လျှောက် လင်တော်မောင်၏ ရူးကြောင်ကြောင် လုပ်ရပ်များကို သည်းမခံနိုင်တော့သဖြင့် ဇနီးဖြစ်သူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

သို့သော် ရန်ဒီကမူ သူအမြဲသုံးနေကျ စကားအတိုင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။

“တစ်နေ့ကျရင် မင်းပျော်ရမှာပါကွာ၊ ငါက မိသားစုရဲ့ ဟာသအဖြစ်အပျက်တွေကို အများကြီး ဗီဒီယိုရိုက်ပေးထားတာပဲလေ”

“ကျွန်မ နောက်နေတာမဟုတ်ဘူး ရန်ဒီ၊ တော်လောက်ပြီ”

သူမ ထပ်မံအော်ဟစ်သည်။

“ရှင်က စက္ကန့်မလပ် လျှောက်ရိုက်နေရအောင် ဘာတွေ ဖြစ်နေလို့လဲ...”

ရုတ်တရက်... အပြင်ဘက်မှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ချက် ထွက်ပေါ်လာပြီး သူမ၏ စကားသံကို ဖြတ်တောက်ပစ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင်လည်း သံသယရိပ်များ ပေါ်ထွက်လာလေသည်။

“ဒါ ဘာကြီးလဲဟ”

ရန်ဒီက မေးလိုက်၏။

သို့သော် သူသည် ဗီဒီယိုရိုက်ခြင်းကို မရပ်တန့်ဘဲ ‘Cloverfield’ ရုပ်ရှင်စတိုင်အတိုင်း (လက်ကိုင်ကင်မရာ ကိုင်ဆောင်ထားသည့် ဇာတ်ကောင်၏ အမြင်ထောင့်မှတစ်ဆင့် ရိုက်ကူးပြသသော ထူးခြားသည့် ရုပ်ရှင်စတိုင်) ထဲသို့ စီးမျောဝင်ရောက်သွားတော့သည်။

“အိုး... မိုင်ဂေါ့ဒ်”

ငလျင်လှုပ်သကဲ့သို့ ပြင်းထန်လှသော ခြေသံကြီးများကို ကြားရပြီးနောက် သူကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။

“အပြင်မှာ တစ်ခုခု ဖြစ်နေပြီ ထင်တယ်...”

ရန်ဒီက ပြောလိုက်သည်။

“အထဲမှာပဲ နေ၊ မလှုပ်နဲ့”

သူသည် ကင်မရာကို အမိအရဆွဲကိုင်ကာ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

သူသည် တံခါးဝသို့ ပြေးအသွားတွင် စတန်၏ ကြမ်းတမ်းခက်ထန်သော အစ်မဖြစ်သူ ရှယ်လီက ဒုတိယထပ်မှ ဆင်းလာ၏။ သူမသည် လှေကားပေါ်တွင် ရပ်နေရင်း မေးမြန်းလိုက်သည်။

“ဘာဖြစ်တာလဲ အဖေ”

“အခန်းထဲ ပြန်ဝင်နေစမ်း ရှယ်လီ”

ရန်ဒီက အမိန့်ပေးလိုက်သည်။

ထို့နောက် ရန်ဒီသည် အပြင်ဘက်သို့ ဝုန်းကနဲ ပြေးထွက်သွားလေသည်။ တံခါးဖွင့်လိုက်သည်နှင့် လူအုပ်ကြီးမှာ အော်ဟစ်ဆူညံကာ ထွက်ပြေးနေကြသည်ကို မြင်လိုက်ရသည်။ အထက်ကောင်းကင်တွင်လည်း ဟယ်လီကော်ပတာများ၏ ဆူညံသံကို ကြားနေရ၏။ မော့ကြည့်လိုက်သောအခါ ချီနုခ်(Chinooks) (ရုပ်ရှင်များထဲတွင် မကြာခဏ မြင်တွေ့ရတတ်သည့် တောင်ပံနှစ်ဖက်ပါ သယ်ယူပို့ဆောင်ရေး ဟယ်လီကော်ပတာ) နှစ်စီးက လေထဲတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။

ရန်ဒီသည် ထွက်ပြေးနေသော လူအုပ်ထဲတွင် ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မှတ်မိသွားသည်။ ထိုလူမှာ စတန်၏ အတန်းပိုင်ဆရာ ဖြစ်သည် (ကိုယ်ကျင့်တရားပိုင်းတွင် ရန်ဒီပြီးလျှင် ဒုတိယမြောက် လူရှုပ်ဟု ပြောရမည့်သူ)။ သူသည် ထိပ်ပြောင်ပြီး မျက်မှန်တပ်ထားကာ အစိမ်းရောင် ဝတ်ဆင်ထားတတ်သည်။ သူသည် လိင်ပြောင်းလဲမှု ခွဲစိတ်မှုကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ဖူးပြီး၊ လိင်စိတ်တိမ်းညွတ်မှု အနေဖြင့်လည်း ယောက်ျားလျာ၊ လိင်တူချစ်သူ၊ ယောက်ျားလျာ၊ မိန်းမချင်းချစ်သူ စသဖြင့် အဆင့်ဆင့် ပြောင်းလဲခဲ့ဖူးသည်။ မိမိ၏ လိင်စိတ်ပြောင်းလဲတိုင်း ထိုအဖွဲ့အစည်းများ၏ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသော်လည်း ကိုယ်ကျိုးနှင့် ယှဉ်လာပါကမူ ရပ်တည်ချက်ကို ချက်ချင်းပြောင်းလဲကာ အခြားအုပ်စုများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဆဲဆိုတတ်သူဖြစ်သည်။ ‘ကိုယ့်ရပ်တည်ချက်ပေါ်မူတည်၍ အမြင်ပြောင်းလဲတတ်သူ’ ၏ ပြယုဂ်ပင် ဖြစ်သည်။ ရန်ဒီက သူ့ကို ဆွဲဖမ်းကာ မေးလိုက်သည်။

“ဘာဖြစ်နေတာလဲ”

သူက ထိတ်လန့်တကြားဖြင့် ပြန်ဖြေလိုက်သည်။

“သူတို့တွေ နေရာအနှံ့ ရှိနေတယ်”

“ဘာ ‘သူတို့’ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ”

ရန်ဒီက ဇွတ်အတင်း မေးမြန်းလိုက်သည်။

“အမွေးတွေနဲ့ အကောင်တွေပဲ...”

သူက အော်ဟစ်လိုက်သည်။

“တကယ်... အမွေးတွေ အများကြီးပဲ”

ထို့နောက် သူသည် ရန်ဒီ့လက်မှ ရုန်းထွက်ကာ လူအုပ်ကြီး ပြေးရာဘက်သို့ လိုက်ပါပြေးသွားတော့သည်။

“အား”

စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကြောင့် ရန်ဒီ့အာရုံ ပြောင်းသွား၏။ သူ လှည့်ကြည့်လိုက်သောအခါ အဝေးတစ်နေရာမှ ပျံဝဲလာပြီး သူ့ရှေ့တည့်တည့်သို့ ‘ဘုန်း’ ကနဲ ပြုတ်ကျလာသော တီရှပ်အဝါနှင့် ဂျင်းဘောင်းဘီဝတ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူ၏ ခန္ဓာကိုယ်မှာ အရှိန်ပြင်းပြင်း ပြုတ်ကျလာသည့် ဒဏ်ကြောင့် လိမ်ကောက်ပုံပျက်နေချေပြီ။ ဘယ်ဘက်ခြေထောက်မှာ ညှဉ်းပန်းနှိပ်စက်ခုံပေါ်တွင် နှိပ်စက်ခံထားရသကဲ့သို့ ရှေ့သို့ ကွေးကောက်နေပြီး လက်နှစ်ဖက်စလုံးက နောက်ကျောဘက်သို့ လိမ်နေကာ ဘယ်ဘက်နံဘေးမှ နံရိုးများ ပြူထွက်နေပြီး ညာဘက်လက်ကောက်ဝတ်မှ အရိုးကလည်း အပြင်သို့ ထွက်နေလေသည်။ မြေပြင်နှင့် ရိုက်မိမိချင်း ထိုအမျိုးသားသည် ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ပန်းထွက်လျက် မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ဒါ ဘယ်သူလုပ်တာလဲ”

ရန်ဒီက အော်ဟစ်ဆဲဆိုလိုက်သည်။

ထို့နောက်တွင် တိုးညင်းသော ညည်းတွားသံကြီး တစ်ချက် ထွက်ပေါ်လာလေသည်။ ရန်ဒီ မော့ကြည့်လိုက်သောအခါ ထွက်ပြေးနေသည့် လူအုပ်ကြီး၏ နောက်တွင်... အလွန်ကြီးမားလှသော‘ပူးကောင်ကြီးတစ်ကောင်ကို မြင်လိုက်ရလေသည်။

“ဒါ ဘာကြီးလဲဟ...”

ရန်ဒီ အလန့်တကြား အော်ဟစ်လိုက်မိသည်။

“မစ္စတာ မာရှ်၊ ဒီကနေ မြန်မြန်ပြေးမှဖြစ်မယ်၊ ဒီမှာ မလုံခြုံတော့ဘူး”

လူတစ်ယောက်က ရန်ဒီ့ပုခုံးကို ဆွဲကိုင်ကာ အော်ပြောလိုက်သည်။

ပြောလိုက်သူမှာ မြို့လေး၏ ဒေသခံရဲအရာရှိ ဘာဘရေဒီ ဖြစ်သည် (မျက်မှန်အမည်းတပ်ထားပြီး ခန္ဓာကိုယ် အနည်းငယ်ဝသည်၊ စာမတတ်သဖြင့် ရာသီတစ်ခုတွင် ရာထူးမှ ချခံရဖူးသော်လည်း နောက်ပိုင်းတွင် ဘာကြောင့်လဲမသိဘဲ ရာထူးပြန်လည်ရရှိလာသူ)။ သူသည် အတော်လေး တာဝန်သိတတ်သူဖြစ်ပြီး အခြားသူများကိုပါ မြန်မြန်ပြေးရန် သတိပေးနေရှာသည်။

ယင်းကို ကြားသောခါ ရန်ဒီသည် လမ်းတစ်ဖက်သို့ ကပျာကယာ ပြေးသွားသော်လည်း လမ်းကွေ့မှ ကားတစ်စီး လွင့်ထွက်လာသည်ကိုသာ တွေ့လိုက်ရသည်။ ထိုကားသည် မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားပြီးနောက် မီးဟုန်းဟုန်းတောက်ကာ ပေါက်ကွဲသွားတော့သည်။ ၎င်းကားနောက်မှ ကပ်လျက်လိုက်ပါလာသည်ကတော့ နောက်ထပ် ပူးကောင်ကြီးတစ်ကောင် ဖြစ်သည်။

“အိုး၊ ဘုရားသခင် ဘုရားသခင်”

ရန်ဒီသည် ရှေ့မှ မကောင်းဆိုးဝါးကြီးကို မြင်လိုက်ရသော်လည်း ချက်ချင်း ထွက်မပြေးဘဲ ရပ်တန့်လိုက်ကာ လက်ကိုင်ကင်မရာကို သူ့မျက်နှာဘက်လှည့်လျက် အမောတကော ပြောလိုက်သည်။

“ဟူး...ဟောဟဲ... ငါ... ငါ... တော့... ဆွံ့အနေပြီ”

သူ ဤသို့ ရူးကြောင်ကြောင်အမှားကြီး ပြုလုပ်နေစဉ်တွင် ရုတ်တရက်... ပူးကောင်ကြီး၏ ဘေးကပ်လျက် နောက်ဘက်မှ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကားတစ်စီး ပြေးထွက်လာပြီး အဆိုပါသတ္တဝါကြီးကို ဝင်တိုက်လိုက်လေသည်။

တိုက်မိပြီးနောက်တွင် အပြာရင့်ရောင်ဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော လူတစ်ဦးသည် ယာဉ်မောင်းနေရာမှ လွင့်ထွက်လာခဲ့သည်။ ဤမျှ ပြင်းထန်သော တိုက်မိမှုမျိုးတွင်ပင် သူသည် ကျောပိုးအိတ်တစ်လုံးနှင့် စက်သေနတ်အသေးတစ်လက်ကို အမိအရ ဆွဲကိုင်ထားနိုင်သေးသည်။

ငါးစက္ကန့်အကြာတွင် ထိုလူသည် အလွန်လျင်မြန်ဖြတ်လတ်သော လှုပ်ရှားမှုများဖြင့် သတ္တဝါကြီး၏ အန္တရာယ်မှ ရုန်းထွက်လွတ်မြောက်သွားခဲ့သည်။

အတိအကျ ထိုအချိန်၌ပင် F-15 တိုက်လေယာဉ်သုံးစီးက ခေါင်းပေါ်မှ ပျံသန်းသွားပြီး မီးခိုးဖြူများ တန်းနေသည့် ဒုံးကျည်အချို့ အောက်သို့ သုတ်ခြေတင် ထိုးဆင်းလာတော့သည်။

ဒုံးကျည်အားလုံးသည် ထိုပူးကောင်ကြီးကို ထိမှန်သွားလေသည်။ ပေါက်ကွဲမှု၏ လှိုင်းဒဏ်သည် မီတာဆယ်ဂဏန်းအထိ သက်ရောက်သွားရာ ရန်ဒီသည် အဝေးတွင် ရှိနေသဖြင့် မြေပြင်ပေါ် လဲကျသွားရုံသာ ရှိခဲ့သည်။ သို့သော် ဖုန်းပုကြွယ်မှာမူ ကံမကောင်းရှာပေ။ သူသည် လေထဲသို့ လွင့်ထွက်သွားပြီး လမ်းဘေးတွင် ရပ်ထားသည့် ပုံပျက်နေသော ကားတစ်စီးပေါ်သို့ အရှိန်ဖြင့် လွင့်ကျသွားခဲ့သည်။

ထိုကားသည်လည်း အကောင်ကြီး၏ နင်းခြေခံထားရပုံရပြီး အတော်လေး ပျက်စီးနေလေ၏။ ဖုန်းပုကြွယ် ပြုတ်ကျသွားသည့်အချိန်တွင် ဘယ်ကမှန်းမသိ ပေါ်လာသော သံပြားပိုင်းတစ်ခုက သူ့ခါးကို ဖြတ်ရှသွားသဖြင့် လက်ချောင်းတစ်ဆစ်စာရှိသော ဒဏ်ရာကြီးတစ်ခုဖြစ်သွားကာ သွေးများစီးကျလာတော့သည်။ ဤသို့ ပြုတ်ကျမှုမျိုးတွင် ကာကွယ်ရေးပစ္စည်းများမှာ အသုံးမဝင်တော့ဘဲ သေနတ်ဆိုင်မှ သူခိုးယူလာခဲ့သော ဂျာကင်အင်္ကျီကသာ ဒဏ်ရာကို အနည်းငယ် သက်သာစေခဲ့သည်။

“ချီးပဲ... အစုတ်အပြတ်...”

ဖုန်းပုကြွယ်သည် ကားထဲမှ ကုန်းထလာရင်း ဆဲရေးလိုက်သည်။

သူ့မျက်နှာတွင်လည်း ဖန်ကွဲစများကြောင့် ရှရာများဖြစ်နေပြီး ဘယ်ဘက်ပါးပြင်ပေါ်တွင် အလျားလိုက် သွေးစွန်းဒဏ်ရာတစ်ခု ရှိနေလေသည်။ သို့သော် ဒဏ်ရာက မနက်လှသဖြင့် အသက်အမှတ်များ များစွာကျသွားသလို သွေးလည်း ဆက်တိုက် ထွက်မနေပေ။

ဝူးးးး။

ဒုံးကျည်ပေါက်ကွဲမှုမှ ထွက်လာသော မီးခိုးနှင့် ဖုန်မှုန့်များ လုံးဝမပြယ်သေးခင် ပူးကောင်ကြီး၏ စူးရှသောအော်ဟစ်သံက ထပ်မံထွက်ပေါ်လာပြန်သည်။

ဖုန်းပုကြွယ်၏ မှတ်ဉာဏ်အရ ဤသတ္တဝါများသည် အလွန် စွမ်းအားကြီးကြသည်။ သာမန်လက်နက်များသည် လုံးဝ အသုံးမဝင်သလို တင့်ကားများပင် ကျွမ်းထိုးမှောက်ခုံ ပြုလုပ်ခံရတတ်သည်။ ကျည်ဆန်များ၊ အမြောက်ကျည်များ၊ ဒုံးကျည်များ... ဘာတစ်ခုကမှ ၎င်းတို့ကို မနာကျင်စေနိုင်ဘဲ ယာယီထိန်းချုပ်ထားရုံသာ တတ်နိုင်ခြင်းဖြစ်သည်။

လူသားတစ်ဦး၏ အသွေးအသားခန္ဓာကိုယ်ဖြင့် ဤပူးကောင်များအနား ကပ်သွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။ ခန္ဓာကိုယ် အရွယ်အစားချင်း ကွာခြားလွန်းလှသဖြင့် ဘယ်လူသားမဆို အနားကပ်သွားပါက ကုတ်ခြင်း၊ ကိုက်ခြင်း၊ နင်းမိခြင်း သို့မဟုတ် လက်သည်းဖြင့် ကုတ်ခြစ်ခံရခြင်းကြောင့် မလွဲမသွေ သေဆုံးရမည်ဖြစ်သည်...။

“ဒီလမ်းကွေ့လေးတင်ပဲ... ငါ ဒီမှာ ရပ်သွားလို့ မဖြစ်ဘူး”

ဖုန်းပုကြွယ်သည် စိတ်ထဲမှ ကြုံးဝါးလိုက်ရင်း ကျောပိုးအိတ်ကို ပုခုံးပေါ်လွယ်၍ လက်တစ်ဖက်က ဒဏ်ရာကို ဖိထားပြီး နောက်လက်တစ်ဖက်က သေနတ်ကို ကိုင်လိုက်သည်။ သူသည် ကိုယ်ခန္ဓာမြင့်တင်ခြင်းအတတ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ခြေထောက်ကို အားပြင်းပြင်းဖြင့် ဆောင့်နင်းလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် ကွန်ကရစ်လမ်းမကြီး ကွဲအက်သွားသည့်အသံ ထွက်ပေါ်လာပြီး ဖုန်းပုကြွယ်ခြေဖဝါးအောက်ရှိ လမ်းမပေါ်တွင် အချင်း ၅ မီတာခန့် ရှိသော ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်ထွက်လာလေသည်။ အဆိုပါ ပင့်ကူအိမ်၏ အလယ်ဗဟိုတွင် ရှိနေသည့်လူမှာမူ သေနတ်မှ ထွက်သွားသော ကျည်ဆန်တစ်တောင့်ကဲ့သို့ လေထဲသို့ မြောက်တက်သွားပြီဖြစ်သည်။

လေထဲတွင် ၃၆၀ ဒီဂရီ ဒေါင်လိုက်ခုန်ထွက်သွားရင်း ဖုန်းပုကြွယ်သည် လေးထပ်တိုက် အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ အောင်မြင်စွာ ခုန်တက်နိုင်ခဲ့သည်။

လမ်းမပေါ်မှ ဖြတ်သန်းမရသဖြင့် သူသည် ပါကွား(Parkour) အတတ်ကို သုံးကာ ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။(TL note - ပါကွားဆိုတာ ပြေးတာလို့ပြောတာလို့ ထင်တာပဲ။ ဇဗ္ဗူဒီပါတောင်ကျွန်းသခင်(ယဲ့ဖန်) ထဲမှာ ခဏခဏပါတယ်လေ၊ ဟဲ)

မမျှော်လင့်စွာဖြင့် သူ ခေါင်မိုးကို ဖြတ်သန်းသွားချိန်တွင် သူ့ဘေးဘက်လမ်းမပေါ်၌ ရန်ဒီ့ကို လှမ်းမြင်လိုက်ရသည်။ ထိုအရူးသည် ဧရာမမကောင်းဆိုးဝါးကြီး အနားရောက်လာသည်အထိ မပြေးဘဲ ရပ်လျက် သူ၏ ကိုယ်တိုင်ရိုက်ဗီဒီယိုအတိုလေးကို သရုပ်ဆောင်ကောင်းတုန်း ဖြစ်သည်။

“ငိုးမ... ဒီကောင်ကတော့...”

ဖုန်းပုကြွယ်သည် ရန်ဒီ့ကို မှတ်မိလိုက်သည်။ သူ့ရေဒါပေါ်မှ မြားပြချက်အရ ဤအကောင်သည် သူ၏ ဘေးထွက်တာဝန်ပစ်မှတ်များထဲမှ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် သူလည်း အတင်းသွားကယ်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ...။

“ပြေးတော့လေ [ဘိ] သားရဲ့”

ဖုန်းပုကြွယ်သည် လေထဲမှနေ၍ အန်ဒိုသေနတ်ဖြင့် ပူးကောင်ကြီးဆီသို့ လက်ပစ်ဗုံးနှစ်လုံး ပစ်ဖောက်လိုက်ရင်း လမ်းမပေါ်သို့ ခုန်ဆင်းလိုက်သည်။

လက်ပစ်ဗုံးက မကောင်းဆိုးဝါးကို ထိမှန်သွားသော်လည်း မပေါက်ကွဲသေးခင် ဖုန်းပုကြွယ်မြေပြင်ပေါ် ဆင်းသက်မိသွားသည်။ သူသည် အရှိန်သတ်ရန်ပင် မကြိုးစားတော့ဘဲ ပြုတ်ကျသည့်ဒဏ်ကို ခန္ဓာကိုယ်ဖြင့် တောင့်ခံကာ ဟန်ချက်ထိန်း၍ ချက်ချင်း ရှေ့သို့ ဝုန်းကနဲ ပြေးထွက်သွားလိုက်သည်။

ရန်ဒီသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် လေထဲမှနေ၍ စူပါဟီးရိုးတစ်ဦးကဲ့သို့ ဆင်းသက်လာပြီး သူ့ဆီပြေးဝင်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူသည် တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး ခက်ထန်သော မျက်နှာထားဖြင့် ပေါက်ကွဲမှုကိုလည်း လှည့်မကြည့်ပေ...။ တကယ့် ယောက်ျားရင့်မာကြီး တစ်ယောက်ကဲ့သို့ပင်...။

“အား”

ဖုန်ပုကြွယ်မှာ အဓိပ္ပာယ်မရှိဘဲ အော်ဟစ်လိုက်မိသည်။ ထိုအော်သံထဲတွင် ဒေါသနှင့် မကျေနပ်မှုများ အဓိကပါဝင်သည့် ရှုပ်ထွေးသော စိတ်ခံစားချက်များစွာ ပါဝင်နေခြင်းဖြစ်သည်။

တစ်ချက်တည်းဖြင့် ဖုန်းပုကြွယ်သည် ရန်ဒီကို ဆွဲမလိုက်ပြီး သူ့ဒဏ်ရာများကို ဂရုမစိုက်ဘဲ အံကြိတ်ကာ ထိုသက်လတ်ပိုင်းလူကြီးကို ပုခုံးပေါ်ထမ်းလျက် လေကဲ့သို့အလျင်ဖြင့် အရှေ့သို့ ပြေးလွှားရင်း အော်မေးလိုက်သည်။

“မင်း ဘယ်မှာ နေတာလဲ”

“ဘာ... ဘာလဲ”

ရန်ဒီက တုန်တုန်ရင်ရင်ဖြင့် ဗလာကျင်းစွာ ပြန်မေးလိုက်သည်။

“မင်း ဘယ်မှာ နေတာလဲလို့”

ဖုန်းပုကြွယ်က စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ထပ်မံမေးမြန်းလိုက်သည်။

“ဟို... ဟိုဘက်မှာ...ပါ”

ရန်ဒီက မီတာအနည်းငယ်အကွာရှိ အိမ်တစ်လုံးကို ညွှန်ပြသည်။ နှစ်စက္ကန့်အကြာတွင် သူသည် ကင်မရာကို ပြန်မပြီး သူ့ကိုယ်သူ ချိန်ရွယ်လိုက်သည်။

“အိုး... ဘုရားသခင်၊ စူပါဟီးရိုးတစ်ယောက်က ငါ့ကို လာကယ်နေပြီ”

သူသည် ခေါင်းအနည်းငယ်မော့ကာ ဖုန်းပုကြွယ်ကို လှမ်းမေးလိုက်သည်။

“ဟေး မိတ်ဆွေ၊ မင်းရဲ့ ဟီးရိုးနာမည်က ဘာလဲ”

“[ဘိ]”

ယင်းမှာ ဖုန်းပုကြွယ်၏ ပြန်လည်တုံ့ပြန်မှုပင် ဖြစ်သည်။

ရန်ဒီကမူ ထိုအရာကို အမှန်တကယ် ယုံကြည်သွားရှာသည်။ သူသည် ကင်မရာကို ပြန်ကြည့်ကာ ပြောလိုက်သည်။

“သူ့နာမည်က [ဘိ] တဲ့၊ အိုး တကယ့် စူပါဟီးရိုးကြီးပဲ၊ သောက်ရမ်းလန်းတယ်ကွာ”

တာဝန်အတွက်သာ မဟုတ်ပါက ဖုန်းပုကြွယ်သည် ထိုကောင့်ကို သတ်ပစ်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုတော့ သူ သည်းခံရုံသာ ရှိတော့သည်။

တစ်မိနစ်မပြည့်ခင်မှာပင် ဖုန်းပုကြွယ်သည် စတန်တို့အိမ်သို့ အရောက်ပြေးလာခဲ့သည်။ တံခါးပိတ်မထားသဖြင့် ဖုန်းပုကြွယ်သည် လက်ကောက်ဝတ်ကို ခါထုတ်၍ ရန်ဒီ့ကို အထဲသို့ ပစ်သွင်းလိုက်ပြီး သူသည်လည်း နောက်မှ ကပ်ဝင်သွားသည်။

တံခါးကို ပိတ်လိုက်သည်နှင့် ဖုန်းပုကြွယ်မှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။

မိနစ်ပိုင်းအတွင်း ဤသို့ လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လိုက်ရသဖြင့် သူ၏ အသက်အမှတ်မှာ အန္တရာယ်ရှိသော အဆင့် ၁၃% အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

အိမ်ထဲ ရောက်ရောက်ချင်း ဖုန်းပုကြွယ်သည် ကျောပိုးအိတ်ထဲမှ ပိုးသတ်ဆေး၊ ပတ်တီးနှင့် ချုပ်အပ်၊ ချုပ်ကြိုးများကို ထုတ်ယူကာ ခါးမှ ဒဏ်ရာကို ချုပ်ရန် ပြင်ဆင်တော့သည်။

သူသည် အလုပ်အလွန်တွင်သော လူဖြစ်သဖြင့် လက်ကလည်း မနားသလို ပါးစပ်ကလည်း ရှေ့မှ NPC သုံးယောက်ကို စကားပြောဆိုနေရသည်။

“မကြောက်ကြပါနဲ့၊ ကျွန်တော် ခင်ဗျားတို့ကို ကူညီဖို့ လာတာပါ”

ရှယ်လီနှင့် အခြားလူများကမူ ကြောက်ရွံ့ပြီး အကူညီမဲ့ ဖြစ်နေကြရှာသည်။ ရန်ဒီတစ်ယောက်သာလျှင် ကင်မရာကို စွဲစွဲမြဲမြဲကိုင်ထားပြီး ဖုန်းပုကြွယ်ထံ ချိန်ကာ နောက်ခံစကားပြောနေခြင်းဖြစ်သည်။

“ကြည့်ကြပါဦး၊ စူပါဟီးရိုးတစ်ယောက်က ကျွန်တော့်ဧည့်ခန်းထဲမှာ သူ့ဒဏ်ရာကို သူကိုယ်တိုင် ချုပ်နေတာပါဗျာ”

ဖုန်းပုကြွယ်သည် ရန်ဒီ့ကို အမှန်တကယ် ထိုးပစ်ချင်နေသော်လည်း စိတ်ထိန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရန်ဒီ့ကင်မရာထဲတွင် ဗီဒီယိုတိပ်ခွေမရှိကြောင်း သူသိနေသောကြောင့်ပင်...။ ပြီးလျှင် ဖုန်းပုကြွယ်သည် သူ့ကို သတိပေးရန် စိတ်ကူးမရှိဘဲ ထိုငတုံးကို ရိုက်ချင်သလို ရိုက်ခွင့်ပေးထားလိုက်လေသည်။

…

တစ်ချိန်တည်းမှာပင်၊ ဗဟိုအမေရိက၊ ကိုစတာရီကန် လေကြောင်းပိုင်နက်ထဲ၌...

ညကောင်းကင်ထဲတွင် အမေရိကန်အလံနှင့် ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်ပါရှိသော C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတစ်စီးသည် တောင်ဘက်ဆီသို့ ပျံသန်းနေလေသည်။

လေယာဉ်ခန်းထဲတွင်မူ မူလတန်းကျောင်းသားငါးဦးသည် အတန်းလိုက် ထိုင်နေကြပြီး ဘယ်သူမှ စကားမပြောကြဘဲ အခြေအနေက အတော်လေး ခြောက်ခြားဖွယ် ကောင်းနေခဲ့သည်။

ရုတ်တရက် ပိုင်းလော့တံခါးပွင့်လာပြီး တွဲဖက်လေယာဉ်မှူး ထွက်လာကာ ကလေးများကို ပြောလိုက်သည်။

“ကဲ၊ ငါတို့ ပီရူးနိုင်ငံနဲ့ ကီလိုမီတာ ၈၀၀ အကွာကို ရောက်လာပြီ၊ ဆင်းပြီးရင် ကုန်တင်ကားတစ်စီးက မင်းတို့ကို ဖြတ်ခေါ်သွားလိမ့်မယ်၊ ပြီးရင် မစ်ရှင်အကျဉ်းချုပ်ကို ရှင်းပြလိမ့်မယ်”

ထို့နောက် သူက ပိုင်းလော့ထဲ ပြန်ဝင်၍ တံခါးပိတ်လိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ခရစ်ဂ်က မျက်နှာသေဖြင့် စကားစပြောလိုက်သည်။

“မင်းတို့ အဲဒီပြောင်မြောက်တဲ့ အကြံဉာဏ်ကြီး ငွေရဖို့ ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းအဖြစ် ဟန်ဆောင်မယ့်အစီအစဉ်ကို စဉ်းစားမိတုန်းက ‘ဟေး၊ ဒီအစီအစဉ်ကြီး လွဲချော်သွားနိုင်တယ်’ လို့ ခဏလေးတောင် တွေးမိတဲ့သူ ပါလား”

သူက နှစ်စက္ကန့်ခန့် ရပ်ပြီး ဆက်ပြောလိုက်သည်။

“မပါဘူးလေ၊ မင်းတို့က အဲဒီလို မတွေးတတ်ကြဘူး၊ ဘာလို့လဲဆိုတော့ မင်းတို့အားလုံးက လူယုတ်မာတွေဖြစ်ပြီး ဘယ်တော့မှ မှတ်မှတ်သားသား မရှိကြဘူး၊ ဒါကြောင့် ကျောင်းတစ်ခုလုံးက မင်းတို့ကို မုန်းနေတာ”

ကိုင်းလ်က ပြန်ပြောလိုက်သည်။

“မဟုတ်ပါဘူး၊ ကျောင်းက ကလေးတွေ ငါတို့ကို ချစ်ကြပါတယ်”

သူက စတန်ကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်မလား”

စတန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေါ့၊ ကျောင်းကကလေးတွေ ငါတို့ကို အသည်းစွဲပဲ”

သူက ခရစ်ဂ်ဘက် လှည့်ပြောလိုက်သည်။

“အခု ငါတို့ အခြေအနေမကောင်းလို့ ခရစ်ဂ်က စိတ်ကြီးဝင်ပြီး လျှောက်ပြောနေတာပါ”

ခရစ်ဂ်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး ပြန်လည်ချေပလိုက်သည်။

“ငါက စိတ်ကြီးဝင်တာ ဟုတ်လား... မင်းတို့က ငါ့ရဲ့ မွေးနေ့ပိုက်ဆံတွေကို ယူတယ်(ကလေးများသည် ပန်ပိုက်တီးဝိုင်းမှ ရသော ခရစ်၏ ပိုက်ဆံများကို ယူထားခြင်း)၊ ငါ့ကို အဖမ်းခံရအောင်လုပ်တယ်၊ မိုင်ယာမီကို ပို့ပစ်တယ်၊ အခုတော့ ငါတို့ ပီရူးကို အကုန်မရှင်းလင်းနိုင်မချင်း အိမ်ပြန်ရတော့မှာ မဟုတ်ဘူး... အဲဒါကို ငါက စိတ်ကြီးဝင်တာလား”

အန်သည် ခရစ်ဂ်ကို လက်ညှိုးထိုးပြ၍ တခြားကလေးများကို ပြောလိုက်သည်။

“ဒီကလေးကိုတော့ ငါတကယ် ပြောစရာစကားမဲ့နေပြီ”

ခရစ်ဂ်က သူ့ကို လျစ်လျူရှု၍ ဆက်ပြောလိုက်သည်။

“ကျောင်းမှာ ဘယ်သူမှ မင်းတို့လေးယောက်နဲ့ ဘာလို့ အပေါင်းအသင်းမလုပ်ချင်ကြလဲ သိလား”

သူက အလေ့အကျင့်အတိုင်း ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းတို့က အမြဲတမ်း ဒီလိုကိစ္စမျိုးတွေကို လျှောက်လုပ်နေလို့ပဲ... မင်းတို့က အမြဲတမ်း ကြောက်စရာကောင်းတာတွေပဲ စဉ်းစားတယ်၊ အဲဒါတွေက အမြဲတမ်း ပြဿနာတက်တယ်၊ ပြီးရင် မင်းတို့က ပြည်နှင်ဒဏ်အပေးခံရတာ ဒါမှမဟုတ် အာကာသထဲ အပစ်ခံရတာမျိုးတွေ ဖြစ်တတ်လို့ပဲ”

သူ နိဂုံးချုပ်လိုက်သည်။

“ဒါကြောင့်မို့... ဘယ်သူမှ မင်းတို့နဲ့ မပေါင်းချင်ကြတာ”

အန်ကမူ ဂရုမစိုက်သည့် ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

“မင်းက အရမ်း အဆိုးမြင်လွန်းပါတယ် ခရစ်ဂ်ရာ၊ အရာရာအားလုံး သူ့အလိုလို အဆင်ပြေသွားမှာပါ”

…

တစ်ချိန်တည်းမှာပင်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမကြီးထဲ၌...

အစည်းအဝေးခန်းတစ်ခုလုံးသည် လူတစ်ယောက်မှတစ်ပါး ဗလာကျင်းနေလေ၏။ အဆိုပါလူမှာ ရှေ့ရှိ စင်မြင့်ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် ထိပ်ပြောင်ပြောင် အရာရှိကြီး (ပြည်တွင်းလုံခြုံရေးဝန်ကြီး) ပင် ဖြစ်သည်။

သူ၏ တည့်တည့်ရှေ့တွင်မူ ကမ္ဘာ့မြေပုံကြီးတစ်ခု ရှိနေ၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ မြေပုံကိုကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်နေခဲ့သည်။

“ဆရာ၊ ကျုပ်တို့ ပိုကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါပြီ”

လူမည်းအရာရှိကြီးတစ်ဦးက စစ်ယူနီဖောင်းဖြင့် စာရွက်စာတမ်းအချို့ကို ကိုင်ဆောင်ကာ စိုးရိမ်တကြီးဝင်လာရင်း ပြောလိုက်သည်။

“အိုး”

ပြည်တွင်းလုံခြုံရေးဝန်ကြီးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“တခြား ဘာဖြစ်နိုင်သေးလို့လဲ”

“ကမ္ဘာအနှံ့ကနေ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် သတင်းပို့ချက်တွေ ရောက်လာနေပါတယ်၊ အဲဒီလို ကြီးမားတဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ ဆုံးရှုံးမှုတွေကို ဖြစ်စေတဲ့ တရားခံကတော့...”

လူမည်းအရာရှိသည် စကားပြောရန် တုံ့ဆိုင်းနေလေသည်။

သူ စကားမဆုံးခင် ပြည်တွင်းလုံခြုံရေးဝန်ကြီးက လှည့်လာပြီး အေးစက်စက် အပြုံးဖြင့် မေးလိုက်သည်။

“ပူးကောင်တွေလား”

လူမည်းအရာရှိ ဆွံ့အသွားသည်။

“အာ... ဟုတ်ပါတယ် ဆရာ၊ ဆရာ ဘယ်လိုသိတာလဲ”

“မင်း အမှန်တရားနဲ့ အရမ်းနီးစပ်နေပြီ ဒေးဗစ်”

ပြည်တွင်းလုံခြုံရေးဝန်ကြီးဝန်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်သည်။

“ဟဲ... ငါ အကုန်လုံးကို သဘောပေါက်လုနီးပါး ဖြစ်သွားပြီ”

“အာ ဆရာ”

ဒေးဗစ်မှာမူ သူ့အထက်လူကြီး ဘာကိုဆိုလိုမှန်း အမှန်တကယ် နားမလည်ရှာပေ။

“ငါထင်တာကတော့ မင်း မိုင်ယာမီမှာတုန်းက အမှန်တရားကို သိနေခဲ့တယ် ထင်တာ... ဒါပေမဲ့ မင်းက အရာအားလုံးကို ထိုးထွင်းမမြင်နိုင်ခဲ့ဘူးပဲ”

ပြည်တွင်းလုံခြုံရေးဝန်ကြီးက ထပ်ပြောသည်။

“ဆ...ဆရာက ဒါတွေ ဖြစ်လာမယ်ဆိုတာ အစကတည်းက သိနေခဲ့တာလား”

ဒေးဗစ်က ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။

“အိုး ဒါက အစပဲ ရှိသေးတယ် ဒေးဗစ်”

ဝန်ကြီးက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး တခြားလက်တစ်ဖက်ဖြင့် အမူအရာပြလိုက်သည်။

“ပြီးတော့ ငါက... မင်းတို့ကို အရာရာတိုင်းကို ဘယ်တော့မှ ဖျက်ဆီးခွင့်ပေးမှာ မဟုတ်ဘူး”

သူ စကားမဆုံးခင်မှာပင် ပြည်တွင်းလုံခြုံရေးဝန်ကြီးသည် ရုတ်တရက် သူ့ပါးစပ်ကို ဖြဲလိုက်ပြီး သူ့လျှာက လှံတစ်စင်းကဲ့သို့ ရှေ့သို့ လှစ်ထနဲထွက်သွားကာ တစ်စက္ကန့်အတွင်း လေးငါးမီတာခန့် အရှည်အထိ ရောက်သွား၏။ လျှာဖျားသည် ဒေးဗစ်၏ မျက်လုံးအိမ်ကို ဖောက်ထွက်သွားပြီး မျက်လုံးကိုဖြတ်ကာ ဦးနှောက်ထဲအထိ တိုးဝင်သွားတော့သည်။

ဒေးဗစ်သည် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ တစ်ကိုယ်လုံး စက္ကန့်အနည်းငယ်မျှ တုန်ရီသွားပြီးနောက် သူ့ဦးနှောက်တစ်ခုလုံး ကြေမွသွားပြီး ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျကာ အေးစက်စက်အလောင်းတစ်လောင်း ဖြစ်သွားတော့သည်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးသည် သူ့လျှာကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ရှေ့မှ အလောင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး မိတ်ဆွေ၊ ငါက အားအင်တွေ ကုန်ခမ်းပြီး ဒုက္ခပေါင်းစုံ ခံစားခဲ့ရပြီးမှ... နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့တာ”

သူ ခေတ္တရပ်လိုက်သည်။

“ပိုက်ပါ(ပုလွေသမား)တွေ ပျောက်ကွယ်တော့မယ်၊ ငါတို့ ပူးကောင်တွေရဲ့ ခေတ်က ရောက်လာပြီ”

သူ ငုံ့၍ ဒေးဗစ်၏ လက်ထဲမှ ဖိုင်တွဲကို ကောက်ယူလိုက်၏။

“ပြီးတော့ ဒီအရာအားလုံးကို တားဆီးနိုင်မယ့် တစ်ဦးတည်းသောလူကိုလည်း အမည်မသိနေရာတစ်ခုဆီ ပို့ပစ်လိုက်ပြီ...”

ထိုအချိန်တွင် အစီရင်ခံစာဖိုင်၏ ပထမဆုံး စာမျက်နှာပေါ်ရှိ ဓာတ်ပုံထဲ၌ ရှိနေသောလူမှာ... အခြားသူမဟုတ်ဘဲ ‘ခရစ်ဂ်’ ပင် ဖြစ်တော့သည်။

All Chapters