← Chapters

တတိယမျက်လုံး

Vol. 019 Ch. 929

တတိယမျက်လုံး

Vol. 019 Ch. 929

တိုက်ပွဲကွင်းပြင်အတွင်းရှိ ကျင့်ကြံသူများသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည့် မိုးကြိုးများကို မော့ကြည့်နေသည်။သူတို့၏ စိတ်ထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေ၏။

“ဒါက နတ်ဆိုးသခင်ရဲ့ မန္တာန်ပဲ။ အတော်လေး ကြောက်မက်ဖွယ် ကောင်းလှပါပေတယ်…”

“သင်က ဒီလူနဲ့ တွေ့တာနဲ့ သေရလိမ့်မယ်…”

ရှုထင်က ထိုအဖြစ်ကို မင်သေသေနှင် စူးစိုက်ကြည့်နေသည်။သူက လက်သီးခပ်တင်းတင်း စုပ်ထားမိ၏။သူက သူ့လက်သီးသည် အနည်းငယ် တုန်ယင်နေသည်ကို သတိမပြုမိပေ။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တိုက်ပွဲကွင်းပြင်အတွင်း၌ ခေါင်းကြီးကောင်လေးသည် ရုတ်တရက် မျက်လုံးဖွင့်လာကာ သွေးတစ်လုပ်အန်ထုတ်ရ၏။သူ့အသွင်က ကြမ်းကြုတ်နေ၏။သူက ရုတ်တရက် မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်သည်။သူက မင်သက်သွားပြီး ကြောက်လန့်မှု ပေါ်လာသည်။

“မဟုတ်သေးဘူး…”

အရှင်မီးတောက်က လှမ်းဟောက်သည်။ “ပြန်ထိုင်…”

ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သူ့နှလုံးသည် ခုန်ပေါက်နေ၏။အစောပိုင်းက သူသည် လက်စားချေရန်အတွက် ဝမ်လင်း၏ခန္ဓာကိုယ်ကို ရှာလိုခဲ့သည်။သို့သော် သူက သူ့ပတ်လည်သို့ ကြည့်လိုက်သည့််အခါ သူက လူ(၁၀၈)ယောက်သာ ရှိသည်ကို တွေ့ရကာ လေးယောက်ပျောက်နေသည်။

“ဖြစ်နိုင်တာက ကောင်းကင်လျှောက်လမ်းမှာ (၁၁၂)ယောက်ထဲမှ လေးယောက်ဟာ သူတို့ရဲ့ ကိုယ်ပွားမဟုတ်ဘဲ သူတို့ရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ ဝင်ရောက်သွားတာပဲ…”

ခေါင်းကြီးကောင်လေး၏ ဦးရေပြားသည် ထုံထိုင်းသွားသည်။သူက ထိုလေးယောက်ထဲမှ တစ်ယောက်မဖြစ်ခဲ့သည်ကို ကြိတ်၍ ကျေးဇူးတင်နေမိ၏။သူ့ခန္ဓာကိုယ်သည် ချွေးများနှင့် ရွှဲနစ်နေတော့သည်။

“ငါ့သိုလှောင်အိတ်ကို မဖွင်နိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ မူလစိတ်ဝိညာဉ်နဲ့ မပေါင်းစပ်ထားတဲ့ ရတနာတွေကို အသုံးမပြုနိုင်ဘူးလေ…”

ခေါင်းကြီးကောင်လေးသည် အသက်ဝဝရှိုက်သွင်းမိ၏။သူက ကြောက်လန့်မိနေဆဲပင်။

ကောင်းကင်လျှောက်လမ်းရှိ တိုက်ပွဲအတွင်း ရွှေရောင်အလင်းတစ်ချက် လင်းလက်ကာ ရွှေရောင်စာလုံးတစ်လုံး ပေါ်လာသည်။ထိုစာလုံးသည် ခေါင်းကြီးကောင်လေး၏ ကိုယ်ပွားကို စုပ်ယူခဲ့၏။ခုချိန်၌ ၎င်းစာလုံးသည် အသိဉာဏ်ရလာသည့်အလား။

ဝမ်လင်းသည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပြန်သိမ်းဆည်းသည်။သူက မင်သက်နေသော ရှန်ကုန်းဟူကို ကြည့်ကာ သူ့သိုလှောင်အိတ်ထဲမှ ဆေးလုံးအချို့ထုတ်၍ ပေးလိုက်၏။

“ပုန်းလို့ရတဲ့နေရာတစ်ခုသွားရှာပြီး သေချာကျင့်ကြံနေချေ…”

ရှန်ကုန်းဟူက ဆေးလုံးများကို ယူလိုက်၏။သူက ၎င်းတို့ကို မြိုချရန် ပြင်လိုက်စဉ်မှာပင် သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက ဝမ်လင်း၏ သိုလှောင်အိတ်ကို ကြည့်၏။ထို့နောက် သူက ပြောလိုက်သည်။ “အရှင်…သင်…သင်က သင့်ရဲ့ သိုလှောင်အိတ်ကို ဖွင့်လို့ရတယ်လား…”

ဝမ်လင်းက မင်သက်သွား၏။သူ့မျက်လုံးသည် သုန်မှုန်သွားသည်။သူ့ခေါင်းထဲ၌ အတွေးများစွာ ဝင်လာသည်။သူ့ဉာဏ်ရည်ဖြင့် ရှန်ကုန်းဟူထံမှ စကားတစ်ခွန်းလောက်ကြားလိုက်ရုံနှင့် သူက တစ်ခုခုကို နားလည်သွားတော့သည်။

“မင်းရဲ့ သိုလှောင်အိတ်က ဖွင့်လို့မရဘူးလား…” ဝမ်လင်းသည် ရှန်ကုန်းဟူကို သုန်မှုန်စွာ ကြည့်မိ၏။

ရှန်ကုန်းဟူက ခေါင်းခါပြသည်။

ဝမ်လင်းသည် တိတ်ဆိတ်သွား၏။သူက နောက်သို့ ပြန်လှည့်ပြီးနောက် လေထဲသို့ ခုန်တက်သွားတော့သည်။

ရှန်ကုန်းဟူ၏ ခေါင်းထဲ၌ အတွေးတစ်ချို့ ပေါ်လာ၏။အနည်းငယ် စဉ်းစားပြီးနောက် သူက ဝမ်လင်းစကားကို နားထောင်ကာ ပုန်းကွယ်ရန် နေရာတစ်ခု ရှာလေသည်။

ဝမ်လင်းသည် တိုက်ပွဲကွင်းပြင်အတွင်း လှည့်လည်သွားနေ၏။

“ဒီကွင်းပြင်ထဲမှာ ကိုယ်ပွားတွေကြားထဲ အစစ်အမှန်ခန္ဓာကိုယ်တွေပါ ရှိနေတယ်။အရှင်မီးတောက်ရဲ့ အကြံက တကယ် နက်နဲလှပါလား။ငါ သူ့ကို လေးစားမိပြီ။ (၁၁၂)ယောက်ထဲမှာ လေးယောက်က အစစ်အမှန် ခန္ဓာကိုယ်နဲ့ ဒီနေရာကို ရောက်လာခဲ့တာပဲ။ ငါ အစောပိုင်းက သတ်ခဲ့တဲ့ နှစ်ယောက်ကလည်း သူတို့ရဲ့ သိုလှောင်အိတ်ကို ဖွင့်လှစ်နိုင်ကြတယ်။ဒါ့ကြောင့် ဒီနေရာမှာ ငါ့အပြင် နောက်ထပ် အစစ်အမှန်ခန္ဓာကိုယ်နဲ့ ရောက်လာတဲ့လူတစ်ယောက် ရှိသေးတယ်။ ဒီလူက ဘယ်သူလဲတော့ ငါလည်း မသိဘူး…”

ဝမ်လင်းက ရွှေ့လျားနေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။သူက ကျင့်ကြံသူတစ်ယောက်ကို သတိပြုမိသည်နှင့် ချက်ခြင်း အရောက်သွားသည်။လမ်းတစ်လျှောက်တွင် ဝမ်လင်းက မည်သည့်သက်ညှာမှုကိုမျှ မပြသပေ။

သည်နေရာက သတ်ကွင်းတစ်ခုဖြစ်မှတော့ လူတစ်ယောက်သည် သတ်မလား၊သေမလား နှစ်ခုအတွက်သာ ပြင်ဆင်ထားရမည် မဟုတ်လား။သူတို့က သေရလျှင်ပင် အစစ်အမှန်သေခြင်း မဟုတ်ပါ။ ထို့အတွက်ကြောင့် ဝမ်လင်းနှင့် ကြုံရသည့် ကျင့်ကြံသူများအဖို့ လွတ်မြောက်ရန် ခက်ခဲလှပေသည်။သို့သော်လည်း ဝမ်လင်းက မတိုက်ခိုက်ခင် ထိုလူသည် သူ့ သိုလှောင်အိတ်ကို ဖွင့်နိုင်၊မဖွင့်နိုင် စစ်ဆေးသေး၏။မဖွင့်နိုင်ပါက သူသည် တိုက်ခိုက်ပေမည်။

အခြားတစ်ဖက်တွင်လည်း သတ်ဖြတ်ပွဲတစ်ခု ဖြစ်ပွားနေ၏။ရှုထင်က အနက်ရောင်မြူထုကို ထုတ်လွှတ်ကာ သည်ဧရိယာကို လွှမ်းခြုံရင်း သူ့လမ်းကြောင်းရှိ လူတိုင်းကို ဝါးမြိုပစ်နေသည်။

အဆုံးသပ်၌ ကျင့်ကြံသူတော်တော်များများသည် သူတို့ကိုယ်သူတို့ သက်သေကြကုန်၏။ထိုမှသာ သူတို့၏ သေဆုံးမှုသည် အခြားလူတစ်ယောက်အတွက် အကျိုး မရရှိစေမည် မဟုတ်လား။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ တိုက်ပွဲကွင်းပြင်၌ ကျင့်ကြံသူများ နည်းသထက် နည်းလာသည်။

ဝမ်လင်းနှင့် တွေ့ကြုံရသူသည် ကံကောင်းသည်ဟု ဆိုရမည်။ အခြားတစ်ဖက်က နာခံပါက ဝမ်လင်းသည် မတိုက်ခိုက်ပေ။သူက ထိုသူတို့ သူ့ဟာသူ သေဆုံးသည်ကို စောင့်ကာ သူတို့၏ကိုယ်ပွားကိုသာ ချိပ်ပိတ်သည်။

သို့သော် ရှုထင်ဘက်ခြမ်းတွင်မူ လှိုင်းထန်နေ၏။ ကိုယ့်ကိုကိုယ် သတ်သေချင်လျှင်ပင် ထိုသူက နှေးပါက သူ့ကံကြမ္မာသည် ရှုထင်၏ ဝါးမြိုခြင်းကို ခံလိုက်ရဖို့သာ ရှိနေ၏။

တိုက်ပွဲကွင်းပြင်၌ ညအချိန်သို့ ရောက်လာသည်။ ည ရောက်လာသည့်အခါ လူများများ မကျန်တော့ပေ။ ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရှုထင်ထံသို့ လှမ်းလျှောက်သွားတော့သည်။

ရှုထင်က သူ သတ်ရမည့် လူပင်။ သူက ရှုထင်ကို အလွတ်ပေး၍ မဖြစ်ပေ။

ရှုထင်ကလည်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ဝမ်လင်းပေါ်သို့ ကျရောက်လာစေ၏။ထို့နောက် သူက အနက်ရောင်မြူထုထဲသို့ ဝင်ရောက်ကာ ဝမ်လင်းထံသို့ ဦးတည်လာသည်။သူ့ဧရိယာအတွင်းရှိ ကျင့်ကြံသူအားလုံးသည် သေဆုံးသွားခဲ့ပြီး ဖြစ်ကာ သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည် မဟုတ်လား။

သူက မြန်သထက်မြန်စွာ ရွှေ့လျားနေသည်။သူ့သတ်ဖြတ်ချင်စိတ်ကလည်း မြင့်သထက် မြင့်မားလာသည်။

“ရှုမူ…” ရှုမူထံကနေ အက်ကွဲရှတသော အသံတစ်ခု ဟိန်းထွက်လာ၏။

ဝမ်လင်းက တည်ငြိမ်လျက်ပင်။သူက လေထဲ၌ ရှိနေကာ သူ့ထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသည့် ရှုထင်ကို ကြည့်နေသည်။ရှုထင်၏နောက်၌ အနက်ရောင်မြူထုက လွှမ်းခြုံထား၏။ထို့နာက် ၎င်းက သိပ်သည်းလာရင်း နတ်ဆိုးအရိပ်တစ်ခု ဖြစ်ပေါ်လာသည်။၎င်းအရိပ်က မာန်ဟိန်းကာ ဝမ်လင်းထံသို့ ဦးတည်လာတော့၏။

“ဒီလူက သူ့သိုလှောင်အိတ်ကို ဖွင့်နိုင်ဖို့ပဲ ငါ ဆုတောင်းမိတယ်…” ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ ပြည့်လာသည်။

ရှုထင်က ဝမ်လင်းထံသို့ ပိုမြန်ဆန်စွာ တိုးဝင်လာနေ၏။

ရှုထင်နီးကပ်လာသည်နှင့် နတ်ဆိုးအရိပ်သည် ဝမ်လင်းကို ဝါးမြိုရန် တာဆူလာသည်။

ဝမ်လင်းရှေ့၌ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ပေတစ်ထောင်ထိ ကြီးမားလာ၏။ထို့နောက် ရွှေရောင်စာလုံးများ ပျံသန်းထွက်လာကာ တဝုန်းဝုန်းအသံများကို ဆက်တိုက် ဖြစ်ပေါ်စေသည်။သူတို့နှစ်ယောက်သည် လေထဲ၌ ထိပ်တိုက်တိုက်ပွဲကို စတင်ကြလေပြီ။

မြေပြင်ထက်၌ ရှန်ကုန်းဟူသည် သူပုန်းနေသော နေရာကနေ ထွက်လာကာ အပင်ထိပ်ဖျား၌ ရပ်နေ၏။သူက ကောင်းကင်ထက်ရှိ တိုက်ပွဲကို သေချာကြည့်နေသည်။ထိုအခိုက်အတန့်၌ လက်တစ်ဖက်သည် သူ့ပုခုံးကို လာရောက်ပုတ်သည်။

ရှန်ကုန်းဟူက အထိတ်တလန့်ဖြစ်ကာ မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်၏။သို့သော် ထိုအခိုက်မှာပင် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“စိတ်ပူမသွားပါနဲ့။ တကယ်တော့ မင်း ရုတ်တရက်ကြီး ထွက်လာတော့ ငါ့ကိုလည်း လန့်သွားစေခဲ့တာပဲ…” ထိုစကားသံနှင့်အတူ နန်ကုန်ဟန်သည် ပြုံး၍ ထွက်ပေါ်လာသည်။သူက ရှန်ကုန်းဟူ ဘေးနား၌ ထိုင်ချကာ ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလာသည်။ “ ညအချိန်မှာ ဒီလိုတိုက်ပွဲမျိုး ကြည့်ရတာ ဘယ်လောက်သာယာလိုက်လဲ…”

သူက ထိုသို့ ပြောရင်း သူ့သိုလှောင်အိတ်ထဲမှ အရက်အိုးတစ်လုံးကို ထုတ်ကာ တစ်ကြိုက်သောက်လိုက်လေ၏။

ရှန်ကုန်းဟူက နန်ကုန်ဟန်၏ သိုလှောင်အိတ်ကို ကြည့်နေမိသည်။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ သိပ်မဝေးသော သစ်ပင်ကြီးပေါ်၌ ထိုင်ချလိုက်၏။

နန်ကုန်ဟန်က အားပါးတရ ထပ်သောက်ပြန်သည်။သူက စိတ်ဓာတ်ကျဟန် အသွင်နှင့် ပြောလာ၏။ “ဟီးဟီး…မင်းလည်း သိနေပြီပဲ။ ငါက ဘာမှ မတက်နိုင်ခဲ့ဘူး။ ငါက ဒီနေရာကို အစစ်အမှန် ခန္ဓာကိုယ်နဲ့ ရောက်လာခဲ့တာ။ကံမကောင်းဘူးပဲ ဆိုရမယ်။ ကံကောင်းစွာနဲ့ ငါက ဒီအချက်ကို စောစောစီးစီး သိခဲ့လို့ပေါ့။ မဟုတ်ရင် ငါက အရူးတစ်ယောက် လျှောက်သတ်ပြီး သေရလိမ့်မယ်။ ဒါက မထိုက်တန်ဘူး…။ဒါ့ကြောင့် ငါက နေရာတစ်ခု ရှာပြီး ပုန်းနေရင်း အဆုံးသပ်ချိန်ကို စောင့်နေတာ။ ငါ လုံခြုံပြီဆိုတဲ့ အချိန်ကျမှ ထွက်လာတာပဲ…”

အကွာအဝေးတစ်ခု၌ လက်ခြောက်ချောင်းကျင့်ကြံသူလည်း သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုင်နေသည်။သူက ကောင်းကင်ယံရှိ တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေသည်။သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

“မင်းတို့နှစ်ယောက်လုံးက အသန်မာဆုံးပဲ။ ဒါ့ကြောင့် တိုက်ကြချေ။ ဒီလိုမှ ငါ့အတွက် အခွင့်အရေးတစ်ခု ရလာနိုင်မှာ…”

ရှုထင်၏နတ်ဆိုးအရိပ်နှင့် ဝမ်လင်း၏ တံဆိပ်တုံးသည် တွေ့ဆုံသွားသည်။ထိုတွေ့ဆုံမှုက တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို တုန်ခါစေသည်။

ရှုထင်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွား၏။နတ်ဆိုးအရိပ်က သူ့နောက်ကနေ ကပ်ပါသွားသည်။

ဝမ်လင်းကလည်း ပေသုံးဆယ်လောက် နောက်ဆုတ်ရ၏။သူ့မျက်လုံးက တည်ငြိမ်နေသည်။သို့သော် သတ်ဖြတ်လိုခြင်းနှင့် ပြည့်သည်။

ရှုထင်က နောက်ဆုတ်နေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ မူလစွမ်းအင်မြောက်များစွာသည် သူ့ခန္ဓာကိုယ်ထဲသို့ စုစည်းလာ၏။ ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားရှိ အနက်ရောင်ဝဲကတော့သည် ပိုမိုမြန်ဆန်စွာ လှည့်လည်လာသည်။သူက အော်ပြောလိုက်၏။ “မြွေ…ဝါးမြိုခြင်း…”

သူက ထိုသို့ပြောလိုက်သည်နှင့် သူ့ရှေ့ရှိ နတ်ဆိုးအရိပ်သည် စတင် လှုပ်ရှားလာ၏။ ၎င်းက ချက်ခြင်းပင် ပေတစ်ထောင်လောက် ရှည်သည့် မြွေတစ်ကောင်အသွင်သို့ ပြောင်းသွားသည်။ထိုမြွေက မာန်ဖီကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာသည်။

ဝမ်လင်းက ထိုမန္တာန်ကို အရင်ကတည်း တစ်ကြိမ် တွေ့မြင်ဖူး၏။ထို့ကြောင့် သူက ၎င်း၏စွမ်းအားကို သိထားပေသည်။သူက သူ့လက်ကိုပင့်မြှောက်ကာ လေဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုသည်။

အနက်ရောင်လေပြင်းများသည် ဝမ်လင်းလက်ကနေ ထွက်ပေါ်လာရင်း ကောင်းကင်နှင့်မြေကြီးကြားတွင် ပြည့်နှက်လာသည်။နဂါးနှစ်ကောင်သည် ဖြစ်ပေါ်လာကာ ကြမ်းတမ်းစွာ မာန်ဖိဟိန်း၏။ ထိုနဂါးနှစ်ကောင်နှင့် မြွေတို့သည် ထွေလားယှက်လိမ်ဖြစ်ကာ အပြန်အလှန် ဝါးမြိုကြ၏။

သို့သော် လေဆင့်ခေါ်ခြင်းမန္တာန်သည် ကောင်းကင်ဘုံအင်ပါယာပေဖန်၏ မန္တာန်မဟုတ်လား။ မြွေက နဂါးတစ်ကောင်ကို ဝါးမြိုပြီးသည်နှင့် နာကျင်စွာ ဟစ်အော်ရသည်။၎င်း၏ ခန္ဓာကိုယ်သည် ချဲ့ကားလာရင်း နောက်ဆုံးတွင် ပျက်စီးသွားတော့သည်။

ထိုမြွေ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည့်အခါ ဝါးမြိုခံလိုက်ရသည့် နဂါးသည် ပြန်ပေါ်လာ၏။နဂါးနှစ်ကောင်သည် ရှုထင်ထံသို့ ဦးတည်သွားသည်။

ရှုထင်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်၏။ သူက အော်ပြောလိုက်သည်။ “တောင်စိတ်ဝိညာဉ်…”

သူ့ခေါင်းနောက်မှ အနက်ရောင်မြူထုသည် ပေါက်ကွဲထွက်လာကာ သူ့ရှေ့၌ ထူထဲသော မြူလွှာတစ်ခု ဖြစ်တည်လာသည်။ထိုမြူသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပြည့်နှက်လာပြီးနောက် ဧရာမတောင်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ထိုတောင်က ဝမ်လင်းထံသို့ တရကြမ်း ဖိနှိပ်ချလာ၏။

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ရှုထင်ကို သတ်ချင်စိတ်အပြည့်နှင့် စူးစိုက်ကြည့်နေသည်။အနက်ရောင်နဂါးနှစ်ကောင်သည် ထိုးထွက်သွားနေရင်း သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်၏။သည်အခိုက်အတန့်၌ သူသည် သည်ရှုထင်နှင့် အချိန်ဆက်မဖြုန်းလိုတော့ပေ။

“တတိယချိပ်ပိတ်မှု…ပွင်ဟစေ…” ဝမ်လင်း၏အသံကတည်ငြိမ်၏။သို့သော် အေးစက်လှသည်။

သူ့မျက်ခုံးနှစ်ခုကြားရှိ အနီရောင်လိုင်းသည် ချဲ့ကားလာ၏။ တတိယမျက်လုံးသည် ပွင့်ဟလာကာ ရုတ်တရက် အံ့မခန်းတောက်ပသည့် အနီရောင်အလင်းတစ်ခု ထုတ်လွှတ်လာ၏။

ချိပ်တံဆိပ်များထဲမှ တစ်ခုကိုသာ ဖြေလျော့သည့်အတွက်ကြောင့် ဝမ်လင်းချိပ်ပိတ်ထားသည့် ကြောက်မက်ဖွယ်စွမ်းအား၏ သုံးပုံတစ်ပုံသည် အနီရောင်အလင်းထဲ၌ နစ်မြုပ်နေသည်။

အနက်ရောင်တောင်ကြီး သက်ဆင်းလာသည့်အခိုက်တွင် ၎င်းက အနီရောင်အလင်း၏ လွှမ်းခြုံ ပတ်ထွေးခြင်း ခံလိုက်ရချေသည်။ ၎င်းအလင်းသည် တစ်လွှာပြီးတစ်လွှာ တောင်ကို တိုက်စားပစ်သည်။အသက်ရှုစာကြာချိန်တစ်ဝက်ခန့်မှာပင် ၎င်းသည် အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။

ရှုထင်၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိလာ၏။သူ့ခန္ဓာကိုယ်၌လည်း သေခြင်းရှင်ခြင်းအာရုံသည် ထွက်ပေါ်လာတော့သည်။သူက နောက်သို့ ဆုတ်လို၏။သို့သော် နောက်ကျသွားခဲ့ပေပြီ။ အနီရောင်အလင်းသည် သူ့အပေါ်သို့ ကျရောက်လာခဲ့ပြီး ဖြစ်သည်။အနက်ရောင်တောင်ကြီး ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းက ရှုထင်ထံသို့ လှည့်လာသည်။

ရှုထင်၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။

သူ့သွေးနှင့်မူလစွမ်းအင်တို့သည် အရူးအမူး လှည့်လည်နေကာ သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းလုနီးပါး ဖြစ်လာသည်။သူ့မျက်ခုံးနှစ်ခုကြားရှိ အနက်ရောင်မြူထုပင် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာလိုသည့်အလား ရုန်းကန်လာသည်။

“ဒါက ဘယ်လိုမန္တာန်မျိုးလဲ…” ရှုထင်၏ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်နေ၏။သူက အနီရောင်အလင်းထဲ၌ ကျရောက်နေကာ လှုပ်ရှားနိုင်စွမ်း မရှိ ဖြစ်ရ၏။အသည်းအသန်ကြောက်ရွှံ့မှုသည် သူ့ထံသို့ ရောက်ရှိနေတော့သည်။

ထိုအနီရောင်အလင်းထဲရှိ စွမ်းအားသည် ဟိန်းမြည်ကာ သူ့ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်နေ၏။ပထမ၌ သူ့အရေပြား၊အသွေးအသားနှင့် အရိုးတို့သည် တိုက်စားခြင်း ခံရသည်။သည့်နောက် သူ့မူလစိတ်ဝိညာည်သည် စဦးစိတ်ဝိညာဉ်အဖြစ်သို၊သည့်နောက် ရွှေရောင်အမြုတေအဖြစ်ထိ လျော့ကျသွားသည်။နောက်ဆုံးတွင် ရွှေရောင်အမြုတေပင် ပေါက်ကွဲကာ စိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ရောက်ရှိသွားသည်။

ထိုမျှနှင့် အဆုံးမသပ်သေးပေ။စိတ်ဝိညာဉ်စွမ်းအင်ပင် ပျက်စီးသွားပြန်သည်။သူ့တည်ရှိမှုတစ်ခုလုံးသည် သုတ်သင်ခံလိုက်ရသည့်အလား။သူ့ကိုယ်ပွားအတွင်းရှိ မူလစွမ်းအင်ရင်းမြစ်ပင် နှုတ်ယူခြင်း ခံရကာ အနီရောင်အလင်းတန်းနှင့် ပေါင်းစပ်သွားတော့သည်။

ထိုအနီရောင်အလင်းတန်း ပျောက်ကွယ်သွားချိန်၌ ဝမ်လင်းသည် အတော်လေး ပင်ပန်းလှသည့်ပုံ ဖြစ်နေ၏။ သူက သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုင်ချကာ သူ့မျက်ခုံးနှစ်ခုကြားမှ စွမ်းအားကို အလျင်အမြန် ချိပ်ပိတ်ပစ်ရသည်။

ထိုထူးဆန်းသောမြင်ကွင်းသည် နန်ကုန်ဟန်ကို အရက်ပင် သီးသွားစေသည်။သူ့မျက်လုံးထဲ၌ပင် ကြောက်လန့်မှုတို့ ပေါ်လာရသည်။

“ငါ သူ့ကို မနိုင်နိုင်ဘူး…”

ရှန်ကုန်းဟူက အသက်ဝဝရှုသွင်းမိကာ ဝမ်လင်းကို ကြည့်မိ၏။ထိုအနီရောင်အလင်းတန်းသည် သူ မိုးကြိုးကန်ထဲ၌ အတိတ်တုန်းက မြင်တွေ့ခဲ့ဖူးသည့် လေးစားဖွယ်ပုံရိပ်တစ်ခုအသွင်အဖြစ် ဝမ်လင်းအပေါ်၌ ပြန်ထင်မြင်မိစေ၏။

လက်ခြောက်ချောင်းကျင့်ကြံသူ၏မျက်လုံးထဲ၌ပင် ကြောက်လန့်မှုတို့ ရှိနေ၏။ထို့အတူ ရက်စက်မှုတစ်ခုလည်း သူ့မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။သူက ဝမ်လင်းရှိရာသို့ တဟုန်ထိုး တိုးဝင်လာသည်။

“သူက ဒဏ်ရာ ကျိန်းသေရနေလိမ့်မယ်။ဒါ့ကြောင့် ငါ သူ့ကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ငါ ဒီရှုမူ..နတ်ဆိုးသခင်ကို သတ်လိုက်နိုင်တာနဲ့ ဒါက ပုံရိပ်ယောင်ကမ္ဘာတစ်ခု ဖြစ်နေမယ် ဆိုရင်တောင် ငါ ကျိုးရှောင်တောက်ဟာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ကျော်ကြားလာလိမ့်မယ်…”

လက်ခြောက်ချောင်းကျင့်ကြံသူသည် မြန်ဆန်စွာ ရွှေ့လျားနေရင်း သူ့နှလုံးခုန်သံသည် မြန်နေ၏။သူ့လက်ခြောက်ချောင်းပေါ်၌ အပြာရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်ပေါက်လာသည်။

သူက မြန်လွန်းသဖြင့် ဝမ်လင်းအနားသို့ ချက်ခြင်း ရောက်လာသည်။

ရှန်ကုန်းဟူ၏အသွင်က ပြောင်းလဲသွား၏။သူက ရှေ့သို့ ထွက်လို၏။သို့သော် သူက နောက်ကျသွားခဲ့လေပြီ။ နန်ကုန်ဟန်က ရုတ်တရက် မတ်တပ်ထရပ်ကာ ရှေ့သို့ လှမ်းထွက်သွားလေ၏။

လက်ခြောက်ချောင်းကျင့်ကြံသူ ဝမ်လင်းနားသို့ ရောက်သွားသည့်အခိုက်မှာပင် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။အေးစက်စက်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခု ပေါ်ထွက်လို့လာသည်။

“ထွက်သွားစမ်း…”

စကားတစ်ခွန်းက ကောင်းကင်ကို တုန်ဟီးသော အဆုံးမဲ့မိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားရ၏။မိုးကြိုးတန်းမြောက်များစွာသည် လက်ခြောက်ချောင်းကျင့်ကြံသူအပေါ်သို့ အရူးအမူး ကျဆင်းလာသည်။

လက်ခြောက်ချောင်းကျင့်ကြံသူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားရသည်။ဝမ်လင်း၏ စကားတစ်ခွန်းဖြင့်ပင် မရေမတွက်နိုင်သော မိုးကြိုးများသည် သူ့စိတ်ထဲ၌ ပေါက်ကွဲထွက်သလို ခံစားလိုက်ရသည် မဟုတ်လား။သူက ခုထိ မတိုက်ခိုက်ရသေးပေ။ သို့သော် သူ့စိတ်ကမူ ယဉ်ပါးသွားရ၏။ သူ့မျက်လုံးသည် ကြောက်ရွှံ့မှုနှင့် ပြည့်သည်။ သူက မတိုက်ခိုက်ဝံ့တော့ဘဲ သည်နေရာကနေ မြန်ဆန်စွာ ထွက်သွားလိုနေ၏။

မိုးကြိုးများ ဆက်တိုက် ဆင်းသက်လာရင်း သူက နောက်သို့ အမြန်ပြန်ဆုတ်၏။ မိုးကြိုးတုန်ဟီးသံ ထွက်ပေါ်နေရင်း လက်ခြောက်ချောင်းကျင့်ကြံသူသည် စိတ်ထဲကနေ ကျိန်ဆဲနေမိ၏။သူက ရုန်းကန်နေရသည်။သို့ရာတွင် မိုးကြိုးတန်းများက ပိုပိုများလာကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လာကြသည်။၎င်းက နတ်ဘုရားပြစ်ဒဏ်ကဲ့သို့ ဖြစ်လာတော့၏။

***

All Chapters