← Chapters

နေရာအနှံ့အပြားမှု ရှော့ခ်ရမှု လှိုင်းတံပိုးများ

Vol. 176 Ch. 2485

နေရာအနှံ့အပြားမှု ရှော့ခ်ရမှု လှိုင်းတံပိုးများ

Vol. 176 Ch. 2485

“ ဟမ် … ဘယ်လိုလုပ်ပြီး အဲ့လို ကိစ္စမျိုး ဖြစ်သွားခဲ့တာလဲ …”

လက်ထောက်က ဘာစကားမျှ ထပ်မဆိုနိုင်သေးခင်မှာပဲ လုပေချိန် မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။

“ အခု အဲ့သင်္ဘော ဘယ်မှာလဲ …”

“ ကျွန်တော်တို့နဲ့ မဝေးတော့ပါဘူး … အခု နီးနီးကပ်ကပ် လိုက်ပြီး စောင့်ကြည့်နေပါတယ် …”

လုပေချိန် ရုတ်ချည်း ထရပ်လိုက်ပြီး အစည်းအဝေးခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ မျက်မှောင်ကိုလည်း တစ်ချိန်လုံး ကြုတ်ထား၏။

“ ကောင်စုတ်လေးကတော့ ပြဿနာ ဘယ်လိုရှာရမလဲ တကယ် သိတာပဲ ….”

“ ဟမ် …”

လုပေချိန် ဘာတွေ ပြောနေလဲဆိုတာကို လူတိုင်း နားမလည်နိုင် ဖြစ်သွားခဲ့ကြ၏။

လုပေချိန်က လျိုဟုန်၏ လက်ထောက်ကို လှည့်ကြည့်၍ “အဲ့သင်္ဘောရဲ့ အချက်အလက်တွေရှိလား …”

“ အားလုံး စုစည်းထားပါတယ် ….” လက်ထောက်က USB drive ကိုင် ကိုင်ထားရင်း ပြောလိုက်သည်။

“ ဖွင့်လိုက် … အတူကြည့်ကြမယ် …”

မကြာမီ အပျော်စီး သင်္ဘော၏ ဒေတာ အချက်အလက်များက ကွန်ပျူတာ စခရင်ပေါ် ထွက်ပေါ်လာပြီး လုပေချိန်၏ အမူအရာကတော့ တည်ငြိမ်မြဲ၊ တည်ငြိမ်နေသည်။ အရာအားလုံးက သူမျှော်လင့်ထားသည့် အတိုင်းအတာအတွင်း တည်ရှိနေသကဲ့သို့ ထင်မှတ်ရသည်။

“ သူပဲ …”

ဤစကားကြားတော့ အစည်းဝေးခန်းထဲရှိ လူတိုင်းက လုပေချိန်ထံ လှည့်ကြည့်လိုက်ကြသည်။

“ ခေါင်းဆောင် ပြောချင်တာက ….” လျိုဟုန် စကားလမ်းကြောင်း ပျိုးပေးလိုက်သည်။

“ ဒါ လင်းရီ လုပ်တာပဲ …” လုပေချိန်က လိုက်ပါပြောလိုက်သည်။

“ သင်္ဘောပေါ်မှာ ပါလာတဲ့လူတွေ … ၊ သူတို့ရဲ့ အထောက်အထားတွေက သာမန် မဟုတ်ဘူး … သူတို့ကို ခြိမ်းခြောက်ညှိနှိုင်းဖို့ တော်တော်လေးကောင်းတဲ့ ကတ်တစ်ကတ်ပဲ … လင်းရီလွဲလို့ တစ်ခြား ဘယ်သူမှ ဒါမျိုး လုပ်ရဲမှာ မဟုတ်ဘူး ….”

“ အင်း … အတော်လေး ဖြစ်နိုင်ပါတယ် …” လျိုဟုန် ရေရွတ်လိုက်၏။ လင်းရီ၏ ပုံစံကို ကောင်းစွာ နားလည်နေသည့်နှယ် တဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။

“ ဖြစ်နိုင်ချေရှိတာ မဟုတ်ဘူး … လုံးဝကို သေချာသလောက်ရှိတယ် ….” လုပေချိန် အခိုင်အမာ ပြောဆိုလိုက်ပြီး “ ဒီကိစ္စက ငါတို့ရဲ့ ဟွာရှရေပိုင်နက်နားမှာ ဖြစ်သွားတာ ဆိုတော့ လင်းရီရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ အကာအကွယ်ကို တောင်းခံဖို့ပဲ ….”

“ ဒါပေမယ့် ဒီနည်းလမ်းက တကယ်ပဲ သူတို့ကို ခြိမ်းခြောက်နိုင်ပါ့မလားနော်…” လျန်ရှန့်ဟော် ညင်သာစွာ ပြောဆိုလိုက်၏။

“ အဲ့တာတော့ …၊ ငါလည်း တပ်အပ်ကြီးတော့ မပြောနိုင်ဘူး …” လုပေချိန် ပြန်ဖြေလိုက်ပြီး “ ဒါပေမယ့် သူ ဖမ်းထားတဲ့ လူတွေနဲ့တင် စားပွဲတစ်ခုတည်းမှာ အတူညှိနှိုင်းဖို့ လုံလောက်နေပြီ …”

လူတိုင်း တိတ်ဆိတ်သွားခဲ့ကြ၏။

ယခင်တုန်းက ကျုံးဝေ့တပ်ဖွဲ့သည် အရေးမသာသည့် အခြေအနေတွင် ကျရောက်နေခဲ့ရသည်။ သို့သော် ယခု လင်းရီကောင်းမှုဖြင့် နှစ်ဖက်ချိန်ခွင်လျှာက ပြန်လည်ညီမျှသွားခဲ့လေသည်။

လုပေချိန်က ဖုန်းထုတ်ပြီး လင်းရီ၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။

ထိုစဉ် … လင်းရီက သင်္ဘောပေါ်တွင် ခရီးသည်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေလျက် ရှိသည်။

ရံဖန်ရံခါ ရေကြောင်းပြမြေပုံကို ကြည်ပြီး သင်္ဘော၏ တည်နေရာကို စစ်ဆေးနေသည်။

သင်္ဘောက ဒီအထိတောင် ရောက်လာပြီဆိုတော့ အဘိုးကြီးလုတော့ တစ်ခုခု သိထားပြီးနဲ့တူတယ် …

မဟုတ်ရင် ဒီလောက်ထိ တိတ်ဆိတ်အေးချမ်းနေမှာ မဟုတ်ဘူး ….

ကလင် ကလင် ကလင် …

လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ လုပေချိန်က ဆက်သွယ်လာခဲ့ခြင်းပင်။

“ မင်း အခု ပင်လယ်ထဲမှာ မဟုတ်လား …”

“ အင်း ….”

“ ဘယ်ကမ်းမှာ ကပ်မလဲ … ငါ လူလွှတ်ပြီး ကြိုခိုင်းလိုက်မယ် ….”

“ ကျုပ်ရဲ့ အထောက်အထားက အခုချိန်ထိ မပေါ်သေးဘူး … တကယ်လို့ ဟွာရှဘက်က လာခေါ်လိုက်ရင် တစ်ဖက်ကို သင်္ကာမကင်း ဖြစ်သွားစေလိမ့်မယ် … နောက်ပိုင်းကျ ပြဿနာတွေ တက်လာနိုင်တယ် … ကျုပ်ကို လာခေါ်ဖို့ မလိုဘူး …”

တိုက်ခတ်နေသည့် ပင်လယ်လေညှင်းများကို ရင်ဆိုင်ရင်း လင်းရီ၏ မျက်နှာအမူအရာမှာ တည်တံ့နေကာ သူ့လေသံထဲတွင် ဖော်ပြမရနိုင်သည့် ပူပင်ကြောင့်ကြမဲ့မှုတို့ ပါဝင်နေသည်။

“ မပူနဲ့ …. နောက်ဆက်တွဲ ကိစ္စတွေ အတွက်လည်း ကျုပ် အကုန်လုံး စီစဉ်ထားပြီးပြီ … ကျုပ်ဆီက သတင်းကောင်းကိုသာ စောင့်နေစမ်းပါ …”

“ ကောင်လေး … မင်း လျှောက်မလုပ်နဲ့ … ငါ ပြောတာ နားထောင်စမ်း… “ လုပေချိန်က ကြင်နာတတ်သည့် အဘိုးကြီးတစ်ယောက် လေသံဖြင့် ညင်သာစွာ ပြောဆိုလိုက်သည်။

နှစ်ဘက်လုံးက ရှေ့တက်မရ၊ နောက်ဆုတ်မရ အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို သူလည်း နားလည်သည်။

တစ်ဖက်က မည်သည့် အချိန်တွင် မည်သို့သော လွန်ကျူးသည့် လုပ်ရပ်မျိုးကို ပြုလုပ်လာမလဲ …

မည်သူမျှ တပ်အပ်မပြောနိုင်ချေ။

ထို့ကြောင့် လုပေချိန်က လင်းရီ၏ ဘေးကင်းလုံခြုံရေးကို အင်မတန် စိုးရိမ်ပူပန်နေပြီး မြန်နိုင်သမျှ မြန်မြန် ပြန်လာဖို့ကို မျှော်လင့်နေမိ၏။

“ စိတ်ချစမ်းပါ … ကျုပ်က မကြာခင် အဖေတစ်ယောက် ဖြစ်လာတော့မှာ … ကိုယ့်အသက်ကိုယ်တော့ ဟာသမလုပ်ပါဘူး …. ကျုပ်စိတ်ထဲ အကုန်ရှိပြီးသား … ကျုပ်ဆီက သတင်းကောင်းကိုသာ စောင့်နေလိုက် …”

ဤစကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ကာ စိတ်ခံစားချက်ကလည်း သိသိသာသာ ကောင်းမွန်လာသည်။

လုပေချိန်က ဤကိစ္စကို သိရှိသွားပြီ ဖြစ်သဖြင့် လင်းရီလည်း သူ့ကိုယ်သူ ဆက်ပြီး စိတ်ပူစရာ မလိုတော့ပေ။

ယခုအချိန်မှစပြီး အပြင်ဘက်ရှိ မည်သူကမျှ သူ့ကို ထိဝံ့တော့မှာ မဟုတ်ချေ။

“ လူကြီးမင်းလင်းရီ … မစ္စတာ ဂါးလဒ်က ဆက်သွယ်လာပါတယ် …” ခန်းဂျိ နာခါဒါက ဖုန်းကိုကိုင်လျက် အနားသို့ ကပ်လာသည်။

လင်းရီ ခေါင်းညိတ်ပြီး ဖုန်းကို ယူလိုက်၏။ ထို့နောက် အင်္ဂလိပ်လေသံ စစ်စစ်ဖြင့်

“ ဟယ်လို မစ္စတာ ဂါးလဒ် … “ လင်းရီ ပြုံးလျက် ရွှင်ပြသည့် လေသံဖြင့် ဆိုလိုက်သည်။

သူ ရက်ပေါင်းများစွာ စောင့်ဆိုင်းနေသည့် လူက နောက်ဆုံးတော့ ဆက်သွယ်လာလေပြီ။

“ လူတွေကို ချက်ချင်း လွှတ်ပေးဖို့ မင်းကိုငါ အမိန့်ပေးတယ် … မဟုတ်ရင် မင်း အသေဆိုးနဲ့ သေရမယ် …”

“ ကိစ္စမရှိဘူး … ခင်များ လွှတ်ခင်တဲ့လူ လွှတ်ခဲ့လိုက် … အဆိုးဆုံးဖြစ်တော့လည်း အတူသေလိုက်ရုံပေါ့ … ဘာပဲဆိုဆို ကျုပ်ဘက်က ဘာဆုံးရှုံးစရာမှ ရှိတာ မဟုတ်တာ …” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။

“ ဒါပေမယ့် ခင်များကတော့ …. ခင်များမှာ သုံးရက် အချိန်ရှိမယ် … ကျုပ်ကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့ … ၇၂ နာရီ ပြည့်လို့မှ ကျုပ် စီစဉ်တဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် ခင်များကို ပြပွဲကောင်းတစ်ခု ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရလိမ့်မယ် …”

ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ကာ ဖုန်းကို နောက်သို့ ပစ်ချထားလိုက်သည်။

ဂါးလဒ်နှင့် ဆွေးနွေးဖို့ သူ့ဘက်က အချိန်မရွေး အဆင်သင့်ပင်။

အားလုံး စီစဉ်ပြီးနောက် လင်းရီ အနည်းငယ် စိတ်သက်တောင့်သက်သာ ဖြစ်သွားသည့်နှယ် ခံစားလိုက်ရ၏။

ကုန်းပတ်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေရင်း နေပူဆာလှုံနေသည့် လူတစ်ယောက်ကဲ့သို့ အပန်းဖြေနေသည်။

သတိမထားမိလိုက်ခင်မှာပဲ အချိန်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။

Ocean symphony သင်္ဘောကြီး ပြန်ပေးဆွဲခံလိုက်ရသည့် အဖြစ်အပျက်က ကမ္ဘာတစ်ဝန်းသို့ ဆူနာမီလှိုင်းလုံးကြီးနှယ် ပျံ့နှံ့သွားခဲ့လေသည်။

….

“ စောက်ကျိုးနည်း … အစ်ကိုကြီးလင်းကတော့ ရူးသွားပြီ ….”

ဘားအတွင်း၌။ သန့်စင်ခန်းထဲက ယခုလေးတင် ထွက်လာသည့် လျန်ကျင်းမင်သည် ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ ရှိရာဘက်သို့ အလျင်အမြန် ပြေးလာခဲ့သည်။

“ လျန်ကြီး မင်း ယီးတွေ ဖြစ်နေတာလား…” ကောင်းကျုံးယွမ် ကျိန်ဆဲလိုက်၏။

“ စောက် အရက်ပဲ သောက်မနေနဲ့ … လင်းကြီး ပြဿနာ တက်နေပြီ ….”

“ ဟမ် …”

ချင်းဟန်နှင့် ကောင်းကျုံးယွမ်လည်း သူတို့ ဖန်ခွက်များကို ချပြီး “ ဘာတွေ ဖြစ်နေတာ …”

“ ကိုယ့်ဘာကိုယ် ကြည့်လိုက်တော့ …”

လျန်ကျင်းမင် ဖုန်းပေးလိုက်ပြီး သတင်းတစ်ပုဒ်က စခရင်တွင် ဖွင့်ထားလျက် ရှိသည်။

နှစ်ဦးလုံး ဖုန်းယူကြည့်လိုက်၏။ သတင်းကို ဖတ်ရှုပြီးနောက် သူတို့ မျက်နှာများ ဖြူလျော်သွားခဲ့တော့သည်။

“ ဖက်ခ် … သူ ငါတို့ကို သင်္ဘောစီစဉ်ခိုင်းတာ ဒီလိုလုပ်ဖို့ပေါ့ …”

မတိုင်မီက သူတို့တွေသည် လင်းရီ စီစဉ်သည့်အတိုင်းပဲ လုပ်ပေးခဲ့ကြပြီး ရည်ရွယ်ချက်က ဘာလဲဆိုတာကို မသိကြပေ။

ယခု မြင်တွေ့လိုက်ရသည့် သတင်းက သူတို့ သုံးယောက်လုံးကို မိုးပြိုသည့်နှယ် ထိတ်လန့်သွားခဲ့စေလေသည်။

****

တိလိရာ့ကျွန်း၊ ကန်ဒါယာတောတွင်း။

လင်းကျင်ကျန့်နှင့် သူ့အုပ်စုက ရှေ့ဆက်ဖို့ ပြင်ဆင်နေချိန်မှာပဲ …

“ စုန့်ကျင်းမင် ဘယ်ပျောက်နေတာ … ဒီကောင် အခုထိ ပြန်မလာသေးဘူးလား …” လင်းကျင်ကျန့် သာမန်လျှံကာ မေးမြန်းလိုက်၏။

“ မိန်းမ တစ်ယောက်တွေ့လို့ နှလုံးသားချင်း နီးစပ်မယ့် စကားတွေ ပြောနေလားမှ မသိတာ …” မီလာက အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်သည်။

“ ဟက် … သေချင်းဆိုး သူတောင်းစားကတော့ ….”

မိနစ်အနည်းငယ်ကြာပြီး စုန့်ကျင်းမင်က နှုတ်ခမ်းတွင် စီးကရက်ကိုက်လျက် ပြန်ရောက်လာသည်။

လင်းကျင်ကျန့် မတ်တပ်ရပ်ပြီး

“ သွားစို့ … ရှေ့ဆက်ကြမယ် …”

“ နေဦး … ငါ မင်းတို့ကို ပြောစရာ ရှိတယ် …”

“ ဘာကိစ္စလဲ …”

စုန့်ကျင်းမင်က သတင်းစာ စက္ကူတစ်ရွက်ကို ကမ်းပေးလိုက်ပြီး “ မင်းရဲ့သားကတော့ ရူးနေပြီ … သူ့ကို ဆရာဝန်ဆီ ခေါ်သွားလိုက်ဦး …”

လင်းကျင်ကျန့် သတင်းစာကို ဖွင့်ဖတ်ကြည့်လိုက်၏။ စစချင်းတော့ မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်ထားနေမိပြီး … ထို့နောက်တွင်တော့ ပြန်လည်ပြေလျော့သွားလေသည်။

“ ဟားဟား … ဒါမှ ငါ့သားကွ ….”

*****

ကျုံးဝေ့တပ်ဖွဲ့။

စစ်ဆင်ရေး အစည်းအဝေးခန်းထဲတွင် လေထုအခြေအနေက အင်မတန် လေးလံတင်းမာနေသည်။

ဤရက် အတောအတွင်း လုပေချိန်နှင့် လျန်ရှန့်ဟော်တို့ကလွဲ၍ မည်သူကမျှ အိမ်မပြန်ဖြစ်ကြသေးပေ။ လူတိုင်းက မုတ်ဆိတ်မွှေးတွေ ရှည်လာပြီး ရေမချိုးရသည့် အတွက် စုတ်ပြတ်သပ်နေကာ လူရုပ်ပုံ မပေါ်ကြတော့ပေ။

အကုန်လုံးက လင်းရီကို စိုးရိမ်နေကြလေသည်။

အကယ်၍ လင်းရီသာ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့အတွက် ကုစားမရနိုင်သည့် ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်သွားပေလိမ့်မည်။

“ အချိန် ဘယ်လောက် ကျန်သေးလဲ …” လုပေချိန်က စီးကရက်တစ်လိပ်ကို မီးညှိပြီး‌ မေးလိုက်သည်။

“ ငါးနာရီနဲ့ လေးဆယ့်နှစ်မိနစ် ကျန်ပါသေးတယ် …”

ဂါးလဒ်ဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးဘူးလား ….”

လျိုဟုန် ခေါင်းညိတ်လိုက်၏။

“ သူတို့ဘက်က နောက်ဆုံးစက္ကန့်အထိ အချိန်ဆွဲထားချင်တဲ့ပုံပဲ …”

“ အဲ့လောက်ကြီးလည်း မသေချာနဲ့ဦး … ငါတို့ဘက်မှာလည်း အားသာချက်တွေက အများကြီး ရှိတာ မဟုတ်ဘူး … ဘယ်သူမဆို စားပွဲလှန်သွားနိုင်တယ် …”

လျိုဟုန်၏ အမူအရာမှာ ချီတုံချတုံ ဖြစ်သွားခဲ့ပြီး အချိန်အတော်ကြာအောင် တုံ့ဆိုင်းပြီးနောက် “ အကြီးအကဲလု … တကယ်လို့ သူတို့သာ တကယ်ပဲ စားပွဲလှန်လာခဲ့ရင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ …”

“ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အားလုံးအတွက် ငါ့ဘက်က ကြိုတင် ပြင်ဆင်ပြီးသား … တခြားတော့ အာမ မခံနိုင်ပေမယ့် သူ့ကိုတော့ ကျိန်းသေပေါက် ပြန်ခေါ်လာနိုင်စေရမယ် …”

စာစဉ် (၁၇၆) ပြီး၏။

( 3 July 2026, 2:37 PM )

All Chapters