သေးထွက်မတတ် ကြောက်လန့်သွားခြင်း
Vol. 176 Ch. 2482
“ တကယ်ကြီးလား … ဒီလိုလုပ်ဖို့ဆို ဘယ်လောက်တောင် ပိုက်ဆံကုန်လိုက်မလဲ ..” လူအုပ်ကြီးမှာ အံ့အားတကြီး မြည်တမ်းမိသွားခဲ့ကြ၏။
“ သူတို့မှာ ပိုက်ဆံရှားတာမှ မဟုတ်တာ ဒီငွေလောက်လေးတော့ ဘယ်ဂရုစိုက်နေလိမ့်မှာ …” လျိုတုံးဟိုင် ပြောလိုက်သည်။
“ နောက်ပြီး မင်းတို့ကောင်တွေလည်း မြင်ရဲ့သားနဲ့ …. ဒီသင်္ဘောကြီးပေါ်မှာ ယောက်ျား၊ မိန်းမ ဆက်ဆံရေးတွေက သောက်ရမ်း ပွေလီလွန်းတယ် … မနေ့ညတုန်းကဆို ငါ အိပ်ဖို့ ကြိုးစားတာ တော်ရုံနဲ့ အိပ်လို့ကို မရဘူး … စင်္ကြံလမ်းတစ်လျှောက်လုံး ညည်းသံတွေချည်းပဲ … တစ်ချို့ဆို လမ်းပေါ်မှာတင် ပေါ်တင်ကြီးကို ဆော်နေကြတာ … “
“ အမှန်ပဲ … ငါလည်း မြင်တယ် … ပျော်ပါးနေလိုက်ကြတာများ ကာမဘီလူး ဝင်စီးနေတဲ့အတိုင်းပဲ … လူချမ်းသာတွေက ဘယ်လိုပျော်ရမလဲဆိုတာ တကယ်ကို နားလည်ကြတာပဲ …”
“ ဒါကြောင့်မို့ ငါ့ အထင်ခန့်မှန်းရရင် သခင်လေးလင်း ငါတို့ကို ခေါ်လာတာ စည်းကမ်းထိန်းသိမ်းဖို့ ဖြစ်လိမ့်မှာ … တစ်ခုခု ဆိုးရွားသွားတာတွေ ဖြစ်သွားမှာကို စိုးရိမ်လို့ပေါ့ …”
“ တကယ်ကို မထင်ရဘူးနော် … သခင်လေးလင်းလို ပညာတတ် လူယဉ်ကျေးပုံစံနဲ့ လူတစ်ယောက်က ဒီလိုပွဲမျိုး စီစဉ်လိမ့်မယ်ဆိုတာကို ….”
“ ဒါကြောင့်မို့ ငါတို့ရဲ့ တာဝန်က သခင်လေးလင်းကို ကာကွယ်ဖို့ပဲ … ပြဿနာတက်ရင် သူ ထိခိုက်သွားနိုင်တယ်လေ ….”
“ ဒါတော့ လွယ်ပါတယ် … ကာကွယ်တာလောက်ကတော့ ငါတို့ ကျိန်းသေပေါက် ကာကွယ်နိုင်တာပေါ့ …. အေးဆေးပဲ …”
လင်းရီ အကြောင်း ဆွေးနွေးပြီးနောက် လူတိုင်း ဘီယာခွက်များ ပင့်မြှောက်ကာ တစ်ကျိုက် အဝမော့လိုက်ကြသည်။
သို့သော် သူတို့တွေ သိပ်အများကြီးတော့ မသောက်ဝံ့ကြပေ။ လင်းရီ သူတို့ကို သတိပေးထား၏။ နောက်ပိုင်းတွင် သူတို့ကို ခိုင်းစရာ ရှိလာဦးမည်ဖြစ်သဖြင့် အကယ်၍ မူးရူးနေပါက အရေးကြီး ကိစ္စများ လုပ်ဆောင်ဖို့ အဆင်မပြေပေ။
“ ချီးပဲ … ဒီအချိန်ကြီးကျမှ သောက်ပြဿနာက လာတက်ရတယ်လို့ …”
သူတို့တွေ ဘီယာသောက်နေစဉ် နိုင်ငံခြားသားတစ်ဦးက ရုတ်တရက် ထဆဲသည့် အသံကို ကြားလိုက်ကြရသည်။
“ တော်တော့ … ငါ အခု ဘယ်လို ပြန်လာရမလဲ ကြံလိုက်ဦးမယ် …”
ကျိန်ဆဲသံကို ကြားတော့ လျိုတုံးဟိုင်နှင့် အခြားသူများ၏ အာရုံက ထိုသူအပေါ်သို့ ကျရောက်သွားခဲ့၏။
“ အဲ့ဘဲ ဘာတွေ အော်ပြောနေတာလဲတဲ့ …” လျိုတုံးဟိုင် မေးလိုက်သည်။
“ သူ သင်္ဘောပေါ်က ထွက်သွားချင်နေတာ …” ကျိုးဟောင် ဘာသာပြန်ပေးလိုက်၏။
နိုင်ငံခြားဘာသာစကားကို သင်ကြားပေးသည့် ဆရာတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် နေ့စဉ်သုံးစကားလောက်ကတော့ ပြဿနာ မရှိပေ။
“ သင်္ဘောက ထွက်လာနေပြီကို အခုချိန်ကျမှတော့ ဘယ်လိုလုပ်ပြီး ပြန်လို့ရတော့မှာ …” စွန်းရာချန်း ရေရွတ်လိုက်သည်။
“ မင်း ကန်းနေတာလား … အပေါ်မှာ ရဟတ်ယာဉ် ရှိတာ မမြင်ဘူးလား … ဒါပေါ့ … သူ ပြန်ချင် ပြန်လို့ရတာပေါ့ ….”
“ ငါတို့ကောင်တွေ ဒီကိစ္စ သခင်လေးလင်းကို ပြောပြသင့်တယ်လို့ ထင်လား ….”
“ သခင်လေးလင်းကို ပြောပြဖို့လား ….”
“ ငါတို့ မလာခင်တုန်းက တစ်ခုခု မသင်္ကာစရာတွေ့ရင် သူ့ဆီ လာပြောဖို့ သခင်လေးလင်း သတိပေးခဲ့တယ်လေ …” လျိုတုံးဟိုင် ဖုန်းထုတ်၍ “ မင်းတို့ကောင်တွေ သူ့ကို စောင့်ကြည်ထားကြ … ဘာမှ လျှောက်မလုပ်စေနဲ့ …”
“ အိုကေ …”
လျိုတုံးဟိုင် ဖုန်းထုတ်ပြီး လင်းရီ၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ သခင်လေးလင်း … ကျုပ်တို့ အခု စားသောက်ခန်းထဲမှာ စားသောက်နေကြတာ … ဒီမှာ တစ်ယောက်က သင်္ဘောပေါ်ကနေ ထွက်ချင်နေတယ် …”
“ မင်းတို့ သွားပြီး အရင်ဆုံး သူ့ကို ဖျောင်းဖျကြည့်လိုက် … အခု သင်္ဘောက နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူး … ရဟတ်ယာဉ်နဲ့ ပျံသန်းဖို့ကလည်း စိတ်မချရဘူး … အဲ့တာကိုမှ နားမထောင်ချင်ဘူးဆိုရင်တော့ ငါ့ဆီ ခေါ်လာခဲ့လိုက် … ငါ အခု အခန်းထဲမှာ …”
“ နားလည်ပါပြီ …”
“ ရှောင်လုံ ၊ လောင်ကျိုး … မင်းတို့နှစ်ကောင် ငါနဲ့လိုက်ခဲ့ … ကျန်တဲ့ မင်းတို့ကောင်တွေကတော့ ဆက်စားနေလိုက် … ဘာမှ မလှုပ်ရှားကြနဲ့ ….”
“ ကောင်းပြီလေ …”
ကျောက်ဖေးလုံနှင့် ကျိုးဟောက် နှစ်ဦးလုံးက လူရည်မွန်ရုပ်များ ပေါက်သဖြင့် လျိုတုံးဟိုင်က သူတို့နှစ်ဦးကို အတူခေါ်သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
သုံးယောက်သား ထွက်ခွာသွားပြီးနောက် အဆိုပါ နိုင်ငံခြားသားကို မြင်တွေ့သွားခဲ့ပြီး သူ့ထံသို့ အလျင်အမြန် ချဉ်းကပ်သွားကြသည်။
“ သခင်လေးလင်းက ဘာပြောလဲ …” ကျိုးဟောက် တိတ်တိတ်လေး မေးလိုက်၏။
“ သူ့ကို ဒီမှာနေဖို့ ပြောခိုင်းလိုက်တယ် … နားမထောင်ဘူးဆိုရင်တော့ သူ့ဆီ ခေါ်ခဲ့လိုက်တဲ့ …”
“ သဘောပေါက်ပြီ …”
လျိုတုံးဟိုင်နှင့် သူ့အဖော် နှစ်ဦးက ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့ပြီး အဆိုပါ နိုင်ငံခြားသားထံသို့ ရောက်ရှိလာသည်။
စကားပြောဖို့ကိုတော့ ကျိုးဟောင်က တာဝန်ယူထား၏။
“ ဆာ … ကျေးဇူးပြုပြီး ခဏလောက်ပါ …”
နိုင်ငံခြားသားက နောက်လှည့်ကြည့်လာပြီး ဟွာရှလူမျိုးများကို မြင်တော့ သူ့အမူအရာက အနည်းငယ် စိတ်မရှည်သည့် အမူအရာ ဖြစ်ပျက်သွားခဲ့သည်။
“ မင်းတို့ကောင်တွေက ဘာလိုချင်တာ….”
“ သင်္ဘောက ထွက်လာခဲ့ပါပြီ … ပြန်လှည့်ဖို့က မဖြစ်နိုင်ပါဘူး … ဒါကြောင့်မို့ ကျေးဇူးပြုပြီး နားလည်ပေးပါ ခင်ဗျ ….” ကျိုးဟောက် ယဉ်ကျေးစွာ ပြောလိုက်သည်။
“ မရဘူး … ငါ ပြန်မှ ဖြစ်မှာ …” နိုင်ငံခြားသားက ဒေါသတကြီးဖြင့် “ ဒေါ်လာ သန်း ၅၀၀ တန် ပရောဂျက်က ဆွေးနွေးဖို့ စောင့်နေပြီ … ငါ မပြန်လို့ မဖြစ်ဘူး …”
“ ဒါပေမယ့် သင်္ဘောက အတော်ဝေးဝေးကို ရောက်လာပြီးနေပြီမို့ အခုချိန် ပြန်လှည့်ဖို့က မဖြစ်နိုင်လို့ပါခင်ဗျ …”
ကျိုးဟောင်က အင်မတန် ယဉ်ကျေးသိမ်မွေ့နေပြီး ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးခံထားရသည့် ဝန်ထမ်းတစ်ဦးကဲ့သို့ ပြုမူနေသည်။
“ ငါ့ဘာမှ လာမပြောနဲ့ … ဒါမင်းတို့ ကိစ္စမဟုတ်ဘူး …” နိုင်ငံခြားသားက ကျိုးဟောက်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “ ငါ့မျက်စိရှေ့က ထွက်သွားစမ်း …”
ကျိုးဟောက်၏ အမူအရာ မလှတော့ပေ။ လင်းရီ၏ ညွှန်ကြားချက်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆို သူ သောက်ခွက် ဖြတ်ရိုက်ပြီးနေပြီ ဖြစ်၏။
“ ဟိုင်ကော … ဒီကောင်ကြည့်ရတာ နားထောင်မယ့်ပုံ မပေါ်ဘူးနော် … ဘာဆက်လုပ်ကြမှာ …” ကျိုးဟောက်က ဟွာရှဘာသာစကားဖြင့် ပြောလိုက်၏။
“ အဲ့လိုဆိုလည်း ဘယ်တတ်နိုင်မှာ … သခင်လေးလင်းဆီပဲ ခေါ်သွားကြတာပေါ့ …”
ကျိုးဟောက်ခေါင်းညိတ်ပြီး နိုင်ငံခြားသားကို ကြည့်လိုက်သည်။
“ ဆာ … တကယ်လို့ ထွက်သွားချင်တယ်ဆိုရင် ကျုပ်တို့ တာဝန်ရှိသူနဲ့ တွေ့ဖို့ လိုပါတယ် … သူက အဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မယ် …”
ထွက်ခွာနိုင်မည့် အခွင့်အရေးကို မြင်တော့ နိုင်ငံခြားသား၏ အမူအရာမှာ သိသိသာသာ တောက်ပသွားခဲ့ပြီး မောက်မာသည့် လေသံဖြင့် “ ငါ့ကို သူ့ဆီ ခေါ်သွားပေးစမ်း …”
“ သွားစို့ ….”
လေးယောက်သား လင်းရီ၏ အခန်းသို့ ရောက်ရှိလာသည်။
“ ဟိုင်ကော … ဒီကောင်က သိပ်ခေါင်းမာတာ သခင်လေးလင်း သူ့ကို ဖျောင်းဖျနိုင်မယ် ထင်လား …”
“ ငါလည်း ဘယ်သိမှာ …” လျိုတုံးဟိုင် ပြောလိုက်ပြီး “ သခင်လေးလင်းလို ပညာတတ်တဲ့လူက သူ့ကို ဘယ်လိုကိုင်တွယ်မလဲ ငါလည်း မပြောတတ်ဘူး …. သူ မထိုက်သရွေ့ အဆင်ပြေပါတယ် …”
“ အင်း… နားလည်ပြီ …”
မကြာမီ အုပ်စုက ထိပ်ဆုံးထပ်သို့ ရောက်လာခဲ့ပြီး လင်းရီ၏ အခန်းရှေ့တွင် ရပ်တန့်လိုက်၏။
ဒေါက် ဒေါက် ဒေါက် …
လျိုတုံးဟိုင် အခန်းတံခါး ခေါက်လိုက်ပြီး မကြာမီ လင်းရီ အတွင်းမှ တံခါးဖွင့်ပေးလာသည်။
လျိုတုံးဟိုင်နှင့် ဒေါသထွက်နေပုံရသည့် နိုင်ငံခြားသားကို မြင်တော့ လင်းရီ အခြေအနေကို နားလည်သဘောပေါက်ဖို့ရာ တစ်စက္ကန့်မျှ အချိန်ယူလိုက်ရသည်။
“ ဘာကိစ္စလဲ …”
“ သူက သင်္ဘောပေါ်ကနေ ထွက်သွားချင်နေတာ .. ကျုပ်တို့လည်း သူ့ကို ပြောလို့ မနိုင်ဘူး… ဒါကြောင့်မို့ သခင်လေးလင်းဆီ ခေါ်လာခဲ့တာပါ ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အထဲကို ဝင်ခဲ့ …”
အုပ်စုမှာ အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ ထို့နောက် လင်းရီက လျိုတုံးဟိုင်ကို တံခါးသော့ခတ်ဖို့ အချက်ပြလိုက်၏။
“ မင်း ငါ ပြန်မယ့်ကိစ္စကို လုပ်ပေးနိုင်တယ်လို့ ကြားတယ် …”
အထဲသို့ ရောက်လာပြီးနောက် နိုင်ငံခြားသားက လိုရင်းကိုပဲ တန်းသွား၏။
“ အမှန်ပဲ … ဒါပေမယ့် ရဟတ်ယာဉ်နဲ့ ပြန်ဖို့က အန္တရာယ်များတယ် … သင်္ဘောပေါ်မှာပဲ နားနားနေနေ နေတာက ပိုမကောင်းဘူးလား …” လင်းရီ ပြုံးလျက် ပြန်ဖြေလိုက်၏။
“ ငါလည်း မနားချင်ဘူးလို့ မင်းထင်နေတာလား … အခု ကုမ္ပဏီက ဖုန်းဆက်လာပြီး ငါ့ကို ပရောဂျက် ဆွေးနွေးဖို့ပြန်လာခိုင်းနေပြီ … ပရောဂျက်က ဒေါ်လာ သန်းငါးရာတောင် … ငါလည်း မသွားလို့ မရဘူး …”
ပြောရင်းဖြင့် နိုင်ငံခြားသားက ဒေါ်လာ တစ်ထပ်ကို ဆွဲထုတ်ပြီး လင်းရီထံ ပစ်ပေါက်ပေးလိုက်သည်။
“ ဒါ မင်းမုန့်ဖိုး … ငါ့ကို မြန်မြန် ပို့ပေးတော့ … အချိန်မဖြုန်းနဲ့ … ငါ့ရဲ့ မိနစ်တိုင်းက ငွေပဲကွ နားလည်လား …”
လျိုတုံးဟိုင်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြ၏။
သခင်လေးလင်းကို ဒီလိုလေသံမျိုး ပြောဝံ့နေတယ်ဆိုတော့ ငနဲက နာချင်ပြီနဲ့ တူတယ် …
“ တကယ်ပဲ ဆွေးနွေးလို့ မရတော့ဘူးလား …”
“ မင်း ရူးနေတာလား ဟေ့ကောင် … ငါ့စီးပွားရေးက ဘယ်လောက် အရေးကြီးလဲ မင်းသိလို့လား … နှောင့်နှေးသွားရင် မင်းလျော်နိုင်လား … မြန်မြန် ငါ့ကို ပြန်ပို့ပေးစမ်း … မဟုတ်လို့ကတော့ မင်းကို ခုတ်ထစ်ပြီး သတ်ပစ်မယ် ….” နိုင်ငံခြားသားက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး လင်းရီကို ခြိမ်းခြောက်လိုက်သည်။
“ ကောင်းပြီလေ … စကားနဲ့ ဆွေးနွေးလို့ မရမှတော့ ဘာလို့ ဆက်ပြောနေဦးမှာ … “ လင်းရီ အမှုမထားသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် သင်္ဘောပေါ်က လူတိုင်းက ကျုပ်အတွက် အရေးပါတယ် … ဒီတော့ ခင်များကို ပြန်မပို့ပေးနိုင်ဘူး …”
“ ဟမ် … ငါ့ကို မပို့ပေးနိုင်ဘူးပေါ့ ဟုတ်လား …”
နိုင်ငံခြားသားက ချက်ချင်းဆိုသလို ဒေါသူပုန်ထ၊ ရူးသွပ်သွားတော့သည်။
“ မင်းငါ့ကို လာစားနေတာလား ဟေ့ကောင် … ပြန်မပို့ပေးနိုင်ဘူးဆိုလည်း ယီးဖြစ်လို့ ငါ့ကို ဒီခေါ်လာနေသေးလဲ …”
“ ခင်များကို ဒီခေါ်လာခဲ့ခိုင်းတာ ကျုပ်ပဲလေ …” လင်းရီ အသံနိမ့်ပြီး ပြန်ဖြေလိုက်၏။
“ မင်းရဲ့ ပေါက်ကရ စကားတွေ ငါ ဆက်မကြားချင်တော့ဘူး …”
“ ငါ မင်းကို တိုင်မယ် …”
“ ခင်များမှာ အဲ့လို အခွင့်အရေး မရှိမှာကိုတော့ စိုးရိမ်မိသား …”
ပြောရင်းဖြင့် လင်းရီသည် နိုင်ငံခြားသား၏ ကော်လံကို ဆွဲပြီး နောက်ကျောမှ ဓားမြောင်ထုတ်ကာ ဝမ်းဗိုက်သို့ ထိုးသွင်းလိုက်သည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
နိုင်ငံခြားသားမှာ ဓားထိုးခံလိုက်ရသည့် နေရာကို ကိုင်ရင်း လင်းရီကို ကြက်သေသေစွာ ပြူးကြည့်နေသည်။
လျိုတုံးဟိုင်နှင့် အခြားသူများလည်း ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ကြ၏။
သခင်လေးလင်းလို ပညာတတ်ပြီး သိမ်မွေ့သည့် လူယဉ်ကျေးပုံစံနှင့် လူတစ်ယောက်က သူတို့မျက်စိရှေ့တွင် လူတစ်ယောက်ကို မပြောမဆိုနှင့် ဓားဖြင့် ထိုးလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ကြပါချေ။
ဓားဖြင့် တစ်ချက်ထိုးပြီး နောက်တစ်ချက်၊
ထို့နောက် ဆက်တိုက် …
ဓားသွား၏ သတ္တုရောင်က ၎င်းတို့၏ မျက်လုံးထဲ ဝင်းလက်သွားခဲ့ပြီး ပြန်ဆွဲထုတ်လာသည့် တစ်ခဏ၌ နီမြန်းသည့် သွေးတို့က အတူပြန်ပါလာခဲ့သည်။
မကြာမီ နိုင်ငံခြားသား၏ အသက်ဝိဉာဏ်သည်လည်း ချုပ်ငြိမ်းသွားခဲ့လေသည်။
လင်းရီက အဖြူရောင် ပုဝါတစ်ထည်ကို ကောက်ယူပြီး ဓားသွားပေါ်ရှိ သွေးများအား သန့်ရှင်းရေးလုပ်လိုက်သည်။
“ အလောင်းကို ရေထဲပစ်ချလိုက် …”