← Chapters

ကမ္ဘာတုန်လှုပ်ဖွယ် အဖြစ်အပျက်

Vol. 176 Ch. 2484

ကမ္ဘာတုန်လှုပ်ဖွယ် အဖြစ်အပျက်

Vol. 176 Ch. 2484

“ ပြန်ပေးဆွဲလိုက်ပြီ …”

လင်းရီ၏ စကားတစခွန်းက သင်္ဘောပေါ်ရှိ လူထောင်ပေါင်းများစွာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေလေသည်။

ထိုအချိန်မှာပဲ နီဂရိုးတစ်ဦးက ရုတ်တရက် မတ်တပ်ထရပ်လာပြီး ဒေါသတကြီး အမူအရာဖြင့် “ မင်းတို့ တိရစ္ဆာန်ကောင်တွေ …. သေရင်ငရဲကျမယ့် အကောင်တွေ … ငါ့ကို လွှတ်ပေးစမ်း …. မဟုတ်လို့ကတော့ မင်းကို သတ်ပစ်မယ် ….”

“ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ…” လင်းရီ ပြုံးလျက် ဆို၍ “ ကျုပ် ဘယ်သူ့ကိုမှ မသတ်ချင်ဘူး … ဒီတော့ နေရာမှာတင် အေးအေးဆေးဆေးလေး ထိုင်နေ … ဒါ နှစ်ဦးနှစ်ဘက်လုံးအတွက် ပိုပြီး အဆင်ပြေစေလိမ့်မယ် ….”

“ စောက်အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ …” နီဂရိုးက ဒေါသတကြီးနှင့် ကျိန်ဆဲပြီး “ ညီကိုတို့ … ငါတို့ဘက်မှာ လူအင်အား ပိုများတယ် … ဒီကောင်တွေကို ဘာမှ ကြောက်ဖို့ မလိုဘူး…. ငါတို့ကို ထိန်းချုပ်လို့ မရစေရဘူး …. မဟုတ်ရင် ငါတို့ အကုန် သေကုန်လိမ့်မယ် … ဒီကောင်တွေကို ပြန်တွန်းလှန်ကြမယ် …”

ကြမ်းပြင်တွင် ကုန်းကွပြီး ထိုင်နေကြသည့် လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။

သူပြောသည်ကလည်း အမှန်ပင်။

သူတို့ဘက်ခြမ်းတွင် လူထောင်ပေါင်းများစွာ ရှိနေပြီး တကယ်လည်း ကြောက်ဖို့ မလိုချေ။

“ ငါ့နောက်လိုက်ခဲ့ …. ဒီကောင်တွေကို တစ်စစီစုတ်ဖြဲပြီး ငရဲပို့ကြမယ် ….”

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ ထို့နောက် သေနတ်ဆွဲထုတ်ပြီး ခလုတ်ဆွဲလိုက်သည်။

ဘန်း …

အရှိန်ပြင်းသည့် ကျည်တစ်တောင့်က လေထုကို ထိုးခွဲ၍ နီဂရိုး၏ ရင်ဘက်ထဲသို့ နစ်ဝင်သွားခဲ့၏။

နီမြန်းသည့် သွေးတို့က နှင်းဆီပန်းတစ်ပွင့်နှယ် စတင်ပြန့်ကားလာသည်။

နီဂရိုးက သူ့ရင်ဘက်ကို ဖိနှိပ်ထားရင်း မျက်နှာထက်တွင် ဝေဒနာ ခံစားနေရသည့် အမူအရာဖြင့် “ မင်း .. မင်း …”

ဘန်း ဘန်း ဘန်း …

သေနတ်သံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

နီဂရိုးမှာ စကားထပ်မဆိုနိုင်တော့ဘဲ လူအုပ်ကြီးထဲတွင် လဲကျကာ အသက်သေဆုံးသွားတော့သည်။

အနီးအနားတွင် ရပ်နေသည့် လျိုတုံးဟိုင်မှာ ထိတ်လန့်လွန်း၍ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။

လင်းရီ၏ ရက်စက်မှုကို နားလည်ထားပြီး ဖြစ်သော်လည်း နောက်တစ်ကြိမ် တွေ့ကြုံရသည့် အချိန်၌ သူ ရှော့ခ်မရဘဲ မနေနိုင်ချေ။

ယခုအချိန်ကျတော့မှပဲ ဤခရီး၏ ရည်ရွယ်ချက်ကို သူတို့တွေ နားလည်သဘောပေါက်သွားကြတော့သည်။

သို့သော် ယခုအချိန်တွင်တော့ … သူတို့တွေ နောက်ပြန်လှည့်၍ မရတော့ပေ။ ဤသင်္ဘောပေါ် တက်လာပြီးမှတော့ လင်းရီနောက်ကို လိုက်ပါရုံသာ ရှိတော့လေသည်။

သေဆုံးသွားသည့် နီဂရိုးကို ကြည့်ရင်း လူအုပ်ကြီးမှာ လုံးဝ တိတ်ဆိတ်သွားခဲ့တော့သည်။

စောနလေးတင် မြင့်တက်လာခဲ့သည့် ဆူဆူညံညံ အသံများက ပွက်ပွက်ဆူနေသည့် ရေနွေးအိုးကို မီးဖိုပေါ်မှ ချလိုက်သည့်နှယ် အလျင်အမြန်ပဲ ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။ လူတိုင်းက သူတို့ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ရင်း တစ်ကိုယ်လုံး တုန်ရီစွာဖြင့် ကြမ်းပြင်ပေါ်တွင် ကုန်းကွထိုင်နေကြရတော့သည်။

အချို့ဆို သူတို့၏ ဘောင်းဘီများပင် စိုစွတ်သွားခဲ့ကြ၏။

“ မင်းတို့ကောင်တွေ အခန်းတွေထဲ အကုန်လိုက်စစ် … ပုန်းနေတဲ့လူတွေ ရှိရင် ဒီရှေ့ကို ဆွဲခေါ်လာခဲ့ …”

လင်းရီ ကျိုးဟောင်ကို အင်္ဂလိပ်လို ပြောပြီး အမိန့်ပေးလိုက်သည်။

“ နားလည်ပါပြီ …”

ကျိုးဟောင် ပြန်ဖြေလိုက်ပြီး လျိုတုံးဟိုင်တို့နှင့်အတူ ပတ်တယောင်လှည့်ဖို့ ဟန်ပြင်လေသည်။

လင်းရီက လူအုပ်ကြီး၏ ရှေ့တွင် မတ်တပ်ရပ်ရင်း အေးအေးလူလူ လေသံဖြင့် “ အားလုံးပဲ … မကြောက်ပါနဲ့ … စကားနားထောင်နေသရွေ့ ဘယ်သူမှ မသေစေရဘူးလို့ အာမခံတယ် …”

“ အခု ….. ၊ ခင်များတို့ရဲ့ ဖုန်းတွေကိုထုတ်ပြီး မိသားစုဝင်တွေဆီ ပြန်ပေးဆွဲခံထားရတဲ့အကြောင်း ပြောပြလိုက်တော့ … ဒါ ခင်များတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ …”

လင်းရီ၏ စကားကို ကြားတော့ လူအုပ်ကြီမှာ စိတ်သက်သာရသွားသည့်ပုံပင်။

သူတို့ဘက်က မိသားစုဝင်များထံ ဆက်သွယ်နိုင်သရွေ့ မျှော်လင့်ချက် အနည်းငယ်တော့ ကျန်ရစ်နေသေးသည်။

လူတိုင်းက ကြမ်းပြင်တွင် ကုန်းကွထိုင်နေရင်း ဖုန်းများကို ထုတ်ပြီး အကူအညီတောင်းကြတော့၏။

သေနတ်များဖြင့် ချိန်ရွယ်ခံထားရသည့် ဖိအားအောက်တွင် မည်သူကမျှ ပြန်လည်တွန်းလှန်ဖို့ကို စိတ်မကူးဝံ့ကြတော့ချေ။

သိပ်မကြာခင်မှာပဲ လျိုတုံးဟိုင်နှင့် အခြားသူများက လူတစ်ဒါဇင်ကျော်ခန့်ကို ကုန်းပတ်ပေါ်သို့ ဆွဲခေါ်လာခဲ့ကြ၏။

လင်းရီ သူတို့ကို ရိုက်နှက်နှိပ်စက်ခြင်း မပြုပေ။ အခြားသူများနှင့် အတူနေခိုင်းလိုက်ပြီး သူတို့ မိသားစုဝင်များထံ ဖုန်းဆက်ခိုင်းလိုက်လေသည်။

ကျန်သည့် အချိန်များတွင်တော့ လင်းရီ ဘာမျှ မလုပ်ဘဲ ထိုလူများကိုသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

Ocean Symphony သင်္ဘောကြီး ပြန်ပေးဆွဲခံလိုက်ရသည့် သတင်းက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အချိန်တိုအတွင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။

….

တစ္ဆေတပ်ရင်း ဌာနချုပ်။

လှပခမ်းနားသည့် ရုံးခန်းထဲတွင် ဆံပင်တစ်ဝက်ဖွေးနေပြီ ဖြစ်သည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်က ဆေးတံကို ဖွာရင်း ယခုလေးတင် ပေးပို့လာသည့် အီးမေးလ်ကို ကြည့်ရှုနေသည်။

သူ့နာမည်က ဂါးလဒ် ဖြစ်ပြီး တစ္ဆေတပ်ဖွဲ့၏ ခေါင်းဆောင် အကြီးအကဲပင်။

ဤနေရာက ကျိုးဝေ့တပ်ဖွဲ့နှင့် အလားသဏ္ဌာန်တူသည်။ ထို့ကြောင့် ဂါးလဒ်၏ ရာထူးက အင်မတန် မြင့်မားပြီး လုပေချိန်နှင့် တန်းတူလောက်ရှိသည်။

ချလပ် …

ရုတ်တရက်ဆိုသလို ရုံးခန်းတံခါး တွန်းပွင့်လာခဲ့ပြီး ဂရာ့ဒ်နှင့် ရွယ်တူလောက်ရှိမည့် အမျိုးသားတစ်ဦးက အထဲသို့ ရေးကြီးသုတ်ပျာနှင့် ပြေးဝင်လာခဲ့၏။

သူ့နာမည်ကတော့ ကမ်ဘယ်လ် …၊ တစ္ဆေအဖွဲ့၏ ဒု-ခေါင်းဆောင်လည်း ဖြစ်သည်။

“ မင်း လုပေချိန်နဲ့ ဖုန်းပြောခဲ့တယ် ကြားတယ် … အခြေအနေ ဘယ်လိုရှိလဲ …” ကမ်ဘယ်လ်က အလျင်စလို မေးမြန်းလိုက်၏။

ဂါးလဒ် ကူကယ်ရာမဲ့သည့် အမူအရာဖြင့် ပခုံးတွန့်ပြလိုက်ပြီး “ လုပေချန် ဘယ်လိုလူစားမျိုးလဲ မင်းလည်း သိပါတယ် … ငါ ပြောတာကို သဘောမတူဘူး ….”

ကမ်ဘယ်လ်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး မည်သည့် ခံစားချက်တို့မျှ ပြသနေခြင်း မရှိပေ။

ဂါးလဒ် ပြောသည့်အတိုင်း လုပေချိန်က မည်သို့သော လူစားမျိုး ဖြစ်သည်ကို သူကောင်းကောင်းသိသည်။

“ အမှန်ပဲ … လုပေချိန်ကို ခြိမ်းခြောက်ဖို့ကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး ….”

“ ငါသိတယ် … ဒါကြောင့်မို့ နည်းလမ်းပြောင်းပြီး လူထုရဲ့ အမြင်နဲ့ ဖိအားပေးမယ် …” ဂါးလဒ်က ဆေးတံပိုက်ကို ပါးစပ်တွင် ကိုက်ရင်း ခြေတင်ချိတ်လျက် ဆိုလိုက်၏။

“ အဲ့ဒါဆို သူ ငါနဲ့ အပေးအယူလုပ်ဖို့ ဆန္ဒရှိလာမယ်လို့ ငါယုံတယ် …”

“ ပြည်သူလူထုရဲ့ အမြင်ဖိအားနဲ့လား … မင်းက ဘယ်လိုလုပ်ချင်တာ …” ကမ်ဘယ်လ် ဇဝေဇဝါ ဖြစ်စွာ မေးလိုက်၏။

“ ဒီသတင်းကို တစ်ကမ္ဘာလုံး သိအောင် ငါဖြန့်မယ် … ဒါဆိုရင် တစ်ကမ္ဘာလုံးက ဒီကိစ္စအပေါ် အာရုံစိုက်လာလိမ့်မယ် … နောက်ဆုံး လုပေချိန်အပေါ် ဖိအားတွေကလည်း တောင်လို စုပြုံလာမှာပဲ …”

“ အဲ့ခါကျရင် သူ့ရဲ့ အေးတိအေးစက် အပြုအမူကို ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုတာ မယုံဘူး … သူကိုယ်တိုင် ငါ့ဆီ ဆက်သွယ်လာရလိမ့်မယ် …”

ကမ်ဘယ်လ် မျက်လုံးအရောင် လက်ခနဲ ဖြစ်လာသည်။ “ သဘောပေါက်ပြီ … တကယ့်ကို အကြံဉာဏ်ကောင်းပဲ … အဲ့ခါကျ လုပေချိန်လည်း တစ်ခြားရွေးချယ်စရာ မရှိဘဲ သဘောတူရတော့မှာပဲ …”

“ အဲ့အစီအစဉ်ကို ငါ စဉ်းစားမိတာ ကြာပြီ …. အဲ့တာကလည်း ငါ့နည်းဗျူဟာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပဲ …” ဂါးလဒ်က ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် “ သူက ဒီကိစ္စကို အချိန်ဆွဲချင်တယ် … ဒါပေမယ့် ငါကတော့ အဲ့လို အခွင့်အရေးမျိုး ပေးမှာ မဟုတ်ဘူး ….”

“ အမှန်ပဲ … လုပ်လိုက်ကြစို့ … ဒီသတင်းကို ခုချက်ချင်း ဖြန့်ခိုင်းလိုက်တော့မယ် … ပြီးတာနဲ့ ငါတို့ရဲ့ အစီအစဉ်လည်း အောင်မြင်ပြီ …”

“ အင်း …. ငါတို့ တစ်ချိန်လုံး အိပ်မက်မက်နေခဲ့တဲ့ အရာက မကြာခင် ငါတို့လက်ထဲကို ရောက်လာတော့မယ် …”

ကမ်ဘယ်လ် ထရပ်ပြီး ထွက်ခွာဖို့ ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပဲ ရုံးခန်းတံခါး တွန်းပွင့်လာခဲ့ပြီး ဂါးလဒ်၏ လက်ထောက်က အပြင်ဘက်မှ ပြေးဝင်လာသည်။

“ မစ္စတာဂါးလဒ် ... ပြဿနာ အကြီးကြီး တက်နေပြီ …” လက်ထောက်က အလျင်စလို ပြောလာခဲ့ပြီး “ မကြာသေးခင်က ရွက်လွင့်သွားတဲ့ ခရီးသည် ငါးထောင်ကျော်ပါတဲ့ Ocean Symphony အပျော်စီးသင်္ဘောကြီး ပြန်ပေးဆွဲခံလိုက်ရပါပြီ …”

“ ဘာပြောတယ် … ပြန်ပေးဆွဲခံလိုက်ရတယ် ဟုတ်လား …”

“ ဟုတ်ကဲ့ …”

ထို့နောက် လက်ထောက်က ဖြစ်ပုံအသေးစိတ်ကို နှစ်ယောက်လုံးထံသို့ ရှင်းပြသည်။

ဂါးလဒ်နှင့် ကမ်ဘယ်လ်တို့နှစ်ဦးလုံး နေရာ၌ ကျောက်ရုပ်ကြီးများနှယ် မလှုပ်မယှက် ကြက်သေသေသွားခဲ့ကြပြီ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ကြ၏။ အချိန်အတော်ကြာသည်ထိတိုင် စကားတစ်ခွန်း မဆိုနိုင်ချေ။

“ မစ္စတာဂါးလဒ် … ကျွန်တော်တို့ တစ်ခုခု ပြန်တုံ့ပြန်သင့်လား …” လက်ထောက်က ပြောလိုက်ပြီး “ သင်္ဘောပေါ် ပါသွားတဲ့လူတွေက လူမှုအသိုင်းအဝိုင်းရဲ့ အထက်တန်းလွှာတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ လူလတ်တန်းစားတွေပါ … တကယ်လို့ သူတို့သာ တစ်ခုခု ဖြစ်သွားခဲ့ရင် အကျိုးဆက်တွေက ခန့်မှန်းမရနိုင်အောင်ပါပဲ ….”

“ သောက် လခွမ်းတဲ့မှပဲကွာ …”

ဂါးလဒ် ဒေါသတကြီးနှင့် ဆေးတံကို ကြမ်းပြင်သို့ ပစ်ခွဲလိုက်ပြီး အစိတ်အစိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။

“ ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ …”

“ စိတ်ကို ငြိမ်ငြိမ်ထားစမ်း … ငါတို့ ဒီပြဿနာကို နည်းလမ်းရှာပြီး ဖြေရှင်းဖို့ လိုတယ် …” ကမ်ဘယ်လ် ပြောလိုက်၏။

နှစ်ဦးလုံးက ဉာဏ်ကောင်းသူများဖြစ်သဖြင့် ဤဖြစ်ရပ်ကို အလျင်အမြန်ပဲ ဆက်စပ်မိသွားခဲ့ကြသည်။

ယင်းက သူတို့ ထိန်းသိမ်းထားသည့် ဓားစာခံများကို လွှတ်ပေးဖို့ ဖိအားပေးနေခြင်း ဖြစ်၏။

“ အခုမလောသေးနဲ့ … ခဏလောက် စောင့်ကြည့်လိုက်ဦး …. သူတို့ ကျိန်းသေပေါက် ထပ်ပြီး ဆက်သွယ်လာလိမ့်မယ် ….”

*****

ကျုံးဝေ့တပ်ဖွဲ့။

လုပေချိန်က အာဖရိကဘက်ရှိ အခြေအနေကို ဖြေရှင်းနိုင်မည့်နည်းလမ်း ရှာဖွေဖို့ အစည်းအဝေးထိုင်နေစဉ် ….

ဒေါက် ဒေါက် ဒေါက် ဒေါက် …

အလျင်လိုသည့် တံခါးခေါက်သံက စကားပြောနေသည့် လုပေချိန်ကို နှောင့်ယှက်သွားခဲ့သည်။

လုပေချိန် လှည့်ကြည့်လိုက်ပြီး လျိုဟုန်ကို အချက်ပြလိုက်၏။

လျိုဟုန်လည်း ချက်ချင်း နားလည်သဘောပေါက်ကာ မတ်တပ်ထပြီး အစည်းအဝေးခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

တံခါးအပြင်တွင် ရောက်ရှိနေသူက လျိုဟုန်၏ လက်ထောက်ဖြစ်ပြီး သူ့လက်ထဲတွင် စာရွက်စာတမ်း တစ်ခုကို ကိုင်ထား၏။

“ ခေါင်းဆောင် … အရေးကြီး ကိစ္စတစ်ခု ဖြစ်ပျက်သွားပါတယ် … Ocean Symphony အမည်ရတဲ့ အပျော်စီး ဇိမ်ခံသင်္ဘောကြီးက သင်္ဘောပေါ်မှာပါတဲ့ ခရီးသည် ငါးထောင်ကျော်နဲ့အတူ ပြန်ပေးဆွဲခံလိုက်ရပါတယ် ….”

All Chapters