အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) ရှန်ကွမ်ယွဲ့
စစ်သေနာပတိနှင့် သူမ၏ အစောင့်အရှောက်များ ခရီးဆက်နေစဉ်မှာပင်...
တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး လူသူကင်းမဲ့သော လွင်ပြင်၏ ဘေးဘက်ရှိ သစ်တောအုပ်ကြီးအဆုံးတွင် ဖြောင့်တန်းသော မြေသားလမ်းတစ်လမ်းက သစ်တောကို ဖြတ်သန်းသွားပေ၏။
ထိုအချိန်၌ လမ်း၏အလယ်တွင် SUV ကားအချို့ ရပ်တန့်နေသည်။
SUV ကားများ၏ရှေ့၌ ဧရာမသစ်ပင်ကြီးအချို့က လမ်းမလယ်တွင် ပိတ်ဆို့နေပြီး သစ်ပင်တစ်ပင်မှာ SUV ကားတစ်စီးပေါ်သို့ပင် ပိကျနေချေ၏။
SUV ကားမှာ ကျည်ဆန်ပေါက်များဖြင့် ပြည့်နှက်နေလေသည်။
စစ်ဘက်ဆိုင်ရာဌာနမှ လူတစ်ဒါဇင်ခန့်သည် SUV ကားကို ဝိုင်းရံထားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များတွင် သွေးများဖြင့် ပြည့်နှက်နေကာ တစ်စုံတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း ညွှန်ပြနေပေ၏။
ခေါင်းဆောင်ဖြစ်သူမှာ ကြယ်ငါးပွင့်အဆင့် စစ်သည်တစ်ဦး ဖြစ်လေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး လင်းယုန်ငှက်အလား စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်ကြည့်ရှုနေကာ တစ်စက္ကန့်မျှပင် အနားမယူရဲချေ။
သူ၏အမည်မှာ လုံရိ ပင် ဖြစ်၏။
သူသည် တစ်ဖွဲ့လုံးတွင် အစွမ်းအထက်ဆုံးသူဖြစ်ပြီး စစ်ဝတ်စုံများပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပေသည်။
အဖွဲ့တွင် လူနှစ်ဆယ် ပါဝင်လေ၏။
၎င်းတို့အနက် ဆယ်ဦးမှာ ကြယ်ငါးပွင့်အဆင့် စစ်သည်များဖြစ်ပြီး ကျန်ဆယ်ဦးမှာ ကြယ်လေးပွင့်အဆင့် စစ်သည်များ ဖြစ်ကြသည်။
ဤကဲ့သို့သော အင်အားစုမျိုးဖြင့်ဆို
တရုတ်နိုင်ငံအတွင်း၌ အခြေခံအားဖြင့် မည်သည့်အန္တရာယ်မျှ မရှိနိုင်ချေ။ နယ်စပ်ဒေသသို့ ဝင်ရောက်သွားလျှင်ပင် စစ်ရေးပြင်းထန်သော နေရာအချို့ကို ရှောင်ရှားနိုင်သရွေ့ မည်သည့်ပြဿနာမျှ ကြုံတွေ့ရမည် မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ်တွင်မူကား
မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေပြီ။ ၎င်းတို့သည် အလွန်အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရပြီး ဤနေရာတွင် နှစ်ရက်တိတိ ပိတ်မိနေကာ လုံးဝ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ချေ။
လုံရိ မျက်မှောင်ကြုတ်သွားပြီး အေးစက်သောလေသံဖြင့် ပြောဆိုလိုက်၏။
"အားလုံးပဲ နည်းနည်းလောက် ထပ်တောင့်ခံထားကြ... ငါတို့ရဲ့ တာဝန်က ဒီစစ်ဝတ်စုံတွေကို စစ်သေနာပတိဆီ ပို့ပေးဖို့ပဲ..."
"အချိန်ဇယားအရဆိုရင် ငါတို့က နှစ်ရက်တောင် နောက်ကျနေပြီ... ငါတို့ဆီမှာ တစ်ခုခုဖြစ်နေပြီဆိုတာကို စစ်သေနာပတိက ရိပ်မိပြီး လမ်းခုလတ်ကိုတောင် ရောက်နေလောက်ပြီ..."
"ဒါ့အပြင် ဌာနချုပ်ကလည်း မနေ့ကတည်းက အဖွဲ့ဝင်တွေကို စုစည်းပြီး နယ်စပ်ကို ထွက်လာကြပြီ..."
"ငါတို့ နောက်ထပ် နေ့ဝက်လောက်သာ တောင့်ခံနိုင်မယ်ဆိုရင် ကယ်ဆယ်ခံရတော့မှာပဲ..."
"အဖွဲ့ခေါင်းဆောင်လုံ စိတ်မပူပါနဲ့... ငါသေသွားရင်တောင် ဒီစစ်ဝတ်စုံတွေကို ရန်သူ့လက်ထဲ အပါမခံနိုင်ဘူး..."
"သောက်ကျိုးနည်း... ဒီကောင်တွေက ငါတို့ရဲ့ စစ်ဝတ်စုံတွေကို ကြားဖြတ်လုယူချင်နေတာ... သူတို့ကို ပေးလိုက်ရမယ့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်..."
"..."
လူတိုင်းက ဒေါသတကြီး ကျိန်ဆဲနေကြချိန်မှာပင် လုံရိ သည်လည်း ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းတစ်ခုကို အလျင်အမြန် တွေးတောနေခဲ့ပေ၏။
ဤစစ်ဝတ်စုံ အစုံနှစ်ရာကို အကြမ်းခံကားများအတွင်း၌ သိမ်းဆည်းထားသော်လည်း ယခုအခါ ကားများမှာ ပျက်စီးသွားပြီး လုံးဝ မောင်းနှင်၍မရတော့ချေ။
သူတို့အနေဖြင့် စစ်ဝတ်စုံများကို သယ်ဆောင်ကာ ထွက်ပြေးရန်မှာလည်း လုံးဝ မဖြစ်နိုင်ပေ။
စစ်ဝတ်စုံ၏ အစွမ်းသတ္တိများမှာ အလွန် သိသာထင်ရှားလှ၏။
သူတို့ လူနှစ်ဆယ်စလုံးသည် ဤစစ်ဝတ်စုံများကို ဝတ်ဆင်ထားကြပေသည်။
သူတို့ကို ကြားဖြတ်တိုက်ခိုက်သော ရန်သူများမှာလည်း လက်နက်များ ကိုင်ဆောင်ထားကြပြီး ခေါင်းကို တိုက်ရိုက် မပစ်ခတ်နိုင်သရွေ့ ကျည်ဆန်များက သူတို့ကို မည်သို့မျှ မထိခိုက်စေနိုင်ချေ။
ဤစစ်ဝတ်စုံက ၎င်းတို့အား ထိခိုက်ဒဏ်ရာရရှိမှုများစွာကို အသေအချာ လျှော့ချပေးခဲ့လေသည်။
သို့သော် နှစ်ဖက်စလုံး၏ အင်အားကွာဟချက်မှာ အလွန် ကြီးမားလွန်းလှ၏။
စစ်ဝတ်စုံ၏ အကူအညီဖြင့်ပင် ၎င်းတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။
ထိုအချိန်၌…လုံရိ ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပေသည်။
ရုတ်တရက် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ လူတစ်ဦးစီ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့၏။
ထိုလူလေးဦး၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး သူတို့ဆီသို့ တည့်မတ်စွာ ပြေးဝင်လာကြလေသည်။
"သတိထား... သတိထားကြ..."
လုံရိ က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
သူသည် ခါးတွင်ချိတ်ထားသော ဓားမြှောင်ကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး သူ၏အရှေ့တည့်တည့်ရှိ လူဆီသို့ ပြေးဝင်သွားတော့၏။
ဤကဲ့သို့သော အလွန်မြန်ဆန်သည့် အခြေအနေမျိုးတွင် သေနတ်များမှာ အသုံးမဝင်တော့ဘဲ အနီးကပ်တိုက်ခိုက်မှု အတွေ့အကြုံကိုသာ အားကိုးရတော့မည် ဖြစ်ပေသည်။
"ဘန်း..."
၎င်းတို့နှစ်ဦး အချက်အနည်းငယ် တိုက်ခိုက်လိုက်ကြသည်။
ကြီးမားလှသော ခွန်အားတစ်ခုက သူ့ကို ရိုက်ခတ်သွားသည်ဟု လုံရိ ခံစားလိုက်ရပြီး သူ၏ လက်ဖဝါးမှာလည်း တိုက်ရိုက် ကွဲအက်သွားလေ၏။
ရန်သူ၏ ခွန်အားမှာ အလွန် ကြီးမားလှပေသည်။
သူ့ရှေ့ရှိလူမှာ သူ့ထက် များစွာ ပိုမိုအစွမ်းထက်နေကြောင်းကိုပင် သူ ခံစားလိုက်ရ၏။
ယခုအချိန်တွင် သူ နားလည်သွားခဲ့ပြီ…
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ အချိန်အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ချေ။
"ဘန်း..."
နောက်ထပ် လက်သီးတစ်ချက် ထွက်ပေါ်လာပြန်သည်။ လုံရိ သည် နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော် ယိမ်းယိုင်ဆုတ်ခွာသွားရပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့ပေ၏။ အကယ်၍ သူ့နောက်ရှိ အဖွဲ့ဝင်နှစ်ဦးကသာ သူ့ကို ထိန်းမပေးထားခဲ့ပါက သူသည် စောစောကတည်းက လဲကျသွားလောက်ပြီ ဖြစ်သည်။
အရမ်း အစွမ်းထက်တာပဲ...
သူ သွားကို တင်းတင်းကြိတ်လိုက်၏။
ရုတ်တရတ် သူ့နောက်ရှိ အဖွဲ့ဝင်များကို သူ အော်ပြောလိုက်သည်။
"စစ်ဝတ်စုံတွေကို ဂရုမစိုက်နဲ့... ဖောက်ထွက်ဖို့ အခွင့်အရေးရှာကြ..."
"အဖွဲ့ခေါင်းဆောင်..."
"အဖွဲ့ခေါင်းဆောင်..."
လူတိုင်း အံ့အားသင့်သွားကြပေ၏။
လုံရိ က အလျင်အမြန် ပြောဆိုလိုက်သည်။
"အသက်က ပိုအရေးကြီးတယ်... စစ်ဝတ်စုံတွေကို ပြန်ယူဖို့ အခွင့်အရေး ရှိပါသေးတယ်... ဘာပဲဖြစ်ဖြစ် ငါတို့က တရုတ်နိုင်ငံထဲမှာပဲ ရှိနေသေးတာ... စစ်သေနာပတိ ရှိနေသရွေ့ သူတို့ ထွက်ပြေးလို့ မလွတ်ပါဘူး..."
"မင်းတို့မှာ အသက်တစ်ချောင်းပဲ ရှိတာ... အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ..."
"ဖောက်ထွက်ကြ..."
“ဖောက်ထွက်…”
မည်သည့် ဟန်ဆောင်မှုမျှမရှိဘဲ လူတိုင်းသည် အရပ်မျက်နှာအသီးသီးသို့ အသေအလဲ ဖောက်ထွက်ရန် ကြိုးစားကြလေတော့၏။
"ဟက်ဟက်... အမှိုက်ကောင်လေးတွေ... မင်းတို့ တကယ်ပဲ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."
မုတ်ဆိတ်မွေးအပြည့်နှင့် လူကြီးတစ်ဦးက ကြယ်လေးပွင့်အဆင့် စစ်သည်တစ်ဦးကို သူ၏ လက်ဖမိုးဖြင့် ရိုက်ချလိုက်သည်။
ပြိုင်ဘက်ဖြစ်သူမှာ ထိုးဖောက်၍မရသော စစ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မုတ်ဆိတ်မွေးအပြည့်နှင့် လူကြီး၏ ခွန်အားမှာ အလွန် ကြီးမားလွန်းလှသဖြင့် စစ်ဝတ်စုံမှာ မပျက်မစီး ကျန်ရှိနေသော်လည်း အတွင်းရှိ ကလီစာများမှာမူ ကြေမွသွားခဲ့လေပြီ။
ထိုအဖွဲ့ဝင်သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပေ၏။
"ရှောင်ဝူး..."
လုံရိ ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားတော့သည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ နေ့စဉ်ရက်ဆက် အတူရှိနေခဲ့သော သူ၏ အဖွဲ့ဝင်တစ်ဦးသည် ဤကဲ့သို့ လွယ်လွယ်ကူကူ သေဆုံးသွားခဲ့ရလေပြီ။
ထို့အပြင် သူ
ခေါင်းလှည့်ကြည့်လိုက်သောအခါ
ကျန်အဖွဲ့ဝင်များမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိနေကြပေသည်။
ငါးမိနစ်မပြည့်မီ အချိန်အတွင်းမှာပင် သူတို့သည် တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်ကျော်ကို ဆုံးရှုံးသွားခဲ့ရချေပြီ။
ရန်သူဘက်တွင်မူ ဤလူလေးဦးသာ ရှိနေပေသည်။ သူတို့က ကြယ်ငါးပွင့်အဆင့် စစ်သည်ထက် သေချာပေါက် များစွာ သာလွန်နေတာပဲ…
ထိုအချိန်၌…ထိုလူလေးဦးမှာ ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး နောက်ဆုံးတွင် လုံရိတို့ လူတစ်ဒါဇင်ကျော်အား တစ်နေရာတည်းသို့ စုပြုံသွားစေခဲ့သည်။
လူလေးဦးက လူတစ်ဒါဇင်ကျော်ကို ဝိုင်းရံထားခြင်းပင်။
"အရမ်း ပျင်းစရာကောင်းတာပဲ... တရုတ်နိုင်ငံမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်လို့ ငါထင်ထားခဲ့တာ... ဒါပေမဲ့ သူတို့ကို ဒီလောက် အလွယ်လေးနဲ့ အနိုင်ယူလို့ရမယ် မထင်ထားဘူး..."
မုတ်ဆိတ်မွေးအပြည့်နှင့် လူကြီးက ရယ်မောလိုက်၏။
သူက သူ၏ အပေါင်းအပါများကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"အချိန်ဆွဲမနေကြနဲ့တော့... ဒီကောင်တွေကို ရှင်းပြီး ပစ္စည်းတွေ ယူကြစို့..."
သူ စကားပြော၍ပင် မဆုံးသေးချေ။
ရုတ်တရက် သူ၏ လည်ပင်းတွင် အေးစက်သော အထိအတွေ့တစ်ခုကို သူ ခံစားလိုက်ရပေ၏။
ထို့နောက် ချက်ချင်းပင်…
အေးစက်သော အမျိုးသမီးအသံတစ်ခု သူ၏နောက်ကျောမှ ထွက်ပေါ်လာခဲ့သည်။
"တရုတ်နိုင်ငံကို စော်ကားတဲ့သူတိုင်း သေရမယ်..."
မုတ်ဆိတ်မွေးအပြည့်နှင့် လူကြီးမှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သူ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာခဲ့တော့၏။
ပွဲချင်းပြီး သေဆုံးခြင်းပင်…
သူ သေဆုံးသွားပြီးနောက်တွင်ပင် သူ၏ မျက်နှာပေါ်၌ ပြင်းထန်သော ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်လေသည်။
ကျန်သုံးဦးမှာလည်း မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြပေ၏။
"စစ်သေနာပတိ..."
"စစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးအကဲ..."
၎င်းတို့သည် မောက်မာကောင်း မောက်မာနိုင်သော်လည်း အရူးများတော့ မဟုတ်ကြချေ။
စစ်သေနာပတိဆိုသည်မှာ စစ်ဘက်ဆိုင်ရာဌာနရှိ နတ်ဘုရားတစ်ပါးကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်ပြီး သူမ၏ စွမ်းရည်များမှာ ခန့်မှန်း၍ မရနိုင်အောင် နက်နဲလှပေသည်။
ယခုကကဲ့သို့ပင် တစ်ဖက်လူက မည်သို့ ထွက်ပေါ်လာသည်ကိုပင် သူတို့ မမြင်တွေ့လိုက်ရချေ။
ရိုးရှင်းစွာပြောရလျှင် အလွန် မြန်ဆန်လွန်းလှပေသည်။
မုတ်ဆိတ်မွေးအပြည့်နှင့် လူကြီး အသတ်ခံရချိန်အထိ ဘာတွေဖြစ်နေသည်ကို သူတို့ သတိမထားမိခဲ့ကြချေ။
"ပြေး..."
ထိုသုံးဦးမှာ ဆက်လက်၍ မနေဝံ့ကြတော့ချေ။
၎င်းတို့အားလုံး ထွက်ပြေးကြလေတော့၏။
"ငါ့ရဲ့ စစ်ဘက်ဆိုင်ရာဌာနက လူတွေကို သတ်ပြီးမှ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ နင်တို့က ထင်နေတာလား..."
ရှန်ကွမ်ယွဲ့ ၏ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပေသည်။
သူမ၏ လက်ထဲရှိ ဓားမြှောင်သည် မျက်စိတစ်မှိတ်အတွင်း လွင့်ပျံသွားပြီး မျက်လုံးပါသည့်အလား မလှမ်းမကမ်းရှိ လူတစ်ဦး၏ ကျောဘက်သို့ တည့်မတ်စွာ ဝင်ရောက်သွားလေ၏။
"ရွှပ်..."
ထက်မြက်သော ဓားမြှောင်သည် နှလုံးသားကို တိုက်ရိုက် ထိုးဖောက်သွားပေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်သည်လည်း ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။
နောက်တစ်စက္ကန့်တွင်…သူမသည် အခြားလူတစ်ဦးအား ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်သည်။
ထိတ်လန့်ဖွယ်ကောင်းသော ခွန်အားက ထိုလူအား နောက်သို့ လွင့်စင်သွားစေပြီး သစ်ပင်တစ်ပင်နှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားစေ၏။ နောက်ထပ်
ပွဲချင်းပြီး သေဆုံးခြင်းပင်။
တတိယမြောက်လူမှာ မီတာနှစ်ဆယ်ခန့်သာ ပြေးရသေးချိန်တွင် ရှန်ကွမ်ယွဲ့ က သူ၏ရှေ့၌ ပေါ်လာသည်ကို မြင်တွေ့လိုက်ရပေသည်။
ထပ်တူညီသော လက်သီးတစ်ချက်ပင် ထွက်ပေါ်လာခဲ့၏။
သေ...
မျက်စိတစ်မှိတ်အတွင်းမှာပင် လူလေးဦးစလုံး သေဆုံးသွားခဲ့လေပြီ။
ထိုအချိန်၌…SUV ကားများ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာကြသည်။
"စစ်သေနာပတိ..."
"စစ်သေနာပတိ..."
လူတိုင်းက ပြေးလာကြပေ၏။
မြေပြင်ပေါ်ရှိ အလောင်းလေးလောင်းကို မြင်ချိန်တွင် သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။
သူမက တကယ့် စစ်သေနာပတိ ဆိုတဲ့အတိုင်းပဲ...
တိုက်ပွဲက တစ်မိနစ်တောင် မကြာဘဲ ပြီးဆုံးသွားခဲ့ပြီ…
"ဖုန်းပေး..."
"ဟုတ်ကဲ့... ဒီမှာပါ..."
ကြယ်ငါးပွင့်အဆင့် စစ်သည်တစ်ဦးက ဖုန်းကို အလျင်အမြန် ကမ်းပေးလိုက်သည်။
ရှန်ကွမ်ယွဲ့ သည် ဖုန်းခေါ်ဆိုလိုက်ပြီး အလျင်အမြန် ပြောဆိုလိုက်၏။
"ဝန်ကြီးကျန်း... တရုတ်နိုင်ငံထဲကို ရန်သူအချို့ ခိုးဝင်လာတယ်... သူတို့ကို ရှင်းလင်းဖို့ ရှင် တာဝန်ယူလိုက်... ပြီးတော့ ချန်ဖုန်း ကို ကာကွယ်ဖို့ လူလွှတ်လိုက်ဦး..."
"ရန်သူတွေက စစ်ဝတ်စုံကို ပစ်မှတ်ထားနေတာ... ဒါက သူ့ရဲ့ သုတေသန ပရောဂျက်ဆိုတာကို သူတို့ သိနေလောက်ပြီ..."
"နားလည်ပါပြီ..."
ဖုန်း၏ အခြားတစ်ဖက်ရှိ ကျန်းထျန်ရှန်း ၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ကြည်လေးနက်သွားပေ၏။